Thursday, May 28, 2009

မိုးနဲ့ တီချမ်းခင်တဲ့မိန်းမတွေ

မိုးနဲ့ တီချမ်းခင်တဲ့မိန်းမတွေ



မိုးတွေလဲရွာ
ဖားတွေလဲပါ
မမကွမ်ကြီးမှာ
မောင့်ကိုလွမ်းရှာ…



မိုးသည်းသည်းထဲ
အ၀တ်တွေရွှဲရွှဲ
ဒေါ်ရီတာလဲ
မောင်ကိုမျှော်ဆဲ…



မိုးတွေကညို
ပန်းတွေကပျို
မိုးခါးလေးက
မောင့်ကိုချွဲပို



မိုးတွေကမစဲ
မိရောင်ကလဲ
မောင်နဲ့သူမခွဲ
ရောင့်ရဲတယ်တဲ့



မိုးတွေထဲမှာ
ထီးကလဲမပါ
ယောင်နေဆဲပဲ
ကြယ်ငိုကြွေးပွဲ



မိုးတွေမစဲတာ
အတွေးတွေလွဲရှာ
မိညီမ မှာ
ပုလင်းကိုခဲကာ



မိုးတွေကစိပ်
တိုးဝင်ရောက်အိပ်
မိဒီမရဲ့
စိုးနေတဲ့စိတ်



မိုးတွေက မဲ
ဦးမွန်က ကဲ
သူ့ချစ်ချစ် လဲ
ခစ်ခစ်နဲ့ ဟဲ



မိုးမင်းကဒုန်း
ဆင်ဒန်လာတုန်း
မမသီရိ
ထထရယ်၏



မိုးတွေက၀ုန်း
ကားပေါ်ကပြုံး
ဏီဏီကလဲ
ပြောင်ပြီးတော့ ညုန်းမ် (:=)



မိုးတွေကရွာ
ပန်းတွေမလှရှာ
မာလာလေးမှာ
ပေါ်မလာဝေးကွာ



မိုးမိုးမဲမဲ
နနခလဲ
ဓါတ်ပုံမရိုက်ရ
စိတ်ကုန်သတဲ့ဗျ



မိုးတွေကအုန်း
ဘာတွေကတုန်း
မျှော်မျှော်တွေးလဲ
ပေါ်မလာရေးပဲ



မိုးကမတိတ်သေး
စိုးထိတ်မိသေး
မိုင်ဒီယားလေ
ဒိုင်ယာရီလဲမရေး



မိုးတပေါက်ပေါက်
ဖြိုးတဖျောက်ဖျောက်
ဆွိပီအိုနီ
မိုးနဲ့ကြည်သည်



မိုးကသည်းသည်း
လမ်းကအမြဲမွဲ
မိန်းမစိမ်းလေး
ဘလောခ်နဲ့ဝေးဝေး



မိုးတွေကချိန့်
ဖားတွေကမတိတ်
လွမ်းတဲ့ သုရင်
ပျောက်လုလုပင်



မိုးတွေကရွာ
ကောင်းကင်က ပြာ
ရေးနေငါ့မှာ
မိုးကိုလွမ်းကဗျာ



မိုးတွေနဲ့အတူ
စိတ်တွေဆွေးသူ
တီတီချမ်းပဲ
အအူတွေရေးဆဲ



မိုးတွေနဲ့အတူ
ထားချင်ခဲ့သူ
အမှတ်တရလေးတွေ
(အိမ်လည်လာတဲ့)
မိန်းမလေးတွေ
ကြီး ငယ် လတ်မရွှေး
စိတ်မှာအမြဲတွေး
ကျန်းမာကြစေ
ချမ်းသာကြစေ
လမ်းဖြာကြစေ
ဝမ်းသာပါရစေ
ဆုတွေတောင်းနေ
မိုးအမှတ်တရ
တိုးတဖျဖျ။



A Chen
2:03 am
22nd May 2009
Home
Bkk



(အားလုံးသိကြတဲ့ မမကွမ် ရဲ့တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့
ဘလောခ်လောကတခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ မိုးကဗျာ ပါ
တီကလဲ ဟိုတနေ့က မိုးတွေစွတ်ရွာနေတာနဲ့ အဲ့ဒီ ကဗျာ က ခေါင်းထဲရောက်ရောက်လာတယ်
အဲ့တာ နဲ့ ဆင်တူယိုးမှားဗာရှင်းနဲ့ တီခင်တဲ့သူတွေနဲ့ရေးပါတယ်
ပုံတွေကိုတော့ ဂူဂယ် လုပ်ပါတယ် )

Wednesday, May 27, 2009

နန်းဆန်တဲ့ တူအရီး (သို့) ငပေါဂေဟာနှင့်အပြိုင်ပေါခြင်း

myittaryongpyan: မောနင်းအာဝါးးးးးးးး
End of messages received while you were offline at 9:16 AM on Wednesday

myittaryongpyan: နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း (Tag Post) http://myittaryongpyan.blogspot.com/

Addy: အာဘွား နင်းနင်း

myittaryongpyan: ဟီးဟီး

Addy: ဟဲ့ ဟဲ့ စောစောစီးစီး ဘဇာဖြစ် ဆေးသောက်ခဲ့ဘူးလား

myittaryongpyan: သောက်ဖို့မေ့နေတယ်

Addy: ဖြစ်ရမယ် ငါ့တူမ
Sent at 9:32 AM on Wednesday

myittaryongpyan: အိမ်ခဏလည်မယ်
စောင့်

Addy: တူမတော် ငှဲ့ အဒွေးတော်ဆီ အခစားမ၀င်ရသေးဘုနော့
ခိခိ

myittaryongpyan: ယခုပင် မစိုင်းအခစားဝင်ရန် လျှောက်တင်ပါသည် ဘုရားးးးးးးးးးးးးးး

Addy: သင့်လှပေ၏တူမတော် သင့်လှပေ၏
တူမတော် ရဲ့မောင်တော် ကော ကျန်းမာလန်းဖြာ လျက်ရှိရဲ့ မှလားကွယ့်

myittaryongpyan: ကျေးဇူးကြီးမားလှကြောင်းပါ ဒွေတော်

Addy: ဒွေး ပါအေ့

myittaryongpyan: ဟီး
မွှားသွားလို့
အရှိန်ပျက်သွားပြီ

Addy: အင့် နန်းဟန် ကိုမစောင့် ရှန်း တာကြောင့် ပျက်တဲ့ တူမတော် ဒွေးတော် ကယ်ချင်ပါ့ပေမယ့်လဲ ရှင်တော့ဘုရား က ဒီလိုအပြစ်မျိုး ကို သည်းခံခဲပေတယ့်ကွယ့်
ဒါကြောင့် တူမတော် ကို ငမိုက်သားများနဲ့ တောင်စွယ် နေကွယ်ရင်......................

myittaryongpyan: အောင်မယ်မင်းရယ်မှ ဖြစ်ရမယ်
ကယ်တော်မူပါအုံး

Addy: ရုံးအပြန်ကိုစောင့်ခေါ်စေမယ်ကွယ့်............................

myittaryongpyan: သေပဟ

Addy: ဒွေးတော် စကား ဆုံးပါစေအုံးလေ တူမတော် ညည်းချင်းက စ တော့ ပြောခက်ရ ရတက်ပွေပေမယ်
Sent at 9:36 AM on Wednesday

myittaryongpyan: ဒီနေ့ ချစ်တီနဲ့ နန်းဆန်ဆန်လေး ချက်မယ်။

myittaryongpyan: ဒွေးတော်ရေ
ကျန်းခံသာလို့ မာပါစရှု
ရှင်

Addy: တူမတော်ရဲ့ မောင်တော် ရှူရှ မင်း ပို့သတဲ့မေတ္တာကြောင့် ကျန်းမာ ပကတိ လန်းဖြာစွာရှိပေတယ် တူမတော်

myittaryongpyan: ဟဟဟဟ
မှားပါတယ်နော်
ပါလာပြန်ပြီ

Addy: တူမတော် သတိထားမှပေါ့ကွယ် ထီးဟန်မှောက် နန်းဟန်ပျောက်ရင်ဖြင့် ကုလားဖြူ ကျွန်သဘောက်တွေနဲ့ ဘယ်မှာ ခြားပါတော့မလဲကွယ့်သတိထားပါကွယ်
Sent at 9:43 AM on Wednesday


Addy: ဒွေးတော် တို့ နန်းရိုက်နန်းရာ ဆွေမျိုညာသဟာတွေ ဟာဖြင့် ထီးသုံးနန်းဟန် ကိုစောင့်ထိန်းရပေမယ် မဟုတ်လားကွယ့် အဲ့သဟာကြောင့် သတိထားပါတူမတော် ပြောအဆို အနေအထိုင်စသဖြင့် နန်းမူနန်းဟန်ကြွယ် ရမယ့်ကွယ့်

myittaryongpyan: မှန်ပါ့ဒွေးတော်
တူမတော် လိုက်နာပါ့မယ် ဘု၇ား
အမိုက်အမှားလေးမို့ ခွင့်လွှတ်တော်မူးပါ့ ဒွေးတော် ဘုရားးးးးးးး

Addy: သင့်လှပေတယ် တူမတော် တူမတော်ဟာဖြင့်ရင် ဒွေးတော် ရဲ့ သင်ကြားမှုအောက်မှာ နန်းဟန်ကြွယ်ကြွယ် နဲ့ ဒွေးတော် ကိုဂုဏ်တက်စေပေမယ်ကွယ့်

myittaryongpyan: ရွှေစိတ်တော် ငြိုလို့ မပူပါနဲ့ဒွေးတော်

Addy: တူမတော် စာလုံးပေါင်းလေးတွေကလဲ တကယ်တန်းတော့ ဒွေးတော်တို့ ရဲ့ မြန်မာမှု မြန်မာဟန် ကိုထိန်းတဲ့အရာ မှာ သေချာမှုရှိရမယ်ကွယ့် ဆင်ခြင်ပါတူမတော်

myittaryongpyan: တူမတော်သဟာဖြင့် ဒွေးတော်ရဲ့ သွန်သင်ဆုံးမမှု အောက်မှာ ထာဝရ ခစားလျှက်ပါ
မှန်လှပါ ဒွေးတော်
ခဏလေး ချစ်တီ
အဲဒါကို ပိုစ့်တင်ပါလား
ဟီးဟီ
အခုခေတ် ကလေးတွေ စိတ်ဝင်စားတာပေါ့

Addy: စိတ်ကူးရှိပေတယ် တူမတော်ငှယ့်

myittaryongpyan: သေချာရေးမယ်
အိုကေ
စပြီ ဒါဆို
ဝမ်း
တူး
သရီး

Addy: ခုတူမတော်နဲ့ ဒွေးတော်ရဲ့ ချက်တင် ခန်း ကိုတင်မယ် လို့ ရည်ရွယ်ထားပေတယ်တူမတော်

myittaryongpyan: သင့်မြတ်လှကြောင်းပါ ဒွေးတော်

Addy: ကဲကဲ ညီလာခံ အရ
တိုင်းရေးပြည်ရာလေးတွေ ဆွေးနွေးကြပေအုံးစို့ရဲ့ တူမတော်

myittaryongpyan: တူမတော်ရဲ့ မအားမလတ်တဲ့ တာဝန်တွေကြောင့် အခစား ပျက်ကွက်ခဲ့တာကိုဖြင့် ရှေးဦးစွာ တောင်းပန်ပါတယ် ဒွေးတော်
ကျန်းခန်သာလို့ မာပါစ ဒွေးတော်

