(ဘေဘီလုံမှာ)
ဝတ္ထုကတဘက်
နားထဲမှာ နားကြပ်တပ်လျက်
ကဗျာရေးမယ်ကွယ့်
လေညင်းကသွဲ့သွဲ့
လွတ်လပ်တာ ငါ့ဘာသာဟဲ့
အကုန်မေ့မယ်ကွယ့်
စကားပန်းလေးများ
ကျောက်ခင်းစီလမ်းကြားလေးအား
ပနံတင့်တယ်လား
တုံးလုံးနဲ့ပက်လက်
ကန်ဘောင်မှာပတ်လည်ရံလျက်
ကန်ထဲမှာတဝက်
ဖြူပြာဝါတင်းရင်း
အလှပြ လူပျိုငယ်တသင်း
စပီဒိုဝတ်ရင်း
ဗိုက်ပူဘိုးတော်များ
ဟိုဒီတိုက်မယ်သတိထား
မွှေးမျှင်တွေကများ
အာရှလူငယ်များ
ငွေနဲ့ဘဝ လဲတယ်လား
စိတ်ပျက်စရာများ
ခဏတွေ့ကြုံခိုက်
မင်းနဲ့ငါအကြည်တွေဆိုက်
တခြုံကွယ်မေ့လိုက်
အသိမဲ့တဏှာ
လုပ်ကြ တိရိစ္ဆာန်သာသာ
Sauna တွေထဲမှာ
အသက်တွေကကြီး
ရာဂနဲ့တဏှာ ငြီးငြီး
လူ့ပေါက်ပန်းတွေချည်း
မြင်တာတွေငါရေး
ဟိုက္ကူလို့ ခေါ်ခံချင်သေး
“ဇ” ကတယ်မသေး
Showing posts with label Haikus. Show all posts
Showing posts with label Haikus. Show all posts
Thursday, March 4, 2010
ဟိုက္ကူများ -၂-
ဟိုက္ကူများ -၂-
ဖျက်ဖျက်လက်နေကြ
သစ်ရွက်ကြားကနေပြောက်များ
စိန်ပွင့်လေးများလား
ပင်မြင့်မြင့်ဝင့်ထည်
လေတိုက်ရင် ဘယ်ညာယိမ်းတယ်
ပင်အုန်း ဂုဏ်မာန်ကြွယ်
ကန်ထဲမှာ ကူးသွား
အဝတ်မဲ့ ကိုယ်ခန္ဓာအား
ငေးမောမိတယ်လား
အချိန်တွေကုန်မြန်
ပိုးခဲ့ပေါ့လေး…သံသရာ
ဝိတ်လျော့တော့မယ်ကြံ
ဆေးလိပ်သောက်ချင်တယ်
ရှန်ဟိုင်းကို တမ်းတမိတယ်
မင်းကဘယ်ဆီဝယ်
(သရဲ)
ဖြူလွလွအရိပ်
ဟိုဟိုဒီဒီ ငါလေတွေ့
ကိုယ်ထင်ပြတော့မေ့
မော်ဒန် လူ့ဘဝ
ကိုလာဟဲ ဘာဂါခဲကြ
အဆီတွေနဲ့ “ဝ”
တောင်ရေခဲတွေပျော်
ဆူနာမီ လေမုန်တိုင်းနော်
၂၀၁၂ မျှော်
တချို့က ကောက်ကောက်
တချို့ကကျတော့ ဖြောင့်ဖြောင့်
မတူတာဘာ့ကြောင့်
စာဗူးတောင်းငှက်ငယ်
ပင့်ယံထက်တွဲလောင်းပေါ်ဝယ်
အသိုက်ဆောက်ရှာတယ်
ငှက်တွေရဲ့အန်ဖတ်
တောင်ကမ်းပါးယံထက် ကပ်ယက်
လူတွေကတပ်မက်
ငါ့ကိုပြုံးပြသွား
ရင်ခုန်သံဝိုးတိုးဝါးတား
ကာရံဆူညံသွား
(နှစ်ဆယ့်နှစ်ရာစု သားပျို သမီးပျို)
အဖုဖုထစ်ထစ်
ဆယ်ရာစု နတ်ဘုရားသစ်
ရင်ခုန်ကာရံစစ်
လမ်းလျောက်တိုင်းဖြတ်ဖြတ်
