Sunday, December 28, 2014

ရည်းစားဟောင်းများသို့



မင်းကို သတိရပါတယ်ပြောရင် 
စပျစ်သီးတွေ ဝယ်လာအုံးမှာလား

မင်းကို သတိရပါတယ်ပြောရင် 
ကြယ်တွေကြည့်ဖြစ်တယ် ပြောအုံးမှာလား 

မင်းကို သတိရတယ် ပြောရင် 
ဘာဂါ စားတိုင်း လွမ်းတယ် ပြောအုံးမှာလား

မင်းကို သတိရတယ်ပြောရင် 
အနွေးထည် က အနွေးဆုံးပြောအုံးမှာလား

အတူတူမနေရတော့ဘူးဆိုတိုင်းလဲ မချစ်တော့တာမှ မဟုတ်တာနော် 
အတူတူမနေဖြစ်တိုင်းလဲ သတိမရတာမှမဟုတ်တာဘဲလေနော် 

(ချစ်တိုင်းလဲမညားမှ)

တီချမ်း
နံနက် ၃နာရီ  ၃၇ မိနစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့ 
၂၀၁၄ ခုနှစ် 
D Spa 

Wednesday, December 3, 2014

"A Shape of You "

ဒီသီချင်းလေးကို ဂျူဝဲလ်က (၂၀၁၃ ထင်တယ်) Emmy ဆုပေးပွဲတစ်ခုမှာ အရင့်အရင်က သေဆုံးသွားတဲ့ ရုပ်ရှင် ဂီတ အနုပညာရှင်တွေ အတွက်ကို ရည်ရွယ်ပြီး ဆိုပေးပါတယ်။ သီချင်းမဆိုခင်မှာ  သူက ဒီသီချင်းလေးကို မနှစ်က ကင်ဆာ နဲ့ ဆုံးသွားတဲ့ သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ရေးပေးတယ်လို့ ပြောပါတယ်။ သူ့မှာ အဲ့လို လူပုဂ္ဂိုလ်တွေ ကို ဇာတ်လမ်း လုပ်ပြီး ရေးတဲ့ သီချင်းတွေအများကြီး ရှိပါတယ်။ ပထမဆုံး အခွေ Pieces of You မှာပါတဲ့ Adrian ၊ ဒုတိယအခွေမှာပါတဲ့  Fat Boy စတာတွေပေါ့။ ဒီ အခု ခံစားပြီးပြန်ထားတဲ့ သီချင်းကတော့ ခုဏက ပြောသလို သူငယ်ချင်းအတွက်ဆိုပါတယ်။ နောက် တပုဒ်ရှိသေးတယ်။  Violet Eyes ဆိုတာ အဲ့တပုဒ်လဲ သူ့ ဒုတိယမိခင်ပေါ့ (ရှိုးပွဲတစ်ခုမှာ အဲ့လို သူက သုံးသွားပါတယ်။ သူ့အမေရင်းက သူ့တို့ကို ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အတွက် မြန်မာလိုဆို သူ့ မွေးစားအမေ ပေါ့၊ သူ အသက်ကြီးမှာ တွေ့တာမျိုးပါ ဒါပေမယ့် သူ့အပေါ် အမေလို ညီအမလို သူငယ်ချင်းလို ကောင်းတဲ့ သူပါတဲ့။ နောက်ကြုံရင် အဲ့သီချင်းကို ပြန်ပြီး တင်ပါအုံးမယ်။ ခုတော့ ဒီ  A Shape of You ဆိုတဲ့ သီချင်းလေး ကို ခံစားကြည့်ကြပါအုံးနော်။ တချို့ ဆိုက်ဒ် တွေမှာ သီချင်းကို  A Hole In My Heart ဆိုတဲ့ နာမည်နဲ့လဲ ရေးထားတာတွေ မိပါတယ်။

နှစ်သက်ကြမယ်ထင်ပါတယ်နော်။ ဒီသီချင်းလေးကို ဘာသာပြန်ပေးမယ်လို့ ပြောထားတဲ့ တယောက်သောသူ အတွက် ပြန်ပေးတာပါ။ သူလဲဘတ်မိရင် ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လေ။   



