Saturday, January 30, 2016

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်

သူစိမ်းဆိုတဲ့ စကားကြားဖူးလား Closer ဆိုတဲ့ ရုပ်ရှင်ထဲမှာ နာတလီက ဂျူဒ် ကို ကားအက်စီးဒန့် ဖြစ်ပြီးပြီးချင်း မျက်လုံး အပွင့်မှာ "hello.....stranger" လို့ နှုတ်ဆက်လိုက်သလိုပေါ့
တခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ သူနှစ်ယောက်ကို သူစိမ်း လို့ခေါ်သလိုပဲ
တခါက အရမ်းချစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုး နဲ့ ခွဲခွာခဲ့ကြရလို့
နောင်တချိန် လမ်းမှာ ပြန်တွေ့ကြတဲ့ အခါ တယောက်ကို တယောက် စ နှုတ်ဆက်ဖို့ မဝံ့မရဲ ဖြစ်မှုတွေဟာလဲ လူနှစ်ယောက်ကို သူစိမ်းပြင်ပြင် ဖြစ်စေတတ်တာမျိုးလေ......
အဲ့ဒီ အကြောင်းကို ကဗျာလေးရေးရင် ဒီလိုများ ဖြစ်မလား........

သူစိမ်း

(က)
တိမ်တိုက်တခုက သတိရ လွမ်းရဆွတ်မှု 
တမ်းတမှု ဘယ်လောက်ကိုများ 
သယ်ကူပေးနိုင်မှာလဲ 

(ခ)
ရုတ်တရက် မပြင်ဆင်ထားတဲ့ လမ်းအကူးမှာ 
ပုခုံးချင်းတိုက်မိမလိုလို အဖြစ်နဲ့ 
တို့နှစ်ယောက် ပြန်ဆုံကြရတဲ့အခါ 
အဲ့ဒီ အလိုက်အတန့်လေးမှာ 
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ 
အရာရာဟာ သူစိမ်းတွေ လိုပါပဲ လားလို့ 
ကိုယ်နားလည်လိုက်တယ်

(ဂ)
တဘက်ကိုလှည့်လိုက်တာနဲ့ တပြိုင်နက်ထဲမှာ
ပြန်ဆုံတွေ့ရတဲ့ ရှိုးတို့ရှန့်တန့်ဖြစ်မှုတွေကို
ဦးနှောက်ရဲ့ဟိုးနောက်ဆုံး အပိုင်းကို အမြန်ပို့ပြီး
ဘာမှ မဖြစ်သလိုမျိုး
(မနေ့ကပဲ တွေ့ခဲ့သေးလို့ ဘာမှ မထူးခြားသလိုလို)
အလျင်ဟန်ဆောင်နိုင်သူက အနိုင်လား

(ဃ)
ပြီးသွားခဲ့တဲ့ အခါ အတိတ်တွေဟာလဲ အလကားပါပဲလား
အဖြစ်အပျက်တွေက အတိတ်မှာကျန်ခဲ့တဲ့အခါ
အရင်က အသည်းနှင့်အောင် ချစ်ခဲ့ကြတာ တွေဟာ
အတွေ့အကြုံသာသာပဲတဲ့လားလေ

(င)
အတိတ်မှာ ကျန်ခဲ့ပြီဆိုရင် ဘာများ ပြောင်းလဲ နိုင်ဦးမှာလဲလေ
ကမ္ဘာကကော စောင်းနေရက်နဲ့တောင်
ဘယ်နှစ်ပတ်လည်ပြီးပြီလဲ
အသည်းအသန်ချစ်ခဲ့တဲ့ အချစ်တွေဟာလဲ
အခုတော့ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပြီပဲလေ

(စ)
ကိုယ်မခံစားရတော့ပါဘူး
စိတ်လဲ မနာတော့ပါဘူး
မင်းကိုတောင် ပျော်ရွှင်စေဖို့
တကယ့်ကို စိတ်ရင်း မှန်မှန်နဲ့
ဆုတောင်းပေးနိုင်နေပြီ

