Thursday, January 28, 2016

သခင်ကြင်နာ မြင်လှည့်ပါ

သခင်ကြင်နာ မြင်လှည့်ပါ

သခင့်အသံ
နေ့တိုင်းသာဖို့
အကျွန်မျှော်လင့်
ရောင်နီလင့်၏
သခင့်မျက်နှာ
နေ့တိုင်းဖူးဖို့
ဆေးလေးပို့ပါ
ခွင့်တောင်းသော်လည်း
သခင်ကြည်၏
မကြည်၏မို့
ပို့သော်ရသည်
နေ့တိုင်းမပီဘူး
သခင့်အတွေး
မေးဆသော်လည်း
မှန်းရသိပ်ခက်
သခင့်စိတ်ချက်
သခင့်စကား
ဓိပ္ဗါယ်ရှာလဲ
ပွင့်ပွင့်လင်း၏
မလင်း၏
သခင့် နှလုံး
ဝမ်းတော်ပြုံးဖို့
သင့်နိုးရာရာ
ဆောင်ကြည်းသော်လည်း
သခင့်စိတ်တွင်
သိပ်မရွှင်လို့
အကျွန့်ဘာများ
မှားသလဲ
သခင့်ကိုယ်စား
ဖတ်မှတ်ရာရာ
အကျွန်ရှာသည်
စုံစွာရ၏ မရ၏
သခင်ထံပါး
ခစားချင်လည်း
သခင်လို၏ မလို၏ မို့
မျှော်ကိုး မပေး
လွမ်းရေးခက်သေး
သခင့်နှလုံး
စိတ်ရွှင်ပြုံးရေး
အကျွန့်မှာသာ
ဖြည့်ဆည်းပါသည်
မျှော်လင့်စာနှာ
ကျွန့် သည်းညှာကို
သခင်ကြင်နာ
မြင်လှည့်ပါ

လှိုင်ထိပ်ခေါင်ချမ်း

No comments:

Post a Comment