Addy: အိမ်း ကျန်းမာပေတယ် တူမတော်
အရင်ရက်တွေကဖြင့် ဒွေးတော် လဲ လူကြီးသဘာဝ ချူချာပေတယ် ကွယ့်
သို့ပေသော်လည်း စင်္ကပူရ အရပ်နေ
မောင် ကာကာဂျိုမင်းကြောင့် ဒွေးတော် မှာ ချူချာကြောင်း မပြောရဲပေဘူးတူမတော်

myittaryongpyan: အင်း ... အထိမ်းတော်တွေ လျှေက်တင်တာဖြင့် ဒွေးတော်ရဲ့ ကျန်းမာရေး မကြာခဏ ဆိုသလို နေထိုင်မကောင်းဖြစ် ဆိုပ...
ဂရုစိုက်တော်မူပါ ဒွေးတော်
တူမတော်က မအားလပ်တော့ ဒွေးတော်ကို ပြစ်ထားသလိုများ ဖြစ်လေမလားလို့ စိတ်တော်ပူပန် နေမိပါရော့ ဘုရားးးးး

myittaryongpyan: အင်း မောင်မင်း ကာကာ ဘာများ ဒွေးတော်ကို စိတ်ငြိုငြင်အောင် ပြုတော်မူပါသလဲ ဒွေးတော်

Addy: အကြောင်းအရင်း ကိုလင်းရလျှင်ဖြင့် ထိုထို ဂျိုကာ မောင်မောင် ကြားလျှင်ဖြင့် ဒွေးတော်ရဲ့ ချူချာ ဆိုသဟာ ကို သူ့ရဲ့ ကုလားဖြူစကား ဘောနပ် လို့ ခေါ်တဲ့အပိုပေး အလိုက်ထည့် မှာထည့်ရေးကာ ကလောင်ဆော့ မှာ စိုးမိပေတယ် တူမတော်

myittaryongpyan: အင်း ဒါဟာဖြင့် ဒွေးတော်ကို ချစ်ခင်ကြည်ဖြူ လှပေသောကြောင့်ပါ ဒွေးတော်ရယ်
စိုးရိမ်တော် မမူပါနဲ့ ဘုရားးး

Addy: အိမ်းကောင်းလေစွ ကောင်းလေစွ တူမတော်

myittaryongpyan: တူမတော် တာဝန်နဲ့ အဲဒီအရပ်မှာ နေစဉ် တကြိမ်တခါ ဆုံတွေ့ဘူးပါတယ် ဒွေးတော်

Addy: ဒီလို အိမ်နီးချင်းနိုင်ငံ တိုင်းတပါးမင်းညီမင်းသားတွေ ရဲ့ ကျိုးရို မှုကိုတွေ့ရတာ ဒွေးတော် နှစ်ထောင်းအာရဖြစ်မိပေတယ်ကွယ်

myittaryongpyan: နောက်တဖန်များ တွေ့ခဲ့ရင် နှုတ်ခွန်းဆက်ခဲ့ပါမယ် ဒွေးတော်
မှန်လှပါ ဒွေးတော်

Addy: သင့်တော်ပေတယ် တူမတော် ဒွေးတော် တို့ ကလဲ ကြီးမြတ်တဲ့သဘော ပြည့်ဝတဲ့ စိတ်အလှ ကိုပြသရပေမယ်ကွယ်


myittaryongpyan: ဘုန်းတန်ခိုးကြောင့် ချစ်ခင် ကြည်ဖြူ ရှိလျှက်ပါ ဒွေးတော်
မှန်လှပါဒွေးတော်

Addy: အိမ်းကောင်းပေစွ ကောင်းပေစွ

myittaryongpyan: ယနေ့ညီလာခံမှာ ဒွေးတော် ဘာများ မှာကြားမွက်ခွန်း ချွေ မှာပါလဲ ဒွေးတော့်

Addy: အိမ်း

myittaryongpyan: တူမတော် လိုက်နာလျှက်ပါ ဘုရား

Addy: အရေးကတော့ ဖြင့် ပေါ်ပေပြီ တူမတော်

myittaryongpyan: တင်ပါ့ ဒွေးတော်

Addy: ရှူရှ နိုင်ငံတော်နေ ညီနောင်နှစ်ပါးက တူမတော် ကို တင်တောင်းထားတယ် ကွယ့် တူမတော်
ဤအရေးအတွက် ဒွေးတော် က တူမတော်ရဲ့ ဦးရီးနဲ့ တိုင်ပင် ကာမှာ တူမတော် ရဲ့ သဘောထားကိုလဲ ဒွေးတော် တို့ က တိတ်အင်တူကွန်ဆစ်ဒရေးရှင်း အမှုပြုချင်ပေတယ် တူမတော်

myittaryongpyan: မြတ်စွာဘုရား
တူမတော်ရဲ့ ဘ၀ရွေးချယ်ခွင့်ကို ဒွေးတော် မည်သို့ဆုံးဖြတ်စေချင်ပါသတုန်း ဘုရား
တူမတော် သဘောမှာဖြင့် ဒီညီနောင်တွေကို ရန်မပွားစေ လိုပါဘူး ဒွေးတော်

Addy: ဒွေးတော် သဘောကတော့ မင်းသားငယ်က တူမတော်ကိုမှမရရင် ဖြင့် အဆိပ်ရည်သောက် ဇိဝိန်ခြွေဖျောက်မယ်လို့ လူငယ်မာန်နဲ့ အသံပစ်နေတယ် တူမတော်

myittaryongpyan: မြတ်စွာဘုရားးးးးးးးးးးး တူမတော် မိုက်မှားပြီနဲ့ တူပါတယ် ဒွေးတော်

Addy: သဟာကြောင့် ဒွေးတော် သဘောက တော့ မင်းသားငယ် ကိုတူမတော်နဲ့ လက်ဆက်ပေးပြီးသကာလ မင်းသားကြီး ကိုလဲ မျောက်သစ်ကိုင်းလွတ်မဖြစ်ရလေအောင် ဒွေးတော်ပဲ အနှစ်နာခံ ပစ်သာကြံမယ် စိတ်ကူးမိပေတယ် တူမတော်

myittaryongpyan: အောင်မလေး ဒွေးတော် ဘုရား

Addy: သင့်တော်ပေရဲ့မဟုတ်လား တူမတော်

myittaryongpyan: တူမတော်ရဲ့ အသည်းကို ဟက်တက်ကွဲစေမယ့် စကားကို ချွေရက်ပါပေတယ် ဒွေးတော် ဘုရား
တူမတော်ဟာဖြင့် ဒွေးတော်နဲ့ ဦးရီးတော်ကို မိဘသဖွယ် ကိုးကွယ်ခဲ့ပါတယ်။ မျက်နှာသာ ပေးတော်မူပါ ဘုရားးးး ပေးတော်မူပါ ဘုရားးးးး
Sent at 10:09 AM on Wednesday

Addy: အိမ်း
အဒွေးတော် ဝေခွဲရခက်ပေတယ် တူမတော်

myittaryongpyan: ဒွေးတော်လည်း စဥ်းစားဆင်ခြင်ပေးတော် မူပါ့ ဘုရားးး
တူမတော်တို့ရဲ့ ချစ်ခင်ဆုံမက်မှုဟာဖြင့် ကြာငြောင်းခဲ့ပါပြီ ဒွေးတော်

Addy: စဉ်းစားဆင်ခြင်ရင် မင်းသားကြီး မျက်နှာ ဒွေးတော်အတွေးဝင်ဝင်လာပေတယ် တူမတော်

myittaryongpyan: ပေးအပ်တဲ့တာဝန်တွေကြောင့် ဆုံမက်ရန် ခက်ခဲနေရကြောင်းပါ ဘုရား
ဆင်ခြင်တော်မူပါ ဘုရားးးးးးး

Addy: မင်းသားငယ် ဘက်ကြည့်ပြန်တော့လဲ တူမတော့် အပေါ် မေတ္တာစိတ်တွေ ယိုဖိတ် များလွန်းနေတယ် မဟုတ်ပေလားကွယ့်

myittaryongpyan: မှန်လှပါ ဒွေးတော်

Addy: အိမ်း ဒွေးတော် စိတ် ဥာဏ်အလင်းပွင့် ပြီတူမတော်

myittaryongpyan: ဆုံးမပါ ဒွေးတော်
မွက်ကြားတော်မူပါ
နာခံလျှက်ပါ

Addy: ဒွေးတော် ဦးရီးတော်နဲ့ တိုင်ပင် ပြီးသကာလ တူမတော် အတွက် မင်းညီမင်းသား နှစ်ပါးလုံး ကို တောင်ညာစံ မြောက်ညာစံ ထားရင် သင့်တော်ပေမယ် မဟုတ်လားတူမတော်

myittaryongpyan: ဒွေးတော်နဲ့ ဦးရီးတော်ရဲ့ ဆုံးမမှုကို မလွန်ဆန်ဝံ့ ကြောင်းပါ ဘုရား။။
သင့်တော်သလိုသာ စီစဉ်ပေးတော်မှုပါ ဒွေးတော် ဘုရားးးးးးးးး

Addy: အိမ်း နန့်တော်မူပေတယ် တူမတော် ဒွေးတော် တူမ ပီသပေတယ် ဦးရီးတော်ကြားလျှင် အားရ နှစ်ထောင်းဖြစ်ပေလိမ့်မယ်ကွယ်


myittaryongpyan: မှန်လှပါ ဘုရား
မှန်လှပါ

Addy: အိမ်း
ကဲကဲ တူမတော်

myittaryongpyan: မှန်ပါ့

Addy: အရီးတော် အခု ပြောကြားသမျှ တင်ကာသ လိုက်ပေတော့မယ်ကွယ့်

myittaryongpyan: နာခံလျှက်ပါ ဒွေးတော်
တူမတော် တာဝန်ထမ်းဆောင်သော အရပ်သို့ သွားခွင့်ပြုတော်မှုရန် လျှောက်တင်ကြောင်းပါ ဒွေးတော်

Addy: ကောင်းပေစွ ကောင်းပေစွ

myittaryongpyan: ဦးခိုက်လို့ နှုတ်ဆက်တော် မှုပါတယ် ဒွေးတော်

Addy: ညီလာခံ ရုတ်သိမ်းစေ
Sent at 10:25 AM on Wednesday

myittaryongpyan: မှန်လှပါ သင့်မြတ်ကြောင့်ပါ ဘုရား

Tuesday, May 26, 2009

ကြယ်ကိုစီပြီး လေထဲမှာ ရေကိုရှူတဲ့လူ

ကြယ်ကိုစီပြီး လေထဲမှာ ရေကိုရှူတဲ့လူ



ဟိုးဝေးဝေးက
မိုးကောင်းကင်ပေါ်မှာ
တလူလူ တလွင့်လွင့်
အမြီး ကိုတစွင့်စွင့်
ဘယ်တိမ်း ညာယိမ်းလို့
တိမ်တွေကြားမှာ
ကလူဆော့ကစား
အားကျစရာကောင်းအောင်
လွတ်လပ်နေပုံများ
မင်းလေ
အဲ့တာ လေတံခွန်ပေါ့
ဟုတ်လား



တ၀ုန်းဝုန်းနဲ့
မြည်သံပေး
တောင်ပေါ်ကနေတောင်အောက်
ရေမှုန်ရေမွှားတွေ လွှင့်လို့
နေရောင်ခြည်ကြားမှာ
အလင်းနဲ့
သက်တံ့ရောင်စဉ်တွေဖြာ
လှပနေပုံများ
မင်းလေ
အဲ့တာ ရေတံခွန်ပေါ့
ဟုတ်လား



ဖြုတ်ခနဲ တခဏမှာ
မင်းလွင့်ကြွေ
နောက်ဆုံးအချိန်မှာတောင်
အလင်းလေး တပွင့်ပေးခဲ့
ရုတ်တရက်
ငါလှမ်းမြင်တော့ ဆုတောင်း
လှလိုက်တာ
မတည်မြဲတဲ့အလှပါ
ဒါပေမယ့် ပေါ့လေ
ငါကျေနပ်ပါတယ်
မင်းလေ
အဲ့တာ ကြယ်တံခွန်ပေါ့
ဟုတ်လား

အင်းပြောစရာက
တခုပဲကျန်တော့တယ်
အရင်တုံးကရှိခဲ့ဖူးတာလေ
ခုတော့ရှိမရှိ
ကျန်မကျန်
မသိတော့
မသေချာတော့ဘူးလေ
ကိုယ် ထင်ပါတယ်
ရှိခဲ့ရင်တောင်
သိပ်မကျန်လောက်တော့ဘူးလို့
ရှားနေပြီလေ
ဘာလဲသိလား
အဲ့တာ….?
ယောက်ျားတံခွန်
လူရည်ချွန်လို့
တခါက ခေါ်ခဲ့ကြတဲ့
လူတံခွန်ပေါကွယ်

ကိုယ်လွမ်းတယ်………….

