Friday, January 8, 2010

(၁၁)

သို့

အဲလက်စ်

လက်ဆောင်အတွက်ကျေးဇူးပါ။ စန်ဒီ လုပ်ခဲ့တာတွေအတွက်လဲကိစ္စမရှိပါဘူး။ မေမေက သူမ ကော်ဇောအသစ်လိုနေတာနဲ့အတော်ပဲလို့ပြောပါတယ်။ ဖေဖေ ကတော့ စိတ်နဲနဲ ဆိုးနေတယ်။ သူက ကော်ဇော အဟောင်းက ကောင်းကြီးရှိသေးတယ်လို့ပြောပါတယ်။ မေမေကတော့ တအိမ်လုံး အီအီး စော်တွေနံနေပြီတဲ့ ပြီးတော့ အဲ့တာ ကယ်ဗင်လေးကြောင့်လဲ မဟုတ်ဘူး လို့ ပြောတယ်။

မစ္စ ကေစီရဲ့ နှာခေါင်းကြီးကို ကြည့်လိုက်စမ်းပါ။ အဲ့တာ ငါတွေ့ဖူးသမျှ နှာခေါင်းတွေထဲမှာ အကြီးဆုံးပဲ။ ဟားဟားဟား။

ရိုစီ

Wednesday, January 6, 2010

(၁၀)

သို့

ရိုစီ

နင့်ပါတီရဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ကလေးအတွက် ကျေးစူး ပါ။ စန်ဒီက ဘောလုံးတွေကို ဖောက်ပစ် ပြီး နင့်ရဲ့ မွေးနေ့ ကိတ် ကိုစားပစ် တဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ သူမ ဗိုက် ဆာနေတာ ဖေဖေက ငါတို့ ရဲ့ ထမင်း ဟင်းအကျန်တွေကို အကုန်စားပစ်လိုက်လို့ လို့ မေမေက ပြောပါတယ်။
နင့်ကို မနက်ဖြန် ဂျောင်း မှာတွေ့မယ်နော်။

အဲလက်စ်

(၉)

သို့

ရိုစီ

နင့်ရဲ့ မွေးနေ့ပါတီကို နောက်အပတ်မှာ လာရရင် ငါပျော်မှာပါ။ ငါနဲ့ စန်ဒီ ကိုဖိတ်တဲ့အသွက် ကျေးဇူးတင်ပါတယ်။

နင့်ရဲ့ တငယ်ဂျင်း

အဲလက်စ်

(၈)

ခင်မင်ရတဲ့ မစ္စက် စတူးဝပ်ရေ…

ဧပရယ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ကျမ သမီးကလေး ရိုစီ ရဲ့မွေးနေ့အကြောင်း စကားပြောချင်လို့ ရှင့်ဆီ ခုလေးပဲ ဖုန်းခေါ်တာ ရှင် အိမ်မှာ မရှိဘူးလေ။ ကိစ္စ မရှိပါဘူး ညနေလောက်ဖြစ်ဖြစ် ကျမ ထပ်လာခဲ့မယ်။ အဲ့ခါကျ စကားလေး ဘာလေးပြောကြတာပေါ့။

ကြည့်ရတာ ရိုစီလေး နဲ့ အဲလက်စ် တို့ အကြားမှ ပြဿနာ သေးသေးလေး တခုခုတော့ ရှိနေပြီထင်တယ်။ ကြည့်ရတာ သူတို့ စကားမပြောကြဘဲကောက်နေကြတယ် လို့ကျမကတော့ ထင်တယ်။ ကျမတို့ တွေ့ကြတဲ့ အခါကျရင် သူတို့ ဘာဖြစ်နေကြတာလဲ ဆိုတာ ကျမ သိအောင် ရှင်ကတော့ ပြောနိုင်မယ်ထင်တာပဲ။ ရိုစီရဲ့ မွေးနေ့ ကို အဲလက်စ် လာရင် သူမ သိပ်ပျော်လိမ့်မယ် ထင်ပါတယ်။

ဒီချစ်ခင်စရာ ကောင်းလှတဲ့ ကောင်ကလေးရဲ့ မေမေကို တွေ့ဖို့ ကျမ မျှော်နေပါမယ့်။

တွေ့မယ်နော်….
အဲလစ် ဒွန်း

Tuesday, January 5, 2010

(၇)

သို့

အဲလက်စ်

အေး။ ပြီးရော။

မှ

ရိုစီ