Monday, May 21, 2012

နွေးတဲ့ ဆောင်းည

ကိစ္စတော်တော်များများက တယောက်ယောက်က ပြောတယ်ဆိုတာနဲ့ပြီးတာမဟုတ်ပါဘူး

စိတ်နာရတယ်ဆိုရင်တောင် နောက်ဆုံးတော့ ကိုယ့်ဘာသာ ကြိတ်ခံစားရတာပဲလေ

မျှော်လင့်ချက်တွေ ဘယ်နှခါ ပျက်စီးတယ်ဆိုတာ ဘယ်နှခေါက်မျှော်လင့်ခဲ့ဘူးတယ်ဆိုတာပဲလေ

တကယ်တော့ ပျော်ရွှင်မှု အစစ်အမှန်ကို ရဖို့ ခက်တယ်ဆိုတာကို ပြတာပါပဲ

ကိုယ့်တို့ကြားထဲမှာလဲ တယောက်ယောက်က ပြောတာနဲ့ ပြီးတာ မဟုတ်ပါဘူး

ရုန့်ရင်းဆန်ခတ်ဖြစ်ရတဲ့ အချစ်က နောက်ဆုံးတော့လဲ မျက်နှပန်းမလှရှာဘူးပေါ့

အခါတရာ ချစ်ခဲ့တာက တခါလောက် လှပတဲ့ အချစ်ကိုရှာတွေ့ဖို့ပဲ မျှော်လင့်တာပါ

နောက်တခေါက်ကျရင် ကိုယ်ပို ရဲရင့်ပါ့မယ်

ဆောင်းညတွေ တတိတိနွေးလာခဲ့ရင်

ပင်လယ်ပြင်ကြီးလဲအပြာတွေဖျော့ဖျော့လာခဲ့ရင်

လရောင်ဖြူဖြူဟာလဲ ညစ်လာခဲ့ရင်

ပျော်ရွှင်မှုတွေက အဲ့လောက်မလွယ်ပါဘူးဆိုတာကို ပြတာပါပဲ

ဆောင်းညတွေ နွေးလာပြီးတော့ နွေညတွေရဲ့ အပင်တွေပေါ်မျာ ပုရစ်တွေမရှိခဲ့တော့ရင်

အိုမင်းသွားတဲ့ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေသာသာပဲဆိုရင်

အဲ့တာတွေက နာကျင်မှုတွေဟာ ဘယ်တုံးကမှ အဖြေမရှိခဲ့ဘူးဆိုတာကို ပြတာပဲပေါ့

ဆောင်းညတွေနွေးလာပြီး ပျိုမြစ်မှုတွေလဲ လေနှင်တဲ့ တိမ်တွေလို လွင့်ကုန်ခဲ့ရင်

လှပတဲ့ ပုံပြင်တိုင်းမှာလဲ မလှပတဲ့ အလှည့်အချိုးတွေနဲ့ပေါ့

အဲ့တာတွေကလဲအချစ်ကို နှစ်လိုဖွယ်ရာ အနေနဲ့ပဲ မြင်နေခဲ့ကြလို့ပေါ့

အရေးကြီးတာက ကိုယ်တို့တွေအဲ့ဒီ အချစ်တခု ကိုဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာပါ။

很多事情 不是谁说了就算
即使 是自己担
多少次失望表示着多少次期盼
幸福很

不是谁说了就算
拉扯的 徒增局的
一百次相只要有一次的炫
下一次 会更勇敢

当冬夜 当大海也不再那么
当月色的得阴暗
那只是代表快不再那么

当冬夜 当夏夜的上不再有蝉
当回老去的痕迹斑斑
那只是因从来 都不会有答案

当冬夜 当青春也都烟消云散
当美的故事都有
那只是习惯当作喜
重要的是 如何那一段


制作人 - 燕姿 / Kenn C
制作助理 - 蔚甄
/乐编/吉他/ - Kenn C
和声 - 燕姿 / Kenn C
和声 - 燕姿
- Kenn C/ Creation Studios (Singapore)
混音 - 沈文/ Pink Noise Studios (Singapore)
混音助理 - Desmond You

OP/SP - 福茂著作 Linfair Music Publishing Ltd.
OP - 制作
SP - Universal Music Publishing Ltd. Taiwan


