Friday, January 29, 2016

ချစ်သူ ဇလပ်ဖြူ

ချစ်သူ ဇလပ်ဖြူ

အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။

“ကိုယ်မပြောရဲတဲ့ စကားလေးတွေကို ပန်းလေးတွေကို ပြောခိုင်းပါ” ……..တဲ့…..
“အဓိပ္ဗါယ်ရှိတဲ့ နှင်းဆီပွင့်လေးတွေမှာလဲ နှုတ်ခမ်းလေးတွေ ရှိတယ်”……….တဲ့
(နီကိုရဲ က သူ့ဝတ္ထု တပုဒ်ထဲမှာ ရေးထားတာ ဘတ်ဖူးတယ်)

ရင်နဲ့ မဆန့်တော့တဲ့ ကိုယ့်အချစ်တွေအကြောင်း

ပန်းကလေးတွေက ကိုယ့်ကိုယ်စားပြောပြပါစေ
လမင်းကြီးက ကိုယ့်ကိုယ်စားပြောပြပါစေ
ငှက်ကလေးတွေကလဲသူတို့ရဲ့ တေးသံသာနဲ့ ဆိုပြကြပါစေ
လေညှင်းကလေးတွေကလဲ သယ်ဆောင်ပေးပါစေ
မင်းရဲ့ လည်ကုတ်မွှေးညှင်းလေးတွေကို
နှင်းဆီပန်းလေးတွေရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ထိတွေ့ နမ်းရှိုက်ကြပါစေ 
ကိုယ်ကတော့ ရဲရင့်တဲ့ နှင်းဆီထက် ဖြူလွလွ ဇီဇဝါ ကိုသာ ပို သဘောကျသူပါ

ချမ်း
၂၉  ရက် ဇန္နဝါရီ ၂၀၁၆ ခု
သောကြာ
LTO



No comments:

Post a Comment