Monday, June 28, 2010

ကြွ...ကြွာ...ကြွား...

ကဲကဲကဲ လာပြီ လာပြီ ဒေါ်သက်ရီနော်
ခေါင်းစဉ်ကိုအရင်ကြည့်ပါ ကျေနပ်မှ ဆက်ဖတ်ပါ ဒါပဲ.............................

ဒီနေ့ အိပ်ရာထနောက်ကျပါတယ် မနေ့က စောစောအိပ်ရဲ့သားနဲ့တောင် ၁၂ ခွဲလောက်မှ နိုးပါတယ် ဘာ့ကြောင့်လဲ လို့ ဇမ်နူးလိုအော်ရမလိုပါပဲ စနေ တနင်္ဂနွေ လုပ်မယ် ကြံထားတဲ့ အလုပ်တွေ တခုမှ မပြီးပါဘူး
ခုတော့ ညလုံးပေါက် လုပ်ရတော့မယ်ပုံပါ မနက်ဖြန်မပြီးလို့ မရပါဘူး မျဉ်းက သောကြာကတည်းက သေနေတာပါ (dead line=line was dead on friday) အဲ့တော့ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း ညလုံးပေါက်အပြီး လုပ်ရပါတော့မယ် အဲ့တာတောင် ခု ၁ နာရီခွဲ ကို အလုပ်မစနိုင်သေးဘဲ လျှာရှည်ပြီး ကြွားချင်နေပါသေးတယ် မကြွားလို့လဲ မဖြစ်ဘူးလေ
ဒီနေ့ အပြစ်တခု ကျူးလွန်ခဲ့တယ် ရာဇဝတ်မှုပဲဆိုပါတော့
ဘာလဲ သိချင်နေကြပြီမှလား .................ဟိဟိ

ဒီနေ့ အိပ်ရာနိုးတော့ သား (မွေးစားသား literally) နဲ့ ကွန်ပျူတာ စီးတီး လို့ခေါ်တဲ့ ပန်တစ်ပ် သွားကြမယ် လို့ ချိန်းဖြစ်ပါတယ် ကွန်ပျူတာ သိပ်မကောင်းတာလဲ ပြတင်းပေါက် ချချင်လို့ပါ အဲ့တာနဲ့ ရောက်သွားကြပါတယ် အစကတော့ ဟိုဟိုဒီဒီပါပဲ လျောက်ကြည့် မျက်စိမှောက်ကြည့်တာပေါ့
အဲ့မှာ မနေနိုင်မထိုင်နိုင် နဲ့ ကွန်ပျူတာ ထည့်တဲ့ အိပ်တလုံးဝယ်ပါတယ် belkin ပါ ခုတလော အဲ့တံဆိပ် ကို သိပ်သိပ် အာရုံကျနေပါတယ် တလောကပဲ အိုင်ပေါ့ အတွက် အိတ်ကလေး ကိုအဲ့တံဆိပ်ဝယ်သေးတယ် အဲ့ကတည်းက................
“xxxxxxxxxxxxxxxxx.............သူ့ကိုမှ ချစ်မိနေပါတယ်.....xxxxxxxxx......တွေ့နေမြင်နေရတော့.....xxxxxxxxxxxx ဝယ်မိပြန်သေးတယ် မျက်စိထဲတဝဲလည်လည်..xxxxxxxxxxxxxxx..”အဲ့လို ဖြစ်နေတာပါ အောက်မှာ ကြည့်ပါ လှပါတယ် သိပ်သိပ် သဘောကျပါတယ် ဝယ်မိတာ ကိုနောင်တမရပါဘူး..............
ဇာတ်လမ်းက အဲ့မှာ မရပ်ဘူးလေ ရာဇဝတ်မှု လို့ပြောထားပါတယ် ဒါလေးဝယ်တာကတော့ ဘယ်လိုပြောမလဲ လိမ်လည်မှုလောက်ပဲပေါ့ အောက်ကဟာကမှ တကယ့် အမှုကြီးပါ...................
ကြည့်လိုက်တော့ ...................ကြည့်လိုက်ကြတော့.................SHARP AQUOS No 1 TV in Japan တဲ့ အဲ့လိုရေးထားပါတယ် ကြည့်မိတယ် ဟယ် လှလိုက်တာ ပေါ့ မီးပွင့်သွားပါတယ် သူက ကိုယ့်ကို ကြည်ကြည်နူးနူး စိုက်ကြည့်တယ်လေ အကြည့်ချင်းဆုံ ရင်တွေ ခုန်ကြပြီပေါ့ သူက ပြောတယ် အိမ်ခေါ်သွားပါလားတဲ့ ကိုယ်ကလဲ သိပ်သိပ်ခေါ်ချင်ပါတယ် မြင်မြင်ချင်း ချစ်မိပြီကိုးနော်.............အိမ်မှာ မနှစ်က ဝယ်ထားတဲ့ ၂၂ လက်မ အယ်လ်ဂျီ ရှိပါတယ် အသစ်အတိုင်းပါပဲ ဒါပေမယ့် ခုတလောမှ ဖြစ်နေတဲ့ စိတ်စေတသိတ်တခုရှိပါတယ် အဲ့တာက တီဗီ ကြီးကြီး ကြည့်ချင်တဲ့ရောဂါပါ ဘယ်လိုက နေ ဘယ်လိုဝင်လာလဲတော့မသိပါဘူး တလောက ဆိုနီ အိမ်သီရေတာ ဝယ်လိုက်ကတည်းက လက်ရှိ ရှိနေတဲ့ တီဗီ ကို သိပ်သေးတာပဲ လို့ အထင်အမြင်သေးမိပါတယ်
မချစ်ချင်တော့တဲ့ အခါ အပြစ်မြင်လာပြီလေ ဝိုင်းစုခိုင်သိန်း သီချင်းလဲ ဒီအချိန်မှာ နားမဝင်တော့ဘူး အဲ့တော့ ဖြတ်မယ်လို့ အကြောင်းရှာပါတယ် တွေ့ပြီ သူသိပ်သေးတယ် ၂၂လက်မ ဆိုတော့ ဘာရှိလို့လဲ ကြည့်ရတာတောင် ကြည်ကြည်လင်လင်မရှိဘူး...........ဘာမှန်းကိုမသိဘူး ကြည့်လို့ကိုမရဘူး ဘာညာ ဘာညာ ပေါ့ ဆူညံ ပူညံ လုပ်လိုက်ပါတယ် ကိုယ် သူ့ကို ပစ်တော့မယ်လေ..........အမေ့ဆီ ပစ်ရမလား မောင့် ဆီ ပစ်ရမလား (ပစ်စေချင်တဲ့နေရာ လာမန့်လို့ ရပါတယ်.............)
အဲ့တာနဲ့ ခုနက ပြောတဲ့ ကွန်ပျူတာ စီးတီးမှာ ကြည့်တယ် ကြည့်တော့ တွေ့တာပေါ့နော် သူကလဲကိုယ့်ကို ကြည့်ကြည့်နေတယ်လေ ဘာလို့ကြည့်လဲမေးကြည့်တော့ အိမ်ခေါ်သွားပါလားဟင်တဲ့ ...........
ကိုယ်က စဉ်းစားပါရစေအုံးဆိုတော့ နှစ်လုံးပဲ ကျန်တော့တာတဲ့ ခေါ်ရင် မြန်မြန်တဲ့ ပြီးတော့ သူ့ကိုခေါ်ရင် သူက လက်ဆွဲအိတ်နဲ့ပါ လိုက်မှာတဲ့ (ဘေးက ပုံက လက်ဆွဲအိတ်က အပိုပေးတာပါ တီဗီဝယ်လို့) အဲ့တာနဲ့ ဈေးမေးကြည့်တော့ ၁၂၉၀၀ ဘတ်တဲ့ ဘုရားပေါ့ ပြီးတော့ မှ သူတို့ က ၁၀၀၀ လျော့ပါမယ်တဲ့ တွက်ကြည့်လိုက်တယ် မဆိုးဘူးပေါ့..........ဘေးက အိတ်ကိုလဲ အရမ်းကိုလိုချင်နေပြီ တီဗီ ကတော်တော် အိတ်က ကဲကဲ ဖြစ်နေတယ် အဲ့လိုပဲ ကိုယ်က အပိုပေးတာ တွေကို ပိုစိတ်ဝင်စားတယ် ကိုယ့်လိုလူတွေ ရှိနေလို့လဲ ဒီလို ပရိုမိုရှင်းတွေ အလုပ်ဖြစ်နေတာ အော် သူလဲရောင်းချင်ရှာမှာပေါ့လို့ ဖြေတွေးပေးလိုက်ပါတယ် သူတို့ရောင်းတာလေး တခုလောက်ဝယ်လိုက်ရင် ဒီလို ပစ္စည်းတွေ ထုတ်တဲ့ နေရာ ဥပမာ တရုတ်ပေါ့ အဲ့က လူတွေ အလုပ်ရမယ် သူတို့တွေ အလုပ်ရ ရင် သူတို့ မိသားစုတွေ စားဝတ်နေရေး အဆင်ပြေမယ် အဲ့လိုတွေးပြီးတော့ ကဲကဲ ငါ ကူလိုက်ပါမယ်လေ လို့ ဆိုပြီး “.................xxxxxxxxxxxxxxxx..............မျက်စိကို အနားပေးxxxxxxxxxx......လက်မှတ်ထိုးကာ ကိုယ်ဝယ် ...................xxxxxxxxxxxxxxx............စာရွက်ပေါ် ချိန်ရွယ် ရေးချလိုက်တယ်...........အစိမ်းတွေရယ် ထွက်ပြန်ပကွယ်................xxxxxxxxxxxxxxx...........စုဘူးလေးထဲမှာ ပြည့်ရန်တယ်မမြင်တယ် ..............ဒီိလိုနဲ့ ပဲ အကြွေးထဲမှာ တို့က တဝဲလည်လည်............xxxxxxxxxxxxxxxx”............

