Showing posts with label တီချမ်းပြောတဲ့ အချစ် ဒဿနများ -၂. Show all posts
Showing posts with label တီချမ်းပြောတဲ့ အချစ် ဒဿနများ -၂. Show all posts

Thursday, April 7, 2011

ဆုတောင်း


foto from google

ဆုတောင်း

ဘယ်တော့မှ မနိုးမယ့်
အိပ်မက်လှလှလေးထဲရောက်ပါရစေ...

တနှစ်ပတ်လုံးပန်းမကြွေမယ့်
ချယ်ရီ ဥယျာဉ်ကြီးထဲ ရောက်ပါရစေ...

စစ်မက်ကင်းဝေး
ငြိမ်းချမ်းတဲ့
လောကဘုံတခု ကို ရောက်ပါရစေ...

A Chen
06:06 AM
31st March 2011
Thursday
Home
Bangkok

အတွေး...လေးတွေ


်foto from google

“ကလေးအတွေး”

ငါတို့တွေ မြန်မြန် အရွယ်ရောက်မှဖြစ်မယ်
အဲ့တာမှသာ
တို့ရဲ့ ဒဏ္ဏာရီ ဆန်ဆန်
အိပ်မက်တွေကို
မြန်မြန် အကောင်အထည်ဖော်နိုင်မှာ...



foto from google

“လူကြီးအတွေး”

လူသားတွေမှာ
အိပ်မက်တွေရှိနေလို့ပဲ
ဘဝ က မျှော်လင့်ချက်တွေနဲ့
လှပကြရတာပဲ။

A Chen
6:03 AM
31st march 2011
Thursday
Home
Bangkok

Wednesday, April 6, 2011

1, 2, 3, 4...


foto from google

၁၊ ၂၊ ၃၊ ၄...

လာပါ
တို့ တူတူ “က” ကြရအောင်ပါ
ဘေးဘက်ကို တဖြည်းဖြည်းချင်း
တလှမ်း လှမ်းကြည့်ရအောင်
သံစဉ်မရှိလဲကိစ္စမရှိပါဘူး
တိုးတွေရဲ့ နှလုံးသားတွေက
စည်းချက်ညီညီ
ခုန်နေကြပြီးသားလေနော်...

A Chen
5:53 AM
31st march 2011
Thursday
Home
Bangkok

Tuesday, April 5, 2011

Alice in wonderland


foto from google

Alice in Wonderland

ဒီမနက်
မတော်တဆ လျှို့ဝှက်ဆန်းကျယ်
ပန်းဥယျာဉ်ကြီးတခုထဲကို ရောက်သွားတယ်

အဲ့ဒီမှာ
စကားပြောတတ်တဲ့ ငှက်တကောင်နဲ့တွေ့တော့
သူက...

နွေဦးရဲ့ ဥယျာဉ် က ပန်းတွေ တအားမွှေးတာပဲ
ပြီးတော့
နွေ ရဲ့ ဥယျာဉ်ကတော့ လူအစည်ကားဆုံး

နောက်ပြီး
ဆောင်းဦးရဲ့ ဥယျာဉ်က ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီးတော့
ဆောင်း ရဲ့ ဥယျာဉ်ကလဲ တိတ်ဆိတ်သာယာပါသတဲ့

အော် ပြီးတော့ ပြောသေးတဲ့
ဒီနေ့ ရဲ့ “ကိုယ်” ကလဲ သိပ်လှတာပဲတဲ့....

A Chen
5:40 AM
31st march 2011
Thursday
Home
Bangkok

Monday, April 4, 2011

ညနေ


foto from google

ညနေ

ဟော...
လေပြေလေး လာပြီ
လိပ်ပြာလေးလဲ လာပြီ
ကြောင်ကလေးပူစီလေးလဲ လာပြီ
ကြိုးကြာလေးလဲ လာပြီ
ငှက်ကလေးလဲသီချင်းဆိုနေပြီ
ကျတော် လဲတဖြေးဖြေး
လေချွန်နေမိပြီ

A Chen
5:40 AM
31st March 2011
Thursday
Home
Bangkok

Saturday, April 2, 2011

ဇာတ်လမ်း

ဇာတ်လမ်း

ဘယ်သူကများ ယုံပါ့မလဲနော်
ဒီလောက်လှပခဲ့တဲ့
အစကလေး တခုဟာလေ...

