ရာသီပျက်အလွမ်း (နွေ dual version)
Addy:
ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့
ထီးကလေးက နင်ဖြစ်တယ်
နွေပူပူထဲမှာ ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့ နင်မရှိတဲ့
ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့
ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကိုချိုချဉ်လို
မြိုခဲ့သူလေပူလောင်ဖို့
လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
2 weeks ago
တီရေ..
ReplyDeleteချစ်တယ်နွေရယ် တဲ့လား။ နွေတော့မချစ်ဘူးဗျ။ မိုးတော့ဖြင့် တအားချစ်။ ဘာပဲပြောပြော ကဗျာလေးကတော့ လှလို့။
:)
လွမ်းနိုင်သူတွေ လွမ်းကြပါ..
ReplyDeleteဘေးနားမှာရှိတယ် မဟုတ်လား? သိပ်မလွမ်းနဲ့လေ.. ဘေးကတစ်ယောက် သနားပါတယ်
ဒီမှာတော့ နွေကြီး မိုးပဲ ရွာနေတယ်.. လေတာ