Friday, February 10, 2012

တီချမ်း နဲ့ မာလာဟင်း

ဒီနေ့တော့ အားလုံးကို ယူနန်ရိုးရာ မာလာဟင်းလေး လုပ်ကျွေးချင်ပါတယ်။ “မာလာ” ဆိုတာ တရုတ်စကားပါ။ သူ့ရဲ့ အဓိပ္ဗာယ် အနက်အကျယ် ကို ဒီမှာ တခါရှင်းဖူးတယ်နော်။ ပြန်ကြည့်လိုက်ပါ။ နောက်ဆုံး တခေါက် မြန်မာ
ပြည်က ပြန်လာတုံးက ဝယ်လာတဲ့ ရှမ်းမောမြေ မာလာဟင်းအနှစ်ထုပ် တွေကို မစမ်းကြည့်ရသေးတာနဲ့ ဒီနေ့ တော့ လုပ်စားမယ် စိတ်ကူးပါတယ်။ မောင်ကလဲ ကြိုက်လို့ စားချင်တယ်ပြောနေတာ ကြာပြီလေ။ အရွက်စုံစုံ မဝယ်ဖြစ်သေးတာနဲ့ မချက်ကျွေးရသေးတာ။ နောက် အရင်တခါ တရုတ်ပြည် ယူနန်ဘက် (ကူမင်းသွားတုံးကလဲ) လမ်းဘေးမှာ ခဏခဏ ဝယ်စားဖြစ်တာ သူတို့ က ပိုတောင်မိုက်သေး။ အရွက်မျိုးစုံကို တုတ်နဲ့ ထိုးထားတာ၊ ကြိုက်တာရွေး ချက်ချင်းပြုတ်ပြီး ချက်ချင်းနယ်ပေးလိုက် မာလာ ဟင်းဖြစ်တာပဲ။ မြန်မာပြည်မှာတော့ ရွှေလီမှာ အစားများတယ် မာလာဟင်း ကိုကြိုက်တာနဲ့ပဲသွားသွား စားဖြစ်နေတာ နောက်ပိုင်းတော့ စားရတာ မတန်လို့ မစားကိုမစားတော့ဘူး။ ခုတော့ ကိုယ့်ဘာသာလဲ လုပ်တတ်ပြီ စားလို့ လဲ ကောင်းမှ ကောင်းဆိုတော့ ဈေးကြီးပေး စားစရာမလိုတော့ဘူးပေါ့။ ချစ်သူငယ်ချင်း ဘလောခ် ဘတ်သူတွေကိုလဲ မျှပေးချင်တာနဲ့ ရေးတာပါ။ အရင်ဆုံး ပါဝင်မယ့်ဟာတွေ ပြမယ်နော်။ အမှန်ကတော့ ကိုယ်လုပ်ရင် ကိုယ့်နည်းပါပဲ။ ကိုယ်ကြိုက်တာ ထည့်ပေါ့ ပါရမှာမို့လို့ မကြိုက်တဲ့ အသီးအရွက် ထည့်ရမယ် မရှိပါဘူးနော်။ တီကတော့ ကြိုက်တဲ့ အရွက်တွေအကုန်ထည့် ပစ်တာပဲ။ အဲ့တာကြောင့်လဲ လုပ်လိုက်တာ ဘယ်လောက်ဖြစ်သွားလဲ ဆိုတာ အောက်ပိုင်းမှာ ဆက်ရှု....

