Showing posts with label သီချင်း ခံစားမှုများ. Show all posts
Showing posts with label သီချင်း ခံစားမှုများ. Show all posts

Friday, November 11, 2016

ငါ့တယောက်ထဲရဲ့အချစ်သီချင်း
















ငါ့တယောက်ထဲရဲ့အချစ်သီချင်း


အချစ်တမျိုးက အေးစက်တယ်
တယောက်ထဲအနေများတော့ အတွေးဝေတယ်
ခရီးလမ်းတစ်ခုက လျောက်လာတာ ကြာတော့ ငြီးငွေ့တယ်
စိတ်ထဲမှာ စကားတခွန်း မပြောဘဲ (ထား)ရှိခဲ့တယ်


လူတယောက်ကို တိတ်တိတ်လေး ချစ်နေတာ သိပ်ပျော်စရာပါ
ကိုယ့်ဘေးကနေ ဖြတ်လျောက်သွားတဲ့ မင်းကို တိတ်တခိုး ရင်ခုန်သလိုပေါ့
လရောင်လေးကတောင် မပွင့်တပွင့် ဝါးဝါး မှုံမှုံ ဆမ်းလို့
ကောင်းကင်ကြီးက ကိုယ့်ဆုတောင်းကို ကြားတော့ ဘာများပြောချင်ပါလိမ့်မလဲ


အချစ်ဆိုတာ ချစ်နေချိန်တော့ မှန်းရခက်တာပဲ
စစ်လား မစစ်လား ကတိတွေဆိုတာလဲ အချိန်တန်တော့
ခဏတာသာ လင်းပွင့် လှပခဲ့တဲ့ မီးရှုးမီးပန်းတွေလိုပါပဲ
အဆုံးသတ် ကို မျှော်မှန်းလွန်းရင် ခရီးလမ်းကို မခံစားနိုင်ဘဲ ဖြစ်နေမယ်
ချစ်တာပဲ ဖြစ်ဖြစ် မုန်းတာပဲ ဖြစ်ဖြစ် တကယ်တော့ ကိုယ်တို့ ဘာမှ မပိုင်ပါဘူးလေ
အဲ့တော့ လူတယောက်ကို အဆုံးထိ မချစ်ပါနဲ့


မင်းယူလာတဲ့ လေပြေလေးတွေ ကိုယ့်ကို ဖြတ်တိုက်သွားတာ ကြိုက်တယ်
ရိုးရိုးရှင်းရှင်းပဲတွေးတဲ့အခါ အနာဂတ် ကို မမျှော်မိတော့
ဘဝက သာယာလှပါတယ်လေ
တချို့ ခံစားချက်တွေကို
မပြောပြဘဲ
သိမ်းထားရတာ ပိုကြိုက်တယ်
တချို့ခံစားချက်တွေက
ပြောပြစရာ မလိုဘဲနဲ့
နားလည်တယ်


တီချမ်း
သောကြာ
နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၁၆ ခုနှစ်
မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်
LTO
ပန်းဆိုးတမ်း


Saturday, January 30, 2016

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်

သူစိမ်းဆိုတဲ့ စကားကြားဖူးလား Closer ဆိုတဲ့ ရုပ်ရှင်ထဲမှာ နာတလီက ဂျူဒ် ကို ကားအက်စီးဒန့် ဖြစ်ပြီးပြီးချင်း မျက်လုံး အပွင့်မှာ "hello.....stranger" လို့ နှုတ်ဆက်လိုက်သလိုပေါ့
တခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ သူနှစ်ယောက်ကို သူစိမ်း လို့ခေါ်သလိုပဲ
တခါက အရမ်းချစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုး နဲ့ ခွဲခွာခဲ့ကြရလို့
နောင်တချိန် လမ်းမှာ ပြန်တွေ့ကြတဲ့ အခါ တယောက်ကို တယောက် စ နှုတ်ဆက်ဖို့ မဝံ့မရဲ ဖြစ်မှုတွေဟာလဲ လူနှစ်ယောက်ကို သူစိမ်းပြင်ပြင် ဖြစ်စေတတ်တာမျိုးလေ......
အဲ့ဒီ အကြောင်းကို ကဗျာလေးရေးရင် ဒီလိုများ ဖြစ်မလား........

