


အရင်က ဒီလို စာတွေစိတ်ဝင်စားလေ့မရှိပါဘူး ခုတစောင်တော့ ကြိုက်မိတယ်။ အီးမေးလ်ကနေ ပီဒီအက်ဖ် နဲ့ ရောက်လာတာပါ ပီဒီအက်ဖ် မတင်တတ်လို့ ဂျေပက် လုပ်ပြန်တင်လိုက်တယ် ကလစ်ခေါက်၍ ကြည့်ကြကုန်။

သူကိုယ့်ကို ချစ်တာ သေချာသလား? ကိုယ်သူ့ကိုချစ်တာ သေချာသလား? ဒီနေ့ နေသာမှာသေချာသလား? မိုးရွာမှာသေချာသလား? မြန်မာ အသင်း ဘောလုံးပွဲမှာ နိုင်မှာသေချာသလား? ဒေါ်လာဈေး တက်မှာ သေချာသလား? ပျော်ရမှာသေချာသလား? ငိုရမှာသေချာသလား?
ဘဝမှာ သေချာမှု က ပိုများသလား၊ မသေချာမှု က ပိုများသလား? မသေချာဘူးဆိုတာကရော သေချာရဲ့လား? သေချာပါတယ်ဆိုတာကရော သေချာရဲ့လား?
ငရဲကြီးမှာ သေချာသလား? နိဗ္ဗာန်ရောက်မှာကော သေချာရဲ့လား? ငရဲရှိတာကော သေချာသလား? နိဗ္ဗာန်ရှိတာကော သေချာသလား?
အကြွေးပေးမှာ သေချာသလား? အကြွေးပြန်ရမှာကော သေချာသလား?
မကုရင် သေမှာသေချာသလား? ကုရင်ကော ပျောက်မှာသေချာသလား?
တကယ်ချစ်တာသေချာသလား? ယူဖြစ်မှာ သေချာသလား? အိမ်ပါတာသေချာသလား? ကားပါတာသေချာသလား? အကုန်ပါတယ်ဆိုရင်ကော သေချာသလား?
အလုပ်ရမှာ သေချာလား? လစာများတာသေချာသလား? လူထုအတွက် လုပ်နေပါတယ်ဆိုတာကကော သေချာရဲ့လား? တကယ်သေချာရဲ့လား?
“ယူ”ထားသလောက် ပြန်မ“အန်”လို့ “ယူအန်”လို့ ခေါ်တာသေချာသလား? ယူနိုက်တက် နတ်သင်းမို့လို့ ယူအန်လို့ခေါ်တာသေချာသလား?
ကိုယ့်ကိုယ်ကိုရောသေချာသလား? သူ့အတွက်ကကော သေချာသလား? အခြေအနေကကော သေချာရဲ့လား?
ယူလိုက်ရင် ပိုသေချာမလား? မယူဖြစ်ရင်ကော (ချစ်တာ...)သေချာလား? စာချုပ်ကကော သေချာရဲ့လား? စိတ်က ပိုသေချာသလား? စိတ်မပါဘဲ စာချုပ်ကြီးပဲဆိုရင်ကော သေချာလား?
အိမ်ထောင်ပြုတာ သေချာသလား? အပျို လူပျို လုပ်တာ ပိုသေချာသလား? အနာဂတ်အတွက်သေချာတာလား? ပစ္စုပ္ဗန် အတွက်သေချာတာလား? အတိတ်ကကော သေချာခဲ့ရဲ့လား?
ညောင်စေ့လောက်လှုရင် ညောင်ပင်လောက်ရမှာ သေချာလား? စိတ်ထားတတ်ရင်ကော သေချာမှာလား? ကောင်းတာလုပ်ရင်ကော ကောင်းတာ ပြန်ဖြစ်မှာ သေချာမှာလား? ခုဘဝမှာ သေချာမှာလား? နောက်ဘဝကျမှသေချာမှာလား?
ကြောင်ဆိုတာကော သေချာလား? ကျားဆိုတာကော သေချာသလား? ကြောင်ကြောင် ကျားကျား ဖြစ်နေတာ က ပိုသေချာသလား?
ကလေးယူမှာ သေချာသလား? ကလေး ရမှာသေချာသလား? ယောက်ျားလေးဆိုတာ သေချာသလား? မိန်းကလေး ဆိုတာသေချာသလား?
