Sunday, December 28, 2014

ရည်းစားဟောင်းများသို့



မင်းကို သတိရပါတယ်ပြောရင် 
စပျစ်သီးတွေ ဝယ်လာအုံးမှာလား

မင်းကို သတိရပါတယ်ပြောရင် 
ကြယ်တွေကြည့်ဖြစ်တယ် ပြောအုံးမှာလား 

မင်းကို သတိရတယ် ပြောရင် 
ဘာဂါ စားတိုင်း လွမ်းတယ် ပြောအုံးမှာလား

မင်းကို သတိရတယ်ပြောရင် 
အနွေးထည် က အနွေးဆုံးပြောအုံးမှာလား

အတူတူမနေရတော့ဘူးဆိုတိုင်းလဲ မချစ်တော့တာမှ မဟုတ်တာနော် 
အတူတူမနေဖြစ်တိုင်းလဲ သတိမရတာမှမဟုတ်တာဘဲလေနော် 

(ချစ်တိုင်းလဲမညားမှ)

တီချမ်း
နံနက် ၃နာရီ  ၃၇ မိနစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့ 
၂၀၁၄ ခုနှစ် 
D Spa 

No comments:

Post a Comment