Showing posts with label ICAAP 10th. Show all posts
Showing posts with label ICAAP 10th. Show all posts

Wednesday, September 21, 2011

၂၄ ရက် သြဂတ်စ်လ ၂၀၁၁ ခုနှစ် ဒုတိယမြောက်နေ့

ဘူဆန် ဒေးတူး

ဘူဆန်ရောက်ပြီး ဒုတိယမြောက်နေ့ ပါ။ ဒီနေ့ တော့ အလုပ်ကူပေးဖို့ ရှိပါတယ်။ ညီလာခံ က ၂၆ မှ စမှာပေမယ့် pre conference community forum လို့ ခေါ်တဲ့ ညီလာခံ ပဏာမ အစီအစဉ်တွေ ရှိပါတယ်။ နည်းနည်း ရှင်းပြပါမယ်။ ညီလာခံမှာ သူ့ဘာသာသူ အစီအစဉ် နဲ့ သွားတာပေမယ့် ကွန်မြူနတီ လို့ခေါ်တဲ့ ဦးတည်အုပ်စုလေးတွေ က သူ့တို့ဘာသာ သူတို့ အစီအစဉ်နဲ့ သူတို့ တူရာတူရာ စုပြီး ညီလာခံ ကြီးထဲမှာ သူတို့အသံတွေဘယ်လို မြှင့်တင်နိုင်ဖို့ သူတို့ လိုအပ်ချက်တွေ ဘယ်လို ပြောကြားနိုင်ဖို့တသွေးထဲတသံတည်း ထွက်အောင် ဆိုပြီး ကြိုတင်စည်းဝေးကြပါ တယ်။

ဒီပဏာမ ညီလာခံမှာ ဘယ်သူတွေပါဝင်ကြလဲဆိုတော့ Men have sex with Men (MSM) အမ်အက်စ်အမ်လို့ အတိုကောက်ခေါ်တဲ့ ယောက်ျားချင်းလိင်ဆက်ဆံ ကြတဲ့ အုပ်စုတွေ, Drug Users (DU) ဒီယူ ခေါ် ဆေးသုံးစွဲသူတွေ (ထိုးသွင်းသုံးစွဲ injecting drugs users လို့ အရင်က ခေါ်ပေမယ့် နောက်ပိုင်း ပိုကျယ်ပြန့်တဲ့ ဆေးသုံးစွဲသူများ ဒီယူ လို့ သုံးလာကြပါတယ်), Sex Workers (SW) အက်စ်ဒဗလျူ လို့ ခေါ်တဲ့ လိင်လုပ်သားတွေ (ဒီမှာ မိန်းမလိင်လုပ်သားသာမက၊ ယောက်ျားလိင်လုပ်သား၊ Transgenders SW လို့ခေါ်တဲ့ မိန်းမပုံဝတ်ဆင်ပြီး လိင်လုပ်ငန်း လုပ်တဲ့ ဂျန်ဒါပြောင်းလဲထားသူတွေ (တချို့လဲခွဲစိတ်ပြီး တချို့ လဲ အပေါ်တပိုင်းပဲ ခွဲစိတ်ထားတဲ့) သူတွေလဲပါပါတယ်, Faith based group လို့ခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ညီလာခံတွေ အိတ်ခ်ျအိုင်ဗီအေစ့် လုပ်ငန်းတွေ လုပ်ရာမှာ ဒီ ဘာသာရေး အခြေပြု အဖွဲ့တွေအလုပ်လက်တွဲ လုပ်ကြတာ စိတ်ဝင်စားစရာပါ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် အကုန် တူတူပူးပေါင်းလုပ်ကြပါတယ်။ Youth ကတော့ ရှင်းပါတယ် လူငယ်တွေပေါ့။ သူတို့ကတော့ ဆယ်ကျော်သက်ကနေ ၂၅ ထိ သတ်မှတ်ပါတယ်။ တချို့ အပိုင်း၊ ဒေသတွေမှာတော့ သတ်မှတ်ချက် ကွာခြားတာ ရှိပြီး ၃၀ ထိ ကို Young Adults ဆိုပြီး ပါကြတာလဲရှိပါတယ်။ နောက်ဆုံးပိတ်ကတော့ PLHIV လို့ ခေါ်တဲ့ People Living HIV တွေပေါ့။

