Friday, December 2, 2016

First of May

First of May

ညီညီ
နင်ငါ့ကို မှတ်မိသေးရဲ့လား။ ငယ်ငယ်တုံးက ခရစ်စမတ်သစ်ပင်ကို မော့ကြည့်ရင် အကြီးကြီး အမြင့်ကြီးလို့ ထင်ရတယ်
အရွယ်ရောက်လာတော့ ခရစ်စမတ်သစ်ပင်ဆိုတာ သေးသေးလေး ဖြစ်သွားရော

တချို့အရာတွေဟာ အချိန်ရဲ့ တရွေ့ရွေ့တိုက်စားမှု နဲ့အတူ မျောပါသွားတတ်ပေမယ့် အဲ့ဒီ တို့တွေအသက် ၁၇ နှစ် အရွယ်က ခရစ်စမတ်သစ်ပင်လေးကတော့ ငါ့စိတ်ထဲမှာ အမြစ်နစ်နစ်နဲ့ ပျိုးခဲ့သလို တသက်လုံး  ရှင်သန်နေခဲ့တယ်

မှတ်မိသေးရဲ့လား
ငါ့ကို မှတ်မိသေးရဲ့လား ညီညီ

အဲ့ဒီ နှစ်က အင်္ဂလိပ်စာ စကားရည်လုပွဲ ဆုပေးပွဲမှာ ငါ့ဘေးနားကနေ နင်တိုးတိုးလေး ပြောခဲ့တာလေ

“နောက်တခေါက်ကျ နင့်ကို ငါနိုင်စေရမယ်” တဲ့

တလောက ဂီတပွဲတစ်ခု မှာ နင့်ကို မြင်တော့ ငါထင်ပါတယ်လေ ဒီတခေါက် နင်ငါ့ကို တကယ် နိုင်သွားပြီလို့….. အရွယ်ရောက်လာတဲ့ နင့်ရဲ့ ပုံစံကို မြင်ရတာ သိပ်ဝမ်းသားတာပဲ အချိန်တွေ ဒီလောက်ကြာသွားခဲ့တာတောင် နင်ကတော့ ဘာမှ သိပ်မပြောင်းလဲ ခဲ့ဘူးနော်

ဒါပေမယ့် ငါတို့ မိန်းမတွေကတော့ မတူဘူးဟ
ဘာလို့လဲဆိုတော့ နင်ငါ့ကို မမှတ်မိခဲ့ဘူးလေ….

When I was small, and Christmas trees were tall
We used to love while others used to play
Don't ask me why, but time has passed us by
Some one else moved in from far away
Now we are tall, and Christmas trees are small
And you don't ask the time of day
But you and I, our love will never die
But guess we'll cry come first of May
The apple tree that grew for you and me
I watched the apples falling one by one
And I recall the moment of them all
The day I kissed your cheek and you were mine
Now we are tall, and Christmas trees are small
And you don't ask the time of day
But you and I, our love will never die
But guess we'll cry come first of May
Bee Gee

Bee Gee

T Chen 
6:54 PM
1st Dec 2016
Thursday
WAD
DFB

အတိတ်

ညီညီ

မှတ်မိသေးရဲ့လား
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ
ငါတို့ ၁၇ နှစ် အရွယ်က
မိုးရက်လေးတရက်ကိုလေ
အေးမြတဲ့ ရာသီဥတု
မိုးရွာပြီးစ မြေသင်းနံ့မွှေးမွှေးလေးနဲ့ မြေနီလမ်းကလေး
ပန်းခြံကြီးထဲက နေရောင်ခြည်နွေးနွေးတွေ
ရေကန်ကြီးနာ အတူတူထိုင်ကြတော့
ရုတ်တရက်ရွာချလာတဲ့ မိုးစက်တွေ

မင်း မှတ်မိသေးရဲ့လား

နှမြောစရာ တစ်ခုက
ကိုယ်တို့တွေနေရာဟောင်းတွေဆီ ပြန်သွားလို့ရပါ့ရဲ့
ဒါပေမယ့် အဲ့လို အခိုက်အတန့်တွေကိုတော့
ပြန်မရနိုင်တော့ဘူးနော်

11:09 PM
Thursday
Sweet December 1st 2016

DFB