ခြေလှမ်းကြား လျှပ်တပျက်ပျက်
ရာစုသမီးနတ်
ကြောင်ကလေး ပူစီ
ချောင်ထဲကို သူချောင်းနေသည်
ရှောင်မြန်မြန် မစ်ကီ
ဖျက်ဖျက်လက်နေကြ
သစ်ရွက်ကြားကနေပြောက်များ
စိန်ပွင့်လေးများလား
ပင်မြင့်မြင့်ဝင့်ထည်
လေတိုက်ရင် ဘယ်ညာယိမ်းတယ်
ပင်အုန်း ဂုဏ်မာန်ကြွယ်
ကန်ထဲမှာ ကူးသွား
အဝတ်မဲ့ ကိုယ်ခန္ဓာအား
ငေးမောမိတယ်လား
အချိန်တွေကုန်မြန်
ပိုးခဲ့ပေါ့လေး…သံသရာ
ဝိတ်လျော့တော့မယ်ကြံ
ဆေးလိပ်သောက်ချင်တယ်
ရှန်ဟိုင်းကို တမ်းတမိတယ်
မင်းကဘယ်ဆီဝယ်
(သရဲ)
ဖြူလွလွအရိပ်
ဟိုဟိုဒီဒီ ငါလေတွေ့
ကိုယ်ထင်ပြတော့မေ့
မော်ဒန် လူ့ဘဝ
ကိုလာဟဲ ဘာဂါခဲကြ
အဆီတွေနဲ့ “ဝ”
တောင်ရေခဲတွေပျော်
ဆူနာမီ လေမုန်တိုင်းနော်
၂၀၁၂ မျှော်
တချို့က ကောက်ကောက်
တချို့ကကျတော့ ဖြောင့်ဖြောင့်
မတူတာဘာ့ကြောင့်
စာဗူးတောင်းငှက်ငယ်
ပင့်ယံထက်တွဲလောင်းပေါ်ဝယ်
အသိုက်ဆောက်ရှာတယ်
ငှက်တွေရဲ့အန်ဖတ်
တောင်ကမ်းပါးယံထက် ကပ်ယက်
လူတွေကတပ်မက်
ငါ့ကိုပြုံးပြသွား
ရင်ခုန်သံဝိုးတိုးဝါးတား
ကာရံဆူညံသွား
(နှစ်ဆယ့်နှစ်ရာစု သားပျို သမီးပျို)
အဖုဖုထစ်ထစ်
ဆယ်ရာစု နတ်ဘုရားသစ်
ရင်ခုန်ကာရံစစ်
လမ်းလျောက်တိုင်းဖြတ်ဖြတ်
ခြေလှမ်းကြား လျှပ်တပျက်ပျက်
ရာစုသမီးနတ်
ကြောင်ကလေး ပူစီ
ချောင်ထဲကို သူချောင်းနေသည်
ရှောင်မြန်မြန် မစ်ကီ
ပန်းခရေ
(ပန်းခရေ)
ပန်းပွင့်လေးခရေ
မွှေးမြမြဖူးပွင့်လို့နေ
ပင်ယံထက်မှာလေ
ကြာလာတော့ သူကြွေ
ပင့်မြင့်မှာကြာကြာမနေ
မြေခရရှာပေ
သို့ပါသော်လည်းမွှေး
ရနံ့ကမပြယ်နိုင်သေး
ပွင့်ခြောက်ရှူံးမပေး
ညိုးလို့ကြွေပစေ
ရှူံးမပေးပွင့်ပန်းခရေ
ခေါင်းမော့မွှေးနိုင်ပေ
ခရေတွေသီကုံး
ပန်ဆင်တော့မလေးကပြုံး
မောင်မောင့်အချစ်ဆုံး
ဘုရားမှာတင်လေ
ခရေနဲ့ဆုတွေတောင်းနေ
သင်းပျံ့ကြိုင်လှိုင်စေ
Babylon
3rd March, 2010
4:42 pm
Bangkok
ပန်းပွင့်လေးခရေ
မွှေးမြမြဖူးပွင့်လို့နေ
ပင်ယံထက်မှာလေ
ကြာလာတော့ သူကြွေ
ပင့်မြင့်မှာကြာကြာမနေ
မြေခရရှာပေ
သို့ပါသော်လည်းမွှေး
ရနံ့ကမပြယ်နိုင်သေး
ပွင့်ခြောက်ရှူံးမပေး
ညိုးလို့ကြွေပစေ