(မှတ်ချက် အကြွေးတော့ မတင်သေးပါ ခုက ရသမျှ လစာ ကို တလ တလ ကုန်အောင်သုံးတဲ့ အဆင့်ပဲ ရှိပါသေးတယ် လစာက များသော်လည်း ဘဏ်လက်ကျန်ငွေ အမြဲ ဘဲဥ ဘဲလန့်စ် ဖြစ်တဲ့အတွက် ဘဏ် က ခရက်စ်ဒစ် ကဒ် လျောက်တာ ပယ်ပယ်ချပါတယ် နှစ်ခါရှိ နှစ်ခိရှာပြီ...............အဲ့တာပဲ ခပ်ကောင်းကောင်းလို့ ကိုယ့်စိတ်ကိုယ်ပြန်ဖြေရပါတယ် မဟုတ်ရင် ကိုယ့်လက်ဖွာပုံနဲ့တော့ အကြွေးတွေ လည်စိနစ်နေမှာ မြင်ယောင်ပါသေးတယ်)

“.............xxxxxxxxxxxxxxx...........ဒီလိုနဲ့ ပဲ...............xxxxxxxxxx.......... ထောင်တန်လေးတွေ တဖြုတ်ဖြုတ်ကြွေ...........xxxxxxxxxxxxxx......... မိုးဆောင်းနွေ ပြက္ခဒိန်တွေ တမျိုးပြောင်းနေ”





ကြည့်လိုက်ပါ မိုက်ပါတယ်............ဝယ်ပြီးတော့လဲ တကယ် စိတ်ချမ်းသာရပါတယ် ကိုယ်က အခွေလဲ အသေကြည့်တာကိုးနော် အဲ့တော့ တီဗီကတော့ ကိုယ့်အတွက် အဆန်ရှယ်ပါပဲလေ ဆိုပြီးတွေးတွေးကြည်နူးကျေနပ်နေရပါတယ် (ဝယ်ပြီးပြီကိုးနော်)





သေချာထပ်မံ ရှူပါ..........အပ်ချလောင်း.......................





ဘေးမှာတွေ့လား စာအုပ်တွေ အခွေတွေ က တောင်ပုံရာပုံပါပဲ ကိုယ်က အစားရယ် စာအုပ်ရယ် အခွေ ရယ် ဆိုတာ တွေ ကိုဝယ်ဖို့ဆိုရင် ဘယ်တော့မှ လက်မနှေးပါဘူး အကြောင်းကလဲရှိပါတယ် အစားက လူနဲ့တည့်တယ် ဆိုတယ်မှလား ပြီးတော့ ရှိသေးတယ် စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ဟော ဂီတသံစဉ်ဆိုတာကကော လူ့လောက ကိုလှဆင်နေတဲ့ နဝင်ပီယံ လေးတွေ သုတအရသာလေးတွေပဲ မဟုတ်ပါလား အဲ့တော့ တီက အဲ့ဒီအကြောင်းတွေကြောင့်လက်မနှေးဘဲဝယ်ပါတယ် ဝယ်ပြီးတော့ ဖတ်လားဆိုတော့ မဖတ်ရသေးတာတွေအများကြီးပါ အခွေတွေလဲ ထိုနည်းလည်းကောင်းပါပဲ အစားတွေကတော့ ကုန်ပါတယ် ဒါတောင် တခါတခါ ခရီးထွက်တော့မယ်ဆိုရင် လောဘကြီးပြီး အရမ်းကာရောတွေ စွတ်ဝယ်ထားတဲ့ ရေခဲသေတ္တာထဲက ဟာတွေ ကိုမနှေးအမြန်ရှင်းရတာ တလုပ်ပါ....ထားတော့ ပြချင်တာက တီဗီ အသစ် အော် မကျန်အောင်ကြွားရမယ် ဆိုရင်တော့ တလောက ဝယ်ထားတဲ့ ဆိုနီ အိမ်သီရေတာ စနစ်နဲ့တော့ သိပ်သိပ် ကိုပလဲနံပ ဖြစ်နေတာပေါ့လေ ငှဲငှဲငှဲ ဘေးမှာရောတွေ့လား ဂျူလီယာရောဘတ်နဲ့ ရှုဂျက်မင်.....ခိခိခိ တီ့အချစ်ဆုံးတွေများစွာထဲကပေါ့လေ

ကဲကဲ ကြွားတာတွေ ပြီးတော့ စားတာတွေ လာပါမယ် ညဘက်ကျတော့ တီဗီအသစ်ဝယ်တဲ့ အထိန်းအမှတ်နဲ့ သားနဲ့ သမီး နဲ့ အတူ အမ်ပိုရီယမ်မှာ မက္ကဆီကန် အစားအစာ သွားစားကြပါတယ် တနှစ်တုံးက မက္ကဆီကိုရောက်တုံးက အချိန်တွေကို တောင်သတိရမိသေး တီသတိအရဆုံးက မာချာလာဒါ လို့ခေါ်တဲ့ ဘီယာ အမဲ ကို သံပရာသီး ဆားတွေနဲ့ သောက်တာပါ ခုဒီက အမ်ပိုရီယမ် မှာ အဲ့တာမရဘူးတဲ့ ရိုးရိုးအိတ်စ်ပို့ ဘီယာ တွေပဲရတယ်တဲ့ ညံ့ပါ့နော်...........ထားတော့ ................သွားတာက သုံးယောက် မှာတာက ခြောက်ယောက်လောက်စားမှ ကုန်မယ့်ဟာတွေ....မှာတာကတော့ တယောက်တပွဲပါပဲ ပိုးရှင်းတွေက ကြီးလို့လေ ကြည့်ကြရအောင် စားလို့တော့တကယ်ကောင်းတယ် အဲ့တာကြောင့်လဲ မက္ကဆီကန်တွေက အဲ့လိုကောင်းတာတွေ အီတာတွေစားပြီး လုံးနေကြတာလို့တွေးမိတယ် ကျန်းမာရေးနဲ့တော့ သိပ်မညီညွတ်ဘူးထင်တယ် (စားပြီးမှ စားပြီးမှ..ခိခိ)





