ကဗျာ အသုဘ စာ အသုဘ
AC:
နင်နဲ့ငါရဲ့ ကဗျာတွေသေပြီလား
နင်နဲ့ငါရဲ့ စာတွေ နေခြည်မဖြာ
နင်နဲ့ငါရဲ့ ကြာရှည်ခင်မင်ရာ
လေနေတာ ဝေနေတာ ကြွေနေရှာ
နင်ရောငါရောကဗျာတွေခမ်းနေသလား
နင်ရောငါရော စာတွေ ပမ်းနေသလား
နင်ရောငါရော အမှာတွေတမ်းနေသလား
လေနီကြမ်းလာရာ
ဖြေမဆည်လွမ်းနာကာ
သေမည်မှန်းမကြာပါ
အော်...
ငါ့နှယ် မြေမဟီကမ်းသာသာ
BS:
ဘုရားဟောတဲ့
မတည်မြဲတဲ့သဘောမှာ
ငါတို့ ကဗျာတွေရော
ပါနေလေရော့သလား . . .
မုန်တိုင်းတွေ ပျာယာခတ်
မိုးစက်မိုးပေါက်တွေ
ကဗျောက်ကသောက်ပြေး
ဒီလိုဝေးနေကြရတဲ့ ဆောင်းကလည်း
အာရုဏ်ကွန့်မြူးခြင်းတွေ
မြုံနေလေရဲ့ . . .
နှလုံးသားနှယ် . . . နံနဲ့နဲ့ဖြေမဆည် ။
AC:
My oh my
Where my lyrical themes?
Why oh why
Where are rhythmical lanes?
Cry oh cry
When my memories sane?
Try oh try
When will my poems rain?
BS:
Line by line
I'm losing my rhymes.
By and By
All nice dreams have flied.
Time by Time
Weeping heart will stop me cry.
Die and die
My rotten inspiration slowly die.
BS and AC
9:12 PM
8th October 2010
Friday
Online
Yangon and Bangkok
Showing posts with label အတွဲ ကဗျာများ. Show all posts
Showing posts with label အတွဲ ကဗျာများ. Show all posts
Friday, October 8, 2010
Tuesday, May 25, 2010
တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ
ကဗျာ မတင်တာကြာပါပြီ….ရေးလဲမရေးဖြစ်ပါဘူး အင်စပရေးရှင်းတွေ ခမ်းနေပါတယ် ခုတလောတော့ အက်ဆေးတွေပဲရေးဖြစ်နေတယ် အဲ့တာလဲ ဒီလိုပါပဲ စိတ်ထဲပေါ်လာတာတွေလျောက်ရေးနေတာပါ ဒီနေ့ သူငယ်ချင်းတယောက်က သူဖျက်ထားတဲ့ တီ့ကဗျာ တပုဒ်ကို ပို့ပေးလာပါတယ် တီဟိုးအရင်တုံးက တင်ထားခဲ့ဖူးတဲ့ ထီဆန်းခင်ရမ် ဆိုတဲ့ ကဗျာလေးပါ တိုင်းရင်းသား ချစ်သူလေးတယောက်ကို ရေးပေးထားတာပါ အဲ့တာကို သူက တီ့ ဖဘ ကိုမွှေရင်းနဲ့ တွေ့သွားတယ် ထင်ပါတယ် အဖျက်ကဗျာရေးတော့တာပဲ သူက အရင်တုံးကလဲ တီ့ ကဗျာတွေကို အခွီ အနှောက် ကဗျာတွေ အဖြစ်ဖျက်ရေးနေကြပါ။ ဒီကဗျာလေးက ပြောရရင် ကံမကောင်းပါဘူး တီစရေးတုံးကလြ ဂန္တဝင် ဘုတ်ဆုံက ဖျက်ပါတယ် ဝင်နှောက်ပါတယ်။ ခုတော့ ဒုတိယံမိ အနှောက်ခံရခြင်းပေါ့လေ။ ဒါပေမယ့် ရယ်ရပါတယ် တီ့သူငယ်ချင်းက ကဗျာရေးရင် အပျော်တွေပဲ ရေးတာများပါတယ် အဲ့တာကြောင့် တီ့ ပရိတ်သတ်တွေလဲပျော်စေဖို့ ပြန်တင်ပေးလိုက်ပါတယ် အော်ရီဂျင်နယ် နဲ့တွဲပြီး တင်းပေးလိုက်ပါတယ် အရင်ပိုစ့်ကတော့ ဒီမှာပါ….ကဗျာနာမည်က ထီဆန်းခင်ရမ် တဲ့…
ထီဆန်းခင်ရမ်
တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့
ချစ်ခဲ့ဖူးသူ
တွေးလေလေ
အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ
သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။
တီချမ်း
4:44 pm
တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ
ချိန်မဆိုင်း
တွေးတိုင်းရယ်တဲ့ကတုံကရင်
မုန်းခဲ့ဘူးသူ
တွေးသလေ
ဘေးတွေမပြေစေကြောင်း
ဒင်းကိုလေ ကျိန်စာငယ်နာနာတိုက်ပါလို့
မုန်းစိတ်တွေဝေ…
မေ့ပါမယ်အခါခါကြံပေမယ့်
ပစ်စာသာတွင်တွင်ရေးပါလို့
ရပ်ကွက်ကိုတဲ့တိုင်ချင်
ချိန်ခါနော်ကြာတယ်ကိုယ်မမေ့
မေ့ချင်တယ်ဒီမုန်းစိတ်ကိုလ
ဆုံးကမ္ဘာတိုင်
မပြုံးပါနိုင်
ဒင်းကိုတွေ့ရင်ဖြင့်
ပြေးကာသာခြေကိုခုန်လို့ရယ်
သြော်…..
နဘန်ကျင်းမယ်မှန်း……………..
မင်းကြီးကတော် ခင်ဆုံ ၏အနွယ်တော်
သူကြီးကတော် ယင်အုံ၏ အဆက်
ကုလားကြီးကတော် တင်တုံ
ထီဆန်းခင်ရမ်
တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့
ချစ်ခဲ့ဖူးသူ
တွေးလေလေ
အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ
သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။
တီချမ်း
4:44 pm
တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ
ချိန်မဆိုင်း
တွေးတိုင်းရယ်တဲ့ကတုံကရင်
မုန်းခဲ့ဘူးသူ
တွေးသလေ
ဘေးတွေမပြေစေကြောင်း
ဒင်းကိုလေ ကျိန်စာငယ်နာနာတိုက်ပါလို့
မုန်းစိတ်တွေဝေ…
မေ့ပါမယ်အခါခါကြံပေမယ့်
ပစ်စာသာတွင်တွင်ရေးပါလို့
ရပ်ကွက်ကိုတဲ့တိုင်ချင်
ချိန်ခါနော်ကြာတယ်ကိုယ်မမေ့
မေ့ချင်တယ်ဒီမုန်းစိတ်ကိုလ
ဆုံးကမ္ဘာတိုင်
မပြုံးပါနိုင်
ဒင်းကိုတွေ့ရင်ဖြင့်
ပြေးကာသာခြေကိုခုန်လို့ရယ်
သြော်…..
နဘန်ကျင်းမယ်မှန်း……………..
မင်းကြီးကတော် ခင်ဆုံ ၏အနွယ်တော်
သူကြီးကတော် ယင်အုံ၏ အဆက်
ကုလားကြီးကတော် တင်တုံ
Friday, March 5, 2010
စမ်းချောင်းလေးက ငိုတတ်သလား
စမ်းချောင်းလေးက ငိုတတ်သလား
အသည်းကွဲနေတဲ့ငါ
အတွေးတွေခမ်းခြောက်
ရင်ခုန်သံတွေနွမ်းတော့
လိပ်ပြာတောင်မလှတော့ပါလား
ခံစားချက်တွေမဲ့နေတာကြာပြီတဲ့လား
ရင်မနွေးရင် ဘာမှလုပ်လို့မရတော့ဘူးလေနော်
ပန်းချီဆရာမကို
ကာလာကောင်းစလင်းလုပ်ပါလားပြောတာ
၂၂ ရာစု ဟာသသစ်လေလား
မြူကျသံတွေက
တစ္ဆေခြေသံယောင်ပြတယ်
လမင်းဝါဝါက
ရှည်သွယ်သွယ်နွဲ့တယ်
ခွေးလေတွေတောင်
ကိုယ့်ကိုဝင်တိုက်ပြီးပြေးသွားတယ်
အိပ်မက်ကိုမှ
တဝီဝီဝင်ကိုက်တဲ့ခြင်တွေ
ခပ်ဆတ်ဆတ်ရိုက်ချပစ် . . .
နင်မို့လို့ ငါ့ကို ပစ်ထားရက်တယ်
ဘဝက ထက်ပိုင်းကျိုးနေပြီ
အကောင်းဆုံးနှစ်ပိုင်းတွေ မင်းကိုပေးခဲ့ပေမယ့်
ပြန်ရခဲ့တာက “အကိုလိုခင်တာပါ”တဲ့လား
ရပါတယ် ရပါတယ် ရပါတယ်
ဘာမှကိုမပြောချင်တော့ဘူး
အဲ့လောက်ချစ်နိုင်တဲ့လူကိုပဲ အံ့သြတယ်
ဖြစ်တတ်ပါတယ်
တခါတခါ ကိုယ်ကံကောင်းတာကို
လူတွေမမြင်တတ်ဘူး
အဲ့လိုနဲ့လွဲခဲ့တာတွေရှိတယ်
လူကောင်းတွေကလဲ ကိုယ့်ကို
ခဏခဏ ခလုတ်မတိုက်မိကြဘူးလေ
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
စကားမပြောတဲ့
နှောင်ကြိုးတွေက
နင့်ကို ကံကောင်းစေသလောက်. . .
ငါ့မှာတော့ ကံမှောင်မှောင်မှာ
ယောင်ကန်းကန်းရယ်ပါ။
မေးကြတယ်ဟ . . .
အဲလောက်ကံကောင်းတဲ့သူ ဘယ်သူလဲလို့ . . .
