Showing posts with label ခေါက်ဆွဲ. Show all posts
Showing posts with label ခေါက်ဆွဲ. Show all posts

Friday, March 30, 2012

တောင်းဆိုထားတဲ့ လျှို့ဝှက်ချက်များနဲ့ တီချမ်းရဲ့ တိုဟူးနွေး

ဟင်းချက်တာ မတင်တာကြာပါပြီ။ လူတွေကလဲ လာလာမေးကြတယ်။ ခုတီချမ်းတယောက် အပြီးပြန်ဖို့လဲ လုပ် နေတော့ ဘလောခ်ဘက်လဲ သိပ်မလှည့်အားတာပါတယ်။ နောက် အိမ်က အင်တာနက်ကလဲ သိပ်မကောင်း တာနဲ့ ဘလောခ် မရေးဖြစ်တာကြာပေါ့။ တင်ရင်လဲ စာများများ ပုံနည်းနည်း နဲ့ဟာပဲ တင်ရင်တင်ဖြစ်တယ်။ ဟင်း ချက်တာတွေက ပုံအများကြီးတင်ရတာကိုးနော် အပ်လုတ်လုပ်ရတာ အင်တာနက် နှေးရင် သိပ်စိတ်တိုဖို့ကောင်း တယ်။ နောက် မြန်မာပြည်ပြန်ရင် ဘလောခ်ကို ဆက်ရေးလို့ရအောင်လဲ ဒေါ့ကွန်း ပြောင်းဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုပြောင်းရမလဲ ထရန်စစ်ရှင်းပီးရိရက်ကို အဆင်ပြေအောင် လာဘတ်သူတွေ ဆက်ချိတ်ထားနိုင်အောင် စတာတွေအတွက်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်နေပါတယ်။

အလုပ်က ထွက်ဖြစ်ပါတယ်။ မေလကုန်ဆိုရင် အကုန်ပြီးပြီ။ ပြန်ပါမယ်။ ခု စဉ်းစားနေတာက နောက် အလုပ်တခု မလုပ်ပဲ ကိုယ့်ဘာသာ တပိုင်တနိုင်လေးနဲ့ မသေရုံလောက်လေး လုပ်မယ် လို့ တွေးနေပါတယ်။ လခစား ဘဝ ကို တော်ပါပြီ။ မောလွန်းလို့ တခါတလေ ကိုယ်မလုပ်ချင်တာကို ပိုက်ဆံယူထားလို့ လုပ်နေရတဲ့ ဘဝကိုမပျော်တော့ ဘူး။ ကိုယ့်ဘာသာ ကိုယ့်ကိုယ်ပိုင်အလုပ်ကို လုပ်ချင်လုပ် မလုပ်လဲ ရတယ်ဆိုတာမျိုးပဲ လိုချင်တယ်။ အရမ်းလဲ မချမ်းသာချင်ဘူးလေ။ ကိုယ်လိုချင်တာတွေ ဝယ်နိုင်ရင်တော်ပြီ။ ဥပမာ ပန်းသီး အဲ၊ ကန်နွမ်လန်းစ်၊ အယ်လ်ဗီ အိတ်တွေ စသဖြင့်ပေါ့။ ပြောရဲတယ်နော်။

နောက်တခုစဉ်းစားနေသေးတယ် မြန်မာပြည်ပြန်ရောက်ရင် အလုပ်မဝင်ပါဘူး။ အဲ့တော့ အားနေမယ် အဲ့တော့ ကျိုင်းတုံ (မွေးဌာနေ ဆီသို့ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် လွမ်းရပါသည်) ကို ခဏ သွားနေ မယ်လို့ စဉ်းစားနေတာ အသက်အရမ်းကြီးနေပြီဖြစ်တဲ့ အဘွားနဲ့လဲ တူတူနေရအောက် နောက် အဘွားဆီက ဟင်းချက်နည်းတွေသင်မယ် အဒေါ်တယောက်ကလဲ ရှမ်းစာတွေ ချက်တာ သိပ်တော်ပါတယ် သူတို့ဆီက သင် မယ် နောက်ပြီးတော့မှ ရန်ကုန်ပြန်လာ စာအုပ်ထုတ်မယ် ကဲ မပိုင်လား။ အဘွားက သက်သတ်လွတ်စားတာပါ အနှစ် ၃၀ ကျော်ပြီထင်ပါတယ်။ ခုတော့ အသက် ၈၀ ကျော်မှာ တော်တော် ကျန်းမာနေတုံး။ နောက်ဆိုတီလဲ အာသဝေါ အသားဝေါ ကုန်ခမ်းရင် သက်သတ်လွတ်စားဖြစ်မယ်ထင်ပါတယ်။ ခုတောင် တကယ်ပြောတာ လိင်စိတ်တွေလဲ ကုန်ခမ်းနေပါပြီ (မောင်က ပြန်သွားတာကိုးနော်) တဏှာတွေပဲ ကျန်တော့တယ် ခိခိ။ တော်ပြီ အတည်ပြောမယ်နော်။

ထားတော့ အဲ့တာက နောက်ဆုံး အပ်ဒိတ်ပေါ့။ ခုတောင် ကမ္ဘောဒီယား ရောက်နေတာ ဟိုတယ်က ကွန်နက်ရှင်
ကောင်းတာနဲ့ အရင်တခါ လက်ဆောင်တွေအများကြီးပေးတဲ့ စာဘတ်သူ တောင်းဆိုထားတဲ့ တိုဟူးနွေးလေး တင်ပေးလိုက်တယ်နော်။ ပုံတွေက ရိုက်ထားတာကြာပေါ့။ မြန်မာပြည်ပြန်တုံးက အမေနဲ့ ချက်စားဖြစ်တာလေးပါ။

တိုဟူးနွေးကို သိပ်ကြိုက်ပါတယ်။ စားရတာလဲ လွယ် ချက်ရတာလဲ လွယ် စားလို့လဲကောင်း အရသာလဲရှိ ဈေးလဲ
ပေါ၊ ကျန်းမာရေးနဲ့လဲ ညီညွတ် ကဲ ဒီလောက်ကောင်းတာ ဘယ်မှာ သွားရှာမလဲနော်။ ကဲ ချက်နည်းလေး ကြည့် ကြစို့။ အမှန်ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်ပြီးသုံးနိုင်ရင် ပိုကောင်းပါတယ်။ သို့သော်လဲ ပြောင်းလဲ လာတဲ့ခေတ်အရ လူတွေက အချိန်သိပ်မရှိကြပါဘူး။ အဲ့တာကြောင့် မြန်မြန်နဲ့ အလွယ် ကြိတ်ပြီးသား ပဲမှုန့် အရော မစစ်တစစ်တွေပဲ သုံးကြတာပေါ့။ ရေးနေတဲ့ လူကိုယ်တိုင်က မစစ်တစစ်ပဲလေနော်။ (everybody go awwwwwwww)

