Showing posts with label တီချမ်းပြောတဲ့ အချစ် ဒဿနများ. Show all posts
Showing posts with label တီချမ်းပြောတဲ့ အချစ် ဒဿနများ. Show all posts

Thursday, January 28, 2016

လမ်း နဲ့အလွမ်း

လမ်း နဲ့အလွမ်း
ခပ်ဆင်ဆင် လမ်းကလေးမှာ
အလွမ်းတွေ သိပ်သည်းလိုက်တာ
အမှတ်တရတွေ သည်းသည်းလှုပ်နေတာများ
တလမ်းလုံးကို ဖွေးလို့
ချမ်း

မှန်ရဲ့အခြားတဘက်

ချစ်သူ
မှန်ရဲ့ တဘက်တချက်မှာ
ကိုယ်တို့လက်ကလေးတွေ ထောက်လိုက်ရင်
မှန်ခြားနေပေမယ့် ထိလို့ရသလိုမျိုး 
ကိုယ့်ရင်ထဲက အချစ်တွေ
မင်းကို သိစေချင်တာ....
ချမ်း

Sunday, December 28, 2014

ရည်းစားဟောင်းများသို့



မင်းကို သတိရပါတယ်ပြောရင် 
စပျစ်သီးတွေ ဝယ်လာအုံးမှာလား

မင်းကို သတိရပါတယ်ပြောရင် 
ကြယ်တွေကြည့်ဖြစ်တယ် ပြောအုံးမှာလား 

မင်းကို သတိရတယ် ပြောရင် 
ဘာဂါ စားတိုင်း လွမ်းတယ် ပြောအုံးမှာလား

မင်းကို သတိရတယ်ပြောရင် 
အနွေးထည် က အနွေးဆုံးပြောအုံးမှာလား

အတူတူမနေရတော့ဘူးဆိုတိုင်းလဲ မချစ်တော့တာမှ မဟုတ်တာနော် 
အတူတူမနေဖြစ်တိုင်းလဲ သတိမရတာမှမဟုတ်တာဘဲလေနော် 

(ချစ်တိုင်းလဲမညားမှ)

တီချမ်း
နံနက် ၃နာရီ  ၃၇ မိနစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့ 
၂၀၁၄ ခုနှစ် 
D Spa 

Monday, August 17, 2009

အချစ်စစ်စစ်များ

အချစ်စစ်စစ်များ

ကိုယ်ဘာလုပ်ရမလဲ....?
အချစ်စစ်စစ်
ဆိုတာတွေ အားလုံးကလဲ
city mart ထဲက
မုန့်ထုတ်တွေလို
expire dates တွေနဲ့လာတာဆိုတော့.....

ခမမ နဲ့ စကားစမြည်မှ

Saturday, July 4, 2009

လေးနဲ့မြား မဟုတ်တဲ့ မင်း နဲ့ ငါ

လေးနဲ့မြား မဟုတ်တဲ့ မင်း နဲ့ ငါ

သင်၏လွတ်လပ်မှုသည်
ငါ၏လွတ်လပ်မှုလည်း ဖြစ်ပေ၏ဟု
မြားကိုမပစ်မီ လေးညှို့ကဆို၏။

ဂျူး (တိမ်နဲ့ချည်တဲ့ကြိုး)

အဲ့လိုပါပဲ
လမ်းခွဲကြတာဟာ တို့နှစ်ယောက်လုံး
အတွက် ကောင်းဖို့ပါလို့
မင်းက ကိုယ့်ကိုချန်ထားခဲ့ခါနီးတုံးက
နောက်ဆုံးပြောခဲ့တယ်လေ…

ချမ်း (ဟိုတစ်စ ဒီတစ်စချစ်ခြင်းတွေ)

A Chen
1:36 am
21st June 2009
Home
Bangkok

Wednesday, June 17, 2009

ရွေးချယ်မှု (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ရွေးချယ်မှု
William ……………….သို့

တို့နှစ်ယောက်ဟာ
သူငယ်ချင်းအနေနဲ့သာ
ပိုပျော်ကြရမှာပါ
အဲဒါကြောင့်
မင်းရဲ့အချစ်ရှေ့မှာ
ရပ်နေဖို့ကိုယ်
ရွေးချယ်ခဲ့တာလေ
(နင့်ရဲ့အချစ် ရှေ့တည့်တည့်ကငါ)

Tuesday, June 16, 2009

ကာရံမဲ့ကဗျာ (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ကာရံမဲ့ကဗျာ

ငါ့ကိုအချစ်တော့ပေးတယ်
ဒါပေမယ့်
အချစ်တော့မခံချင်ဘူး
ကဗျာတစ်ပုဒ်
ကာရံမရှိတာကို
ကဗျာရှင်ကိုပြန်ပြီးတော့
နဘေ နဲ့ရွတ်ပြနေသလိုပဲ
(မချစ်ဘူးဆိုတာလဲ ချစ်နေတာတစ်မျိုးပါပဲ)

Monday, June 15, 2009

စက်ရုပ် (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

စက်ရုပ်

အသဲနှလုံးမရှိတဲ့လူတွေက
ချစ်ရတာလွယ်တယ်
ဒါပေမယ့်
အသဲနှလုံးမရှိတဲ့လူတွေက
များသောအားဖြင့်
တကယ်မချစ်တတ်ကြဘူး
ဘာလို့လဲဆိုတော့
အသဲနှလုံးမရှိတဲ့လူတွေက
အချစ်ပဲခံချင်ကြတာလေ
(ငါလိုချင်တာ ပွေ့ဖက်မှုလေးတစ်ခုတည်းပါ)

