Showing posts with label ကြာဇံ. Show all posts
Showing posts with label ကြာဇံ. Show all posts

Tuesday, April 10, 2012

TCKO (T Chen Kyae O)

သိတယ် စားချင်စရာလေး တီချမ်းချက်ထားတာ တော်လိုက်တာကွယ် လို့တွေးနေကြပြီမှလား ဒီလို စားချင်စရာ အရသာကောင်းကောင်းလေးရအောင် ဘယ်လိုများ တော်တီးတီးတော် လက်စွမ်းပြလိုက်လဲ သိရအောင် ဆက်ဘတ်ကြည့်ကြရအောင်နော်။





ခုတလောတော့ လုပ်စားတာတွေ များနေလို့ ဘယ်ကနေ စတင်ရမှန်းတောင် မသိဘူး။ တီချမ်းတယောက်လဲ
ရေးရင်းရေးရင်းနဲ့ ပရိတ်သတ်လက်ခံမှု အရ ဟင်းချက်ဘလောခ်ဖြစ်မှန်းမသိဖြစ်လာပြီ။ ခုတလော အိမ်မှာ
ချက်တာများလွန်းတော့ လူတွေလဲ မနာလိုဖြစ်နေကြပြီ။ ဒီအပတ် အိမ်မှာ လူတော်တော်စုံကြတယ်။ ညီဝမ်းကွဲတယောက်ရောက်နေသလို အော်ဇီက သူငယ်ချင်းတယောက်လဲ ရောက်နေ နောက်မွေးစားသားကလဲ
ဗီဇာ ကိစ္စ ပြည်တော်ခဏပြန်မယ်ဆိုတော့ ကဲ အဲ့တာဆို မာလာဟော့ပေါ့ လုပ်ကျွေးမယ်ဆိုပြီးတော့ ဘာရှိသလဲ ကြည့်တော့ ဘာမှ မရှိဘူး အဲ့တာနဲ့ လွယ်လွယ်ကူကူ ကြေးအိုးပဲ လုပ်ကျွေးမယ် ဆိုပြီးတော့ လွယ်ကူစားမြိန်ကို ဖုန်းဆက် သူရုံးက အပြန် မုန်ညှင်းရွက်ဘာညာဝယ်၊ အသားဝယ်လာ ဆိုပြီးတော့ ကြေးအိုးပဲ လုပ်ဖြစ်ကြတယ်။ လုပ်မယ်ဆိုတော့လဲ တခါမှ မလုပ်ဘူးဘူး အဲ့တော့ အေအေဘီ ကနေ မေးလိုက်တော့ တယောက်က လင့်ခ်ပေး တယ် မြူးရဲ့ဘလောခ်လင့်ပါ။ နောက် ကိုယ့်ဘာသာ ထပ်ရှာလိုက်တော့ စုဘူးအိမ် ကိုထပ်တွေ့တယ်။ ဒီလိုပဲ လိုက်ဘတ် လိုက်ကြည့်တော့လဲ ချက်တတ်သွားတာပါပဲ။ မွေးကတည်းက တော်တာဆိုတော့ ညှင်းညှင်းညှင်း....





ကဲ ပြင်ဆင်တာ အရင် စပါမယ်နော်။ ကြေးအိုးကလဲ ကယိကထတော့များတယ်။ မွစိလေးတွေ လုပ်ရတာများလို့
အသားကို အရင်ပြင်ပါမယ်။ ကြိတ်သားကို လိုသလောက် ဝယ်ပါ။ အဆီပါတာလေးရွေးဝယ်ပါနော်။ အဲ့တာမှ စား
ကောင်းတာ။ တီတို့ကတော့ ၂ ကီလိုထင်တယ် လွယ်ကူစားမြိန်ဝယ်လာတာ။ အသားတွေကို နယ်မယ့်ဇလုံထဲ
ထည့် ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နည်းနည်းထည့်ပြီးတော့ နှံ့အောင်နယ်ပေး ပါတယ်။ ပြီးရင်ပုံအတိုင်း နှပ်ထားလိုက်ပါနော်။





အသည်းလေးတွေကိုလဲ ပါးပါးလေးလှီးပြီးတော့ ကော်မှုန့်၊ ခရုဆီနည်းနည်း ဆား အချိုမှုန့် တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။