(ဆ)
ခုတော့ ကိုယ်နားလည်ပြီလေ
မင်းဟာ ခုထိ အတိတ်ထဲမှာပဲ
ရှင်သန်နေသေးတယ်ဆိုတာ

(ဇ)
မင်းကိုလဲ ကိုယ်မမုန်းတော့ပါဘူး
အရင်က မင်းပေးခဲ့တဲ့ ရက်စက်တဲ့
ဆင်ခြေတွေကိုတောင် ခွင့်လွှတ်နိုင်နေပြီ

(စ်)
မချစ်တော့ဘူးဆိုတာ
ကိုယ်နားလည်လာတဲ့အခါ
အတိတ်ဆိုတာတောင်
ပြန်တွေးကြည့်တော့ ခပ်ရေးရေးပါကွယ်

(ည)
ဒီလိုခွဲခွာခဲ့ရတာကိုပဲ ကျေးဇူးတင်မိသေးတယ်
မင်းမျက်ဝန်းတွေကိုကြည့်တဲ့အခါ
မြင်ရတဲ့ အစိမ်းရိပ်တွေ
အော်
ခုတော့လဲ
သူစိမ်းပြင်ပြင်တွေပါပဲလားလေ
ကိုယ်က သူစိမ်းပါကွယ် 

T Chen
30th Jan 2016
12:17 AM

Home, D Lax

Friday, January 29, 2016

ချစ်သူ ဇလပ်ဖြူ

ချစ်သူ ဇလပ်ဖြူ

အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။

“ကိုယ်မပြောရဲတဲ့ စကားလေးတွေကို ပန်းလေးတွေကို ပြောခိုင်းပါ” ……..တဲ့…..
“အဓိပ္ဗါယ်ရှိတဲ့ နှင်းဆီပွင့်လေးတွေမှာလဲ နှုတ်ခမ်းလေးတွေ ရှိတယ်”……….တဲ့
(နီကိုရဲ က သူ့ဝတ္ထု တပုဒ်ထဲမှာ ရေးထားတာ ဘတ်ဖူးတယ်)

ရင်နဲ့ မဆန့်တော့တဲ့ ကိုယ့်အချစ်တွေအကြောင်း

ပန်းကလေးတွေက ကိုယ့်ကိုယ်စားပြောပြပါစေ
လမင်းကြီးက ကိုယ့်ကိုယ်စားပြောပြပါစေ
ငှက်ကလေးတွေကလဲသူတို့ရဲ့ တေးသံသာနဲ့ ဆိုပြကြပါစေ
လေညှင်းကလေးတွေကလဲ သယ်ဆောင်ပေးပါစေ
မင်းရဲ့ လည်ကုတ်မွှေးညှင်းလေးတွေကို
နှင်းဆီပန်းလေးတွေရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ထိတွေ့ နမ်းရှိုက်ကြပါစေ 
ကိုယ်ကတော့ ရဲရင့်တဲ့ နှင်းဆီထက် ဖြူလွလွ ဇီဇဝါ ကိုသာ ပို သဘောကျသူပါ

ချမ်း
၂၉  ရက် ဇန္နဝါရီ ၂၀၁၆ ခု
သောကြာ
LTO



Only Blue

Only Blue........


@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ 
ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်


@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ
အချစ်ခရီးရဲ့ တဝက်မှာ မင်းချန်နေတာ
ကိုယ်ဒီလို အမှတ်မဲ့ ရေပြာနက်ထဲ
ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း(ကို) တိုင်တည်ရင်း ရင်မှာငို


‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့်
ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့်


ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ


@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ပြီး သွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက
ခွာလဲ မေ့ဖို့က အခက်သား
ရင်မှာမင်း ငါငိုရင်း
ကြင်နာမယ့်သူ မရှိပြီ
နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue Only blue only blue ......

