Friday, June 17, 2011

သရီး ရီးယား အီဗာလူးအေးရှင်း

သရီးရီယား အီဗာလူအေးရှင်း

အော်.......
ပြန်ရပြန်ပြီ
ဖနွမ်ပင်မှသည်
ခဏတာ ခိုနားရာ ဌာနီ
ဘန်ကောက်မြေဆီ

မွေးရပ်မြေမဟုတ်ပေမယ့်
တရွာပြောင်းလာခဲ့တဲ့ကျား
သူကောင်းဖြစ်လား၊ မဖြစ်လား
မသေချာပေမယ့်....
မသေသေးတာလဲသေချာတယ်

သြော်ဘာလိုလိုနဲ့
၃နှစ်၃မိုးပြည့်တော့မယ်
အရင်ချိန်တွေဆိုရင်တော့
တက္ကသီလာ
၁၈ ရပ်ပညာ ငါစုံပေတော့မပေါ့

ခုတော့ ငါ့မှာ
ကြင်ယာ သာရ
ပညာက မပြည့်ဝ
ဘောင်ဘင်ခတ်ဆဲ
မိသားစုတာဝန်တွေက
ပခုံးထက်မှာ
နှစ်ဘက်နှစ်ချက်
လှုပ်ဆဲရှားဆဲ


မောပမ်းမှု ဘဝကြားမှာ
ရုန်းဆဲ ကန်ဆဲ
လေကြမ်းလာ အံတုဆဲ
ရေစုန်လဲ မဝံ့မရဲ
ဗေဒါကို ကဗျာတွေ ဘတ်ပေမယ့်
သူ့လောက်လဲ ငါမရဲ

ခရီးတွေထွက်ပေမယ့်
ဒေသန္တရလဲ
စိတ်မဝင်စားတဲ့ငါ့ခမျာ
ဟိုတယ်ခန်းရယ်
အလုပ်ရယ်
အိပ်မယ်
စားမယ်

တခါတခါတော့လဲ
ရောက်နေရာဘဝ
ကျေနပ်နေပါက
နေပျော်မယ်ထင်ပါ့
ကဗျာလေးရေး
စာလေးဆွေး...

ကာဖီလေးနဲ့
သံစဉ်လေးနဲ့
စာအုပ်လေးဘတ်
အတွေးလေးတွေ ဖွဲ့သီ
အဆွေးလေးတွေ မေ့မည်

အော် ငါဟဲ့ ငါးခြောက်ပြား(အတည်ရေးတဲအခါ ယောက်ျားလို့သုံးပါမည်)
ဆိုပြီး နေဒဏ်ကိုအံတု
ငါမမှုဘူး
ဘဝဒဏ်ကိုလဲ ငါ ဂရုမပြု

အိမ်ပြန်ခရီးနီးသလား
ငါမသေချာ
သေချာတာက
အိမ်အပြန် စောင့်နေမယ့်
ချစ်သူ့မျက်နှာ
အမောပြေ
ရေတခွက်ပေလား
ဘဝရေ....
နင့် မမှု လို့ အော်ဟစ်မြည်ကြွေး
လာပြီ ငါ...လာပြီ
ငါလာပြီ....

မှတ်ချက်
လေယာဉ်စောင့်ရင်း ပျင်းပျင်းနဲ့ စိတ်ထဲပေါ်လာရာလေးတွေ ဟိုခြစ်သည်ခြစ်...
ဘာလိုလိုနဲ့ ၃ နှစ်ပြည့်တော့မည်

A Chen
09:26 AM
Friday
17th June 2011
Cambodia International Airport
on the way back to Bangkok

5 comments:

  1. တီချမ်း ဘယ်နားမှာသွားရေးရမယ်မှန်းမသိလို့ဒီမှာေ၇းလိုက်ပါတယ်
    ဘလော့လင့်လေးလုပ်ထားပါတယ်နော်း)

    ReplyDelete
  2. တီချမ်းရေ ..

    တီချမ်း ဟင်းချက်နည်းတွေကို ဒိုင်ခံဖတ်ပီး ချက်စားနေတဲ့သူ တစ်ယောက်ပါ ။ တခြား ဟင်းချက်ကြတဲ့ဘလော့ဂ်တွေထက် တီချမ်းက တစ်ဆင့်ချင်း စိတ်ရှည်ရှည် ရေးပြ ရိုက်ပြတာ ပိုပြီး သဘောကျတယ် ။ တခြားပို့စ် တွေတင်သလို ဟင်းချက်နည်း လေးတွေလည်း တင်ပေးပါဦး ။ အခု Diet လုပ်နေတာမို့ ညစာ အတွက် အရမ်းခေါင်းခဲ နေရတယ် တီချမ်းရေ ... ။
    လွယ်ကူ အဆင်ပြေ Diet ညစာလေး ၄/၅ မျိုးလောက် စီစဉ်ပြပါဦး ။ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  3. တီချမ်း ကိုဟင်းချက်ပါ ဟင်းချက်ပါ လို့ တောင်းဆိုနေကြတဲ့ သူတွေ များနေပါတယ်
    ဟုတ်ကဲ့ ချက်ပြီး တင်ပေးပါ့မယ်

    ခုလောလောဆယ်တော့ တီ့မှာ ခရီးတွေပဲ ဆက်တိုက် ထွက်နေရလို့
    မအားသေးလို့ ထုံးတို့ထားရပါတယ်
    နောက်အပတ် ပထရား ပြီးရင်တော့ နည်းနည်း အားပါပြီ
    ချက်ပြီး တင်ပေးပါ့မယ်

    ReplyDelete
  4. ဒါဆိုရေမချိုးဘူးပေါ့.

    ReplyDelete
  5. ပြန်လာတာကောင်းတယ်။ ၀ဲကမ်းဘက်.........တီ။

    ReplyDelete