သူစိမ်း

(က)
တိမ်တိုက်တခုက သတိရ လွမ်းရဆွတ်မှု 
တမ်းတမှု ဘယ်လောက်ကိုများ 
သယ်ကူပေးနိုင်မှာလဲ 

(ခ)
ရုတ်တရက် မပြင်ဆင်ထားတဲ့ လမ်းအကူးမှာ 
ပုခုံးချင်းတိုက်မိမလိုလို အဖြစ်နဲ့ 
တို့နှစ်ယောက် ပြန်ဆုံကြရတဲ့အခါ 
အဲ့ဒီ အလိုက်အတန့်လေးမှာ 
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ 
အရာရာဟာ သူစိမ်းတွေ လိုပါပဲ လားလို့ 
ကိုယ်နားလည်လိုက်တယ်

(ဂ)
တဘက်ကိုလှည့်လိုက်တာနဲ့ တပြိုင်နက်ထဲမှာ
ပြန်ဆုံတွေ့ရတဲ့ ရှိုးတို့ရှန့်တန့်ဖြစ်မှုတွေကို
ဦးနှောက်ရဲ့ဟိုးနောက်ဆုံး အပိုင်းကို အမြန်ပို့ပြီး
ဘာမှ မဖြစ်သလိုမျိုး
(မနေ့ကပဲ တွေ့ခဲ့သေးလို့ ဘာမှ မထူးခြားသလိုလို)
အလျင်ဟန်ဆောင်နိုင်သူက အနိုင်လား

(ဃ)
ပြီးသွားခဲ့တဲ့ အခါ အတိတ်တွေဟာလဲ အလကားပါပဲလား
အဖြစ်အပျက်တွေက အတိတ်မှာကျန်ခဲ့တဲ့အခါ
အရင်က အသည်းနှင့်အောင် ချစ်ခဲ့ကြတာ တွေဟာ
အတွေ့အကြုံသာသာပဲတဲ့လားလေ

(င)
အတိတ်မှာ ကျန်ခဲ့ပြီဆိုရင် ဘာများ ပြောင်းလဲ နိုင်ဦးမှာလဲလေ
ကမ္ဘာကကော စောင်းနေရက်နဲ့တောင်
ဘယ်နှစ်ပတ်လည်ပြီးပြီလဲ
အသည်းအသန်ချစ်ခဲ့တဲ့ အချစ်တွေဟာလဲ
အခုတော့ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပြီပဲလေ

(စ)
ကိုယ်မခံစားရတော့ပါဘူး
စိတ်လဲ မနာတော့ပါဘူး
မင်းကိုတောင် ပျော်ရွှင်စေဖို့
တကယ့်ကို စိတ်ရင်း မှန်မှန်နဲ့
ဆုတောင်းပေးနိုင်နေပြီ

(ဆ)
ခုတော့ ကိုယ်နားလည်ပြီလေ
မင်းဟာ ခုထိ အတိတ်ထဲမှာပဲ
ရှင်သန်နေသေးတယ်ဆိုတာ

(ဇ)
မင်းကိုလဲ ကိုယ်မမုန်းတော့ပါဘူး
အရင်က မင်းပေးခဲ့တဲ့ ရက်စက်တဲ့
ဆင်ခြေတွေကိုတောင် ခွင့်လွှတ်နိုင်နေပြီ

(စ်)
မချစ်တော့ဘူးဆိုတာ
ကိုယ်နားလည်လာတဲ့အခါ
အတိတ်ဆိုတာတောင်
ပြန်တွေးကြည့်တော့ ခပ်ရေးရေးပါကွယ်

(ည)
ဒီလိုခွဲခွာခဲ့ရတာကိုပဲ ကျေးဇူးတင်မိသေးတယ်
မင်းမျက်ဝန်းတွေကိုကြည့်တဲ့အခါ
မြင်ရတဲ့ အစိမ်းရိပ်တွေ
အော်
ခုတော့လဲ
သူစိမ်းပြင်ပြင်တွေပါပဲလားလေ
ကိုယ်က သူစိမ်းပါကွယ် 

T Chen
30th Jan 2016
12:17 AM

Home, D Lax

Friday, January 29, 2016

Only Blue

Only Blue........