ယောက်ျား ကိုယ်ခန္ဓာ ရှိပေမယ့် ယောက်ျားစိတ် ရှိတာသေချာလား? ယောက်ျားဆိုရင် ပိုမြင့်မြတ်တယ်ဆိုတာသေချာသလား? မိန်းမ ဆိုရင် ပိုအူတိုတယ်ဆိုတာသေချာသလား?
ထိုင်ခုံနဲ့ ထိုင်မှာသေချာသလား? ထိုင်ခုံရှိရင် ကော ပိုသေချာသလား?ထိုင်ခုံမလှုပ်မှာကော သေချာသလား? ထိုင်ခုံမှာ ကြာကြာ ထိုင်ရမှာကော သေချာရဲ့လား? ထိုင်ခုံပိုင်ရင် ကော ထိုင်ရမှာ သေချာသလား? ထိုင်ခုံ ကိုအမွေ ရထားရင်ကော ထိုင်ရမှာသေချာသလား? ထိုင်သင့်တာသေချာသလား? ထိုင်ခွင့်ရှိတာ သေချာရဲ့လား? ထိုင်ထိုက်တာသေချာသလား?
စာရေးနေတာ သေချာသလား? အကျိုးပြုမှာသေချာသလား? အပျင်းပြေမှာသေချာသလား? သုတ ပါမှာ သေချာသလား? ရသပေးမှာသေချာသလား? ဒါမှမဟုတ် ဟာသ နဲ့ပျော်ရွှင်စေမှာသေချာသလား?
တကယ်ဘတ်တာသေချာသလား? သေချာဘတ်တာသေချာသလား? တကယ်ခင်လို့ လာတာ သေချာသလား? ပြန်လာလည်စေချင်လို့ လာတာ က ပိုသေချာသလား? ပြန်လိုက်မလည်ရင်ကော နောက်ထပ်လာမှာသေချာသလား?
ခင်ဖို့ကောင်းတာသေချာသလား? ဟင်းချက်တတ်တာကော သေချာရဲ့လား? လျောက်ရေးနေတာ သေချာလား? စေတနာ ထားတာသေချာသလား?
နာမည်ကြီးချင်တာသေချာသလား?
ရည်းစားများတာသေချာသလား? ကံဆိုးတာ သေချာသလား? ချစ်တတ်တာကော သေချာရဲ့လား?
(ဖြေကြည့်နော်)
အန်တီချမ်း said...
တနေရာရာမှာ တခုခုကတော့ သေချာမှာပါ
အနည်းဆုံး ဘာမှမသေချာဘူးဆိုရင်တောင်မှ အဲ့ဒီ မသေချာဘူးဆိုတာကြီးကတော့ သေချာနေအုံးမှာပဲလေနော်
နောက်တခု သေချာတာ ရှိသေးတယ်
သေခြင်းတရားပေါ့
အခန်းဆက်ကတော့ ရေးဖြစ်အုံးမှာပါ
ဘတ်တဲ့ လူ အဲ့လောက် မရှိဘူးထင်လို့ ပျင်းပြီး ပစ်ထားမိတယ်
ကိုယ့်အပြစ်ပါ
ဆက်ရေးပါ့မယ်
စထားရင် ဆုံးရမယ် မှလား
အစကောင်းမှ အနှောင်းသေချာမှာလေနော်
A Chen
4:29 PM
4th Feb 2011
Friday
Bangkok
တီချမ်း ၂၀၁၁ နယူရီးယား ရီစလူးရှင်း အပ်ဒိတ်
၁၄-၂၇ ဖေဖော်ဝါရီ ရန်ကုန် သွားပါမယ်
၁၈-၂၁ ပုဂံ ထရက်ရှာ ဟိုတယ် မှာ နှပ်ပါမယ် ဓါတ်ပုံရိုက်မယ် ယဉ်ယဉ်ဆိုင်မှာ တိုးတိုးဆိုင်မှာ ထမင်းသွားစားမယ်
ရန်ကုန်ရောက်လျင် စားရန် အစားအသောက် စာရင်း
လောလောဆယ် သတိရတာတွေ အရင်ရေးထားတာ နောက် သတိရရင် ထပ်အပ်ဒိတ် လုပ်ပါမယ် ….
