Wednesday, February 15, 2012

တီချမ်း ပိန်ဆေး သံပရာရည်

ကဲ တောင်းဆိုသော ပရိတ်သတ်များအရ ကိုယ့်ရဲ့ လျှို့ဝှက်ချက် ပိန်ဆေး ကိုဖော်ပြပါမယ်။ ဒေါ်ဝင်ဒီက တဂျီဂျီပါ။ စကားမစပ် ပြောရမယ်ဆိုရင် ကိုယ် ခုတလော သိပ်သိပ်သိပ်သိပ်ကြိုက်နေတဲ့ ဘလောခ်ဂါ မ နာမည်ကလဲ ဝင်ဒီပါတဲ့နော်။ စလုံးက တရုတ်မပါ။ (အော် လောကကြီးမှာ တီချမ်း ကြိုက်တယ်ဆိုတဲ့ ဘလောခ်ဂါ လဲရှိသေး တယ်နော်။ အင်းရှိတာပေါ့.......တီချမ်းလဲ လူပဲ) ထားတော့။ အမှန်ကတော့ ပိန်ဆေး အဖြစ်ရယ်လို့ သောက်တာ လဲ မဟုတ်ပါဘူး။ ခုတလောက ဖရက်ရှ် မာ့ကက် ကိုသွားရင် သံပရာသီးတွေကို ကီလိုလိုက်ကို အားရပါးရ ဝယ်
လေ့ရှိတာပါ။ အဲ့တာကြောင့် သံပရာရည်က ခဏခဏ ကိုသောက်ဖြစ်နေတယ်။ အဲ့တာကြောင့်ပိန်သွားသလား ဆိုရင်တော့ တီလဲ မပြောတတ်ဘူး။ စကားမစပ် ပြောပြအုံးမယ် ဘီယွန်စေး ကိုသိကြတယ်မှလား။ သူက အိပ်မက်မက်သော မိန်းကလေးများ ရုပ်ရှင်ရိုက်တော့ အသက်အရွယ် အပိုင်းအခြား ၃ မျိုးလား မသိ သရုပ်ဆောင်
ရတယ်လေ။ အဲ့ဒီမှာ သူက ဆယ်ကျော်သက် သရုပ်ဆောင်ဖို့ လိုတော့ အခု ပြောပြမယ့် နည်းကို သုံးတယ် ပြောပါ
တယ်။ တီချမ်း နည်းမဟုတ်ဘူးနော်။ နောက်ပြီး သူကလဲ အခု လုပ်နေသေးတာ မဟုတ်ဘူးနော်။ တော်ကြာ လုပ်ချင်တာတွေ လျောက်လုပ်ပြီး မဟုတ်က ဟုတ်က တွေဖြစ်မှ တီချမ်းကြောင့်ဖြစ်မယ်။ ဘာလို့ဘီယွန်စေး ကိုထည့်ပြောတာလဲ ဆိုတော့ သံပရာရည်ချင်းတူလို့ပါ။ နောက်ပြီး ဒီနည်းကို နာအိုမီ လို နာမည်ကျော်မော်ဒယ်တွေကလဲ တနှစ်တခါ လုပ်ပါတယ်တဲ့။ သူက ပိန်တာ တင်မက ဒီတော့စစ်ဖီကေးရှင်း လို့ ခေါ်တဲ့ ကိုယ်တွင်း အဆိပ်ပြန်ဖယ်မှုတွေပါ လုပ်ပေးတဲ့ သဘောပေါ့။ နာမည်ကတော့ Master Cleanse Diet လို့ခေါ်ပါတယ်တဲ့။ Maple Syrup Diet, Lemonade Diet လို့လဲ ခေါ်ပါသေးတယ်တဲ့လေ။ အကျယ်သိချင်သူများ ဒီမှာ ဘတ်ပါနော်။ သေချာဘတ်ပါနော်။