ဟင်းရည်တအိုးကို အရိုးတွေနဲ့ တည်ထားပါ။ ဆားအချိုမှုန့် တို့ ခနော် ဝက်ခဲ တို့နဲ့ ညနေကတည်းက ကြိုတည် ထားပါတယ်။ ဟင်းရည်ကို ဆူတာနဲ့ မီးအေးပြီး တီချမ်း မဟာဟင်းရည်ကြည်အောင်တည်နည်းအတိုင်း ဖြေးဖြေး ချင်းတည်ထားပါတယ်။ နောက် အူချိုတွေကိုတော့ သပ်သပ်မလုပ်ချင်တာနဲ့ ဟင်းရည်အိုးထဲ ပစ်ထည့်ထားလိုက် ပါတယ်။ သူက နည်းနည်းကြာကြာလေး ပြုတ်ရတော့ ပစ်သာထားလိုက် ဘာမှမဖြစ်ဘူး။





ပြီးတော့ မှ ကျက်ပြီဆိုတော့ ဆယ်ထားလိုက်မယ်။ အောက်က ဝက်သားလုံး 7-11 က အဆင်သင့်စားဝက်သားလုံး ပါပဲ။ သူ့ကိုတော့ ချက်တဲ့အခါမှာ ထည့်ပြုတ်ဖို့ ဒီအတိုင်းပဲထားထားပါမယ်။ ဟင်းရည်ထဲထည့်ပြုတ်ထားရင် ပွ သွားတတ်လို့ပါ။





ကြာဇံ ကိုရေစိမ်ပြီး စစ်ထားပေးပါ။ ဆန်ကြာဇံ ကိုရွေးဝယ်ပါနော်။ ငုံးဥ ကိုလဲ ပြုတ်ပြီး ခွာထားပါ။





ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို ဘလန်ဒါနဲ့ကြိတ်ပြီးတော့ ရှာလကာရည် နဲ့ သကြားပါလေရုံလေးထည့်ပြီး ဖျော် ထားပါတယ်။ နောက်တော့မှ ချီလီဆော့ထ် နဲ့ ရောလိုက်တော့ အလွယ် အချဉ်ရည်ရတာပေါ့။





ကြေးအိုးဆိုရင် မပါမဖြစ်က ကျူချိုင်ပါ။ ၃ စင်တီလောက်လေးတွေလှီးထားပါ။ မုန်ညှင်းကိုလဲ သင်ပြီး ရေဆေးစစ်ထားပါမယ်။





ပြုတ်ပါတော့မယ်။ အိုးအလွတ်ထဲကို ခုနက ဝက်ပြုတ်ရည် ကြိုက်သလောက်ထည့်ပါ။ နောက် ဝက်သားလုံးလေးတွေပစ်ထည့် ခဏ ဆူအောင်တည်ပေးပါမယ်။ ခုနက နယ်ပြီးနှပ်ထားတဲ့ အသားတွေကို ဇွှန်းနဲ့ ကော်ကော်ပြီး လုံးထည့်ပါ။





အရည်ဆူလာရင် အရွက်ထည့်၊ ငုံးဥ ထည့် နောက် ခဏထပ်ပေးဆူ ပြီးတော့ ကြာဇံထည့်ပါမယ်။ ကြာဇံက ပရီအကြို စိမ်ပြီး ဖြစ်တဲ့ အတွက် ကြာကြာပြုတ်စရာမလိုပါဘူး။ ကြာကြာပြုတ်ရင် ကြာကြာမစံရဘဲမြန်မြန် ပြဲပါမယ်။ ကြာဇံထည့်ပြီးတာနဲ့ အသည်းထည့်၊ ဆား အချိုမှုန့်ထည့်၊ တချက်နှစ်ချက်လောက်မွှေပေးလိုက်ရင် ရပါပြီ။ အသည်းကို နောက်ဆုံးမှ ထည့်တာ သူက မြန်မြန်ကျက်လွယ်လို့
ရယ် ကြာကြာပြုတ်ရင် မာပြီးစားမကောင်းလို့ရယ်ပါ။ အသည်း ကို အဲ့လိုလေး ထည့်မွှေလိုက်မှ အရည်လေးက နည်းနည်း နောက်တောက်တောက်ဖြစ်ပြီး ဆိုင်လို ထွက်လာပါတယ်။ ခုနကတည်းက အိုးထဲမှာ ကြိုပြုတ်ထားတဲ့ အူချိုကိုတော့ သေးသေးလေးတွေညှပ်ထည့်လိုက်ပါတယ်။