A Chen
8:27 PM
14th Jan 2011
Friday
Home
Bangkok
နန်းညီက နှစ်ကူးည အကြောင်းရေးတော့ ကိုယ်လဲ နှစ်သစ် ကို ကိုယ်ဘယ်လိုဖြတ်ကူးသလဲ ရေးချင်လာမိတယ်။ ခုတလော က တကယ်ကို အတွေးတွေကော အရေးတွေပါ ခန်းနေတာပါ။ သူငယ်ချင်းတွေ ရဲ့ ဘလောခ်တွေ ကို လိုက်လိုက်ဘတ်ပြီး စာရေးချင်စိတ်တွေကို ကူးယူနေရတဲ့ အဖြစ်ရောက်နေတယ်။ သူတို့တွေကတော့ ဘယ်လောက်ပဲ အလုပ်များများ တကယ်ရေးဖြစ်ကြတဲ့ သူတွေဆိုတော့လေ။ အားလဲကျတယ်၊ တပြိုင်တည်း ကိုယ့်ကိုကိုယ်လဲ အားမရတွေဖြစ်မိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနည်းလေးက အလုပ်တော့ဖြစ်ပါတယ်။ ခုပဲကြည့် လိုက်ဘတ်ကြည့်လိုက်တော့ ထွက်လာတာပေါ့။
နှစ်သစ်ကူးတွေ ကိုယ့်ဘဝမှာ အခု ၂၀ တော်တော်ကျော်လောက် ဖြတ်ကျော်ပြီးခဲ့ပြီ။ ငယ်ငယ်တုံးကတော့ နှစ်ကူးည ဆိုတာ ကျောင်းပိတ်တဲ့ည အကင်တွေ စားရတဲ့ည အရက်တွေ လူကြီးတွေ ခွင့်ပြုချက်နဲ့ နည်းနည်းပဲ ဖြစ်ဖြစ် သောက်ခွင့်ရတဲ့ ည နောက် အရွယ်လေး နည်းနည်းရလာတော့ ကန်ဘောင် မှာ ကူးတဲ့ နှစ်သစ်ည ကျိုက်ထီးရိုးမှာ ကုန်ဆုံးတဲ့ နှစ်သစ်ည နိုက်ကလပ်မှာ ကုန်ဆုံးတဲ့ နှစ်သစ်ည စတာတွေ ကြုံလာရပါတယ်။
နှစ်သစ်ည က ဘာအဓိပ္ပာယ်ရှိလဲ….? ကိုယ်တခါမှ သေချာမတွေးခဲ့ဘူးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက်က နေ့ထူးနေ့မြတ်တွေ ဘာတွေ ဆိုတာ သိပ်အရေးမပါလို့ပဲ။ ကိုယ်က မွေးနေ့ ကိုလဲ အထွေအထူး မလုပ်တတ်ဘူး။ သူငယ်ချင်းတွေ မွေးနေ့ ကိုလဲ သတိတရ မှတ်မထားတတ်ဘူး။ ရည်းစားတွေလဲ မှတ်မထားတတ်ဘူး (မှတ်ရမယ် ဆိုရင်လဲ နည်းနည်းတော့ များမယ်) ကုန်ကုန်ပြောရရင် ကိုယ့်မွေးဖွားသားချင်းတွေ ကော အမေ ကောတောင် ကိုယ်မမှတ်မိတတ်ဘူး။ အဲ့တော့ နှစ်သစ်ည ဆိုတာကလဲ ကိုယ့်အတွက် တော့ ဘာမှပိုမထူးခြားတဲ့ ၂၄ နာရီရှိတဲ့ ရက်တရက်ပါပဲ။ အိပ်ရာကထ ရင် မျက်နှာသစ်မယ် အစာစားမယ် လုပ်စရာရှိတာလုပ်မယ် ရေချိုးမယ် ကော်ဖီသောက်မယ် ပုံမှန်ပါပဲ။
အရွယ်ရောက်လာတော့ အဖော်ကောင်းရင် ခရီးထွက်မယ် သူငယ်ချင်းတွေ စုပြီး တနေရာရာ သွားကြမယ် ပျော်မယ် ပါးမယ် စားမယ်သောက်မယ် နည်းနည်းပိုလာတယ် မထွက်ရလို့လဲ ကိုယ်က ဆူပူကောက်ချိတ်နေမယ့် လူမျိုးမဟုတ်ပါဘူး။ ကိုယ့်အတွက် ဝတ္ထု ကောင်းကောင်း တအုပ်ရှိရင် ကော်ဖီကောင်းကောင်းတခွက်ရှိရင်လဲ နှစ်ကူးည က ပြည့်စုံပါတယ်။