ပထမဆုံး တီသပ်သပ်ထပ်ထည့်တဲ့ အရွက်လတ်လတ်ဆတ်ဆတ်တွေ အရင်ပြပေးပါမယ်။





ပန်းဂေါ်ဖီပွင့်၊ မုန်ညှင်းစိမ်း၊ ကိုက်လန်၊ ကန်စွန်း၊ မုန်ညှင်းဖြူ နံနံပင် (အမှန်က နံနံပင်က တခြားအတွက်ပါ) ပုံရိုက်တာ ရောသွားတာ ကြိုက်တော့လဲ ထည့်ပေါ့နော့ မထည့်ရဘူး မရှိသလို ထည့်ရင် မာလာဟင်းမဖြစ်တော့ ဘူးလဲ မဟုတ်ပါဘူး။ အမှန်က တရုတ်နံနံ လို တန်အိုးရွက်လိုဟာတောင် ထည့်လို့ရသေး။ မွှေးတာပေါ့။ ခုတော့ မရှိလို့။





ကောက်ရိုးမှို လတ်လတ်၊ ကြွက်နားရွက်မှို အာလူး။





ရှမ်းမောမြေ မာလာဟင်းအသင့်စားအထုပ်၊ ဇာတ်လမ်းအကျယ်လာပါမယ်နော်။ မြေပဲ ထောင်း (ဒီမှာကတော့ အသင့်လုပ်ပြီးသားအထုပ်တွေရှိတယ် လွယ်မှလွယ်ပဲ) နောက်ဆုံးကတော့ မာလာဟင်း မာလာကြက် ငါးတွေထဲ ထည့်တဲ့ မာလာခေါက်ဆွဲပေါ့။





အိုဒါကတော့ မာလာဟင်းထဲ ထည့်တာ မဟုတ်ပါဘူး မာလာဟင်းအတွက် ပြင်ဆင်နေရင် တီချမ်းဗိုက်ထဲ ထည့်တာပါ။ ဝိုင်က အရင်တခေါက် ဒေါ်သလင်း နဲ့ ခေါဝ်ရိုဝ်က (အပိုင်း ၃ နဲ့ ၄) လာပါအုံးမယ် အပိုင်း (၁ နဲ့ ၂) ကတော့ တင်ပြီးသားနော်။ ဝိုင်ခြံ သွားတုံးက ဝယ်လာတာ မကုန်သေးတာ။ နောက် ချောကလက်
ကတော့ မွေးစားသားက မားသားနေ့ တုံးက ကိုယ့်ကို သတိတရ ဝယ်လာပေးတာ။ မေးပါမယ် အလယ်ပုံက ဝိုင်ခွက်နောက်က (သေးတယ်ထင်လာလို့ လဲမလို့ကြံနေတဲ့ ၃၂ လက်မ LCD SHARP AQUOS) တီဗီ ပေါ်မှာ ပေါ်နေတာ ဘာကားလဲ၊ ဟင့်စ်ပေးမယ် ဟာသ စီးရီးကားပါ။





ဒါတွေကတော့ ရှမ်းမောမြေ အထုပ်ထဲမှာပါတာတွေပါ။ အသားတုပါမယ်၊ ပဲလိပ် ပါမယ်၊ ပဲလိပ် ခေါက်ဆွဲပါမယ်၊ မာလာခေါက်ဆွဲပါမယ်၊ ကြွက်နားရွက်ခြောက်ပါမယ်၊ မှိုခြောက် (ဘုရာစူး တပွင့်ရဲ့ တဝက်ပါမယ်)၊ ကျောက်ပွင့်ပါ မယ်၊ အသားတုပြားပါမယ်။ အလယ်ကတော့ တီခုနက ပြထားတဲ့ အသီးအရွက်တွေ လှီးချွတ် ဆားရေဆေး စစ်ထားတာပါ။ ပုံကို သေချာကြည့်ပါ ၅ မျိုးပါတယ်။ မှန်အောင်ဖြေနိုင်ရင် (၅ မှတ်)။ နောက်ဆုံးက နောက်တိုး ပင်အပ်မှို နဲ့ မိန်းမလှလက်ချောင်း (ရုံးပတီသီး)ပါ။





