Thursday, January 28, 2016

ရွယ်နုတဲ့ အချစ်

ရွယ်နုတဲ့ အချစ်

ငယ်နုတုံးက ကိုယ်ရူးမိုက်ချစ်ခဲ့တယ်
အချစ်ရဲ့ တိုက်ပွဲ ရဲရဲ ကိုယ်အမြဲဝင်ခဲ့
အရွယ်ရောက်ခဲ့လဲ သေချာကိုယ်နားမလည်ပဲ
(တကယ်ပါ) အချစ်က ဘဝလို့ မှားယွင်းထင်ခဲ့

ဟိုးတုံးကတော့ ရင်ခုန်စွာပျော်ဖူးတယ်
အတိတ်ထဲက တို့ရဲ့ဟိုး…ငယ်ဘဝကိုကွယ်
ကြည်နူးမှုနဲ့ ရင်ခုန်ရင် အချစ်ပါပဲ
ဒီလိုမျိုး ထင်ခဲ့ဘူးတဲ့ အသက်က ဆယ်အရွယ် 

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ
ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက်
တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ငယ်နုခဲ့လဲ ဒဏ်ရာတွေရဖူးတယ်
ချစ်ခြင်းရဲ့ ပြယုဂ်လို့ ကိုယ်နားလည်ခဲ့
ဟိုတုံးကတော့ ဖြူစင်ခဲ့ဖူးပေမယ့်
ဒီအရွယ်မှာ ရင့်ကျက်ခြင်းနဲ့ တို့သိလာခဲ့

တကိုယ်တည်းဘဝနဲ့ တခါပြန်လည်ကာ ချစ်ခဲ့
ချစ်ခြင်း ဝဲဂယက်ထဲပဲ ကိုယ်တဝဲလည်လည်
ဒီလူ့ဘဝထဲ အကြင်နာလိုအပ်ပါတယ်
ဒီလိုနဲ့ နောက်တခြမ်း Soul Mate တို့လိုက်ရှာမယ်

ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ်
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အိုး…..ချစ်ဖူးခဲ့လဲ နာကျည်းခဲ့လဲ ဒဏ်ရာတွေ ရဖူးလဲ
နောင်တတို့နဲ့ တရှိုက်မက်မက် တို့တခါပြန် ချစ်ကြတယ်
နောက်ဆုံးတော့လဲ ကြေကွဲပြန်တယ့် 
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

အင့်ဟင်း……နောက်ဆုံးတော့လဲ နာကြင်ခြင်းနဲ့
ချစ်ခြင်းရဲ့ လှိုင်းကြမ်းတွေ အလယ်

ချမ်း
ညနေ ၄း၁၂ မိနစ်
ကြာသပတေးနေ့
၂၀၁၆ ခု၊ ဇန္နဝါရီလ ၂၈ ရက်နေ့

LTO

No comments:

Post a Comment