အစကတော့ ဘာရယ်မဟုတ်ပါဘူး။ ပုံလေးတင်ချင်စိတ်ဖြစ်လာတာနဲ့ ပိုစ့်လေးရေးမိတာ။ ရေးရင်နဲ့ တွေး တွေးရင်းနဲ့ ရေးပေါ့။
သက္ကရာဇ် ၂၀၀၀ တုံးက တော့ ထောင်စုနှစ် ဘာညာ နည်းနည်းတော့ လူတွေ ရင်ခုန်လို့ ကိုယ်တောင် လိုက်ခုန်သေးတယ်။ နောက် ဝိုင်တူးကေ ကြောင့်လဲပါတာပေါ့။ နောက်တော့လဲ ဘာမှမဟုတ်ပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ ၂၄ နာရီက ၁ နာရီ ပိုမလာပါဘူး။ လျော့လဲမသွားပါဘူး။ ဟောအခု နောက် ၂၁ ရာစု ရဲ့ ဆယ်စုနှစ် တခု ကို ဖြတ်ကျော်ရပြန်တော့မယ်။ တလောကတော့ မာရာ ကလန်ဒါ တွေ ကမ္ဘာပျက်မယ့်နေ့တွေ ဖြစ်လာသေးတော့ နေရထိုင်ရတာတောင် လှုပ်တုတ်တုတ် (ကိုယ့်ကတော့ တုတ်တုတ်မျှမလှုပ်) ပြောသားပဲ ဘာမှထူးမခြားပါဘူးလို့ ကိုယ့်မိုတိုကတော့ ရှင်းတယ် ကိုယ့်ပိုက်ဆံကို မြန်မြန်သုံး သူများ ပိုက်ဆံကို ချေးပီးသုံး ဒါပဲ။
A Chen
4:24 PM
Friday
7th Jan 2011
Bangkok
ကဗျာ တပုဒ် မွေးဖွားခြင်း သို့ အင်စပရေးရှင်းရှာခြင်း သို့ အာယား လျာယား ရှိမိခြင်း သို့ ကိုယ်စာတွေ ဘယ်လိုရေးမိစေသလဲ ဘယ်လိုဝေဖန်မှုတွေ ပေးတတ်သလဲ သိစေချင်တာ ပါ အမှန်အတိုင်းပြောရရင်တော့ ဆားချက်တာပေါ့ တင်စရာမရှိလို့ ကြုတ်ကြက်လိ လိုက်တာ ကြိုက်သော်ရှိမကြိုက်သော်ရှိပေါ့နော် တခုခု ရတယ်ဆိုရင်တော့ လဲ ကောင်းတာပေါ့ တယ်တော့မထင်
3:17 PM me: ကော်ဖီခွက်လဲအေးနေပြီ
နင်လေ ငါ့လဲ မေ့နေပြီ
မမြင်ပေမယ့်လဲ တွေးနေသည်
ဝေးနေသေးသည်
ဆွေးနေသေးသည်
3:20 PM BS: မနက်ခင်းလည်း အေးလာပြီ
နင်လည်း လွမ်းဖို့ မေ့တတ်ပြီ
မတွေးပေမယ့် တွေ့နေသည်
အေးနေသေးသည်
တွေးနေသေးသည်
| | 7 minutes |
3:28 PM me: နင်အဲ့လိုရေးလိုက်တော့ ငါဆက်မရေးတတ်တော့ဘူးဟ
ဟိဟိ
BS: ဟဲ့ဘာလို့တုန်း
ပုံစံဆင်နေလို့လား
me: မဟုတ်ဘူး
အကြောင်းအရာ ရှာမရတော့လို့
3:29 PM နေအုံ
အုံး
နင်တခုခု ထပ်ရေးကြည့်
အီး လိုဖြစ်ဖြစ်
စကားမစပ် နင်ဘာတွေ လုပ်နေတာတုံး
တော်တော်သံချေးတက်သွားတယ်နော်
BS: ဝေါအိတ်ဒ်ဒေးအတွက် ဂရက်ထနေတာဟ
3:30 PM အင်း
ငါ သိပ်မရေးဖြစ်ဘူး
me: မဟုတ်ဘူး
BS: သူများရေးတာတွေပဲဖတ်နေတာ
အခုတလောက
me: ရေးထားတာတွေ မကောင်းဘူးလို့ပြောနေတာ
BS: အေးလေ
သြော
အိုကေ
ငါ့ဟန်နဲ့ငါ ပြောင်းရေးကြည့်မယ် နေဦး