(P.S: မိညီမ ရဲ့ chatting ထဲက ကဗျာ post ထဲမှ
စာကြောင်းတကြောင်းကြောင့်
အင်စပရေးရှင်းရပါတယ်
အဲ့တာနဲ့ ချက်ချင်းချရေးလိုက်တာ
၃မိနစ်လောက်ပဲကြာတယ်ထင်ပါ့
ကျေးဇူးပါ ဒနည

P.P.S: ဟိဟိရယ်စရာပြောအုံးမယ်
လူတံခွန်အပိုဒ်မှာ
ဘာပုံထည့်ရမလဲစဉ်းစားတော့
ကိုယ့်ပုံကိုယ်ထည့်ရမလားတွေးမိသေးတယ်
ကိုယ့်ကိုကိုယ်
လူရည်ချွန်လို့ပြောချင်တာမဟုတ်ပါဘူး
လူရည်ချွန် မရှိတော့တဲ့ခေတ်ကြီးမှာ
သူလို ကိုယ်လို လူမသမာတွေကသာ
များနေတယ်ဆိုတာ ပြချင်တာပါ
တကယ်ပါ ကိုယ်လဲ အခွင့်အရေးရရင်
ရသလို မကောင်းပါဘူးကွယ်

အဲ့လိုနဲ့ လူတံခွန်ပုံက မရှိတာပဲလား
ရှားနေတာပဲလား
ဂူဂယ်တာတောင်မတွေ့ပါဘူး
အဲ့တာနဲ့ မထည့်ရတာပါကွယ်)

A Chen
3:19 pm
26th May 2009
Office
Bkk

Monday, May 25, 2009

မချော ၄ ယောက် ကိုယ်တယောက်

သတိရတယ်ကွယ်
ရန်ကုန်ကိုရော..............
သူငယ်ချင်းတွေကိုရော............................
...........ကိုရော
အမှတ်တရ တင်တာပါ အမှန်က မွေးနေ့ လက်ဆောင် ကဗျာတင်မှာပါ
ထုံးစံအတိုင်းစကားချီးနည်းနည်း လျှာရှည်ရတာပေါ့လေ
ဒါတီ ရန်ကုန်မှာတုန်းက တော်တော်တွဲဖြစ်တဲ့ မမတွေပါ
တီနဲ့ အသက်မတိမ်းမယိမ်းတွေ တယောက်မှမပါပါဘူး ခိခိခိ နည်းနည်း ကြီး ကြပါတယ်
မျက်မှန်နဲ့ ဆံကောက် Brunet က တီ့ အမ ဆိုလဲ ဟုတ် အကို ဆိုလဲဟုတ်ပါ တီ့ ကိုအနှိုင်အကျင့်ဆုံးကလဲသူပါပဲ
နောက်လ ကျရင် သူ့မွေးနေ့ ရှိပါတယ် အဲ့တော့မှအကျယ်ပြောပါမယ် သူ့အကြောင်း
ခုမွေးနေ့ရှင်က သူနဲ့ ပတ်သက် ပြီး တီခင်ရတဲ့အမပါ သူတို့ က ၄ ယောက်ပူးကြီးတွဲကြပါတယ်
နောက်ပိုင်းတီ တို့ နဲ့ ပေါင်းမိပြီး ရထားတွဲကြီး ဖြစ်လာတာပါ
ခုကဗျာရေးပေးထားတဲ့မွေးနေ့ရှင်က အီ့ညှောင်မ လို့တီ တခါတခါ ခေါ်ပါတယ် သူက စကားပြောရင် ပဲတွေများပြီး သကာလ အသံက အီ့ညှောင့် အဲညှက် ဖြစ်ဖြစ်နေလို့ပါ ပြီးတော့ သူက ဘာမှမလုပ်ထားပဲနဲ့ ကို ကောင်းနေတဲ့ ရုပ် ပေါက်ပါတယ် (ခိခိ ရုပ်ခံနဲ့ လုပ်ကြံလို့ရတယ် ဆိုတာ သူ့ ကိုပြောတာနေမှာ)
အဲ့ကြောင့်လဲ သူအခု လုပ်နေတဲ့အလုပ်နဲ့ သူ့ရုပ်က အံဝင်ဂွင်ကျ ကိုဖြစ်နေတာ စိတ်ဝင်စားသွားပြီမှလား ဘာအလုပ်လုပ်လဲဆိုတာ (ပြောပြဘူး သတ်ရင်သတ် နမ်းချင်နမ်း ခိခိခိ) ဘယ်ဘက်ပုံ ၁ က ထောင့်ဆုံး မမ ၀၀ က တီ့ အမ ကျောင်းနေဘက်ပါ သူလဲတီ့ ကိုအရမ်းခင်ပါတယ် သူက အရမ်းလဲချစ်စရာကောင်းပါတယ် တလုံးတခဲကြီးလေ ခိ ပြီးတော့ မွေးနေ့ကဗျာရှင် မမ ပါ သူ့နောက်က ခေါင်းလေးပဲပေါ်နေတာက တီ က ချစ်စနှိုးနဲ့ ၀က်ဝံ လို့ခေါ်တဲ့ ကိုကိုကြီးပါ သူက အရမ်းစောင့်ရှောက် လို့ အရင် အလုပ်တူတူလုပ်တုံးက ခရီးထွက် ရရင် သူနဲ့ ပဲထွက်ချင်ပါတယ် ခိခိ အလုပ်ကိစ္စပဲနော် ကျန်တာမပါ (သိနေတယ် အတွေးတွေကို ခိခိ) နောက်ပြီးတော့ မချော ၄ ယောက် ကြားက အမိုက်စားလေးက တော့ အီဖေကိုယ် ပေါ့ ခိခိ ပြီးတော့ ခုန က ပြောတဲ့ တီ့အမ ဆံကောက် နောက် အရင် အလုပ်တူတူလုပ်ပြီး အဲ့တုံးက နည်းနည်းမှအကြောမတဲ့ တဲ့ အက်မင် မမ ပါ ခုတော့လဲတည့်လိုက်တာ မှ ဟိုဘက်ကမ်း ခိခိ အလုပ်တူတူ မလုပ်ရတော့လို့ဖြစ်မယ်း=)
နောက်တပုံကိုရှုပါ ညာဘက်က ကဗျာရှင်မမ ရယ် တီ့အမ ရယ် အလည်က တီ တို့ ရဲ့ dance instructor ဆရာ ဖဦးထုပ် ရယ် (သူက တီ တို့ ထဲက တယောက်နဲ့ ဘာညာဘာညာ ခိခိ ခန့်မှန်းကြည့်နော် ပြီးတော့ တီရယ် နောက် မမ၀၀ တယောက် က တီ ဟိုတလောက ရေးတဲ့ ကဗျာ စောယူရီဂယ်လာ ရိုးမြူးလက်စ် စမစ်ဒွန်း (အံမလေးဟဲ့ ရှည်သောနော်) နဲ့ တူတူ တွဲကြတာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ခင်တဲ့ သူငယ်ချင်းပါ အရမ်းခင်ပါတယ် အင်း ပြင်သစ်ကျောင်း အာလီးယောင်စ့် မှာ တက်တုံးက စခင်ကြတာထင်တယ်
အဲ့လိုပေါ့ အင်း အဲ့ဂလို



လာပါပြီ လာပါပြီ
ဒါကတော့ မွေးနေ့ ကဗျာ ရှင် မမ လှလှ ပါ ထထ ကမက တော့ တီလဲမသိ ကတော့ကတယ် ခိခိ အပေါ်ပုံတွေ က စဒိုးနား ပက်ဒီ ဘားမှာ ရိုက်ထားကြတာ လေ ခိ ကဲကဲ သူ့အကြောင်းလေးတွေ သိချင်ရင် အောက်က ကဗျာ လေးကိုဖတ်ကြည့်ကြပါနော် ကဗျာ နာမည်ကို “သူမ” လို့ပဲ ရိုးရိုးလေးပေးထားတယ်



သူမ

ဆေးပညာတွေအများကြီးသင်ခဲ့တာ
ဆေးကုဖို့မဟုတ်ပါဘူး
အဲတာဆိုဘာအတွက်လဲ?
သူမ နဲ့ ဘုရားပဲ သိမယ်။

အပျိုလတ် ဖြစ်နေတာ
ရွေးချယ်မှုနဲ့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ရွေးချယ်စရာအများကြီးတွေကြားမှာ
တွေဝေခဲ့မိလို့ပါ။
(အဟင့်.............
ကိုယ်မှားသွားတယ်ကွယ်)
သူမ
မျက်လုံးတွေရီဝေနေတာ
မူးနေလို့မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
အော်ရီဂျင်နယ်ပါ။

ရောရောနှောနှောနေတိုင်း
မင်းကို သူမ
သဘောကျနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
သူမရဲ့ဝသီမို့လို့ပါ။
(မသိရင် ကစားနေတယ်ထင်မှာ
တကယ်ကလဲ ကစားနေတာပဲတဲ့
သူမ ကိုသိတဲ့ သူငယ်ချင်းတွေ က
ပြောကြပါတယ်လေ)

ဖွန်ကြောင် ကြောင်နေတာ
ရည်းစားမရှိလို့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ကောင်လေးချောချောလေးတွေ
မြင်ရင်မနေနိုင်လို့ပါ။
(ခိခိ ဂယ် ပြောတာ)

အသံကညောင်နာနာပါ
တမင်လုပ်ပြောနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ပဲလေ ပဲ
ပဲပေါ့။

အသက်လဲကြီးနေပြီ
အချိန်လဲမစီးသေးဘူး
အဲတာကဘာလို့လဲ?
ပေါင်ချိန်လေ ပေါင်ချိန်
၁၃၀ တောင်မပြည့်ချင်ဘူး။

ဘောစ့်ကိုလဲနော်
သူမက မှန်း
ခုများတော့ပါသွားပြီ
ပရမ်း ဘက်လှည့် စမ်း။

အမြဲတမ်း ရှိနေတာကဘယ်သူတွေလဲ
သူငယ်ချင်းတွေရယ်
(ခမ်း ဂီ ပု မီ)
မောင်ငယ်တီချမ်းရယ်
ပဲခူးရိုးမ က ၀က်ဝံ အညိုတကောင်ရယ်
အားလုံးက ချစ်ကြပါတယ်။

Remembrance for 22nd April 2009
Congratulation u r 40!
hahahaha
just kidding
!#$%^&*()@
A Chen
3:08 am
30th April 2009
Home
Bkk