ဆီချက် အတွက်ဆိုရင်တော့ ခုနက ပြုတ်ထားတာတွေအကုန်ကို ဇကာနဲ့ ဆစ်ထုတ်လိုက်ပါ။ နောက် နယ်မယ့် ဇလုံထဲထည့် ပဲငံပြာရည်အကြည်ထည့်။ ဆား အချိုမှုန့် နည်းနည်းထပ်ထည့် နှမ်းဆီ နည်းနည်းလေးထည့် ပြီးရင် နယ်လိုက်လိုက်ရင် အရသာရှိတဲ့ ကြေးအိုးဆီချက်တပွဲရတာပေါ့နော်။ ခုနက ဆစ်ထုတ်လိုက်တဲ့ အရည်ကို ကျူချိုင်ထည့်လိုက်ရင် ဟင်းရည်ရပါပြီ။ ချိုပေါ့ မြည်းပြီး လိုတာထပ်ထည့်ပါ။ အချဉ်လေးနဲ့ တွဲဘက်စားလိုက်ရင် ရှယ် တီစီကေအို ပေါ့နော်။

အသားလုံးလေးတွေက နည်းနည်းကြီးသွားတယ် လွယ်ကူစားမြိန်လက်ချက်ပဲ။





ဒါလေးတွေကတော့ အရည်သောက်နဲ့ ဆီချက် ယှဉ်ပြထားတာပါ။ အရည်သောက်ဆိုလဲ နှမ်းဆီနည်းနည်းလေး ထည့်လိုက်ပါအုံးနော် အဲ့တာမှ ဆိုင်ကလို ကြေးအိုး အရသာကော အနံ့ကော ရပါမယ်။ လုပ်ရတာလဲ လွယ် စားလို့လဲကောင်း ဆိုင်က လို အချိုမှုန့်တွေများပြီး ချွဲပစ်မနေတဲ့ စားပြီးရင် ရေမငတ်တဲ့ TCKO လေးပါနော်။

ရေလည်ကောင်း အရမ်းကောင်း ဂွတ်ရှယ်ကောင်း ကောင်းလွန်းလို့ မွေးစားသားက တောင် နှစ်ပွဲတွယ်ပါတဲ့ တီချမ်းကြေးအိုးပါနော်။

ဘော်နပ်စ်

နောက်နေ့ကျ ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ဟာတခု တင်ပေးမယ်။ မှန်အောင်ဖြေ (၂) မှတ်။


A Chen
2:03 AM
Thursday
12th Apr 2012
Home
Bangkok

Friday, July 8, 2011

ကြည်လဲ့လဲ့ဦး တုတ်ထိုး

တလောကတည်းက တုတ်ထိုးလုပ်စားမယ် တင်မယ် ဘာညာ ဘာညာ ပြောနေအော်နေတာ အတော်ကြာပါပြီ။ တကယ်က တီက တုတ်ထိုး မလုပ်တတ်ပါဘူး စားပဲစားတတ်တာပါ။ တုတ်ထိုးဆိုရင် ဆီနဲ့ ကြော်တာလဲ ကြိုက်တယ် ရေနဲ့ပြုတ်တာလဲ ကြိုက်တယ် ရန်ကုန်စတိုင်လ် လဲကြိုက်တယ် မန္တလေး စတိုင်လ် လဲ ကြိုက်တယ် နီနီအရောင် အရည်တွေနဲ့တောင်ကြီး စတိုင်လ် မငြင်းဘူး ကြံမဆိုင်ထည့် ပြုတ်တဲ့ အရည်သောက်လဲ လာထားပဲ

ငယ်ငယ်ကဆို မိုဃ်းကောင်းဘုရားပွဲနေ့တွေဆိုရင် ကျောက်ကုန်းမှာ နေတဲ့ သူငယ်ချင်း ခြံထဲ ကနေ အသည်ကို တောင်းလိုက် ခေါ်စားနေကြပါ။ အဲ့တုံးက ခြင်း ၁၆ တွေ ဘာတွေတောင်မပေါ်သေးဘူး တီတို့က ခြင်းလိုက် အုပ်နေပြီ။

