Friday, December 24, 2010

ပြောင်းလဲတိုင်း မပြောင်းလဲနဲ့

ပြောင်းလဲတိုင်း မပြောင်းလဲနဲ့

ကိုယ်တို့တွေ အမြဲလိုလိုတွေးမိကြတာ တခုရှိတယ်။ တကယ်လို့ သာ တဘက်လူက နည်းနည်းလေး ပြောင်းလဲနိုင်မယ်ဆိုရင် ကိုယ့်တို့ ဘဝတွေ ဘယ်လောက်သာယာလိုက်မလဲလို့လေ။

သူများကိုမပြောပါနဲ့ ကိုယ်ကိုယ်တိုင်ပဲ ပြောင်းလဲနိုင်မလား အရင်ကြည့်ကြည့်ရအောင်။

  • · ဒီနေ့ကစပြီးတော့ ကိုယ်အကြိုက်ဆုံးအစားအစာ တမျိုးကို မစားတော့ပဲ နေနိုင်မလား?
  • · ကိုယ့်ရဲ့မကောင်းတဲ့ အကျင့်တခု ကိုပြင်နိုင်မလား? (ဥပမာ အိပ်ပုပ်ကြီးတာမျိုး)
  • · တခုခုဖြစ်တိုင်း တယောက်ယောက် ကို တခုခု ကို အပြစ်တင်တာမျိုးတွေ မလုပ်တော့ဘဲနေနိုင်မလား?
  • · ဒီနေ့ကစပြီး လုပ်တာ ကိုင်တာ အဆင်မပြေတိုင်း ဒေါသမထွက်ဘဲနေနိုင်လား? မအော်မငေါက်ဘဲနေနိုင်လား? မွန်းကျပ်မှုတွေများနေရင် ဘဝအမောတွေ ကြောင့် ပန်းနေရင်ကော ခိုတွေလို မညည်းဘဲနေနိုင်လား?
  • · ကိုယ့်ကိုကိုယ်ရော အထင်မကြီးဘဲနေနိုင်မလား? ဟန်ဆောင်မှုတွေ ကိုရော နည်းနည်းကလေးပဲဖြစ်ဖြစ် လျော့နိုင်ပါ့မလား?
  • · တနေ့ကို တနာရီလောက် စောထနိုင်မလား?

ကိုယ့်ကိုကိုယ်တောင် မပြုပြင်နိုင်ရင် ပြုပြင်ရမှာ ခက်နေရင် တခြားလူကိုဆိုဘယ်လိုများ ကိုယ့်အတွက် ပြုပြင် ပြောင်းလဲပေးနိုင်လိမ့်မလားလို့ မျှော်လင့်ရမှာ ပါလိမ့်နော်။

ကိုယ်တို့တွေက အမြဲလိုလို ညည်းညုတတ်ကြတယ်၊ တကယ်လို့ သူကသာ ဒီလိုမလုပ်ခဲ့ရင် ကိုယ်လဲဒီလို လုပ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ သူသာ ကိုယ့်အပေါ်ကောင်းခဲ့ရင် ကိုယ်လဲ သူ့အပေါ်ပြန်ကောင်းမှာပေါ့။ စသဖြင့်ပေါ့လေ။ ဒါပေမယ့် အများစု မစဉ်းစားမိကြတာ တခုက ဘာလို့များ ကိုယ်က သူ့အပေါ် စ မကောင်းကြည့်တာလဲလို့ နော်။

ကိုယ်တို့တွေ က တန်ဖိုးတူတယ်လို့ ကိုယ်တို့ ထင်တဲ့ တခုခု နဲ့ပဲ တခြား တခုခု ကိုလဲလေ့ရှိတယ်။

အချစ်နဲ့အချစ်

အကြင်နာနဲ့အကြင်နာ

ကျေးဇူးတရားနဲ့ကျေးဇူးတရား

သစ္စာတရားနဲ့ သစ္စာတရား

အဲ့တာကြောင့် ကိုယ်တို့တွေလဲ သူကပြောင်းလဲမယ်ဆိုမှ ကိုယ်ကပြန်ပြောင်းလဲမယ် ဆိုတဲ့ အလဲအလှယ်သဘောတရားတွေရှိနေတာပေါ့။ ကိုယ့်ဘက်က အရင်ပြောင်းလဲကြည့်ပါလား။ သူ့ကိုစိတ်ချမ်းချမ်းသာသာထားကြည့်လေ။ သူ့ဘက်က ကိုယ့်ကြောင့် စိတ်ချမ်းသာရင် သူလဲ ကိုယ့်အတွက် တဖြည်းဖြည်းပြုပြင်ပြောင်းလဲလာလိမ့်မှာပေါ့။

နောက်ပြီး တကယ်လို့ ကိုယ်ကပြောင်းလဲရက်သားနဲ့ ဒင်းက အရင်အချိုးအတိုင်းပဲ ဘာမှပြောင်းလဲ မလာဘူးဆိုရင်လဲ ကိစ္စ မရှိဘူး။ ကိုယ်က ဘာမှ ဆုံးရှုံးသွားတာမှမဟုတ်တာနော်။ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ကိုယ်ပြောင်းလဲ ပြုပြင်နိုင်တာကိုက ကိုယ့်အတွက် အမြတ်ပဲ မဟုတ်လား။

တကယ်လို့ နောက်တယောက်ရှာရဖို့ ဖြစ်လာရင်လဲ ကိုယ့်ရဲ့ ပြုပြင်ပြောင်းလဲ လိုက်ပြီး ဖြစ်တဲ့ အကျင့်ကောင်းတွေ ကြောင့် သူ့ထက်သာတဲ့သူမျိုးကို အလွယ်လေး ရနိုင်ဖို့ အားသာချက်တွေ ဖြစ်လာတာပေါ့။

အဲ့အချိန်ကျရင် သူ့ဘာသာ အလိုလို အတင်းပြုပြင်ပြောင်းလဲ ပြီး ကိုယ့်ကို ပစ်မသွားဖို့ တောင်းပန်လာပါလိမ့်မယ်။ ဟုတ်တယ်မလား?...

A Chen

3:00 Am

Thursday

16th December 2010

Beijing