Friday, May 22, 2009

တွေးမိတာလေးတွေ…………

တွေးမိတာလေးတွေ…………

မြို့တော်ကြီးမှ ယာဉ်စီးသူများ

ယာဉ်စီးတဲ့သူတွေအကြောင်းမပြောခင် မြို့တော်ကြီးအကြောင်းနဲနဲအရင်ပြောချင်ပါတယ်
အခုကျွန်တော်ရောက်ရှိနေထိုင်နေတာက
ကျွန်တော်တို့တတိယနိုင်ငံတွေထဲမှာဆိုရင်တော့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီးသားလို့ပြောရင်ရတဲ့
မြို့တော် ဘန်ကောက်ပါပဲ

ပြောချင်တာကတော့မြို့တော်ကြီးမှာနေထိုင်ကြတဲ့လူတန်းစားတွေအကြောင်းပါ
ဟုတ်ကဲ့ စကားမကျန်အောင်ပြောရရင်
လူတန်းစားဆိုတဲ့ စကားလုံးကိုလဲ ကျွန်တော်မုန်းပါတယ်
ထားပါတော့

မြို့တော့ကြီးမှာ လူတန်းစားအများကြီးရှိပါတယ်
ဒါပေမယ့် ဒီမှာတော့ ခေါင်းစဉ်နဲ့ဆိုင်တာလေးတွေပဲပြောပါ့မယ်

ပထမဆုံးပြောချင်တာက
မြို့တော်ကြီးက ရထားစီးသူများပါ
အဓိက ကတော့ နှစ်မျိုးရှိပါတယ်
ကဒ်ပြားသုံးပြီးစီးသူများနဲ့ အကြွေစေ့သုံးပြီးစီးသူများပါ
(အမြင်မတူတာတွေ ရှိနိုင်ပါတယ် ကျွန်တော်ကတော့ မြင်သလိုနဲ့ ပြောတတ်သလိုပဲပြောပါမယ်။ ကျေနပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်၊ လူ့အခွင့်အရေး ဆိုတဲ့စကားလုံးကို နားလည်အောင်လေ့လာနေပါတယ်)
စကားပြန်ကောက်ရရင် ရထားစီးသူများမှာမှ
တချို့က လပေးကဒ်နဲ့စီးပါတယ် အဲဒီလူတွေကိုကျွန်တော်က ကဒ်ပြားနဲ့စီးသူများလို့ခေါ်တာပါ
လပေး ကဒ်မှာမှ နှစ်မျိုးရှိပါသေးတယ်
အကြိမ်အရေအတွက်နဲ့စီးတာနဲ့ ခရီးအကွာအဝေးနဲ့စီးတာပါ
နားရှုပ်သွားလား
ဒီလိုလေ
ပထမ တမျိုးက ဘယ်လောက်ဝေးဝေး စီးစီး သတ်မှတ်ထားတဲ့အတိုင်းပဲဖြတ်တယ်
၂၀ ၊ ၂၅ ဘတ် စသဖြင့်ပေါ့
ဒုတိယ တစ်မျိုးကတော့ ခရီးအကွာအဝေးပေါ်မူတည်ပြီးမှ ဖြတ်တာလေ
ဘယ်နှစ်မှတ်တိုင်ကို ဘယ်လောက် စသဖြင့်ပေါ့

နောက်တမျိုးက အကြွေစေ့ သုံးပြီးစီးသူများပါ
ခရီးအကွာအဝေး အလိုက် အကြွေစေ့လဲ ပြီးကဒ်ပြားဝယ်စီးတာပါ

စကားမစပ် အခုပြောနေတာ မိုးပျံရထား အကြောင်းပါ
ကျွန်တော်နေ့တိုင်း အလုပ် အသွားအပြန်စီးရပါတယ်
တခြားအနေနဲ့ မြေအောက်ရထား နဲ့ ပုံမှန်မြေပေါ်မှာတင်သွားတဲ့ရထား (ကျွန်တော်တို့ဆီမှာတော့ မြို့ပတ်ရထားလိုဟာပေါ့) နှစ်မျိုး ရှိပါသေးတယ်
ကျွန်တော်ကတော့ နေ့စဉ်ထိတွေ့နေရတဲ့ မိုးပျံရထားအကြောင်းပဲပြောမှာပါ

နေ့စဉ်ရုံးတက်ရုံးဆင်းချိန်ဆိုရင် ရထားကလူအရမ်းကြပ်ပါတယ်
ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့နင်လားငါလားပါပဲ
လေအေးပေးစက်ဖွင့်တာနဲ့ မဖွင့်တာပဲကွာပါတယ်
အခုဒီစာရေးဖြစ်တာကလဲ ဒီနေ့ရထားပေါ်မှာတွေ့ခဲ့ရတဲ့လူတွေကြောင့်ပါ
နိဒါန်းကချီရင်းနဲ့များသွားတာ

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ကြသူများ


ကောင်လေးတစ်ယောက်ကဆိုရင်နားမှာ နားကွင်းတတ်ထားပါတယ်
ဟုတ်ကဲ့ ပုံမှန်ဆိုရင်တော့ ဒီခေတ်ကြီးထဲမှာနားဖောက်တာဘာမှမထူးဆန်းပါဘူး
စကားလုပ်ပြောနေတဲ့ကျွန်တော်ကမှ ထူးဆန်းနေနိုင်ပါသေးတယ်
(ဘာကြောင်တာလဲပေါ့နော်)
ဒါပေမယ့် အဲဒီကောင်လေးက သူ့ရဲ့နားသံသီးမှာအကွင်းအကြီးကြီးတတ်ထားတာပါ
၅ ဘတ်စေ့လောက်ရှိတဲ့ ကွင်းအကြီးကိုဖောက်ပြီးတတ်ထားတာပါ
(၅ ဘတ်စေ့ မမြင်ဘူးသူများအတွက် မှန်းရလွယ်အောင် ၅မူးစေ့ကိုမြင်ယောင်ကြည့်နိုင်ပါတယ်)
သူ့နားက ကွင်းကြီးနဲ့ ဘေးသားနဲနဲပဲကျန်တော့တယ်လေ
နှစ်ဘက်စလုံးပါ ကြည့်ရတာအသည်းယားလိုက်တာ
နောက်ကောင်မလေးတစ်ယောက်ကကျတော့ နားမှာဖောက်ထားတာ
လေးပေါက်ပါ (ကျွန်တော့်မှာလဲ လေးပေါက်ဖောက်ထားတဲ့အစ်မတစ်ယောက်ရှိဖူးပါတယ်)
သူတို့ဘယ်လိုစိတ်ကူးနဲ့ ဒီလောက်အပေါက်တွေအများကြီးဖောက်ကြတယ်ဆိုတာမစဉ်းစားတတ်ပါဘူး
အင်းလေ အမှန်ကကျွန်တော်ကိုယ်တိုင်ကဘယ်လိုစိတ်ကူးနဲ့ဒီစာကိုရေးနေသလဲဆိုတာ
အရင်စဉ်းစားရမယ်ထင်တယ်
သီချင်းတစ်ပုဒ်ထဲမှာတော့ နားပေါက်တစ်ပေါက်ဟာ အသည်းတစ်ခါကွဲဖူးခြင်းကိုကိုယ်စားပြုတယ်လို့တော့ဖတ်ဖူးတာပဲလေ
အဓိကပြောချင်တာက ကျွန်တောတို့်ရဲ့ Y2K Generation လို့ခေါ်တဲ့
တချို့ကလဲ Me Generation လို့ခေါ်တဲ့ မျိုးဆက်မှာဘာတွေဖြစ်ကုန်ပြီလဲလို့တွေးမိတာပါ
ကျွန်တော်လဲ လူငယ်တစ်ယောက်ပါပဲ (အသက်အပိုင်းအခြားအရတွက်ရင်ပြောတာပါ)
ဒါပေမယ့် ခံစားလို့မရဘူးဗျ

ဆေးမှင်ကြောင် လို့ခေါ်တဲ့ Tattoo


ဒါကိုတွေးမိတာကလဲ ဘေးနားကလူတစ်ယောက်ကြောင့်ပါ
သူ့လက်မှာရေးထားတာက BELIEVE IN MYSELF ပါ
ဒါပေမယ့် ဆေးမှင်ကြောင်ဆရာရဲ့ကောင်းမှုကြောင့် BELLEVE IN MYSELF ဖြစ်နေပါတယ် သူ့ကိုယ်သူလဲသိပုံမပေါ်ပါဘူး
လူတွေအမျိုးမျိုးကအတွေးတွေ အမျိုးမျိုးနဲ့ Tattoo ထိုးကြပါတယ်
ရုပ်ရှင်တွေထဲမှာဆိုလဲ မင်းသားတွေထိုးထားရင်မိုက်မိုက်ကန်းကန်းပုံစံနဲ့ကြည့်ကောင်းပြီး
မင်းသမီးထိုးထားရင်လဲ လိင်ဆွဲဆောင်မှုအလွန်ရှိပါတယ် နေရာကိုမူတည်ပြီးတော့ပေါ့လေ
ကျွန်တော်လဲ တခါတခါ Tattoo ထိုးဖို့စဉ်းစားကြည့်ပါတယ်
နာမှာကြောက်တာရယ် ပြန်ဖျက်လို့မရနိုင်တာရယ်ကိုတွေးပြီး မထိုးဖြစ်ပါဘူး
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ် ထိုးတယ်ဆိုတာ
တစ်ဘ၀လုံးနဲ့ဆိုင်တဲ့ ကတိက၀တ် တစ်ခုပဲတဲ့
(သူက English လို Commitment ဆိုတဲ့စကားလုံးသုံးသွားပါတယ်)
နောက်တစ်ခါ အရက်မူးမှသွားထိုးအုံးမယ်လေ

ပိတ်ဆို့တတ်သူများ


ဒီမြို့တော်ကြီးကိုရောက်မှ ကျွန်တော် စ ရင်းနှီးရတဲ့ လူတန်းစားတစ်ရပ်ပါ
ဒီလိုပြောရတာက ကျွန်တော် အရင်နေခဲ့တဲ့မြို့ကြီးမှာ ဒီလိုလူမျိုးတွေသိပ်မတွေ့ဖူးလို့ပါ
မရှိလို့တော့မဖြစ်နိုင်ဘူး နဲတာဖြစ်ပါလိမ့်မယ်
သူတို့တွေက ရထားစီးဖို့တက်ရတဲ့ စက်လှေခါးမှာပိတ်တတ်သလို
ရထားဝင်ပေါက်မှာလဲပိတ်တတ်ပြန်ပါတယ်
အဲဒီလိုလူတွေကိုပဲ ကုန်တိုက်ကြီးတွေမှာတွေ့ရပြန်တဲ့အခါ
ပိတ်ဆို့ခြင်းကိုပဲ ဒီနိုင်ငံရဲ့ယဉ်ကျေးမှု တစ်ခုများလားလို့
ဝင်ဝင်လာတဲ့အတွေးကို တော်တော်မောင်းထုတ်ရပြန်ပါတယ်

A Chen
07:45 pm
9th January 2009
Starbucks coffee shop
Phaya Thai
Bangkok

Wednesday, May 20, 2009

စနောက်ခြင်း

စနောက်ခြင်း

တစုံတယောက်က ကိုယ့် ကို စကားတခွန်း ပြောလိုက်တယ်
ပြီးတော့ မှ နောက်တယ်လို့ ဆိုမယ်

ဥပမာ..................လို့ ပြောလိုက်တယ် လို့ပဲဆိုကြပါစို့

နောက်တယ် မနောက်ဘူးဆိုတာ အနောက်ခံရတဲ့ လူဘယ်လိုခံစားရသလဲ ဆိုတာပေါ်မူတည်တယ်လို့ ကိုယ်တော့ ထင်တာပဲ
တခါက လေ့လာရေးစစ်တမ်းတခုဖတ်ဖူးတယ်
စနောက်တာပါဆိုပြီးပြောတဲ့ လူတွေရဲ့ ၅၀% ဟာစိတ်ထဲက တကယ်ပါလို့ အဲလိုပြောတာတဲ့
ကိုယ်ပြောတာမဟုတ်ဘူးနော် ရီဆတ်ခ်ျက ပြောတာ။
ပြီးတော့ ပြောတဲ့လေသံရဲ့ အရောင်၊ tone တုန်း ပေါ့ အဲ့တာကွာတယ်