ငါပြုံးစိစိနဲ့ပြောလိုက်တယ်
“ငါ့ချစ်(ခဲ့)သူ” ပေါ့ လို့ . . .
ငါ့ကံကြီး ဘယ်လောက်ပဲခေခေ
မိုးကောင်းကင်အောက်မှာ
နင်ရှိသေးတယ်ဆိုတဲ့အတွေးနဲ့တင်
ကျေနပ်နေနိုင်ပါတယ် . . . .
BS and A Chen
1:51 pm
4th February 2010
Online
Ygn and Bkk
အသည်းကွဲနေတဲ့ငါ
အတွေးတွေခမ်းခြောက်
ရင်ခုန်သံတွေနွမ်းတော့
လိပ်ပြာတောင်မလှတော့ပါလား
ခံစားချက်တွေမဲ့နေတာကြာပြီတဲ့လား
ရင်မနွေးရင် ဘာမှလုပ်လို့မရတော့ဘူးလေနော်
ပန်းချီဆရာမကို
ကာလာကောင်းစလင်းလုပ်ပါလားပြောတာ
၂၂ ရာစု ဟာသသစ်လေလား
မြူကျသံတွေက
တစ္ဆေခြေသံယောင်ပြတယ်
လမင်းဝါဝါက
ရှည်သွယ်သွယ်နွဲ့တယ်
ခွေးလေတွေတောင်
ကိုယ့်ကိုဝင်တိုက်ပြီးပြေးသွားတယ်
အိပ်မက်ကိုမှ
တဝီဝီဝင်ကိုက်တဲ့ခြင်တွေ
ခပ်ဆတ်ဆတ်ရိုက်ချပစ် . . .
နင်မို့လို့ ငါ့ကို ပစ်ထားရက်တယ်
ဘဝက ထက်ပိုင်းကျိုးနေပြီ
အကောင်းဆုံးနှစ်ပိုင်းတွေ မင်းကိုပေးခဲ့ပေမယ့်
ပြန်ရခဲ့တာက “အကိုလိုခင်တာပါ”တဲ့လား
ရပါတယ် ရပါတယ် ရပါတယ်
ဘာမှကိုမပြောချင်တော့ဘူး
အဲ့လောက်ချစ်နိုင်တဲ့လူကိုပဲ အံ့သြတယ်
ဖြစ်တတ်ပါတယ်
တခါတခါ ကိုယ်ကံကောင်းတာကို
လူတွေမမြင်တတ်ဘူး
အဲ့လိုနဲ့လွဲခဲ့တာတွေရှိတယ်
လူကောင်းတွေကလဲ ကိုယ့်ကို
ခဏခဏ ခလုတ်မတိုက်မိကြဘူးလေ
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
စကားမပြောတဲ့
နှောင်ကြိုးတွေက
နင့်ကို ကံကောင်းစေသလောက်. . .
ငါ့မှာတော့ ကံမှောင်မှောင်မှာ
ယောင်ကန်းကန်းရယ်ပါ။
မေးကြတယ်ဟ . . .
အဲလောက်ကံကောင်းတဲ့သူ ဘယ်သူလဲလို့ . . .
ငါပြုံးစိစိနဲ့ပြောလိုက်တယ်
“ငါ့ချစ်(ခဲ့)သူ” ပေါ့ လို့ . . .
ငါ့ကံကြီး ဘယ်လောက်ပဲခေခေ
မိုးကောင်းကင်အောက်မှာ
နင်ရှိသေးတယ်ဆိုတဲ့အတွေးနဲ့တင်
ကျေနပ်နေနိုင်ပါတယ် . . . .
BS and A Chen
1:51 pm
4th February 2010
Online
Ygn and Bkk
Thursday, February 18, 2010
Ego (အတ္တ)
ဂျီတော့ခ် နဲ့ စီပုံး ကနေ လာလာအော်နေကြတဲ့ အဲလက်စ် နဲ့ ရိုစီ ရဲ့စာဖတ်ပရိတ်သတ်တွေကို အားလည်းနာတယ် ခင်လဲခင်ပါတယ် ခုတလော အဲလက်စ်နဲ့ရိုစီ အာရုံမလာလို့ပါ။ ပြီးတော့ မိဘုတ်နဲ့ ကဗျာစာအုပ်တအုပ်လုပ်မလို့ကြိုးစားနေလို့ကဗျာစုနေတာလဲပါပါတယ် မကြိုက်ရင်လဲ သည်းခံပြီး ကဗျာလေးတွေပဲဖတ်ပေးကြပါလို့ ...............
ကဗျာ ခေါင်းစဉ်အတိုင်း ပဲ အတ္တလေးနဲ့ တောင်းဆိုလိုက်ပါတယ်
Ego
Pity soul confuse
between
Excuse and
Explanation
which are being exhibited
in front of so called
for-the-sake-of bla bla bla.
Can't even think
of stagnant life
without
colorful shadows of yours,
Even though painfully
and
lingeringly tried to decide
to let you go . . . .
BS
22:35
17 FEB 2010အတ္တ
ဘာကဘာ ညာကညာ လို့
ပြောရုံပြော ပြရုံပြ ပေးရုံပေးကြတဲ့
အကြောင်းပြချက်နဲ့ ဖြေရှင်းချက်ကြားမှာ
ညပ်နေတဲ့
သနားစရာ အူလည်လည်
စိတ်လေး
နာကျင်စွာ နှောင်ဖွဲ့လိုစွာ နဲ့ပဲ
မင်းကို
လက်လွှတ်လိုက်ဖို့
ဆုံး
ဖြတ်
ကြည့်
ပေ
မယ့်
ဘဝ ရဲ့
ငြီးငွေ့မှုတွေကိုတောင်
မင်းရဲ့ အရောင်စုံ အရိပ်တွေမပါဘဲ
မ
တွေး
နိုင်
တဲ့
ငါ
ပေါ့
Translated by
A Chen
11:57 AM
18th Feb 2010
Bangkok
Wednesday, February 17, 2010
ဒန်ဒေလီယံ
ဒန်ဒေလီယံ
ကြယ်ကြွေမိုး သံစဉ်တွေနဲ့အတူ
ရိုးရာတေးတပိုင်းတစ ကို
မင်းနဲ့ငါ လေချွန်တုံး
တဖျတ်ဖျတ်လက်နေတဲ့
နဂါးငွေ့တန်းလမ်းကြားလေးနောက်နားမှာ
ကြယ်လေးတွေ တူတူပုန်းနေကြတယ်
နက္ခတ္တဗေဒ ရဲ့
လွဲချော်မှုအကြောင်းတွေကို
ဟာသဖောက်ပြီး
နှင်းဆီပန်းကလေးတွေက
ညံ့ညံ့သက်သက်
ရယ်ပွဲဖွဲ့နေကြချိန်မှာ
အချစ်နတ်ဘုရားသုံးပါးက
ကြင်နာမှု မျက်လုံးတွေနဲ့
ပြုံးနေကြလေရဲ့
ကမ္ဘာ့ဆွဲအားတွေကို
ဥပေက္ခပြုပြီး
အလင်းတွေရဲ့ ကာရံနဲ့ လှိုင်းစီးလို့
ဒန်ဒေလီယံရဲ့ ပွင့်သီးငယ်လေးတွေလို
မင်းနဲ့ငါ အမြင့်ပျံကြမယ်။
Translated By
A Chen
1: 06 am
17th February 2010
Home
Bangkok
ဂန္တဝင်ဘုတ်ဆုံ ရဲ့ ကိုယ်တိုင်ရေး English ကဗျာကို ခံစားဘာသာပြန်ပါတယ်။ မိဘုတ်ရဲ့ English ကဗျာတွေကို ခဏခဏ ကိုယ် ဘာသာပြန်ဖို့ကြိုးစားခဲ့ပါတယ်။ တခါမှမအောင်မြင် ခဲ့ဘူးပါဘူး။ ကိုယ်ကပဲ English စာညံ့လို့လား သူကပဲ ကိုယ်နားလည် ခံစားလို့ရအောင် မရေးထားလို့လား သူနဲ့ ကိုယ်ကပဲ နားလည်မှု အရောင်မတူလို့လား တခုခုပါပဲ။ တကယ်ပါ သူက တခါမှ နားလည်လွယ်အောင်မရေးတတ်ပါဘူး။ သူက English vocabulary အရမ်း ကြွယ်ဝပါတယ်။ ခု နောက်ပိုင်းလဲ English လို ကဗျာအရေးများလာပါတယ်။ သူက ကဗျာ ကိုမြန်မာလိုရေးရင်တောင် စကားလုံး အသုံးအနှူံးတွေက အရမ်းမှုံ့ပါတယ်။ မြန်မာလိုရေးရင် တောင် ကိုယ်နားလည်ဖိုပမနည်းကြိုးစားရတာပါ။ အဲ့တာကြောင့် သူ English လိုရေးတဲ့ အခါ ကိုယ် တခါမှဘာသာ ပြန်ဆို မအောင်မြင်ခဲ့ပါဘူး။ ဒီတပုဒ်တော့ ထူးထူးခြားခြား multiply မှာ တနေ့က သူရေးတင်လိုက် ကတည်းက ဖတ်ဖတ် ချင်း ဘာသာပြန်ချင်စိတ် စိတ်ထဲမှာ ဖြစ်လာ ပါတယ်။ ဘာသာလဲ ပြန် ခဲ့ပါတယ်။ ပြန်ရင်း ပြန်ရင်းနဲ့ ကွန်ပျူတာက ခဏခဏ ပြုတ်ပြုတ်ကျ ပါတယ်။ (Not literally, though) ။ ကိုယ့် ကွန်ပျူတာ က ဘာဖြစ်တယ်မသိ ခုတလော ခဏ ခဏ ချူချာပါတယ်။ ထားတော့ ကွန်ပျူတာက ခဏခဏ သူ့အလိုလို (ကိုယ့်အလိုမတူဘဲ၊ မပါ ဘဲ) ပိတ်ပိတ် သွားတတ်လို့ပါ။ အဲ့အခါ ထပ်ကာထပ်ကာ ပြန်ပြန်ရေးရပါတယ်။ ပြန်ပြန်ရေး တိုင်း ပိုပို ကောင်းလာတယ် လို့ ကိုယ့်ဘာသာထင်ပါတယ်။ ကိုယ်တခါတခါ သဘာဝရဲ့ အလှ ကို ကဗျာရေးဖို့ကြိုးစားခဲ့ပါတယ်။ သေချာတယ် ကိုယ် ဘုတ်ဆုံလောက် ဘုတ်ဆုံလို ကောင်း အောင်ရေးနိုင်မှာ မဟုတ်ဘူး။ သူ့လို English လို ကောင်းကောင်းရေးနိုင်မှတော့ ကိုယ်လဲ English လိုပဲ ကဗျာရေးတော့မှာပေါ့နော်။ ဆရာကြီးရွှေဥဒေါင်း ပြောခဲ့ဖူးသလိုပါပဲ။ အဲ့တော့ ကိုယ်သူရေး ထားတဲ့ ကဗျာ လှလှတွေ ကို ဘာသာ ပြန်နိုင်အောင်ကြိုးစားရပါတယ်။ ခုပထမဆုံး ကြိုးစားထားတာပါ။ ခံစားကြည့်ကြပါ။
အောက်မှာ သူ့ရဲ့ original English ကဗျာ နဲ့ ဒန်ဒေလီယံ ပန်းပွင့် အကြောင်း ဝီကီ ကနေ ရှာထည့်ပေးထားပါတယ်။
Dandelion
You and I are whistling an old piece of folk
Along with beats of meteorites' shower . . .