Thursday, January 28, 2016

ကိုယ့်ကို ခေါ်သွားပါချစ်သူ


ကိုယ့်ကို ခေါ်သွားပါချစ်သူ

ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
နှစ် ၁၀၀ ကျော် တံတားကြီး ဆီကိုပေါ့
နာမည် ဆန်းဆန်း ကျော်ကြားလှတယ်

ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
ထူးဆန်းရိုးရာ နဲ့ ရှမ်းရွာလေးတွေဆီကိုပေါ့
တောင်ပတ်လမ်းပေါ် တူတူလျောက်ရင်း
လတ်ဆတ်လေတွေ ရှုကြမယ်လေ

ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
ဒုဌဝတီမြစ်ကမ်းနဘေး
တသွင်သွင်တေး နဲ့ စိမ်းမြမြ အလှ
အေးချမ်းချင်သေးတယ်

ကိုယ့်ကို ခေါ်သွားပါလားချစ်သူ
မြို့ဦး ဘော်ကြို စေတီတော်ကို
တူတူဖူးရင်း ဆုတွေ တောင်းကြမယ်လေ
မြို့ကို တပတ် စက်ဘီးစီးကြတဲ့ခါ
မင့်ခါးကို ကိုယ်ဖက်ထားမှာပေါ့

ကိုယ်ကို ခေါ်သွားပါချစ်သူ
လူသူတွေ နဲ့ ဝေးတဲ့
တို့ရဲ့ နှစ်ယောက်ထဲကမ္ဘာကိုလေ

ကိုယ့်ကို ခေါ်သွားပါချစ်သူ

ချမ်း

အချိန်တွေ ဘယ်လောက်ပေးရမလဲ

အချိန်တွေ ဘယ်လောက်ပေးရမလဲ
ဟေး အချိန်တွေ ဘယ်လောက်ပေးရမှာလဲ
မင်းရဲ့ အကြင်နာ အချစ်များ ရချင်တယ်
ဟေး ဘယ်နှဘဝများ စောင့်ရမလဲ 
မင်းနဲ့ နီးနိုင်ဖို့ ကိုယ်မျှော်လင့်ဆဲ
ဟေး ကိုယ် သူ့အနားမှာ ရှိနေလဲ
အလင်းနှစ်များစွာ ကွာတယ် ဒီလိုသူ ဘာ့ကြောင့်ခံစားရတာလဲ
ရင်မှာ အကုန်လုံးပေးချစ်လဲ
ချစ်ခြင်းများ ဘက်မညီစွာ စောင်းတယ်
ဒါဘာကြောင့်လဲ ကျန်သေးတဲ့ ဘဝလမ်းထက်မှာကွယ်
အချိန်ဘယ်လောက်ပေးရမှာလဲ (ကိုယ်ဘယ်လောက် ပေးဆပ်ရမလဲ)
ဟေး ဒီလိုကိုယ်အနား ရှိနေလဲ
လုံးဝ မင်းက မမြင်နိုင်တယ်
အကြင်နာတွေ ပေးဆပ်နေ တဘက်သတ် ကို်ယ်ပဲ
မဆုံနိုင်တဲ့ ပြိုင်မျဉ်း နှစ်ကြောင်းပြိုင်တယ်
ကံဆိုးခြင်းမိုးများရွာတာမစဲ (ကံဆိုးခြင်း မိုးတွေက မစဲတယ်)
ဒါဘာကြောင့်လဲ
ကိုယ်ပေးတဲ့ အချစ်များ များနေလဲ (များလဲ)
အကြင်နာတွေ မင်းမှာ ရှိမလာပါတယ် ဟေး …….

ဘဝအတွက် ချစ်သူ

ဘဝအတွက် ချစ်သူ
မင်း ဘဝရဲ့အမှတ်တရတိုင်း အတူတူဖန်တီးခဲ့
မင်းပေးတဲ့ အချစ်တို့နဲ့လှပ
ကိုယ့်အပေါ် စတွေ့ကတည်းကမင်း ၁၀၀%အပြည့်
အဆုံးအစမဲ့တဲ့ နားလည်မှု နဲ့
အိုး why မင်းအချစ်က တန်ခိုးရှိတဲ့အရာ
Oh Why ကိုယ်သာပိုင်ဆိုင်ရမှာ (တာ)
ရင်ခုန်မိစေသူ ချစ်မိခဲ့စေသူ
ကိုယ်ပျော်ရွှင်ခဲ့စေသူ တန်ခိုးရှိလေသူ (တဲ့သူ)
အကြင်နာပေးနိုင်သူ ဖေးမပေးနိုင်သူ
ဘဝအတွက်ချစ်နိုင်သူ ဟူး…….
Ending
ကိုယ့်ရဲ့ အချစ်တွေအကုန် မင်းယူ
ကိုယ်လိုချင်တာ အကုန်ဖြည့်ဆည်းသူ
ထာဝရ ချစ်သူ အိုး…..ရေး….
အကြင်နာတွေအကုန်ကိုပေးသူ
ကိုယ်မထင်ထားဘူး
ဒီဘဝထဲ ပိုင်ရမယ် မင်းလို့………