ရှူံးမပေးပွင့်ပန်းခရေ
ခေါင်းမော့မွှေးနိုင်ပေ
ခရေတွေသီကုံး
ပန်ဆင်တော့မလေးကပြုံး
မောင်မောင့်အချစ်ဆုံး
ဘုရားမှာတင်လေ
ခရေနဲ့ဆုတွေတောင်းနေ
သင်းပျံ့ကြိုင်လှိုင်စေ
Babylon
3rd March, 2010
4:42 pm
Bangkok
Sunday, February 21, 2010
ကျတော့ရဲ့ ၅-၇-၅ ကလေးများ
၅-၇-၅ ကလေးများ
မြစ်ဧရာသီတာ
ဘဝများစွာ မှီခိုရာ
တို့မြန်မာပိုင်တာ
နွေမိုးဆောင်းကုန်ပြောင်း
ရေကြည်တဗွက် နေတပျက်
ဘဝများဖြစ်ပျက်
ခိုးခစ်ခစ်ရီတဲ့
ကကလေးငယ်ချစ်စဖွယ်
အပြစ်ကင်းစင်တယ်
ရထားခုတ်မောင်းသွား
ပြောင်းပြီလား ဘဝတပါး
မြက်တွေကိုင်းပြီလား
အိပ်ရာထက်မှေးစက်
အတွေးတွေတဝက်တပျက်
မိုးလင်းတော့မနက်
နည်းနည်းနမ်းမယ်နော်
ချစ်လို့နည်းနည်းနမ်းချင်တယ်
ရွှတ် ရွှတ် ရွှတ် ရွှတ် ရွှတ်
ချောင်ကွယ်မှောင်ကာမဲ
မောင်လာမယ် မျှော်ကာနေလဲ
ကြောက်စိတ်နဲ့ကြေကွဲ
ခြေဘလာ လမ်းလျောက်
ခြေမနဲ့ခြေမျက်စိကို
ကမ်းခြေသဲနဲ့ကုတ်
အပင်ပေါ်ငှက်များ
အရပ်ရပ်ဆီကိုပျံသွား
တစ်နှစ်သုံးလေးငါး
ရေအိုင်ငယ်ကန်စပ်
ပိန်ညင်းမောင်နှံ တဖျတ်ဖျတ်
လာတူတူဟိုဘက်
ဦးနှောက်နဲ့ပါးစပ်
မြွက်ဟတဲ့အမှန်တရား
လေးနက်တယ် တအား
အချစ်နဲ့အိမ်ထောင်
မီးတဖွား ရေတလွှားလွှား
တူမနေပါ့လား
အသက်ကဆယ်ကျော်
မေးချင်တယ်လောကကြီးအား
အချစ်ကဘဝလား
လမင်းကြီးထိန်သာ
ကြယ်ရောင်တွေ တဖျက်လက်လက်
သာသာနဲ့ယာယာ
စပါးနှံရင့်မှည့်
ရိတ်သိမ်းချိန်ရောက်လုပြီကွယ့်
တောင်သူတွေအတွက်
နေညိုချိန်တိမ်ပြိုက်
အပျိုစင်လုံမေတသိုက်
ရေခပ်ဆင်းလာခိုက်
အိပ်မရတဲ့ည
အထီးကျန်ငါ့အတွက်က
(၃၆) နာရီမက
ဒီနားလေးကိုနမ်း
ဟိုနားလေးကို ဖွဖွထိ
ဖောဋ္ဌဗ္ဗာအသိ
နှစ်လိုက်တယ်တအား
ဗွမ်းကနဲလျှံကျတာများ
အာခီမီးဒီစ် လား
မိုးတောင်လင်းလုပြီ
ငှက်လေးတွေတာတာတီတီ
ဘယ်မလဲကော်ဖီ
ခြေရာခွက်ကဖား
ဘယ်ဒင်းဘယ်လိုတွေတအား
ဘောင်ဘင်ခတ်တယ်လား
လူ့ပေါက်ပန်းမလိုင်
ဝတ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်
အာနီရောင် ကြိုင်လှိုင်
နှစ်ပေအုံး နှစ်လုံး
အကျယ်က ၆ပေကျော်တောင်
