Wednesday, January 26, 2011

မုန်ညှင်းချဉ် ချဉ်ကြမယ်

တနေ့ က မနက်စောစော နိုးတော့ ဈေးသွားဝယ်ပါတယ် ဈေးထဲမှာ မုန်ညှင်းကြီး (လို့ခေါ်တယ်ထင်တယ်) လတ်လတ်ဆတ်ဆတ်တွေတွေ့တာနဲ့ ရေမုန်ညှင်းချဉ် (တီတို့ အခေါ်) ချဉ်စားဖို့ စိတ်ကူးရပါတယ်။ သူက စားရတာ အရမ်းလွယ်တယ် အဆင်ပြေတယ် စားကောင်းတယ် တီ့မိုတိုနဲ့ အကိုက်ပဲ လုပ်ရတာလဲမခက်ဘူး ရန်ကုန်မှာနေတုံးက အမေတို့ အဒေါ် တို့ လုပ်တာ ခဏခဏ မြင်ဘူးတယ် အဲ့တော့ တီလဲ လက်တည့်စမ်းကြည့်မယ် စိတ်ကူးပြီးတော့ ဝယ်လာတယ်။ တခါမှ လက်တွေ့မလုပ်ဘူးတဲ့ အတွက် အမေ့ကို ဖုန်းနဲ့ လုပ်နည်း လှမ်းမေးလိုက်သေးတယ် (တွေ့တယ်နော် စာဘတ်သူတွေ ကို ဘယ်လောက်စေတနာ ထားသလဲဆိုတာ တကူးနဲ့တက ကို ဖုန်းခ ကော ဘာကော အကုန်အကျခံပြီးတော့ ကို စိတ်ပါလက်ပါ ချက်ပြုတ် လက်သုပ် အကုန်လုပ်ကျွေးနေတာ) အပင်ကိုတော့ တွေ့ရင် သိမှာပါ ဒီအပင်က ကြံမဆိုင် ချဉ်တာလဲ ဒီအပင်ပဲ သုံးတယ်။ နောက် ရှမ်း မုန်ညှင်းချဉ် ပိုးတီတွေ မုန်လာဥ နီတွေ နဲ့ အစပ် အချိုတွေ မှာ လဲ ဒီအပင်က ပင်တိုင်ပဲ။ တီတို့ က တော့ မုန်ညှင်းကြီးလို့ ခေါ်တယ် သူ့ချည်းပဲ အစိမ်းကြော်လို ကြော်စားရင်လဲရတယ် ခါးတော့ နည်းနည်းခါးတယ် အဲ့လိုကြော်စားရင်.........အရွက်က ဖားဖား ကြမ်းကြမ်း ကြီးတွေပါ သေသေချာချာ အနီးကပ်မြင်ချင်ရင် ပုံမှာ ကလစ်လိုက်ပါနော် ပုံကိုလဲ သေချာမြင်ရအောင် တပင်တည်း ရင်ထဲကနွယ် လို သေချာ ထုတ်ပြီး ရိုက်ပြထားတယ်နော် ....





ဒါက ဝယ်လာသမျှပါ ၃ ကီလို ဆိုတော့ တီက အများကြီးထင်တာ ဘယ် နေလှမ်းပြီးတော့ ကျုံ့သွားတာနဲ့ နည်းနည်းလေးပဲ ရတယ်... အဲ့တော့ အပင်တွေ့လို့ ချဉ်ကြည့်ကြမယ်ဆိုရင် များများ ဝယ်ပါလို့ ပထမဆုံး ဝယ်လာတဲ့ အပင်တွေ ကို ရေသေချာ ဆေးပါတယ် တီကတော့ အပင်ကြီးကနေ တရွက်ချင်း ခွာခွာပြီးတော့ သေချာ ရေဘုံဘိုင်အောက်မှာ တရွက်ချင်း ပွတ်ဆေးပါတယ် ပြီးတော့ ပုံ၂ မှာ ပြထားတဲ့ အတိုင်း ခြင်း၊ ဇကာ ထဲသေချာ စီထည့်ပြီးတော့ (သေချာ စီထည့်စရာတော့လဲ မလိုပါဘူး အပိုလုပ်တာတော့လဲမဟုတ်ပါ ဘာပဲ လုပ်လုပ် သေသေချာချာ သပ်သပ် ရပ်ရပ် စေ့စေ့စပ်စပ် လုပ်တတ်တာ က အကျင့်ပါနေလို့ပါ) ပြီးတော့ နေလှမ်းပါတယ် တနေ့လုံးနီးပါးပါပဲ ပြီးရင်တော့ ညနေကျရင် တနေ့လုံးနေပြထားလို့ နွမ်းနေတဲ့ မုန်ညှင်းရွက်တွေ ကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်းတွေ့ရပါမယ် လောင်သွားတဲ့ အထိ လှမ်းရတာ မဟုတ်ဘူးလေနော် နွမ်းရုံပဲ...