ပထမဆုံးပုံက grande supreme nachos လို့ခေါ်ပါတယ် နာချိုပါပဲ တီစားဖူးတဲ့ နာချိုနဲ့တော့ သိပ်မတူပါ တီစားဖူးတဲ့ နာချိုကပဲ နာချိုမစစ်လို့လားတော့မသိဘူး မုန့်ကြွပ်ပေါ်မှာ ကြက်သားကင်ရယ် ခရမ်းချဉ်သီးရယ် ငရုတ်သီးတမျိုးရယ် အာလူးရယ် ချိစ်ရယ် နောက် ခရမ်ရယ်နဲ့ ကော်ကော်စားရတာပါ ငရုတ်သီး အထူးကောင်းပါတယ် မွှန်ပြီးစပ်တာ သင်းသင်းလေး

ဒုတိယပုံက chicken quesadillas ပါပြောမယ်ဆိုရင်တော့ မက္ကဆီကန် ပီဇာပေါ့ အပြင်အသားကတော့ ဘာနဲ့တူသလဲဆိုရင် ချာပါတီ နဲ့တူပါတယ် အထဲမှာ က ကြက်သားကင်ရယ် မဆလာတွေဘာတွေရယ် ချိစ် အများကြီးရယ် ဘေးက ဆော့်ထ်နဲ့ခရမ် တီမစားနိုင်ပါဘူး ဒီဟာကို သိပ်မကြိုက်ဘူး

နောက်တတိယပုံကတော့ တီမှာတဲ့ အမဲသားပါ beef stake fajitas လို့ခေါ်ပါတယ် စားကောင်းပါတယ် တီက အမဲသားကြိုက်တာကိုး မက္ကဆီ ကိုမှာတုံးကလဲ နေ့တိုင်းလိုလို တခါတော့ စားဖြစ်အောင်စားပါတယ် အမဲသား ကို သံပူပြားပေါ်မှာပဲ ခရမ်းချဉ်သီး ဂရင်းပက်ပါ (ငရုတ်သီးပွ အစိမ်းရောင်) နဲ့ မကျက်တကျက်လေးကြော်တာ သိပ်ကောင်းတယ် ခုန ပြောတဲ့ မာချာလာဒါဘီယာအမဲနဲ့ လိုက်မှလိုက် အမဲသားက ချာပါတီ လိုအဖတ်နဲ့လာပါတယ် ပြီးတော့ ပဲနီလုံးကြီးတွေနဲ့ ထမင်းတူးတူးလေး တပွဲကိုလဲပေးပါတယ် ပုံမှာကြည့်ပါ နောက် ငရုတ်သီးဆော့်ထ်ရယ် ခရမ်ရယ် နောက် ခုနက ကြက်သားပီဇာ လိုဟာနဲ့စားတဲ့ ဆော့်ထ်လိုမျိုး (ခရမ်းသီးထင်တယ်) တမျိုးထပ်ပေးပါတယ် စားပုံကတော့ ချာပါတီ အရွက်ပေါ်ကို အမဲသား ခရမ်းချဉ်သီး ငရုတ်သီး စတာတွေတင် ပြီးတော့ ဆော့်ထ်တွေဆမ်း ပြီးရင် လိတ်ပြီးတော့ ပါးစပ်ထဲထည့် ဝါး ကောင်းမှကောင်း...

အဲ့တာတွေအကုန်စားလိုက်တာ စုစုပေါင်း ၁၀၂၀ ဘတ်....၉၉၆ဘတ်ပါ အပိုဆုကျေးက ၂၀ ဘတ် မွေးစားသားကပြောပါတယ် ဆားဗစ်ချာဂ်ျ ယူပြီးသားတဲ့ ပေးစရာမလိုဘူးတဲ့ နောက်ပြီး အခွန်ကလဲ ၇ % ယူထားသေးတယ်တဲ့ ပြန်ပြောလိုက်တယ်တခွန်းပဲ

coz it is a nice thing to do, and that is what princesses do
we help people လို့ ဟိဟိဟိ ပြောရတာ အရသာ အရသာ...




အောက်ဆုံးက ပုံက တီနဲ့ မွေးစားသမီးပါ (လှတယ်နော်) မွေးစားသားပုံကိုတော့ နောက်မှတင်ပေးမယ် အစက ရိုက်ထားတာတွေ အက်စီတန့်တယ်လီး ဒလိဒ် လိုက်မိလို့ မကျန်တော့ဘူး ပြီးတော့ သူက ရှက်တတ်တယ် နောက်တော့ တင်ပေးမယ်......




Bonus

မနက် ၂ နာရီခွဲမှာ စားနေတဲ့ ဆပ်ပါပါ စာရေးနေရင်းနဲ့ ဆာလာတာနဲ့ ထမင်းထတည်ပါတယ် ဘေးစွန်ကပထမပုံက အမဲသားကြက်သွန်ဖြူနီနဲ့ အစပ်ကြော်တာပါ တီ့ကိုကြီးတယောက်ဖြစ်တဲ့ ဝက်ဝံရဲ့ ချစ်ချစ် ကြော်ပေးတာပါ ဘေးကတော့ စားချင်နေတဲ့ ကြက်ဥ ဘာဖြစ်လို့မသိ ခုနက ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြက်ဥ မကျက်တကျက်ကို အရမ်းစားချင်လာတာနဲ့ ကြော်စားလိုက်တယ် နှစ်လုံးပါ တလုံးဆိုမဝပါဘူး
စားနေတဲ့ပုံကို ဘေးမှာတော့ ကြည့်လိုက်တော့ ဒီလို အချိန်မှာ ဒီလိုစားနေတာ ဘယ်လိုပိန်မလဲနော်..............ဟူး.............................
ပိုစ့်ကိုတင်ပြီးမှာ ထကြော် ပုံရိုက်ပြီး ပြန်လာတင်တာပါ ခိခိခိ ..................မနိုင်ဘူးနော်





A Chen
2:20 am
28th June 2010
Home
Bangkok

Saturday, June 26, 2010

ရန်ကုန်-၂- (၁၂ ရက် ဇွန် ၂၀၁၀ ခုနှစ် စနေ) ဝက်နံရိုးကြော်

မြန်မာပြည်ကိုခြေချတဲ့ ဒုတိယ မနက်ခင်းလေးပါ အိမ်နားက လက်ဖက်ရည်ဆိုင်မှာပဲ မနက်စာ ကို သွားစားပါတယ် အိမ်အောက်မှာ ဈေးရှိတယ်လေ ဘလယ်ဇုန် ရှေ့မျက်စောင်းထိုးလမ်း (ရွှေလီ လမ်းရှေ့တည့်တည့်ကလမ်း) မြေနီကုန်းဈေးလမ်း ကိုဝင်ရင် တီတို့အိမ်ကိုရောက်ပါတယ် အိမ်နားကနေ ရှေ့နည်းနည်းဆက်သွားရင် မနက်ဈေးကလေးရှိပါတယ် သေးသေးလေးပေမယ့် သူ့ဟာနဲ့သူတော့ အတော်စည်ပါတယ် အဲ့ဈေးနားမှာ စားစရာကောင်းတာ ၃ မျိုးရှိပါတယ်
၁ ) က အိမ်နား ဗိုလ်မိုးလမ်း ထိပ် က အထမ်းနဲ့ လာလာရောင်းတဲ့ တိုးဟူးသုပ် ကြာဇံသုပ် အသုပ်စုံပါ (ဒီတခေါက် လစ်ထဲမှာ ရှိရဲ့သားနဲ့ မစားခဲ့ရဘူး ကတောက်)

၂ ) က ခုပြောတဲ့ ခေါက်ဆွဲသုပ်ရှိတဲ့ လက်ဖက်ရည်ဆိုင် ဓမ္မာရုံလမ်း ထိပ်က ဆိုင်က ခေါက်ဆွဲသုပ်ပါ တီက အမှန် ကြာဇံသုပ် တို့ မုန့်တီ သုပ်တို့ ကိုသာ ပိုကြိုက်တာပါ ဒါပေမယ့် သူ့ဆိုင်က ခေါက်ဆွဲသုပ်ကတော့ ချွင်းချက်အဖြစ်ထားလောက်ရအောင် ကောင်းပါတယ်