လမ်း နဲ့အလွမ်း

လမ်း နဲ့အလွမ်း
ခပ်ဆင်ဆင် လမ်းကလေးမှာ
အလွမ်းတွေ သိပ်သည်းလိုက်တာ
အမှတ်တရတွေ သည်းသည်းလှုပ်နေတာများ
တလမ်းလုံးကို ဖွေးလို့
ချမ်း

မှန်ရဲ့အခြားတဘက်

ချစ်သူ
မှန်ရဲ့ တဘက်တချက်မှာ
ကိုယ်တို့လက်ကလေးတွေ ထောက်လိုက်ရင်
မှန်ခြားနေပေမယ့် ထိလို့ရသလိုမျိုး 
ကိုယ့်ရင်ထဲက အချစ်တွေ
မင်းကို သိစေချင်တာ....
ချမ်း

သခင်ကြင်နာ မြင်လှည့်ပါ

သခင်ကြင်နာ မြင်လှည့်ပါ

သခင့်အသံ
နေ့တိုင်းသာဖို့
အကျွန်မျှော်လင့်
ရောင်နီလင့်၏
သခင့်မျက်နှာ
နေ့တိုင်းဖူးဖို့
ဆေးလေးပို့ပါ
ခွင့်တောင်းသော်လည်း
သခင်ကြည်၏
မကြည်၏မို့
ပို့သော်ရသည်
နေ့တိုင်းမပီဘူး
သခင့်အတွေး
မေးဆသော်လည်း
မှန်းရသိပ်ခက်
သခင့်စိတ်ချက်
သခင့်စကား
ဓိပ္ဗါယ်ရှာလဲ
ပွင့်ပွင့်လင်း၏
မလင်း၏
သခင့် နှလုံး
ဝမ်းတော်ပြုံးဖို့
သင့်နိုးရာရာ
ဆောင်ကြည်းသော်လည်း
သခင့်စိတ်တွင်
သိပ်မရွှင်လို့
အကျွန့်ဘာများ
မှားသလဲ
သခင့်ကိုယ်စား
ဖတ်မှတ်ရာရာ
အကျွန်ရှာသည်
စုံစွာရ၏ မရ၏
သခင်ထံပါး
ခစားချင်လည်း
သခင်လို၏ မလို၏ မို့
မျှော်ကိုး မပေး
လွမ်းရေးခက်သေး
သခင့်နှလုံး
စိတ်ရွှင်ပြုံးရေး
အကျွန့်မှာသာ
ဖြည့်ဆည်းပါသည်
မျှော်လင့်စာနှာ
ကျွန့် သည်းညှာကို
သခင်ကြင်နာ
မြင်လှည့်ပါ

လှိုင်ထိပ်ခေါင်ချမ်း

သဲသောင်ပြင်ပေါ်

သဲသောင်ပြင်ပေါ်
@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်
@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ အချစ်ခရီးရဲ့
တဝက်မှာ မင်းချန်နေတာ ကိုယ်ဒီလို အမှတ်မဲ့
ရေပြာနက်ထဲ ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း
ရင်မှာမင်း တိုင်တည်ကာ
‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို 
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့် ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့် ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ
@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ကာသွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက ခွာလဲ မေ့ဖို့က အခက်သား 
ရင်မှာမင်း ငါငိုရင်း ကြင်နာမယ့်သူ မရှိပြီ နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue
Only blue only blue ......