"A Shape of You "

September settled softly
Leaves are starting to fall
I recall, last time you were here
Your laughter a melody that lingers still

There's a hole in my heart
And I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart in the shape of you

Time stealing swiftly
Children having children of their own
And around life's merry-go round goes
And there you are wanting what you cannot hold

There's a hole in my heart
And I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart in the shape of you

Even though my heart aches
There's a smile on my face
Just like a window to heaven
There's a light shining through

This hole in my heart so I carry it wherever I go
Like a treasure that travels with me down every road
There's this longing lonesome and deep
Kind of bitter, kind of sweet
There's a hole in my heart
There's a hole in my heart
There's a hole in my heart in the shape of you



မင်းရဲ့ ပုံရိပ်

စက်တင်ဘာကတော့ အေးငြိမ်းသက်သာ ကုန်ဆုံးတော့မယ်လေ
အပင်တွေလဲရွက်တွေ ကြွေစပြုလို့ပေါ့
အရင်တခေါက် မင်းဒီမှာ ရှိတုံးကို သတိရမိသေးတော့တယ်
မင်း ရယ်သံ သဲ့သဲ့ဟာ သံစဉ်တွေလို တွယ်မီစေတုံးပေါ့

ငါ့ နှလုံးသားထဲမှာ အပေါက်တစ်ခုရှိနေပါတယ်
ငါဘယ်သွားသွား အဲ့ဒီ ကွက်လပ် ကိုသယ်ဆောင်လို့
အဖိုးထိုက်တန်တဲ့ ရတနာတစ်ခုလို ငါနဲ့ ခရီးလမ်းတွေတလျောက်တူတူလိုက်ပါရင်း
တမ်းတမှုတွေဟာ အထီးကျန်မှု နက်နက်ထဲမှာ
ချိုတိုတို ခါးသက်သက်နဲ့ပါ
ငါ့နှလုံးသားထဲမှာ ကွက်လပ်တခု မင်းပုံရိပ်နဲ့ပေါ့

အချိန်တွေက ခိုးသွားတာ မြန်လိုက်တာ
ကလေးတွေတောင် သူတို့ရဲ့ကလေးတွေရှိလာနေပြီလေ
ဘဝရဲ့ သံသရာ စက်ဝန်းကတော့ လှည့်ပတ်မြဲလှည့်ပတ်ဆဲ
အဲ့လို ဘဝထဲမှာ မင်းတို့ ငါတို့က
ကိုယ်မနိုင်တဲ့ အရာတွေကို လိုချင်တပ်မက်ရင်း စီးမျော  

ငါ့ နှလုံးသားထဲမှာ အပေါက်တစ်ခုရှိနေပါတယ်
ငါဘယ်သွားသွား အဲ့ဒီ ကွက်လပ် ကိုသယ်ဆောင်လို့
အဖိုးထိုက်တန်တဲ့ ရတနာတစ်ခုလို ငါနဲ့ ခရီးလမ်းတွေတလျောက်တူတူလိုက်ပါရင်း
တမ်းတမှုတွေဟာ အထီးကျန်မှု နက်နက်ထဲမှာ
ချိုတိုတို ခါးသက်သက်နဲ့ပါ
ငါ့နှလုံးသားထဲမှာ ကွက်လပ်တခု မင်းပုံရိပ်နဲ့ပေါ့

ငါ့နှလုံးသားတွေ နာကျင်နေပေမယ့်လဲ
ငါ့မျက်နှာကတော့ ပြုံးရိပ်ယောင်ယောင်နဲ့ပါ
ကောင်းကင်ဘုံက ပြတင်းတပေါက်လို
လင်းဆန်း ရောင်ခြည် ဖြတ်သန်းတောက်ပလို့ပေါ့

T Chen
3:06 PM
Wednesday
3rd December 2014
LTO, Yangon | MYANMAR


Monday, December 1, 2014

"Satisfied"

"Satisfied"