ကိုယ်ကတော့ အများသိကြတဲ့ အတိုင်း PLHIV forum မှာ ပါပါတယ်။ ကိုယ်က ဖိုရမ်မှာ အဖွဲ့ငယ်ဆွေးနွေးတာတွေကို အဆင်ပြေ ချော့မွေ့အောင် ကူညီပေးတဲ့ facilitator လုပ်ရပါတယ်။ ပြီးတော့ အဖွဲ့ငယ်လေးတွေရဲ့ ဆွေးနွေးချက်တွေကို ပါဝါပွိုင့် ပြင်ပေးပြီး ဖိုရမ်တခုလုံး ကို ပြန်လည်တင်ပြပေးရတာပေါ့။ အာရှ ပစိဖိတ် ညီလာခံ ဖြစ်တဲ့ အတွက် တောင်အာရှမှသည် မဲခေါင်မြစ်ဝှမ်း အရှေ့တောင် အာရှ အရှေ့ အာရှ တရုတ် နဲ့ ဟိုးဘက် ပစိဖိတ် ကျွန်းစုတွေ အထိ ၾသစေတ်းလ် နဲ့ နယူဇီလန်ပါပါတယ်။ အာဖရိက တို့ အမေရိက တို့ လက်တင်အမေရိက တို့ က သူတို့ဘာသာ ICAAP လိုပဲ ဒေသဆိုင်ရာ ညီလာခံ တွေ လုပ်ကြပါတယ်။ ကမ္ဘာ့ ဒေသဆိုင်ရာ တွေမှာ တော့ အာရှ ပစိဖိတ်က အတက်ကြွဆုံး အရှေ့အရောက်ဆုံး အအောင်မြင်ဆုံး လို့ ဆိုကြပါတယ်။

ပြောတာတွေလဲ များပြီးဆိုတော့ စားကြစို့။ ကိုယ်က ညီလာခံ ကျင်းပရာ BEXCO နဲ့ နီးတဲ့ HOME PLUS ဆိုတဲ့ Departmental စတိုး က ဖွတ်ကော့ထ် မှာ သွားစားပါတယ်။ (အောင်မလေးဟဲ့ ငါတော်တော်ညံ့နေပြီ မြန်မာစာ ကိုမြန်မာစာချည်းပဲ သေချာ မရေးတတ်တော့ဘူး)

ကိုယ်က ညီလာခံကျင်းပရာ ခန်းမ နဲ့ နီးတဲ့ အိမ်အပေါင်းဆိုတဲ့ ကုန်တိုက်အောက်က အစားအသောက်တန်းမှာ သွားစားပါတယ်။ (အင်း.......နည်းနည်းတော်သေးတယ်....ထင်တာပဲ)





ကိုရီးယားကားတွေမလွတ်တမ်းကြည့်တဲ့ သူတွေ သေချာသိပါတယ်။ ဟုတ်ကဲ့ ပဲခေါက်ဆွဲပါ။ ပုံကြည့်ပြီး စားကြည့်ချင်တာနဲ့ လျှာရှည်ပြီး မှာလိုက်တာပါ။ ပြောပြရအုံးမယ် သူတို့ က ဘန်ကောက် လို့ ကဒ် စနစ်၊ ကူပွန်စနစ် မဟုတ်ဘူး။ လျှာရှည် စနစ်တော့။ ပထမ မှန်ပုံးထဲမှာ အစားအသောက် မော်ဒယ်လေးတွေ ပုံတူ ကို ပလပ်စတစ်နဲ့ လုပ်ထားတာရှိတယ်။

အဲ့ထဲက ကိုယ်ကြိုက်ရာတွေကို နံပါတ်မှတ်ရပါတယ်။ နောက်တော့ ကောင်တာမှာ လိုချင်တဲ့ နံပါတ်ကို ပြောပြီး ငွေရှင်းရပါတယ်။ အီးလိုပြောရင် မသိပါဘူးစာရွက်လေးနဲ့ ဘောပင် ကမ်းပေးပါတယ်။
အဲ့မှာ ကိုယ်စားချင်တာကို နံပါတ် ရေးပေး ငွေချေ ပြီးတော့ တဘက်မှာ တန်းစီနေတဲ့ ဆိုင်တွေမှာ ကောင်တာ အပေါ်နားက မီးနီလေးတွေ နဲ့ ကိုယ့် မှာတာနဲ့ ဆိုင်ရာ ဆိုင်ရာ နံပါတ်တွေ တန်းစီ ပေါ်ပါတယ်။ ဥပမာ ဆိုင်တွေက သတ်မှတ်ထားတယ် တော်ဘူကီ က တဆိုင် ကမ်ဘုခ် က တဆိုင် ခေါက်ဆွဲက တဆိုင်ဆိုပါတော့ ကိုယ်မှာတာနဲ့ ဆိုင်တဲ့ ဆိုင်က မီးနီမှာ ကိုယ့် စလစ်ထဲက နံပါတ်ပေါ်ပါတယ်။ အဲ့မှာ သွားယူလိုက်ယုံပဲ။ ဘေးမှာ မှန်ပုံးသေးလေးနဲ့ အပူပေးထားတဲ့ တူ၊ ဇွန်း၊ ခက်ရင်း စတာတွေကို လိုသလောက်ယူပြီး ထိုင်စားယုံပါပဲ။