ရွယ်နုတဲ့ အချစ်

ရွယ်နုတဲ့ အချစ်

ငယ်နုတုံးက ကိုယ်ရူးမိုက်ချစ်ခဲ့တယ်
အချစ်ရဲ့ တိုက်ပွဲ ရဲရဲ ကိုယ်အမြဲဝင်ခဲ့
အရွယ်ရောက်ခဲ့လဲ သေချာကိုယ်နားမလည်ပဲ
(တကယ်ပါ) အချစ်က ဘဝလို့ မှားယွင်းထင်ခဲ့

ဟိုးတုံးကတော့ ရင်ခုန်စွာပျော်ဖူးတယ်
အတိတ်ထဲက တို့ရဲ့ဟိုး…ငယ်ဘဝကိုကွယ်
ကြည်နူးမှုနဲ့ ရင်ခုန်ရင် အချစ်ပါပဲ
ဒီလိုမျိုး ထင်ခဲ့ဘူးတဲ့ အသက်က ဆယ်အရွယ် 

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ
ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက်
တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ငယ်နုခဲ့လဲ ဒဏ်ရာတွေရဖူးတယ်
ချစ်ခြင်းရဲ့ ပြယုဂ်လို့ ကိုယ်နားလည်ခဲ့
ဟိုတုံးကတော့ ဖြူစင်ခဲ့ဖူးပေမယ့်
ဒီအရွယ်မှာ ရင့်ကျက်ခြင်းနဲ့ တို့သိလာခဲ့

တကိုယ်တည်းဘဝနဲ့ တခါပြန်လည်ကာ ချစ်ခဲ့
ချစ်ခြင်း ဝဲဂယက်ထဲပဲ ကိုယ်တဝဲလည်လည်
ဒီလူ့ဘဝထဲ အကြင်နာလိုအပ်ပါတယ်
ဒီလိုနဲ့ နောက်တခြမ်း Soul Mate တို့လိုက်ရှာမယ်

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အိုး…..ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ့် 
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အင့်ဟင်း……နောက်ဆုံးတော့လဲ နာကြင်ခြင်းနဲ့
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ချမ်း
ညနေ ၄း၁၂ မိနစ်
ကြာသပတေးနေ့
၂၀၁၆ ခု၊ ဇန္နဝါရီလ ၂၈ ရက်နေ့

LTO

Wednesday, January 20, 2016

အချစ်

အချစ်
အချစ်ဆိုတာ...
မင်းလက်ကလေးကို ကိုင်ထားမှ
မင်းမျက်နှာလေးကို နေ့တိုင်းမြင်ရမှ
မင်း အသံလေးကို နေ့တိုင်းကြားရမှ
အချစ်တစ်ခု ဖြစ်တည်လာတာ
မဟုတ်ပါဘူး
အချစ်ဆိုတာ ....
လေညှင်းကလေးတွေထဲမှာ
နေရောင်ခြည်အောက်မှာ
တိမ်ဖြူဖြူ *တွေမြူးတဲ့ နေ့တနေ့မှာ
နွေဦး ပြုသစ် ရွက်နုလေးတွေအထက်မှာ
မိုးစက်မိုးပေါက်လေးတွေကြားမှာ
သက်တံ့ရောင်ကိုဖြစ်ထွန်းစေတဲ့
အလင်းယိုင်မှုတွေကြားမှာ
ရွက်နှောင်းကြွေ ဆောင်းမနက်ခင်းလေးမှာ
ဖြစ်ပေါ်လာတာမျိုးလဲ မဟုတ်ပါဘူး
တခါတခါ
အချစ်ဆိုတာ ...
ဘာမှ မလုပ်ဘဲ
ကုတင်ပေါ်မှာ လှဲနေရင်း
မင်းဆံပင် နုနုလေးတွေကို ဆော့ကစားရင်း
စကားတွေ ဖောင်ဖွဲ့ပြောနေကြရင်းလဲ
ဖြစ်ပေါ်လာတတ်သေးတယ်လေ
T Chen
‪#‎Collage‬ (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းလေးတွေ)
(အချစ် ကိုယ့်ကို ဝင်လာခွင့်ပြုပါ)
*(တိမ်ပြာပြာ လို့ သုံးနေကြတာ Politically Incorrect လို့အမြဲ ခံစားရတယ် ကောင်းကင်ကသာ ပြာတာလေ တိမ်တွေအ အဖြူ ရောနေကြတယ်လား သတိမမူကြတာလားပဲ)