3:31 PM ငှင်းငှင်း
3:32 PM me: အာ မဟုတ်ဘူး
နင်ခုတလော ရေးတဲ့ အီး ကဗျာတွေ က မကောင်းဘူးလို့
3:33 PM နင့်အီးတွေ သံချေးတက်နေပြီလို့ပြောတာ
နင်အရင် အက်ဆေးတွေ ရေးတာ အရမ်းကောင်းတယ်လေ
ခုတလော နင့်ကဗျာတွေ
ဟို ပိုးဟပ် တို့ ဘာတို့
တော်တော်ညံ့တယ်
ဘုတ်ဆုံ ကွာလတီ မမှီဘူးလို့ပြောချင်တာ
BS: ဟေ
3:34 PM ငါ့ကို အဲလို feedback ပေးမယ့်သူလည်းမရှိဘူးလေဟာ
3:36 PM နေမထွက်ခင် အေးခဲသွားတတ်တဲ့
ကော်ဖီတစ်ခွက်ရဲ့ လင်္ကာပဲ့သံလည်း
မကြားရတာကြာပြီ
မတရားဘူးဟာ . . . ဆိုတဲ့ရှိုက်သံတစ်ဝက်
ကော်ဖီတစ်ခွက်နဲ့
ဂလေဂချေ ကဗျာကခြေသည်ပါ။
ခြစ်ခြစ်တောက်အောင် . . . . ခါးတယ်။
me: စကားမစပ် နင့်စာတွေနင်အကုန်ကူးထားလား
BS: ဟင့်အင်း
me: အဲ
နေအုံး
ငါအားရင်လုပ်ပေးမယ်
3:37 PM ဒါပေမယ့် မာတီပလိုင်းက ဝင်မထားရင် ဘတ်လို့တောင်မရဘူးမှလား
BS: အေး ဟုတ်တယ်ဟ
တချို့ဟာတွေကို ငါက ငါ့ဘော်ဘော်တွေပဲ တွေ့ရအောင်လုပ်ထားတာ
ပြန်ဖြုတ်လိုက်မယ်
3:38 PM me: အေး
ငါ့ကိုလင့်ခ်ပေး
3:39 PM me: နင်က ခွဲမှတ်ထားလား
ငါ့လို ကက်အလိုက်လေ
နင့်ဓါတ်ပုံပိုစ့်တွေတော့ မယူဘူးလေ
နော်
ကဗျာတွေ စာတွေပဲ
BS: ဟားဟား
အေးပါ
ဓာတ်ပုံတွေက အရမ်း personal ဖြစ်တယ်
ခိခိ
3:40 PM me: အဲ့တာဆို
နင့် စာလင့်ပဲတိုက်ရိုက်ပေး
ငါကူးပေးမယ်
3:41 PM BS: အိုကေသယ်ရင်း
me: ကောမန့်တွေကော ယူမလား
မယူတော့ဘူးနော်
ငါပို့ပေးကြည့်မယ်
BS: ဟင့်အင်း
ကွန်မန့်တော့ မလိုချင်ဘူးဟ
3:42 PM http://botesone.multiply.com/journal
3:43 PM me: ကြည့်ကြည့်လိုက် အခုပို့လိုက်တယ်
3:44 PM နင့် ဘိုစာတွေက တိုက်ရိုက် ဘာသာပြန်သလို ဖြစ်နေတယ်
ငါဥပမာ တခု ပို့ပြမယ်
နင်ရေးတာ အဲ့လိုဖြစ်နေတယ်
ဥပမာ ဟာ
ငါတို့ မြန်မာ လိုပြောသလိုမျိုး ဘိုတွေက မပြောဘူးလေ
3:45 PM ငါ့ သူငယ်ချင်းရဲ့ သူငယ်ချင်းတယောက်ရေးတာ နင့်ကိုပြမယ်
ကောင်းလို့ မဟုတ်ဘူး
မကောင်းလို့
နင်ရှောင်လို့ရအောင်နော်
3:46 PM [Jh
hey
still there
| | 12 minutes |
3:59 PM BS: အေး သယ်ရင်း
ရှူရှူသွားပေါက်တာ
နေဦး
ငါဖတ်ကြည့်လိုက်မယ်
me: ကြာ်လိုက်တာ
နင်တော်တော်အကြောရှည်
4:00 PM အေး
ငါပြောချင်တာ ခုနက ငါနင့်ကို still there လို့မေးတယ်
အြ့တာ နင်ရှိသေးလားလို့ ငါပြောချင်တာ
