Wednesday, January 20, 2016

အချစ်

အချစ်
အချစ်ဆိုတာ...
မင်းလက်ကလေးကို ကိုင်ထားမှ
မင်းမျက်နှာလေးကို နေ့တိုင်းမြင်ရမှ
မင်း အသံလေးကို နေ့တိုင်းကြားရမှ
အချစ်တစ်ခု ဖြစ်တည်လာတာ
မဟုတ်ပါဘူး
အချစ်ဆိုတာ ....
လေညှင်းကလေးတွေထဲမှာ
နေရောင်ခြည်အောက်မှာ
တိမ်ဖြူဖြူ *တွေမြူးတဲ့ နေ့တနေ့မှာ
နွေဦး ပြုသစ် ရွက်နုလေးတွေအထက်မှာ
မိုးစက်မိုးပေါက်လေးတွေကြားမှာ
သက်တံ့ရောင်ကိုဖြစ်ထွန်းစေတဲ့
အလင်းယိုင်မှုတွေကြားမှာ
ရွက်နှောင်းကြွေ ဆောင်းမနက်ခင်းလေးမှာ
ဖြစ်ပေါ်လာတာမျိုးလဲ မဟုတ်ပါဘူး
တခါတခါ
အချစ်ဆိုတာ ...
ဘာမှ မလုပ်ဘဲ
ကုတင်ပေါ်မှာ လှဲနေရင်း
မင်းဆံပင် နုနုလေးတွေကို ဆော့ကစားရင်း
စကားတွေ ဖောင်ဖွဲ့ပြောနေကြရင်းလဲ
ဖြစ်ပေါ်လာတတ်သေးတယ်လေ
T Chen
‪#‎Collage‬ (ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းလေးတွေ)
(အချစ် ကိုယ့်ကို ဝင်လာခွင့်ပြုပါ)
*(တိမ်ပြာပြာ လို့ သုံးနေကြတာ Politically Incorrect လို့အမြဲ ခံစားရတယ် ကောင်းကင်ကသာ ပြာတာလေ တိမ်တွေအ အဖြူ ရောနေကြတယ်လား သတိမမူကြတာလားပဲ)

No comments:

Post a Comment