A Chen
5:36AM
31st march 2011
Thursday
Home
Bangkok

Friday, April 1, 2011

သံစဉ်မဲ့ ဂီတ


(foto from google)

သံစဉ်မဲ့ ဂီတ

တိမ်ပျိုပျိုတွေက
ရွှေအိုအိုမြက်ရိုင်းတွေပေါ်မှာ
ပြေးလိုက် ရပ်လိုက် ရပ်လိုက် ပြေးလိုက်

သူတို့ ဘာမှပြောမသွားကြပါဘူး
ဒါပေမယ့်
ကျတော့ အတွက်တော့
နားထောင်ရတာ
သိပ်...စိတ်ချမ်းသားတာပဲ။

A Chen
6:58 AM
24th march 2011
Thursday
Home
Bangkok

Thursday, March 31, 2011

soul mate


(foto from google)

"soul mate"

လွတ်လွတ်လပ်လပ်ပေါ့
လေနဲ့အတူ
လွင့်ပါသွားလိုက်စမ်းပါ
လောကကြီးရဲ့
တထောင့်တကွေ့မှာတော့
မင်းကို နားလည်တဲ့သူကို
တွေ့မှာပေါ့။

A Chen
6:51 AM
24th March 2011
Thursday
Home
Bangkok

Wednesday, March 30, 2011

အလကား အတိတ်

အလကား အတိတ်

မနေ့တုံးက
နာကျင်ခဲ့ရတဲ့ ကိစ္စတွေကို
မေ့ပစ်လိုက်ပြီ

လောကမှာ
မေ့ပစ်လို့ရတဲ့
အရာတွေဆိုတာ
သိပ်အရေးမကြီးလို့ပဲ။

A Chen
4:47 AM
14th March 2010
Home
Bangkok

Tuesday, March 29, 2011

မျက်နှာချင်းဆိုင်


(foto from google)

မျက်နှာချင်းဆိုင်


အချစ်နဲ့ ခင်မင်မှုကြားမှာ
သံယောဇဉ်ဆိုတာ ရှိတယ်

ပျော်ရွှင်မှု နဲ့ ရွေးချယ်မှု ကြားမှာ
ပေးဆပ်မှုဆိုတာ ရှိတယ်

မင်းကို ချစ်မယ်
ညာတာမယ်
စောင့်ရှောက်မယ်
ကြင်နာမယ်

ဘာလို့လဲဆိုတော့
မင်းအချစ်ရဲ့
ရှေ့တည့်တည့်မှာ
ငါရှိတယ်လေ။

A Chen
6:45 AM
24th March 2011
Thursday
Home
Bangkok

Monday, March 28, 2011

ချစ်ed

ချစ်ed

အမြဲလိုလို သတိရနေတတ်ပါတယ်
ဘာလို့လဲဆိုတော့
တခါမှ မေ့မပြစ်ခဲ့လို့ပဲပေါ့
တခုပါပဲ
မင်းကို သွားသွားမတွေးမိအောင်တော့
အရမ်းအရမ်း ကြိုးစားခဲ့ရတာပါ
ငါတို့အတွက်ကတော့
“နောင်တ” ဆိုတာ
မှားယွင်းတဲ့ အချိန်မှာ
ချစ်မိခဲ့ကြတာပါ။

A Chen
5:36PM
12th March 2010
Home
Bangkok

Sunday, March 27, 2011

တကယ်လို့သာ...ဆိုရင်...


(foto from google)

တကယ်လို့သာ...ဆိုရင်...


တကယ်လို့သာ
ယောက်ျားတယောက်ကို
အဲ့ဒီလောက်
စွဲစွဲလမ်းလမ်း
တမ်းတမ်းတတ
နက်နက်နဲနဲ
ရူးရူးမိုက်မိုက်
မက်မက်မောမော
ဆင်ခြင်တုံတရားမဲ့
အသိဥာဏ် နုံနဲ့စွာနဲ့
မချစ်ခဲ့မိဘူးဆိုရင်...

ဘဝကို အခုထက်ပိုပြီး
သာသာယာယာ
ပျော်ပျော်ရွှင်ရွှင်နဲ့
ကျေနပ်မိမှာပဲ

အချစ်ဆိုတာ...
ဝန်ထုပ်ဝန်ပိုးတမျိုးပါ။

A Chen
6:29 AM
24th March 2011
Thursday
Home
Bangkok

Saturday, March 26, 2011

ကောင်းကင်ကြီး မင်းကိုပြန်ပေးမယ်


(foto from google)

ကောင်းကင်ကြီး မင်းကိုပြန်ပေးမယ်

အတိတ်ဟောင်း၊
ဒါမှမဟုတ်
ရည်းစားဟောင်းရဲ့
အချစ်
ကတိ
စတာတွေက
တကယ်ကို လှပတဲ့
အရာတွေပဲပေါ့

ဘာလို့လဲဆိုတော့
အများစုက
တကယ်ဖြစ်မလာနိုင်တော့လို့ပဲလေ...