၃)ကတော့ အဲ့လက်ဖက်ရည်ဆိုင်ဘေးက မုန့်ပစ်စလက် ပါ အဲ့နေ့ကတော့ အိပ်ရာထ တာ နောက်ကျလို့ မရှိတော့ပါဘူး

(အော် ပြောရအုံးမယ် အဲ့ဈေးထဲမှာ တီအမြဲ တနှစ် နှစ်ခါ ရန်ဖြစ်တဲ့ သရက်သီး သည်တွေလဲရှိတယ် အဟေးဟေး သရက်သီး ကိုရွှေရောင်းသလိုပဲ ဈေးတွေ အော်ကြလို့ တီကလဲ အဲ့လို ပေါ်ခါစ ဆိုမစားဘဲလဲနဲ့ ကိုယ်က မနေနိုင်တော့ သွားသွားဝယ် သွားဝယ်တော့ ရန်ဖြစ် နောက်ဆုံးတော့လဲ မနေနိုင်တော့ ဝယ်စား အဲ့တာလဲ သံသရာပဲ ဂမုန်းပွင့်ရှေ့က အသည်နဲ့လဲ ခဏခဏ ရန်ဖြစ်တယ် စမ်းချောင်းဈေးထဲမှာလဲ ဖြစ်တယ် ဟိဟိ နောက်တခါ ရန်ဖြစ်ဖို့တော့ ဒေါ်ရီတာ ကိုခေါ်မယ် ခိခိ)





ကဲပိုစ့်ကို ပြန်ဆက်မယ် အဲ့နေ့မနက်က ခေါက်ဆွဲသုပ်စားပါတယ်... ဘေးက မုန့်ဟင်းခါး ဟင်းရည်ပါ ဒီလိုကျဲနေတာနော် ရန်ကုန် မုန့်ဟင်းခါးတွေကလဲ ပျက်နေပါပြီ အရသာတော့ မဆိုးပါ အချိုမှုန့်ထည့်တာကိုးနော်
ဘေးက လက်ဖက်ရည် ပါ တိုင်ကီ အမြဲ သောက်ပါတယ် ရိုးရိုးခွက်ဆိုရင်တော့ နှစ်ခွက်ပေါ့ ကိုယ်တို့ ကျိုင်းတုံမြို့ကို လွမ်းပါတယ် လက်ဖက်ရည် ကို အဲ့လို တိုင်ကီ ဆိုရင် တကယ့် တိုင်ကီ နဲ့ပါ အရင်ဘီယာတွေ သောက်ကြတဲ့ ငါးကြင်းခွက်ကြီးတွေ သိတယ်မှလား အဲ့တာနဲ့ သောက်ကြရတာ သိပ်သိပ်မိုက်တယ် ခုတောင် အဲ့လိုခွက်နဲ့ မြို့တော်ခန်းမ နားက လက်ရွေးစင်က ကော်ဖီအေးရောင်းသေးတယ် ထင်တယ် အဲ့လိုခွက်တောင် သိပ်မတွေ့တော့ဘူး ထားပါတော့ လက်ဖက်ရည်ခွက်ကိုတော့ သေချာကြည့်လိုက် မြင်ရအောင် အနီးကပ်ပုံ ရိုက်ပေးထားတယ် ချိုးတွေ ကပ်နေတာ တွေ့လား ရှိသမျှလူက ဒီနေရာကနေ သောက်တာကိုးနော် ပါးစပ်ကြီးတွေနဲ့လေ သေသေချာချာတွေးကြည့်ရင်တော့ ရွံစရာကြီး ဒါပေမယ့် ကိုယ်သည်လဲ ရွှေပေမို့...





ဒါကတော့ မောင်စားတာတွေပါ ကြာဇံသုပ်နဲ့ ပဲပင်ပေါက် မြင်းခွာရွက် ဟင်းခါး သူ့ဆိုင်က ကြာဇံ သုပ်က မကောင်းလို့ တီကတော့ မစားဘူး ပြီးတော့ မောင်က နက်စ် ပလိမ်းသောက်တယ် ရေနည်းနည်းနဲ့

ပြီးတော့ ဆံပင်ညှပ်ဖို့ ဘွခ်ကင် ယူထားတာရှိလို့ သွားညှပ်ပါတယ် ခုတော့ ကေတိုနဲ့ဖြစ်သွားပြီ ရောက်ရောက်ချင်းနေ့ က ဆံပင်က တော်တော်ရှည်နေတာ ရန်ကုန်-၁- ပုံမှာကြည့် အလံတွေနဲ့ပုံလေ
မညှပ်ရတာ ၆ လရှိပြီလေ တီက အစွဲရှိတယ် ညှပ်နေကြပဲ အဆင်ပြေတယ် ဘန်ကောက်မှာ မညှပ်ဖြစ်ဘူး အဲ့တာနဲ့ တော်တော်တောင် ရှည်သွားတယ် အမှန်က အရှည်ထားလဲ ကေတာပါပဲ လှတောင်လှနေပြီ ဒါပေမယ့် လကုန်ကျတော့ အာစီယံ မီတင်ရှိလို့ ပရယ်ဇင်တေးရှင်း ကိုကေရှည်နဲ့ ပေးပြီး ဆက်ရှင် ချယ် (session chair) ရမှာ မကောင်းပါဘူးဆိုပြီး ညှပ်လိုက်တာ သပ်သပ်ရပ်ရပ်ပဲ ပိုကောင်းပါတယ်ဆိုပြီး.... အဲ့တာ က ဂမုန်းပွင့်ရှေ့ က လမ်းက New Top ဆိုတဲ့ ဆိုင်မှာ ညှပ်တာ အမြဲညှပ်နေကျဆိုင် အရင်က မြရိပ်ညိုက အဖိုးကြီး အုပ်စုလေ နောက်ပိုင်း ခု စီးတီးမတ်နေရာက princess ဆိုလား ဖွင့်လိုက်သေးတယ် စကားစပ်လို့ပြောရမယ်ဆိုရင်တော့ အဲ့နေရာက တရုတ်အယူအရပြောရင် လေနဲ့ရေ (ဖုန်းရွှေ) မကောင်းဘူး အရင်က အဲ့နေရာမှာပဲ ပုဂံ မင်းသမီး ဆိုလား pagan princess ဆိုလား ရန်အောင်နဲ့ကျော်ညာတဲ့ ရက်စတော်ရင့် ဖွင့်ဘူးတယ် မပေါက်ဘူး ပိတ်သွားတယ် နောက်တော့ တခြားဆိုင် တဆိုင်နှစ်ဆိုင်လောက်ထင်တယ် ကားရေဆေးဆီထိုးလားမသိ ဖွင့်လိုက်သေးတယ် ပိတ်တာပဲ ခုတော့ စီးတီးမတ်ပေါ့ ထားပါလေ




ဆံပင်ညှပ်ဖို့စောင့်နေရင်းနဲ့ ရှေ့နားက “ရွှေရည်” လက်ဖက်ရည်ဆိုင် (မြန်မာမုန့်အတော်များများရသော အင်း လစ်ထဲက ပြည်ပလာတာ သုပ်လဲမစားခဲ့ရပြန်ဘူး ကတောက်-၂)မှာ ခဏ ထိုင်တော့ လက်ဖက်ရည်တခွက်နဲ့ မုန့်ဦးနှောက်ပါ ကုန်မှ ရိုက်ဖို့သတိရတယ် အမှန်က ကင်မရာပါမလာလို့ မောင်က အိမ်ပြန်ယူပေးရတာ မောင်တောင် မိုးမိသွားသေးတယ် .....း=(