အဲ့တာကိုနင်လဲသိတယ်
တခါတခါကျတော့် ငါတို့က မြန်မာလိုစဉ်းစားပြီး အီးလိုရေးတဲ့ အခါကျရင်
BS: အေး .. ပြော
me: နင်တည်ရှိနေသေးလားလို့ ရေးမိတတ်တယ်
ပေါက်လား
ဟိဟိ
4:01 PM ငါကများ နင့်ကိုဆရာလုပ်နေသေးတယ်နော်
နင့်အီးက ငါ့ထက်ပိုကောင်းတာ ကို
အန်နတီးဝေး
BS: အေး ပေါက်တယ်
me: သယ်ရင်း
BS: နိုးနိုး
me: နင်ဒေါင်းကြည့်ပြီးပြီလား
ငါအခု ကော်ပီလုပ်နေတာ ပြီးတော့မယ်
BS: အခုဒေါင်းမလို့သယ်ရင်း
me: ပြီးရင် နင့်ကို ငါ ဝေါ့ကော ပီဒီအက်ဖ် ကော ပို့မယ်
4:02 PM ပြီးမှ နင် ပြန်အက်ဒစ်လုပ်လေ
နင်တခြားဟာတွေ ယူထားတာ
တာရာစာတွေ ဘာညာ လေ
နင့် ကဗျာတွေချည်းပဲ ပြန်စုလေ
အဲ့လိုပေါ့
BS: အိုကေ ... သယ်ရင်း။
me: blogspot က တခုကောင်းတာ ဒီလို ကက်တွေခွဲလို့ရတယ် ဟ
BS: ငါ အက်ဒစ်လုပ်ပြီးရင် နင့်ကို ပြန်ပို့ပေးမယ်
me: ဒါတွေရှိတယ်
* cities thoughts (6)
* coffee table booklet (3)
* diary (24)
* Haikus (4)
* jewel's songs ခံစားမှုများ (7)
* jewel's ကဗျာများ (3)
* my sketches (drawing) (2)
* Scattering thoughts (13)
* tag (1)
* ကိုယ်ပိုင် English ကဗျာများ (17)
* ကိုယ်ပိုင် ကဗျာများ (50)
* စကားကြီးစကားကျယ် (1)
* ဆိုက်ကိုတက်စ် (3)
* တီချမ်း ခရီးသွားခြင်း (8)
* တီချမ်း ပုံပြောမယ် (2)
* တီချမ်း ဟင်းချက်ခြင်း (24)
* တီချမ်းပြောတဲ့ အချစ် ဒဿနများ (36)
* တီချမ်းပြောတဲ့ အချစ် ဒဿနများ -၂ (9)
* တီတီချမ်း (14)
* တီတီချမ်း အင်တာဗျူး (3)
* ပုံတွေ (2)
* ဗဟုသုတများ (4)
* သက်တံ့ တွေရဲ့အဆုံးမှာ (ပေးစာများ) (49)
* သီချင်း ခံစားမှုများ (17)
* ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းလေးတွေ (1)
* အခန်းဆက်ဝတ္ထုရှည် (10)
* အတွဲ ကဗျာများ (32)
* အတွေးများ (1)
* ဆောင်းပါး (41)
* ပေးစာများ(letters) (22)
* မောင့် ကဗျာများ (3)
* မွေးနေ့ဆုတောင်း ကဗျာများ (12)
* ရောက်တတ်ရာရာ (19)
* ပြဇာတ် (1)
* ဗြုတ်စဗျင်းတောင်း (5)
အဲ့တာ ငါ့စာတွေ
4:03 PM လိုချင်တာ ရှာယု့ပဲ သိလား
တွေ့လား
နင်နဲ့ ငါစပ်တူရေးတဲ့ ကဗျာတွေ လိုချင်ရင် အတွဲကဗျာ ရှာလိုက်ရုံပဲ
BS: အေးသယ်ရင်း
4:04 PM ဟေ့ .. ဘလော့စပေါ့နဲ့ ဝေါ့ဒ်ပရက်စ် ဘယ်ဟာ ပိုကောင်းလဲ