A Chen
5:25PM
21st May 2012
Office
Bangkok

Friday, May 4, 2012

နိုဝင်ဘာလ

တီချမ်း နဲ့ အမေးအဖြေ







ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် မြန်မာပြည် ခဏ ပြန်တုံးက အရင် ကိုယ် မြန်မာပြည်မှာနေတုံးက လုပ်ခဲ့ဘူးတဲ့ အန်ဂျီအို အဖွဲ့တခုက မြန်မာပြည်တွင်းမှာ ရှိတဲ့ MSM (Men who have sex with men) လိင်တူချင်း ဆက်ဆံတဲ့သူတွေထဲက ခေါင်းဆောင်ပိုင်းနေရာမှာ လုပ်နေတဲ့ လုပ်ခဲ့တဲ့ သူတွေကို စုပြီး ပြက္ခဒိန်တခု ထုတ်ချင် ပါတယ်တဲ့။ အဲ့တာကတော့ အန်ဂျီအို လုပ်ငန်းတွင်းသုံးပေါ့ အစိုးရပိုင်းတွေ ယူအန်တွေလဲ ဝေတဲ့ ဟာမျိုးပေါ့။ အဓိက ကတော့ MSM ကွန်မျူနတီတွေထဲမှာ ဝေတာပေါ့။ တခြား MSM တွေက ကိုယ်တွေကို အားကျ အတုယူဖို့ ပေါ့ စသဖြင့်တွေ ရည်ရွယ်တာပေါ့လေ။ ထုတ်ဝေတာကတော့ စီမံချက်ကန့်သတ်ပါ။ ကိုယ် အပါအဝင် စုစုပေါင်း ခေါင်းဆောင် အဖြစ် လုပ်နေတဲ့ MSM ၁၃ ယောက်ပါပါတယ်။ မတူတဲ့ ဧရိယာတွေကပေါ့။ ဥပမာ အန်ဂျီအို ထဲက ပါမယ်။ လူထု အရပ်သား ပြည်သူထဲက ခေါင်းဆောင်တွေပါမယ်။ မိတ်ကပ် ပညာရှင် ပန်းပညာရှင်တွေ ထဲက ပါမယ် စသဖြင့်ပေါ့။ နယ်တွေကလဲ ပါပါတယ်။ မေးတာကတော့ မေးခွန်း ၄ ခု ကို ဖြေပေးရတာပါ။ မေးခွန်းတွေကတော့ ပရင့်တော့ မပါလာတော့ဘူး ချန်ခဲ့တယ် ထင်တယ်။ ကိုယ်ဖြေတာတွေက များနေတော့ သူတို့ တချို့ ကို ဆင်ဆာ လုပ်လိုက်တယ်။ နေရာ အကျယ်ကြောင့်ပေါ့။ ကိုယ်က စလုပ်ကတည်းက တခု တောင်းဆိုလိုက်တာ ကိုယ့်ကို နိုဝင်ဘာလ ပေးပါလို့ ကို်ယ့်မွေးလ မို့လို့ပါ။ ပုံလေးကတော့ မွေးစားသား ရိုက်ပေးထားတာပါ ဟွာဟင် သွားကြတုံးက ဘလက်ကင်နျန်မှာ ထင်တယ် အော်ပုံက ပိုလှတယ်။ ထည့်ပေးထားတယ် ကြည့်လိုက်။ ပုံကို ထောက်ပြီး ဘတ်ရင်လဲ ရတယ်။ သို့သော် နေရာမဆန့် လို့ ဖြုတ်ကျန်ခဲ့တာတွေပါ အကုန်ဘတ်နိုင်အောင် ပြန်ထည့်ပေး
ထားတယ်။ အောက်မှာ လဲ အရင် အင်တာဗျူး လုပ်ဘူးတဲ့ ပုံတွေထည့်ထားပေးပါတယ်။ တစု တစည်းထဲ ပြန်ဘတ်ရအောင်ပါ။ နောက် အရင်က တခါ တင်ဖူးတဲ့ ပေါ့စတစ်တွေ ချည်းပဲ အတွက် လုပ်တာ တခု ကိုလဲ ဒီမှာ သွားဘတ်နိုင်ပါတယ်နော်။ နောက်တခုက တီချမ်းအကြောင်း တစေ့တစောင်း ဆိုတာ ဒီမှာ ဘတ်ပါ။

မှတ်ချက်။

ကြော်ငြာတာ မဟုတ်ပါ။ နာမည်ကြီးပြီးသားက ဘာကြော်ငြာစရာလိုမလဲနော်။

Q:

MSM ဖြစ်ရတာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်ပါသလဲ?


A:

MSM ဖြစ်ရတာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲလို့မေးလာတော့ ဘယ်လိုမှမနေပါဘူး။ တခုခုမြင်တယ်ဆိုတာ အဲ့တာ သူများနဲ့ မတူလို့ပေါ့။ ထူးခြားနေလို့ပေါ့။ MSM ဆိုတာလဲလူတွေထဲက လူပဲ အဲ့တော့ ဘယ်လိုများထူးပြီးမြင်နေစရာလိုမလဲနော်။ ယောကျာ်းဖြစ်ရတာ ဘယ်လိုမြင်လဲလို့ မိန်းမဖြစ်ရတာ ဘယ်လိုမြင်လဲ လို့ ဘယ်ယောက်ျား ဘယ်မိန်းမ မှ အမေးမခံရဖူးဘူး လို့ ထင်တာပဲ။ မေးရင်လဲ တော်တော်ကြောင်မယ် အဲ့တော့ ကိုယ်လဲ လူထဲကလူတယောက်ဖြစ်တဲ့ အတွက် ဘယ်လိုမှမမြင်ပါဘူး။ MSM ဖြစ်တာ ယောက်ျားမိန်းမတွေနဲ့ ဘာမှ မထူးခြားပါဘူး။ ယောက်ျားတွေက မိန်းမကြိုက်တယ်၊ မိန်းမတွေက ယောက်ျားကြိုက်တယ်၊ တချို့ ယောက်ျားတွေက ယောက်ျားပဲ ကြိုက်ပြီးတော့ တချို့မိန်းမတွေက မိန်းမပဲ ကြိုက်တယ်။ တချို့ကျတော့လဲ ဘာမှမကြိုက်ဘူး တကိုယ်တည်းနေရတာပဲကြိုက်တယ်။ ကဲ ဘာများထူးလို့လဲ။ ဒီလိုစမေးနေတယ်၊ ဖြေနေရတယ်ဆိုတာကိုက ကိုယ်တွေက ကိုယ့်ကိုယ်ကိုယ်သူများတွေနဲ့ မတူ ထူးခြားနေတယ် လို့ ခွဲလိုက်ပါပြီ။ MSM ဖြစ်ရတာ ဂုဏ်ငယ်စရာမဟုတ်သလို ဂုဏ်ယူစရာလဲမဟုတ်ဘူး ဒါက ကိုယ့်အကြိုက်နဲ့ ကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။ ကိုယ်မြင်တာကတော့ လူတယောက်ဟာ လူ့ကျင့်ဝတ်တွေက သတ်မှတ်ထားတဲ့ ခိုးဆိုးလုယက်တွေ လုပ်မနေဘူး။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ဒီ့ထက်ပိုကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံ အတွက် တထောင့်တနေရာ တတတ်တအားလုပ်ပေးနေနိုင်တယ် ဆိုရင် တန်ဖိုးရှိတာပဲ။ ယောက်ျားမို့လို့ မိန်းမထက်ပိုမြတ်တယ်တို့ မိန်းမက ယောက်ျားတွေထက် တဆင့်နိမ့်တယ်တို့ဆိုတာတွေက ကျဉ်းမြောင်းတဲ့ အမြင်တွေပါ။ လောကကြီးမှာ ကောင်းတာလုပ်တဲ့လူက ပိုမြင့်မြတ်ပြီး ဆိုးတာလုပ်တဲ့လူက မမြင့်မြတ်ဘူး ဒါပဲ။ ယောက်ျားမိန်းမတောင် အဆင့်ခွဲစရာမလိုရင် MSM တွေဆို ပိုလို့တောင် အဆင့်ခွဲစရာမလိုသေးတယ်။ လူတယောက်ကို သူက ဘာလဲဆိုတာနဲ့ ဆုံးဖြတ်လို့မရပါဘူး။ သူဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေလဲပဲ ကြည့်ပြီး ဆုံးဖြတ်ရပါမယ်။ ထမင်းကိုကြိုက်တဲ့ စားတဲ့ အာရှသားတွေထက် ပေါင်မုန့်စားတဲ့ ဘိုတွေအဖြူတွေ က ပိုမမြင့်မြတ်သလိုပဲ မိန်းမကို ကြိုက်တဲ့ ယောက်ျားက ယောက်ျားချင်းချင်းကြိုက်တဲ့ ယောက်ျားထက်ပိုမမြင့်မြတ်ပါဘူး။ သူ့အလုပ်ကသာ သူ့တန်ဖိုးကို အဆုံးအဖြတ်ပေးမှာပါ။ MSM အများစုကိုလဲ အဲ့လိုမမြင်ကြဖို့ ကိုယ့်ကို အဲ့လိုလာမြင်ကြရင်လဲ လက်မခံကြဖို့ အားပေးပြောကြားချင်ပါတယ်။


Q:

လက်ရှိလုပ်နေတဲ့ လူထု အကျိုးပြု အလုပ်တွေ


A:

အခုလက်ရှိကတော့ ဘန်ကောက်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုမှာ positive MSM တွေအတွက် အလုပ်လုပ်နေပါတယ်။ သင်တန်းပေးတာတွေ၊ စီမံကိန်းချပေးတာတွေ၊ ရံပုံငွေပေးတာတွေ၊ သုတေသနလုပ်ပေးတာတွေပေါ့။ MSM တွေနဲ့ အလုပ်လုပ်ရတာပျော်တယ်။ ကိုယ်တိုင်လဲ MSM ဖြစ်တော့ ကိုယ့်နဲ့သက်ရွယ်တန်းတူ ပီးယားတွေကို အလုပ်လုပ်ပေးနိုင်တာ ကျေနပ်ပါတယ်။ တခါတခါ ထိန်းရခက်တာကတော့ MSM သဘာဝ ပျော်ပျော်နေတတ်တာကိုးနော်။


Q:

ပရဟိတ လုပ်ချင်စိတ် ဘယ်လိုစခဲ့တာလဲ


A:

MSM တွေအတွက် အလုပ်လုပ်ပေးချင်စိတ်ဘယ်လိုစဖြစ်လာသလဲဆိုတော့ ကိုယ်ဒီပရဟိတ အလုပ်တွေစလုပ်ဖြစ်လာတာ ပေါ့စတစ်ဖြစ်မှပါ။ အရင်က ကိုယ်က အတ္တကြီးတယ် ဒေါသလဲကြီးတယ် ခုထိလဲ ကြီးတာပါပဲ။ ဒါပေမယ့် ပေါ့စတစ်ဖြစ်သွားတော့ တော်တော်ပြောင်းလဲသွားတယ် အသိတရားရသွားတယ်ထင်တာပဲ။ အရင်ကထက်စာရင်တော့ လူတွေကို နည်းနည်းပို လုပ်ပေးချင်စိတ်ရှိလာတယ်။ အရင်ကတော့ ကိုယ့်အတွက်ကိုပိုကြည့်တာပေါ့။ အဲ့တာနဲ့ ပေါ့စတစ်ဖြစ်တော့ ဒီ အန်ဂျီအို လုပ်ငန်းတွေထဲကိုရောက်လာပါတယ်။ အဲ့ကနေစလုပ်ဖြစ်တာပေါ့။ အစပိုင်းကတော့ ပေါ့စတစ်တွေအတွက်ပဲ ဦးစားပေးလုပ်ခဲ့တယ် ၅ နှစ်လောက်ပေါ့။ ခုနောက်ပိုင်းတော့ MSM တွေအတွက်ပိုလုပ်ပေးဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ပေါ့စတစ်ဖြစ်သွားတာ ကိုယ့်အတွက်ကတော့ ဘဝတဆစ်ချိုးပါပဲ။ အကွေ့ကြီးကြီးကွေ့လိုက်ရတာပေါ့ ဒါပေမယ့် အကွေ့ကောင်းဖြစ်သွားတယ်။ ပေါ့စတစ်ဖြစ်တာကောင်းတယ်ပြောတာမဟုတ်ဘူးနော်။ ကိုယ့်အတွက်ကိုပြောတာ။ ကိုယ်က ပေါ့စတစ်ဖြစ်သွားမှ ပိုလူဆန်လာတာကိုး။


Q:

ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တခု ဘယ်လိုကျော်ဖြတ်ခဲ့လဲ


A:

အခက်အခဲတွေကတော့ MSM မဖြစ်လဲရှိနေမှာပဲ။ ပေါ့စတစ်မဖြစ်လဲရှိနေမှာပဲ။ ထုတ်ညည်းနေရင်လဲ ကိုယ့်အခက်မှ ခက်တယ်ဖြစ်နေမယ်။ ကိုယ်ထင်တာကတော့ ဘယ်သူမှာမဆို သူ့အခက်အခဲနဲ့ သူတော့ ရှိနေကြတာချည်းပါပဲ။ လူတိုင်းလူတိုင်းပေါ့။ ရင်ဆိုင်ရဲဖို့ပဲလိုတယ်။ မကြောက်ဖို့ အရှုံးမပေးဖို့ သတ္တိရှိဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အဲ့တာတွေရှိရင် အရာရာ ရင်ဆိုင်လို့ရပြီ။ တကယ်လို့ကိုယ်သာ စိတ်ပျော့ပျော့ညံ့ညံ့နဲ့ ဘဝကို လွယ်လွယ်အရှုံးပေးခဲ့ရင် ကိုယ် ၂၀၀၃ ကတည်းက သေပြီ။ အရာရာစိတ်ပဲ။ စိတ်ဓါတ်သာမကျနဲ့ ပြန်စဖို့ ဘယ်တော့မှ နောက်မကျဘူး။ ကိုယ်ကတော့ အဲ့လိုပဲခံယူတယ်။

နောက်တခုပြောချင်တာက ကိုယ်က ၁၀တန်းပဲအောင်ထားတာပါ။ ဒါပေမယ့် အခုလုပ်ငန်းထဲမှာဆိုရင် သူ့အတိုင်းအတာနဲ့သူ အတော်အသင့်အောင်မြင်တယ်ပြောရမယ်။ ပြောချင်တာက ကိုယ့်ကိုယ့်ကိုယ် MSM ဖြစ်လို့ အတန်းပညာနိမ့်လို့ ဆိုတဲ့ အမြင်တွေနဲ့ အားမငယ်စေချင်ဘူး။ ကိုယ်တွေရှေ့မှာ ဒီလိုပဲ အတန်းပညာနိမ့်ပေမယ့် အောင်မြင်နေတဲ့ အန်တီချမ်းတယောက်လုံးရှိနေတယ်။ ကိုယ်တွေ MSM တွေက ယောက်ျားတွေ မိန်းမတွေနဲ့ တန်းတူယှဉ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တဆင့်နှိမ့်ပြီး ယှဉ်စရာမလိုဘူး။ အဓိက က အသိပညာ နဲ့ ကိုယ်ကျင့်တရားပါ။ နောက်တခုလဲ ပြောချင်သေးတယ်။ ကိုယ့်ကိုကိုယ် ကွန်မြူနတီဆိုတာနဲ့ အခွင့်အရေးတွေရတော့မယ်လို့်လဲ မထင်ကြပါနဲ့။ ပေါ့စတစ်ဖြစ်လို့ MSM ဖြစ်လို့အထောက်အပံ့တွေ အကူအညီတွေတော့ ရတော့မယ် မထင်ပါနဲ့။ လောကကြီးမှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိပါဘူး။ ကိုယ်တွေက ဘယ်လိုအနေအထားလဲ ဘာလုပ်ရမှာလဲ ဆိုတာသိတတ် မြင်တတ်ဖို့လိုပါတယ်။ အဓိက က ပထမဆုံး ကိုယ့်မိသားစုထဲမှာ အသုံးကျတဲ့ လူတယောက်ဖြစ်အောင်လုပ်ပါ နောက်ကိုယ့်ပတ်ဝန်းကျင် နောက်တော့ အဲ့ထက်ပိုကျယ်လာတော့ ကိုယ့်အသိုင်းအဝိုင်း နောက်တော့ နိုင်ငံ အတွက်ပေါ့။ ဘာပဲလုပ်နေလုပ်နေ ဘယ်နေရာကပဲ လုပ်နေလုပ်နေ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ အလုပ်မျိုးသာဖြစ်ပါစေ။ လဲကျရင် ပူမနေနဲ့ ငိုမနေနဲ့ ကောက်ထပစ်လိုက် အခါ ၁၀၀ လဲကျရင် ၁၀၁ ကြိမ်ပြန်ထပစ်လိုက်။ ဘယ်တော့မှအရှုံးမပေးနဲ့ စိတ်ဓါတ်မကျနဲ့။