ဥပမာ နောက်တခုပေးရရင် မိန်းမလတ်(သက်လတ်ပိုင်းမိန်းမ) တယောက် ကို အပျိုကြီးလို့ခေါ်တယ်ဆိုပါစို့ အဲ့တာ ကိုယ်က စနောက်ပြီးခေါ်တာဖြစ်ပေမယ့် သူ့စိတ်ထဲမှာ ဘယ်လိုခံစားသွားရမလဲ
နောက်ပြီး ဒါဟာ verbally abused လုပ်တာတမျိုးပါ sexual harrassment လို့လဲ
နာမည်တပ်၊ ပုဒ်မ တပ်လို့ရပါသတဲ့ သတိထားကြပါနော် ကိုကိုကာလသားများ
ဒါလေးက လူတော်တော်များများ တမင်တကာ ပဲဖြစ်ဖြစ်
မတော်တဆ လို့ နာမည်လှလှလေးတပ်ပြီးပဲဖြစ်ဖြစ် ကျူးလွန်ဖူး ကြတဲ့ ဥပမာ ပေးကြည့်တာပါ
အပေါ်က ကိုယ်ပြောချင်တာတွေနဲ့တော့ မဆိုင်ပါဘူး

ခုတလော ကိုယ်ခဏခဏ စတယ် စတယ် ဆိုပြီး “အစ” ခံရပါတယ်
ကိုယ့်စိတ်ထဲမှာတော့ ကိုယ် အစော်ကားခံရတယ် လို့ ခံစားရပါတယ်
ဒါပေမယ့် သေချာပြန်တွေးကြည့်တော့လဲကိုယ်အဲလိုအပြောခံရရင်
ကိုယ်က အဲလိုအပြောခံရအောင်နေခဲ့လို့ လို့ပဲ မှတ်ပါတယ်
ကိုယ်အနေအထိုင်မတတ်ခဲ့ဘူးပေါ့လေ

ဟော တခါ “စတယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်စိတ်ကိုယ်ကို
ကျေနပ်အောင် တဘက်သားကို ပြောဆိုပြီးတော့မှ
တောင်းပန်းပါတယ် ဆိုတာ ကလဲ အင်း.....................
တခါတခါ လွန်သွားပြီးရင်တော့ ဘာလုပ်ရမှာလဲနော်
မတောင်းပန်ပါနဲ့
ခုန က ကိုယ်ပြောခဲ့ သလိုပဲ ကိုယ်အဲလိုအပြောခံရရင်
ကိုယ်က အဲလိုအပြောခံရအောင်နေခဲ့လို့ လို့ပဲ မှတ်ပါတယ်
တခုပဲပြောချင်တယ်
ကိုယ်တကယ်စိတ်မကောင်းဘူး
ခင်ခဲ့တာလေးတွေ ကို တကယ်နှမြောမိတယ်
ကိုယ်နောက်ဆို ဆင်ခြင်တော့မယ်

ဘာရယ်မဟုတ်ပါဘူး
ဘေးမှ တင်ထားတဲ့ သတိပေးကြေညာချက်ကလေးပါ

ဖြုတ်တော့မှာမို့လို့ အမှတ်တရ တင်ထားလိုက်တာ ဘယ်သူ့ ကိုမှမရည်ရွယ်ပါဘူး
ကိုယ့်ကိုကိုယ် ပြန်ပြန်အသိပေးဖို့သာရည်ရွယ်ပါတယ်

ဒေါ်ရီတာ သာသိရင် ပြောအုံးမယ် ကြောင်ကိုရေချိုးပေးပြန်ပြီလို့
ပြီးရင် မိတ်ကပ် ဖို့ ပြီးလှလှလေး ၀တ်ပေးအုံးမှာ ခိခိ

အန်တီချမ်း
၁၀ နာရီ ၃၇ မိနစ်
မေလ ၂၀ ရက်နေ့ ၂၀၀၉ ခုနှစ်
ရုံး
ဘန်ကောက်

Tuesday, May 19, 2009

ဘ၀ ဘ၀ ဘဝ


ဘ၀ ဘ၀ ဘဝ

အလုပ်တွေက ပုံ
အလုပ်တွေကမထွက်
စိတ်နာရအောင်
ဘယ်သူ့ရှာရမလဲ

ဒိုနာကလော
ရီပိုတ့်ကမထွက်
သတ်ချင်နေတာ
မောင်ဘောစ့် ကိုပဲ

မိတင်ကများ
ထိုင်နေရမလား
ထသွားရခက်
အကုန်ကိုစိတ်ပျက်

ပါးပိတ်ရိုက်ချင်
လျှာရှည်နေလို့
ဘယ်သူလို့ထင်
မပြောချင် စိတ်ပျက်

ဘ၀ကဒီလို
ငွေအတွက်ကြောင့်ခက်
မလုပ်ချင်တာတွေ
လုပ်နေရလျက်

လကကုန်ပြန်
စုငွေက မပျက်
ဘယ်လောက်တဲ့လဲ
သုညတောင်မကွဲ

အသုံးစရိတ်တွေ
ကြီးတာတော့ခက်
လျော့ဖို့ကျတော့
လက်ဖွာတာခက်

ပြောလိုက်ချင်တယ်
စာလေးတကြောင်းထဲ
ဘာလဲမေးရင်
ဒီလိုလေးတဲ့

“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
“ငါနင့်ကို သတ်ချင်တယ်”
……………..
ငါ့ကိုယ်ငါလဲ သတ်ချင်နေတယ်
ကြောက်လို့……………….


A Chen
12:05 pm
19th May 2009
Office
Bkk

Sunday, May 17, 2009

အရူးထတဲ့ ကစားနည်း



အရူးထတဲ့ ကစားနည်း

မင်းက မင်းရဲ့အင်္ကျီတွေကိုချွတ်ပြီး
မိုးရေထဲမှာ ရပ်နေတယ်
မင်းအဲ့လိုပဲ အမြဲအရူးထလေ့ရှိတယ်လေ

ငါက……..
ငါက ငါ့ရဲ့ပြတင်းပေါက်ကနေလှမ်းကြည့်နေရင်း
အပြင်မှာမင်းနဲ့ အတူတူ မိုးရေထဲမှာ
မင်းမျက်လုံးတွေကို စိုက်ကြည့်နေတယ်လို့
အမြဲ ခံစားရတယ်

မင်းဟာ…………
အမြဲတမ်း ပဟေဠိဆန်ဆန်၊
မျက်လုံးနက်နက်၊ ဆံပင်ကပိုကယိုနဲ့
ဖက်ရှင်ကျကျ
ပြီးတော့ အရမ်းလဲ
ထိခိုက်လွယ်တယ်လေ
ဒါပေမယ့် လဲ အဲ့ဒီအချက်ကို
ဂရုစိုက်မိဖို့ကျတော့
မင်းရဲ့ဟန်ပန်ပုံစံတွေက
မိုက်လွန်းနေပြန်ရော

မင်းငါ့ရဲ့ အိမ်တံခါး ရှေ့မှာရပ်နေတယ်
ဘာမှပြောစရာမရှိဘဲနဲ့လေ
အင်း………….
ရာသီဥတုအကြောင်းနည်းနည်းပါးပါး
စကားမရှိ စကားရှာပြောတာကလွဲလို့ပေါ့

ကဲပါလေ
တကယ်လို့များ မင်းသတိမထားမိခဲ့ရင်
မင်းမမြင်ခဲ့မိရင်………….
ဒီမှာ
ငါ့ရဲ့ နှလုံးသားပါ
မင်းရဲ့ရှေ့မှောက်မှာ
သွေးစိမ်းရှင်ရှင်ထွက်နေတာပေါ့
ငါပါ………..
မင်းရှေ့မှောက်မှာ ဒူးထောက်နေတာ

ပြီးတော့ ဒီအရူးထခြင်းကစားနည်းက
ငါ့ကိုတဖြည်းဖြည်းစုတ်ဖြဲနေသလို
ပြီးတော့
မင်းရဲ့ေ-ာက်ဂရုမစိုက်တဲ့ စကားတွေကလဲ
ငါ့အသည်းကိုတဖြည်းဖြည်းခွဲ နေသလို
မင်း ငါ့အသည်းကိုခွဲတယ်……………….

မနက်တွေမှာဆိုရင်
မင်းက အမြဲတောက်ပနေတာပဲ
မင်းရဲ့ စီးကရက် ကိုခဲရင်း
ကော်ဖီသောက်ရင်း နဲ့
မနက်စာ စားပွဲပေါ်မှာ စကားပြောတယ်

မင်းရဲ့ အနုပညာအပေါ် မြင်တဲ့ ဒဿနတွေ၊
လွန်လွန်ကျူးကျူးဖော်ညွှန်းမှုတွေက
မင်းကို
ဘယ်လောက်အထိ ဆွဲဆောင်နိုင်တာတွေ
မင်းမိုးဇက်ကို မင်း ဘယ်လောက်ကြိုက်တာတွေ စသဖြင့်………..
မင်းက မင်းချစ်တဲ့ သူတွေအကြောင်းပြောနေလေ့ရှိတယ်
ငါက………………
ငါ့ရဲ့ ဂစ်တာ ကိုငါ ပုံပန်းမကျ ကိုယို့ကားယား တီးခေါက်နေတဲ့အချိန်မှာပေါ့

ငါ့ကို မင်းက
ရိုးသားတဲ့အရာတွေအကြောင်း
သင်ပေးတယ်
ချစ်စရာကောင်းတဲ့ အရာတွေ
ရှင်းသန့်တဲ့အရာတွေ
သန့်ရှင်းတဲ့ ပိုက်ဆံဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကိုသေချာသိတဲ့အရာတွေကိုပေါ့

ငါ့ရဲ့ ညစ်ပေနေတဲ့ လက်တွေကိုငါ
ငါ့ ကျောရဲ့ အနောက်ဘက်တနေရာရာ မှာ
ဖွက်ထားပါရဲ့

တနေရာရာမှာတော့ ငါက မင်းရဲ့လမ်းကြောင်းနဲ့သွေဖီနေပြီပေါ့
ငါ့ကိုခွင့်လွှတ်ပါ

ကြည့်ရတာ………..
မင်းကိုငါ
တခြားတယောက်ယောက်နဲ့ မှားယွင်းနေမိတယ်ထင်တယ်
ငါ့ကိုေ-ာက်ဂရုစိုက်တဲ့တခြားတယောက်
ငါနဲ့ အသွင် ပိုတူတဲ့တခြားတယောက်နဲ့ပေါ့
အဲ့ဒီအတွက် ငါ့ကိုခွင့်လွှတ်ပါ

ပြီးတော့ဒီ “အရူးထခြင်း” ကစားနည်းက
ငါ့ရဲ့ တကိုယ့်လုံးကို တဖြည်းဖြည်းစုတ်ဖြဲနေသလို
ပြီးတော့
မင်းရဲ့ေ-ာက်ဂရုမစိုက်တဲ့ စကားတွေကလဲ
ငါ့အသည်းကိုတဖြည်းဖြည်း ခွဲနေသလိုပါပဲ
မင်း ငါ့အသည်းကိုခွဲတယ်