ညနေပိုင်းကျတော့ ကိုယ့်ဟော်တယ်နား ကိုပြန်ပြီးတော့ ဘေးနားက ဟိုင်ယွမ်ဒေး ကမ်းခြေ ကို ခဏ ဆင်းပါတယ် ပုံတွေကို ရှု။ ဟိုရိုက် ဒီရိုက် ဘာဘာ ညာညာ ပေါ့။ တီ ချမ်း ရဲ့လျှပ်တပျက် ဓါတ်ပုံ ပညာကိုလဲ ရှု နိုင်ပါတယ် ဒေါ်ချစ်ကို မရှုံးဘူးပဲ။

ဒါလေးတွေက ဘေးနားပတ်ဝန်းကျင်က ဗျူးလေးတွေပေါ့





ဒါကတော့ အီဖေကိုယ်နဲ့ သူငယ်ချင်းမလေးပါ။ ဒေးဝမ်းမှာတုံးက ပြောတဲ့ ကိုရီးကား အဆိပ်တက်နေတယ် ဆိုတာ သူပေါ့။ ကိုယ်တွေ ရေလည်လှတာ လူသိမှာစိုးလို့အဝေးကပဲ ပြတယ်။ မမကွမ်လိုပေါ့။





တီချမ်း၏ ရိုက်ချက် လက်ရာများ...





ကမ်းခြေကတော့ မြို့ ကြီးတွေမှာ ဘယ်နားကြည့်ကြည့် တူတူပါပဲ ပရိုက်ဘိတ် ဘီခ်ျ တွေသွားနိုင်မှာ မိုက်တာ...
ဥပမာ ဖထရား မိန်းဘိခ်ျ က ဘာလီ မိန်းဘိခ်ျ ပသောင် (ဖူးကက်) မိန်းဘိခ်ျ တွေ နဲ့ အကုန်လုံး အပ်ထူထူပါပဲ။

ပင်လယ်ဘက်လည်း တချက် နှစ်ချက် နည်းနည်းမှ မလျော့ဘူး။ လျော့လိုက်ရင် လျော့သွားမှာပေါ့နော့။





ညနေဘက်ကျတော့ ဒီနေ့မှ ရောက်လာတဲ့ သူငယ်ချင်းက တော်ဘူကီးမှ တော်ဘူကီး ဆိုလို့ မနေ့ ညက စားခဲ့တဲ့ ဆိုင်ကလေး လိုက်ပို့ပါတယ်။ စားကြတာတွေက ဒီမှာပါ။





ညာမှ ဘယ်သို့ ပုံ (၁) စားသမျှပုံပါ။ အသေးစိတ်တွေ လာပါမယ်။ ပုံ (၂) ဟင်းရည်ပါ ယွန်းခွက်လေးနဲ့ ကော်ချင်ခွက်လေးနဲ့ တိုက်ပါတယ်။ ကော်ချင်ခွက်ထဲကဟာ ကို ယွန်းခွက်ထဲ ထည့်ထည့်သောက်ရပါတယ်။ ပူတုံးလေးတော့ ကောင်းတယ် သူက အပြင်မှာ ရှိတဲ့ ပဲပြားတွေအမဲအူတွေကို ပြုတ်တဲ့ အရည်ပါပဲ။ မြန်မာပြည်က (ဝက်ခြေထောက် ကို မမှီ)။ ပုံ (၃) က တော့ နာမည်ကျော်ကျား လူတိုင်းစားတဲ့ တော်ဘူကီးပါပဲ။ အမှန်က ဘာမှလဲ မဟုတ်ပါဘူး ဝက်ခေါက်လိုလိုဟာရယ် ဂျုံ(ကော် အရသာနဲ့)ချောင်းရယ်၊ နောက် ကြက်အူချောင်း ဝက်အူချောင်း တွေ ကို ပြုတ် (မြန်မာပြည်က ခေါက်ဆွဲသုပ်စားရင် ထည့်တဲ့ အချဉ်လိုဟာတွေနဲ့ သုပ်ပေးတာပါပဲ) Again မြန်မာပြည်လောက်မကောင်းပါ။ အရပ်ထဲမှာ ဗန်းနဲ့ လည်ရောင်းတဲ့ ပဲပြား အာလူး ပဲသွေး တုတ်ထိုးတွေ ကို သတိရသေးတယ်။ အဲ့တာက ပိုကောင်းတယ်။ တူတူပဲ။ ကိုယ်တွေက သာ ပန်းကန်နဲ့ထည့်စားတာ အများစုက အပြင်မှာ ရပ်ပြီးတော့ တုတ်နဲ့ အချဉ် ရည်တို့စားနေကြတာပဲ။