If you love somebody
You better let it out
Don't hold it back
While you're trying to figure it out
Don't be timid
Don't be afraid to hurt
Run toward the flame
Run toward the fire
Hold on for all your worth
Cause the only real pain a heart can ever know
Is the sorrow of regret
When you don't let your feelings show 

တစုံတယောက်ကိုချစ်တယ်ဆိုရင်
ပြောဖြစ်အောင် ဖွင့်ပြောလိုက်ပါ
သေချာမသေချာ တွေဝေနေတဲ့အခိုက်အတန့်မှာတောင်
ရင်ထဲမှာ မြိုသိပ်မထားပါနဲ့
ဖွင့်ပြောဖို့ကို မရှက်ပါနဲ့
အပြင်းပယ်ခံရလို့ နာကျင်ရမှာကိုလဲ မကြောက်ပါနဲ့လေ
မီးတောက်ထဲကို တိုးဝင်လိုက်ပါ
အပူထဲကို တိုးဝင်လိုက်ပါ
မင်းရဲ့ ထိုက်တန်မှုကို ဆုပ်ကိုင်ထားလိုက်ပါလေ
ဘာလို့လဲဆိုတော့ နှလုံးသားက သိနားလည်နိုင်တဲ့
တခုတည်းသော စစ်မှန်တဲ့ နာကျင်မှုဆိုတာ
မင်းရဲ့ ခံစားချက်တွေကို မဖွင့်ပြနိုင်တဲ့
နာကျင်မှု နောင်တပါပဲ
 
[Chorus]
So did you say it
Did you mean it
Did you lay it on the line
Did you make it count
Did you look 'em in the eye
Did they feel it
Did you say it in time
Did you say it out loud
'cause if you did hun
Then you lived some
That feeling inside
That's called satisfied 

ကဲ အဲ့ဒီတော့ မင်းဖွင့်ပြောလိုက်ရဲ့လား
သေချာကော ဆိုလိုရဲ့လား
မင်းနှလုံးသားကို ချခင်းပြလိုက်ရဲ့လား
သေသေချာချာလေးလေ
သူတို့ မျက်ဝန်းထဲကိုကော သေချာစိုက်ကြည့်ရဲ့လား
သူတို့ ခံစားရတာ သေချာရဲ့လား
မင်း အချိန်မီဖွင့်ပြောရဲ့လား
အကျယ်ကြီးကော အော်ပြောရဲ့လား
တကယ်လို့များ မင်းပြောခဲ့တယ်ဆိုရင်တော့
မင်းဘဝမှာ နေပျော်ဖူးပြီ
အဲ့လို ခံစားရတဲ့ ရင်ထဲက ခံစားချက်ကို
ကျေနပ်မှု ပီတိ လို့ခေါ်ပါတယ်

Busy people walking by
Can't help but worry some
With so many things to do
So little love gets done
Empty hearts everywhere
Drowning but dying of thirst
If you want love
It's not that tough
Start by giving it first
It's so easy to give
Baby can't you see
Just close your eyes open your heart
And do what comes naturally 

အလုပ်များနေတဲ့လူတွေ ဖြတ်လျောက်လို့
စိုးရိမ် ပူပန်မှု တွေနဲ့လေ
လုပ်စရာတွေက အများကြီးမှ အများကြီး
ချစ်ခြင်းအနည်းငယ်ကသာ ပြီးမြောက်မှုတွေနဲ့
ကွက်လပ်နဲ့ နှလုံးသားတွေက နေရာတိုင်းမှာ
ရေထဲမှာ နစ်နေပေမယ့် ရေငတ်မှုတွေနဲ့ လှိုက်ဖိုမောလို့
အချစ်ကိုသာ တကယ်လိုချင်တယ်ဆို
အဲ့လောက်မခက်ခဲပါဘူးလေ
အချစ်ကို အရင်သာပေးကြည့်လိုက်ပါ
ပေးရတာ အရမ်းလွယ်ပါတယ်
မင်း မြင်နိုင်ရဲ့လား
မျက်လုံးတွေကို မှိတ် ရင်ဘတ်တွေကို ဖွင့်လို့
သဘာဝ ကျကျလေး လိုက်ပါစီးမျောလိုက်ပါ
 