Thursday, May 3, 2012

ယောက်ျားတွေပေးတဲ့ ကတိ




ယောက်ျားတွေ ဟာ ကတိပေးတဲ့နေရာမှာ သိပ်ရက်ရောပါတယ်။ ယောက်ျားတွေသူတို့တသက်တာမှာ မိန်းမတွေ ကို ပေးတဲ့ ကတိတွေဟာ များလွန်လွန်းလို့ ရေတွက်လို့တောင် မနိုင်ပါဘူး။ တခါတခါ ပေးတဲ့ ကတိတွေများလွန်းလို့ သူတို့ ဘာသာတောင် သူတို့ပေးထားတဲ့ ကတိတွေကို ပြန်ပြန် မေ့နေတတ်ပါတယ်။ မိန်းမတွေ ရဲ့အချစ်ဟာ ကတိ စကားမပါရင်မပြည့်စုံဘူးဆိုတာလဲ ယောက်ျားတွေက သိနေကြပြန်ပါသေးတယ်။ ကတိစကားမရှိဘူးဆိုရင် အနာဂတ်လဲ မရှိတော့ဘူးပေါ့။ တကယ်လို့ကတိစကားရှိမထားဘူးဆိုရင် မိန်းမတွေ စိတ်ထဲမှာ ဒီယောက်ျားက တကယ်တော့ သူတို့ ကို ဘဝအတွက်ရည်ရွယ်ချစ်တာ မဟုတ်ဘဲခဏအတွက် သာယာဖို့ ချစ်တယ်လို့ ထင်မယ်
လေ။

ယောက်ျားတွေပေးတဲ့ ကတိက ဘယ်လောက်ပဲ စိတ်ပျော့ သွားအောင်၊ အရည်ပျော်သွားအောင် ပြောနေပါစေ၊ ရင်သတ်ရှုမော ဖြစ်နေပါစေ အများစု အဓိပ္ဗါယ်ကတော့ တသက်လုံး ချစ်ပါမယ် စောင့်ရှောက်ပါမယ်တွေထဲက မထွက်တဲ့ မွဲပြာပုဆိုးတွေပါပဲ။ လက်ရှိ သူနဲ့ ချစ်နေတဲ့ မိန်းမတယောက်ကို ယောက်ျားတယောက်က....

“နောင်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကိုယ်ကတိပေးတယ်။ ကိုယ်မင်းကို စောင့်
ရှောက်မယ်၊ ကာကွယ်မယ်၊ ချစ်မယ်။ အဲ့တာ တသက်လုံးအတွက် ယုံနော်” လို့ ပြောလေ့ရှိပါတယ်။ မဟုတ်ရင်လဲ ဒီနည်း နှင်နှင်ပါပဲ။ စကားလုံးပဲ ကွဲမယ် ကွာမယ် ဘာသာစကား လွဲမယ် ကမ္ဘာပေါ်မှာ ယောက်ျားက မိန်းမ ကိုပြောတဲ့ ပေးတဲ့ ကတိစကားတွေဟာ ဒီ နည်းနှင်နှင် ဒီအဓိပ္ဗါယ်သာသာတွေ ချည်းပါပဲ။

သူ့ကို ပြန်မချစ်တဲ့ သူက တဘက်သတ်ချစ်နေရတဲ့ သူငယ်ချင်း ကောင်မလေး သို့ သူ့ကိုမရွေးချယ်တဲ့ သူရည်ရွယ် ထားသူ၊ သူချစ်ခွင့်ပန်မှု ကိုငြင်းတဲ့ သူ ကောင်မလေးကိုလဲ....
“နောင်မှာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မင်းဘယ်သူနဲ့ပဲ ရှိနေနေ ကိုယ်မင်းကို ထာဝရ စောင့်ရှောက်မယ် ကာကွယ်မယ် မင်းလိုအပ်တာတွေကို မင်းဘေးကနေ အကုန်ဖြည့်ဆည်းပေးမယ်။ မင်းကို အနိုင်ကျင့်တဲ့ သူရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ် လုံးဝ ခွင့်မလွှတ်ဘူး”