ကဲ ချက်လိုက်ကြစို့။ အလွယ် လို့ ပြောထားတဲ့ အတိုင်း ကြိတ်ပြီးသား မွှေးပဲ မှုန့် ကိုသုံးပါမယ်။ အစိမ်းမှုန့် ကိုသုံးပါ။ အကျက်မှုန့် မသုံးရပါဘူးနော်။ တီတို့ကတော့ မွှေးကို အဆင်ပြေလို့ သုံးဖြစ်တယ် သို့သော် နောက်ပိုင်း သူက ကွာ သိပ်မကောင်းတော့သလို ခံစားရလို့ ခုတော့ ရှမ်းပြည်ဘက်က လာတယ်ဆိုတဲ့ တခု (တံဆိပ် မမှတ်မိ) ကိုပြောင်း သုံးနေပါတယ်။ ထားတော့ ခုတော့ ရှိတာပဲသုံး။ ဘာမှ မရှိရင် ရှိတာ အကောင်းဆုံးပဲနော်။ မွှေးပဲမှုန့်စိမ်းကို တည
ရေစိမ်ထားပါ။ ပုံကိုကြည့်ပါနော်။ ရေထည့်လိုက်ရင် ပဲမှုန့်တွေက အစိအစိတွေဖြစ်ကုန်ပါမယ်။ လက်နဲ့သေသေချာ ချာချေပေးပါနော်။ ညက်အောင် အနည်ကျတဲ့အထိ ချေပေးပါမယ်။ နောက် အဲ့ရေ နဲ့ပဲ တညသိပ်ထားပါမယ်။ မနက်ကျတော့မှ ရေကို ဖြည်းဖြည်းချင်း လောင်းထုတ်လိုက်ရင် ပုံမှ မှာ ပြထားသလို ပဲနှစ် ကိုရပါမယ်။ တခုပြောပြ အုံးမယ် တချို့တွေက အဲ့အရေ ကို လောင်းမပြစ်ပဲ ချန်ထားပါတယ်။ တိုဟူးကျိုတဲ့အခါပြန်သုံးကြတာပေါ့။ ကုလားပဲ စစ်စစ် ကိုကြိတ်ရင် ကြိတ်ရည်ကို ချန်ထားတတ်ကြပါတယ်။ အဲ့တာကျတော့ ပဲနို့ရည်ချက်လို့ရတာကိုး။ တီတို့ ကျိုင်းတုံက ဈေးတန်းကြီးမှာ ဆိုင်တဆိုင်ရှိပါတယ် တိုဟူးနွေးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီးတော့ ပဲနို့ရည်ကလဲ ကောင်းပုံကနွားနို့ထက်ပို သောက်လို့ကောင်းပြီးတော့ မလိုင်လဲ ပိုတက်ပါတယ်။ သူတို့ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်သုံးပြီးတော့ ကြိတ်ရည်နဲ့ ပဲနို့ ကိုပြန်ချက်တာပါ။ ထားတော့နော်။





တီတို့ကတော့ ရေသန့်ပဲ ပြန်ထည့်တယ်။ စစ်ရေ ထည့်ရင် တိုဟူးက ပိုပြစ်တယ်လို့ ခံစားရလို့။ ကဲ ပြင်ဆင်လို့
ပြီးရင် ချက်မယ့် အိုးထဲကို ရေကြိုက်သလောက်ထည့်။ (လျှို့ ဝှက်ချက်တခုထပ်ပြောပြမယ်နော် အိုးထဲကို ရေထည့် ပြီးရင် ဆီ တစက်နှစ်စက်လောက်ထည့်လိုက်ပါအုံး အဲ့တာက ပဲကိုပိုညက်စေတယ်ပြောပါတယ်။ ပိုအိတာပေါ့။) ပြီးရင် အနှစ်ကို ဖြည်းဖြည်းချင်းလောင်းပါ။ တပြိုင်ထဲမှာ အောက်ကနေ မွှေပေးနေပါ။ ပုံကိုသေချာကြည့်နော်။
တွေ့လား အမေ့လက် ဝဝကြီး။ နောက် လျှို့ ဝှက်ချက်တခု ထပ်ပြောပြမယ်။ မွှေတဲ့အခါ တဘက်တည်းပဲ မွှေ ရပါမယ်။ clock wise or counter clock wise as you like but only one direction. နာရီလက်တံ အတိုင်းပဲ လှည့်ပြီးမွှေမွှေ ပြောင်းပြန်ပဲ မွှေမွှေ ကြိုက်ရာ တဘက်တည်းကို ရွေးပြီး မွှေပါ။ လက်သန်ရာပေါ့နော် ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်။ ဟိုဘက်မွှေလိုက်ဒီဘက်မွှေလိုက်တော့ မလုပ်ပါနဲ့။ လုပ်ရင်ဘာဖြစ်မလဲ ဟုတ်လား လုပ်ကြည့်လေ
နော် ပြီးတော့ ကွန်မန့်မှာ ပြန်လာပြောပြ ဘာဖြစ်သလဲဆိုတာနော်။ ဘာဖြစ်မလဲဆိုတော့ အနည်းဆုံးတော့ တီ့ ဘလောခ် ကွန်မန့် တက်တာပေါ့။ ညှင်းညှင်းညှင်း





တွေ့လား အိုးကသေးသေးလေးပဲဆိုတော့ ရေလဲ နည်းနည်းလေးပဲ ထည့်တယ်။ နှစ်ယောက်စာပဲကိုးနော်။ ပိုတဲ့ အနှစ်တွေကို ချန်ထားလို့ ရပါတယ်။ နောက်တခါ ချက်ရင် ပြန်သုံးလို့ရတယ်။ လျှို့ဝှက် ချက်နောက်တခုနော်။
ပြီးရင် မွှေနေတဲ့တလျောက်လုံး မီးကို အေးထားပါနော်။ မီးအေးလေးနဲ့ပဲ တောက်လျှောက်မွှေနော်။ ပြီးလို့ တိုဟူး နှစ်တွေပလုံ ပလုံဆိုပြီး ပွက်လာပြီဆိုရင် ရပါပြီ။ အော်မေ့သွားတယ် ဆား နည်းနည်းထည့်အုံးနော်။ နည်းနည်းပဲ ထည့်နော် နောက် ပန်းကန်ထဲကို အစာပလာ ထည့်ရင် ထပ်ထည့်အုံးမှာဆိုတော့ တော်ကြာ ငံကုန်မယ်။ ဒီတခုက ငံသွားရင် အရင်လို ရေရောလို့မရဘူးနော်။





