Friday, October 3, 2014

ဂျူဝဲလ် | အခါလွန် Jewel | Just Passing Time

ဒီသီချင်းက သီချင်းအဟောင်းတပုဒ်ပါ။ ရှင်တို့ကတော့ ဒီည ကျမ ဘာလုပ်လုပ် လုက်ခုတ်တီးကြမှပဲထင်တယ်။ ကျမကလဲ အဲ့တာကို သဘောကျပါတယ်။ ဒီသီချင်းလေးကို ကျမ အသက် ၁၈ နှစ်အရွယ်လောက်က ရေးခဲ့တာပါ။ အသည်းကွဲခဲ့တဲ့ အချိန်တုံးကပေါ့။ ခါးသီးလွန်းလို့တော့မဟုတ်ပါဘူး……..ဒါပေမယ့် ဒီသီချင်းကို ကျမ ဆိုတဲ့ အကြိမ်များလာလေလေ အဲအချိန်က တကယ်တမ်းတော့ သရပီ ယူခဲ့သင့်တယ် ဆိုတာ သဘောပေါက်လာလေလေပါပဲ။
ပြည်နယ်တော်တော်များများမှာ ကျမ လုပ်ခဲ့တာကို “နောက်ယောင်ခံလိုက်တယ်” လို့ခေါ်မယ်ထင်ပါတယ်။

ကျမ ထင်တာက အချိန်တွေ ကျော်လွန်လာတာနဲ့ အမျှ သူက အမြင်မှန်တွေရလာပြီးတော့ တခြား ကောင်မလေးတွေရဲ့ ကိုယ်သင်းနံ့ဟာ ကျမ တဝက်လောက်တောင် မမွှေးပါဘူး ဆိုတာ သိလာလိမ့်မယ်လို့လေ………

This is an old song, haha of course u guys are cheer for anything tonight, and I like it
I wrote this when I’m about 18 about breaking up not that I bitter hu…hum
Actually the more I sing the song, the more I feel like probably could have use therapy
I think this is call stalking in most states
I thought if I would just pass enough time, that you know……he would have come to his senses and realize that other girls didn’t smell as half good as I did


ဂျူဝဲလ်
အခါလွန်

Jewel 
Just Passing Time

မင်း ကိုယ့်ဆီပြေးလာတဲ့ ပုံစံကို
ကိုယ်သိပ်ကြိုက်တာပဲ
ဟိုးရှေးရှေးတုံးက
အဖြူအမည်း ရုပ်ရှင် ကို သတိရစေလို့လေ

I like the way that you come
Running up to me
It sort of reminds me of
Black and white movies

ကိုယ်ကတော့ ဝတ်စုံ အဖြူ ရှည်ရှည်လေး ကို ဝတ်ပြီး
ပြတင်းတံခါးက စောင့်လို့ပေါ့
ကိုယ့်ရဲ့ ရစ်ချက်ဂီယာ (ဒါမှမဟုတ်) မာလင်ဘရန်ဒို က
ဂိတ်တံခါးကို တွန်းဖျက်ပြီး ဝင်လာမယ့်အချိန်ကိုပေါ့
 
And i will put a white dress on and
By the window wait
For my richard gere to come
*or
For my marlin brando to come
Crashing through the gate

တခါတလေမှာ ကျမ နားတွေ ထုံလာတဲ့အထိ
ဖုန်းပြောဖြစ်တယ်
သူငယ်ချင်းတွေကတော့
ကျမ လူတွေကို ရင်မဆိုင်ရဲလို့ လို့ပြောကြတာပဲ
 
Sometimes i talk on the phone
Until my ears are numb
My friends all say it's because
I can't face anyone

ကျမ အချိန်တွေကို
ကုန်လွန်စေနေတယ်ဆိုတာ သိပါတယ်
ကျမ အချိန်တွေကို ကုန်လွန်စေနေတာပါ

I know i'm just passing time
I'm just passing time

ရှင် မြို့ထဲကို လမ်းလျှောက်သွားပြီး
ဗီဒီယို အခွေဆိုင်ကို သွားတာ
ကျမ တွေ့သားပဲ
ရှင် တခြား မိန်းမတယောက်ကို တွဲလို့လေ
ကျမသေချာပါတယ်
အဲ့တာ မိန်းမပျက် တယောက်ပဲ ဖြစ်မှာပါ

Saw you walking downtown
To the video store
Saw you with another girl
I'm sure she was a whore

ရှင်က သူက ရှင့်အတွက် ဘာမှ အရေးမပါဘူး
လို့ဆိုနေမှတော့
ကျမ အတွက်လဲ စာရင်းမရှိပါဘူးလေ
ခပ်ညံ့ညံ့ ရုပ်ရှင်ကြည့်ရင်းနဲ့
ကျမ အမူးသောက်မိရင်
ခွင့်လွှတ်ပါလေ

You say she means nothing to you
Thus nothing to me, so please
Excuse me while i get drunk
On watching too much bad t.v.

ကျမ ဒီမှာ ထိုင်ပြီးတော့
စောင့်နေမိတယ်
ဂျီးဇက် ရဲ့ ခွက်ကနေ
အဆက်မပြတ်သွန်သလို
ရှင့် နှုတ်ခမ်းက ပွင့်ဟပြီး ကျလာမယ့်
စကားတွေကိုပေါ့ကွယ်

Sitting here and i'm waiting
For your mouth to open up
And start overflowing
Like jesus' cup

ကျမ အချိန်တွေကို
ကုန်လွန်စေနေတယ်ဆိုတာ သိပါတယ်
ကျမ အချိန်တွေကို ကုန်လွန်စေနေတာပါ

And i'm just passing time
I'm just passing time


T Chen
3:17 PM
3rd of Oct 2014
LTO | YGN | MYN