မင်းက မင်းရဲ့အင်္ကျီတွေကိုချွတ်ပြီး
မိုးရေထဲမှာ ရပ်နေတယ်
မင်းအဲ့လိုပဲ အမြဲအရူးထလေ့ရှိတယ်လေ

Jewel Kilcher
Song Title: Foolish Games
Album: Pieces of you
Translated by
A Chen
3:10 pm
17th May 2009
Home
Bkk

Saturday, May 16, 2009

Close friend day တဲ့လားကွယ်



Life is too short to wake up with regrets.
Love the people who treat you right and forget about the ones who don't.
ဘ၀ ဟာ နောင်တတွေနဲ့ နိုးထလာရဖို့ တိုတောင်းလွန်းပါတယ်
ကိုယ့်အပေါ်ကောင်းကောင်းဆက်ဆံတဲ့လူတွေ ကိုချစ်ပြီး
ကိုယ့်အပေါ်မကောင်းတဲ့ လူတွေ ကိုမေ့လိုက်ပါ
ဒီနေ့ ဟာ “ကမ္ဘာ့ သူငယ်ချင်းကောင်းနေ့” လေးပါ။




I Appreciated You, Once be a part in my life!!
ကမ္ဘာ့ သူငယ်ချင်းကောင်းနေ့ မှာ ဆုံးရှုံးသွားရတဲ့
သူငယ်ချင်းကောင်းလေးအတွက် အမှတ်တရ

ဖိုးစိန်ရှာတဲ့ ပြဿနာ (သို့) ကြောက်စရာတီတီချမ်း (သို့) အပျက်ပျက်နဲ့သွေးထွက်တဲ့ နှာခေါင်း (သို့) sensitive ဖြစ်ခြင်း

မနေ့ က မိုးခါးမွေးနေ့ ဆုတောင်း မှာ အပြန်အလှန်ရေးကြပါတယ်
နောက်တော့ ညကျ အိပ်ခါနီး နှုတ်ဆက်တဲ့ ထိအိုကေပါပဲ(အိုကေပဲထင်ခဲ့တာပါ)
ဒီနေ့တနေ့လုံးဖိုးစိန်နဲ့ စကားမပြောဖြစ်ပါဘူး
တီ က တနေ့လုံးမိတင်နဲ့ ညားနေလို့ပါ
ညနေကျတော့ ဒီနေ့ ရန်မဖြစ်ရသေးတာနဲ့ တခုခုလိုနေသလိုဖြစ်နေတာနဲ့
စောင့်နေပါတယ် မနက်ဖြန်ထ စရာမလိုတာလဲ ပါတာပေါ့လေ
ဖိုးစိန်ပြန်လာတော့ တီ့ ဆီမှာ ၃ နာရီခွဲပါပြီ မနက် ပါ
ရောက်တော့ စကားပြောမယ် ဆိုပြီး စောင့်နေတာနဲ့ ပြောပါတယ်
စပြောကတည်းက အချိုးမပြေပါဘူး
အောက်မှာတွေ့တဲ့အတိုင်းပါပဲ
သူပြောချင်တာ က တီ က ကြောက်စရာကောင်းပါတယ်တဲ့
ဘာ့ကြောင့်လဲ ဆိုတော့ မိုးခါးလေး မွေးနေ့ ကဗျာ ကို တီ က အစက ဓါတ်ပုံ ထည့်ဖို့ မရည်ရွယ်ပါဘူးတဲ့
သူက မိုးခါးကို မွေးနေ့ မှာ ရည်းစားစကားပြောမယ် ဆိုပြီး တီ့ ကိုပြောတော့ မှ တီ က ဓါတ်ပုံထည့် ဖို့ စိတ်ကူးရသွားတယ် လို့ ဆိုလိုချင်တာပါ တော်ရုံဆိုဘာမှမပြောပါဘူး ခုဟာက စွပ်စွဲတာဖြစ်သွားပြီ ဘောင်ကိုကျော်သွားပြီ အောက်မှာ ပြောကြတဲ့ စကားအသွားအလာ ကိုကြည့်ပါ
သူ့ အသုံးအနှုံးက မသိစိတ်တခု ကို ရိပ်ခနဲ တွေ့ရတယ်လို့ ဆိုပါတယ် သူပြောတဲ့ အတိုင်းပြန် quote လုပ်ထားတာပါ
တီ တကယ်စိတ်ကုန်ပါတယ်
ဒီပိုစ့်မရေးခင် စဉ်းစားပါတယ် မိုးခါးလဲ စိတ်မကောင်းဖြစ်မယ် ဆိုတာ သိပါတယ်
ဒါပေမယ့် မရပါဘူး
ရှင်းရှင်းပဲ ပြောတတ်၊ ပြောချင်ပါတယ် စကားကိုလဲ ယောက်ျား ပီပီ ရှင်းရှင်းပြောတာပဲကြိုက်ပါတယ်
တီချမ်း တို့ က ရှင်းပါတယ် အစကတည်း က -င်ခံတယ်ပြောထားပြီးသား၊ ခြောက်နေတယ်ပြောလဲ စိတ်မဆိုးဘူး
အင်းစကားကိုတော့ ဘွင်းဘွင်းရှင်းရှင်းပွင့်ပွင့်လင်းလင်းပြောမှ ကြိုက်တယ်
ခနဲ့ သလိုလို ရွဲ့သလိုလို အပြောတွေ ကိုမကြိုက်ဘူး ကြည့်မရဘူး
ခုဒီပိုစ့် ကိုရေးတဲ့ အတွက် ဖိုးစိန်နဲ့ ခင်မင်မှု ဆုံးခန်းတိုင်နိုင်တယ် ဆိုတာ သိပါတယ်
တကယ်ခင်ခဲ့တာပါ ထားပါတော့ မနှမြောနေတော့ပါဘူး
မောလို့ပါ
တခါတည်းရှင်းပါမယ် တီ ဒီဘလောခ် ကိုရေးနေတာလဲ ၀ါသနာပါလို့ပါ
ကြိုက်ရင်လာဖတ် ကြိုဆိုပါတယ် မကြိုက်ရင်လဲ မလာပါနဲ့ ရပါတယ် မမုန်းပါဘူး
စိတ်ရှုပ်တော့မခံချင်ဘူး
ပြီးတော့ တီ က စိတ်ဆိုးခဲတယ် စိတ်ပဲ ပျက်တတ်တာ
ပျက်ပြီး “ဟင်” ဆိုလဲ ပြန်မလှည့်ကြည့်ချင်တော့ဘူး
ကိုယ့်ရှေ့လာ “သေ” နေရင်တောင် ကျော်ခွ သွားမယ့် လူမျိုးပါ
ရပါတယ် ခုဒီပိုစ့်ရေးတဲ့ အတွက် စိတ်ဆိုးရင်လဲ ရတယ်
မုန်းရင်လဲ ရတယ်
ေ-ာက်မြင်ကပ်ရင်လဲ ရတယ်
ကြိုက်သလိုလုပ်ကြပါ ဆုံးဖြတ်ကြကပါ
ဒီလိုကိစ္စနောက်ဆုံးရေးခြင်းပါ နောက်ဘာမှမရှင်းပါဘူး
ကြိုက်သလိုပြော ကြိုက်သလောက်ပြောရတယ်

sein lyan tun: မောရှမ်းမြေ အစည်းအဝေးသို့ ဖိုးစိန်အားမဖိတ်သူများ ကုလားကြီးတွေ ကုလားမကြီးတွေနဲ့ညားပါစေ အဟီးး
Addy: စိန်လေးရေ
ပြန်လာရင်ခေါ်နော်
အိပ်သေးဘူး
စောင့်နေမယ်
လွမ်းလို့
Sent at 11:55 PM on Friday
Addy: အံမယ်မခေါ်ဘူးပေါ့လေ
sein: ခုမှပြန်ရောက်တာ
အဝတ်တော်လဲရသေးဘူး
Addy: အင်း
လုပ်
ပြီးရင်ခေါ်လိုက်နော်
sein: ဟုတ်
Sent at 3:04 AM on Saturday
sein: မအိပ်သေးဘူးလား
Addy: အဲ
စောင့်နေတာလေ
စကားပြောချင်လို့
sein: အမ်
ဘာပြောဖို့ လဲ
Addy: ဘာရယ်မဟုတ်ပါဘူး
သတိရနေလို့
ရေတက်နေတယ်
မအားဘူးလား
နားချင်လို့လား
sein:း)
ချမ်းကိုတော့ကြောက်ချင်ချင်ဖြစ်နေပြီးပြ
Addy: မအားရင်လဲရတယ်
ဟင်
sein: အားပါတယ်
Addy: ဘာဖြစ်ပြန်ပြီလဲ
sein: ခုပဲရေချိုးပြီးတာလေ
Addy: ဘာကိုကြောက်တာလဲ
ဟေး
ဘာကိုကြောက်တာလဲ လို့
sein: အင်းပြောလေ
အော်
မနေ့ ကမိုးခါးမွေးနေ့မှာတင်တဲ့ ချမ်းပိုစ့်ကိုကြည့်ချင်းအားဖြင့်
ခန့်မှန်းလို့ရပါတယ်လေ
Addy: ဟင်ဘာတွေပြောနေတာလဲ
တူတူရေးကြတာလေ
ဘာဖြစ်လို့လဲ
sein:း)
တူတူမရေးပါဘူး
ထိုးစစ်ကိုဘယ်သူဆင်တုန်းလေ
း)
Addy: ဖိုးစိန် စကားကိုယောက်ျား လိုရှင်းရှင်းပဲပြော
ကိုယ်ခေါင်းရှုပ်မခံနိုင်ဘူး
sein: ယောကျာ်းလို ပဲပြောနေတာလေ
အား
Addy: ဘာကိုမကျေနပ်နေတာလဲ
sein: ဒါဆိုထားလိုက်
နေတော့
Addy: ဘာမှားလို့လဲ
sein: မကျေနပ်တာတစ်ခုမှမပါပါဘူး
မသိစိတ်ကလေးတစ်ခုကို
Addy: အဲ့တာ ဆိုဘာလို့ ကြောက်စရာကောင်းတယ် လာပြောနေလဲ
sein: ရိပ်ကခနဲတွေ့လိုက်ရတာပဲ
Addy: တွေ့လား
မရှင်းမရှင်းနဲ့
sein: အင်းလေ
ပထမတော့
မိုးခါးကိုမွေးနေ့ဆုတောင်းက
ဓာတ်ပုံတင်ဖို့ရည်ရွယ်ချက်ချမ်းမှာမရှိဘူးလေ
Addy: ဟာ ဘာလဲကွာ
sein: ဟုတ်တယ်မဟုတ်လား
မလိမ်နဲ့ 

Addy: ယောက်ျားစကားမပြောဘူး
လိမ်စရာမလိုဘူး
sein: အမ်
Addy: ပြန်ကြည့်ပါ
sein: တော်ပီး
ထားလိုက်ပါ
Addy: ကိုယ်ရေးတဲ့မွေးနေ့ ဆုတောင်းအားလုံးပုံ ပါတယ်
Calling sein lyan tun at 3:37 AM on Saturday
sein: ယောကျာ်းစကားပဲပြောနေတာ
စကားတော့မပြောချင်ဘူး
မောနေသေးတယ်
Call with sein lyan tun not answered at 3:37 AM on Saturday
sein: ချက်လို့ ရတယ်ဗျ
Addy: ပြန်ကြည့်
sein: အော်
Addy: ကိုယ်ရေးတဲ့ မွေးနေ့ ဆုတောင်းအားလုံးပုံပါတယ်
sein: ကြည့်စရာလိုလား
Addy: အရင်ဟာတွေ ကိုပြောတာ
မောင်ငယ်ကော
sein: ထားလိုက်ပါတော့လို့ပြောနေတယ်လေ
Addy: နန်းညီကော
sein: ရပါတယ်
Addy: ဘာလို့ထားရမှာလဲ
အဲ့တာ ကိုက ယောက်ျားမဆန်တာ
ရတယ်
မင်းကြောက်နေရင်
sein: အဟားး
Addy: အကြောက်ပြေမှလာပြော
မပြောချင်ရင်လဲရတယ်
Sent at 3:38 AM on Saturday