A Chen
6:22 Am
24th March 2011
Thursday
Home
Bangkok

Friday, March 25, 2011

never never say goodbye

NEVER NEVER SAY GOODBYE

ငါတို့မှာ နှုတ်ဆက်စကားပြောဖို့
အသိ နဲ့ သတ္တိ ရှိတယ်ပဲ ဆိုကြပါစို့

ဒါပေမယ့်
ငါ နှုတ်ဆက်စကား
မပြောချင်ဘူး

ဘာလို့လဲဆိုတော့
ပျော်ရွှင်မှုတွေက
နာကျင် ထိခိုက်မှုတွေထက်
အဆပေါင်းများစွာ
များနေသေးတာကို
ငါဂရုစိုက်နေသေးလို့ပါ

A Chen
6:20 Am
24th March 2011
Thursday
Home
Bangkok

Thursday, March 24, 2011

ချစ်မိပြီဆိုရင်...

ချစ်မိပြီဆိုရင်...

မင်းကိုချစ်ခဲ့မိတာ
လွမ်းရတာကတောင်
ချိုမြိန်တဲ့
နှိပ်စက်မှုလိုပါပဲ

A Chen
6:17Am
24th March 2011
Thursday
Home
Bangkok

Tuesday, March 1, 2011

life inertia (ဘဝ အင်နားရှား)

ဘဝ အင်နားရှား

ပြေးတယ် ...မရွေ့ ဘူး
ရပ်တယ် ...မငြိမ်ဘူး
ငါ့ ဘဝ က စိတ်မချရတော့ဘူး ချစ်သူ...

ဘုတ်ဆုံ

life inertia

i run ... but do not move
i stop ... but do not still
my life is in the state of instability
love...

A Chen
1st March 2011
Tuesday
Bangkok

Friday, July 16, 2010

တောင်တောင်အီအီအတွေး

Q and A


A: More love movies??

Aren’t you getting overdosed?


B: There is no such thing called “overdosed” in “LOVE” sweetie…


Statement


What men and women want??


If there is only one thing that men want then is not love just “sex”.

And women, we want only “sense of security” hence define: “money”



A Chen

2:08 am

16 July 2010

Best Western Vientiane Hotel

Laos

Thursday, June 24, 2010

ညက...

ညက တညလုံး အိပ်မရတာ
စိုနေတဲ့
ခေါင်းအုံးလေးသိပါတယ်

မျက်ရည်တွေအကုန် ကုန်အောင်
တခါတည်းငိုဖို့
ခေါင်းအုံးဘယ်နှစ်လုံးလောက်လိုမလဲ...?

A Chen
9:41 pm
24th June 2010
home
Bangkok

Monday, March 22, 2010

17 နှစ်ရဲ့ မိုးကောင်းကင်

17 နှစ်ရဲ့ မိုးကောင်းကင်

A: အင်း...အချစ်ဆိုတာလဲ အတိတ်တွေလိုပဲ ကျော်လွန်သွားတတ်တဲ့အရာပါ

B: ရပါတယ် ကိုယ်တို့ မြန်မြန်ပြေးကြတာပေါ့...

A: ပြေးအုံးမယ်............?

B: သူကို ပြန်မှီလာအောင်ပြေးကြမယ်လေ..

A: ဒါပေမယ့်...ကျတော် ညောင်းနေပြီ...

B: ကိစ္စမရှိဘူး ကိုယ်မင်းကို ကုန်းပိုးမှာပေါ့....လာ...!

A Chen

01:10 am

22th March 2010

Home, Bangkok

Sunday, March 14, 2010

ကြုံကြိုက် ဆုံခိုက်

ကြုံကြိုက် ဆုံခိုက်

တကယ်လို့ မင်းနဲ့များမဆုံဖြစ်ခဲ့ရင်
ငါ့မှာ အခုနဲ့မတူတဲ့ ဘဝ တခုများရှိနေလိမ့်မလား
အဆုံးသတ်မှာ
ရလဒ်ရှိသည်ဖြစ်စေ မရှိခဲ့ဘူးဆိုရင်ဖြစ်စေ
ငါကတော့
မင်းနဲ့တွေ့ကြုံဆုံတွေ့ခဲ့ရတာကို
ကျေနပ်ပါတယ်လေ…

A Chen
8:40 pm
14th March 2010
Home
Bangkok