ဒါတွေက စိမ်ထားတာတွေကို ရေစစ်ပြီး ညစ်ထားတာပါ။ တွေ့လား အရှေ့ ပုံ ၁ က အထုပ်ပါ မာလာခေါက်ဆွဲ၊ ပဲလိပ်ခေါက်ဆွဲ၊ ပဲလိပ်တွန့်၊ ခေါက်ဆွဲဖြူ၊ အလယ်ပန်းကန် ပုံ ၂ က ကိုယ့်ဘာသာ ထပ်ဖြည့်တဲ့ မာလာခေါက်ဆွဲ၊ နောက်ဆုံး ပုံ ၃ က အသားတု ပြန်ညှပ်ထားတယ်၊ ကြွက်နားရွက်၊ ပဲလိပ် ညှပ်၊ အသားတုပြား။





ကောက်ရိုးမှို ဆေး ညှပ် နဲ့ ကြွက်နားရွက် ထပ်ဖြည့် အလတ် (အခြောက်မဟုတ် (ကြွက်နားရွက်ကိုပြောတာ))
ဘေးက ပန်းကန်ကတော့ ဘာမှ မဟုတ်ဘူး မနေ့ က ဝယ်စားတဲ့ ဝက်နားရွက်ကင်၊ ဝက်ကုတ်သားကင် မကုန်တာ ထည့်လိုက်တယ်။ အသားပါတာပေါ့ အဲ့တော့ ဘုရားစူး သက်သတ်လွတ်မဟုတ်ပါဘူးပေါ့။ ဒီလို။ ဒီလို။





ပြီးရင် အကုန်ပြုတ်ပါမယ်၊ မာတာတွေကို တအိုး ပျော့တာတွေကို တအိုး မာတာက ၁၀ မိနစ်လောက် ပျော့တာက အရောင်းမပြောင်းခင် အထိ။ ခေါက်ဆွဲတွေကိုတေ့ မသေချာရင် ဆယ်ဆယ်ပြီး လက်နဲ့ ဖြတ်ကြည့်ပါနော်။
အော်မေ့တော့မလို့ ပြုတ်နေရင်းနဲ့ မှ သတိရလို့ ပဲကြာဇံတထုပ် ပစ်ထည့်လိုက်ပါသေးတယ်။