ပြီးရင်တော့ အောက်က ပုံ ၄ မှာ ပြထားတဲ့ အတိုင်း နွမ်းနေတဲ့ မုန်ညှင်းလေးတွေကို တရွက်ချင်း သေချာထပ်ထပ်ပြီးတော့ ပါးပါး အနေတော်လေးတွေ လှီးပါတယ် ပြီးရင် ဘေးက ပုံ ၅ မှာ ပြထားတဲ့ အတိုင်း ဇလုံ သို့ ဇလား နယ် လို့ ကောင်းရုံထဲ ထည့်ပါတယ် ပြီးရင် ပုံ ၇ မှာ ပြထားသလို ဆားလေးတွေထည့်ပါမယ် ဆားထည့်တဲ့ အခါ အများကြီး ထည့်စရာမလိုပါဘူး ဟင်းချက်ရင် ထည့်သလောက်ပါပဲ ...





ပြီးရင်တော့ အောက်က ပုံတွေ မှာ ပြထားတဲ့ အတိုင်း လက်နဲ့သေချာနယ် ပေတော့ တီကတော့ ဒီဇလုံနဲ့လဲ အာလူးထမင်းတွေ ဘာတွေ နယ်နေကြဆိုတော့ နယ်ရတာ အားရပါတယ် အရွက်တွေက ဆား နဲ့ နယ်တာဖြစ်တဲ့ အတွက် အရောင် နည်းနည်း ပြောင်းပြီး ပိုနွမ်းသွားပြီဆိုရင် ရပါပြီ ဆိုလိုတာက နေလှမ်းပြီး နွမ်း သွားတုံးက တရောင် အခု နောက်တခါ နွမ်းတဲ့ အဆင့်က နောက် တရောင်ပါ





အရွက်တွေ အကုန် ညီညီညာညာ နွမ်း ကုန်ပြီဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ထမင်းကြမ်း ကို ချေပြီး ထည့်ပေးပါ တချို့တွေ က ထမင်းရည် (ထမင်းတည်တုံး ခံထားပြီးတော့ အအေးခံပြန်ထည့်တာပါ) တချို့ကလဲ ဆန်ဆေးရေ စသဖြင့် လုပ်နည်း အနည်းအများ ကွဲတတ်ပါတယ် တီတို့ကတော့ လွယ်ကူသက်သာ မြန်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့အညီ အလွယ်နည်းပါပဲ ထမင်းကြမ်းတွေနဲ့ နှပ်အောင် နယ်ပြီးပြီဆိုရင်တော့ အလည် ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်လိုချင်တဲ့ ဘူး နဲ့ ထည့်ပါ တီက အစက အများကြီး ရမယ် ထင်ပြီး ဘူး အကြီး ထုတ်ထားတာ မှန်းချက်နဲ့ မုန်ညှင်းထွက် မကိုက်ဘူးဖြစ်သွားတယ် တဝက်တောင် မပြည့်ချင်ဘူးရယ်....
ထားပါ ခုမှတော့ ပြောနေလဲ အပိုပေါ့ စာဘတ်သူသာ အရွက်တွေ့လို့ လုပ်စားမယ်ဆိုရင် တီ့ လို ၃ ကီလိုပဲ မဝယ်နဲ့နော် အနည်းဆုံး ဟော်လစ် တပုလင်းစာလောက်လိုချင်ရင်တောင် ၅ ကီလိုတော့ ဝယ်ပါ (သက်ကြီးစကား သက်ငယ်ကြားနော် ရှေးလူကြီးတွေ ပြောတာ နားထောင်) နယ်ပြီးသားတွေ ကို ဘူးထဲ ထည့်ပြီးပြီဆိုရင်တော့ အပေါ်ကနေ ဆားနည်းနည်း ထပ်ဖြူးပေးပါမယ် ဆား ထည့်တာ များ ရင် မကောင်းသလို နည်းလွန်းရင်လဲ မချဉ်ဘဲ နေတတ်ပါတယ် ပြီးရင်တော့ ရေကျက်အေး ဖြစ်ဖြစ် (တီကတော့ ရေသန့်ပဲ သုံးလိုက်တယ် အလွယ် အလွယ် ....) ကို အရွက်ဖုန်း ရုံလေး ထည့်ပေးပါ နောက်ဆုံး ပုံကို ကြည့်ပါနော်





ပြီးရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ဇလုံထဲ က နယ်ပြီးသား မုန်ညှင်းရွက်တွေကို လက်နဲ့ ညစ်ညစ်ပြီးတော့ ဘူးထဲ ကိုသေချာထည့် အဖုံးပိတ်ပြီးပြီဆိုရင် နောက်နေ့မှာ နေပြရပါမယ် ၂ ရက် ၃ ရက် လောက် နေပြလိုက်ရင် အရောင် က အညို နုနု လေး (သို့) စာလာလာဘတ်တဲ့ ပန်းချီ သမားတွေ လိုပြောရရင်တော့ အဝါနွမ်းနွမ်းလေးပေါ့ အဲ့လို မျိုး ပြောင်းလာပြီ ဆိုရင်တော့ စားလို့ ရပါပြီ
အစကတည်းက ဘာမှ မထည့်ပဲ ပလိမ်း ချဉ်ထားတဲ့ အတွက် စားခါနီးကျရင် ငရုတ်သီး စိမ်း ပါးပါးညက်ညက် လှီး ပြီး ထည့် နံနံ ပင် ထည့် နောက် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး နယ်လိုက်ရင် ထမင်း နဲ့ အအီပြေ စားစား ရှမ်းခေါက်ဆွဲနဲ့စားစား ရှမ်းမြီးရှည် လို့ ခေါ်တဲ့ ခေါက်စဉ့် နဲ့စားစား အင်မတန် အရသာရှိ လုပ်ရတာ လွယ်ကူ မြန်မြန်ဆန်ဆန်စားရ သက်သက်သာသာနဲ့ အကုန်အကျမများတဲ့ ရေမုန်ညှင်း ချဉ် ရပြီပေါ့ကွယ်....




A Chen
5:49 PM
26th Jan 2011
Wednesday
Bangkok

18 comments:

  1. " ဇလုံထဲ က နယ်ပြီးသား မုန်ညှင်းရွက်တွေကို လက်နဲ့ ညစ်ညစ်ပြီးတော့ " တီရေ အဲဒါဘာလို.ညှစ်ရတာလဲဟင် အရေစစ်တာလား
    တီမိုတိုများကို အားပေးသူ

    ReplyDelete
  2. ဒီတစ်ခါ “မောင် ” လည်းမပါဘူး..........:)

    ReplyDelete
  3. အဲဒါကိုသိပ်ကြိုက်တာ ဒါမယ့်နေပြရတဲ့ ကိစ္စက ဒီမှာခက်နေတာ ဘယ်နေ့ နေသာလည်းမှန်းမရဘူး ပီးတော့နေသာနေရင်းလည်း မိုးက ကောက်ရွာချတာဆိုတော့ သိပ်စိတ်ညစ်ဖို့ ကောင်းတယ်။

    ReplyDelete
  4. နေပြစရာနေရာမရှိရင် နွေးမယ်နေရာမှာ ထားလဲရပါတယ် ဗစ် ရဲ့
    တီတောင် ရေခဲသေတ္တာ (အသစ်)ရဲ့ နောက်နားမှာ ကပ်ထားလိုက်တာပဲ

    လူမသိသူမသိရေ>>> ရေညှစ်တယ် ဆိုတာ စကားအဖြစ်ပြောတာပါ တီနယ် တာတော့ ရေသိပ်မထွက်ဘူး အဲ့တာက နေလှမ်းတာ ပေါ်လဲမူတည်ပါတယ်
    ခြောက်ရင် ရေသိပ်မထွက်ဘူးပေါ့
    နယ်ပြီးရင် ကြည့်လိုက်လေ
    ရေတွေ ရှိနေရင်တော့ ဘူးထဲ သိပ်မထည့်ခင် နည်းနည်း ညှစ်ပေးရပါမယ် ပြီးရင် ရေကျက်အေးပြန်ထည့်တာ မှန်ပေမယ့်
    နယ်ပြီးတဲ့ အခါ တော့ နည်းနည်းညှစ်ပါ (မုန်ညှင်းပြောတာနော်)

    ReplyDelete
  5. nye: ကောမန့်..
    (( ထမင်းတွေထည့်ထားတော့ စားတဲ့အခါ အဲ့ဟာတွေပါနေမှာလား.. ပီးတော့ တီကသာ အ၀ါနွမ်းနွမ်းတွေ အဝါဖျော့ဖျော့တွေ ပြောတာ ပုံထဲမှာကဖြင့် စိမ်း(ဟိမ်းဟိမ်း)လို့..)