သူ့နည်းက သံပရာရည် နဲ့ မေပယ်သကြားရည် ကို ငရုတ်သီးမှုန့် နဲ့ ဖျော်ပြီး အနည်းဆုံး ၁၀ ရက် ဆက်တိုက်
သောက်တာပါ။ တခြားဖြည့်စွက်စာ မစားပါဘူး။ ဒီနည်းကို မွေးစားသမီး က တခါ စမ်းကြည့်လို့သိရတာပါ။ ပိန်လားဆိုတော့ သူကတော့ မပိန်ပါဘူး။ ချီးကျူးစရာကတော့ မိန်းကလေးတွေ ရဲ့ ပိန်ချင်တဲ့ စိတ်က သူတို့ ကို တော်တော် လုပ်နိုင်စေတာပဲ။ သူလဲ ၁၀ ရက်လုံးလုံး ဘာမှမစားဘဲ အဲ့ဒီ ဘီယွန်စေး သံပရာရည်ကို ဗူးနဲ့ ကို သောက်ပါတယ်။ ထားတော့။

တီချမ်းကတော့ ခုနက အပေါ်မှာ ပြောခဲ့ပြီးသလို ပိန်ချင်လို့သောက်တာ မဟုတ်ပါဘူး။ ကြိုက်လို့သောက်တာပါ။
နောက်ပြီးတော့ ခုလို ပိန်သွားတာကလဲ သံပရာရည်ကြောင့်လို့ မပြောနိုင်ပါဘူး။ အကျယ်ကို အောက်မှာ ရှင်းပြပါမယ်။ ခုတော့ လောလောဆယ် တီချမ်းရဲ့ လျှို့ဝှက်ချက် သံပရာရည်ဖျော်နည်းလေးကြည့်ကြရအောင်နော်။





သံပရာသီး ကြီးကြီး အရည်ရွှမ်းမျိုး ၃ လုံးရှာပါ။ ပြီးတော့ ပုံမှာ ပြထားသလို ထက်ခြမ်းလှီးလိုက်ပါ။ ခွက်ကို ကြည့် ပါ။ တီက အိမ်မှာ ရေများများသောက်ဖြစ်အောင် အဲ့လို ခွက် အကြီးစားဝယ်ထားပါတယ်။ တခွက်ကို ၅၀၀ မီလီလီ တာ ရှိလို့ တနေ့ကို ၆ ခွက်လောက်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်အောင် သောက်နိုင်တာပေါ့။ လူတယောက်တနေ့ လိုအပ်တဲ့ ၂ လီတာ အပြင် တီက တီသောက်နေတဲ့ ဆေးတွေ အတွက် ၁ လီတာ ပိုသောက်ပါတယ်။





ပြီးရင် ကိုယ့်ကို ခုလို သံပရာသီးတွေကို စိတ်ရှည်လက်ရှည် ညစ်ပေးမယ် အားကောင်းမောင်းသန် ယောက်ျား တယောက်ရှာပါ (not a MUST just optional) ကပ်ကြွားနော်။ ပုံမှာ ကြည့်ပါ ညှစ်ပြီးသား သံပရာသီးအခွံတွေကို အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပါ။ ဟိဟိ။





သံပရာခွံ တဖတ် ကျသွားလို့ပြန်ဆယ်ရသေးတယ်။ တကယ့်မောင်ပဲ။ ကြည့်လိုက်နော် ခွက်က ၅၀၀ မီလီ ဆိုတော့ သံပရာရည် ကကို ၄ ပုံ ၁ ပုံလောက်ရှိနေတော့ ၁၂၅ မီလီ လို့အကြမ်းဖျင်းပြောလို့ရပါတယ်။ နောက် တတိယပုံမှာ ပြထားတဲ့ အတိုင်း ဆားထည့်ပါ။ ထုံးစံအတိုင်းပဲ ကြည့်ထည့်နော်။ ပြီးရင် သံပရာသီးနဲ့ ဆားကို သမအောင် ခလောက်ပြီးမွှေပါနော်။