(ပြောသလောက်ကို စပြောတဲ့အချိန်က အတိုင်းအပိုအလိုမရှိ ဘာမှမပြုပြင်ပဲထည့်ထားပါတယ် ကုန်ကုန်ပြောရရင် စာလုံးပေါင်းတောင်ပြင်မထားပါဘူး
လာငြင်းရင်လဲရှင်းမှာ မဟုတ်ပါဘူး ဂျီတော့ခ်ထဲမှာ ရတ်ကော့ခ် ရှိပါတယ်)

နောက်ဆက်တွဲ

sein lyan tun: ဂျန်ရာပီးဂျ
sein: အဲဒီပိုစ့်ကိုဖြုတ်ပေးပါ
ကျုပ်တကယ်မကြိုက်ဘူး

Addy: ကိုယ်လဲ မကြိုက်လို့တင်ထားတာ
မင်းကြိုက်သလိုဆုံးဖြတ်ရတယ်
Sent at 4:09 AM on Saturday


ပိုစ့်ရေးပြီးလို့စဉ်းစားရင်းနဲ့ ထပ်ဖြည့်ပါတယ်
မကြိုက်တဲ့လူတွေများမယ်လို့ထင်ပါတယ် ဖတ်ပြီး ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့ပိုစ့်မျိုးပါ
ဒါပေမယ့် အစကတည်းက တီက အကျိုးပြုစာပေရေးနေတာ မဟုတ်ပါဘူး
စိတ်ကူးပေါက်ရာရေးနေတာပါ
အဲ့တော့ ဖတ်လို့ မဆိုင်သူတွေ စိတ်ညစ်သွားရင်တောင်းပန်ပါတယ်
မိုးခါးကိုလဲ ဒီကနေပဲတောင်းပန်ပါတယ် သမီးနဲ့ ဘာမှမဆိုင်သလို သမီးကြောင့်လဲ မဟုတ်ပါဘူး
ကိုယ့်ကိုကိုယ် guilty ဖြစ်မှာဆိုးလို့ ကြိုပြောထားတာပါ
အဲ့လိုဘာမှမဟုတ်ပဲ လူတကာ ကိုဘာမှမဟုတ်ဘဲ ဘာမှမမှားဘဲ ဘာမှမလုပ်မိဘဲ လိုက်တောင်းပန်နေရတာကိုလဲ မကြိုက်ပါဘူး
နောက်ဆုံးပြောချင်တာကတော့ ဖတ်ပြီးသွားလို့ စိတ်ညစ်ရရင် ဘလောခ်လောက ရဲ့ မဲပြာပုဆိုးတထည်၊ရန်ဖြစ်ပွဲတပွဲတိုး တယ်ပဲ ထားလိုက်ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်..............

Friday, May 15, 2009

တီချမ်း…၀ါသနာအဖြေရှာ............

တီချမ်း…၀ါသနာအဖြေရှာ............

(ဒနည က မေးပါတယ် မေးခွန်းတွေ က ဘယ်မှာလဲ တဲ့ သူက မှန်မှန်မှမလာတာနော် အဲ့တော့ဘယ်သိပါ့မလဲနော် ကဲပါလေ ဒီမှာရော့ ပြန်ထည့်ပေးထားတယ် မေးခွန်းတွေကို)

၁) စာရေးခြင်း (အမှန်က စာတိုပေစ၊ ကဗျာ ရယ် သီချင်းရယ်ပါ အဲတော့ ၃ မျိုးပေါ့ ခွဲပြောလဲရတယ် မခွဲပဲပေါင်းပြောလဲရတယ် အဲတာကြောင့် ၃မျိုးလို့ပြောတာ။ ဟုတ်ကဲ့ တီချမ်းက သီချင်းလဲရေးပါတယ် (သိတယ်သိတယ် တော်လိုက်တာ လို့တွေးနေပြန်ပြီမှလား...? ခိခိခိ နောက်မှကြုံရင် တီရေးထားတဲ့ ကော်ပီ သီချင်းတွေ တင်ပေးပါအုံးမယ် ဘာလို့ ကော်ပီရေးသလဲဆိုတော့ လေးဖြူ အငဲ မျိုးကြီး ဖဖကသ တို့ပြောသလိုပါပဲ ကော်ပီ လဲသူ့တန်ဖိုးနဲ့သူပါ နောက်တခုက အင်စတျူမန့် ဘာမှမတီးတတ်လို့ပါ.............ခိ)

၂) ရေကူးခြင်း ဟိုးအရင်က တော်တော်ကူးဖြစ်ပါတယ် အမျိုးသားကန်မှာတောင် လက်ရွေးစင် အဖြစ် camp ၀င်ဖူးသေး (စာရေးသူ ၏ အကြွားချပ်) မိညီတောင် ခုသွားချင်နေတဲ့ကန်ပေါ့ ခိခိခိ ဟုတ်တယ်မှလား ဒနည………..ခုတော့ ခြေထောက်မှာ ခွဲစိပ်ပြီးနောက်ပိုင်းရေကူးရင်နာပါတယ် ခဏ ပဲကူးနိုင်တယ် ကူးပြီးနောက်တနေ့ ဆိုအတော်ခံစားရပါတယ် အဲတာလဲ ကြုံရင်တော့ ကူးဖြစ်နေသေးတာပါပဲ အမှန်က ခွဲပြီးခါစ က ဖီဇီယိုသရပီ မ၀င်လိုက်လို့လေ ခုတော့ နောင်တရနေတာပေါ့…..catwalk လဲ မလျှောက်ရတော့ဘူးတဲ့ အဟင့် ပါရီ တို့ မီလန်တို့ က လက်ခံထားတဲ့ ၂၀၀၉ ဆောင်းရာသီ ကွန်ထရက်တွေတော့ လျှော်ရတော့မယ် အဟင့် အဟင့်

၃) လေးချစ်တတ်ခြင်း၊ကလေးလိုချင်ခြင်း၊ကလေးပြုစုပျိုးထောင်ချင်ခြင်း တခါကလဲရေးဖူးပါတယ် ကလေးပြုစုပျိုးထောင်တယ်ဆိုတာ အနုပညာတခုပါ တီသင်ယူချင်တဲ့ တန်ဖိုးထားတဲ့ အနုပညာ တခုပေါ့ (ဟဲဟဲ မိုက်တယ်နော် စကားလုံးတွေက ပြောင်မြောက်ပါ့ မှတ်ချက်=မျောက်မဟုတ်ပါ) ခုလောလောဆယ်တော့ ကိုကိုကာကာ ကို အားကျ ပြီးမနာလိုဖြစ်နေတယ် ဒီတခေါက်ရန်ကုန်ပြန်တုံးကတောင် အမေနဲ့ ရေရေလည်လည်တိုင်ပင်ဆွေးနွေးဖြစ်ကြသေးတယ် ကလေးမွေးစားဖို့လေ တီက ကလေးပဲလိုချင်တာ မိန်းမမလိုချင်ဘူး ခိခိ ကိုယ်က ယောက်ျားပဲကြိုက်တာကို နော်

၎) ဗီဒီယိုကြည့်ခြင်း………အခွေဆို မျိုးစုံအောင်ကြည့်ပါတယ် drama, thriller, horror, comedy, romance, teenagers, PG, NC, Full, ဗုံး၃ လုံးကား အပြာ အ၀ါ ဆင်းရဲသား အော်ဘာတွေရေးမိပြန်ပြီလဲမသိ………..ဟင်း ခက်တယ်…ခက်တယ် တီတီချမ်း…..

၅) ခရီးသွားခြင်း အမှန်က အစက ၀ါသနာ လုံးဝ မပါတာပါ ဒါပေမယ့် ဘ၀ က ဖန်လာတော့ လုပ်သမျှအလုပ်က ခရီးအသေထွက်ရတယ် အရင် က တိုးရစ်ဂိုက်လုပ်တယ်လေ နောက် အခု လုပ်တဲ့ အလုပ်ကလဲ ခြေတိုအောင်သွားရပါတယ် တခါတခါ တော့ ညစ်တယ် ပင်ပန်းလို့ တီ က ပင်ပန်းတဲ့ အလုပ်ဆိုတခု ပဲလုပ်ချင်တာလေ (မဟုတ်တာတွေလျှောက်မတွေးနေနဲ့......ဟွန်း)

၆) ပန်ချီးဆွဲခြင်း၊ ငယ်ငယ်က တော်တော်ဆွဲဖြစ်ပါတယ် ကျောင်းပေါင်းစုံဆုဘာညာတောင်ရဖူးသေး အဟေးဟေး ကြွားရတာ အရသာရှိ ခိခိနောက်တော့ အရွယ်ရောက်လာတော့ အင်စပရေးရှင်းက မလာတော့ ဒေါ်ဂျူးလိုပေါ့အေ အချစ်အကြောင်းရေးလို့မရတော့ဘူးတဲ့ တီလဲ ပုံဆွဲလို့မရတော့ဘူး အိုဘာပဲဖြစ်ဖြစ် ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့အေ

၇) ဓါတ်ပုံအရိုက်ခံတာပါ အထူးသဖြင့် အနုပညာမြောက်တဲ့ ဟာမျိုးပေါ့လေ အလှရိုက်တာမဟုတ်ဘူးလေနော် နောက်မှတင်ပေးပါအုံးမယ် ရှိသေးတယ် ခိခိခိ တုံးလုံးပုံတွေချည်းပဲတော့လဲမဟုတ်ပါဘူးပေါ့နော်

၈) စာဖတ်ခြင်း ဒါကတော့ တော်တော်များများမှန်ကြပါတယ် ခန့်မှန်းတာ အဲ့တာမှမမှန်ရင်လဲ ............ဒါတောင်အချိန်နဲ့ ကိုက်ပြီးဖတ်တယ်ဆိုလား အချိန်ရှိသမျှဖတ်တယ်ဆိုလား တယောက် က ရွှီးသေး........ခိခိ

၉) သီချင်းနားထောင်ခြင်း နှင့် ကခုန်ခြင်းပါ အရင်က က ရမှာရှက်တတ်ပါတယ် ခုတော့လဲဖြတ်လိုက်ပြီ အဲ့ဒီရှက်ကြိုး.ခိခိခိရှက်တော့ဘူး လှလာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ပိုပို ယုံကြည့်မှုရှိလာတယ်လေ............ ဟဟဟ

၁၀) တော်တော်များများမမှန်တဲ့ ဟာပါ ဓါတ်ပုံရိုက်တဲ့ ၀ါသနာပါ အမှန်က အရိုက်ခံခြင်းကစတာပေါ့ နောက် ပန်းချီမဆွဲရတော့လဲ ဓါတ်ပုံရိုက်ဖြစ်လာတယ်ထင်ပါတယ် သဘောတရားနဲနဲတူတယ်လေ အရာတ္ထုတွေ ကိုဘောင်ခတ်တာပဲဟာ ခိခိ နောက်ဒီကောင်က ပိုလွယ်တယ် ခလုတ်နှိပ်လိုက်ယုံပဲ

ကဲကဲကဲ ကျေနပ်ကြရဲလား ဖြေပြီနော် ..................

