Sunday, December 8, 2013

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

ယောက်ျားတွေဟာ တစ်ခါတစ်ခါ သိပ်ကို တုံးအ နေတတ်ပြန်ပါတယ်။ သူတို့တွေဟာ မိန်းမတွေ စိတ်ထဲမှာဘာဖြစ်နေတယ် ဘာတွေးနေတယ် ဘာလိုချင်နေတယ်ဆိုတာ သိလေ့မရှိကြပါဘူး။


ဥပမာ လမ်းခွဲကြမယ့်အချိန်မှာ…..ကိုယ်က …..မျက်ရည်လည်ရွှဲနဲ့ ……..
“ကျမနောက်ကို ရှင့်မျက်နှာ ဘယ်တော့မှ မမြင်ချင်ဘူး။ ရှင်ထွက်သွား” လို့ပြောလိုက်ရင် သူက တကယ်ပဲ ကိုယ့်စကားကို မြေဝယ်မကျ နားထောင်ပြီး ခေါင်းငိုက်စိုက်နဲ့ ထွက်သွားတော့တာပါပဲ။

သူကိုယ့်ကိုပွေ့ဖက်ထားတုံး ကိုယ်က……သူ့ကိုတွန်းလွှတ်ပြီးတော့………
“လွှတ် ရှင်ကျမ ကိုလွှတ်။ ကျမ အသားကို မထိနဲ့”…….လို့များပြောရင် သူတကယ်ပဲ အူကြောင်ကြောင် (သူဘာများ အမှားလုပ်မိလို့လဲဆိုတဲ့ မျက်နှာ နဲ့) လွှတ်ပြီးတော့ ချောင်တစ်ခုမှာ ကုတ်နေတတ်ပါတယ်။ (အမှတ်တရ ထဲက မောင့်ကိုတောင်သတိရမိသေးတော့)

တစ်ခါ ကိုယ်က
“ရှင့်အသံကို ကြားရတာ မီးလို ပူလောင်လွန်းလို့ ရှင့် အသံ ကို မကြားပါရစေနဲ့တော့” လို့ပြောမိရင်……..သူက ဖုန်းတောင်မဆက်ရဲတော့ဘူး။

ကိုယ်က “ကျမတို့ လမ်းခွဲကြရအောင်…….ရှေ့ဆက်ပြီး တူတူနေလို့မဖြစ်တော့ဘူး” လို့ပြောရင်……….။ အဲ့ဒီစကားတခွန်းကိုပြောတုံးက ကိုယ့်ပုံက အေးစက်စက်နဲ့ သိပ်ပြတ်သားပုံပေါက်နေပေမယ့် တကယ့်တကယ်က ကိုယ် ဘယ်လောက်ထိ ပြတ်သားရမလဲ ကိုယ့်ဘာသာသေချာလဲမသိသေးပါဘူး။ တကယ်က ကိုယ်အဲ့လောက်ထိပြတ်သားသေးတာလဲမဟုတ်ပါဘူး။ တကယ်က ကိုယ်လိုချင်တာ သူ့ဆီက တောင်းပန်လာမယ့် စကားတခွန်း…….သူကသာ “ကိုယ်မှားပါတယ်ကွာ ကိုယ့်ကို အမှားပြင်ဆင်ခွင့်၊ ကြိုးစားကြည့်ဖို့ နောက်ထပ် အခွင့်အရေးလေးပေးပါလို့များ တောင်းပန်လာခဲ့ရင်…….ကိုယ်စိတ်ပျော့ပြီး ခွင့်လွှတ်မိအုံးမှာပါ။ ဒါပေမယ့် သူက စိတ်ဓါတ်ကျ ကြေကွဲ မျက်ဝန်းတွေနဲ့ ကိုယ့်ရှေ့က ခေါင်းငိုက်စိုက်ထွက်ခွာ…….ပြီးတော့ ဖုန်းလဲ ဆက်မလာရဲ……..အဆက်အသွယ်လဲ ထပ်မလုပ်ရဲ…….ကိုယ်ပြောတဲ့ စကားတခွန်းကို တကယ် အတည်ယူလို့………..ကိုယ်တကယ်ပဲ သူနဲ့ လမ်းခွဲချင်ပြီ လို့ ထင်။

သူက မဆက်သွယ်လာတော့ ကိုယ်ကလဲ စပြီး သူ့ကို မဆက်သွယ်ချင်၊ ဆက်သွယ်လို့မရ ကိုယ့်ရဲ့ခေါင်းမာမှုက ခွင့်မပြု၊  မာနတွေကို မချချင်……ဒီလိုနဲ့ပဲ ကိုယ်တို့ နှုတ်မဆက်ရဘဲ လမ်းခွဲ ထွက်ခွာ……ကြေကွဲ။