တခြမ်း လွတ်တယ်မောင်
ညကလဲမှောင်မှောင်
ကြယ်ကလေးကလဲ မပြောင်ရောင်
မောင်မရှိတော့ ယောင်
A Chen
5:38 am
21st Feb 2010
Home
Bangkok
မြစ်ဧရာသီတာ
ဘဝများစွာ မှီခိုရာ
တို့မြန်မာပိုင်တာ
နွေမိုးဆောင်းကုန်ပြောင်း
ရေကြည်တဗွက် နေတပျက်
ဘဝများဖြစ်ပျက်
ခိုးခစ်ခစ်ရီတဲ့
ကကလေးငယ်ချစ်စဖွယ်
အပြစ်ကင်းစင်တယ်
ရထားခုတ်မောင်းသွား
ပြောင်းပြီလား ဘဝတပါး
မြက်တွေကိုင်းပြီလား
အိပ်ရာထက်မှေးစက်
အတွေးတွေတဝက်တပျက်
မိုးလင်းတော့မနက်
နည်းနည်းနမ်းမယ်နော်
ချစ်လို့နည်းနည်းနမ်းချင်တယ်
ရွှတ် ရွှတ် ရွှတ် ရွှတ် ရွှတ်
ချောင်ကွယ်မှောင်ကာမဲ
မောင်လာမယ် မျှော်ကာနေလဲ
ကြောက်စိတ်နဲ့ကြေကွဲ
ခြေဘလာ လမ်းလျောက်
ခြေမနဲ့ခြေမျက်စိကို
ကမ်းခြေသဲနဲ့ကုတ်
အပင်ပေါ်ငှက်များ
အရပ်ရပ်ဆီကိုပျံသွား
တစ်နှစ်သုံးလေးငါး
ရေအိုင်ငယ်ကန်စပ်
ပိန်ညင်းမောင်နှံ တဖျတ်ဖျတ်
လာတူတူဟိုဘက်
ဦးနှောက်နဲ့ပါးစပ်
မြွက်ဟတဲ့အမှန်တရား
လေးနက်တယ် တအား
အချစ်နဲ့အိမ်ထောင်
မီးတဖွား ရေတလွှားလွှား
တူမနေပါ့လား
အသက်ကဆယ်ကျော်
မေးချင်တယ်လောကကြီးအား
အချစ်ကဘဝလား
လမင်းကြီးထိန်သာ
ကြယ်ရောင်တွေ တဖျက်လက်လက်
သာသာနဲ့ယာယာ
စပါးနှံရင့်မှည့်
ရိတ်သိမ်းချိန်ရောက်လုပြီကွယ့်
တောင်သူတွေအတွက်
နေညိုချိန်တိမ်ပြိုက်
အပျိုစင်လုံမေတသိုက်
ရေခပ်ဆင်းလာခိုက်
အိပ်မရတဲ့ည
အထီးကျန်ငါ့အတွက်က
(၃၆) နာရီမက
ဒီနားလေးကိုနမ်း
ဟိုနားလေးကို ဖွဖွထိ
ဖောဋ္ဌဗ္ဗာအသိ
နှစ်လိုက်တယ်တအား
ဗွမ်းကနဲလျှံကျတာများ
အာခီမီးဒီစ် လား
မိုးတောင်လင်းလုပြီ
ငှက်လေးတွေတာတာတီတီ
ဘယ်မလဲကော်ဖီ
ခြေရာခွက်ကဖား
ဘယ်ဒင်းဘယ်လိုတွေတအား
ဘောင်ဘင်ခတ်တယ်လား
လူ့ပေါက်ပန်းမလိုင်
ဝတ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်
အာနီရောင် ကြိုင်လှိုင်
နှစ်ပေအုံး နှစ်လုံး
အကျယ်က ၆ပေကျော်တောင်
တခြမ်း လွတ်တယ်မောင်
ညကလဲမှောင်မှောင်
ကြယ်ကလေးကလဲ မပြောင်ရောင်
မောင်မရှိတော့ ယောင်
A Chen
5:38 am
21st Feb 2010
Home
Bangkok
Subscribe to:
Posts (Atom)