Wednesday, October 24, 2012

လိုက်ခ် ဖို့ ကြေငြာ

ဒီနေရာ

တီချမ်းတို့ လုပ်နေတဲ့ "D's Place" ဆိုတဲ့ လုပ်ငန်းလေးကို ဖဘ မှာ တင်ထားပါတယ်။ ဘယ်လိုပေါ်လာသလဲ ဘာတွေလုပ်သလဲဆိုတာက အောက်မှာ ပြထားတယ်နော်။

ဖဘက တီချမ်း စာဘတ်ပရိတ်သတ်တွေ လိုက်ခ် လုပ်ပေးကြပါအုံး။

http://www.facebook.com/TheDPlace 

တီချမ်း


Saturday, October 20, 2012

ဝက်ခေါက် ပဲငပိ ယူနန်စတိုင်လ်


ကဲ တီချမ်းတယောက် ဟင်းမချက်တာကြာပြီလို့ ပြောပြီး တရစပ်တောင်းဆိုနေတဲ့ တီ့ စာဘတ် 
 ပရိတ်သတ်တွေအတွက် ယူနန်စတိုင် ဝက်ခေါက်ကြော်လေးကို တင်ဆက်ပေးလိုက်တယ်နော်။ ပထမဆုံး ဝက်ခေါက် ကို ရေစိမ်ထားပါမယ်။ အမွှေးတွေဘာတွေပါရင် ဇာဂနာနဲ့ နှုတ်ထားပါ။

ဝက်ခေါက်က ရေစိမ်ထားရင် သန့်ပြီးပွလာပါလိမ့်မယ်။ အဲ့လို ဝက်ခေါက်ကို မြန်မာပြည်က တရုတ်တန်းမှာ ရနိုင်ပါတယ်။ တီက အခု မြန်မာပြည်ပြန်ရောက်နေပြီဆိုတော့ လိုတာရှိ ဝယ်ရတာ သိပ်လွယ်သွားပါပြီ။ ပြည်ပရောက်မြန်မာများလဲ ပြန်လာဖို့ သမ္မတကြီးက ကြိုဆိုလမ်းဖွင့်ပေးနေပါပြီနော်။ ကဲ ရွှေများ.............(စကားချပ်)

 နောက်ထပ်ပြင်ဆင်ထားဖို့လိုတာက ခရမ်းချဉ်သီး ၁ လုံး ၂ လုံးလောက်ကို သေးသေးလေးတွေလှီးထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ကြက်သွန်နီ သေးသေးလှီးထားပါ။ ပြီးတော့ ဂျင်းကိုလဲသေးသေးမျှင်မျှင်လေးတွေလှီးထားပါနော်။



ပြီးရင် ဝက်သားနည်းနည်းလေး (၁၀ သားလောက်ကို) ပါးပါးလှီးထားပါ။ တီကတော့ ရေခဲထားတာကို ပြန်ဖြေဖို့  ဆိုပြီး မိုက်ခရိုဝှေ့လိုက်တာ ကျက်သွားတယ်။ ကိစ္စတော့ မရှိပါဘူး။ မဟုတ်ရင်တော့ အသားစိမ်းဆိုရင် ထုံးစံအတိုင်း ဆား အချိုမှုန့်လေးနယ်ထားပေါ့နော်။
 ဒါကတော့ ပဲငပိပါ။ အငံကို သုံးပါတယ်။ ပုလင်းနဲ့လာတဲ့ အချိုမျိုးမဟုတ်ပါဘူးနော်။
 ပြီးရင်တော့ ဆီပူအိုးတင်ပြီး စတင်ကြော်လှော်ပါတော့မယ်။
 ပထမဆုံး ကြက်သွန်ဖြူနီ ကို ဆီသတ်ပါမယ်။
 ဂျင်းထည့်လိုက်ပါ။ ခဏလောက်ဆက်မွှေပေးနေပါ။ မတူးအောင်ဂရုစိုက်ပါနော်။
 ပြီးရင်တော့ ကြက်သွန်တွေနွမ်းသွားရင် ခရမ်းချဉ်သီး ကိုထည့်ပါမယ်။
 ငရုတ်သီးအနှစ် ဆက်ထည့်ပါ။
 ပြီးရင် ခရမ်းချဉ်သီးတွေနွမ်းတဲ့ အထိ ခဏ မွှေပေးနေပါနော်။
 ပြီးပြီဆိုရင်တော့ ခုနက ပြောတဲ့ ပဲငပိ ကိုထည့်ပါမယ်။








လိုအပ်တယ်ထင်ရင် ရေနည်းနည်းလေးထည့်ပါ။
 မွှေရကောင်းရုံလောက်ပါပဲနော်။





ပြီးရင်တော့ အစိမ်းကြော်တုံးက ပိုတဲ့ မုန်လာဥနီ ကို ထည့်လိုက်ပါတယ်။
 မီးပြင်းပြင်းနဲ့ ခဏလောက်မွှေပေးလိုက်ပါ။
 ဒီအဆင့်မှာတော့ ဝက်သားတွေပါထည့်လိုက်ပါမယ်နော်
 ပြီးရင်တော့ ခဏလောက်ထပ်မွှေ။ ဝက်ခေါက်ထည့်။
 ရေနည်းနည်းထပ်ထည့်ပါ။
 ပြီးရင် ခဏမွှေပြီး ဆီပျံ ချင်သလိုလို ရေကျန်ချင်သလိုလိုဖြစ်နေပြီဆိုရင် ချလို့ရပါပြီနော်။
ကဲ အဲ့တာဆို ချက်ရတာလဲ လွယ် စားလို့လဲ အရမ်းကောင်းပြီး ထမင်းမြိန်စေတဲ့ ယူနန်စတိုင်လ် ဝက်ခေါက် ချဉ်စပ် ဟင်းတခွက်ရပြီပေါ့နော်။

အရွက်ဟင်းချို ပူပူလေးနဲ့ဖြစ်ဖြစ် စွမ်တန်လေးနဲ့ပဲ ဖြစ်ဖြစ် အင်မတန်လိုက်ဖက်ပါတယ်။






NOTE:

the new format of the blogger sucks (SUCKS) i don't like it at all, it is not convenience to upload fotos, edit and placed.

SUCKS big time.

တီချမ်း
ညနေ ၅ နာရီ ၃၉  မိနစ်
၂၀ ရက် အောက်တိုဘာ ၂၀၁၂ 
စနေနေ့

စင်ထရယ် ဟိုတယ် ရန်ကုန်။