ဆံပင်ညှပ်ပြီးတော့ အာလီးယောင့်စ်ဖောင်းဆဲ (ဟိဟိ လျှာယားတာ) မှာ ကျောင်းတက်နေတဲ့ အမက မုန့်ကျွေးမယ် ဆိုတော့ လိုက်အုပ်ပြန်ပါတယ် အင်းယားလမ်းက ခေမရဌ် နားက ကွန်ပျူတာရောင်းတဲ့ တက်ကနိုလန်း မှာ ဖွင့်ထားတဲ့ ပသျှူးခေါက်ဆွဲပါတဲ့ အမှန်တော့ ကော်ရည်ခေါက်ဆွဲပါပဲ စားလို့ ကောင်းပါတယ် မဝလို့ နှစ်ပွဲစားရတယ် တပွဲ ၁၅၀၀ ကျပ် ငပိထောင်းကြက်သွန်ချဉ်လေးကလဲ ကောင်းမှကောင်း အင်းယားလမ်းဆိုလို့ လစ်ထဲက မစားခဲ့ရတာ နောက်တခုက ဟက်ပီးက မျှစ်ချဉ်ခေါက်ဆွဲ (ကတောက်-၃) ဒေါ်ရီတာ သွားစားတဲ့ဆိုင် တီက အမြဲ သွားသွားစားတယ် အဲ့ဆိုင်က ငှက်ပျောသီး ပျားရည်လဲ သိပ်ကြိုက်တယ် မိုဟီတို လဲကောင်းတယ် ဒီတခါ မစားခဲ့ရတာတွေများလို့ ကိုယ့်ကို ကိုယ် ငါတော်တော် တိုင်း မန်နေ့ဂ်ျမန့် ညံ့နေတယ်လို့ တွေးမိတယ် အချိန်ကိုလေ ...............ဟွန်းနောက်တခါတော့ သေသေချာချာ ပြင်ဆင်မှဖြစ်မယ် လစ်ကိုကြိုလုပ်ထားတာတောင် အချိန်မရလို့ မစားခဲ့ရတာ တွေအများကြီး မြေနီကုန်းပန်းခြံနားက ဝက်ခေါင်းသုပ်နဲ့ ထမင်းပေါင်း (ကတောက်-၄) သမိုင်းလမ်းစုံက စွဲလမ်း ကြေးအိုး (ကတောက်-၅) တီက ကြေးအိုးဆိုရင် အဲ့က ဟာကိုပဲ ပိုကြိုက်ပါတယ်...ထားလိုက်ပါတော့လေ မစားရတာတွေ ပြန်ပြောပြရတာ တကယ်အကုသိုလ် သိပ်များတာပဲ ......

တက်ကနိလမ်းမှာ ပသျှူးခေါက်နှစ်ပွဲ ဆွဲစားပြီးတော့ တီတို့ ထောင်ထားတဲ့ ဂေးဝက်ဆိုက် တနှစ်ပြည့်မွေးနေ့ ကို စိမ်းလန်းစိုပြေမှာ လုပ်လို့ ကလေးတွေကို လူကြီးတယောက်အနေနဲ့ မုန့်ကျွေးတာသွားပါတယ် တချို့ကလေးတွေက စန်းစန်းတင့်ဖြစ်လို့ ဓါတ်ပုံတော့ မတင်တော့ပါဘူး




အဲ့မှာ ခဏနေပေးပြီးတော့ သူငယ်ချင်းတယောက်နဲ့ စမ်းချောင်းက သုံးနေကြ ကွန်ပျူဆိုင် ကို သွားပါတယ် သူငယ်ချင်း (အရမ်းခင်တယ် အရမ်းလဲ -ျစ်တယ် ခိခိခိ) ရဲ့ဆိုင်ပါ သူက ကွန်ပျူတာနဲ့ ပတ်သက်ရင် တီ့ကို အမြဲ ကျူနေကျ အဲလေ ကူနေကြပါ တီ့ကွန်ပျူတာ ကိုသူပဲ အမြဲဖျက် (အဲလေ စကားမှားပြန်ပြီ) ပြင်ပေးနေကြပါ ပဒုံမာ ကွင်းပတ်လည်က ဆိုင်တွေနားမှာ ဖွင့်ထားတာပါ အရင်က ယွန်းဝတီ (လွင်မိုးဖွင့်တဲ့ အခွေဆိုင်-ပြုတ်) ရဲ့ဘေးနားမှာပါ သူ့ဆိုင်ခန်းက network king လို့ ခေါ်ပါတယ် (ကျော်ညာကျော်ညာ) တီ့နာမည်သာပြောလိုက် ရိုက်ထုတ်လိမ့်မယ် အဟဲ ကြုံရင်သွားအားပေးကြပါနော် သုံးရတာ သိပ်သိပ်သိပ်သိပ် အဆင်ပြေပါတယ် ကောင်လေးတွေလဲချောတယ် ခိ.....အင်း ပဒုံမာ ကွင်းပြောရင်းနဲ့ သတိရမိတာက ပဒုံမာ လမ်းထဲက ရွှေမြို့တော် ချစ်တီး လက်ဖက်ရည်ဆိုင်ပါ မသောက်ခဲ့ရဘူး နောက်ပြီးတော့ ပူတီ ပလာတာ ချစ်တီးထမင်း (ကတောက် -၆-၇-၈) နောက် စမ်းချောင်းလမ်းထဲက ဝေဝေဖြိုး ရခိုင်မုန့်တီ (ကတောက်-၉) အင်း...............အကုသိုလ်တွေ အကုသိုလ်တွေ................................အော် အစာအဟာရ

ကဲ ဆက်ပြောရရင် ခုနက သူငယ်ချင်းနဲ့ စမ်းချောင်းလမ်းထဲမှာ လက်ဖက်ရည်သွားသောက်ပါတယ် ဆိုင်နာမည်က လေးညို့ရှင်ပါ အားမပေးချင်ပါဘူး ကြံ့ဖွတ်တွေ ဖွင့်တယ်ကြားလို့ပါ ဒါပေမယ့် လက်ဖက်ရည်က ကောင်းတော့လဲ..................အင်း မလုပ်ချင်တဲ့အလုပ်တခုကို စိတ်က မပါပေမယ့် လျှာ ကိုမလွန်ဆန်နိုင်တော့ လုပ်ရပါတယ် .......ပြီးတော့ ပဲနံပြားစားတယ် သူငယ်ချင်းက နံပြားထောပတ်သုပ်စားပါတယ် အော် နောက်တခု အဲ့ဆိုင်ကို မကြိုက်တာ က child labor သုံးတာပါ ကလေးတွေက တော်တော်ငယ်နေပါသေးတယ် ၈ နှစ် ၉ နှစ် တချို့ဆို ပိုတောင်ငယ်သေးသလိုပဲ ဆက်ဆံရေးကလဲ မပြေပြစ်ပါဘူး ကောင်းတာဆိုလို့ လက်ဖက်ရည်တမျိုးပဲရှိတယ် ဆက်ပြောရရင်တော့ အဲ့ဆိုင်ရှေ့က စမူဆာကြော် (ကတောက်-၁၀) အမဲအူပြုတ် နဲ့ ဝက်သားတုတ်ထိုး (ကတောက် ၁၁-၁၂)....................အင်း အကုသိုလ်
အချိန် စီမံခန့်ခွဲမှု နဲ့ အစားတလုပ် တအားအလုပ်ရှုပ်......
အင်း ဘဝဘဝ ငါရွေးချယ်တဲ့လမ်းပါတကား...............................

ပြီးတော့ အဲ့နေ့ညကတော့ အမေ့အိမ်ပဲ ပြန်ပြီး လိမ်လိမ်မာမာ အိမ်ထမင်း စားပါတယ် အခေါက်တိုင်း ပြန်တိုင်း အိမ်မှာ အမေနဲ့ စကားပြောချိန်တောင်မရှိလောက်အောင် အပွိုင့်မန့်တွေက များပါတယ် နေ့တိုင်းနီးပါး အိအောက် eat out လုပ်ပါတယ် မကောင်းပါဘူး ကျန်းမာရေးအရကော အမေ့အပေါ်လစ်ဟင်းတဲ့အတွက်ကောပါ အမေက ကိုယ်ကြိုက်တဲ့ဟင်းတွေ ချက်ကျွေးပါတယ် ကြည့်ပါ ကိုယ်လဲချက်တတ်ပါတယ် အဲ့တော့ ချက်နည်းပါတင်ပေးလို့ရတာပေါ့နော်.....ပထမဆုံးကတော့ ရှယ်တကာ့ရှယ် ဆူပါရှယ် လျှာတောင်ချာချာလည် မူလလက်ဟောင် ဒေါ်ဒေါ်ချိုက် ဝက်နံရိုးကြော်ပါ အမေ့နာမည်က မchoice ပါ ခုတော့ ဒေါ်choice မကြာခင် ဖွား choice ပေါ့.... အဲ့နာမည်နဲ့ပဲ အပ်ချုပ်ဆိုင်ဖွင့်ပါတယ် အရင်က သရဖူမှာ ကြေငြာပါတယ် ခုတော့ လျော့လုပ်နေပြီ ဖြစ်လို့ မကြေငြာတော့ပါဘူး မလုပ်စေချင်တော့ဘူး သူကတော့ မလုပ်ရင် ဘာလုပ်ရမှန်းမသိဘူးလို့ပြောပါတယ် အိမ်လည်အတင်း တုတ် ဖဲလှည့်ရိုက်ပေါ့လို့ ပြောတော့လဲ အမေက ဖဲမရိုက်တတ်ပါဘူး ဘုရားစူး တရုတ်မပါ တီတို့ကတော့ ကလေးဘဝကတည်းက ဖဲဆို ၁၄-၅မျိုးလောက် ရိုက်တတ်တာ ခိခိ ကဲကဲ ဟင်းချက်တာ ပြန်သွားရအောင်နော်...