ကဲ တိုဟူးနှစ်တော့ရပြီ။ စားပွဲပြင်ကြစို့။ နောက်ထပ် လျှို့ဝှက်ချက်တခု ထပ်ပြောပြမယ်နော်။ တချို့က ရေစိမ်ကို
ပြုတ်ပြီး တိုဟူးနွေးနဲ့စားပါတယ်။ တချို့က ညှပ်ခေါက်ဆွဲနဲ့ စားပါတယ်။ ရေစိမ်နဲ့စားတာက မန်းလေး လာရှိုးဘက် ကပါ ရှမ်းမြောက်ပေါ့။ တီတို့ ရှမ်းတောင်ဘက်ကတော့ ညှပ်နဲ့ အစားများပါတယ်။ နောက်သူတို့က အသားထည့်
လေ့ရှိတယ် တီတို့က သက်သတ်လွတ်။ ကြိုက်သလိုစားပါလေ။ အသားနဲ့ စားချင်ရင်တော့ အသားနှစ်လေး ချက်ထားပေါ့နော်။ ဒီမှာ ကြည့်ချက်နည်းကို.....ဝက်နဲ့ အမဲနဲ့။ တီတို့ကတော့ သက်သတ်လွတ်ပဲလွေးပါတယ်။
လျှို့ဝှက်ချက်ကဘာလဲဆိုတော့ အများစုက ခေါက်ဆွဲကိုပြုတ်ပြီးတော့ ပန်းကန်ထဲထည့် ပြီးတော့ အပေါ်ကနေ အနှစ်လောင်းကြပါတယ်။ တီတို့ကတော့ ရေစိမ်ဆိုလဲ ပြုတ်ပြီးတော့ ပန်းကန်ထဲမထည့်ပါဘူး စားမယ့် ခေါက်ဆွဲ ကိုပြုတ်ပြီးရင် တိုဟူးနှစ်အိုးထဲ ထည့်လိုက်ပါတယ်။ ညှပ်ခေါက်ဆွဲဆိုလဲ အဲ့အတိုင်းပေါ့ စားသလောက် ကို ထည့် လိုက်ပါ။ ပြီးတော့ တိုဟူးအိုးထဲမှာ ခဏ မွှေပေးလိုက် ခေါက်ဆွဲနဲ့ အနှစ် ထွေးထွေးလေးဖြစ်သွားမှာ အဲ့ခေါက်ဆွဲ
ထွေးကို ကော်ပြီး ပန်ကန်ထဲထည့်ပါ။ အဲ့တာဆို ခေါက်ဆွဲကြိုကြားထဲထိ တိုဟူးအနှစ်က ရောက်သွားတဲ့ အတွက် ပိုစားကောင်းပါတယ်။ ပြီးရင်တော့ အစာပလာထည့်ပါမယ်။ ကျန်ယို့ အငံအမဲ ကို နည်းနည်းထည့်ပါ။ အပြစ်အချို လဲတချို့ကထည့်ကြတယ် ကြိုက်တတ်သလိုပေါ့နော်။ တီတို့ကတော့ အငံပဲ စားတယ်နောက် သိပ်အရမ်းပြစ်တာ မသုံးဘူး။





ပြီးရင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက် နောက် ပါကော်ခြောက်ကော့လို့ ခေါ်တဲ့ တရုတ်မဆလာ ဆီချက် ထည့်။ နောက် မြေပဲဆံလေးတွေ ထောင်းထားတာထည့် နံနံပင်လေးအုပ်လိုက်ရင် အရသာရှိတဲ့ အိမ်ချက် တိုဟူးနွေးတပွဲ ရပါပြီ။ တွဲဘက်စားဖို့အချဉ်ကတော့ ရှမ်းချဉ်လေးကို ဆား အချိုမှုန့် နည်းနည်း နယ် ပြီး နံနံပင် အုပ်လိုက်ရင်ကို အိုအိရှိ စူပါရှယ် ကောင်းမှကောင်းပါပဲ။ ရှမ်းချဉ်တည်နည်းကိုတော့ ဒီမှာ ကြည့်နော်။





ကဲဒီလောက်ဆို တောင်းဆိုထားတဲ့ အေးစုစံနဲ့တကွ ကျန်တီ့ ဟင်းချက်ပရိတ်သတ် အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ မနက်စာလေးတခု လွယ်လွယ်ချက်စားလို့ရတာပေါ့။ အီကြာကွေးလေးရှိရင် ပိုတောင်ကောင်း
သေးတယ်။ တီ့အမ တယောက်ဆို သူက တိုဟူးနွေးကို ခေါက်ဆွဲနဲ့မစားပဲ အနှစ်ကိုပဲ အစာပလာ များများထည့်
ပြီးတော့ အီကြာကွေးကို အတုံးလေးတွေ ဖြတ်ပြီး ကလော်စားပါတယ်။ အဲ့လို စားတာလဲ တမျိုးကောင်းတာပါပဲ။ ကြိုက်သလိုပေါ့နော်။