[Chorus]
Well did you say it
Did you mean it
Did you lay it on the line
Did you make it count
Did you look 'em in the eye
Did they feel it
Did you say it in time
Did you say it out loud
'cause if you did hun
Then you lived some
That feeling inside
That's called satisfied 

ကဲ အဲ့ဒီတော့ မင်းဖွင့်ပြောလိုက်ရဲ့လား
သေချာကော ဆိုလိုရဲ့လား
မင်းနှလုံးသားကို ချခင်းပြလိုက်ရဲ့လား
သေသေချာချာလေးလေ
သူတို့ မျက်ဝန်းထဲကိုကော သေချာစိုက်ကြည့်ရဲ့လား
သူတို့ ခံစားရတာ သေချာရဲ့လား
မင်း အချိန်မီဖွင့်ပြောရဲ့လား
အကျယ်ကြီးကော အော်ပြောရဲ့လား
တကယ်လို့များ မင်းပြောခဲ့တယ်ဆိုရင်တော့
မင်းဘဝမှာ နေပျော်ဖူးပြီ
အဲ့လို ခံစားရတဲ့ ရင်ထဲက ခံစားချက်ကို
ကျေနပ်မှု ပီတိ လို့ခေါ်ပါတယ်

[Bridge]
Horses are built to run
The sun is meant to shine above
Flowers are made to bloom
And then there's us
We were born to love 

မြင်းတွေဆိုတာ ပြေးဖို့ပါ
နေဆိုတာလဲ အပေါ်ကနေ သြကာသ လောက တခုလုံးကို တောက်ပစေဖို့ပေါ့
ပန်းလေးတွေဆိုတာ ဖူးပွင့်လာဖို့လေ
ပြီးတော့ တို့တွေ…..တို့တွေကရော
တို့တွေကတော့ ချစ်ဖို့ မွေးဖွားလာကြတာပေါ့
 
[Repeat Chorus]


T Chen 
3:53 PM
1st Monday, Dec 2014
LTO | Yangon | Myanmar





 

နမ့်ခမ်း ၃၇ လမ်း အလယ်ဘလောခ်



တီချမ်း ဘလောခ် ကို ပုံမှန်ဘတ်နေကြတဲ့ သူတွေက တီချမ်း ဘယ်လောက် အစားပုပ်သလဲ၊ ဘယ်လောက် စားသလဲ၊ အကောင်း ဘယ်လောက်ကြိုက်သလဲ ဆိုတာ သိကြပြီးသားပါ။ သူငယ်ချင်းတွေထဲမှာလဲ အမြဲလိုလို ဆိုင်ကောင်းကောင်းတွေ သိချင်ရင် ဖုန်းဆက်မေးကြ ပြုကြ ဘာညာ အမြဲရှိပါတယ်။

တနေ့ကလဲ စာဘတ်သူတယောက်က တီဟာ စားလိုက်မှာ တဖြဲနှစ်ဖြဲ (သူ့စကားလုံး မဟုတ်ပါ) သို့သော် ဝလဲမဝလာဘူး သိပ်မနာလို စရာကောင်းတာပဲ ဘာညာ ပြောလာပါတယ်

ဟုတ်ပါတယ် ဒီအတိုင်းကြည့်ရင်တော့ တီ့ အရပ်နဲ့ အလောင်း အဲအဲ အမောင်းက တီ့ ခန္ဓာကိုယ်နဲ့ ဆို အတော်ပါပဲ ဝ တဲ့ထဲမပါပါဘူး BMI မျှပါတယ်

သို့သော် တီ စားတာကို ဘေးက ထိုင်ကြည့်ရင်တော့ ပြိတ္တာလိုစားပြီး နတ်သမီးလေးကို မဝဘဲ လှသော တီချမ်းပါလား ဆိုတာ သဘောပေါက်လာမှာ