သံဈေးကနေ ဝယ်လာတဲ့ ရှယ်နံရိုး ကိုပထမဆုံးနယ်ပြီးနှပ်ထားရပါမယ်
ပထမပုံက ငရုတ်ကောင်းမှုန့်ထည့်ထားတာပါ ပြီးတော့ သကြားနည်းနည်းထည့်လိုက်ပါ





ပုံ ၃ က ခရုဆီထည့်ပါမယ် ပြီရင် ပုံ ၄ အတိုင်း ကော်မှုန့် ထည့်ပါ အဲ့တာက အသားပိုနူးအိစေဖို့ပါ ကုန်းဘောင်ကြော်တွေ ဘာတွေဆိုလဲ ကော်မှုန့်ထည့်ရပါတယ် အသည်းကြော်လဲထည့်ပါတယ် ပြီးရင်တော့ ပုံ ၅ အတိုင်းနယ်ပြီး နှပ်ထားပါတယ် အဲ့တာက မနက်ကတည်းက နှပ်ထားပြီးရေခဲသေတ္တာထဲထည့်ထားတာပါ ညကျမှကြော်ကျွေးတာပါ အဲ့လောက်တော့လဲ နှပ်ထားစရာမလိုပါဘူး တီတို့ အိမ်ပြန်စားမစားမသေချာလို့ အမေက အဲ့လိုလုပ်ထားတာပါ စာဘတ်သူတွေ လုပ်စားရင် အဲ့လောက်ကြာကြာမနှပ်ရပါ နာရီဝက်လောက်ဆိုရင် အိုကေပါပဲ





အိမ်က မီးဖိုချောင်ပါ သိပ်ကြိုက် သိပ်လွမ်းပါတယ် မြို့တော်ကြီးကို မကြိုက်တာ အဲ့တာပါပါတယ် အိမ်တောင် မပြောင်းဖြစ်ဘူး ကွန်ဒိုကို လောလောဆယ် အိမ်က ဈေးကြီးတော့ ဘတ်ဂျက်လျော့တဲ့အနေနဲ့ အိမ်ပြောင်းမလို့ ကွန်ဒိုတွေက ပိုပေါတယ် ရေကူးကန် ဂျင်မ် ဘာညာလဲပါတယ် ဒါပေမယ့် မီးဖိုချောင်က အီလက်ထရောနစ်စထရိုဖ်ပဲတဲ့ ဂစ်ပေးမချက်ပါတဲ့ တီက မရဘူး အီလက်ထရောနစ် ဆိုရင် ဓူဝံ လျှပ်စစ်မီးဖိုကြီးပဲ ပြေးမြင်တယ် နောက် အခုအိမ်က မိတ်ပါတယ် သောက်ရေသန့်ကို ထရေးလိုက် ကုန်ရင် လာလာလာလဲပေးတယ် တပတ် ၃ ရက် သန့်ရှင်းရေး လုပ်ပေးတယ် အင်္ကျီ အဝတ်အစားက ခြင်းပြည့်ရင် လာလာယူတယ် လျှော်ဖွတ်မီးပူတိုက်ပြီးမှ ပြန်ရောက်လာတယ် အိမ်ရှင် ကိုမကြိုက်ပေမယ့် (မီတာ ပိုယူလို့) ဒီအိမ်က မခွာနိုင်ဖြစ်နေသေးတယ်

ဒီလိုပဲ ဘဝ ဘဝ ဘဝ ကိုယ်ရွေးချယ်တဲ့လမ်း လေနော်

ထားပါ ဟင်းဆက်ချက်မယ်
ဂစ်နဲ့ချက်မှ ဘာပဲ ဖြစ်ဖြစ် ပိုစားကောင်းတာပါ တီက အီလက်ထရောနစ် စတိုဖ် ဆိုရင် သိပ်သိပ် မုန်းပါတယ် အားမရပါဘူး အရွက်ကြော်ရင်တော့ ပြီးရော ပြောတောင်မပြောချင်တော့ဘူး
“ပြောချင်ဘူး ပြောကိုမပြောချင်ဘူး” လို့ ဒေါ်မြလေးလိုပဲ ပြောလိုက်ချင်ပါတော့တယ်

ဆီအိုးကို အဲ့လို ပူအောင်တည် ပြီးရင် နံရိုးတွေထည့် ကြော်ပေး (အော် အင်ပေါ့တန့်တစ်ပ် important tip = ဘာပဲကြော်ကြော် ကြက်ဝက်သားငါးပေါ့ ကျက်ပြီဆိုရင် နောက်ဆုံး ဆီကို အသေပူနေအောင် မြင့်ထားပြီးတော့ မှ ဆီစစ်ပေါ်ကနေ ဆယ်ပါ အဲ့တာဆို အကြော် ကိုဆီသိပ်မကပ်ပါဘူး) ......




နောက် ဟင်းရံတွေကတော့ အသည်းကြော် ချက်နည်းက တခါရေးပြီးသားနော် (တီ့အသည်းစွဲ)နဲ့ ကြံမဆိုင်း ဝက်နံရိုးပါ အမေ ကိုယ်တိုင် နှပ်တဲ့ ကြံမဆိုင်ပါ အမေ က တနှစ်တခါ အရွက်ပေါ်ချိန်ဆိုရင် ကြံမဆိုင် နှပ်ပါတယ် မုန့်ညှင်းချဉ်ဖတ်လဲတည်ပါတယ် ပိုးတီတို့ ခါကြက်ဥ တို့ ဂျူးမြစ်တို့နဲ့ ပေါ့ အချို အစပ် အမျိုးမျိုးတည်ပါတယ် အဲ့တာတွေ သင်ရအုံးမယ် အမေ့ဆီက ........






ဒါကတော့ ရှယ်တကာ့ရှယ် ဆူပါရှယ် လျှာတောင် ချာချာလည် နင်ဘယ်သူလဲမေးရတယ် ဆိုတဲ့ မူလလက်ဟောင်း ဒေါ်ဒေါ်ချိုက် ဝက်နံရိုးကြော်ပါ......
ဘေးက ဘလက်လေဘယ်က သူ နဲ့ သူ့ သားအငယ်နဲ့ သောက်ကြတာ တီမသောက်ဘူး.............................

တော်သေးပြီ....

