Friday, January 29, 2016

Only Blue

Only Blue........


@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ 
ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်


@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ
အချစ်ခရီးရဲ့ တဝက်မှာ မင်းချန်နေတာ
ကိုယ်ဒီလို အမှတ်မဲ့ ရေပြာနက်ထဲ
ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း(ကို) တိုင်တည်ရင်း ရင်မှာငို


‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့်
ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့်


ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ


@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ပြီး သွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက
ခွာလဲ မေ့ဖို့က အခက်သား
ရင်မှာမင်း ငါငိုရင်း
ကြင်နာမယ့်သူ မရှိပြီ
နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue Only blue only blue ......

No comments:

Post a Comment