ကဲနယ်မယ်။ နယ်မယ်ဆိုတော့ ကြည့်လိုက်တာ အိုးက အဲ့လောက်ကြီးတာ မရှိပါဘူး။ အဲ့တော့ လာထား ဇလုံး အကြီးစားနဲ့ ကစ်ပစ်မယ် လို့ဆိုပြီး အာလူး ထမင်းတို့ ရှမ်းမုန်ညှင်းချဉ်ရင်တို့ သုံးတဲ့ ဇလုံးနဲ့ ကို ကစ်ပါတယ်။ ပထမဆုံး အသားတွေ ထည့်တယ်။ မောရှမ်းမြေ မှာ ပါတဲ့ အနှစ်ထုပ်ဆိုတာ ကိုထည့်တယ်။ လက်စသတ်တော့ သူ့အနှစ်ထုပ်က ခေါက်ဆွဲထုပ်ထဲ ထည့်ဖို့ လောက်ပါတာကိုး။ မရဘူး မရဘူး တီချမ်း စကေးနဲ့ ဘယ်လိုမှ ရဘူး။ အဲ့တော့ ဘာလုပ်သလဲ တီချမ်းပဲ အီဗီ ဆီမှာ သွားကြည့်တယ် အနှစ်ချက်နည်း။ သူ့နည်းက ရှုပ်တယ်၊ အဲ့တော့ ကျိုင်းတုံက အဒေါ့်သမီး ကိုဖုန်းခေါ်တယ် သူက မာလာဟင်းလုပ်တာ နာမည်ကြီး သူတခါ နယ်ရင် တရပ်ကွက်လုံး က လာပေါင်းတယ် ဆိုပဲ။ တအိမ် တမျိုးယူလာ သူက ဇလုံအကြီးကြီးနဲ့ နယ် ပြီးတော့ တအိမ် တပန်းကန်စီ ပြန်ခွဲ ယူ ဒီလိုပေါ့။ အဲ့တာနဲ့ ဖုန်းဆက်မေးတော့ လွယ်လွယ်လေးပါကလား။ အိမ်မှာ အသင့်ရှိတဲ့ ငရုတ်သီးဆီချက်
ပြောရအုံးမယ် အိမ်က ငရုတ်သီး ဆီချက်က အမေ့ နည်းအတိုင်း ကြော်ထားတာပါ။ “မာ” (ထုံတုံတုံ ဖြစ်စေတဲ့ အသီး ကြိတ်ပြီး နည်းနည်ထည့်ထားပါတယ်) ငရုတ်သီး ဖြစ်တဲ့ အတွက်တော့ “လာ့” ပြီးသားပေါ့။ အဓိပ္ဗာယ်တွေ နားမလည်ရင် အရင်ပိုစ့် ပြန်ရှာဘတ်နော်။ ဟွန်း ဟွန်း စာမကျေ ရင် အတန်း သစ်တက်လို့ မရဘူး။ ငရုတ်သီး ဆီချက်ပြီးတော့ ကြက်သွန်ဖြူ ဆီချက်တွေ ပစ်ထည့်လိုက်သေးတယ်။ ဆီလေးနဲ့နယ်လို့ ကောင်းအောင်လို့၊
နောက်တော့ လှော်ကြိတ်ထောင်းထားတဲ့ ဝှားကျောဝ်း ခုန က ပြောတဲ့ ထုံတုံတုံ ကိုထည့်ပါတယ်။ ထမင်းစား ဇွန်း အတို ဇီးဘရား တံဆိပ် အမြီးလေးနဲ့ ကလော်ပြီးတော့ ထည့်ပါတယ်။ မောင်က “မာ” တဲ့ အရသာကိုသိပ်မကြိုက် ဘူးဆိုလို့ လျော့ထည့်ပါတယ်။ ပဲငံပြာရည် အကြည် ကလေးလေး တံဆိပ် နည်းနည် ပစ်လိုက်ပါတယ်။ ဆား အချိုမှုန့် မထည့်ပဲ သူ့အစား ဝက်မှုန့် ထည့်ပါတယ် (ခနော်တံဆိပ် ကြက်မှုန့် နဲ့တူတူပါပဲ သူက ဝက်လဲ လာတယ်) ထုံးစံအတိုင်း လင်တော်မောင်က ကြက်မစားတော့ ဝက်ပဲပေါ့။ အမှန်က နမ်းဆီ နည်းနည်းထည့်ရပါမယ်။ အိမ်မှာ က အသင့်မရှိဘူး သံလွင်ဆီပဲ ရှိတယ် အနံ့ မကြိုက်လို့ မထည့်တော့ဘူး။ တော်ကြာ ပျက်ကုန်မယ်။ တရုတ်နဲ့ အီတလီရောပြီးတော့။ ကဲ နယ်ပြီ.....





တွေ့တဲ့ အတိုင်းပါပဲ တဇလုံကြီး ကိုအကြီးစားရတာပါ။ ကလေးနှစ်ကောင် ကိုခေါ်ကျွေးတာ သားတော်မောင်က အပြင်ရောင်နေတာနဲ့ သမီးနဲ့ ကိုယ်နဲ့ မောင်နဲ့ ပဲစားကြတယ်။ ထမင်းလွတ်။ အရသာကို နယ်နေရင်း မြည်းကြည့် လိုတာထပ်ထည့်။ ပိုနေရင် မြေပဲ ထပ်ထည့်။ ဆိမ့်သွားရော။ မာမာ လာ့လာ့ လေးမှာ အရသာက ပိုပြီးအိုအိရှိ
ဖြစ်ပါတယ်။