Friday, June 25, 2010

ဘန်နာရှင်အတွက် စပက်ဂတီ

ဒီရက်ပိုင်း ကိုယ်စိတ်ညစ်နေပါတယ် တင်တဲ့ပိုစ့်တွေ ဘတ်ကြည့်ရင်သိမှာပါ ကိုယ်ကပျော်ပျော်ပဲ နေတတ်တဲ့သူဆိုတော့ ကိုယ်စိတ်ညစ်ရင် သိပ်သိသာတယ် မျက်နှာကလဲ ပျက်နေတာပဲ (စကားအရပြောတာနော်) မနေ့ညကလဲ တညလုံးငိုရတယ် အိပ်မပျော်ဘူး ဒီနေ့လဲ ငိုရသေးတယ်
ဘဝက ဒီလိုပါပဲ လို့ဖြေပါတယ် ကိုယ့်ကိုယ်ကို ရင့်ကျက်လှပြီထင်နေတာ အမှန်တော့ အလကားပဲ
အချစ်နဲ့ပတ်သက်လာရင် ဘယ်သူမဆို ဘယ်အရွယ်ရောက်ရောက် မရင့်ကျက်ဘူးမှတ် (တီချမ်း ဖီလော်)
ထားပါတော့
စိတ်ညစ်ရတာ တယောက်ကြောင့် ဒါပေမယ့် အမြဲလိုလို ကံကောင်းတတ်တဲ့ကိုယ်က တခြားတယောက်ကြောင့် ပြန်ပျော်ရပြန်ပါတယ် စိတ်ထားကောင်းရင် ကံကောင်းတယ်လေ တကယ်ပါ ကိုယ်က တနင်္ဂနွေလေ တနင်္ဂနွေတွေဆိုတာတဲ့ စိတ်ကောက်ရင်ကောက် မကောက်ရင် ဆံပင်ကောက် မကောက်ရင်ဖင်ကောက်တဲ့
ကိုယ်က ၃ မျိုးလုံးကောက်တယ် ထင်ပါတယ် သို့သော် စိတ်ထားလေးကတော့ ကောင်းရှာတယ် ကိုယ့်ကိုကိုယ်မို့လို့ပြောတာ မဟုတ်ဘူး ဒီကောင်လေးမဆိုးဘူး ဆိုတဲ့ အထဲကပါ ကိုယ်ကဖြူစင်တယ် ရိုးသားတယ် ပွင့်လင်းတယ် လူတွေကို ကူနိုင်တဲ့ဘက်ကအမြဲကူတယ် တခါတခါတော့ စိတ်ကောက်တတ်တာ ဝန်ခံပါတယ် ထားပါတော့ လိုရင်းပြောရရင် အချစ်ရေးအဆင်မပြေလို့ စိတ်ညစ်ရသော်လည်း စိတ်ထားကောင်းသော ကောင်လေးဖြစ်တာမို့ နတ်ကောင်းနတ်မြတ်တွေက သိပ်သိပ်သိပ် ချစ်စရာကောင်းတဲ့ ကောင်လေးကို စာတွေနဲ့ပိပြီး မအားတဲ့ကြားက ကိုယ့်ကို ပျော်အောင်ဆိုပြီးလွှတ်ပေးကြတယ်
ကောင်လေး ကောင်းမှုကြောင့် ဒီနေ့စိတ်တော်တော်ပျော်ရပါတယ် ကျေးဇူးပါ

ညနေကျတော့ အိမ်ပြန်ရောက်တာနဲ့ ကွန်ပျူတာ ဖွင့်ဖွင့်လိုက်ချင်း ဘန်နာလှလှလေးတွေ ဂျီတော့ ကနေ တုံတုံနဲ့ တက်လာပါတယ် မြင်လိုက်တာနဲ့ ပျော်သွားစေတဲ့ဘန်နာမျိုးပါ ကိုယ်သိပ်ကြိုက်ပါတယ်
ဒီဇိုင်း ကိုလဲကြိုက်တယ် အရောင်ကိုလဲ ကြိုက်တယ် ဘန်နာရှင်ကိုလဲ သိပ်သိပ်သိပ် ကြိုက်ပါတယ် အဲလေ စကားတွေ ရောကုန်ပြီ...

ပြီးတော့ ကိုယ်လိုချင်တဲ့ အရောင်လှလှ နုနုလေးတွေ ကို သေသေချာချာ လုပ်ပေးတဲ့ စိတ်ရှည်ရှည်လေးကိုလဲ သိပ်သိပ်ကြိုက်ပါတယ် ...
အဲ့တာကြောင့် ရန်ကုန် တွေ မန္တလေးတွေ ကိုခဏ ရပ်ထားပြီး ကြားဖြတ် တင်ပေးပါတယ်
ဘန်နာရှင်အတွက် စပက်ဂတီ ပါ
သူကတော့ ယူရိုပီယမ် အစားအစာတွေ ချက်လေ့ရှိတဲ့ ရှက်ဖ် ဆိုတော့ ကိုယ်ချက်တဲ့ စပက်ဂတီ က သူ့အတွက် ရယ်စရာဖြစ်နေမှာပါ သို့ပါသော်လည်းပေါ့လေ စေတနာတော့ အများကြီး ပိုထည့်ထားပါတယ် ရှယ်ပေါ့ ဇွန်းကြီးကြီးလဲ တပ်ထားပေးတယ်





ပထမပုံကတော့ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ရယ် ဘာဘာညာညာတွေပါတဲ့ အမွှေးအကြိုင်ပါ ဘေးကတော့ စပက်ဂတီ ခေါက်ဆွဲခြောက်ပါ ဘေးပုံက သံလွင်ဆီ နဲ့ ဟင်းခတ် ကိုပဲ ပုံကြီးနဲ့ ပြန်ပြထားတာပါ တတိယ ပုံက ခရမ်းချဉ်သီးဆော့်....အဲ့တာတွေ အကုန်က ကြိုက်တဲ့ တံဆိပ် ဝယ်လို့ ရပါတယ်

အမှန်အတိုင်းပြောရရင် တီက စပက်ဂတီ ကို တခါမှ ကိုယ်တိုင်မချက်ဘူးပါဘူး အရင်တခါက တီ့ မွေးစားသားလိုဖြစ်နေတဲ့ နီပေါက ကောင်လေးချက်ကျွေးတာ စားဖူးတယ် သူငယ်ချင်းအမကြီး (မအေမီ) ချက်ကျွေးတာ စားဖူးတယ် အဒေါ်ချက်ကျွေးတာစားဖူးတယ် ရှန်ဟိုင်းတုံးက အချစ် ဂျာမန် ကောင်လေး (top ten ထဲမှာပါတယ်)ချက်ကျွေးတာစားဖူးတယ် ခုလဲ မွေးစားသားချက်တာပါ ဘေးကနေ ဓါတ်ပုံရိုက် ပြီးတော့လိုတာ လုပ်ပေးပေါ့ ခုတော့ ချက်တတ်ပါပြီ ကိုယ်ကအဲ့လိုပဲ သိပ်တော်တာ (ဖြူဖြူပြောသလိုဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေပါပဲ) တခါပြရင်တတ်ပြီ........အရင်တုံးကချက်တာတွေလဲ အဲ့လိုပဲ ယိုးဒယားရောက်မှ ချက်ရတာ အရင်အိမ်မှာက ရေတောင် ခပ်မသောက်ရဘူး အမွှေးလဲ ဘာအမွှေးမှ မီးမလောင်ဘူးဘူး





ဒီအပေါ် ပထမ ပုံက ရိုစ်မေရီ လို့ခေါ်တဲ့ဟာပါ ဟင်းခတ်အမွှေးအကြိုင်ပါပဲ အီတာလီယံ အမျိုးအစားနေမှာပေါ့ တီကတော့သိပ်မသိပါဘူး မွေးစားသားနဲ့သမီးဝယ်လာတာ ကိုသုံးလိုက်ကြတာပါပဲ နောက်ဘေးက အိမ်မှာရှိတဲ့ ဗူးမှို ရယ် ကြက်သွန်ဖြူနီ ရယ် ခရမ်းချဉ်သီးရယ်ပါ ဘေးနားက အသားကြိတ်ထားပြီးသား တီ့သဘော ဆိုရင် တော့ အမဲသားနဲ့ စားချင်တာပါ ကလေးတွေက မစားဘူး ပြီးတော့ အိမ်မှာကလဲ ဝက်သားပဲ အသင့်ရှိနေတာဆိုတော့ ဝက်သားပဲ အလွယ်သုံးလိုက်ပါတယ် အိမ်မှာရှိတာနဲ့ ဖြစ်အောင် စီစဉ်တတ်တာ အိမ်ထောင်ရှင်မကောင်းပီသတာပါ ငှဲငှဲ (ဒေါ်ရီတာ တို့ ဘယ်တော့မှ လိုက်မမှီမယ့် ဝိသေသတွေပေါ့)