4:05 PM လား
4:06 PM me: ငါကတော့ ဘလောခ်စပေါ့ ကိုပိုကြိုက်တယ်
4:07 PM ဒါပေမယ့် ပြဿနာက မြန်မာပြည်မှာ ဖွင့်မရတာပဲ
ဘလောခ်စပေါ့က ဂူဂဲလ် ဘဇ် နဲ့ ဖဘ မှာလဲ လင့်ခ် လို့ရတယ်လေ
BS: အေး ဟုတ်တယ်
ဒါပေမယ့် ဝေါ့ဒ်ပရက်စ်က ပရော်ဖက်ရှင်နယ်ဆန်တယ် သယ်ရင်း
4:08 PM ရိုးရိုးရှင်းရှင်းလေး
me: အေး
ဝေါ့ပရက်က နင်မြန်မာပြည်ကနေရေးရတာ ပိုအဆင်ပြေမယ် လေ
4:09 PM အစကနေ ပြန်လုပ်မယ် ဆိုရင်တော့ အြ့တာနဲ့ပဲ လုပ်
နေအုံး
ငါ ၁ ဖိုင် ချင်းစီ ပို့ရမလား
အကုန်တွဲပို့ရင် နင်ဒေါင်းရတာ အဆင်ပြေမလား
စုစုပေါင်း ၉ မျာက်နှာပဲနော်
4:10 PM BS: ဇစ်ဖိုင်နဲ့ အကုန်တွဲပို့လိုက်သယ်ရင်း ... ဟုတ်တယ် ၉မျက်နှာပဲ
4:11 PM me: ငါ ရီဗြူးတွေလဲ ကူးပေးမယ် သည်ရင်း
မိုက်တယ်လေ
စာအုပ်ထုတ်လို့ရတယ်
ခိခိ
| | 5 minutes |
4:16 PM BS: ဂျူးလိုလား
ဟားဟား
4:17 PM me: အေး
နေအုံး
ငါပြောချင်တာ နင်တွေ့လား
ဟိုအက်ဆေးကနေ
သူက အရမ်းကို အတ္တိသယဝုတ္တိ ဖြစ်နေတာလေ
4:19 PM BS: အေးဟုတ်တယ်
ဖွဲ့နွဲ့လွန်းပြီး ဘဝမဆန်ဘူး
4:20 PM စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ထိန်းသိမ်းထားနိုင်စွမ်း မရှိဘူး
သူများကို ပြောရတာ အရသာရှိလိုက်တာ
4:22 PM me: အဲ့တာပြောတာလေ
သူ့ကိုသူ ရှိတ်ရှိတ်များမှတ်နေလားမသိဘူး
ရေးတာ က မကောင်းလိုက်တာ
4:23 PM ဟိဟိ
BS: ဟားဟားဟား
နင့်ဘဲလား
4:26 PM me: no par
4:27 PM တော်တော်ကိုခံစားလို့မရတာ
ဂရမ်မာတွေမှားတာ ကိုမပြောသေးဘူးနော်
4:28 PM BS: ဟီးဟီး
မြန်မာတွေ ဟစ်ဟော့ပ် ကို အီးလို ဆိုသလိုပေါ့
ဘယ့်နှာကြီးတုန်း
me: တော်လိုက်တော့ တော်လိုက်တော့
BS: မေးရမလို
ခိခိ
me: ဟိုဂျောက်ဂျက်နဲ့ သံသာဝင်းဆိုတာ ကြားဘူးတယ်မှလား
ငါ့ကိုငါသတ်သေချင်တယ်
4:29 PM BS: ဟင့်အင်း
မြန်မာတွေရဲ့ ဒုံချပ်ဒံချပ်ဆိုတာနဲ့ အာရုံကပြောင်းပြီးသာ
း
4:30 PM me: အေး
ငါအဓိက ပြောချင်တာက နင်နောက်ပိုင်းရေးတဲ့ အီးကဗျာတွေက အဲ့လိုဖြစ်လာနေတယ်ဆိုတာပဲ
တဂိုး
ဟိဟိ
4:31 PM BS: သေရော
:(
ဒါပေမယ့်
A Visit ကဗျာလေးလောက်ထိကတော့ ကောင်းတုန်းပဲ
ဒါတော့ နင်မငြင်းနဲ့
me: ငါပြန်ဘတ်မယ်
နောက်ပိုင်းလို့ ငါပြောပါတယ်
BS: အေး ပြန်ဖတ်
4:32 PM အဲဒါတော့ ငါလက်ခံတယ်