A Chen
12:59 PM
Friday
30th Mar 2012
Juliana Hotel
Phnon Penh
Cambodia

Friday, February 3, 2012

ဖက်ထုပ်ဆီချက် နဲ့ တီချမ်းရဲ့ မနက်စာ ညနေစာ ညလယ်စာ

တကယ်ပါ အဟုတ်။ ဒီတခါနောက်ဆုံး နောက်ကို ဘယ်တော့မှ ခေါက်ဆွဲ ဆီချက် ဖက်ထုပ် တွေနဲ့ မနှိပ်စက်တော့ဘူး ကတိ ကတိ ကတိ။ အဲ့လို စာကြောင်းကို စပြီးသကာလ ရေးမယ့် အကြောင်းအရာ က ဖက်ထုပ်ဆီချက်ပါတဲ့ အရပ်ကတို့ရေ...........မရေးခင် တီချမ်း ရဲ့တနေ့တာ ကိုကြည့်ရအောင်နော်။ သူငယ်ချင်းတယောက် အိမ်မှာ အလည်ရောက်နေတာနဲ့ ညညဆို တော်တော်နဲ့ မအိပ်၊ မနက်မနက် ဆို ရင်လဲ တော်တော်နဲ့ မထ နဲ့ တီချမ်း တယောက် ဒီတပတ်ထဲ ရုံးကို နောက်ကျမှ ရောက်ရောက်နေပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာတွေက မနေ့က ဖြစ်ပျက်ခဲ့တာတွေပါ။ ထားတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေလို့ ဘယ်ဖြစ်မလဲနော်။ အေးချမ်း သာယာလှပတဲ့ တီချမ်းဘဝ ကို စာဘတ်သူ လူအများ မနာလို အူတို မုဒိတာ မပွားနိုင်ဖြစ်ကုန်ကြပေမပေါ့။ အမှန်က ဒီအပတ် တကယ့်ကို တနင်္လာနေ့ တရက်ပဲ သေချာ ရုံးတက်ရပါတယ်။ အင်္ဂါ ဗုဒ္ဓဟူးက ဖင်မှာ တုတ်စူးနေလို့အဲလေ နေမကောင်း ဖြစ်နေတာနဲ့ ဆစ်ခ်လစ်ဗ် ယူလိုက်ပါတယ်။ ဟော အခု ဘလောခ်ရေးနေတဲ့ ကြာသပတေးနေ့အကြောင်းကတော့ သူငယ်ချင်းရောက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးကို နေ့လည်စာစာအပြီး အာဖတာ ၂ မှ သွားပါတယ်။ ညနေဘက်တော့ အားနာတာနဲ့ ၇ နာရီလောက်ထိနေပေးလိုက်တယ်။ ဂျန်နရပ်စ် ချက်နော်။ ဒီနေ့ သောကြာလဲ မနေ့ညက ရုပ်ရှင်ကြည့်တာ ညည့်နက်သွားလို့ နေ့လည်မှ လာပါတယ်။ အမှန်က မလာတော့မလို့ပဲ ၂ နာရီ အစည်းအဝေး တခုရှိနေလို့ မလာမဖြစ်လာရပါတယ်။ နောက်ပြီး အကြံတခုပေးအုံးမယ်။ တီ့ လို ကိုယ့်အစည်းအဝေး ကိုယ် ချိန်းချင်တဲ့ အချိန်ချိန်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုရင် အမြဲတမ်း ညနေပိုင်းကို ချိန်းပါ။ ဟိဟိ။

မနေ့က လူ ၃၀၀ လောက် ဝင်ပါတယ်။ ခါတိုင်း ၅၀၀ လောက်ဝင်နေကျက နောက်ပိုင်း ကိုယ်က သူတို့ဘလောခ် လိုက်မလည်တာနဲ့ပဲ မလာကြတော့တာရယ် ကိုယ်က ၂ လလောက် ဘာမှ မရေးပဲ ပျောက်သွားတာရယ် နဲ့အကုန် ပျောက်ကုန်ပါတယ်။ အဲ့တာကြောင့် ခုတလော တီချမ်း ဟင်းချက်တာတွေပဲ ဘာလို့တွန်းရေးနေတာလဲ ဆို လူပြန်ဆွယ်နေတယ် မှတ်ပါ။ မနေ့ကတော့ မနက်ကတည်းက မုန့်လုပ်စားတာနဲ့ တနေ့လုံးစာ တင်ဖို့ ရည်ရွယ်ပါတယ်။ ကဲ လာပြီ။





ဒါက ကိုယ့်မနက်စာပါ။ သူငယ်ချင်းလဲ ရှိနေတော့ သူ့လဲ တခုခုတော့ လုပ်ကျွေးရမယ်လေ ဆိုပြီး ပေါင်မုန့် ကို ကြက်ဥနဲ့ ကြော်ပါတယ်။ ပေါင်မုန့် လေးချပ်ကို ကြက်ဥ ၂ လုံးပါ။ ကြက်ဥ ကို ပန်းကန်ပြား စဉ်းငယ်ခန့်စောက်တာလေးမှာ ဆား စဉ်းငယ်ခန့် နဲ့ သကြား စဉ်းငယ်ခန့် ထက် စဉ်းငယ်ခန့်ပိုတာနဲ့ ခေါက်ပါ တယ်။ ပေါင်မုန့်ကို ဘေးက အခွံမပါတာမျိုးကို ရွေးဝယ်ပါတယ်။ ဘေးက အကာခွံ ကို ငယ်ငယ်ကတည်းကကို မကြိုက်လို့ပါ။ နောက်နေ့မှ ကြက်ဥ ဆန်းဒွတ်ရှ် လုပ်ကျွေးပါအုံးမယ်နော်။ ခုရေးနေရင်း သတိရသွားလို့။ ပေါင်မုန့်လေးတွေ ကို ကြက်ဥထဲနှစ် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးကို နှစ်ပါနော်။ အကြာကြီး မနှစ်ထားပါနဲ့ ကြက်ဥကြောင့် ပေါင်မုန့်ပြဲပါမယ်။ ခဏလေး ထိတယ် ဆိုယုံ နှစ်လိုက်ပါ။ ပေါင်မုန့်က စုပ်တော့ အိုကေပါပဲ။ ပြီးရင် မကပ်တဲ့အိုးမှာ ဆီလေး စဉ်းငယ်ခန့် နဲ့ ကြော်ပါ။ ဟိုဘက်ဒီဘက် တခါ ထပ်လှန်ပါအုံးနော် မတူးအောင်ပါ။ ပြီးရင်တော့ ပုံမှာပြာထားတဲ့ အတိုင်း ပန်းကန်ထဲ ကို ကပ်ကြေးနဲ့ညှပ်ထည့် သကြားဖြူး ပြီးတော့ ပျားရည်လေး စဉ်းငယ်ခန့် (အမှန်ကတော့ များသွားပါတယ် ရတယ် ကိစ္စ မရှိဘူး အဆိပ်မှ မဟုတ်တာနော်) ဆမ်း ပြီးတော့ စားပေါ့။ တီ့ ညီ ဝမ်းကွဲတယောက်ဆို ပျားရည်ကော၊ နို့ဆီကော၊ နို့စိမ်းကော၊ သကြားကော ထည့်ပါတယ်။ ဟုတ်ကဲ့ ဝတုတ်လေးပါ။ ဘေးကတော့ ကြိုက်လို့အမြဲ မြန်မာပြည်ကနေ တကူးတက သူငယ်ချင်းတွေသည်ပေးမယ်ပြောတိုင်း မှာရတဲ့ ပရီးမီးယား ၂ ပလပ်စ် ၁ ပါ။ ၂ ထုပ်ကို ရေဆူဆူနဲ့ ထည့်။ နို့ စဉ်းငယ်ခန့်ထည့်ပါတယ်။ တနေ့လုံး ရုံးရောက်တာ ဘာမှ မစားပါဘူး။ အိမ်ကနေ ၁၂ နာရီ ခန့် က စားလာတဲ့ အဲ့တာနဲ့ပဲ တနေ့လုံးနေပါတယ်။ ခုတလော လူတွေက ပိန်သွားတယ် လှလာတယ် မျက်နှာလေးကို ဝင်းတက်လာတာပဲ ဘာညာ လာလာပြောနေကြလို့ အစာလျှော့စားပါတယ်။ တကယ်လဲ လှလာတယ် မယုံရင်လာကြည့်။