နောက် ငယ်ငယ်က တသက်လုံးကြီးလာတာကတော့ ရန်ကင်း ၁၂ လုံးတန်း တုတ်ထိုးပါ ရောင်းတဲ့ လူကြီး ဆို မိုက်တယ် သူ့သားသမီးတွေအကုန် တုတ်ထိုးရောင်းပြီးကျောင်းထားလာတာ နောက်တော့ မြေနီကုန်း
ရောက်တော့ မြေနီကုန်း ရွှေမန်းရုံ နားက အဖိုးကြီး တုတ်ထိုး အဲ့မှာ လဲ ဂျမခါနာက နပ်စ်မတွေ ဆရာဝန်မတွေနဲ့အကြီး အကျယ် ရန်တွေဖြစ်ပြီး စားခဲ့ရတာပါ မှတ်မှတ် ရရနောက် မန်းတလေးရောက်တော့ သူငယ်ချင်းတယောက် လိုက်ကျွေးတဲ့ ဒညင်းသီးတွေ ထည့်ပြုတ်တဲ့ သူ့အိမ်နားက တုတ်ထိုး ငယ်ငယ်က တောင်ကြီးမှာ ကျောင်းနေတုံးက စားခဲ့ရတဲ့ လိမ္မော်ရောင် ဟင်းရည်ပါသောက်လို့ရတဲ့ တုတ်ထိုး စတာတွေကို တခုမှ မမေ့ပါဘူး။

ခုတော့ အရင်မြန်မာပြည်က သမီးတပည့်မလေးကြောင့် ကိုယ်တိုင်ချက် တုတ်ထိုး ကိုစားရပါတော့မယ် ဒန်ဒန့်ဒန့်

တုတ်ထိုးမှာ အရေးကြီး တာ အချဉ်ပါ ပရိတ်သတ်ကြီးတွေလဲ အကုန် သဘောတူကြမယ် မျှော်လင့်ပါတယ် မတူလဲ မရဘူးလေ တီ့ စာလာဘတ်နေတာပဲကိုးနော်.....အဲ့တာကြောင့် အရေးအလွန်အင်မတန်မှကြီးတဲ့ အချဉ် ဖျော်နည်း ကို ဦးစွာပထမ ပြုကာပြရရင်တော့....





ပထမဆုံး မြန်မာပြည်ဖြစ် အချဉ်ရည် လိုပါမယ် ယိုးဒယားသော ထိုင်းသော တရုတ်သော အမေရိကန်သော အချသ်တွေ မရပါဘူး တုတ်ထိုးဆိုရင် မြန်မာပြည်ဖြစ် ချီးပန်းချဉ် လို့ တချို့တွေ ခေါ်ကြတဲ့ အဲ့ဒီ အချဉ် လိုကိုလိုပါတယ် မရှိရင် မကောင်းပါဘူး ချီတို လို အချဉ်မျိုး ဆိုရင်လဲ မကောင်းပါဘူး။ အဲ့တော့ မြန်မာပြည်ဖြစ် ချီးပန်းချဉ် ပဲရအောင်ရှာပါ။ ဘေးကတော့ ငရုတ်သီးစိမ်း ဂျင်း ကြက်သွန်ဖြူ တောက်တောက်စင်းပါ။





ပထမ ပုံကတော့ ထန်းညက်ရည်ပါ ညောင်စီးကျအောင်ကြိုပါလို့ ဆရာမကြီး ကြည်လဲ့လဲ့ဦးက ပြောပါတယ်။ သူ့ဘေးကတော့ မန်ကျီးရည်နှစ်ပါ သေချာဖျော်ပြီးတော့ အဖတ်တွေ ဆယ်ထားလိုက်ပါ။





ပြီးရင် ခုနက ချီးပန်းချဉ်ထဲကို ခုနက ဟာတွေအဆင်ပြေအောင် အကုန်ထည့် သမမျှတအောင်မွှေ ဆားအချိုမှုန့်ရော သံပရာရည်ထည့် ပြီးရင် သေချာမွှေအရသာမြည်း အဆင်မပြေရင် လိုတာ ထည့် ပိုသွားရင် ခုနက ထန်းညက်နဲ့ မန်ကျီးရည်ရော ကြိုက်သလိုပြင်ပါလေ။ အဲ့တာ ဆိုပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိတဲ့ အချဉ်တခွက် ရတာပေါ့။