Stars are playing hide and seek
Behind the glittering street of galaxy.
The Trimurti smiles with kindly eyes
while red roses giggle in tender
by making cute jokes
about slippery ways of astrology.
Sensing no trace of gravity,
Riding a wave with rhyme of light;
You and I are flying high
like two florets from a dandelion.
BS
Tags: own poem
Prev: Cherished Hope

http://en.wikipedia.org/wiki/Taraxacum
Taraxacum
From Wikipedia, the free encyclopedia.
(Redirected from. Dandelion.).
"Dandelion" redirects here. For other uses, see. Dandelion (disambiguation)..
Taraxacum. is a large genus of. flowering plants. in the family. Asteraceae.. They are native to Europe and Asia, and two species,. T. officinale. and. T. erythrospermum., Are found as weeds worldwide.[.1.]. Both species are edible in their entirety.[.2.].[.3.]. Named for their sharp, serrated leaves that resemble lion's teeth.[.4.]. The common name. Dandelion. (pronounced. / Dændɨlaɪ.ən /. (DAN-dih-ly-un) is given to members of the. genus., And like other members of the Asteraceae family, they have very small flowers collected together into a composite. flower head.. Each single flower in a head is called a floret. Many. Taraxacum. species produce seeds. asexually. by. apomixis., Where the seeds are produced without. pollination., Resulting in offspring that are genetically identical to the parent plant.[.5.].
The species of. Taraxacum. are. tap-rooted. biennial. or. perennial. herbaceous. plants, native to. temperate. areas of the. Old World..
The leaves are 5-25 cm long or longer, simple and basal, entire or lobed, forming a rosette above the central taproot. The. flower heads. are yellow to orange colored, and are open in the daytime but closed at night. The heads are borne singly on a hollow stem (scape) which rises 4-75 cm.[.6.]. above the leaves and exudes a milky. sap. (.latex.) When broken. A rosette may produce several flowering stems at a time. The flower heads are 2-5 cm in diameter and consists entirely of ray. florets.. The flower heads mature into a spherical "clocks".[.7.]. containing many single-seeded fruits called. achenes.. Each achene is attached to a. pappus. of fine hairs, which enable wind-aided dispersal over long distances.
The flower head is surrounded by. bracts. (sometimes mistakenly called. sepals.) In two series. The inner. bracts. are erect until the seeds mature, then flex downward to allow the seeds to disperse; the outer bracts are always reflexed downward. Some species drop the "parachute" from the achenes; the hair-like parachutes are called. pappus., And they are modified sepals. Between the pappus and the achene, there is a stalk called a beak, which elongates as the fruit matures. The beak breaks off from the achene quite easily, separating the seed from the parachute.
Dandelion leaves are believed to have a. diuretic. effect as they increase salt and water excretion from the kidneys.[.8.].
ကြယ်ကြွေမိုး သံစဉ်တွေနဲ့အတူ
ရိုးရာတေးတပိုင်းတစ ကို
မင်းနဲ့ငါ လေချွန်တုံး
တဖျတ်ဖျတ်လက်နေတဲ့
နဂါးငွေ့တန်းလမ်းကြားလေးနောက်နားမှာ
ကြယ်လေးတွေ တူတူပုန်းနေကြတယ်
နက္ခတ္တဗေဒ ရဲ့
လွဲချော်မှုအကြောင်းတွေကို
ဟာသဖောက်ပြီး
နှင်းဆီပန်းကလေးတွေက
ညံ့ညံ့သက်သက်
ရယ်ပွဲဖွဲ့နေကြချိန်မှာ
အချစ်နတ်ဘုရားသုံးပါးက
ကြင်နာမှု မျက်လုံးတွေနဲ့
ပြုံးနေကြလေရဲ့
ကမ္ဘာ့ဆွဲအားတွေကို
ဥပေက္ခပြုပြီး
အလင်းတွေရဲ့ ကာရံနဲ့ လှိုင်းစီးလို့
ဒန်ဒေလီယံရဲ့ ပွင့်သီးငယ်လေးတွေလို
မင်းနဲ့ငါ အမြင့်ပျံကြမယ်။
Translated By
A Chen
1: 06 am
17th February 2010
Home
Bangkok
ဂန္တဝင်ဘုတ်ဆုံ ရဲ့ ကိုယ်တိုင်ရေး English ကဗျာကို ခံစားဘာသာပြန်ပါတယ်။ မိဘုတ်ရဲ့ English ကဗျာတွေကို ခဏခဏ ကိုယ် ဘာသာပြန်ဖို့ကြိုးစားခဲ့ပါတယ်။ တခါမှမအောင်မြင် ခဲ့ဘူးပါဘူး။ ကိုယ်ကပဲ English စာညံ့လို့လား သူကပဲ ကိုယ်နားလည် ခံစားလို့ရအောင် မရေးထားလို့လား သူနဲ့ ကိုယ်ကပဲ နားလည်မှု အရောင်မတူလို့လား တခုခုပါပဲ။ တကယ်ပါ သူက တခါမှ နားလည်လွယ်အောင်မရေးတတ်ပါဘူး။ သူက English vocabulary အရမ်း ကြွယ်ဝပါတယ်။ ခု နောက်ပိုင်းလဲ English လို ကဗျာအရေးများလာပါတယ်။ သူက ကဗျာ ကိုမြန်မာလိုရေးရင်တောင် စကားလုံး အသုံးအနှူံးတွေက အရမ်းမှုံ့ပါတယ်။ မြန်မာလိုရေးရင် တောင် ကိုယ်နားလည်ဖိုပမနည်းကြိုးစားရတာပါ။ အဲ့တာကြောင့် သူ English လိုရေးတဲ့ အခါ ကိုယ် တခါမှဘာသာ ပြန်ဆို မအောင်မြင်ခဲ့ပါဘူး။ ဒီတပုဒ်တော့ ထူးထူးခြားခြား multiply မှာ တနေ့က သူရေးတင်လိုက် ကတည်းက ဖတ်ဖတ် ချင်း ဘာသာပြန်ချင်စိတ် စိတ်ထဲမှာ ဖြစ်လာ ပါတယ်။ ဘာသာလဲ ပြန် ခဲ့ပါတယ်။ ပြန်ရင်း ပြန်ရင်းနဲ့ ကွန်ပျူတာက ခဏခဏ ပြုတ်ပြုတ်ကျ ပါတယ်။ (Not literally, though) ။ ကိုယ့် ကွန်ပျူတာ က ဘာဖြစ်တယ်မသိ ခုတလော ခဏ ခဏ ချူချာပါတယ်။ ထားတော့ ကွန်ပျူတာက ခဏခဏ သူ့အလိုလို (ကိုယ့်အလိုမတူဘဲ၊ မပါ ဘဲ) ပိတ်ပိတ် သွားတတ်လို့ပါ။ အဲ့အခါ ထပ်ကာထပ်ကာ ပြန်ပြန်ရေးရပါတယ်။ ပြန်ပြန်ရေး တိုင်း ပိုပို ကောင်းလာတယ် လို့ ကိုယ့်ဘာသာထင်ပါတယ်။ ကိုယ်တခါတခါ သဘာဝရဲ့ အလှ ကို ကဗျာရေးဖို့ကြိုးစားခဲ့ပါတယ်။ သေချာတယ် ကိုယ် ဘုတ်ဆုံလောက် ဘုတ်ဆုံလို ကောင်း အောင်ရေးနိုင်မှာ မဟုတ်ဘူး။ သူ့လို English လို ကောင်းကောင်းရေးနိုင်မှတော့ ကိုယ်လဲ English လိုပဲ ကဗျာရေးတော့မှာပေါ့နော်။ ဆရာကြီးရွှေဥဒေါင်း ပြောခဲ့ဖူးသလိုပါပဲ။ အဲ့တော့ ကိုယ်သူရေး ထားတဲ့ ကဗျာ လှလှတွေ ကို ဘာသာ ပြန်နိုင်အောင်ကြိုးစားရပါတယ်။ ခုပထမဆုံး ကြိုးစားထားတာပါ။ ခံစားကြည့်ကြပါ။
အောက်မှာ သူ့ရဲ့ original English ကဗျာ နဲ့ ဒန်ဒေလီယံ ပန်းပွင့် အကြောင်း ဝီကီ ကနေ ရှာထည့်ပေးထားပါတယ်။
Dandelion
You and I are whistling an old piece of folk
Along with beats of meteorites' shower . . .