A Chen
11:50 am
15th May 2009
Bkk

တေ့လွဲ(ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

တေ့လွဲ

အစကတည်းက
သူငယ်ချင်းဖြစ်ဖို့
မရှိတဲ့လူနှစ်ယောက်ဟာ
တကယ်တန်းဝေးသွားတဲ့အခါကျမှ
တကယ့် ကံကြမ္မာ ရဲ့
လွဲမှားမှုတဲ့လား?
(နင့်ရဲ့အချစ် ရှေ့တည့်တည့်ကငါ)

Thursday, May 14, 2009

ထာဝရ ကြယ်စင်

မနက်ဖြန်မှာ ကျရောက်မယ့် တီ့တူမ မိုးခါးလေးအတွက် မွေးနေ့ (ဒေါ်ရီတာထောက်ပြလို့ ထပ်ထည့်သည်။ အဲ့လိုပဲ ဆရာမကြီးစကားနားထောင်ရတယ်ရှင့် ခိခိပါရှင့် ကျန်သွားတာဆော်ရီးရှင့်) အမှတ်တရ ကဗျာပါရှင့်
အသိပေးသူချစ်တူမ မိရောင်ကိုကျေးဇူးအထူး အာဘွားပါတယ်ရှင့်
အမှန်ကတော့ ရိုးရိုးရေးမလို့ပါရှင့် ဒါပေမယ့် တူမတော်ကလှတပတကလေးဆိုတော့
မျောက်တွေရန်ကိုကြောက်တာနဲ့ ဒီပုံလေးနဲ့တင်လိုက်ရပါတယ်ရှင့် ပိုင်ရှင်ရှိတယ်ပေါ့ရှင့်
ဒူးရင်သီး သရက်သီး နာနတ်သီး တွေကိုသောကြာနေ့တိုင်း မရောင်းချင်ရင် လက်ရှောင်ပါပေါ့နော်ရှင့်
(ဒု သ န သော ကိုပြောချင်တာပါရှင့်)
ခိခိရှင့်
ပြီးတော့ အောက်ဆုံးမှာ ကိုကိုကာကာ ကိုအားကျလို့ဘောနပ်စ် ထည့်ပေးထားပါတယ် ရှင့်
ဖတ်ဖြစ်အောင်ဖတ်သွားကြပါနော်
ခိခိခိပါရှင့်
ချစ်စရာလေးနော် သူတို့အတွဲလေးက၊
အိုအောင်မင်းအောင်ပေါင်းကြရပါစေရှင့်
မျောက်တွေရန်ကလဲကင်းဝေးပါစေရှင့်
တီချမ်း ဆုတောင်းပေးပါတယ်ရှင့်




ထာဝရ ကြယ်စင်

ထာဝရ ကြယ်စင်
နာမည်က မမိုးခါး
ကိုမိုးခါးမဟုတ်ဘူးရှင့်
သိကြရဲ့လား

ကြိုက်တဲ့မုန့်တွေ
အချဉ်ရယ်ချောကလက်ပြား
မစ်ရှိတ် နဲ့ကော်ဖီ
သူမ အမြဲစား

အသက်က ဒွေး နဲ့ လေး
“သက်သက်” တဲ့လား
နေတာက ဂျပန်မှာ
သူမ ရည်းစား

ပြိဿခွင် ရာသီနဲ့
နွားနှစ်မှာဖွား
ကဗျာတွေ စာတွေ စပ်စပ်
ရေးချင်ပြန်သား

စာဆိုရင် အကုန်ဝါး
ဝတ္ထုတွေလဲ အကုန်လာထား
ဖတ်နိုင်လိုက်တဲ့ မိမိခါး
ဝါးစားတဲ့အလား

စိတ်ပြောင်းလဲတကယ်မြန်
လှစ်နေတဲ့အလား
ခုနက ဆီထမင်း
အခု စာကလေးစား

ဝါသနာက တော်တော်များ
စာဖတ်မယ်တအား
ခရီးကထွက်ချင်ပြန်တယ်
သီချင်းဆိုမလား
လာထား…လာထား
တကယ့်ပြိုင်စံရှား
အဲ့တာက “ဘူလေးရဲ”
တီ့တူမ “မိမိုးခါး”
သိကြရဲ့လား။ ။

A Chen
9:40 pm
14th May 2009
Home
Bkk

Bonus:

ငစိန်ကောင်ရန်စပါလို့
တောင်ကြီးဖြိုရန်
ကြိုးစာတယ်ငမျောက်ကောင်က
ပြိုင်ရေးမယ်သူ့အကြံ
မိုးခါးအတွက်ဖန်
ကဗျာ့ဥာဏ်သူ မထွက်
ဖင်ကချီးထွက်
အဟက်ဟက်ဟက်
မျောက်ချေးခါးဟင်းချက်စား
လွှတ်ကောင်းတယ်ဗျား
အဟားဟားဟား

စာဆိုတော်
မိန်းမရွှင်မ မိမိချမ်း
လျှမ်းလျှမ်းလျှမ်း...............

Wednesday, May 13, 2009

တီချမ်း ရဲ့ ၀ါသနာများ (တက်ခ်ပိုစ့်)

ဟိုးလွန်လေပြီးသော ရှေးပဝေသဏီ အခါကပေါ့ ....................ဘယ်သူကလဲမသိဘူး တီချမ်း ကိုတက်ခ်(tag)ပါတယ် တက်ခ်တာ ကတော့ ၀ါသနာတဲ့ ဘယ်လောက်တောင်ကြာပြီလဲဆို တက်ခ်တဲ့လူတောင်မေ့နေတာသာကြည့်တော့ အဲ့လိုမကောင်းတာနော် (jel jel and May D) လို့ထင်ပါတယ်
ဒါပေမယ့် အကြွေးတွေ ကိုမှတ်မိပါတယ် ရှိမရှိမသေချာတဲ့ သံသရာ ဆိုတဲ့ဟာကြီးဆီကို ယူမသွားပါဘူး ခိခိ
အဲ့တော့ အကုန်ပြန်ပေးခဲ့မယ် အမေးရှိတော့ အဖြေရှိရတာပေါ့နော် ဖြေတော့ဖြေတာပဲ
အဲ............ဒါပေမယ့် တီချမ်း တို့ ထုံးစံအတိုင်းပေါ့ ဖြေတာရိုးရိုးမဖြေဘူး ပြန်မေးမယ် မဟော်သဓာ ဆန်ဆန်ပေါ့ ပြောပါတယ် ခသမဟ လို့အစကတည်းက နော်
အဲ့တော့ တက်ခ်သူတွေ လဲကျေနပ်ပါစေ အမှန်က တီချမ်း က ပိုစ့်တော်တော်များများမှာ
ကိုယ့်အကြောင်းကိုယ် တခါတခါ မကြာမကြာ ဆိုသလို လှစ်ဟ ပြတတ်ပါတယ်
ကြည့်သောသူမြင်၏ပေါ့လေ
ခုလဲ လာပြန်ပါပြီပေါ့.................တီချမ်း ဟာ ဒီလိုလူမျိုးဖြစ်ပါတယ်ပေါ့
ဒါတွေ ၀ါသနာပါပါတယ်ပေါ့ နော် .........................အဖြေကိုတော့ ကိုယ့်ဘာသာ ဂတ်စ် (guess)စေချင်တယ်လေ အဲ့တာကြောင့် ၀ါသနာ လေးတွေ ကို နံပတ်တတ်သွားတယ် ပြောမပြသွားဘူး ကိုယ့်ဘာသာတွေးကြည့်ဖြေကြည့် အဖြေညှိပေါ့လေနော် ......................
တခုဖြည့်ပြောချင်ပါတယ် ၀ါသနာတွေ ကိုအမှတ်စဉ်တတ်ထားတာ ဖြေရလွယ်အောင်ပါ အမှတ်စဉ်ရှေ့ရောက်တာ ကိုဝါသနာပိုပါတယ် လို့ မသတ်မှတ်ပါဘူးလေနော်..........
ပေါက်တယ်ဟုတ်
တီချမ်းစာတွေ ဒီလောက်ဖတ်နေရင်တော့ အိုင်ကျူက မြင့်ပြီးသားနေမှာပါနော်.........ခိခိ ချူပ်စ် ချူစ်........

ဒါကတော့ ၀ါသနာ အမှတ်စဉ် (၁)ပါတဲ့ အမှန်ကတော့ အသေးစိတ်စကားကို ကပ်ပြောရရင် နံပါတ် (၁)က
ဝါသနာ ၃ ခုပေါင်းပါတဲ့လေနော်
ဘာများဖြစ်မလဲ မောင်ညီမလေးတို့ရယ် တွေးကြည့်ကြပါအုံးလေ......................နော်



ဝါသနာ အမှတ်စဉ် (၂)ပါ


ဝါသနာ အမှတ်စဉ် (၃)ပါ



ဝါသနာ အမှတ်စဉ် (၄)ပါ

ဝါသနာ အမှတ်စဉ် (၅)ပါ


ဝါသနာ အမှတ်စဉ် (၆)ပါ ဒါလေးက ငယ်နုစဉ် က ပိုလုပ်ဖြစ်တဲ့ ၀ါသနာလေးပါ ခုတော့ အချိန်မရတာရယ် စိတ်မပါတာရယ်နဲ့မလုပ်ဖြစ်တာကြာပြီပေါ့ ဒီပုံက CD ကာဗာပါ မဆလာမဟောင်းလေ ဂျယ်ရီ ဟော်လီဝယ်လ် ရဲ့ တကိုယ်တော်အခွေကာဗာဖြစ်ပါတယ် ရှိက်ဇိုဖော်နစ် ဆိုတဲ့အခွေပါ အစက အင်္ကျံပါတယ် တီက ဟိုစကားဘာတဲ့ မိန်းကလေးဆိုတာ ဖော်ရမယ့်နေရာတွေ ကိုဖော်ရတယ် အဲ ဖုံးရမယ့် နေရာတွေ ဆိုလဲ လှတာလေးတွေနဲ့ပဲဖုံးရတယ် ဆိုတာ သတိရလို့ ဖော်ပေးလိုက်တယ် အကိုကာလသားများအတွက်စ်..........
ဝါသနာ အမှတ်စဉ် (၇)ပါ ခုနောက်ပိုင်းလွယ်လို့ တော်တော်လုပ်ဖြစ်ပါတယ်


ဝါသနာ အမှတ်စဉ် (၈)ပါ

ဝါသနာ အမှတ်စဉ် (၉)ပါ ဒါလဲ နှစ်ခုပဲ တခု က နေ့တိုင်းလုပ်တယ် အမြဲလုပ်ဖြစ်တာပါ နေ့တိုင်းအချိန်တိုင်း လို့တောင်ပြောလို့ရပါတယ်လေ
၂၄-၇ ပေါ့နော် အဲ့လောက်ကို တစိုက်မတ်မတ်လုပ်ဖြစ်ပါတယ် ဒီလောက်ကြိုက်တဲ့ ၀ါသနာပါနော်
နောက်တခု က တခါတခါ မှလုပ်ဖြစ်တယ်


ဝါသနာ အမှတ်စဉ် (၁၀)ပါ ဒါကလဲ အလုပ်နဲ့ ပတ်သက်ပြီးတော့ ကြိုကြားကြိုကြား တော်တော်လုပ်ဖြစ်တဲ့
ဝါသနာပါပဲ ရှေ့တခုနဲ့တောင်ဆက်စပ်လို့ရတယ်နော်...............


ကဲကဲ ဖြေကြနော်
အားလုံးပျော်ရွှင်ကြမယ် လို့မျှော်လင့်ပါတယ်
မိန်းမရွှင်
တီတီချမ်း
ခိခိခိ
A Chen
13th May 2009
11:29 pm
Home
Bkk