ဒါလေးကတော့ အိမ်ရောက်ရောက်ချင်း ချစ်မောင်က အမောပြေတိုက်တဲ့ OJ ပါ။ အဲ့တာလေး ကိုအမောပြေသောက်ပြီးတော့မှ မောင်ဘာစားမလဲ ဆိုတော့ သူကလဲ ညနေ မှ ထပါသတဲ့ အဲ့တာ နိုးတော့ ထမင်း ဝယ်စားထားပါတယ်တဲ့။ ဆိုတော့ ကိုယ်လဲ ထမင်းမစားချင် တာနဲ့ ကဲ ရှိတာ ဘာလဲ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲမှာ မွှေတော့ ဖက်ထုပ်ရွက်တွေ ကျန်နေသေးတာ တွေ့ပါတယ်။ အဲ့တာနဲ့ လုပ်စားမယ်လေ ဆိုပြီ.........ဖက်ထုပ်ထုပ်ပါတယ်။ ဖက်ထုပ်သ အသားပြင်တာကိုတော့ တနေ့က ဖက်ထုပ်ပြုတ် လုပ်စားတုံးက တင်ပြီးသားနော်။ ဒီမှာ ကြည့်ပါ။ ဒေါ်ချစ်ကတောင် ပြောနေသေးတယ် စားလှချည်လား ဆိုပြီးတော့ အဲ့ဒီဖက်ထုပ်က တထုပ်ဝယ်ရင် အချပ် (ဖက်ထုပ်ရွက်) ၁၀၀ ပါပါတယ်။ အဲ့တော့ လုပ်လိုက် ပစ်ထားလိုက် စားလိုက်ပေါ့။





ဖက်ထုပ်တွေ ထုပ်ပြီးပြီဆိုရင် ရေနွေးတအိုးတည်လိုက်ပါ။ ဒီတခါတော့ ဂျုံခေါက်ဆွဲပါ ထည့်ပြုတ် ပါတယ်။ မောင်က အရောစားချင်တယ်ဆိုလို့ပါ။ ကိုယ်ကတော့ ဖက်ထုပ်ချည်းပဲ ကိုပိုကြိုက်တယ် သို့သော် ကိုယ့်အကြိုက် ကို နောက်မှ ထားရမယ်လေနော်။





ပြုတ်ပုံ အဆင့်ဆင့်ကို သေချာကြည့်ပါ။ ရေဆူလာရင် ဖက်ထုပ်နဲ့ ခေါက်ဆွဲထည့်လိုက်ပါ။ အဲ့တာဆို အပူထဲကို အအေးတွေ ထည့်လိုက်တဲ့ အတွက် ရုတ်တရက် ရေ က ပြန်အေးသွားတာနဲ့ ငြိမ်ကျသွားပါမယ်။ (ပုံ ၁) ကိုကြည့်ပါ။ ပြီးရင် ရေက တဖြည်းဖြည်း ပြန်ဆူလာမှာ ဖြစ်တဲ့ အတွက် တူကလေးနဲ့ ဖွဖွလေး မွှေပေးပါ။ (ပုံ ၂) အတိုင်းပေါ့နော်။ နောက်တခါ (ပုံ ၃) ထဲက အတိုင်း ရေတွေ ပြန်ပြီး ဆူလာပြီဆိုရင်တော့ ရပါပြီ။ ခေါက်ဆွဲကော ဖက်ထုပ်ကော ကျက်ပါပြီနော်။





အရေးကြီးတာပြောပါမယ်။ ဂျုံခေါက်ဆွဲ ကိုဆီချက် လုပ်မယ်ဆိုရင် ပြုတ်ပြီးတဲ့အချိန်မှာ အမြဲတမ်း ရေအေးနဲ့ တချက်လောက် ပြန်ဖျော် လိုက်ပါ။ အရမ်းပူနေရင် မွှေလို့ မကောင်းသလို ထွေးထွေးကြီးဖြစ်နေရင် စားမကောင်း ပါဘူး။ ပုံမှာ ပြထားတဲ့ အတိုင်း ရေအေး တဇလုံ ကိုအသင့်လုပ်ထားပြီး ပြုတ်အိုးထဲကနေ ဆယ်ပြီး ရေအေးထဲ ထည့်လိုက်ပါ။ ရေအေးထဲမှာလဲ အကြာကြီး မစိမ်ထားပါနဲ့နော်။ ပြီးရင် နယ်မယ့် ဇလုံထဲ ထည့်ပါ။ ကြိုပြင်ထားရမှာ က ကြက်သွန်ဖြူ ဆီချက် ဇွန်းကြီး တဇွန်း ခပ်များများသာ ကြည့်ထည့်လိုက်ပါ။ ငရုတ်သီး ဆီချက် (အစပ်ကြိုက် သူများ အတွက်သာ သီးသန့်) ဆား အချိုမှုန့် ပဲငံပြာရည်အကြည် စဉ်းငယ်ခန့်၊ ငရုတ်ကောင်းမှုန့်စာတာတွေ ထည့်ထားပါ။ အချဉ် ကြိုက်ရင် သံပရာသီး တခြမ်းလောက်လဲ ညစ်ထားနော်။ ပြီးရင် ရေအေးထဲက ပြန်ဆယ်ထား တဲ့ ခေါက်ဆွဲ ဖက်ထုပ် ကိုထည့်ပြီး တူ နဲ့ ဇွန်းနဲ့ ဖွဖွလေးမွှေပါ။ ဆိုင်တွေမှာ လုပ်တာ တွေ့ဖူးတယ် မှလား။