မရနိုင်မှန်းသိလာတော့ ယောက်ျားတွေ ရဲ့ ကတိတွေကလဲ ပိုလေးနက်လာတယ်။ ပိုရက်ရောလာတယ်။ ပိုကြီး ကျယ်လာတယ်။ မိန်းမတယောက်ကို တကယ်မရနိုင်တော့ မှန်းသေချာလာလေ သူတို့ ပေးသမျှကတိတွေကို သူတို့ တကယ် ဖြည့်ဆည်းပေးရမယ့် အခြေအနေ က ပို နည်းနည်းလာလေဆိုတာ ယောက်ျားတွေကလဲ သိနေတယ်လေ။ အဲ့တာ သူတို့ပေးတဲ့ ကတိနဲ့ တိုက်ရိုက်အချိုးပဲ။ တကယ်ဖြည့်ဆည်းရမယ့် ကတိတွေကို
ယောက်ျားတွေက အင်မတန်မှာ သတိထားပြီး ပေးလေ့ရှိပါတယ်။ တကယ်ဖြည့်ဆည်းရမှာကိုး။ ယောက်ျားတွေ ရဲ့ စိတ်ကို နားလည်ပြီး ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေကလဲ တကယ် ကိုယ်က အချစ်မပေးနိုင်ပဲ နဲ့ကတိတွေ မတောင်းတတ်ပါဘူး။ ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေ လို့ ပြောရတာက ကိုယ်ချင်းမစာတတ်တဲ့ ကြိုးရှည်ရှည်နဲ့ လှန်ပြီး လိုရာ ခိုင်းချင်တဲ့ ယောက်ျားတွေ ကို အလှပြပြီး ကစားချင်တဲ့ မိန်းမတွေလဲ ရှိတတ်လို့ပေါ့။

ခုနက စကားကိုပြန်ဆက်ရရင် အချစ်ရေးမှာ ရှုံးနိမ့်တော့မယ် ယောက်ျားတယောက်ပေးတဲ့ ကတိဆိုတာက မိန်းမ ကို စိတ်များ ပျော့လာမလား။ သူ့ဘက်ပြန်လည်လာအုံးမလား။ သူများ ဒီကောင်မလေး စိတ်ကို နောက်ဆုံး အနေနဲ့ ကိုင်လှုပ်နိုင်အုံးမလား အဲ့တာမှ မဟုတ်ရင်လဲ သူ့ကို လက်မခံနိုင်ရင်တောင် နောင်မှာ သူ့ကို မေ့မသွား
အောင် အကြောင်းတိုက်ဆိုင်ရင် သတိရအောင်ပေါ့လေ။ တကယ်လဲအချိန်တွေ ကြာလာတဲ့အခါ မိန်းကလေးက အဲ့လို ကတိတွေအများကြီး သူ့ကို ပေးခဲ့တဲ့၊ သူ့အချစ်ကို မရလိုက်တဲ့ သနားစရာ အဲ့ဒီ ယောက်ျား အမောင် သကောင့်သားကို ကျိုးကြောင်း ဆုံခိုက် တိုင်ဆိုင်လာရင် သူ့ကိုရော သူပေးခဲ့တဲ့ ကတိတွေကိုကော သတိရနေ တတ်ပါတယ်။ သို့သော် ကတိပေးခဲ့တဲံ သူကတော့ သူပေးတဲ့ ကတိသူ သတိတောင်ရရဲ့ လားမသိပါဘူးပေါ့လေ။

ခေတ်တွေ က ပြောင်းလာတော့ စာတတ်လာတဲ့ မိန်းမတွေလဲ ကတိစကားတွေကို လွယ်လွယ် မယုံကြတော့ပါ ဘူး။ အဲ့လိုပဲ စာတတ်လာတဲ့ ယောက်ျားတွေကလဲ မိန်းမတွေကို ဘယ်လို ကတိမျိုးပေးရမလဲ ဆိုတာ ပိုနားလည် လာတာပေါ့။ Generic version promises လို့ပြောရမယ်ထင်ပါတယ်။

“ကိုယ် မင်းအရင် ဘယ်တုံးကမှ မိန်းမတယောက်ကို ဒီလို ကတိမပေးခဲ့ဘူးဘူး” ဆိုတာမျိုးပေါ့။

အဲ့လို အပြောခံရတဲ့အခါ မိန်းမတွေ က စိတ်မဆိုးတဲ့ အပြင် သြော်ဒီယောက်ျား တယ်ပွင့်လင်းပါလား။ ငါ့ကို အမှန်အတိုင်းပြောရှာတယ်၊ ရိုးသားရှာတယ်၊ မာယာမများရှာဘူး၊ ချစ်ဖို့ကောင်းလိုက်တာ၊ စသဖြင့် မဟုတ်တမ်း တရားတွေ လျောက်တွေးပြီး ကြည်နူးတတ်ပါတယ်။ အချစ်က မျက်လုံးကို ကွယ်စေပြီလေ။ ဘာလို့လဲဆိုတော့ ကောင်လေးက တခါမှ ဘယ်မိန်းမ ကိုမှ ဒီလို ကတိမပေးဘူးဘူး ဆိုတာကိုး။ တကယ်ဖြောင့်မှန်တဲ့ ယောက်ျားပဲ။ မသေချာ မရေရာတဲ့ အနာဂတ် အတွက် သူဘာမှ ကတိမပေးနိုင်ဘူး။ သေချာတာပဲ သူ တာဝန်ယူမယ်။ သူ့အတွက်မှသာ ကတိပေးတဲ့ အတွက် ဒီယောက်ျား သူနဲ့ တွေ့မှ တကယ်ပြောင်းလဲလာတာပေါ့။ အဲ့လိုနဲ့ ဒီယောက်ျားကို ပိုယုံကြည်၊ ပိုမြတ်နိုး၊ ပိုချစ်လာပါတယ်။

သြော်မိန်းမတွေများ ခက်ပဲ ခက်ရချည်သေးရဲ့နော်။

A Chen
11:28PM
3rd May 2012
Thursday
Home
Bangkok

Wednesday, May 2, 2012

ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ....ငှဲငှဲငှဲ.......(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး.........(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။





ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်......





ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း.....ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့................ (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်....ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။





ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။





ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ... အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။





ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။





ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

Tuesday, May 1, 2012

အာလူး အစပ်မွှေကြော်

တီချမ်းတယောက် ဟင်းမချက်တာတော်တော်ကြာနေပါပြီ။ ဟင်းတင်မချက်တာ မဟုတ်ပါဘူး။ ပိုစ့်လဲ မတင်ဖြစ်ပါဘူး။ ပြန်ခါနီးဆိုတော့ ပစ္စည်းတွေလဲသိမ်းရ၊ ဝယ်စရာ ခြမ်းစရာတွေလဲ လုပ်ရ၊ ကြားထဲမှာ ခဏ ပြန်ဖို့ လဲ လုပ်ရ၊ လက်မှတ်ဘွခ်ရ ခွင့်ယူဖို့လုပ်ရ၊ အို စုံတကာစိနေတာပဲ၊ သူငယ်ချင်းနဲ့ တောင် ပြောဖြစ်နေသေးတယ်
နောက်တခါ “အပြင်ထွက်” အလုပ်လုပ်ဖြစ်ရင် ဘာမှ (ဘာဆိုဘာမှ) မဝယ်တော့ဘူးလို့။ ထားတော့။

စာရေးဖို့ကလဲ စိတ်က မပါပါဘူးလေ။ ပြန်ရောက်ရင် ဘယ်လို ဆက်ရေးမလဲ မပြောနဲ့ ခု ဒီမှာ ရှိနေတာတောင် မရေးဖြစ်တာကြာပေါ့။ ခုနောက်ပိုင်း ဘလောခ်ဂါတွေစာမရးပဲ ရန်ဖြစ်တာ ခေတ်ပြန်စားနေလို့ ကိုယ်လဲ ရန်ပဲ လိုက်ဖြစ်ရမလားတောင် စဉ်းစားနေမိတယ်။

ကဲပါလေ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ ဟင်းလေးချက်ပြီး အေးအေးတင်တာပဲ ကောင်းပါတယ် ဆိုပြီး ......

ခုတလောတော့ အာလူး စားချင်စိတ်ကလေးဖြစ်နေတာပါ။ နောက် ကြက်ကြော်ကိုပဲ ထမင်းကြမ်းနဲ့ စားနေတာ ဒီ တပတ်ထဲ ၄ ခါ မကတော့ဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်ရောက်နေတော့ သူ့ကို ကြေးအိုးလုပ်ကျွေး
သေးတယ်။ အရင်တခေါက်လုပ်ပြီး ပုံတွေတင်တော့ သူက စားချင်တယ် ဘလောခ်မှာလာအော်တာနဲ့လေ။ ချက်နည်းကတော့ ဒီမှာပါ။ ထားတော့ ခုတလောတော့ ရိုးရိုးလေးပဲ စားချင်နေတယ်။ အဲ့တာနဲ့ပဲ.....

ပြီးတော့ ခုနောက်ပိုင်းက ချက်ပြီးသမျှဟင်းတွေကို ဖဘ မှာပဲ အလွယ်တကူတင်လိုက်တော့ တကူးတက ချက်နည်း ဘလောခ် မရေးဖြစ်နေတာတာလဲပါတယ်။ ဖဘ က ပုံတင်ရပိုလွယ်တာကိုး။ ဘလောခ်ဂါက ပုံတင်ရခက်တာရယ် ခုနောက်ပိုင်း ဖီချာ ပြောင်းတာကို မုန်းနေတာရယ်နဲ့ ဘလောခ်ဘက်မလှည့်ဖြစ်တာတောင် ကြာပေါ့။ အဲ့လိုပါ အကြောင်းတွေစုနေတာပါ။

တနေ့ကတော့ လွယ်ကူစားမြိန်ဆီက ပိုစ့်တွေ လိုက်ဘတ်ရင်း သူ အာလူး ချက်တာတွေ့တော့ စားချင်စိတ်ဖြစ်ပါတယ်။ သူ့တောင် ချက်ကျွေးဖို့ ပြောသေးတယ်။ ကိုယ်လဲအရင် ကိုယ် တရုတ် ကုမ္ဗဏီ တခု မှာ လုပ်တုံးက မိတ် (ကရင်မကြီး) က ချက်ကျွေးတဲ့ အာလူး ဟင်းကို သတိရသွားပါတယ်။ ချက်ရတာလဲ အရမ်းလွယ် မွှေးတေးတေးနဲ့ မို့ စားလို့လဲအရမ်းကောင်း။ အာလူး ကြိုက်ရင်တော့ ချက်စားကြည့်သင့်တဲ့ ဟင်းတမျိုးပါပဲ။ နည်းကတော့ တရုတ်နည်းထင်ပါတယ်။ တီချမ်း ချက်တော့ တီချမ်းနည်းပေါ့နော်။ ကဲ ကြည့်ရအောင်။





