
ကဲ နောက်ထပ် ဒစ်စနေရဲ့မင်းသမီးလေးတပါး ကို မိတ်ဆက်ပေးဖို့အချိန်ကျရောက်လာပြန်ပါပြီနော်။ မင်းသမီးလေး အော်ရိုရာ လို့ ခေါ်တဲ့ အိပ်နေတဲ့ မိန်းမလှလေး (Aurora ကို မိုးသောက်ပန်းမင်းသမီးလေး လို့ ငယ်ငယ်က စာအုပ်တအုပ်ထဲမှာ ဘာသာပြန်တာ ဘတ်ဖူးတော့ အရမ်းသဘောကျမိတယ်) အကြောင်းကို ကြားဖူးကြမှာပေါ့နော်။ သူကလဲဒစ်စနေရဲ့ မှတ်ကျောက်တခုလို့ ပြောလို့ရတဲ့ မင်းသမီးလေး တပါးပါပဲ။

ဒါပေမယ့် လူတွေတော်တော်များများ သတိမထားမိကြတာက မင်းသမီးလေး အော်ရိုရာက တကယ့် ကာတွန်းရုပ်ရှင်ထဲမှာ ပါဝင်ရတဲ့ အခန်း ၁၈ မိနစ်တောင်မပြည့်ဘူးဆိုတာပါပဲ။ ပြောရမယ်ဆိုရင်တော့ သူက အဓါက ဇာတ်ကောင်မဟုတ်ဘဲ ဇာတ်ပို့သာသာပဲ ပေါ့။


ဒါပေမယ့် ဘာပဲ ပြောပြော အိပ်နေတဲ့ မိန်းမလှလေး ကာတွန်းဟာ လဲ သူ့ခေတ်သူ့အခါမှာတော့ အားလုံးထက် ခေတ်ရှေ့ပြေးနေခဲ့တာပါပဲ။ ဘာလို့လဲဆိုတော့ အိပ်နေတဲ့ မိန်းမလှလေး ကလဲ ဒစ်စနေအတွက် ပထမဆုံး မြင်ကွင်းကျယ်ရုပ်ရှင် ဖြစ်ခဲ့ပြန်ပါတယ်။ နောက် ထူးခြားချက်တခုက ဒစ်စနေ ကာတွန်းတွေအတွက် ပထမဆုံးသော ပြီးပြည့်စုံတဲ့ မင်းသားဇာတ်ကောင် လို့ ပြောလို့ရတဲ့ မင်းသား ဖီးလစ်ပ် ကို ထပ်မံ အားဖြည့်ထားတာပါ။

နောက်တခုက ကာတွန်းကားတွေဟာ ကလေးတွေအတွက် လို့ထင်နေတဲ့ ပရိတ်သတ်ထုအတွက် ကာတွန်းဟာ ကလေးတွေအတွက်သာမဟုတ်ဆိုတာကို မဟာမဝါဒီ သဘောတရား တွေကို အားပေးတဲ့ အချက်အလက်တွေ နဲ့ ဖြည့်တင်းထားပြန်ပါတယ်။

အဲ့တာကတော့ မင်းသမီးကို စောင့်ရှောက်တဲ့ နတ်သမီး ၃ ပါး (ဖလော်ရာ၊ ဖောင်ဒါ နဲ့ မယ်ရီဝဲသာတို့) နဲ့ မိန်းမတိုင်းဟာ အိမ်အလုပ်လုပ်ဖို့ အတွက်ပဲ မွေးလာတာ မဟုတ်ပါဘူးဆိုတဲ့ အချက်ကိုလဲ ဒီကာတွန်းကားလေးက ပေါ်လွင်အောင် ဖော်ညွှန်းထားပါသေးတယ်။

နောက်တချက်က ဒစ်စနေမင်းသမီး ကာတွန်းရုပ်ရှင်တွေ အတွက် ခွဲထွက်မှု အသစ်အနေနဲ့ အရုပ်ရေးဆရာ အိုင်ဗင် က ထူးခြားဆန်းသစ်တဲ့ အမြင်တွေ ထပ်မံ ဖြည်းတင်းထားတဲ့ အတွက် ကာတွန်းကား ထက် ပန်းချီသဘောတရားတွေ ကိုပါမြင်ရစေတဲ့ ရုပ်ရှင် တခုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လဲ ဒစ်စနေ ကာတွန်းကားတွေ ထုံးစံ အတိုင်း မင်းသမီးလေးဟာ မျှော်စင်ကြီးပေါ်မှာ လွန်းတံ နဲ့ ထိပြီး အိပ်ပျော်နေလိုက်ရတာ မင်းသားလေးက စစ်မှန်တဲ့ အချစ်နဲ့ လာနမ်းမှ နိုးထရတော့တာပါပဲ။

A Chen
9:44PM
Tuesday
7th Feb 2012
Home
Bangkok
တီရေ..
ReplyDeleteဟုတ်တယ် ဂျူလဲ Aurora ကို မိုးသောက်ပန်း လို့ ဘာသာပြန်ထားတာလေး သဘောကျတယ်။
မျှဝေပေးတာ ရှဲရှဲနီပါ။ ဆက်ရေးဦးနော်။း)
jr