မောင်တပွဲ ကိုယ်တပွဲ ဘေးကတော့ ကိုယ့် သံပရာရည်။ ခုနေ့တိုင်းနီးပါး သံပရာရည် သောက်ဖြစ်တယ် ပျားရည်နဲ့ ဖျော်ပြီးတော့ ၁၀ ပေါင်ကျသွားတယ် ပိုလှလာတယ်။ တကယ်ပြောတာ။





မောင် ပြောင်သွားပြီ ကိုယ်နည်းနည်း ကျန်နေတယ်။ ဟော.....မောင်ကော ကိုယ်ကော ပြောင်သွားပြီ။





မောင်က အရမ်းကောင်းလို့ ဆိုပြီးတော့ နှစ်ပွဲ စားပါတယ်။ ငါ့အချစ်ကလေး သိပ်တော်တယ် ဆိုင်လက်ရာ ထက်တောင်ကောင်းသေးတယ်ဆိုပြီး ပါးကို နမ်းပါသေးတယ်။ ဘာမှန်းလဲ မသိဘူး။ လူဆိုးပဲနော်။ ပြီးတော့ သူငယ်ချင်း တယောက် အိမ်နားက အလုပ်ဆင်းတော့ လာစားပါတယ်။ ပြန်တော့ သူ့ယောက်ျားအတွက်ဆိုပြီး ပါဆယ်ယူပါတယ်။ ပုံကိုကြည့်ပါ။





သူငယ်ချင်းနဲ့အတူမောင်က နောက်ထပ်တပွဲ ထပ်စားပါတယ်။ ကိုယ်က နည်းနည်း တို့ လိုက်ပြီးတော့ မှ နောက်ဆုံး အစာပိတ် ကော်ဖီရယ် ပေါင်မုန့် ရယ် စထရော်ဘယ်ရီ ဂျမ် ရယ် တွယ်လိုက်ပါတယ်။

ကဲ အိပ်ပြီ။ (အမှန်က ခု ရုံးကနေ ရေးနေတာ)

A Chen
2:25 PM
Friday
10th Feb 2012
Bangkok

18 comments:

  1. တစ်ပုဒ်လုံးဖတ်ပီး
    (သေးတယ်ထင်လာလို့ လဲမလို့ကြံနေတဲ့ ၃၂ လက်မ LCD SHARP AQUOS) ဆိုတာပဲ မျက်စိထဲ ကွက်ကွက်ကြီးမြင်နေတယ်.. ကတောက်.. ကြွားထာ

    ReplyDelete
  2. Hey Chen,
    Thank you from the bottom of the heart !!!
    I'm looking for the easiest but delicious way to make "Marlar Hinn". Your cooking looks so tempting that I cannot wait till tomorrow.

    ReplyDelete
  3. As much as u allow,i'll comment .I appreciate most of your writing and cooking.Go on.....Tks

    ReplyDelete
  4. GOOd! want to taske them now!

    ReplyDelete
  5. ရှလွတ် ...

    ReplyDelete
  6. ဒီလောက် မဟားဒရားစားနေတာတောင် နေ.တိုင်းသံပုရာရည်လေးသောက်ရုံနဲ. ဆယ်ပေါင် ကျတယ် အံ.ထှာ

    ReplyDelete
  7. Yes, Yes, how can you loose ten pounds after eating all of that....

    ReplyDelete
  8. မာလာဟင်း စားချင်လာပြီဗျို့ တီချမ်း။ ရှင်က သံပုရာရည်တွေသောက်နေတာကိုး။ ပိန်သွားတယ်မှတ်တာ ဆေးတွေ့နေတာကိုး။ အဲဒါကိုတော့ အရမ်းစိတ်ဝင်စားတယ်။ သံပုရာရည်က ချဉ်ချဉ်လား ချိုချိုလား

    ReplyDelete
  9. ဆရာမရေ စာမကျေတာလဲ မပြောနဲ.လေ ဆရာမက တခါတလေ ကျောင်းကိုပစ်ထားတာ သင်ရင်လဲ ဒီသင်ခန်းစာကနေ ဟိုသင်ခန်းစာ ပြောင်းချင်ပြောင်းတာ အဲဒီတော. မီးတို.က မေ.ပြီပေါ.လို.

