Wednesday, January 13, 2016

တယောက်ထဲ

တယောက်ထဲ

သတိရခြင်းတွေကြိုးလိုပဲ
အချစ်ရဲ့အိပ်မက် အချိန်တွေမဲ့
လောကကြီးတောင် တောင်နဲ့မြောက်နဲ့ ပိုင်းနိုင်တယ်တဲ့ကွယ်
မင်းကဟိုးနွေဦးတဖက်
ကိုယ့်ကမ္ဘာကတော့ ရွက်ကြွေဆဲ
ခြောက်သွေ့လဲ


နောက်နောင်မတွေ့ရဘူးဆိုလဲ
အမှတ်တရများရှိနေချင်တယ်
တို့အတူချစ်ခဲ့ ကြည်နူးခဲ့ကြ လသာသာညထဲ
မင်းပုံရိပ် ဝေးဝါးကုန်လဲ
ကိုယ့်ရဲ့ အတွေးမှာ အရင်အတိုင်းပဲ
မှတ်မိဆဲ


ရင်ခွင်အခန်းငယ်
နင်တယောက်ထဲအတွက်ပဲ
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ ….
ဟိုတုံးက မင်းနဲ့ အချစ်ရယ်
ပုံပြင်ထဲမှာ ကိုယ်လိုက်ရှာမယ်


အဲ့ဒီနေ့မှာ တွေ့စေခဲ့
တို့ကံတရားကြောင့် ကိုယ်ပျော်တယ်
အချစ်ကို အခုလို ကြုံခွင့်ရတဲ့ ဖူးစာဟာ ဆန်းကြယ်
တနေ့နေ့ထဲ အတူပေါင်းနိုင်မယ့်
လက်ထပ်ခြင်းမျှော်လင့်ဖူးလဲ မဖြစ်ဖူးဘဲ


ရင်ခွင်အခန်းငယ်
နင်တယောက်ထဲအတွက်ပဲ
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ ….
ဟိုတုံးက မင်းနဲ့ အချစ်ရယ်
ပုံပြင်ထဲမှာ ကိုယ်လိုက်ရှာမယ်


နှလုံးသားအခန်းထဲ
နင်တယောက်ပဲ ရှိခဲ့
ချစ်ခဲ့ဖူးတာ မင်းတယောက်ထဲ
သက်ဆုံးတိုင် မင်းပဲ တယောက်ထဲ
ကိုယ်တကယ်ချစ်သော်လည်း
ငါတကယ်ချစ်ခဲ့လဲ
မဆုံနိုင်ခဲ့တာ
ငါတို့အချစ်ပဲ........


T Chen

No comments:

Post a Comment