Stars are playing hide and seek
Behind the glittering street of galaxy.
The Trimurti smiles with kindly eyes
while red roses giggle in tender
by making cute jokes
about slippery ways of astrology.
Sensing no trace of gravity,
Riding a wave with rhyme of light;
You and I are flying high
like two florets from a dandelion.
BS
Tags: own poem
Prev: Cherished Hope

http://en.wikipedia.org/wiki/Taraxacum
Taraxacum
From Wikipedia, the free encyclopedia.
(Redirected from. Dandelion.).
"Dandelion" redirects here. For other uses, see. Dandelion (disambiguation)..
Taraxacum. is a large genus of. flowering plants. in the family. Asteraceae.. They are native to Europe and Asia, and two species,. T. officinale. and. T. erythrospermum., Are found as weeds worldwide.[.1.]. Both species are edible in their entirety.[.2.].[.3.]. Named for their sharp, serrated leaves that resemble lion's teeth.[.4.]. The common name. Dandelion. (pronounced. / Dændɨlaɪ.ən /. (DAN-dih-ly-un) is given to members of the. genus., And like other members of the Asteraceae family, they have very small flowers collected together into a composite. flower head.. Each single flower in a head is called a floret. Many. Taraxacum. species produce seeds. asexually. by. apomixis., Where the seeds are produced without. pollination., Resulting in offspring that are genetically identical to the parent plant.[.5.].
The species of. Taraxacum. are. tap-rooted. biennial. or. perennial. herbaceous. plants, native to. temperate. areas of the. Old World..
The leaves are 5-25 cm long or longer, simple and basal, entire or lobed, forming a rosette above the central taproot. The. flower heads. are yellow to orange colored, and are open in the daytime but closed at night. The heads are borne singly on a hollow stem (scape) which rises 4-75 cm.[.6.]. above the leaves and exudes a milky. sap. (.latex.) When broken. A rosette may produce several flowering stems at a time. The flower heads are 2-5 cm in diameter and consists entirely of ray. florets.. The flower heads mature into a spherical "clocks".[.7.]. containing many single-seeded fruits called. achenes.. Each achene is attached to a. pappus. of fine hairs, which enable wind-aided dispersal over long distances.
The flower head is surrounded by. bracts. (sometimes mistakenly called. sepals.) In two series. The inner. bracts. are erect until the seeds mature, then flex downward to allow the seeds to disperse; the outer bracts are always reflexed downward. Some species drop the "parachute" from the achenes; the hair-like parachutes are called. pappus., And they are modified sepals. Between the pappus and the achene, there is a stalk called a beak, which elongates as the fruit matures. The beak breaks off from the achene quite easily, separating the seed from the parachute.
Dandelion leaves are believed to have a. diuretic. effect as they increase salt and water excretion from the kidneys.[.8.].
Tuesday, February 2, 2010
ဗီနို နဲ့ ဘွေးတုတ် (သို့) ဘုတ်ဆုံ နဲ့ တီချမ်း
ဗီနို
သူကြွယ်တွေတီးတဲ့ ဗုံသံ
ပါတီလို့ ခေါ်ကြတယ်။
ဖိတ်စာမပါလည်း ၀င်လို့ရပါတယ် . . . တဲ့
ခေါင်းကိုတော့ နည်းနည်းလေး ငုံ့ထားပေါ့ . . .
နင့်ရဲ့
မှိန်မှောင်မှောင်အပြုံးတစ်ဝက်ကပြောတယ်
ငါတို့နှစ်ယောက်ကလွဲရင် အားလုံး သူဌေးတွေ . . . လို့။
နင်ကြားနိုင်ဖို့ ငါ့အဖြေက
"I'm yours" သီချင်းသံနဲ့
ထွေရာလေးပါးလွင့်
“ငါတို့ နှစ်ယောက်က စိတ် ချမ်းသာတယ်လေ” . . . ။
မိုးပေါ်က ကြည့်သူတွေကြောင့်
အိပ်မက်တွေ မခြောက်ခြားခဲ့သလို
မြေပြင်က အကြည့်တွေကြောင့်လည်း
စိတ်ကူးတွေ မမျောခဲ့ဘူး . . .
ပြုံးတတ်တဲ့ သာမန်ရိုးကျ အကြည့်ရဲ့မေးခွန်းက
ငါ့ဆုံးဖြတ်ချက်တွေကို အမွမွအစိတ်စိတ်ချေခွဲ . . .
လူဆိုတဲ့ အတန်းအစားတွေ ကွဲကြတယ် . . . တဲ့။
ငါမောင်းတဲ့စက်ဘီး
နင်စီးတဲ့ကား
အသိုင်းအ၀ိုင်းတွေ ခြားထားတယ်။
နင်လိုချင်တဲ့
အတောင်ပံတွေရဖို့
ခုန်ချခဲ့တဲ့ ချောက်ကမ်းပါးမှာ
ငါ့ရဲ့ လက်ဆောင်လေး
အားငယ်နေရှာပေါ့။
ဒါနဲ့ပဲ
ကံတရားကို
သားချော့တေးဆိုပြရင်း
မနက်ဖြန်မှာ
နင်နဲ့ငါ
Second Hand အိတ် သွားဝယ်ကြမယ်လေ။ ။
BS
19:55
2 January 2010
Black Canyon, CM
သူကြွယ်တွေတီးတဲ့ ဗုံသံ
ပါတီလို့ ခေါ်ကြတယ်။
ဖိတ်စာမပါလည်း ၀င်လို့ရပါတယ် . . . တဲ့
ခေါင်းကိုတော့ နည်းနည်းလေး ငုံ့ထားပေါ့ . . .
နင့်ရဲ့
မှိန်မှောင်မှောင်အပြုံးတစ်ဝက်ကပြောတယ်
ငါတို့နှစ်ယောက်ကလွဲရင် အားလုံး သူဌေးတွေ . . . လို့။
နင်ကြားနိုင်ဖို့ ငါ့အဖြေက
"I'm yours" သီချင်းသံနဲ့
ထွေရာလေးပါးလွင့်
“ငါတို့ နှစ်ယောက်က စိတ် ချမ်းသာတယ်လေ” . . . ။
မိုးပေါ်က ကြည့်သူတွေကြောင့်
အိပ်မက်တွေ မခြောက်ခြားခဲ့သလို
မြေပြင်က အကြည့်တွေကြောင့်လည်း
စိတ်ကူးတွေ မမျောခဲ့ဘူး . . .
ပြုံးတတ်တဲ့ သာမန်ရိုးကျ အကြည့်ရဲ့မေးခွန်းက
ငါ့ဆုံးဖြတ်ချက်တွေကို အမွမွအစိတ်စိတ်ချေခွဲ . . .
လူဆိုတဲ့ အတန်းအစားတွေ ကွဲကြတယ် . . . တဲ့။
ငါမောင်းတဲ့စက်ဘီး
နင်စီးတဲ့ကား
အသိုင်းအ၀ိုင်းတွေ ခြားထားတယ်။
နင်လိုချင်တဲ့
အတောင်ပံတွေရဖို့
ခုန်ချခဲ့တဲ့ ချောက်ကမ်းပါးမှာ
ငါ့ရဲ့ လက်ဆောင်လေး
အားငယ်နေရှာပေါ့။
ဒါနဲ့ပဲ
ကံတရားကို
သားချော့တေးဆိုပြရင်း
မနက်ဖြန်မှာ
နင်နဲ့ငါ
Second Hand အိတ် သွားဝယ်ကြမယ်လေ။ ။
BS
19:55
2 January 2010
Black Canyon, CM
ဘွေးတုတ်
သူဆင်းရဲတွေ မှုတ်တဲ့ပုလွေဝိုင်းက
လမ်းထိပ် ကစော်ဝိုင်းလေးပေါ့
ဝင်သောက်ချင်ရင်လာလေ
နည်းနည်းတော့ မိုက်ရဲရတယ်
လင်းချင်းနေတဲ့
ငါ့ရဲ့အပြုံးလေးကိုကြည့်ရင်းပြောတဲ့နင်
ငါတို့လောက်ချမ်းသာတာ ကမ္ဘာပေါ်မှာ
ဘီလ်ပဲရှိတော့တယ်တဲ့
ငါ့ကိုပြောတဲ့ နင့်စကား
မလင်ဒါတော့ဘယ်လိုထင်မယ်မသိ
ပြုံးပြုံးလေးနဲ့ သူက မက်ဒေါနားရဲ့
“ပစ္စည်းသည်မလေး” သီချင်းကိုညည်းလို့…..။
နင့်အသိုင်းအဝိုင်းက
ပိုက်ဆံမပေးခဲ့သလို
ငါ့အသိုင်းအဝိုင်းကလည်း ငွေမပို့ခဲ့ဘူးပါဘူး
တွေ့ရင်တော့ မေးနေ ပြောနေကြ အပြုံးတုတွေက
“အဆင်ပြေရဲ့လား?”…………တဲ့လေ
အိမ်ဖော်တွေအဆင်မပြေဘူးညည်းတဲ့ သူကလဲ
ဆိုက်ကနက်ကားကြီးစီးလို့
ငါတို့မှာတော့ ဆိုက်ကားတောင် ခပ်နက်နက်မစီးရဲဘူး
ငါစားတဲ့ မုန့်ဟင်းခါး
နင်ကြိုက်တတ်တဲ့ အုန်းနို့
အကြော်တွေအခါခါမဲ့
ငရုပ်သီးမှုန့်နဲ့
နံနံပင်လေးသာ
ပကာသန အမည်ခံနိုင်လေမလား…..???
ငါ့ကိုပေးခဲ့တဲ့
လမ်းထိပ်ကစွယ်တော်ပင်ရွက်ကလေးတောင်
ခြောက်သရောင်းလို့ပေါ့
လိပ်ပြာတောင်ပံတုတစုံအလား
ဒီလိုနဲ့
မနက်ဖြန်တွေမနက်ဖြန်တွေအတွက်
နင်နဲ့ငါ နင်နဲ့ငါ အိုး……………
အိုး……………
အိုး……………..