    ReplyDelete
  10. တီချမ်း စီဘောက်ဘယ်ရောက်သွားလဲ..။ တီချမ်းရေးတာနဲ့ ထိုင်းကိုအလည်လာချင်နေပြီနော်..။

    အနော် ရှမ်းမုန့်ညင်းချဉ် ချင်တယ်..။ နောက် မန္တလေးမှာနေ့လည်ဘက်ရောင်းတဲ့ အချဉ်သုတ် မှောင်မှောင်ဆိုင်က မုန်လာဥဖြူနဲ့ မုန်လာဥနီ ချဉ်တယ်ချင်တယ်..။ တီချမ်း.. လင့်ရှိရင် ပေးပေးပါ..။ ဒါမှမဟုတ် တီချမ်းချဉ်ပြပါ ခညာ..။

    ReplyDelete
  11. တီ
    မုန်လာဥခြောက်ကို တရုတ်လိုချဉ်ထားတာ တင်ဘူးလားဟင်
    မတင်ရသေးရင် တောင်းဆိုပါတယ်
    ကျနော်အရမ်းကြိုက်လို့ပါ
    စားလိုက်ရင် ထုပ်ထုပ်လေးလေ ကြွပ်ဆတ်ကြီးလည်းမဟုတ်
    မပြောတက်ဘူး တော်တော်ကောင်းတယ်

    ပုံ
    စာမကျေသူ

    ReplyDelete
  12. မာလာဟင်းတော့ တီတင့်မချက်ဖူးသေးဘူး တီချမ်းရေ။
    နည်းနိဿယလေးတွေ သေသေချာချာမှတ်သွားတယ် ကျေးဇူးနော်။
    တီချမ်းချက်တာ သပ်သပ်ရပ်ရပ်လေးး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  13. တီချမ်းမရယ်....
    မောင် ကံကောင်းလိုက်တာအေ......

    ReplyDelete
  14. ချက်နည်းပြုတ်နည်းတွေရှာဖတ်ရင် တီတင့်ရေးတာအရှင်းဆုံးပဲ
    စိတ်လည်းရှည်
    သိပ်မိန်းမပီသတာပဲ
    သိလား

    ReplyDelete
  15. ချက်နည်းပြုတ်နည်းတွေရှာဖတ်ရင် တီချမ်းရေးတာအရှင်းဆုံးပဲ
    တီတင့်ဆီကကူးလာတာဆိုတော့မှားသွားဒယ် ခွင့်လွှတ်နော်
    စိတ်လည်းရှည်
    သိပ်မိန်းမပီသတာပဲ
    သိလား

    ReplyDelete
  16. မာလာဟင်းတခါမှ မချက်ဘူးပါ..စားကောင်းမဲ့ ပုံပဲ..

    ReplyDelete
  17. စားချင်လိုက်တာ...
    ဒါပေမယ့် လုပ်ရမှာတွေက အများကြီးပဲ...း(

    ReplyDelete
  18. မခက်ပါဘူး သက်ဝေ ရဲ့ (မှတ်ချက် အဲ့နာမည်ကို မကြိုက်ပါ) မမသက်ပဲ ခေါ်မယ်

    ကိုယ်ကြိုက်တာ စားချင်တာပဲ ထည့်လေ သူ့အတိုင်း ထည့်စရာမလိုဘူး

    တီဆို အမြဲပဲ လုပ်ရင် လောဘ က မသတ်နိုင်တာကြောင့် ပန်းကန်နဲ့မပြီးပဲ ဇလုံ အဆင့်ရောက်တယ်

    လူ ၁၀ ယောက် ကောင်းကောင်း စားရတယ်

    ReplyDelete