ဒါတွေကတော့ ထည့်ဝင်မယ့် ကလီစာ အကုန်ပါပဲ။ တီကတော့ အလွယ် စီယမ်ပါရာဂွမ်ကပဲ ဝယ်ပါတယ် အကုန်လုံးက လုပ်ပြီးသား ကိုင်ပြီးသား သန့်သန့်လေးတွေပဲ အူလေးတွေဆို အရောင်တောင် တောက်နေတယ် သန့်ပြီးတောက်ပြောင်နေတယ် ဆိုတာ အဲ့လိုမျိုးဟာကိုပြောတာပဲ။ ပထမ အိုးကတော့ တီက အလွယ် အပျော့ အိုးလို့ခေါ်ပါတယ် အချင်း၊ အူပွ၊ အူချို စတဲ့ အူနဲ့ဆိုင်သော အနုကလေးများပေါ့။ ဒုတိယအိုးကတော့ အမာအိုးလို့ တီကခေါ်တဲ့ အူမကြီး၊ သရက်ရွက်၊ အသဲ၊ နှလုံး၊ ကျောက်ကပ်၊ အမြီး၊ လျှာ စတာတွေပါပါတယ်။ နောက်ဆုံးပုံလေးကတော့ အူချိုပါ ဘေးနှစ်ဘက်နှစ်ချက် ကို သွားရေကွင်းလေးနဲ့ ချည်ရပါမယ်။ ပုံထဲမှာ ပါတဲ့ အနီရောင်လေးပါ သေချာကြည့်ရင် ပုံရဲ့ ညာဘက်ကနေဆိုရင် ၃ ချိုး ၂ ချိုးလောက် အလယ်မကျတကျမှာ တွေ့ရမှာပါ။ အူချိုက အရမ်းနုတော့ ဆေးနေတုံး ပြုတ်နေတုံး အထဲက အစာတွေထွက်ကျကုန်မှာ စိုးလို့ပါ။ ပြီးရင်တော့ အကုန်လုံး ကိုသေချာဆေးကြောပြီးရင် နယ်ဖတ်တဲ့ အစီအစဉ် စပါမယ်။





ပုံမှာ ပြထားတဲ့ အတိုင်း အရေးကြီးတဲ့ ပဲငံပြာရည် အနောက် ကိုထည့်ပါမယ် ဆား အချိုမှုန့် သကြား စတာတွေထည့်ပါမယ်။ အောက်ကတော့ ပြုတ်တော့မယ် တကဲကဲ အနေအထားပါ။ ပြုတ်တဲ့အခါမှာ ဆီနည်းနည်းထွက်အောင် ဝက်ဆီဖတ်တွေ ထည့်ပြုတ်ပါမယ်။ နောက် မွှေးအောင် ဂျင်း ပြားပြားလေးတွေ လှီးပြီးထည့်ပါသေးတယ်။ ငရုတ်ကောင်းမှုန့် လည်းနည်းနည်းထည့်ပါ။





အပေါ် နှစ်ပုံက အပျော့အိုးပါ။ မပြုတ်ခင် နဲ့ပြုတ်ဆဲ အနေအထားပေါ့။ ဖြူဖြူ အဖတ်တွေက ဝက်ဆီဖတ်တွေဖြစ်ပါတယ်။





အမာအိုးဖြစ်ပါတယ်။





ပျော့မာပြိုင် တူတူ ပြုတ်ကြတယ် ဆိုတာ ဖြစ်ပါတယ်။ နူးတဲ့အထိ ဆိတ်ဆိတ်ကြည့်ပြီး အားရပါးရသာပြုတ်ပါလေ။ ကတ်ကြေးလေးနဲ့ သေးသေးလေးတွေညှပ်ညှပ်ပြီး ပြုတ်ရင်း မြည်းရင်း နူးမနူးကြည့်ရင်း လုပ်ရမယ့် အချိန်အခါပေါ့ကွယ်။





ဟော်ပြုတ်တဲ့ အခန်းပြီးသွားတော့ ကြော်ရပါမယ် တီကတော့ သေချာမသိပါဘူး တီတို့စားတော့ တောင်းပေါ်ရောက်နေပြီလေနော်။ အိုးထဲထည့်ထည့် ယူလာတာတော့ တွေ့တယ် အဲ့တာတွေက အရောင်လှအောင် ကြော်ပြီးသား လို့ ဆရာမကြီး ကြည်လဲ့လဲ့ဦး ကဖြည့်ပြောပါသေးတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ခုနက ပြုတ်တာတွေ ဆယ်ပြီး သကာလ ဆီလေးနည်းနည်းနဲ့ ဒယ်အိုးထဲမှာ လှိမ့်ရပါမယ်။ အကုန်လုံးကို တခါဆီလောက် လှိမ့်ပြီးရင်တော့ အနံအရသာ အရောင်အဆင်းနဲ့ ပြည့်စုံတဲ့ မူလလက်ဟောင်း ကြည်လဲ့လဲ့ဦး တုတ်ထိုး တအိုးရတာပေါ့ကွယ်။