အဲ့တာဆို ပုံမှာ ပြထားတဲ့ အတိုင်း ဂျုံခေါက်ဆွဲ ဖက်ထုပ် အရော ဆီချက် ၂ ပွဲ ရပါပြီနော်။ နည်းတာ က ထမင်းစား ပြီးသား မောင့်အတွက် များတာက တနေ့လုံး ဘာမှ မစားရသေးတဲ့ ကိုယ့်အတွက်ပါ။





အအီပြေ ရောစားဖို့ က အိမ်လုပ် ကမ်ချီလေးပါ။ လုပ်နည်းကို ဒီမှာ ကြည့်နော်။ အောင်မြင်သွားတယ်။ စားရတာလဲ အဆင်ပြေတယ်။ ကောင်းလဲ ကောင်းတယ်။ လွယ်လဲလွယ်တယ်။ နောက် လုပ်အုံးမယ်။ ရှမ်းချဉ်လဲ လုပ်ထားသေးတယ်။ နောက်နေ့တွေခေါက်ဆွဲ စားရင် ရှမ်းချဉ်အလှည့်။ ကမ်ချီ က ကုန်တော့မယ်လေ။





ဒါကတော့ ထုံးစံအတိုင်း ညဘက်ကျတော့ ဗိုက်ပြန်ဆာတဲ့ ကိုယ်တို့လင်မယား အကျင့်အတိုင်း ထ လုပ်စားကြတာပါ။ ညနေက အန်ထွက်တော့ မတတ် စားထားတဲ့ ဖက်ထုပ်က ညဘက်ကျတော့ ဘာမှ မရှိတော့ပါဘူး။ ဗိုက်က ပြန်ဆာလာတာနဲ့ ရေခဲသေတ္တာ ထမွှေပြန်တော့ ဂေါ်ဖီထုပ် တပိုင်းရယ် ဗူးမှိုလေး တဝက်အကျန်ရယ် တွေ့တာနဲ့ ရောပြီးကြော်လိုက်ပါတယ်။ ဘာမှ မထည့်ဘူး ကြက်သွန်ဖြူ က ခွာရမှာ ပျင်းလို့ ခရုဆီက သိပ်မကြိုက်လို့ မထည့်ဘဲ ဆား အချိုမှုန့် နဲ့ပဲ ကြော်လိုက်ပါတယ်။ စားလို့ ကောင်းတယ်။ ရိုးရိုးလေး။





ဒါကတော့ ဟိုတနေ့ကတည်းက ချက်ထားတဲ့ အမဲသားပါ။ ခေါက်ဆွဲနဲ့ ဆီချက် လုပ်စားလို့လဲရသလို ထမင်းနဲ့ စားလဲ ကောင်းပါတယ်။ ဒီမှာ ကြည့်လိုက်နော်။ အမဲသားချက်နည်းကတော့ ဒီမှာပါ။ နောက်ဆုံးက ဗူး ကတော့ ဒီဇင်ဘာလက ရန်ကုန်ပြန်တုံးက ယောက္ခမ လုပ်ပေးလိုက်တဲ့ ငပိကြော်ပါ။ ကောင်းတယ် ကြက်သွန်ဖြူ ကွင်းကြီးတွေနဲ့။ စပ်စပ်ကလေး။ ထမင်းဖြူ ပူပူကို အဲ့လို ငပိကြော် အခြောက်အခြမ်းတွေနဲ့ စားရတာ ကြိုက်ပါတယ်။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။ .........၄ နာရီ ၅၅ မိနစ် ရှိနေပြီရုံးဆင်းတော့မယ်။

A Chen
4:56 PM
3rd Feb 2012
Friday
Bangkok

Thursday, February 2, 2012

မာမာ့ ၊ ဝိုဝ်းဝိုဝ် နဲ့ ဘာဂါကင်း

ကဲကဲကဲ လာပြန်ပါပြီ ခေါက်ဆွဲတွေချည်းပဲ လို့မညည်းကြပါနဲ့နော်။ ဒီတခါက အလွယ်တကာ့ အလွယ်ဆုံးပါ မာမာ့ ခေါက်ဆွဲ (အသံထွက်အမှန်ပါ မာမား မဟုတ်ပါဘူး) ထားတော့။ အလွယ်တကာ့ အလွယ်ဆုံး ခေါက်ဆွဲလေးတွေကိုကြည့်ကြရအောင်နော်..........
ထုံးစံအတိုင်းမဟုတ်ဘဲ ဒီတခါ မောင်က အသုပ်စားမယ်တဲ့ အသုပ်ဆိုတော့လဲအသုပ်ပေါ့နော် မောင်စားချင်တာ လုပ်ပေးရမှာ ကိုယ့်တာဝန် မှလား ကဲ လာပြီ အပ်ချလောင်း မာမာ့ အသုပ် တပွဲ.........မာမာ့ မလောက်လို့ ဝိုဝ်းဝိုဝ် နဲ့ ရောပြုတ်ပါတယ်





မဝမှာစိုးလို့ မောင့်ကို ၃ ထုပ် ပြုတ်ပေးပါတယ်။ အစာနှစ်တွေကို မထည့်ပဲ ခေါက်ဆွဲချည်းပဲ ၃ ထုပ်ကို အရင် ရေဆူဆူမှာ ပြုတ်ပါတယ်။ ပုံကို ကြည့်ပါ တခါ ခေါက်ဆွဲတွေ ထပ်ဆူလာရင် ဆယ်ပါ အကြာကြီး ပြဲတဲ့အထိ မပြုတ်ပါနဲ့။ စာမကောင်းဘူးနော်။ မာဆတ်ဆတ်လေးမှ ကောင်းတာ။





ဒါတွေက ပြင်ဆင်ထားတာပါ သုပ်ဖို့ ဆိုပါတော့။ အစာနှစ်တွေကို နှစ်ထုပ်ပဲ ထည့်ပါတယ်။ သူတို့အထုပ်တွေက အရမ်းဆူးတော့ များရင် စားမကောင်းပါဘူး လေးလွန်းအားကြီးပါတယ်။ နောက်အိမ်မှာ ရှိတဲ့ ဆီချက် နဲ့ ငရုတ်သီး ဆီချက် ထပ်ထည့်ပါတယ်။ သံပရာသီး တခြမ်းကြီး ညစ်ထည့်လိုက်တယ်။ အနှစ်တွေကို ဒီလို မွှေထားပါတယ်။ ပြီးတော့ ခုနက ပြုတ်ပြီး ဆယ်ထားတဲ့ ခေါက်ဆွဲတွေ ထည့်ပြီး တူနဲ့ဖွဖွလေးမွှေလိုက်ရင် မောင့်အတွက် ခေါက်ဆွဲ ဆီချက် ရပြီပေါ့။ တွဲစားဖို့က ရှမ်းချဉ်လေးနော်။