အဲ့တာဆို စာဘတ်သူက ပထမ တီ့ကို အားကျပါမယ် ပြီးရင် အမြင်ကပ်ပါမယ် နောက်တော့ မနာလို မုန်းထား ဖြစ်ပါမယ် ခိခိ တီက လှနေတာကိုးလေနော်

ထားပါတော့ အဲ့တာနဲ့ တနေ့က သူငယ်ချင်း စပစမ လုပ်ထားတဲ့ ဖွတ်အွန်သည်စထရိ ဆိုတဲ့ ပေ့ခ်ျ့ ကလေးကိုကြည့်ပြီး တီလဲ စားထားသမျှ လစ်လုပ်ထားရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ ခု ဒါလေးကို ရေးလိုက်တယ်

နောက်နေ့တွေလဲ ကြုံရင် ကြုံသလို စားသမျှ ဖဘကနေ အကုသိုလ်ယူပါမယ်

ဒါလေးတွေကတော့ ၃၇ လမ်း အလယ်ဘလောခ်မှာ ရှိတဲ့ နမ့်ခမ်း ရှမ်းပုံစားဆိုင်လေးပါ အရင် ၃၇ လမ်း အပေါ်ဘလောခ် မှာ နေတုံးက ခဏခဏ လာစားဖြစ်ပါတယ် ခုတော့ မရောက်တာ ကြာပါပြီ သို့သော် အခုတလော လအလိုက် ပန်းဆိုးတန်းမှာ ရုံးထိုင်ဖို့ အကြောင်းဖန်လာတဲ့အတွက် ခုတလော ပြန်စားဖြစ်ပါတယ်

သူတို့ဆိုင်ရဲ့ ထူးခြားချက်က ခရမ်းချဉ်သီး ပန်ထွေဖျော် ရှမ်းစတိုင် ပဲပုပ်နဲ့ သခွားသီး ပေးတာရယ် စွန်တမ် ချဉ်စပ် ဟင်းရည်လေးပေးတာရယ်ပါပဲ

အသားတမျိုး အရွက် ၂ မျိုး ၁၈၀၀ ထင်ပါတယ်
အသား ၂ မျိုး အရါက် ၁ မျိုး ၂၀၀၀ ကျပါမယ်

ပိုလဲ နည်းနည်းပေါ့

ကြိုက်သလောက်စား ကျသလောက်ပေးပါ

ပုံစား မဟုတ်ဘဲ ဟင်းချည်းပဲ မှာပြီး ထမင်း နဲ့ စားလဲရပါတယ်

မနက်ဆိုရင်လဲ ရှမ်းခေါက်ဆွဲ၊ ဂျုံ အရည်၊ ဆီချက်၊ ဆန်စီး မြီးရှည် တိုဟူးနွေး အကုန်ရပါတယ် ကောင်းလဲ ကောင်းပါတယ်။ ကြက်ဝက် ၂ မျိုးရပါတယ်

နော်က အမဲလုံး အမဲစွပ်လဲ ရပါတယ် အဲ့တာတွေကို ခေါက်ဆွဲတွေနဲ့ စားလဲရတယ်

ပြီးတော့ ရှမ်းပြန်ထွက်ကုန်လေးတွေဖြစ်တဲ့ လက်ဘက်ခြောက် ပဲနို့ရည် နေကြာစေ့ စွန်တန် ဟင်းရည် လုပ်သောက်တဲ့ ချဉ်စော်ခါးသီး ခြောက် စတာတွေလဲ ရပါတယ်

စိတ်ဝင်စားရင် သွားစားကြည့်ကြပါ နော် ဒီနေ့ စားထားတဲ့ ပုံလေးက ဝက်ဆီဖတ်ကြော် (အသေကောင်း) ရယ် ဍရင်ကောက်ရွက်ကြော် (ခါးပေမယ့် တော်တော်ကောင်းရယ်) ဝက်နားရွက် ကြော်ရယ်ပါ

သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေး အဖြစ် လမ်းညွှန်လိုက်ပါတယ်နော်

#tchen

#FOTS

T Chen
3:07 PM
Pan Soe Dan St, LTO
Yangon | Myanmar