နင်နဲ့ငါနဲ့
အိုး တွေဖုတ်ကြမလား
ဒီနှစ် ဘုရားပွဲကြရင် တူတူရောင်းကြတာပေါ့။ ။
A
Chen
8: 59 pm
1st January 2010
Starbucks, Bkk.
Tuesday, December 8, 2009
အညတရ
မရေးတာကြာလို့ မိဘုတ်မ နဲ့တူတူကဗျာလေးရေးမိပြန်ပါတယ်
လက်မကျလောက်သေးဘူးမှန်းတာပါပဲ ကဗျာကလဲခက်တယ် တခါခါကျ ဒလဟော ထွက်လာတတ်သလောက် တခါခါကျတော့ ကျောက်ခဲရေညစ်တာကမှပိုထွက်မယ့်ပုံစံ
အဲ့တော့ ဘာလုပ်ရလဲဆိုတော့ ကဗျာများများဖတ်ပါတယ် ကိုယ့်ကို inspiration ပေးနိုင်မယ့် ကိုယ်ကြိုက်တဲ့ ကဗျာဆရာတွေကိုဖတ်ရတာပေါ့
တီကတော့ တီအမြဲဘာသာပြန်နေကြ ကြိုက်လဲအရမ်းကြိုက်တဲ့ jewel kilcher ရဲ့ ကဗျာတွေကိုဖတ်တာများပါတယ် မိဘုတ်ကတော့ ပြောစရာမလိုအောင်ကဗျာရည်ဝ ပြီးသားပါ
အမှန်က သူနဲ့ရေးလို့သာ ပိုထွက်တာလဲဖြစ်နိုင်ပါတယ်
နောက်တခုက တီတို့နှစ်ယောက်က ကဗျာမှအတွဲညီတယ် (လို့ထင်ပါတယ်) ပြီးတော့ ရေးရင် တီကလဲတီ့ပုံစံပဲဖြစ်နေပြီးတော့ သူကလဲ သူ့ပုံစံနဲ့ပါ
စကားလုံးတွေသုံးတာကအစ flow တွေအလယ် အဓိပ္ပါယ်အဆုံးပေါ့
လောက ကိုမြင်တဲ့အမြင်တွေကအစမတူပါဘူး
နောက်ပြီးတော့ တီက လွတ်လပ်ဝါဒီ သူက တာအိုသမား
အဲ့လိုပါ တရားကိုချည်းကပ်ပုံလဲကွာကြပါတယ်
ဒါပေမယ့် သူနဲ့ ကိုယ်ကဗျာကောင်းလေးတွေတော့ရေးနိုင်ခဲ့ကြတယ် (ထင်တာပါပဲ) ပြီးတော့ ထူးဆန်းတာလို့ပြောလို့လဲရတဲ့ မထူးဆန်းတဲ့အကြောင်းလေးတခုပြောပြချင်ပါတယ် တီနဲ့သူက တွေ့ရင်ကဗျာအကြောင်းမပြောဖြစ်ကြဘူး ဘာတွေပြောလဲဆိုရင် ရုပ်ရှင်အကြောင်းပြောတာများတယ်
ပြီးတော့ ကဗျာတွေကို တူတူထိုင်ရေးတယ်ဆိုတာ တခါမှမရှိဘူးဘူး
အင်း ဒါပေမယ့် အွန်လိုင်းမှာဆိုရင်တော့ ထူးဆန်းစွာပဲ (မထူးဆန်းဘူးလို့လဲပြောလို့ရပါတယ်) ရေးဖြစ်ကြတယ် သူတကြောင်းကိုယ်တကြောင်း သူတပိုဒ် ကိုယ်တပိုဒ်
နောက်တော့ လိုတာဖျက်ပြင် ပိုလျော့ တည်းဖြတ်က တီအရင်proof လုပ်ရပါတယ် ပြီးတော့ မှ သူကပြန်ကြည့်ပြီး အင်း.....ဒီနေရာမှာတော့ ဒီလိုဆို ပိုကောင်းမယ် ဟ ဒါလေးတော့ဖြုတ်လိုက်တော့ စသဖြင့်ပြောတတ်ပါတယ် နောက် နာမည်............ကဗျာ နာမည်ကိုလဲတီကရွေးတာများပါတယ် သူက ကြိုက်မကြိုက်ပြောတာပဲ (ရှားပါးလွန်းတဲ့) တခါတလေမှ သူက အကြံပြုတတ်ပါတယ် များသောအားဖြင့် တီပေးတဲ့နာမည် သူကြိုက်တာများပါတယ် အဲ့လိုပေါ့
ချစ်သူငယ်ချင်းလေးသို့ အမှတ်တရ..........................
အညတရ
A Chen
အိပ်စက်ခြင်းတွေနဲ့ဝေးရာ
ငါရောက်နေမိတယ်
ဖန်သားပြင်ပေါ်မှာ
စာတွေရိုက်လို့
ငါ့အတွေးတွေ ကို
စကားလုံးတွေအဖြစ်နဲ့ဖော်ပြ
သြော် ငါရေးနေတာ
ကဗျာတဲ့လား
သြော်
ကဗျာရေးနေတာ
ငါတဲ့လား?
BS
နာရီလက်တံကြီး
တဝီဝီမြည်နေလိုက်တာ
ငါနဲ့ ဘာမှမပတ်သက်သလိုပဲ
အိပ်စက်ခြင်းကို
နားမလည်တဲ့စိတ်တွေ
နေပစေ
နင့်အရိပ်တွေရဲ့ ဘေးမှာ
A Chen
ညကြီးကလဲ လမပါ
အမှောင်တွေချည်းပဲ
ဘဝကကော
အရောင်တွေမဲ့ပြီး
တီးမုန်းစရာ
နှောင်တွယ်ခြင်းမဲ့
မင်းမရှိတော့ ငါ့မှာ
ခဏတာတောင် မှ
ယောင်လည်ရင်းလွဲ
BS
ဘဝမှာ
နံပါတ်တွေပျောက်နေတယ်
လမ်းဘေးကိုခုန်ချခဲ့ပါ
အနုပညာသည်တဲ့လေ
ငါ…
ဘယ်ခြုံကို ခိုရမှာလဲ
???
A Chen
ငါ့မှာ
သုညတွေပျောက်နေတယ်
မြောင်းထဲကိုရောက်နေတယ်
(ဆပ်ပြာ)
ပူဖောင်းထဲမှာတောင်
ပြန်ပြန် “ပေါက်” နေတယ်
ကဲဘယ်လိုလဲ
…
…
…
BS and A Chen
2:16 am
6th December 2009
Bkk, chaing mai
Online
လက်မကျလောက်သေးဘူးမှန်းတာပါပဲ ကဗျာကလဲခက်တယ် တခါခါကျ ဒလဟော ထွက်လာတတ်သလောက် တခါခါကျတော့ ကျောက်ခဲရေညစ်တာကမှပိုထွက်မယ့်ပုံစံ
အဲ့တော့ ဘာလုပ်ရလဲဆိုတော့ ကဗျာများများဖတ်ပါတယ် ကိုယ့်ကို inspiration ပေးနိုင်မယ့် ကိုယ်ကြိုက်တဲ့ ကဗျာဆရာတွေကိုဖတ်ရတာပေါ့
တီကတော့ တီအမြဲဘာသာပြန်နေကြ ကြိုက်လဲအရမ်းကြိုက်တဲ့ jewel kilcher ရဲ့ ကဗျာတွေကိုဖတ်တာများပါတယ် မိဘုတ်ကတော့ ပြောစရာမလိုအောင်ကဗျာရည်ဝ ပြီးသားပါ
အမှန်က သူနဲ့ရေးလို့သာ ပိုထွက်တာလဲဖြစ်နိုင်ပါတယ်
နောက်တခုက တီတို့နှစ်ယောက်က ကဗျာမှအတွဲညီတယ် (လို့ထင်ပါတယ်) ပြီးတော့ ရေးရင် တီကလဲတီ့ပုံစံပဲဖြစ်နေပြီးတော့ သူကလဲ သူ့ပုံစံနဲ့ပါ
စကားလုံးတွေသုံးတာကအစ flow တွေအလယ် အဓိပ္ပါယ်အဆုံးပေါ့
လောက ကိုမြင်တဲ့အမြင်တွေကအစမတူပါဘူး
နောက်ပြီးတော့ တီက လွတ်လပ်ဝါဒီ သူက တာအိုသမား
အဲ့လိုပါ တရားကိုချည်းကပ်ပုံလဲကွာကြပါတယ်
ဒါပေမယ့် သူနဲ့ ကိုယ်ကဗျာကောင်းလေးတွေတော့ရေးနိုင်ခဲ့ကြတယ် (ထင်တာပါပဲ) ပြီးတော့ ထူးဆန်းတာလို့ပြောလို့လဲရတဲ့ မထူးဆန်းတဲ့အကြောင်းလေးတခုပြောပြချင်ပါတယ် တီနဲ့သူက တွေ့ရင်ကဗျာအကြောင်းမပြောဖြစ်ကြဘူး ဘာတွေပြောလဲဆိုရင် ရုပ်ရှင်အကြောင်းပြောတာများတယ်
ပြီးတော့ ကဗျာတွေကို တူတူထိုင်ရေးတယ်ဆိုတာ တခါမှမရှိဘူးဘူး
အင်း ဒါပေမယ့် အွန်လိုင်းမှာဆိုရင်တော့ ထူးဆန်းစွာပဲ (မထူးဆန်းဘူးလို့လဲပြောလို့ရပါတယ်) ရေးဖြစ်ကြတယ် သူတကြောင်းကိုယ်တကြောင်း သူတပိုဒ် ကိုယ်တပိုဒ်
နောက်တော့ လိုတာဖျက်ပြင် ပိုလျော့ တည်းဖြတ်က တီအရင်proof လုပ်ရပါတယ် ပြီးတော့ မှ သူကပြန်ကြည့်ပြီး အင်း.....ဒီနေရာမှာတော့ ဒီလိုဆို ပိုကောင်းမယ် ဟ ဒါလေးတော့ဖြုတ်လိုက်တော့ စသဖြင့်ပြောတတ်ပါတယ် နောက် နာမည်............ကဗျာ နာမည်ကိုလဲတီကရွေးတာများပါတယ် သူက ကြိုက်မကြိုက်ပြောတာပဲ (ရှားပါးလွန်းတဲ့) တခါတလေမှ သူက အကြံပြုတတ်ပါတယ် များသောအားဖြင့် တီပေးတဲ့နာမည် သူကြိုက်တာများပါတယ် အဲ့လိုပေါ့
ချစ်သူငယ်ချင်းလေးသို့ အမှတ်တရ..........................