ပုံ (၄) အမဲအူမကြီး ပါးပါးလှီးထားတာရယ်။ အမဲအူထဲ ကို ကောက်ညှင်းမဲ အစာသွပ်တာရယ်။ အမဲအသည်း၊ နှလုံး စတာတွေရယ်ပါ။ တပွဲ။ ပုံ (၅) သခွားသီး ခါကြက်ဥ နဲ့ လိပ်ထားတဲ့ ကင်ဘုခ်ပါ။ ဘေးက ပုံ(၆) ကတော့ တန်ပူရာပါ။ ကွမ်းရွက်လို အရွက်ကလေး (အကွမ်းရွက်တော့ မဟုတ်ဘူး ပုံတူတာ သူက ရှားရှရှ အရသာနဲ့) နောက် ခရမ်းသီး ရွှေဖရုံသီး စတာတွေကို မုန့်နှစ်နဲ့ ကြော်တာပါ။ အချဉ်နဲ့ တို့စားတာပါပဲ။





မူလလက်ဟောင်း ကမ်ချီပါ။ ဘေးကတော့ ပဲပိစပ် နဲ့ လုပ်ထားတဲ့ အချဉ်နဲ့ ကြက်သွန်ဖြူ (ဆလပ်ထဲထည့်စားတဲ့ဟာမျိုး) ကို အတုံးလေးတွေ လုပ်ပြီးပေးတာပါ။ မြင်အောင်ပြောရရင် ဆာတေးနဲ့ စားတဲ့ မြေပဲ အချိုနှစ် နဲ့ စားတာမျိုးပဲ။ ဆာတေးမှာက သခွားသီးလေးတွေ ပေးတယ် ခု ကြက်သွန်ပေးတယ်။ ဒါပဲ။

ကြားထဲမှာ နည်းနည်းကြာသွားတယ်။ အခု နည်းနည်း ပြန်အားပြီပြန်ရေးမယ်နော်။

A Chen
6:05 PM
21st Sept 2011
Wednesday
Home
Bangkok

Saturday, September 3, 2011

၂၃ ရက် သြဂတ်စ်လ ၂၀၁၁ ခုနှစ် ပထမ နေ့

ဘူဆန် ဒေးဝမ်း

တောင်ကိုရီးယား မှာ ရှိတဲ့ ကိုရီးယားတွေ ရဲ့ ဒုတိယ မြို့တော် ဘူဆန် ကို ဆယ်ကြိမ်မြောက် အာရှ ပစိဖိတ် အိတ်ခ်ျ အိုင်ဗီ အေစ့် ညီလာခံ (International Congress of AIDS in Asia and the Pacific ICAAP 10th) အတွက် ၂၀၁၁ ခုနှစ် သြဂတ်စ်လ ၂၃ ရက်နေ့ မနက် ၂နာရီ ၁၅ မိနစ် လေယာဉ် နဲ့ သွားခဲ့ပါတယ်။

ဒီအိုင်ကပ်ဆိုတာ ကို ကိုယ်ဒီ ဖီး ထဲ စရောက်တဲ့ ၂၀၀၅ ဂျပန် (ကိုဘေ ညီလာခံ) ကနေ စသွားရတာ ၂ နှစ်တခေါက် ဆိုတော့ အမြဲ တက်ဖြစ်တာ ၄ ခေါက်ရှိပါပြီ။ ၂၀၀၅ တုံးက ကိုဘေ (ဂျပန်) နောက် ၂၀၀၇ ကျတော့ ကိုလံဘို (သီရိလင်္ကာ) ၂၀၀၉ မှာ ဘာလီ (အင်ဒိုနီးရှား) ခု ၂၀၁၁ မှာ ဘူဆန် (ကိုရီးယား)ပေါ့။