ပုံ ၁ က သကြားရည်ပါ။ တီက သကြားတအိတ် ကို ရေ ၂ လီတာ ခန့် နဲ့ ဖျော်ထားတာပါ။ သကြားက တအိတ်ကို ၁ ကီလို ထင်ပါတယ်။ ရေကိုတော့ အရင်ဆူအောင်တည်ပြီး အိုးတခုထဲမှာ သကြားတွေကို ထည့်ပြီး မွှေတာပါပဲ။ မကြိုပါဘူး။ နောက်ပုံ ၂ မှာ တော့ ပျားရည်ပါ။





ခုနက ဆားနဲ့ ဖျော်ထားတဲ့ သံပရာရည်ထဲကို သကြားရည် ပုံမှာ ပြထားတဲ့ အတိုင်း ထည့်ပါ။ ၁၀၀ မီလီလောက်
ပေါ့။ နောက်တော့ ပျားရည် ထည့်ပါ။ ပျားရည်တော့ တီက အားမနာတမ်း များများလေးထည့်လိုက်ပါတယ်။ များတော့ သောက်လို့ကောင်းတာပေါ့။ ချဉ်ချဉ်ကြိုက်ရင်တော့ လျော့ထည့်ပေါ့နော်။ အဲ့တာဆို ခုနက ပျားရည် သကြားရည် သံပရာရည် တို့သည် ခွက် တဝက် မပြည့်တပြည့် ရပါပြီနော်။





သမ အောင် ခလောက်လိုက်ရင် ပုံပါအတိုင်း အရောင်လေးနဲ့ ရပါမယ်။ ပြီးရင် ရေရောပါ။ ရေရောလိုက်ရင် အရည် စုစုပေါင်းက ၃၅၀ ကနေ ၄၀၀ မပြည့်တပြည့် မီလီ လောက်ရပါမယ်နော်။ ပြီးရင် မွှေပါ။





နောက်ဆုံး အဆင့်ကတော့ ရေခဲ ထည့်လိုက်ရင် ပုံမှာပြထားတဲ့ အတိုင်း အရသာရှိတဲ့ ပျားသံပရာ တခွက်ရ တာ
ပေါ့။ တီကတော့ နေ့တိုင်းမဟုတ်တောင် တရက်ခြားတော့ သောက်ပါတယ်။ တခါတခါ တနေ့ နှစ်ခွက်တောင် သောက်သေးတယ်။





ပြီးရင် လဲဒီလိုတွေ မတရားစားပါသေးတယ်။ အဲ့တော့ ပိန်တာ ဘာ့ကြောင့်လဲ မေးရင် တော်တော်ဖြေရခက်ပါ တယ်။ တချို့ လူတွေကျတော့လဲ ရေသောက်ရင်ကို ဝတာပါပဲ။ ညီမ တယောက်ရှိပါတယ် ကြောင်စာလောက် စားတာကို ပြည့်ပြည့်လေးဖြစ်နေလို့သူ့ခများ စိတ်ဆင်းရဲရပါတယ်။ တီကတော့ အသေစားတာပဲ မဝလာပါဘူး။ အရင်ကတော့ ပေါင် ၁၆၀ လောက်ရှိဖူးတယ်။ နောက်တော့ ၁၅၀ က ပုံမှန်တမ်းပဲ။ ခုတော့ ၁၄၀ ပါ။ ဒေါ်သလင်း ပြောသလိုပဲ ဝတာ ပိန်တာ ထက် ကျန်းမာ ဖို့က ပိုအရေးကြီးတာပါနော်။