နောက်ပိုင်းဟာတွေက ဗမာလိုရေးပြီးမှ ပြန်ထားတာတွေ
me: အဲ့တာဆိုးတာပဲ
BS: A Visit က အီးလို တွေးပြီး အီးလိုရေးတာ
me: ရေးရင်လဲ မြန်မာလို မတွေးနဲ့လေ
နင် အီးစာအုပ်တွေဒီလောက်ဘတ်နေတာ
4:33 PM BS: အင်း
အဲဒီ နောက်ပိုင်းအီးတွေကို ဖြုတ်ချ ပစ်လိုက်ရမလားသယ်ရင်း
နော်
4:35 PM me: အေး
ကော်ပီတော့ထားပေါ့
ကဗျာကေိုပျက်စေတယ်ဟ
4:37 PM BS: အေးပါ
| | 6 minutes |
4:43 PM me: rr
မမ ပို့လိုက်ပြီနော်
4:44 PM မရရင် ပြန်ပြော
သေးသွားပေါက်ပြန်ပြီလား
4:46 PM BS: ဟေ့
ကို သွားရှာတာ
4:49 PM me: ရောက်လား
BS: အေးရောက်ပြီးသယ်ရင်း
ဒေါင်းလိုက်ဦးမယ်
4:52 PM me: kk
ကျေးဇူးနော်
BS: ဟီးဟီးဟီး
4:53 PM ငါ့မှာ နင့်လို ထိန်းထိန်းသိမ်းသိမ်း စုစုဆောင်းဆောင်းရှိတဲ့ သူငယ်ချင်းမျိုးရှိလို့တော်သေးတယ်
ဟေ့ စကားမစပ်
4:54 PM နင်အခုနကပို့လိုက်တဲ့ PSN ရဲ့ နှစ်နှစ်စီမံကိန်းမှာပါတဲ့ Workshop တွေက ဘယ်မှာလုပ်မှာလဲ ... ငါ့ကောင်တွေကို ပြန်ရှင်းပြပေးမလို့
ငါဖတ်တာ သိပ်မရှင်းဘူး
4:55 PM me: သူက နှစ်နှစ် ပရိုဂရမ်
အရွေးခံရရင် သင်တန်းတွေတက်ရမယ်
သင်တန်းတွေက မတူတဲ့နိုင်ငံတွေမြှ လုပ်မှာ
ငါ့ပရောဂျက်ကလဲခေါ်ဖို့ရှိတယ် ပေါ့စတစ်ကြီးပဲ
အျ့လို
သေချာဘတ်လေဟာ
4:56 PM BS: သင်တန်းတွေလုပ်မှာတွေ့တယ်လေဟာ .. ဘယ်မှာလုပ်မလဲ မရေးထားလို့
အိုကေ
ငါတို့ဆီကကောင်တွေ လျှောက်ကြမယ်
| | 7 minutes |
5:03 PM me: ဖဘ မှာ ငါ့ပုံတွေတွေ့လား
5:04 PM BS: ဖင်တုံးလုံးပုံတွေလား
ဟဲ့
နင် တက်တူး ထိုးထားတာလား
5:06 PM me: this is one secret i never tell
u know u love me
XOXO
gossip girl
LOL
BS: ဟားဟား
မိုက်တယ်
တက်တူးက
5:09 PM me: နှစ်ခုနော်
ဟဲ့ ငါပို့တာ နင့်ကဗျာတွေ ဒေါင်းလို့ရလား
BS: အေး 30% ရောက်နေပြီ
| | 5 minutes |
5:14 PM me:ါသသိုကခု တငအ့ အ့အေ
ဥြွ
5:15 PM BS: ဟေ
| | 9 minutes |
5:24 PM BS: အားပါးပါး
သိုင်းကျူးသယ်ရင်း
ဟေ့
me: အားပါးပါး ဘာပါး
BS: ငါတော်တော်ရေးခဲ့တာပဲနော်
me: ငါ့လောက်တော့မရှိသေးပါဘူးအေ
5:25 PM BS: ငါရေးတာတွေအဲလောက်များနေမယ် မထင်ခဲ့ဘူး
နင်က လှတာကိုး
ခိခိ
အကြောင်းအရာပေါတာပေါ့
ငါက ကုန်ကြမ်းရှားတယ်
me: အေး
နင်က စကားလုံးပဲ ပေါတာ
BS: စိတ်ကူးလည်း ပေါပါ့