ဒါကတော့ မနက်ကတည်းက ချွေးတလုံးလုံး နဲ့ တီတို့စားဖို့အရေး ချက်ပြုတ် ပြင်ဆင်နေတဲ့ ဆရာမကြီး ကြည်လဲ့လဲ့ဦးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ......ပရိတ်သတ်များ လက်ခုပ်တီးပေးပါ။





ဒါတွေကတော့ ခုနက ကြော်ပြီးတဲ့ အိုးထဲကနေ အအေးခံပြီးတော့ ပန်းကန်ပြားပေါ်ပြန်တင်ထားတာပါ။လှီးတော့မယ်လေ။ ၂၀၀ တန်လား ၃၀၀ တန်လား ၅၀၀ တန်လား ပွဲနဲ့လား တုတ်ထိုးလား အူချည်းပဲလား။ အသံချည်းပဲလား၊ လျှာလေးရောအုံးမလား ပေါ့။





အောက်ကပုံတွေကတော့ တုတ်ထိုးသည်ကြီး တီချမ်း လှီးနေတာပါ ရောင်းနေမကျတော့ အတုံးတွေကြီး ကုန်တယ် အရင်းတော့ ပြုတ်တော့မှာပဲ။ကြိုက်တတ်တဲ့ သူတွေစားဖို့ ကြက်သွန်ဖြူ ဥလေးတွေ ကိုလဲ အခွံခွာထားပါသေးတယ်နော်။





ဒါကတော့ လှီးပြီးသားပုံတွေပေါ့ အူချို သရက်ရွက် အသည်း ကျောက်ကပ် အူမကြီး အချင်း လျှာ စတာတွေပါ။





ဒီနေရာလေးကလဲစိတ်ဝင်စားဖို့ ကောင်းပါတယ် အစက ဝက်သားတွေ ပြုတ်လို့ ကျန်တဲ့ အရည်တွေကို လိုသလောက်ရေ ရောပါ ပြီးရင် မုန်ညှင်းဖြူ သို့မဟုတ် ချဉ်ပြုံးလေး လိုချင်ရင် ကြံမဆိုင်ရွက် ခတ်ပြီးတော့ ပြုတ်ပါ ဟင်းရည်ဆူ ရင် နံနံပင် ကြက်သွန်မိတ် တရုတ်နံနံ စတာတွေခပ်ပြီးတော့ အရည်သောက် လုပ်လို့ ရပါသေးတယ်။ မို်က်တယ်နော်။ ဝက်ဆိုရင် “အော်သံ” ကအစ ပစ်ရက် စရာတခုမှ မရှိဘူးတဲ့။ အဲ့တာကြောင့်လဲ အသီးမှာ သရက်၊ အရွက်မှာ လက်ဘက်၊ အသားမှာ ဝက်၊ ပညာမှာ တီချမ်း လို့နာမည်ကျော်ကြပေတာပဲ။





ဒါကတော့ လွယ်ကူစားမြိန် ယူလာတဲ့ သက်သတ်လွတ် ဂေါ်ဖီကြာဇံကြော်များနဲ့ ဝိုင်းဖွဲ့စားသောက်ကြစဉ်ပေါ့လေ။ ကြာဇံ ကြော်နဲ့ လိုက်အောင် သခွားသီးလေးတွေကို အဝိုင်းလေးတွေ မှတဆင့် အချောင်းလေးတွေ ရအောင်လှီး လိုက်ပါသေးတယ်။ နောက် တို့ချင်ရင် အချဉ် နဲ့ တို့ လို့ရအောင်လဲ သခွားဘေဘီလေးတွေကို လေးစိပ်လှီး လိုက်သေးတာပေါ့နော်။





ဒါကတော့ စကော့ဈေးကုန်းတံတားအောက်က တုတ်ထိုး ကိုလွမ်းလို့ တီချမ်းဘာသာ လုပ်ချလိုက်တဲ့ ကြာဇံ ဝက်သား တပွဲပေါ့အေ။ စားကြပါအုံး ပရိတ်သတ်ကြီးတို့ရေ...........ကြည်လဲ့လဲ့ဦး လက်ရာ တုတ်ထိုး။

A Chen
7:58 PM
Friday
8th July 2011
Home
Bangkok