နောက်ပြီး တီက မနက် ၉ နာရီ တခါတခါ ၉ နာရီ ခွဲလောက်မှ ထတော့ ၁၀ နာရီ ရုံးရောက်ဖို့ ကို မနည်း ပြေးရပါ တယ်။ အဲ့တော့ နေ့တနေ့ ရဲ့ အဓိက အစာအဟာရဖြစ်တဲ့ ဘရိတ်ဖတ်စ် ကို အမြဲ လွတ်ပါတယ်။ ချစ်မောင် ထထ ဖျော်ထားပေးတဲ့ ပရီးမီးယား နှစ်ထုပ် ပလပ်စ် နွားနို့ ကော်ဖီ တခွက်နဲ့ပဲ ရုံးရောက်ရတာ များပါတယ်။ ခုတလောက နေ့လည် ကို ပူလို့ရယ် ရုံးနားက ဆိုင်တွေ ကို အီလာလို့ရယ် ဆိုပြီး နေ့လည်စာ မစားဖြစ်တာ များပါ တယ်။တနေ့လုံး ကော်ဖီ တခွက်ပဲ ဗိုက်ထဲမှာ ရှိတယ်။ တခါတခါ ဆာလာရင်တော့ နေ့လည်ကို တခုခု မုန့်လိုမျိုး နဲ့ ကော်ဖီ နောက်တခွက် ထပ်သွင်းဖြစ်ပါတယ်။ ညနေပိုင်းတော့ အိမ်ရောက်ရင် ခေါက်ဆွဲလိုမျိုး ထမင်းလိုမျိုး တခုခု စားလိုက်ပါတယ်။ နောက် ညကျတော့ မောင်နဲ့ တခုခု ထပ်ချက်စားကြပါတယ်။ ပြီးတော့ ညအိပ်ခါနီးကျရင်
တော့ ကော်ဖီနဲ့ ပေါင်မုန့် လိုမျိုး ခေါက်ဆွဲပြုတ်လိုမျိုး တခုခု စားပါသေးတယ်။ အဲ့တော့ အဲ့လောက်စားနေတာ
တောင်ပိန်သေးသလား မမေးပါနဲ့။ တီချမ်းတို့ က ဆုတောင်ကောင်းတာ ဦးနှောက် ကောင်း တော် မျက်နှာလှ တာတင်မက ဝလဲ မဝ တတ်ပါဘူး။ အဲ့တာကြောင့် စာဘတ်သူတွေလဲစိတ်ထားကောင်းကောင်းထားပြီး ကောင်းမှု များများ လုပ်ရင် ကောင်းကျိုးက ကိုယ်တင်မက အဆီတွေမှာပါ သွားတည်မှာပေါ့နော်။

အာဘွား။

A Chen
8:55 PM
Wednesday
15th Feb 2012
Home
Bangkok

14 comments:

  1. ပျားရည်မပါလို. မရဘူးလား မရှိလို.ပါ

    ReplyDelete
  2. ရတာပေါ့ကွယ် ပျားရည်ပါတော့ ပိုသောက်ကောင်းတာတခုပါပဲ

    သောက်တတ်ရင်တော့ သကြားရည်အစား ငရုတ်သီးမှုန့် နည်းနည်းထည့် သူ့ငရုတ်သီးမှုန့် က ခုနက ပေးတဲ့ လင့်မှာ သေချာကြည့်နော် ပြီးတော့ခုနက ပြောတဲ့ Maple syrup ကိုသုံး

    ReplyDelete
  3. ခုတစ်လော ၀နေတာ တီရေ...။ အစားလည်းမလျှော့နိုင်၊ အအိပ်လည်း မလျှော့ချင်....။
    သံပုရာရည်ဖျော်ပေးမဲ့ အားကောင်းမောင်းသန်ဦးဗလလည်း မရှိ။ ခက်သကွယ်.....ဟိဟိး)

    လင့်ခ်က မီးမြေခွေးနဲ့ ဖတ်တာ မရဘူး။ ပလိန်းကြီးပဲ ပေါ်လာတယ်...း(

    ReplyDelete
  4. ရပါတယ် ဒေါ်ချစ်ရဲ့ မီး ဖွင့်တာရတယ်

    ဦးချစ် ကို ညှစ်ခိုင်းလေကွယ် (သံပရာသီး)