အညတရ
A Chen
အိပ်စက်ခြင်းတွေနဲ့ဝေးရာ
ငါရောက်နေမိတယ်
ဖန်သားပြင်ပေါ်မှာ
စာတွေရိုက်လို့
ငါ့အတွေးတွေ ကို
စကားလုံးတွေအဖြစ်နဲ့ဖော်ပြ
သြော် ငါရေးနေတာ
ကဗျာတဲ့လား
သြော်
ကဗျာရေးနေတာ
ငါတဲ့လား?
BS
နာရီလက်တံကြီး
တဝီဝီမြည်နေလိုက်တာ
ငါနဲ့ ဘာမှမပတ်သက်သလိုပဲ
အိပ်စက်ခြင်းကို
နားမလည်တဲ့စိတ်တွေ
နေပစေ
နင့်အရိပ်တွေရဲ့ ဘေးမှာ
A Chen
ညကြီးကလဲ လမပါ
အမှောင်တွေချည်းပဲ
ဘဝကကော
အရောင်တွေမဲ့ပြီး
တီးမုန်းစရာ
နှောင်တွယ်ခြင်းမဲ့
မင်းမရှိတော့ ငါ့မှာ
ခဏတာတောင် မှ
ယောင်လည်ရင်းလွဲ
BS
ဘဝမှာ
နံပါတ်တွေပျောက်နေတယ်
လမ်းဘေးကိုခုန်ချခဲ့ပါ
အနုပညာသည်တဲ့လေ
ငါ…
ဘယ်ခြုံကို ခိုရမှာလဲ
???
A Chen
ငါ့မှာ
သုညတွေပျောက်နေတယ်
မြောင်းထဲကိုရောက်နေတယ်
(ဆပ်ပြာ)
ပူဖောင်းထဲမှာတောင်
ပြန်ပြန် “ပေါက်” နေတယ်
ကဲဘယ်လိုလဲ
…
…
…
BS and A Chen
2:16 am
6th December 2009
Bkk, chaing mai
Online
Tuesday, November 3, 2009
Ordinary girl…

Ordinary girl…
Addy:
And BS was her name,
Is just a very normal ordinary name?
But it’s OK
She might not beautiful enough
Smart enough
Sparkle enough
But may be is a girl worth fighting for
BS:
I am just an ordinary girl
Addy:
And BS was her name,
Is just a very normal ordinary name?
But it’s OK
She might not beautiful enough
Smart enough
Sparkle enough
But may be is a girl worth fighting for
BS:
I am just an ordinary girl
Came from a very far land
Beauty, Smart and Sparkle
Everything I just left in the hand of society
But I hope my rebellion worth living for
Addy:
She said she is an ordinary girl
Live in ordinary world
May be looking for an ordinary love
Love…
Oh my dear love…
Where are you?
Can we just meet in ordinary way?
BS:
Love….
I just don’t want to spoil the meaning with words
One morning,
Addy:
She said she is an ordinary girl
Live in ordinary world
May be looking for an ordinary love
Love…
Oh my dear love…
Where are you?
Can we just meet in ordinary way?
BS:
Love….
I just don’t want to spoil the meaning with words
One morning,
I woke up with an ordinary dream
and an ordinary fragrance around me
Oh I remember, is “ylan ylan…”
Oh I remember, is “ylan ylan…”
Ordinarily talking with you over coffee
Yes,
I just gave up myself to that ordinary love
Addy:
My oh my
That ordinary girl
Now…ordinarily fall in love
In such an ordinary world
With ordinary dreams
She dreams
Just like other
My oh my
Such an ordinary means of life
How ordinary…..?
Addy and BS
11:43 am
13th August 2009
Online
Bali and Ygn
Addy:
My oh my
That ordinary girl
Now…ordinarily fall in love
In such an ordinary world
With ordinary dreams
She dreams
Just like other
My oh my
Such an ordinary means of life
How ordinary…..?
Addy and BS
11:43 am
13th August 2009
Online
Bali and Ygn
Tuesday, October 13, 2009
ပွဲတော်သို့

ပွဲတော်သို့
Addy:
ပွဲတော်ကိုလွမ်းတယ်
Addy:
ပွဲတော်ကိုလွမ်းတယ်
ငါရောက်သွားတော့
အစည်းအဝေးကစနေပြီတဲ့
အစည်းအဝေးကစနေပြီတဲ့
နောက်ကျတာပေါ့
ထားလိုက်ပါ
ဘာမှအရေးမပါမှတော့
ဘာမှအရေးမကြီးတော့ပါဘူး
အိပ်ချင်လာပြီ
မျက်လုံးထဲမှာ
ငွေမျှင်ရောင်လိုင်းလေးပဲ
မြင်ယောင်နေမိတယ်
မြင်ယောင်နေမိတယ်
ပိုးစုန်းကြူးလေးက
မှိတ်တုတ် မှိတ်တုတ်နဲ့
မိဘုတ်:
သူ့အတွက် ရည်စူးထားတဲ့
ကဗျာ ထုပ်လေးကို
မြူမှုန်တွေနဲ့ ထုတ်ပိုးခဲ့တယ်
ပွဲတော်ရဲ့ အကောင်းဆုံးပြကွက်မှာမှ
ငါက အိပ်ပျော်နေခဲ့တော့
မိဘုတ်:
သူ့အတွက် ရည်စူးထားတဲ့
ကဗျာ ထုပ်လေးကို
မြူမှုန်တွေနဲ့ ထုတ်ပိုးခဲ့တယ်
ပွဲတော်ရဲ့ အကောင်းဆုံးပြကွက်မှာမှ
ငါက အိပ်ပျော်နေခဲ့တော့
လွဲပြန်တာပေါ့ဟာ
နေပါစေလေ
သူနဲ့တောင် လွဲမှတော့
ဘယ်အလွဲမှ အဲလောက်မလွဲနိုင်တော့ပါဘူး
ငိုချင်လာပြီ
မျက်လုံးထဲမှာ
အရောင်တွေ
လျှပ်စီးတဖျက်ဖျက်လက်လို့ . . .
ကြယ်လေးကတော့
ပြုံးနေတုန်းပဲ
Addy:
ဘာပဲဖြစ်ဖြစ်ပါ
Addy:
ဘာပဲဖြစ်ဖြစ်ပါ
ပွဲတော်ကိုရောက်လာမှတော့
ခင်ဗျားလဲ
ကဗျာလေးတပုဒ်လောက်တော့
ရွတ်သွားပါအုံးလား
ပိုးစုန်းကြူးလေးက
ကြယ်လေးကိုလှမ်းပြောတာလား
ကြယ်လေးကိုလှမ်းပြောတာလား
ကြယ်လေးက
ပိုးစုန်းကြူးလေးကိုလှမ်းပြောတာလား
ပိုးစုန်းကြူးလေးကိုလှမ်းပြောတာလား
တိုးနေလို့ သေချာမကြားရတာလား
ဝေးနေလို့သေချာမကြားရတာလား
လျှပ်စီး တဖျက်ဖျက်လက်နေတဲ့ကြားမှာ
ငွေမျှင်ရောင်တန်းကလေးကိုတွေ့တယ်
မိဘုတ်:
ကြယ်လေးက ရောင်ပြန်တွေနဲ့
အလင်းလိုပြေးနေတုန်း
မိဘုတ်:
ကြယ်လေးက ရောင်ပြန်တွေနဲ့
အလင်းလိုပြေးနေတုန်း
ပိုးစုန်းကြူးရဲ့ ကဗျာလေးတွေကို
ပွဲတော်ကြီးက နားမလည်ဘူးတဲ့ . . .
ပွဲတော်ကြီးက နားမလည်ဘူးတဲ့ . . .
ဘာဖြစ်လဲကိုယ့်ကဗျာကို
Espresso တစ်ခွက်လို
တစ်စိမ့်စိမ့်သောက်ပစ်လိုက်တယ်
တစ်စိမ့်စိမ့်သောက်ပစ်လိုက်တယ်
ညရဲ့နောက်ကိုလိုက်သွားတဲ့
မိုးစက်တွေကို လွမ်းလိုက်တာ . .
မိုးစက်တွေကို လွမ်းလိုက်တာ . .
ဒီအချိန်ဆို ကြယ်ကလေး
ရေချိုးနေရောပေါ့
Addy:
ဒီလိုနဲ့ ပွဲတော်ကြီးထဲမှာ…..
လျှောက်သွားနေကြတယ်
Addy:
ဒီလိုနဲ့ ပွဲတော်ကြီးထဲမှာ…..