@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ 
ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်


@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ
အချစ်ခရီးရဲ့ တဝက်မှာ မင်းချန်နေတာ
ကိုယ်ဒီလို အမှတ်မဲ့ ရေပြာနက်ထဲ
ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း(ကို) တိုင်တည်ရင်း ရင်မှာငို


‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့်
ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့်


ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ


@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ပြီး သွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက
ခွာလဲ မေ့ဖို့က အခက်သား
ရင်မှာမင်း ငါငိုရင်း
ကြင်နာမယ့်သူ မရှိပြီ
နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue Only blue only blue ......

Thursday, January 28, 2016

အချိန်တွေ ဘယ်လောက်ပေးရမလဲ

အချိန်တွေ ဘယ်လောက်ပေးရမလဲ
ဟေး အချိန်တွေ ဘယ်လောက်ပေးရမှာလဲ
မင်းရဲ့ အကြင်နာ အချစ်များ ရချင်တယ်
ဟေး ဘယ်နှဘဝများ စောင့်ရမလဲ 
မင်းနဲ့ နီးနိုင်ဖို့ ကိုယ်မျှော်လင့်ဆဲ
ဟေး ကိုယ် သူ့အနားမှာ ရှိနေလဲ
အလင်းနှစ်များစွာ ကွာတယ် ဒီလိုသူ ဘာ့ကြောင့်ခံစားရတာလဲ
ရင်မှာ အကုန်လုံးပေးချစ်လဲ
ချစ်ခြင်းများ ဘက်မညီစွာ စောင်းတယ်
ဒါဘာကြောင့်လဲ ကျန်သေးတဲ့ ဘဝလမ်းထက်မှာကွယ်
အချိန်ဘယ်လောက်ပေးရမှာလဲ (ကိုယ်ဘယ်လောက် ပေးဆပ်ရမလဲ)
ဟေး ဒီလိုကိုယ်အနား ရှိနေလဲ
လုံးဝ မင်းက မမြင်နိုင်တယ်
အကြင်နာတွေ ပေးဆပ်နေ တဘက်သတ် ကို်ယ်ပဲ
မဆုံနိုင်တဲ့ ပြိုင်မျဉ်း နှစ်ကြောင်းပြိုင်တယ်
ကံဆိုးခြင်းမိုးများရွာတာမစဲ (ကံဆိုးခြင်း မိုးတွေက မစဲတယ်)
ဒါဘာကြောင့်လဲ
ကိုယ်ပေးတဲ့ အချစ်များ များနေလဲ (များလဲ)
အကြင်နာတွေ မင်းမှာ ရှိမလာပါတယ် ဟေး …….

ဘဝအတွက် ချစ်သူ

ဘဝအတွက် ချစ်သူ
မင်း ဘဝရဲ့အမှတ်တရတိုင်း အတူတူဖန်တီးခဲ့
မင်းပေးတဲ့ အချစ်တို့နဲ့လှပ
ကိုယ့်အပေါ် စတွေ့ကတည်းကမင်း ၁၀၀%အပြည့်
အဆုံးအစမဲ့တဲ့ နားလည်မှု နဲ့
အိုး why မင်းအချစ်က တန်ခိုးရှိတဲ့အရာ
Oh Why ကိုယ်သာပိုင်ဆိုင်ရမှာ (တာ)
ရင်ခုန်မိစေသူ ချစ်မိခဲ့စေသူ
ကိုယ်ပျော်ရွှင်ခဲ့စေသူ တန်ခိုးရှိလေသူ (တဲ့သူ)
အကြင်နာပေးနိုင်သူ ဖေးမပေးနိုင်သူ
ဘဝအတွက်ချစ်နိုင်သူ ဟူး…….
Ending
ကိုယ့်ရဲ့ အချစ်တွေအကုန် မင်းယူ
ကိုယ်လိုချင်တာ အကုန်ဖြည့်ဆည်းသူ
ထာဝရ ချစ်သူ အိုး…..ရေး….
အကြင်နာတွေအကုန်ကိုပေးသူ
ကိုယ်မထင်ထားဘူး
ဒီဘဝထဲ ပိုင်ရမယ် မင်းလို့………