မောင့်အတွက် အရင်လုပ်ပေးပြီးတော့ ကိုယ့်အတွက် ထပ်ချက်ရပါတယ်။ ကိုယ်က ခေါက်ဆွဲ မစားချင်တော့ ကြာဇံလေးစားပါမယ်။ ပုံကိုကြည့်ပါ။ ဂဏန်းကြာဇံ ထုပ်ကိုဝယ်ထားပါတယ်။ ဒီတခု ကိုပိုကြိုက်တယ် အရသာကော ဘာကော နောက် ညှပ်ခေါက်ဆွဲ ထုပ်တွေ ပဲကြာဇံတွေလဲ ရှိတယ် မကြိုက်ပါဘူး။ အော် သူကတော့ ဝေဝေတံဆိပ်ပါ (အမှန် က ဝိုဝ်းဝိုဝ် လို့ အသံထွက်ရမှာပါ “င” သတ်မဟုတ်ဘူးနော် “ဝ”သတ်) ထားတော့။ ဟိုးတနေ့က ကျန်တဲ့ ပုစွန်ဆီပျံ နှစ်ကောင် ပစ်ထည့်လိုက်ပါတယ်။ အမှန်က ဒီခေါက်ဆွဲ ကြာဇံတွေကလဲ ချက်စားထားတာ ကြာပါပြီနော်။ တော်ကြာ တီချမ်းတယောက် အကျန်တွေစားနေတယ် နာမည်ကြီးနေမစိုးလို့။ ပုစွန်ဆီပျံ ပြီးတော့ နောက်နေ့ စားတာပါ။ ကမ်ချီလုပ်တဲ့နေ့က ချက်စားတာပါ။ ဒီမှာ ပြန်ကြည့်လိုက်နော်။





ကြာဇံ ပြုတ်ကတော့ ပိုလွယ်ပါတယ် ပုစွန် နဲ့ ရေ ဆူလာရင် အစာထုပ်တွေ ထည့်၊ ကြာဇံ ထည့် ထပတခါ ဆူလာရင် ပန်းကန်ထဲထည့် ရင် စားလို့ ရပါပြီ။ တီကတော့ ချဉ်စပ်လေးစားချင်တာကြောင့် အိမ်က ငရုတ်သီးဆီချက်လေး ထပ်ထည့်လိုက်ပါသေးတယ်။ သံပရာသီး တစိပ်ညစ် လိုက်ရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိ လုပ်ရလွယ်ကူ။ အပျင်းကြီးသူများ အတွက် မြန်ဆန်လွယ်ကူ အရာသာကောင်း တီချမ်း မာမာ့ တနပ်စာ အကြောင်းလေးပေါ့နော်။ တီလဲ မောင်နဲ့ တူတူ ရှမ်းချဉ်လေးနဲ့စားပါတယ်။





ကြာဇံက အစာမခံပါဘူး။ အဲ့တာနဲ့ ညဘက်ကျတော့ ထပ်စာတာနဲ့ ကလပ်သွားတဲ့ သူငယ်ချင်းကို အပြန်ကျ မုန့်ဝယ်ထဲ့ပါပြောတာနဲ့ ဘာဂါကင်းက နေ စပယ်ရှယ် အကြီးဆုံး အသားနှစ်ထပ် ဆူပါ ဂျမ်ဘို ဘာဂါ တလုံး ဝယ်လာပေးပါတယ်။ အဲ့တာကို ထပ်စားပါတယ်။ ပုံကိုသာရှုတော့။ ဒီမှာ နေတာ တခုကောင်းတာက အဲ့လိုဟာတွေ ၂၄ နာရီ မှာစားလို့ ရတာပဲ။ အော် ချစ်သော အမိမြန်မာပြည် ဘယ်တော့များမှ အဲ့လို ဖြစ်မလဲနော်။





မက္ကစီကန် ဝင်း လို့ခေါ်တဲ့ ကြက်သား ဒရမ်စတစ်ကြော်လေးတွေပါ။ စားကောင်းကောင်းနဲ့စားလိုက်တာ ကုန်မှ ပုံရိုက်ဖို့ သတိရတယ်။ ထားတော့။ ကိုကာကိုလာ အကြီးပါပဲ။ တီချမ်း လောဘကြီးတယ်နော်။