လျှောက်သွားနေကြတယ်
ကြယ်လေးရယ်
ပိုးစုန်းကြူးလေးရယ်
ကဗျာလေးရယ်
ငွေမျှင်ရောင်တန်းလေးရယ်
လျှပ်ပန်းတွေရယ်
ကောင်လေးရယ်
ကောင်မလေးရယ်
ကျတော်ရယ်
ခင်ဗျားရယ်
သူရယ်
သူမရယ်
BS and A Chen
5:17 pm
13th October 2009
Tuesday
Online
Ching Mai-Bangkok
BS and A Chen
5:17 pm
13th October 2009
Tuesday
Online
Ching Mai-Bangkok
Wednesday, October 7, 2009
သီတင်းကျွတ်
သီတင်းကျွတ်
မိဘုတ်:
အသက်ရယ် တစ်ဆယ်မကျော်ခင်က
မိဘုတ်တို့ နယ်မှာဖြင့်
သီတင်းရယ် ကျွတ်ပြီဆိုတာနဲ့
ဆီမီးတွေ ထိန်ထိန်ညီးတယ်
လမင်းနှယ် နီးနီး။
အသက်ကယ် အတော်အတန်ရလာတော့
ရွှေနားတော် ဘယ်မခံနိုင်ဘု
ကလေးတွေထုကြတဲ့ ဗျောက်အိုးသံ
နှလုံးတစ်လျှောက် တုန်လို့ဆန်တယ်
ဒီမြို့တော်ကြီးမလဲ
ဗုံးသို့နှယ် ညံညံ။
ဦးဦးချမ်း:
ခုများတော့ တော်တော်ကြာပြီ
တုတ်ကောက်ကိုထောက်ခါထောက်ခါနဲ့
ဒေါ်ဒေါ်ဘုတ်ကြီး
အသက်ကယ်တော်တော်ကြီး
ဆံပင်တွေတောင်ဖြူတူတူ
မျက်မှန်နဲ့ဒေါ်ဘုတ်ဘုတ်မှာ
ငြူတူ စူစူ
ဗျောက်သံကိုခုခါ သူကြောက်ပါပေါ့
အော်လိမ့်မယ် ဆင်ကောင်လောက်အသံနဲ့
“ဟဲ့ ကလေးတွေ…………”
ပြောချင်ပါသေးတယ် မိဘုတ်ရဲ့
ကြိုက်တတ်တော့ အက်စ်ပရက်စို
ဒါဘယ်ရှော့ကို
သောက်တော့နင်
နှလုံးတုန်မှာ ပူပုံမရ
ပြောလိုက်မယ် ဦးဦးချမ်းက
နင်တော်တော် “ထ”
BS and A Chen
Time and date not remember
Sometime in Oct 09
Online
မိဘုတ်:
အသက်ရယ် တစ်ဆယ်မကျော်ခင်က
မိဘုတ်တို့ နယ်မှာဖြင့်
သီတင်းရယ် ကျွတ်ပြီဆိုတာနဲ့
ဆီမီးတွေ ထိန်ထိန်ညီးတယ်
လမင်းနှယ် နီးနီး။
အသက်ကယ် အတော်အတန်ရလာတော့
ရွှေနားတော် ဘယ်မခံနိုင်ဘု
ကလေးတွေထုကြတဲ့ ဗျောက်အိုးသံ
နှလုံးတစ်လျှောက် တုန်လို့ဆန်တယ်
ဒီမြို့တော်ကြီးမလဲ
ဗုံးသို့နှယ် ညံညံ။
ဦးဦးချမ်း:
ခုများတော့ တော်တော်ကြာပြီ
တုတ်ကောက်ကိုထောက်ခါထောက်ခါနဲ့
ဒေါ်ဒေါ်ဘုတ်ကြီး
အသက်ကယ်တော်တော်ကြီး
ဆံပင်တွေတောင်ဖြူတူတူ
မျက်မှန်နဲ့ဒေါ်ဘုတ်ဘုတ်မှာ
ငြူတူ စူစူ
ဗျောက်သံကိုခုခါ သူကြောက်ပါပေါ့
အော်လိမ့်မယ် ဆင်ကောင်လောက်အသံနဲ့
“ဟဲ့ ကလေးတွေ…………”
ပြောချင်ပါသေးတယ် မိဘုတ်ရဲ့
ကြိုက်တတ်တော့ အက်စ်ပရက်စို
ဒါဘယ်ရှော့ကို
သောက်တော့နင်
နှလုံးတုန်မှာ ပူပုံမရ
ပြောလိုက်မယ် ဦးဦးချမ်းက
နင်တော်တော် “ထ”
BS and A Chen
Time and date not remember
Sometime in Oct 09
Online
Tuesday, September 29, 2009
နွေ မိုး ဆောင်း ညောင်း
နွေ မိုး ဆောင်း ညောင်း
Addy:
မှိုင်းနေတဲ့ ရာသီဥတု
ပျင်းခြောက်ခြောက် နဲ့
ပျက်နေတဲ့
ငါ့ရဲ့စိတ်တွေ
နင်ဘယ်မှာလဲ
ကူမင်းရေ ပျင်းတယ်ဟယ်
စိုစွတ်စွတ် မိုးရေစက်တွေနဲ့
အတူဘယ်သူ့ ကိုမှန်းမသိ
လွမ်းတယ်
မိဘုတ်:
နေပူပူမှာမှ
ပလတ်စတစ်ဆန်နေရတဲ့ ဘဝ
လွမ်းရတာတောင်ပြာဖွေးဖွေးနဲ့ . . .
ရန်ကုန်ရေ
သီတင်းမကျွတ်ခင်
လမ်းကြုံဝင်ငိုမယ်ဆိုတဲ့
မိုးရေ
တစ်ပေါက်နှစ်ပေါက်ပဲဖြစ်ဖြစ်ပေါ့ဟာ . . .
Addy:
အေးလိုက်တာခိုက်ခိုက်လို့တုန်
နှင်းတွေနဲ့ဖွေးနေတဲ့
ဖူဂျီရာမာ...
ချယ်ရီတွေတောင်ပွင့်လို့နော်
အခါးရေနွေးနွေးတခွက်နဲ့
နင့်ကိုလဲပစ်မယ်ကွာ
မိဘုတ်:
စိတ်ကူးထဲမှာတောင်နှင်းမဖွဲမှတော့
ရာသီဥတုဆိုတာလည်း
အလကားပဲ
တိမ်တွေကို ပေးတဲ့ကျိန်စာတွေလည်း
မီးခိုးကြောင်းထပ်နေပြီ
တစ်လောကလုံး
နားလေးနေရော့သလား
A Chen and BS
Kunming and Yangon
21st September 2009
12:21 pm
Addy:
မှိုင်းနေတဲ့ ရာသီဥတု
ပျင်းခြောက်ခြောက် နဲ့
ပျက်နေတဲ့
ငါ့ရဲ့စိတ်တွေ
နင်ဘယ်မှာလဲ
ကူမင်းရေ ပျင်းတယ်ဟယ်
စိုစွတ်စွတ် မိုးရေစက်တွေနဲ့
အတူဘယ်သူ့ ကိုမှန်းမသိ
လွမ်းတယ်
မိဘုတ်:
နေပူပူမှာမှ
ပလတ်စတစ်ဆန်နေရတဲ့ ဘဝ
လွမ်းရတာတောင်ပြာဖွေးဖွေးနဲ့ . . .
ရန်ကုန်ရေ
သီတင်းမကျွတ်ခင်
လမ်းကြုံဝင်ငိုမယ်ဆိုတဲ့
မိုးရေ
တစ်ပေါက်နှစ်ပေါက်ပဲဖြစ်ဖြစ်ပေါ့ဟာ . . .
Addy:
အေးလိုက်တာခိုက်ခိုက်လို့တုန်
နှင်းတွေနဲ့ဖွေးနေတဲ့
ဖူဂျီရာမာ...
ချယ်ရီတွေတောင်ပွင့်လို့နော်
အခါးရေနွေးနွေးတခွက်နဲ့
နင့်ကိုလဲပစ်မယ်ကွာ
မိဘုတ်:
စိတ်ကူးထဲမှာတောင်နှင်းမဖွဲမှတော့
ရာသီဥတုဆိုတာလည်း
အလကားပဲ
တိမ်တွေကို ပေးတဲ့ကျိန်စာတွေလည်း
မီးခိုးကြောင်းထပ်နေပြီ
တစ်လောကလုံး
နားလေးနေရော့သလား
A Chen and BS
Kunming and Yangon
21st September 2009
12:21 pm
Wednesday, August 12, 2009
ဖျက်ခံရတဲ့နွေကဗျာ
ဖျက်ခံရတဲ့နွေကဗျာ
မိဘုတ်။
မိကယ်။
မချစ်တတ်တဲ့
ချစ်တတ်လွန်းတဲ့
လေပြည်တွေတောင်
မုန်တိုင်းတွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
တည်ငြိမ်စွာ တရားမှတ်လို့
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
သူ့ရဲ့မုန်းခြင်းတွေလည်း
ရွက်နုတွေလို
ရော်ရွက်တွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
မြန်မြန်ကြွေပါတော့လေ…
ကျိန်စာမိခဲ့တဲ့
ဆုတောင်းပြည့်ခဲ့တဲ့
ဥသြတစ်ကောင်လို
ကျီးကန်းတကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
သူ့ဘဝက မီးဖိုထဲ (ဟစ်ဟစ်)
ကန္တာရကို
ပင်လယ်ပြင်ကို
ချိုချဉ်လိုမြိုခဲ့သူလေ
ဘီယာလိုသောက်ခဲ့တဲ့ကိုယ်ပါ
ပူလောင်ဖို့လိုသေးလို့လား . . .
ငံပြာရည်ဆိုတာပါးပါးလေး….
နင်နဲ့ငါရဲ့
ငါနဲ့နင်ရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ပီပြင်ပြင် ထိတွေ့မှုတွေ
ဖုန်တွေနဲ့
ဗွက်တွေနဲ့
ဒွေးရောယှက်တင်
လွတ်လွတ်ကင်းကင်း
လွင့်လို့ . . .
လူးလို့
ချစ်တယ် နွေရယ်။
မုန်းတယ် ဆောင်းရယ်……..
Posted by အန်တီချမ်း
Posted by ဘွားဘွားကယ်…….