သဲသောင်ပြင်ပေါ်

သဲသောင်ပြင်ပေါ်
@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်
@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ အချစ်ခရီးရဲ့
တဝက်မှာ မင်းချန်နေတာ ကိုယ်ဒီလို အမှတ်မဲ့
ရေပြာနက်ထဲ ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း
ရင်မှာမင်း တိုင်တည်ကာ
‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို 
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့် ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့် ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ
@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ကာသွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက ခွာလဲ မေ့ဖို့က အခက်သား 
ရင်မှာမင်း ငါငိုရင်း ကြင်နာမယ့်သူ မရှိပြီ နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue
Only blue only blue ......

ရွယ်နုတဲ့ အချစ်

ရွယ်နုတဲ့ အချစ်

ငယ်နုတုံးက ကိုယ်ရူးမိုက်ချစ်ခဲ့တယ်
အချစ်ရဲ့ တိုက်ပွဲ ရဲရဲ ကိုယ်အမြဲဝင်ခဲ့
အရွယ်ရောက်ခဲ့လဲ သေချာကိုယ်နားမလည်ပဲ
(တကယ်ပါ) အချစ်က ဘဝလို့ မှားယွင်းထင်ခဲ့

ဟိုးတုံးကတော့ ရင်ခုန်စွာပျော်ဖူးတယ်
အတိတ်ထဲက တို့ရဲ့ဟိုး…ငယ်ဘဝကိုကွယ်
ကြည်နူးမှုနဲ့ ရင်ခုန်ရင် အချစ်ပါပဲ
ဒီလိုမျိုး ထင်ခဲ့ဘူးတဲ့ အသက်က ဆယ်အရွယ် 

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ
ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက်
တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ငယ်နုခဲ့လဲ ဒဏ်ရာတွေရဖူးတယ်
ချစ်ခြင်းရဲ့ ပြယုဂ်လို့ ကိုယ်နားလည်ခဲ့
ဟိုတုံးကတော့ ဖြူစင်ခဲ့ဖူးပေမယ့်
ဒီအရွယ်မှာ ရင့်ကျက်ခြင်းနဲ့ တို့သိလာခဲ့

တကိုယ်တည်းဘဝနဲ့ တခါပြန်လည်ကာ ချစ်ခဲ့
ချစ်ခြင်း ဝဲဂယက်ထဲပဲ ကိုယ်တဝဲလည်လည်
ဒီလူ့ဘဝထဲ အကြင်နာလိုအပ်ပါတယ်
ဒီလိုနဲ့ နောက်တခြမ်း Soul Mate တို့လိုက်ရှာမယ်

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အိုး…..ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ့် 
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အင့်ဟင်း……နောက်ဆုံးတော့လဲ နာကြင်ခြင်းနဲ့
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ချမ်း
ညနေ ၄း၁၂ မိနစ်
ကြာသပတေးနေ့
၂၀၁၆ ခု၊ ဇန္နဝါရီလ ၂၈ ရက်နေ့

LTO

Wednesday, January 13, 2016

ကြိုးပြတ်စွန်

ကြိုးပြတ်စွန်

ရင်ခွင်ထဲ သတိရခြင်းတွေအကုန်ထည့်
ရင်ကိုလဲ သော့ခတ်ပြီး ပိုမှောင်တဲ့အခန်းထဲ
အမှောင်ကို ပိန်းပိတ်ဖို့ လိုက်ကာကိုဆွဲ
ဘယ်သူမှ မသိဘဲ