သူက နှစ်နှစ်ခြားတကြိမ် အာရှ ပစိဖိတ်နိုင်ငံ တခုခုမှာ ကျင်းပတာပါ။ နောက်လာမယ့် ညီလာခံ၂၀၁၃ ကတော့ ဘန်ကောက် (ယိုးဒယား) ဖြစ်ပါမယ်။ ဘန်ကောက်မှာ ၂၀၀၄ တုံးကလဲ အပြည်ပြည်ဆိုင်ရာ အေ့စ် ညီလာခံ International AIDS conference (IAC) ကျင်းပခဲ့ပါသေးတယ်။ ကျင်းပပုံတွေက ဒီနှစ် ICAAP ဆို နောက်နှစ် IAC ပေါ့ အဲ့လိုဆိုတော့ နှစ်တိုင်းမှာ ညီလာခံ တခုတော့ ရှိနေတာပေါ့။

ဘူဆန်အကြောင်းရေးမယ် ဆိုတော့ ညီလာခံအကြောင်းပဲ သီးသန့် ရေးရမလား ကိုယ်လည်တာတွေအကြောင်းပဲ သီးသန့် ရေးရမလား စားခဲ့တာတွေ အကြောင်းပဲသီးသန့် ရေးရမလားဆိုပြီး ဝေခွဲမရတွေဖြစ်ပါသေးတယ်။

စာကလဲ မရေးတာကြာပြီဆိုတော့ နောက်ပြီး ကိုယ်က ခရီးသွား ဆောင်းပါးမျိုး အရေးနည်းတယ်။ အရင် သွားခဲ့တာတွေဆိုလဲ ကဗျာ လိုလိုတွေသာရေးဖြစ်တာများတာ။

ခုတော့ သေချာ ရေးမယ် စိတ်ကူးတယ်။ နောက် တခေါက်လဲ (မောင်နဲ့) အလည်သက်သက် ပြန်သွားဖို့ ရည်ရွယ်ပါတယ်။ လေယဉ်လက်မှတ်ကလွဲရင် အစားအသောက် နဲ့ နေဖို့ အတွက်က ဈေးလဲ သိပ်မကြီးပါဘူး။ အဲ့တော့ အညွှန်းအနေမျိုး ကျန်အောင်ပေါ့ သေချာရေးချင်ပါတယ်။

ဗီဇာ ယူတာ က အမှန်ဆိုရင်တော်တော်ခက်မယ့် ပုံပေါက်ပါတယ် တခြား နိုင်ငံတော်တော်များများ အထူးသဖြင့်
တောင် အာရှ ဘက်က နိုင်ငံတွေဗီဇာ မရ လို့ မလာကြရတဲ့ သူတွေများပါတယ်။

သူက ဗီဇာ ယူရင် ဒီမှာ ရှိတဲ့ အလုပ်က ထောက်ခံစာ ပေးရတယ်။ နောက် ဘဏ်က ၆ လ အသုံးစာရင်း ပြရတယ်။ နောက် အရင်သွားဖူးတဲ့ နိုင်ငံ စာရင်းပေးရတယ်။ အဲ့တော့မှပဲ ကြည့်ကြည့်လိုက်တော့ ကိုယ်သွားခဲ့တာ ၂၀၀၅ ကတည်းက စရေရင် နိုင်ငံပေါင်း ၁၃ နိုင်ငံကျော် ရှိပြီပဲ။ တောင်အာရှ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေ။ အရှေ့ အာရှ၊ မက္ကဆီကို တောင်ပါသေး။ ထားတော့ ကြွားတာတွေပါကုန်ပြီ။

