
မိုးတွေလဲရွာ
ဖားတွေလဲပါ
မမကွမ်ကြီးမှာ
မောင့်ကိုလွမ်းရှာ…

မိုးသည်းသည်းထဲ
အ၀တ်တွေရွှဲရွှဲ
ဒေါ်ရီတာလဲ
မောင်ကိုမျှော်ဆဲ…

မိုးတွေကညို
ပန်းတွေကပျို
မိုးခါးလေးက
မောင့်ကိုချွဲပို

မိုးတွေကမစဲ
မိရောင်ကလဲ
မောင်နဲ့သူမခွဲ
ရောင့်ရဲတယ်တဲ့

မိုးတွေထဲမှာ
ထီးကလဲမပါ
ယောင်နေဆဲပဲ
ကြယ်ငိုကြွေးပွဲ

မိုးတွေမစဲတာ
အတွေးတွေလွဲရှာ
မိညီမ မှာ
ပုလင်းကိုခဲကာ

မိုးတွေကစိပ်
တိုးဝင်ရောက်အိပ်
မိဒီမရဲ့
စိုးနေတဲ့စိတ်

မိုးတွေက မဲ
ဦးမွန်က ကဲ
သူ့ချစ်ချစ် လဲ
ခစ်ခစ်နဲ့ ဟဲ

မိုးမင်းကဒုန်း
ဆင်ဒန်လာတုန်း
မမသီရိ
ထထရယ်၏

မိုးတွေက၀ုန်း
ကားပေါ်ကပြုံး
ဏီဏီကလဲ
ပြောင်ပြီးတော့ ညုန်းမ် (:=)

မိုးတွေကရွာ
ပန်းတွေမလှရှာ
မာလာလေးမှာ
ပေါ်မလာဝေးကွာ

မိုးမိုးမဲမဲ
နနခလဲ
ဓါတ်ပုံမရိုက်ရ
စိတ်ကုန်သတဲ့ဗျ

မိုးတွေကအုန်း
ဘာတွေကတုန်း
မျှော်မျှော်တွေးလဲ
ပေါ်မလာရေးပဲ

မိုးကမတိတ်သေး
စိုးထိတ်မိသေး
မိုင်ဒီယားလေ
ဒိုင်ယာရီလဲမရေး

မိုးတပေါက်ပေါက်
ဖြိုးတဖျောက်ဖျောက်
ဆွိပီအိုနီ
မိုးနဲ့ကြည်သည်

မိုးကသည်းသည်း
လမ်းကအမြဲမွဲ
မိန်းမစိမ်းလေး
ဘလောခ်နဲ့ဝေးဝေး

မိုးတွေကချိန့်
ဖားတွေကမတိတ်
လွမ်းတဲ့ သုရင်
ပျောက်လုလုပင်

မိုးတွေကရွာ
ကောင်းကင်က ပြာ
ရေးနေငါ့မှာ
မိုးကိုလွမ်းကဗျာ

မိုးတွေနဲ့အတူ
စိတ်တွေဆွေးသူ
တီတီချမ်းပဲ
အအူတွေရေးဆဲ

မိုးတွေနဲ့အတူ
ထားချင်ခဲ့သူ
အမှတ်တရလေးတွေ
(အိမ်လည်လာတဲ့)
မိန်းမလေးတွေ
ကြီး ငယ် လတ်မရွှေး
စိတ်မှာအမြဲတွေး
ကျန်းမာကြစေ
ချမ်းသာကြစေ
လမ်းဖြာကြစေ
ဝမ်းသာပါရစေ
ဆုတွေတောင်းနေ
မိုးအမှတ်တရ
တိုးတဖျဖျ။