Sunday, June 14, 2009

တစ်ခါတည်းပါ (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

တစ်ခါတည်းပါ

တကယ်လို့ တစ်သက်လုံးမှာမှ
အဲဒီတစ်ခါတည်းပဲဆိုရင်တောင်မှ
တစ်ခါတည်းပါပဲ
အဖော်လိုလို့
ငါ့ဆီလာတာမျိုးမဟုတ်ပဲနဲ့
ငါ့ကိုတကယ်
သတိရလို့ ငါ့ဆီလာတာမျိုးလေ
(ငါလိုချင်တာ ပွေ့ဖက်မှုလေးတစ်ခုတည်းပါ)

Saturday, June 13, 2009

အကန့်ပျက် (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

အကန့်ပျက်

တချို့ကိစ္စတွေက
သင်တိုင်းလဲ
သင်လို့လဲ
မတတ်ပါဘူး
ဥပမာ
ဘယ်လို “ချစ်”ရမလဲဆိုတာမျိုးပေါ့
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Friday, June 12, 2009

ခွဲခြမ်းခြင်း (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ခွဲခြမ်းခြင်း

အချစ် ဆိုတာ….
ကြင်နာခြင်းရဲ့
ထာဝရ
အနူးညံ့ဆုံးနဲ့
အရေအထူဆုံး
အပိုင်းပါ
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Thursday, June 11, 2009

ရည်းစားဟောင်း (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ရည်းစားဟောင်း

ဟိုးအရင်တုံးက
အရမ်းကိုနက်နက်ရှိုင်းရှိုင်း
ချစ်ခဲ့ဖူးတဲ့ ချစ်သူ
အခု
ဘယ်လိုပုံစံများလဲ…?
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Wednesday, June 10, 2009

ကြောင်လိုယောက်ျား (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ကြောင်လိုယောက်ျား

တချို့ယောက်ျားတွေကကြောင်လိုပဲ
မင်းကိုနာကျင်အောင်ခြစ်ကုတ်ပြီးတာတောင်မှ
ှအပြစ်မရှိတဲ့မျက်နှာလေးနဲ့
မင်းကိုကြည့်နေတတ်သေးတယ်
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Tuesday, June 9, 2009

အကြွင်း (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

အကြွင်း

အချစ်ဝင်လာတယ်
အချစ်ပြန်ထွက်သွားတယ်
ချန်ထားခဲ့ခံရတဲ့ငါတို့မှာ
ဘာတွေများကျန်နေခဲ့သလဲ?
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Monday, June 8, 2009

အဆုံးသတ် (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

အဆုံးသတ်

လူတစ်ယောက်ရဲ့ခေါင်းမာမှုက
ခေါင်းမာမှုပဲ သက်သက်ပဲ
လူနှစ်ယောက်ရဲ့ခေါင်းမာမှုကတော့
ပြီးဆုံးခြင်းပေါ့
“အချစ်” က ကျန်နေသေးတယ်
ဆိုရင်တောင်မှလေ
(နင်ဘယ်သူ့ဘေးမှာရှိနေနေ ငါ့ရင်ခွင်ထဲက ကွက်လပ်လေးပါ)

Sunday, June 7, 2009

ဟန်ဆောင်ခြင်း (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ဟန်ဆောင်ခြင်း

လူတစ်ယောက်ကို
ချစ်ဟန်ဆောင်ရတာ
သိပ်လွယ်ပါတယ်
မချစ်ဟန်ဆောင်ရတာကမှ
တကယ်ခက်တာ
(အချစ်ကောင်း၊ အချစ်ဆိုး)

Saturday, June 6, 2009

Q & A (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

Q & A

မေး။ ။ပျော်ရွှင်ဖို့ကြိုးစားဖို့လိုလို့လား?
ဖြေ။ ။မကြိုးစားရင် ပျော်ရွှင်မှုကိုဘယ်လိုရမှာလဲ
(သူငယ်ချင်းပဲနော်)

Friday, June 5, 2009

ချစ်? (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ချစ်?

ပြဿနာက
လူနှစ်ယောက်
မစွန့်စားရဲကြရင်
ဘယ်လိုချစ်မလဲ…..?
(သူငယ်ချင်းပဲနော်)

Thursday, June 4, 2009

တံခါး (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

တံခါး

နှလုံးသားတံခါးကို
ပိတ်ထားလိုက်တာက
ပိုလုံခြုံပါတယ်
အထီးကျန်နေတယ်
ဒါပေမယ့်
ပိုလုံခြုံတယ်
(စိတ်မရှိပါနဲ့ နင့်ကိုငါ သတိရလို့ပါ)

Friday, May 15, 2009

တေ့လွဲ(ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

တေ့လွဲ

အစကတည်းက
သူငယ်ချင်းဖြစ်ဖို့
မရှိတဲ့လူနှစ်ယောက်ဟာ
တကယ်တန်းဝေးသွားတဲ့အခါကျမှ
တကယ့် ကံကြမ္မာ ရဲ့
လွဲမှားမှုတဲ့လား?
(နင့်ရဲ့အချစ် ရှေ့တည့်တည့်ကငါ)