မိဘုတ်။
မိကယ်။
မချစ်တတ်တဲ့
ချစ်တတ်လွန်းတဲ့
လေပြည်တွေတောင်
မုန်တိုင်းတွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
တည်ငြိမ်စွာ တရားမှတ်လို့
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
သူ့ရဲ့မုန်းခြင်းတွေလည်း
ရွက်နုတွေလို
ရော်ရွက်တွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
မြန်မြန်ကြွေပါတော့လေ…
ကျိန်စာမိခဲ့တဲ့
ဆုတောင်းပြည့်ခဲ့တဲ့
ဥသြတစ်ကောင်လို
ကျီးကန်းတကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
သူ့ဘဝက မီးဖိုထဲ (ဟစ်ဟစ်)
ကန္တာရကို
ပင်လယ်ပြင်ကို
ချိုချဉ်လိုမြိုခဲ့သူလေ
ဘီယာလိုသောက်ခဲ့တဲ့ကိုယ်ပါ
ပူလောင်ဖို့လိုသေးလို့လား . . .
ငံပြာရည်ဆိုတာပါးပါးလေး….
နင်နဲ့ငါရဲ့
ငါနဲ့နင်ရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ပီပြင်ပြင် ထိတွေ့မှုတွေ
ဖုန်တွေနဲ့
ဗွက်တွေနဲ့
ဒွေးရောယှက်တင်
လွတ်လွတ်ကင်းကင်း
လွင့်လို့ . . .
လူးလို့
ချစ်တယ် နွေရယ်။
မုန်းတယ် ဆောင်းရယ်……..
Posted by အန်တီချမ်း
Posted by ဘွားဘွားကယ်…….
Saturday, August 8, 2009
ဖျက်ခံရတဲ့ ဆောင်းကဗျာ
ဖျက်ခံရတဲ့ ဆောင်းကဗျာ
Addy:
Lady Kev:
အပြင်မှာနှင်းတွေ
အထဲမှာ နေတွေ (ဘောကွင်းထဲမှာ)
တဖွဲဖွဲကျနေပြီ
ကျဲကျဲတောက်ပူနေပြီ
ဆောင်းရောက်နေပြီလား
နွေရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ထရံပေါက်ကငါချောင်းရင်း
ပြတင်းပေါက်ပေါ်က
ထရံကွက်ထဲက
ရေမှုန်တွေပေါ်မှာ
ဝါးခြမ်းပြားလေးတွေ
နင့်နာမည်ကိုရေးနေမိတယ်
ငါတခုချင်းချိုးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ရေမလာတဲ့အခါ အီအီးကုန်းရတာပေါ့
ချစ်သူရေ...
မုန်းသူရေ…
ဘယ်ရောက်နေပြီလဲ
ဘယ်ထောင်ကျနေလဲ
နှင်းစက်တွေနဲ့
နေပူရှိန်နဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
ခြောက်နေတဲ့ ရွှံ့တွေထဲမှာ
တူတူလှဲရင်း
တူတူလူးရင်း
အဆုံးအစမဲ့
ဘောင်ခပ်ကျဉ်းကျဉ်းနဲ့
ကောင်းကင်ပြာပြာကြီးကို
ရေဆိုးကန်ထဲကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
နှာခေါင်းရှုံ့ခဲတဲ့ညတွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
ရာသီတွေတောင်ပြောင်းလို့
စက်ဘီးလေးကိုနင်းရင်း
ချယ်ဂါလီလေးတွန်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ငါ့ခြေနှစ်ချောင်းက
ခါးကိုလာလာဖက်ရင်
နင့်ကို ကန်မိရင်
ငါအရမ်းယားတတ်ခဲ့တာလေ
နင်အရမ်းအော်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
ဗွက်အိုင်ကလေးသိပါတယ်
သြော် ခုတော့...
ဟယ်… မနေ့က
ငါတယောက်တည်း
နင်တယောက်တည်း
နေဝင်လမ်းမကြီးမှာ
အဝေးပြေးကားဂိတ်နားမှာ
ဖော်မပါ တကိုယ်တည်း
ဖင်တုရင်တုတွေနဲ့
စက်ဘီးနင်းတော့
အော်ဖါဆင်းတော့
နင့်ကိုသတိရမိတယ်
မိယာမရော ဈေးဦးပေါက်ရဲ့လား
ချစ်သူ...
ကောင်မရေ
နေဝင်တော့မယ်
ဈေးပေါင်ကျိုးတော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
ရတဲ့ဈေးနဲ့လိုက်သွားဟာ…
Posted by အန်တီချမ်း
Posted by ခေတ်ပြိုင် လေဒီကယ်
Addy:
Lady Kev:
အပြင်မှာနှင်းတွေ
အထဲမှာ နေတွေ (ဘောကွင်းထဲမှာ)
တဖွဲဖွဲကျနေပြီ
ကျဲကျဲတောက်ပူနေပြီ
ဆောင်းရောက်နေပြီလား
နွေရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ထရံပေါက်ကငါချောင်းရင်း
ပြတင်းပေါက်ပေါ်က
ထရံကွက်ထဲက
ရေမှုန်တွေပေါ်မှာ
ဝါးခြမ်းပြားလေးတွေ
နင့်နာမည်ကိုရေးနေမိတယ်
ငါတခုချင်းချိုးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ရေမလာတဲ့အခါ အီအီးကုန်းရတာပေါ့
ချစ်သူရေ...
မုန်းသူရေ…
ဘယ်ရောက်နေပြီလဲ
ဘယ်ထောင်ကျနေလဲ
နှင်းစက်တွေနဲ့
နေပူရှိန်နဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
ခြောက်နေတဲ့ ရွှံ့တွေထဲမှာ
တူတူလှဲရင်း
တူတူလူးရင်း
အဆုံးအစမဲ့
ဘောင်ခပ်ကျဉ်းကျဉ်းနဲ့
ကောင်းကင်ပြာပြာကြီးကို
ရေဆိုးကန်ထဲကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
နှာခေါင်းရှုံ့ခဲတဲ့ညတွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
ရာသီတွေတောင်ပြောင်းလို့
စက်ဘီးလေးကိုနင်းရင်း
ချယ်ဂါလီလေးတွန်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ငါ့ခြေနှစ်ချောင်းက
ခါးကိုလာလာဖက်ရင်
နင့်ကို ကန်မိရင်
ငါအရမ်းယားတတ်ခဲ့တာလေ
နင်အရမ်းအော်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
ဗွက်အိုင်ကလေးသိပါတယ်
သြော် ခုတော့...
ဟယ်… မနေ့က
ငါတယောက်တည်း
နင်တယောက်တည်း
နေဝင်လမ်းမကြီးမှာ
အဝေးပြေးကားဂိတ်နားမှာ
ဖော်မပါ တကိုယ်တည်း
ဖင်တုရင်တုတွေနဲ့
စက်ဘီးနင်းတော့
အော်ဖါဆင်းတော့
နင့်ကိုသတိရမိတယ်
မိယာမရော ဈေးဦးပေါက်ရဲ့လား
ချစ်သူ...
ကောင်မရေ
နေဝင်တော့မယ်
ဈေးပေါင်ကျိုးတော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
ရတဲ့ဈေးနဲ့လိုက်သွားဟာ…
Posted by အန်တီချမ်း
Posted by ခေတ်ပြိုင် လေဒီကယ်
Sunday, August 2, 2009
ရာသီပျက်အလွမ်း (ဆောင်း BS's solo version)
ရာသီပျက်အလွမ်း (ဆောင်း BS's solo version)
မိဘုတ်:
နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။
ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။
စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။
လွမ်းတယ် ဆောင်းရယ်။
မိဘုတ်:
နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။
ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။
စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။
လွမ်းတယ် ဆောင်းရယ်။
Saturday, August 1, 2009
ရာသီပျက်အလွမ်း (ဆောင်း Addy's solo version)
ရာသီပျက်အလွမ်း (ဆောင်း Addy's solo version)
Addy:
အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ
နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်
ချစ်သူ...
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
Addy:
အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ
နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်
ချစ်သူ...
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
Friday, July 31, 2009
ရာသီပျက်အလွမ်း (ဆောင်း dual version)
ရာသီပျက်အလွမ်း (ဆောင်း dual version)
Addy:
အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ
နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်ချစ်သူ
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
မိဘုတ်:
နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။
ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။
စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။
လွမ်းတယ် ဆောင်းရယ်။
A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn
Addy:
အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ
နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်ချစ်သူ
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
မိဘုတ်:
နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။
ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။
စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။
လွမ်းတယ် ဆောင်းရယ်။
A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn
ရာသီပျက်အလွမ်း (နွေ BS's solo version)
ရာသီပျက်အလွမ်း (နွေ BS's solo version)
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကို
ချိုချဉ်လိုမြိုခဲ့သူလေ
ပူလောင်ဖို့လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကို
ချိုချဉ်လိုမြိုခဲ့သူလေ
ပူလောင်ဖို့လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
Thursday, July 30, 2009
ရာသီပျက်အလွမ်း (နွေ Addy's solo version)
ရာသီပျက်အလွမ်း (နွေ solo version)
Addy:
ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက
ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့ ထီးကလေးက
နင်ဖြစ်တယ်
နွေပူပူထဲမှာ
ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့
နင်မရှိတဲ့ ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့
ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
Addy:
ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက
ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့ ထီးကလေးက
နင်ဖြစ်တယ်
နွေပူပူထဲမှာ
ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့
နင်မရှိတဲ့ ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့
ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
Wednesday, July 29, 2009
ရာသီပျက်အလွမ်း (နွေ dual version)
ရာသီပျက်အလွမ်း (နွေ dual version)
Addy:
ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့
ထီးကလေးက နင်ဖြစ်တယ်
နွေပူပူထဲမှာ ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့ နင်မရှိတဲ့
ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့
ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကိုချိုချဉ်လို
မြိုခဲ့သူလေပူလောင်ဖို့
လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn
Addy:
ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့
ထီးကလေးက နင်ဖြစ်တယ်
နွေပူပူထဲမှာ ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့ နင်မရှိတဲ့
ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့
ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကိုချိုချဉ်လို
မြိုခဲ့သူလေပူလောင်ဖို့
လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn
Tuesday, July 28, 2009
ရာသီပျက်အလွမ်း (မိုး Min Min's Solo Version)
ရာသီပျက်အလွမ်း
မင်းမင်း:
ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်
ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ
ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်
မင်းမင်း:
ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်
ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ
ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်
Subscribe to:
Posts (Atom)