A Chen
2:03 am
22nd May 2009
Home
Bkk

(အားလုံးသိကြတဲ့ မမကွမ် ရဲ့တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့
ဘလောခ်လောကတခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ မိုးကဗျာ ပါ
တီကလဲ ဟိုတနေ့က မိုးတွေစွတ်ရွာနေတာနဲ့ အဲ့ဒီ ကဗျာ က ခေါင်းထဲရောက်ရောက်လာတယ်
အဲ့တာ နဲ့ ဆင်တူယိုးမှားဗာရှင်းနဲ့ တီခင်တဲ့သူတွေနဲ့ရေးပါတယ်
ပုံတွေကိုတော့ ဂူဂယ် လုပ်ပါတယ် )
တီ။ အပြေးဖတ်။ တစ်မန့်။ ပီးမှ ပြန်ဖတ်မယ်
ReplyDeleteမိုး မမ မေ မိုးမျှော်၊ မောင်မျှော်
ReplyDeleteမှောင်မိုက်မှာ မော...။
(မေမေ မမ မြန်မြန် မေ့မြော
မမ မိမိ မိန်မ မိုက် မူးမိုက်မေ့မှောက် မော)
ချစ်ဘောလောတီရဲ့ မတွေပါ မွှေပလိုက်ပီ။
မောင့် မမ များ ချစ်သူနဲ့ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေသော်ဝ်။
မိုး အမှတ်တရတွေ လာဖတ်သွားပါတယ်။
ReplyDeleteပုံလေးတွေနဲ့ သိပ်လိုက်ဖက်တယ်။ ရွေးတတ် ရေးတတ်ပါပေ့။
သြော် မိန်းကလေးတွေပဲခင်တယ် ပေါ့
ReplyDeleteတားတား တို့ ကိုကျတော့ခင်ဘူး
ဗြဲဗြဲဗြဲ
ငိုတာနော်
ဟဟ
ReplyDeleteတီ ..
ရေလည်မိုက်တယ် .. :D
ဟစ်ဟော့နဲ့တောင်တူသေး .. ရက်ပါတွေ မမြင်စေနဲ့နော် ..း))
တီရဲ့ အိုင်ဒီယာ အဖွဲ့အနွဲ့တွေကကောင်းပါ့... ဖတ်ရင်းနဲ့ရွဲသွားပြီ.. မိုးရေတွေ
ReplyDeleteဟေးးးးး ဒါမှ တို့တီကွ မိုက်တယ်ကွာ ကဗျာလေးတွေက တီကိုတော့ အရမ်းချစ်သွားပြီ။ အာဝါးးးးးးးးးးးးး
ReplyDeleteမောင်ငယ်တော့ မနာလိုဖြစ်နေပြီတီရေ့ ဟဟ
ချစ်တူမ
တီခေါ်တဲ့ မိရောင်
ဒီ့ကို မမေ့သေးတဲ့အတွက် အာဘွားးးး ဟိ...
ReplyDeleteမိုးနဲ့ကြည်ရမှာလား တီ...
ReplyDeleteတခြားသူနဲ့ကြည်လို့မရဘူးလား....
ခိခိ........
စ တာ....
တီလဲ မိုးနဲ့ဆွေးမနေပါနဲ့...
ပျော်ပျော်နေ...
ဒီမှာ တီကိုချစ်တဲ့သူတွေ ဒီလောက်များတာကို နော်....
မိုက်တယ်ကွာ.... ပုံတွေလဲ ကြိုက်... :-)
ReplyDeleteအင် ညီ့ကျကာမှ.. မိုးကလည်းမစဲဘူးတဲ့ အတွေးကလည်း လွဲသတဲ့.. နောက်ဆုံးတော့ ပုလင်းခဲလိုက်ရတဲ့ဘဝပါလား.. အော်.. င့ါနှယ်
ReplyDeleteမနေ့က အ၀တ်တွေ မရုတ်မိလို့ ရွှဲသွားတာ ထိုင်းကနေ ဘယ်လိုလုပ် သိသွားပါလိမ့်။
ReplyDeleteလွမ်းတဲ့သုရင်က မပျောက်သေးပါဘူး တီရယ်... လာမယ် ကြာမယ် :P
ReplyDeleteခင်တဲ့ချစ်တဲ့သူ စာရင်းထဲမှာပါလို့ ကျေးဇူးများကြီးတင်ပါတယ် တီတီရယ်
မိုးတွေထဲမှာ
ReplyDeleteထီးကလည်းမပါ
ယောင်နေဆဲပဲ
ကြယ်ငိုကြွေးပွဲ..
တီရေ..အရမ်းမိုက်တယ်..တီတူမမိကြယ်က ထီးကို ဘယ်တော့မှမဆောင်တတ်ဘူး..မိုးရေထဲမှာလည်းပျော်ဘူးပါတယ် ချစ်တီရယ်...တီကငိုဘဲခိုင်းနေတယ်..အဟင့်အဟင့်..(ငိုသံ)
ချစ်တူမ
မိကြယ်
မိုးတွေကရွာ
ReplyDeleteကောင်းကင်ကပြာ
ရေးနေငါ့မှာ
မိုးကိုလွမ်းကဗျာ
ကောင်းလိုက်တာ တီရေ၊ လူတွေနဲ့ကဗျာတွေနဲ့များလိုက်အောင်ရေးတတ်တယ်၊ တော်လိုက်တာ
မိုးကဗျာလေးထဲ ထည့်စပ်ပေးတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ တီချမ်း အတွက် လာအိုပြန် ကိုကိုလန်လေးတွေ တစ်ဆွဲသယ်ခဲ့တယ်
ReplyDeleteသူငယ်ချင်းဆီ သွားလယ်တုန်း ဘဲမိုက်မိုက်လေးတွေ (အကျီမပါ) ဓာတ်ပုံရိုက်လာတယ်၊ ရှင့်အတွက်၊ တင်ရင်ပြောမယ်၊
ReplyDelete