    ReplyDelete
  6. စားတဲ့ အခါ နည်းနည်းတော့ ပါနေမယ်
    ဒါပေမယ့် သုပ်စားတာဆိုတော့ ကိစ္စတော့ မရှိပါဘူး
    အဲ့တာက စချဉ်တဲ့ နေ့ က ရိုက်လို့လေ
    ခုတောင် အဝါနွမ်းနွမ်းလေးဖြစ်နေပြီ
    သုပ်စားတဲ့ နေ့ကျရင် ထပ်တင်ပေးမယ်

    ReplyDelete
  7. ဝယ်စားလိုက်တာ အမြန်ကောင်းသက်သာအလွယ်ကူဆုံးပါပဲ
    =D

    ReplyDelete
  8. အင်း
    ရှင့် မောင် တူဘီ တော့ သနားပါတယ်
    ကျုပ်ဆီရောက်လာရင် အဆိုးမဆိုနဲ့နော်
    ဒါဘဲ

    ReplyDelete
  9. Oh! I miss my mom, she does like this also...
    wanna go Home..... Thanks Addy for sharing your knowledge and good presentation.
    Sa Ta Nar A yan par dar pae naw....
    But Maung ma par tot ta ku ku lo nay tha lo pae naw....
    Diamond.

    ReplyDelete
  10. ငရုတ်သီးစိမ်းလေးတွေ ထည့်ပြီးချဉ်ရင်ရော ရလားဟင်။ ဒီနေ့ညနေ စလုပ်ကြည့်မလို့။

    ReplyDelete
  11. ထည့်ချဉ်ရင်လဲ ရတယ် ဒေါ်နှင်း
    တီကတော့ စားခါနီး သုပ်တော့မှထည့်တယ် အဲ့တာက ပိုမွှေးတယ်လေ
    စားခါနီးကျတော့ မုန်ညှင်းချဉ် ကို ပန်းကန်ထဲထည့် ဆား အချိုမှုန့် နည်းနည်းထည့်
    ပြီးတော့ ငရုတ်သီး စိမ်း နှုတ်နှုတ်စင်းထားတာလေးထည့် နံနံပင်လေးထည့် နယ်လိုက် ကောင်းမှကောင်း

    အသုပ်ဆိုလို့ ပြောရအုံးမယ်
    တနေ့ က ကိုကိုဒေးဗစ် လာတော့ ပဲကြော်တွေ မှာလိုက်တာလေ ပါလာတာနဲ့
    ရခိုင်မုန့်တီ ချက်စားကြသေးတယ်
    အသုပ်ဆိုလို့ ရှင့် ကိုသတိရသွားတာပါ

    ReplyDelete
  12. I did as you did and I got two boxes of those. I don't know how little salt I should put so I put three tea spoons on top. Is it too much? Anyway, if not ok, I'll try again.
    I wanna have pea kyaw & mont tee..!! :( Will try pea kyaw by myself at home one day.
    Snow

    P.S. I don't see nhat pyaw uu at my place but you can replace it with kyar swal (not kyaw swe, ok? :D) and it tastes better. Enjoy!

    ReplyDelete
  13. ဒီနေ့ မုန်ညင်းချဉ် လက်ကျန် အကုန်ကုန်သွားပြီ။ အရမ်း စားကောင်းတာပဲ။ နောက်လည်း အဲလို လုပ်လုပ်ထားရမယ်။
    နည်းပေး လမ်းပြလုပ်တာ အရမ်းကျေးဇူးတင်ကြောင်း လာပြောတာပါ။ :)

    ReplyDelete
  14. Squeeze the mustard leaves and transfer them to the container before adding water or after adding water?

    ReplyDelete
  15. Thank you so much!!! I'll try!!!

    ReplyDelete
  16. thanks!
    will try coming soon, T Chan.
    Esther

    ReplyDelete
  17. တီးချမ်း

    ခင်မင်လျှက်

    ZZ

    ReplyDelete