Thursday, February 2, 2012

မာမာ့ ၊ ဝိုဝ်းဝိုဝ် နဲ့ ဘာဂါကင်း

ကဲကဲကဲ လာပြန်ပါပြီ ခေါက်ဆွဲတွေချည်းပဲ လို့မညည်းကြပါနဲ့နော်။ ဒီတခါက အလွယ်တကာ့ အလွယ်ဆုံးပါ မာမာ့ ခေါက်ဆွဲ (အသံထွက်အမှန်ပါ မာမား မဟုတ်ပါဘူး) ထားတော့။ အလွယ်တကာ့ အလွယ်ဆုံး ခေါက်ဆွဲလေးတွေကိုကြည့်ကြရအောင်နော်..........
ထုံးစံအတိုင်းမဟုတ်ဘဲ ဒီတခါ မောင်က အသုပ်စားမယ်တဲ့ အသုပ်ဆိုတော့လဲအသုပ်ပေါ့နော် မောင်စားချင်တာ လုပ်ပေးရမှာ ကိုယ့်တာဝန် မှလား ကဲ လာပြီ အပ်ချလောင်း မာမာ့ အသုပ် တပွဲ.........မာမာ့ မလောက်လို့ ဝိုဝ်းဝိုဝ် နဲ့ ရောပြုတ်ပါတယ်





မဝမှာစိုးလို့ မောင့်ကို ၃ ထုပ် ပြုတ်ပေးပါတယ်။ အစာနှစ်တွေကို မထည့်ပဲ ခေါက်ဆွဲချည်းပဲ ၃ ထုပ်ကို အရင် ရေဆူဆူမှာ ပြုတ်ပါတယ်။ ပုံကို ကြည့်ပါ တခါ ခေါက်ဆွဲတွေ ထပ်ဆူလာရင် ဆယ်ပါ အကြာကြီး ပြဲတဲ့အထိ မပြုတ်ပါနဲ့။ စာမကောင်းဘူးနော်။ မာဆတ်ဆတ်လေးမှ ကောင်းတာ။





ဒါတွေက ပြင်ဆင်ထားတာပါ သုပ်ဖို့ ဆိုပါတော့။ အစာနှစ်တွေကို နှစ်ထုပ်ပဲ ထည့်ပါတယ်။ သူတို့အထုပ်တွေက အရမ်းဆူးတော့ များရင် စားမကောင်းပါဘူး လေးလွန်းအားကြီးပါတယ်။ နောက်အိမ်မှာ ရှိတဲ့ ဆီချက် နဲ့ ငရုတ်သီး ဆီချက် ထပ်ထည့်ပါတယ်။ သံပရာသီး တခြမ်းကြီး ညစ်ထည့်လိုက်တယ်။ အနှစ်တွေကို ဒီလို မွှေထားပါတယ်။ ပြီးတော့ ခုနက ပြုတ်ပြီး ဆယ်ထားတဲ့ ခေါက်ဆွဲတွေ ထည့်ပြီး တူနဲ့ဖွဖွလေးမွှေလိုက်ရင် မောင့်အတွက် ခေါက်ဆွဲ ဆီချက် ရပြီပေါ့။ တွဲစားဖို့က ရှမ်းချဉ်လေးနော်။





မောင့်အတွက် အရင်လုပ်ပေးပြီးတော့ ကိုယ့်အတွက် ထပ်ချက်ရပါတယ်။ ကိုယ်က ခေါက်ဆွဲ မစားချင်တော့ ကြာဇံလေးစားပါမယ်။ ပုံကိုကြည့်ပါ။ ဂဏန်းကြာဇံ ထုပ်ကိုဝယ်ထားပါတယ်။ ဒီတခု ကိုပိုကြိုက်တယ် အရသာကော ဘာကော နောက် ညှပ်ခေါက်ဆွဲ ထုပ်တွေ ပဲကြာဇံတွေလဲ ရှိတယ် မကြိုက်ပါဘူး။ အော် သူကတော့ ဝေဝေတံဆိပ်ပါ (အမှန် က ဝိုဝ်းဝိုဝ် လို့ အသံထွက်ရမှာပါ “င” သတ်မဟုတ်ဘူးနော် “ဝ”သတ်) ထားတော့။ ဟိုးတနေ့က ကျန်တဲ့ ပုစွန်ဆီပျံ နှစ်ကောင် ပစ်ထည့်လိုက်ပါတယ်။ အမှန်က ဒီခေါက်ဆွဲ ကြာဇံတွေကလဲ ချက်စားထားတာ ကြာပါပြီနော်။ တော်ကြာ တီချမ်းတယောက် အကျန်တွေစားနေတယ် နာမည်ကြီးနေမစိုးလို့။ ပုစွန်ဆီပျံ ပြီးတော့ နောက်နေ့ စားတာပါ။ ကမ်ချီလုပ်တဲ့နေ့က ချက်စားတာပါ။ ဒီမှာ ပြန်ကြည့်လိုက်နော်။