ကိုရီးယား ဗီဇာ က ခက်ပါတယ် တင်လိုက်တော့လဲ အင်တာဗျူး ပြန်ထိုင်ရမယ် လို့ ဆိုလာပါတယ်။ ရက်ချိန်းပေးပါတယ်။ သို့သော် အရင် ကိုယ် ဂျပန် သွားတုံးက ဗီဇာ ကိုလဲ ကော်ပီ ကူးယူထားလိုက်ပါတယ်။ အဓိက ကတော့ အနီရောင်စာအုပ်မို့ အနှိမ်ခံရတာ နည်းနည်းတော့ ပါပါတယ်။ နောက်တော့ အရင် ဂျပန် ဗီဇာ ကြောင့် ရယ် နောက် ကိုရီးယား ဘက်က အော်ဂနိုက်ဇာ တွေ ဆီက ဖိတ်စာ စတာတွေကြောင့် အင်တာဗျူး စရာမလိုပဲ တန်းပေးလိုက်ပါတယ်။ လွယ်လွယ်နဲ့ပဲ ရသွားတယ်ပေါ့။

နောက် လေယာဉ် လက်မှတ် ဘွခ်တော့လဲ တီဂျီ က ဈေးတော်တော်ကြီးပါတယ် အဲ့တာနဲ့ ကိုရီးယား အဲ နဲ့ ပဲ သွားဖြစ်တယ်။ ပိုတောင် ကောင်းသလိုပဲ။ စောစောက ပြောခဲ့သလို ၂၃ ရက်နေ့ မနက် ၂ နာ၇ီ ၁၅ ထွက်ပါတယ်။ ၅ နာရီ ကျော်စီး ရပါတယ်။ မနက် စောစော ရောက်သွားပါတယ်။

အင်မီဂရေးရှင်း ဖြတ်တော့ ဘယ်နိုင်ငံ နဲ့မှ မတူ အတော့ ကိုမြန်တာ တွေ့ရပါတယ်။ ၁ မိနစ်တောင် ကြာရဲ့လားမသိဘူး။ တုံးထုပေးလိုက်တာပဲ။ နောက်ပြီး လေယာဉ်ပေါ်မှာ arrival form ဝေတော့ ကိုယ်တောင် ကြောင်နေပါသေးတယ် departure form မပါလို့လေ။ တကယ်ပါပဲ။ အထွက် ကဒ် မလိုပါဘူး။ ကြည့်ရတာ မပြန်စေချင်ဘူးထင်ပါတယ်။

လေဆိပ်ကနေ မြို့ထဲကို ဝင်ရတာ တော်တော် အဆင်ပြေပါတယ်။ လေဆိပ်မှာ တက်စီ တွေက နှစ်မျိုး ရှိပါတယ်။ တမျိုးက ရိုးရိုး နောက်တမျိုးကတော့ ရှယ်ပေါ့။ ရှယ်က ဈေး နည်းနည်း ပိုကြီးတယ် လေဆိပ်ကနေ မြို့ထဲကို ၄ သောင်း ၅ သောင်း လောက်ပေးရတယ်။ ရိုးရိုးက တော့ ၂ သောင်း ခွဲ အလွန်ဆုံးပဲ။ နောက် ငွေလဲနှုံး ကိုရီးယား ပိုက်ဆံ ဝေါင်က မြန်မာငွေ နဲ့ တူတူပါပဲ။
၁ ဒေါ်လာ ကို ဝေါင် ၁ ထောင်ပါ။ အော်ပြောဖို့ မေ့နေတယ် မြန်မာငွေလဲနှုံးဆိုတာ အရင် ငွေလဲနှုံး ကိုပြောတာပါ။ (ခု ဈေးမဟုတ်)။ နောက် တက်စီ သမားတွေက သဘောကောင်းပါတယ်။ အဖိုးကြီးတွေများတယ်။ ကြည့်ရတာ ရီတိုင်ယာ သွားပြီးမှာ အလုပ်ထွက်လုပ်ကြတာထင်တယ်။ ကိုယ်တို့ ဆီက အဖိုးကြီး အဖွားကြီးတွေ နဲ့ယှဉ်ရင်တော့ သူတို့က ပိုကျန်းမာ သွက်လက်ပုံပေါက်ပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေအလုပ်လုပ်ကြတာနဲ့ပတ်သက်ပြီး ရေးပါအုံးမယ်။ တက်စီတွေမှာ က ဂျီပီအက်စ်တွေပါတော့ ကိုယ်ဘယ်သွားမလဲ သိသာပါတယ်။ မကောင်းတာတခုကတော့ လမ်းမ ဆိုင်းဘုတ်တွေမှာ အီး လိုရေးမထားတာပါပဲ။ အများစု က ကိုရီးယား လိုရေးထားတယ် နောက် တရုတ် (ခန်းဂျီး) ထင်ပါတယ် ရေးထားတာတွေ့တယ် အထင်ကရ လမ်းမတွေဆိုရင်ပေါ့ နောက် ဘူတာရုံနာမည်တွေလဲ ခန်းဂျီးပါတယ် ကိုယ့်အတွက်တော့ နည်းနည်း ပိုအဆင်ပြေပေမယ့် အများစု အတွက် ယူဆာ ဖရင်းလီး မဖြစ်ဘူး။ ယိုးဒယား ဆိုရင် လမ်းမတိုင်းမှာ နာမည် ကို အီးလိုလဲ ရေးပေးတယ်။ ပိုအဆင်ပြေတာပေါ့။