    ဂျီမ ကနေ ပို့လိုက်ပြီ လင့်ကို

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် စမ်းသောက်ကြည့်ရမှာပေါ့။ ပိန်သွားလဲ အမြတ်ပဲ။ တီပြောသလို့ ကြောင်စာလောက်ပဲ စားတာပါပဲ။ အဲဒါကို တဖြည်းဖြည်းဝိတ်တက်လာလို့ မနည်းဆွဲထားရတယ် :D

    ReplyDelete
  6. ပျားသံပုရာရည်လေး သောက်လို့ ကောင်းမှကောင်း။ ဂွတ်!
    Big C မှာ ပျားရည်လည်းရှိတယ်၊ သံပုရာသီး ညစ်ပြီးသားပုလင်းလေးတွေလည်း ရောင်းတယ်။
    ညစ်ပေးမယ့် ယောက်ျားက အဝေးရောက်နေတာကိုး :P

    ReplyDelete
  7. evy ရေ ဟုတ်တယ် ပိန်တဲ့သူက ပိန်ကိုပိန်တာ ဘယ်လောက်စားစား ကြောင်စာလောက်ကနေ ကြောင်မ စာလောက် လျော့စားကြည့်ပါလား

    crystal ပျားရည်ကို တီဝယ်တဲ့ တံဆိပ်ဝယ်နော် နောက်ပြီး သံပရာသီး ညှစ်ထားတဲ့ ပုလင်းတွေက အာတစ်ဖစ်ရှယ်တွေ တကယ်တော့ မကောင်းဘူး သံပရာသီးစစ်စစ် ရရင်တော့ပိုမွှေးတာပေါ့

    ReplyDelete
    Replies
    1. အိုကေ၊ သံပုရာသီး သုံးလုံးလောက် အမြဲ ရေခဲသေတ္တာထဲ အမြဲထည့်ထားတယ်။
      ဖျော်သောက်လိုက်အုံးမယ်။ :)

      Delete
  8. Wow!! Your 'Maung' is so good to you. Envy you.
    Thanks for the post.
    WD

    ReplyDelete
  9. ခုတလော ကျနော်လည်း သံပုရာရည် ဓါတ်ကျနေတယ် ပျားရည်ထည့်တဲ့အခါထည့် မထည့်တဲ့အခါလည်း ဆားနဲ့ သကြားရည်နဲ့ ပေါ့။
    လူက ပိန်ပါတယ်ဆိုမှ .. သံပျာရည်ကို ဘယ်လိုသောက်လို့ ကောင်းနေမှန်းမသိဘူး။ တနေ့ ကို တီချမ်းခွက်လောက်နဲ့ တခွက် အမြဲသောက်ဖြစ်နေတယ်။ အရင်တုန်းက ကြိုက်ခဲ့တဲ့ ကိုကာကိုလောင်တောင် မသောက်တာကြာပေါ့ ဟိဟိ။

    ReplyDelete
  10. သေချာတာပေါ့ ဝင်ဒီ

    ကိုကာကိုလာ ထက်တော့ သံပရာရည်က အများကြီး ပိုကောင်းပါတယ် ဗစ် ရှင်လဲ တော်ကြာ ဘီယွန်စေး လို ကိုယ်လုံးဖြစ်လာတော့မယ် လှလာမယ်ပြောတာနော်

    ReplyDelete
  11. သံပရာခွံ တဖတ် ကျသွားလို့ပြန်ဆယ်ရသေးတယ်။ တကယ့်မောင်ပဲ။
    so lovely writing!

    ReplyDelete
  12. ကောင်းပါတယ် ဗဟုသုတပေါ့

    ReplyDelete
  13. မနက် မနက် သံပရာတစ်လုံးကိုအရည်ညှစ်ပြီး ရေနွေးနဲ့သောက်တာ ကောင်းပါသလား။

    ReplyDelete