ပထမဆုံး အာလူးနှစ်လုံး (ကြိုက်သလောက်) ကိုပြုတ်ပါ။ အခွံသင်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ချေထားပါ။ အာလူး ပြုတ်တဲ့ အခါ ကျက်မကျက်သိရအောင် တူနဲ့ ထိုးထိုးကြည့်ပေးပါ။ ထိုးလို့ အောက်ထိပေါက်ရင် ရပါပြီ။ ဒီက အာလူး တွေက မြန်မာပြည်လို မဟုတ်ဘူး နိုင်ငံခြားကနေ လာသေးတာ ထင်တယ် ကြီးမှကြီးပဲ။ပြုတ်တာကျက်ရင် ရေအေးနဲ့ ဆေးချလိုက်ပါ သို့ ရေအေးစိမ်ထားလိုက်ပါ။ ပြီးတော့မှ ယောက်ဇွှန်း နဲ့ ချေပေးပါ။ အဲ့လို မလုပ်လို့ လက်ပူလောင်ရင် တီ့ကို လာမပြောပါနဲ့။





နံနံပင်တွေကို အပါးဆုံး တတ်နိုင်သလောက် လှီးထားပါ။ အမှန်က ကြက်သွန်မိတ် နဲ့ မှ ပိုမှန်မှာ ခုတော့ ကြက်သွန်မိတ်မရှိတော့ ရှိတဲ့ နံနံပင်နဲ့ အဆင်ပြေလိုက်ရပါတယ်။ သူလဲ တမျိုးတော့ မွှေးတာပါပဲ။ နောက် လိုတာက ကြက်သွန်ဖြူ ကြိတ်ထားတာရယ် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာရယ်။ နောက် ဂျင်း ကိုလဲငရုတ်သီးစိမ်းလိုပဲ ပါးပါးလှီးထားပေးပါ။ ခုတော့ ဂျင်းလဲ မရှိတော့ ငရုတ်သီးပဲ နည်းနည်းပိုထည့်လိုက်တယ်။
အဲ့တာတွေအကုန် အသင့်ပြင်ထားပြီးရင် ကြော်တဲ့ စခန်းစပါမယ်။





မကပ်တဲ့ အိုးကိုသုံးပါ။ အဆင်ပိုပြေပါမယ်။ မရှိရင်တော့လဲ ရှိတာပဲသုံးပေါ့။ မကပ်တဲ့ အိုးရှိကိုရှိမှ မဟုတ်ပါဘူး။ ဆီထည့်ပါ။ နည်းနည်းလေး ပိုထည့်ပါ။ အာလူးက ဆီကို စုပ်မှာ မို့လို့ပါ။ ပြီးရင် ဆီကို ပူအောင်တည်ပါ။ ဆီနည်းနည်း စပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို အရင်ထည့်ပါ။ မွှေးလာအောင် ကြော်ပေးပါ။ မတူးပါစေနဲ့။ ကြက်သွန်လေးတွေ နည်းနည်းလေး အရောင်စပြောင်းစပြုပြီဆိုရင် ရပါပြီ။





ကြက်သွန်အရောင်းစပြောင်းရင် ခုနက ချေထားတဲ့ အာလူးတွေကို ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ နောက် ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါ။ ပြီးရင် ခဏဆက်မွှေပေးပါ။ အာလူးက ကျက်ပြီးသားဖြစ်တဲ့ အတွက် အကြာကြီးမွှေစရာမလိုပါဘူး။ နှံအောင်မွှေပေးယုံပါပဲ။ ပြီးရင် နံနံပင် လေးတွေ ထည့် မျှအောင်မွှေ ပြီးတာနဲ့ အိုးချလို့ရပါပြီ။





ပုံကိုကြည့်ပါ။ သူ့ချည်းပဲ စားလို့ ကောင်းပြီး အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားရင်လဲသိပ်ကောင်းတဲ့ အိုအိရှိပါပဲ။ အမှန်က ဂျင်းပါရင် ပိုမွှေးမှာ ဖြစ်ပေမယ့် ခုတော့ သရုတ်သီး များများလေးကြောင့်လဲ အရမ်းမွှေပါတယ်။ ပေါင်မုန့်ကြိုက်တဲ့ သူဆို ပေါင်မုန့်ကြားမှာ ညှပ်စားလဲ ကောင်းတာပါပဲ။ ပိုပြီး ဘိုဆန်တာပေါ့ ပေါင်မုန့် နဲ့ အာလူးနဲ့ ဆိုတော့ ကာဘိုဟိုက်ဒရိုတ်တော့ ရီဒန်ဒန့် ဖြစ်နေမယ်။ သို့သော် ကိစ္စ မရှိဘူး -င်ကြီးရင် ၁) ပြလို့ရတယ်။ ၂) အကိုကာလသားတွေကြိုက်တယ် ၃) သင်္ကြန်မှာ ဖော်ချွတ်ပြီး ဝတ်လို့ရတယ်။ ဝင်း ဝင်း ဝင်း ပဲ။

ဒီလောက်ဆိုရင် ပရိတ်သတ်တွေ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ နောက်နေ့မှ ကြက်သား ဘူးသီး ပြွန်း (ကာလသားကြက်) ကိုတင်ပေးပါအုံးမယ်နော်။

A Chen
12:07AM
Wednesday
2nd May 2012
Home
Bangkok