လေဆိပ်ကနေ ကိုရီးယား လူမျိုးတွေ ရဲ့နည်းပညာ နဲ့ ဆောက်လုပ်ထားတယ် လို့သူတို့ တွေဂုဏ်ယူကြတဲ့ နှစ်ထပ် တံတား ကို ဖြတ်လိုက်ရင် မြို့ထဲဘက်ကို ရောက်ပါတယ်။ မြို့ထဲ ရောက်တော့ သူငယ်ချင်း တွေဟိုတယ် ချက်ကင်ဝင်တာတွေလိုက်ကြည့်ပေး။ နောက်တော့ ကိုယ့် ဟိုတယ် က ညီလာခံ ကျင်းပမယ့် BEXCO (Busan Exhibition and Convention Center) နဲ့ ဝေးနေတော့ ဟိုတယ် ပြောင်းဖို့ လုပ်ပါတယ်။ အဲ့မှာ ဟိုတယ်တွေကို ဒီကနေ မသွားခင်ကတည်းက ဘွခ်ထားကြတာလေ။ အဲ့တာကို cancellation penalty က ၁၀၀% အပြည့်ဆိုပါတယ်။ ဘယ်ရမလဲ ကိုယ်က တီချမ်းပဲ ရန်ဖြစ်တာပေါ့။ မရပါဘူး။ အမှန်က ညီလာခံ ကိုမှီပြီး လုပ်စားကြတာပါ။ အဲ့တာနဲ့မရ အရ ပြောပစ်တာပဲ။ ငါက နိုင်ငံတကာလှည့်လာတာ ဒီလို စည်းကမ်း တခါမှ မကြားဘူးဘူးလို့။ cancel လုပ်ရင် fee ပေးရမယ်ဆိုတာ လက်ခံတယ် ၁၀၀% ကိုလက်မခံတာ။ အဲ့တာနဲ့ နောက်ဆုံးတော့ ရသွားရော။ ဘယ်ရမလဲ ငါကွ ရွှေ မြန်မာ။ သူတို့ကတော့ တော်တော်သောက်ညင်ကပ်ကြမယ်။

ကိုယ် ပထမ နေတဲ့ နေရာက ဘူဆန်မြို့ ရဲ့ တရုတ်တန်းလိုနေရာပါ Haeundae လို့ ခေါ်တယ်။ တရုတ်လိုဆိုရင် ဟိုင်ယွင်ထိုင် ပေါ့ တိမ်နဲ့ပင်လယ် လို့အမည်ရတာပေါ့။ ဒီနာမည်နဲ့ပဲ ကိုရီးယား ရုပ်ရှင် တကားလဲ ရှိပါသေးတယ် ဆူနာမီ အကြောင်းရိုက်ထားတာပါ။ ကြည့်ကောင်းပါတယ်။

နောက်တော့ ဟိုတယ် ကို ချက်ကင် ဝင်ပြီး အထုပ်ချပြီးတာနဲ့ တညလုံး မအိပ်ခဲ့ရတာတွေအတိုးချပြီး အိပ်လိုက်တာ ဒေသ စံတော်ချိန် (မြန်မာထက် ၂ နာရီ ခွဲနောက်ကျပြီး ဘန်ကောက် ထက် ၂ နာရီနောက်ကျပါတယ်) ည ၁၀ နာရီ မှာ ပြန်နိုးလာပါတယ်။ အဲ့တာနဲ့ ဟိုဟိုဒီဒီလျောက် ဓါတ်ပုံလေး ဘာလေးရိုက်ပြီးတော့ ပြန်လာတာပါပဲ။