ကြာဇံ ပြုတ်ကတော့ ပိုလွယ်ပါတယ် ပုစွန် နဲ့ ရေ ဆူလာရင် အစာထုပ်တွေ ထည့်၊ ကြာဇံ ထည့် ထပတခါ ဆူလာရင် ပန်းကန်ထဲထည့် ရင် စားလို့ ရပါပြီ။ တီကတော့ ချဉ်စပ်လေးစားချင်တာကြောင့် အိမ်က ငရုတ်သီးဆီချက်လေး ထပ်ထည့်လိုက်ပါသေးတယ်။ သံပရာသီး တစိပ်ညစ် လိုက်ရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိ လုပ်ရလွယ်ကူ။ အပျင်းကြီးသူများ အတွက် မြန်ဆန်လွယ်ကူ အရာသာကောင်း တီချမ်း မာမာ့ တနပ်စာ အကြောင်းလေးပေါ့နော်။ တီလဲ မောင်နဲ့ တူတူ ရှမ်းချဉ်လေးနဲ့စားပါတယ်။





ကြာဇံက အစာမခံပါဘူး။ အဲ့တာနဲ့ ညဘက်ကျတော့ ထပ်စာတာနဲ့ ကလပ်သွားတဲ့ သူငယ်ချင်းကို အပြန်ကျ မုန့်ဝယ်ထဲ့ပါပြောတာနဲ့ ဘာဂါကင်းက နေ စပယ်ရှယ် အကြီးဆုံး အသားနှစ်ထပ် ဆူပါ ဂျမ်ဘို ဘာဂါ တလုံး ဝယ်လာပေးပါတယ်။ အဲ့တာကို ထပ်စားပါတယ်။ ပုံကိုသာရှုတော့။ ဒီမှာ နေတာ တခုကောင်းတာက အဲ့လိုဟာတွေ ၂၄ နာရီ မှာစားလို့ ရတာပဲ။ အော် ချစ်သော အမိမြန်မာပြည် ဘယ်တော့များမှ အဲ့လို ဖြစ်မလဲနော်။





မက္ကစီကန် ဝင်း လို့ခေါ်တဲ့ ကြက်သား ဒရမ်စတစ်ကြော်လေးတွေပါ။ စားကောင်းကောင်းနဲ့စားလိုက်တာ ကုန်မှ ပုံရိုက်ဖို့ သတိရတယ်။ ထားတော့။ ကိုကာကိုလာ အကြီးပါပဲ။ တီချမ်း လောဘကြီးတယ်နော်။





A Chen
3:00 PM
2nd Feb 2012
Thursday
Bangkok

9 comments:

  1. load cha lite pyan b kwa:D

    ReplyDelete
  2. အဲဒီ ပုဇွန်ကို မှတ်မိတယ်။

    ReplyDelete
  3. ဟုတ်ပါ့ အနော်နိမတ်စ်ရေ တီချမ်းကတော့ လုပ်ချလိုက်ပြန်ပြီ တကယ်ပဲ တီချမ်းကို ဟင်းချက်တာပဲ ပိုကြိုက်တယ်ဆိုတဲ့ ပရိတ်သတ်တွေကို နောက်ထပ် နှိပ်စက် အဲလေ ချက်ကျွေးဖို့ အစီအစဉ်တွေ တကယ်ကို ရှိနေပါတယ်နော်

    အီဗီ ရေ မှတ်မိရမယ်လေ ရှယ်ပဲ ဟာ ဟိဟိ

    ReplyDelete
    Replies
    1. ငတ်နေတာကြာပြီ တီရေ ။ ပိုငတ်လို့ ကောင်းအောင် ၀င် ကြည့်သွားတယ် ။

      Delete
  4. ခေါက်ဆွဲသုပ်ရော.. ကြာဇံပြုတ်ရော.. ကြိုက်၏။း)
    burger king ကတော့ အကြိုက်ဆုံး။ ဘာလို့မှန်းမသိဘူး မဂ်ဒေါ်နယ်က ဘာဂါတွေကို မကြိုက်ဘူး။

    jr

    ReplyDelete
  5. မောင်က သုံးထုပ်တောင်စားတာလား
    တီက လေးထုပ်နေမှာ
    သူ့ကျတော့ဘယ်နှထုပ်စားလည်းမရေးဘူး
    တော်တော်လည်....

    ReplyDelete
  6. ဟုတ်ကဲ့ ကျမ က မိန်းမစားပဲ စားတော့ တထုပ်ပါပဲတော် ဟိဟိ

    ReplyDelete
  7. ငါလာလည်ရင်လည်းဟင်းချက်စားကြမယ်လေ..ပဲကုလားဟင်း..ချက်ကြရအောင်..မဆလာကောင်းကောင်းယူခဲ့မယ်..အဲအေးရှားဈေးကြည့် ပေးအုန်းနော်..အေမီ

    ReplyDelete
  8. ဘယ်တော့လာမလဲ အမ လာလေ အိုင်ပီးလဲ လာမယ်ပြောနေတယ်
    ဧပရယ်လဆန်းလောက်ဖြစ်မယ် တူတူလာမလား

    ReplyDelete