ကိုယ်တိုင်လဲ မူးရူးမိုက်ကာ မှောက်လဲ
အကုန်ပျယ်တော့ မင်းရဲ့အကြောင်းတွေပြန်ကာလွမ်းလဲ
ဖျော်တဲ့ကဖေး သတိရစေပြန်လဲ
နင့်အကြောင်းများကို 
ငါတော့ မေ့လိုက်ပြီ


စွန်လေး ကြိုးပြတ်ပြီး မိုးထဲလွင့်လို့ပျံမယ်
နင်မမြင်နိုင်တဲ့ အရပ်လေနှင်သလိုလွင့်မယ်
ဟိုးဝေးဝေးထဲ အရာမထင် ပျောက်ကွယ်လဲ
ပိုင်ရှင်ကိုပြန် လွမ်းမိတယ်


နာကျည်းမှုနဲ့ ဟိုးအရင် အတိတ်ကိုမေ့ချင်လဲ
ရင်နာနာ နဲ့မင်းကို ငါလေ မေ့မယ်
တယောက်ထဲပဲ ဘဝမှာ ငါအထီးကျန်လဲ
ငါချည်မျှင်ကို ဖြတ် မင်းရဲ့အကြောင်းတွေ မေ့ခဲ့


ငါ
ရင်ခုန်ခြင်းရဲ့ အဆုံးမှာ လူဟာ နှောင်ကြိုးများမဲ့
ဘဝဟာ တကယ်တော့ အသက်မဲ့တဲ့ အမှောင်ခန်းထဲ 
ရင်နာနာနဲ့ အလွမ်းနဲ့ မျက်နှာသစ်ခဲ့


သတိရခြင်းနဲ့ ပြိုလဲ…….


T Chen 

တယောက်ထဲ

တယောက်ထဲ

သတိရခြင်းတွေကြိုးလိုပဲ
အချစ်ရဲ့အိပ်မက် အချိန်တွေမဲ့
လောကကြီးတောင် တောင်နဲ့မြောက်နဲ့ ပိုင်းနိုင်တယ်တဲ့ကွယ်
မင်းကဟိုးနွေဦးတဖက်
ကိုယ့်ကမ္ဘာကတော့ ရွက်ကြွေဆဲ
ခြောက်သွေ့လဲ


နောက်နောင်မတွေ့ရဘူးဆိုလဲ
အမှတ်တရများရှိနေချင်တယ်
တို့အတူချစ်ခဲ့ ကြည်နူးခဲ့ကြ လသာသာညထဲ
မင်းပုံရိပ် ဝေးဝါးကုန်လဲ
ကိုယ့်ရဲ့ အတွေးမှာ အရင်အတိုင်းပဲ
မှတ်မိဆဲ


ရင်ခွင်အခန်းငယ်
နင်တယောက်ထဲအတွက်ပဲ
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ ….
ဟိုတုံးက မင်းနဲ့ အချစ်ရယ်
ပုံပြင်ထဲမှာ ကိုယ်လိုက်ရှာမယ်


အဲ့ဒီနေ့မှာ တွေ့စေခဲ့
တို့ကံတရားကြောင့် ကိုယ်ပျော်တယ်
အချစ်ကို အခုလို ကြုံခွင့်ရတဲ့ ဖူးစာဟာ ဆန်းကြယ်
တနေ့နေ့ထဲ အတူပေါင်းနိုင်မယ့်
လက်ထပ်ခြင်းမျှော်လင့်ဖူးလဲ မဖြစ်ဖူးဘဲ


ရင်ခွင်အခန်းငယ်
နင်တယောက်ထဲအတွက်ပဲ
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ ….
ဟိုတုံးက မင်းနဲ့ အချစ်ရယ်
ပုံပြင်ထဲမှာ ကိုယ်လိုက်ရှာမယ်


နှလုံးသားအခန်းထဲ
နင်တယောက်ပဲ ရှိခဲ့
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ
သက်ဆုံးတိုင် မင်းပဲ တယောက်ထဲ
ကိုယ်တကယ်ချစ်သော်လည်း
ငါတကယ်ချစ်ခဲ့လဲ
မဆုံနိုင်ခဲ့တာ
ငါတို့အချစ်ပဲ........


T Chen