ပထမဆုံး ကြက်သွန်နီ ကို သံလွင်ဆီနဲ့ ကြော်ပါမယ် ဆီကိုအများကြီးမထည့်ပါနဲ့ ဝက်သားကလဲကြော်ရင်းဆီထွက်ဦးမှာ မို့လို့ပါ ကြက်သွန်နီ နွမ်းရင် ဝက်သားထည့်ကြော်ပါမယ် ပုံကိုကြည့်ပါ





ပြထားတဲ့အတိုင်း ဝက်သားကို တဖြည်းဖြည်းချင်းမီးအေးလေးနဲ့ကြော်ပေးပါ ဝက်သားတွေ ကောင်းကောင်းကြေကုန်ပြီဆိုရင် သူ့ဘာသာရေထွက်လာပါမယ် အဲ့ရေတွေကို ခန်းအောင် ဆက်ကြော်ပေးပါ
ဝက်သားရေခန်းလောက်ပြီဆိုရင် ကြက်သွန်ဖြူ ကိုထည့်ပါမယ် ပုံမှာပြထားတဲ့အတိုင်းပေါ့နော် ပြီးတော့ လျှာရှည်ပြီး နနွင်းမှုန့် နည်းနည်းထည့်လိုက်ပါတယ် ကြိုက်ရင်ထည့်ပေါ့ တီတို့ကတော့ ဆေးဘက်ဝင်တယ်ဆိုပြီး ထည့်လိုက်တာပါပဲ တတိယပုံပါ သေချာမမြင်ရရင် ရိုက်ကလစ်နဲ့ ချဲ့ကြည့်လို့ရပါတယ် အဲ့တာဆိုရင် နနွင်းမှုန့်လေးတွေ ကအစ သေချာမြင်ရမယ်





ပြီးရင် ငရုတ်သီးမှုန့် ထည့်ပါမယ် တချို့က ငရုတ်သီး အခြောက်ကိုလဲ ထည့်ကြော်လေ့ရှိပါတယ် ကြိုက်တတ်သလိုပါပဲ ပြီးရင် ခုနက နနွင်းမှုန့်နဲ့ အခု ထပ်ထည့်တဲ့ ငရုတ်သီးမှုန့်တွေ နဲ့မွှေးလာအောင်ကြော်ပါတယ် ပြီးရင်တော့ ခရမ်းချဉ်သီးထည့်လို့ရပါပြီ.... နောက်ခရမ်းချဉ်သီးလေးတွေ လိပ်သွားတဲ့အထိ မီးအေးနဲ့ ဖြည်းဖြည်းလေးကြော်ပေးပြီးရင် မှို ထည့်လို့ရပါပြီ




မှိုထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း နူးနေအောင်ကြော်ပါမယ် ပြီးရင် လိုအပ်တဲ့ဆားအချိုမှုန့် နည်းနည်းထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီး ဆော်ထ် ခုနက ပုလင်းနဲ့ဟာ ကို နည်းနည်းထည့်ပါမယ် ပြီးရင် မီးနဲ့ ဆက်လှိမ့်ပါမယ် ပုံတွင်ရှု ဟင်းအနှစ် ပြစ်ပြစ်ကလေးရပြီဆိုရင် ......





ခုနက ကြက်သွန်ဖြူပါတဲ့ ဟင်းခတ်အမွှေးအကြိုင်ကိုထည့်ပါတယ် ပြီးရင် ရိုစ်မေရီ ကိုလဲဆက်ထည့်ပါတယ် ဘေးက ပုံက ပုံကြီးချဲ့ထားတာပါ သေချာမြင်ရအောင် ရှက်ဖ် ပြောတာကတော့ သစ်ကြပိုးတွေ ဖာလာတွေပါမယ် ထင်ပါတယ် ကိုက အဲ့ဒီ ရိုစ်မေရီကို အစက ကွမ်းယာထဲထည့်စားတဲ့ စမုံစပါးလို့တောင် ထင်နေမိသေးတယ် ဟိဟိ ပြီးရင်တော့ ဟင်းကို အနှစ်ဖြစ်တဲ့အထိ ဖြည်းဖြည်းကြော်ပေးမယ်နော်




အားလုံးပြီးရင်တော့ ရေလိုသလောက်ထည့်ပါ ပြီးရင် ဆူအောင်ဖြည်းဖြည်းလေး ထပ်တည်ပေးထားပါ
ဘေးက ပုံက ခုနက စပက်ဂတီ ခေါက်ဆွဲကို ပြုတ်ပါမယ် ပြုတ်တဲ့အခါ ဆားနည်းနည်းထည့်ပြုတ်ပါမယ် ဟင်းအနှစ်ကို ပေါ့အောင်ချက်ထားရင် ခေါက်ဆွဲကိုနည်းနည်းလေးအောင်လုပ်တဲ့သဘောပါ သွေးတိုးနှလုံးဆီးချိုရှိရင်တော့ ကြည့်ကျက်ချက်ပေါ့နော် ....အသက်ကိုဥာဏ်စောင့်လေနော်...
အရေးကြီးတာက ခေါက်ဆွဲပြုတ်တာပါ အထုပ်မှာတော့ ၈ မိနစ် ပြုတ်ရင်အကောင်းဆုံးလို့ဆိုပါတယ် တီကတော့ ပြုတ်ကြည့်လိုက်တယ် စားကြည့်တယ် မကေဘူး
၁၀ မိနစ်အထိထားတယ် စားကြည့်တယ် မကေသေးဘူး
အဲ့တာနဲ့ အမြင်ကပ်ကပ်နဲ့ ၁၅ မိနစ်အထိ ပြုတ်ပစ်လိုက်ပါတယ် အဲ့တော့မှပဲ ကေသွားတော့တယ်
အဲ့တော့ ကိုယ့်အကြိုက် သူ့အကြိုက်ပါပဲ ကြိုက်သလိုသာချက်စားပါ တီတောင် (တီကောင်မဟုတ် သေချာဘတ်ရန်) ဟင်းအနှစ်လေးချက်ရင်းစဉ်းစားမိသေးတယ် အခု အနှစ်ကို ရေစိမ်ခေါက်ဆွဲနဲ့စားတော့ လဲရတာပဲလို
အဟေးဟေး ရှမ်းနဲ့ အီတလီ တမျိုးတမြည်ပေါ့လေ နော့ ကဲကဲ အောက်မှာ ရှုပါ
စပက်ဂတီပါ မဆိုးပါဘူး စားလို့ ကောင်းပါတယ် ...............ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကိုယ်ကတော့ ကိုယ်တို့ မြန်မာပြည်ဖြစ် စစ်စစ် နန်းကြီးသုပ်လောက် ကို ကောင်းတယ်မထင်ပါ နောက်နေ့မှ နန်းကြီးသုပ် ကိုပဲမှုန့်နိုင်းချင်းနဲ့ ကြက်သားအနှစ်ရှယ်ရှယ်လေးနဲ့ချက်စားမယ် လို့တေးထားလိုက်ပါတယ်

PS
post လဲရေးပြီးသွားရော ရေးပြီးတဲ့ အချိန်ကို မှတ်တော့ ရက်စွဲက ၂၅ ဖြစ်နေတာ သတိထားမိတယ်
ပျော်သွားပြန်ပါတယ် လခ ထုတ်မယ်လေ
ဝေး.................................................ဒီနေ့ ပြန်ပျော်ရတဲ့အတွက် ကောင်လေးကို ကျေးဇူးတင်ပါတယ်
ပန်းတိုင်ကိုရေထဲပိုက်ချတယ် တံငါသည်တွေက ပိုက်ဆုံးရင် ဘာဘာညာညာ ဆွဲတယ် ပန်းတိုင်ဆိုပြီး လျောက်ဖောနေပါတယ် ကောင်လေးရေ........................ကျေးဇူး...ပန်းတိုင်ရောက်ရင် ကေတာပါပဲ
ငါးမပါရင်လဲရေချိုးပြန်ကြတာပေါ့





A Chen
2:47 Am
25th June 2010
Home
Bangkok