အပေါ်က ဟင်းရည် တအိုးရပြီဆိုရင် ခေါက်ဆွဲပြုတ်တဲ့ ဇာတ်လမ်းစပါမယ်။ ဂျုံ ခေါက်ဆွဲကို ဆိုင်ကပဲ အထုပ်လိုက်ဝယ်လိုက်ပါတယ်။ သူက တထုပ်ကို ခြောက်လုံး အမှန်က ၆ ပွဲစာပေါ့ တီတို့ကတော့ အစားကြီးတော့ တပွဲ၂ လုံးထည့်တော့ ၃ ပွဲစာပေါ့။ အရင်ဆုံး ပန်းကန်ထဲမှာ ခေါက်ဆွဲကို ဖွထားရပါမယ်။
ပြီးရင် ရေတအိုးတည်ပြီးတော့ ရေဆူလာရင် ခေါက်ဆွဲကို ပြုတ်ပါမယ်။ ခဏ ပြုတ်ရင် ရပါပြီ အကြာကြီး ပြုတ် ရင် ပြဲသွားပါမယ်။ ပထမ ရေတည်ပါ။ ရေပွက်ပွက် ဆူလာရင် ခေါက်ဆွဲထည့်လိုက်ပါ။ နောက်တခါ ပွက်လာရင် ခေါက်ဆွဲတွေကို ဆယ်လိုက်လို့ ရပါပြီ။
တီကတော့ ၂ ပွဲစာ ၄ လုံးတခါတည်းပြုတ်လိုက်တော့ ဆယ်ပြီးသားခေါက်ဆွဲတွေကို နှစ်ပန်းကန်ခွဲ ထည့်ပါ တယ်။ မောင်က အရည်ဖျော်စားမယ်ဆိုလို့သူ့အတွက် အရည်ဖျော်ပါ။ နောက် သူက အမဲသားမစားတော့ တီက သူ့အတွက် ကို တနေ့ က ချက်ထားတဲ့ နမ့်ပရစ်အောဝ် အကျန် နဲ့ လုပ်ပေးလိုက်ပါတယ်။ နမ့်ပရစ်အောဝ် ချက်နည်းက ဒီမှာ တင်ဖူးပါတယ်နော်။ ပန်းကန်ထဲကို ဆား အချိုမှုန့် နည်းနည်းထည့် ပဲငံပြာရည်အကြည်နည်းနည်းထည့် ပြီးတော့ ခေါက်ဆွဲထည့် အသားထည့် ငရုတ်သီးဆီချက် ထည့် ကြက်သွန်ဖြူ ဆီချက်ထည့် ဟင်းရည်ထည့် လိုက်ရင် မောင်စားမယ့် ဂျုံခေါက်ဆွဲအရည်ဖျော်ရပါပြီနော်။
တီ့အတွက်ကတော့ ဆီချက်စားချင်လို့ ခုနက လိုပဲ ဆားအချိုမှုန့် နည်းနည်း ပဲငံပြာရည်အကြည်နည်းနည်း ကိုပန်းကန်ထဲထည့် ဒီမှာတော့ ဆီချက်ဖြစ်တဲ့ အတွက် ကြက်သွန်ဖြူဆီချက်ကို နည်းနည်းပိုထည့်ပါမယ်။ ပြီးတော့ ခေါက်ဆွဲလေးတွေကို တူနဲ့ လုံးလိုက်ပါ။ ပုံ ၁ အတိုင်းပေါ့။ နောက်တော့ အဆင်သင့်ချက်ထားတဲ့ အမဲသားကို အပေါ်က ဆမ်းလိုက်ရင် အမဲသားဆီချက်ခေါက်ဆွဲတပွဲရပါပြီနော်။ တွဲဘက်စားဖို့ ရာက အိမ်မှာလုပ်တဲ့ ကမ်ချီလေးဖြစ်ပါတယ်။ လုပ်နည်းက ဒီမှာပါ။ တနေ့က လုပ်ထားတာ ပထမဆုံးအနေနဲ့ပေါ့ စားလို့ဖြစ်ပါတယ်။ အမဲသားချက်နည်းလဲ အရင်တခါ တင်ဖူးပါတယ်နော်။ ဒီမှာ ကြည့်ပါ။ အသားကိုတော့ ခေါက်ဆွဲ နဲ့စားဖို့ ရည်ရွယ်တဲ့ အတွက် အတုံးသေးသေးလေးတွေ လုပ်ထားတာပါ။
ကဲ မပြောမရှိနဲ့ ဒီတပတ် ဝိကန်း ကျရင် လုပ်စားကြည့်လိုက်နော်။
A Chen
6:48 PM
1st Feb 2012
Wednesday
Home
Bangkok
တီ
ReplyDeleteရေးသမျှအားလုံး အရမ်းကြိုက်
ကျေးဇူးနော်
ညကြီးမိုးချုပ်ဗိုက်ဆာသွားပြီ။ တီချမ်းလုပ်လိုက်မှဖြင့် အဲလို။ လာအော်ထားတာတွေ့တယ်။ ရေးမလို့ အရှိန်ယူနေတုံး။ စကားမစပ် တီ့ခေါက်ဆွဲကို ပိုကြိုက်တယ်။ အမဲသားနဲ့လေ။
ReplyDeleteကျေးဇူးပါ အနောရေ
ReplyDeleteအီဗီရေ.....အဲ့တာက သူငယ်ချင်းကိုလုပ်ကျွေးတာ သူကတော့ အရမ်းကောင်းပြောတာပဲ
mite tel kwar.
ReplyDeletet chan ka very smaret naw.
smart*
ReplyDelete:P
ဂွီ
ReplyDelete