Hello Kitty ပုံလေးနဲ့ က ကိုယ်တည်းတဲ့ ဟော်တယ်ပါ။ Haeundae Riviera Hotel လို့ ခေါ်ပါတယ်။ တည ကို ဝေါင် ၈သောင်း ၉ ထောင်ကျပါတယ် မနက်စာ မပါပါဘူး။ အကြမ်းဖျင်း ဒေါ်လာ ၉၀ ပေါ့။ အောက်က ၈ ထပ်လုံးက ရှော့ပင်း စင်တာပါ ဟော်တယ် က ၉ ထပ်ကနေမှ စပါတယ်။ ဘေးပုံက ဘေးပတ်ဝန်းကျင် တဝိုက်ကပုံတွေပါ။ လျောက်သွား လျောက်ရိုက်ပေါ့။





ကမ်းခြေ က လမ်းလျောက်သွားရင် မိနစ်ပိုင်းနဲ့ ရောက်တယ် ၂ ဘလောက် လောက်လျောက်လိုက်ရုံပဲ။ အလယ်ကပုံက စားပွဲချပြီး အရက်စပ်ရောင်းနေတာပါ။ ကက်ဆက် အကြီးကြီး ကို ဝူဖာ နဲ့ ဖွင့်ထားပါတယ်။ သူနားတဝိုက်ကလေး ကို ကလပ်လေးလိုဖြစ်နေတာ။ အရက်က ထိုင်သောက်လို့ မရပါဘူး။ ပါဆယ်ပါ။ ဘေးကပုံက Haeundae market street ပါ။ အဓိက ကတော့ ပင်လယ်စာ စားသောက်ဆိုင် အများစု နဲ့သစ်သီးဆိုင်တွေ နောက် ကင်ချီတွေ နဲ့ စားတဲ့ ရေညှိ လိုဟာမျိုး စုံတွေ့တယ်။ အဓိက ကတော့ အစားအသောက်တန်းပေါ့။ ၁၉ လမ်း နဲ့ တောင်ဆင်သေးတယ်။





ဟိုလျောက်ဒီလျောက် ခြေညောင်းတော့ ထိုင်စားဖို့ ဝင်လိုက်တာပါ။ လူတွေအများကြီး ဝိုင်းအုံစားနေတဲ့ တုတ်ထိုးလို ဆိုင်ပါ။ နောက်တော့ မှ မြန်မာပြည်က မြဝတီ မြန်မာ့ အသံကပြသမျှ ကိုရီးယားကား အကုန် မလွတ်အောင် ကြည့်ပြီး တတိယလှိုင်း အဆိပ်တွေတော်တော်တက်နေတဲ့ သူငယ်ချင်းပြောပြမှ အဲ့တာ ကို တာဘူကီး လို့ ခေါ်မှန်း သိရပါတယ်။ နောက် ဘေးက မဲမဲလေးတွေက အမဲအူ ထဲကို ကောက်ညှင်းဆန်ကို အမဲသွေးနဲ့ နယ်ပြီး ပြန်အစားသွပ်ထားတာပါ။ ဘေးကတော့ အမဲ အူမ ဘာညာ ပေါ့။ အဆုတ် နှလုံး အူစတာတွေ လဲတွေ့တယ်။

နောက် ဘေးက တန်ပူရာ ပွဲက ကမ်ဘွခ် လို့ ခေါ်တဲ့ ရေညှိ ထမင်းလိပ် ကို တမ်ပူရာ နဲ့ ကြော်တာ၊ ပုစွန် တမ်ပူရာ။ ငရုတ်သီး ထဲမှာ ပဲကြာဇံ အစာသွပ်ကြော်။ တမ်ပူရာရှေ့ က ထမင်းလိပ်နဲ့ တို့ စားဖို့ဆော့ ဘေးက နီနီ က ပဲငပိ လိုဆော့ နောက် ကြက်သွန်နီတွေ ကို အတုံးလေးတွေ လှီး ပေးပြီး တို့ စားတာ။ ကောင်းတယ်။ ချိုနေတာပဲ။ ကိုယ်က ကြက်သွန်နီ မကြိုက်တာတောင် စားဖြစ်တယ်။ နောက် ဘေးက တူတင်ထားတာက ယွန်းခွက်လေး ရှေ့ က ချင်ခွက်လိုလို က ခုနက အမဲအူတွေ ပဲလိပ်တွေ ကို ပြုတ်ထားတဲ့ ဟင်းရည်။ ယွန်းခွက်လေးနဲ့ သောက်ရတာ။ နောက် ကမ်ချီလဲ ပေးတယ်။


A Chen
9:19 PM
3rd Sept 2011
Saturday
Home
Bangkok