A Chen
3:00 PM
2nd Feb 2012
Thursday
Bangkok

Wednesday, February 1, 2012

ဂျုံ ခေါက်ဆွဲ အရည်ဖျော် နဲ့ ဆီချက်

ဒီရက်ပိုင်း တီချမ်းတယောက် ခေါက်ဆွဲတွေချည်းစားဖြစ်နေပါတယ် ဘက်လိုက်တာကိုပြောတာမဟုတ်ဘူးနော်။ တကယ့် Literally ခေါက်ဆွဲတွေ တီးဖြစ်နေတာကိုပြောတာပါ။ ခေါက်ဆွဲစားရင်စား မစားရင် ဖက်ထုပ်စား မစားရင် ညှပ်ခေါက်ဆွဲစား မစားရင် ခေါက်ဆွဲထုပ်စား အဲ့လို ခေါက်လိုက်ဆွဲလိုက်ပဲ လုပ်နေတာပါ။ အသုပ်လုပ်စားတာတောင် ခေါက်ဆွဲမှ မလွတ်တာနော်.......ထားတော့ ဒီနေ့တော့ တရုတ်နည်းအတိုင်း လုပ်စားတဲ့ ဂျုံခေါက်ဆွဲလေးတွေကို အရည်ဖျော်နဲ့ကော ဆီချက်အနေနဲ့ကော တင်ပေးပါအုံးမယ်။ ပထမဆုံးတော့ ဟင်းရည်အဖြစ် ဝက်ရိုး အရိုးကြမ်းလေးတွေတွေ့လို့ဝယ်လာတာကို ပြုတ်လိုက်ပါတယ်။ ထုံးစံအတိုင်း တီချမ်းတို့ ဆွေစဉ်မျိုးဆက် မဟာဟင်းရည်ကြည်တည်နည်းအတိုင်းတည်ပါနော်။ နောက်တခါ တနေ့က ဝယ်ထားတဲ့ မုန်လာဥဖြူ နှစ်လုံးရှိတာနဲ့ ပိုချိုအောင် အကွင်းလေးတွေ လှီးထည့်လိုက်ပါတယ်။ ဟင်းရည်တအိုးရပြီပေါ့။ ဟင်းရည်က အရည်ဖျော်ဆိုရင် ဟင်းရည်အနေနဲ့ ထည့်ပြီးတော့ ဆီချက်ဆိုရင်လဲ ဟင်းရည်သောက်လို့ရတာပေါ့။ ပြီးတော့ နောက်နေ့လဲ ထပ်ထပ်ပြီး လုပ်စားရတာ အဆင်ပြေပါတယ်။ ဟင်းရည်တအိုးချက်ထားရင် ၂ ရက် ၃ ရက်လောက်စားလို့ ရပါတယ်။ မောင်ကတော့ မနက်စာအနေနဲ့ကျွေးရင် မစားပါဘူး။ သူက မနက်စာမစားတတ်တဲ့သူပါ။ မွေးရတာ လွယ်တာပေါ့နော်။ ဖက်ထုပ်ပဲဖြစ်ဖြစ် ခေါက်ဆွဲပဲဖြစ်ဖြစ် ညစာအနေနဲ့ ကျွေးရင်တော့ စားရှာပါတယ်။ ကိုယ်ကတော့ ခေါက်ဆွဲ တို့ဆန်ပြုတ်တို့လိုဟာတွေဆို တနေ့လုံးလဲစားနိုင်တယ် တလလုံးလဲ စားနိုင်ပါတယ်။ သိပ်ကြိုက်တယ်။ အဲ့တာကြောင့် တခါတခါ ချက်စားရင် အကြာကြီးလဲ စားရ လုပ်ရတာလဲ လွယ်တော့ တီက ခဏခဏ လုပ်စားဖြစ်ပါတယ်။





အပေါ်က ဟင်းရည် တအိုးရပြီဆိုရင် ခေါက်ဆွဲပြုတ်တဲ့ ဇာတ်လမ်းစပါမယ်။ ဂျုံ ခေါက်ဆွဲကို ဆိုင်ကပဲ အထုပ်လိုက်ဝယ်လိုက်ပါတယ်။ သူက တထုပ်ကို ခြောက်လုံး အမှန်က ၆ ပွဲစာပေါ့ တီတို့ကတော့ အစားကြီးတော့ တပွဲ၂ လုံးထည့်တော့ ၃ ပွဲစာပေါ့။ အရင်ဆုံး ပန်းကန်ထဲမှာ ခေါက်ဆွဲကို ဖွထားရပါမယ်။





ပြီးရင် ရေတအိုးတည်ပြီးတော့ ရေဆူလာရင် ခေါက်ဆွဲကို ပြုတ်ပါမယ်။ ခဏ ပြုတ်ရင် ရပါပြီ အကြာကြီး ပြုတ် ရင် ပြဲသွားပါမယ်။ ပထမ ရေတည်ပါ။ ရေပွက်ပွက် ဆူလာရင် ခေါက်ဆွဲထည့်လိုက်ပါ။ နောက်တခါ ပွက်လာရင် ခေါက်ဆွဲတွေကို ဆယ်လိုက်လို့ ရပါပြီ။





တီကတော့ ၂ ပွဲစာ ၄ လုံးတခါတည်းပြုတ်လိုက်တော့ ဆယ်ပြီးသားခေါက်ဆွဲတွေကို နှစ်ပန်းကန်ခွဲ ထည့်ပါ တယ်။ မောင်က အရည်ဖျော်စားမယ်ဆိုလို့သူ့အတွက် အရည်ဖျော်ပါ။ နောက် သူက အမဲသားမစားတော့ တီက သူ့အတွက် ကို တနေ့ က ချက်ထားတဲ့ နမ့်ပရစ်အောဝ် အကျန် နဲ့ လုပ်ပေးလိုက်ပါတယ်။ နမ့်ပရစ်အောဝ် ချက်နည်းက ဒီမှာ တင်ဖူးပါတယ်နော်။ ပန်းကန်ထဲကို ဆား အချိုမှုန့် နည်းနည်းထည့် ပဲငံပြာရည်အကြည်နည်းနည်းထည့် ပြီးတော့ ခေါက်ဆွဲထည့် အသားထည့် ငရုတ်သီးဆီချက် ထည့် ကြက်သွန်ဖြူ ဆီချက်ထည့် ဟင်းရည်ထည့် လိုက်ရင် မောင်စားမယ့် ဂျုံခေါက်ဆွဲအရည်ဖျော်ရပါပြီနော်။





တီ့အတွက်ကတော့ ဆီချက်စားချင်လို့ ခုနက လိုပဲ ဆားအချိုမှုန့် နည်းနည်း ပဲငံပြာရည်အကြည်နည်းနည်း ကိုပန်းကန်ထဲထည့် ဒီမှာတော့ ဆီချက်ဖြစ်တဲ့ အတွက် ကြက်သွန်ဖြူဆီချက်ကို နည်းနည်းပိုထည့်ပါမယ်။ ပြီးတော့ ခေါက်ဆွဲလေးတွေကို တူနဲ့ လုံးလိုက်ပါ။ ပုံ ၁ အတိုင်းပေါ့။ နောက်တော့ အဆင်သင့်ချက်ထားတဲ့ အမဲသားကို အပေါ်က ဆမ်းလိုက်ရင် အမဲသားဆီချက်ခေါက်ဆွဲတပွဲရပါပြီနော်။ တွဲဘက်စားဖို့ ရာက အိမ်မှာလုပ်တဲ့ ကမ်ချီလေးဖြစ်ပါတယ်။ လုပ်နည်းက ဒီမှာပါ။ တနေ့က လုပ်ထားတာ ပထမဆုံးအနေနဲ့ပေါ့ စားလို့ဖြစ်ပါတယ်။ အမဲသားချက်နည်းလဲ အရင်တခါ တင်ဖူးပါတယ်နော်။ ဒီမှာ ကြည့်ပါ။ အသားကိုတော့ ခေါက်ဆွဲ နဲ့စားဖို့ ရည်ရွယ်တဲ့ အတွက် အတုံးသေးသေးလေးတွေ လုပ်ထားတာပါ။





ကဲ မပြောမရှိနဲ့ ဒီတပတ် ဝိကန်း ကျရင် လုပ်စားကြည့်လိုက်နော်။

A Chen
6:48 PM
1st Feb 2012
Wednesday
Home
Bangkok