အမှန်က ကိုယ်က တကယ်လမ်းခွဲရမလား မခွဲရဘူးလားကြားမှာ လူးလာခေါက်တုံု့ ဝေခွဲမရဖြစ်နေတုံးပဲရှိသေးတာ။ ဒါပေမယ့်လဲ နောက်ဆုံးတော့ လမ်းခွဲ ကြဖို့ ဆိုတဲ့ လမ်းကသာ ကိုယ့်အတွက် ရွေးချယ်စရာ ကျန်တော့………

တကယ်လို့ သူသာ အဲ့လောက် မတုံးအခဲ့ဘူးဆိုရင်…ကိုယ်တို့ဇာတ်လမ်းက အဆုံးသတ် နောက်တမျိုးဖြစ်အုံးမှာ။ သူဒီလောက်တောင် ချစ်တဲ့ မိန်းမတစ်ယောက် စိတ်ထဲမှာ ဘာတွေတွေးနေလဲ ဆိုတာ သူအဲ့လောက်တောင် မရိပ်မိဘူးလား။ ဇာတ်လမ်းက မဆုံးသေးဘဲ နောက်ထပ် ဆက်ရန် ကျန်သေးလို့ ရတယ်ဆိုတာ သူမသိဘူးလား။ သူသာ တကယ်မပြတ်ချင်သေးရင် ကြိုးစားချင်စိတ်ရှိသေးရင် ကိုယ်တို့ တကယ်လမ်းခွဲစရာ မလိုဘူး ဆိုတာ သူ နည်းနည်းလေးမှတောင် မတွေဝေမိဘူးလား။

ဒါပေမယ့်လဲပေါ့လေ……မောင်တို့ ယောက်ျားတွေဟာ တကယ်တော့လဲ အဲ့လောက် မတုံးအ ပါဘူးလေ။ တကယ်လို့သာ ကိုယ်ကများ……..“ရှင်သွားသေလိုက်လေ” လို့ ပြောရင် သူတို့ တကယ် သွားမသေပါဘူး။ အဲ့လို အချိန်ကျတော့ သူတို့လောက် လည်တာ နှစ်ယောက်ျမရှိဘူး။ ကိုယ်တကယ်သေစေချင်လို့ ပြောနေတာ မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်း သဘောပေါက်ပါတယ်။

T Chen
11:11 AM | 5th Dec 2013 | Thursday
J’s Donut, Yaw Min Gyi St | Yangon | MYANMAR

Long live the King.   






Thursday, December 5, 2013

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?

တနေ့က ဖဘ မှာ သူငယ်ချင်းတယောက် သူ့ဘဝရဲ့အရေးကြီး ကိစ္စ နဲ့ ခေါင်းစားနေကြောင်း စတေးတပ်စ် တင်လာပါတယ်။ ထုံးစံအတိုင်း အိမ်ထောင်ရေး ပွေလီပွေလာတွေပေါ့။ အရင်ကလဲ သူ့ကို ခဏခဏ ကွာလိုက်ပါတော့ ကွဲလိုက်ပါတော့ အကြံတွေပေးဖူးပါတယ်။ သို့သော်လဲ သူကပဲ ခေါင်းမာတာလား ခေါင်းမပါတာလားမသိပါဘူး။ မကွဲနိုင်သေးပါဘူး။

သို့သော် အဲ့လိုမျိုး ဖဘမှာ တခါတခါ ဘာလုပ်ရမလဲ မသိတော့ဘူးတို့၊ စိတ်ညစ်လှပြီတို့ ရေးလာတဲ့အခါ ကိုယ့်သူငယ်ချင်းဆိုတော့ သနားပြန်ပါတယ်။ သို့သော်လည်း သူရွေးချယ်တဲ့လမ်းပဲလေလို့ အသက်တစ်ရာမနေဘဲ အမှုတစ်ရာပါချင်လို့မရဘူးမှလား။

တခါတခါ ကိုယ်တို့တွေ ဘဝမှာ မေးခွန်းတွေနဲ့ တွေဝေတတ်ပါတယ်။ ဥပမာ…..
“သူနဲ့ တကယ် လမ်းခွဲရမှာလား?”
“သူနဲ့ တကယ်ကွာရှင်းရမှာလား?”
“A ကိုရွေးရမလား? B ကိုရွေးရမှာလား?”
“အငယ်အနှောင်းအဖြစ်ဆက်ချစ်နေရဦးမှာလား?”
“ကိုယ်ချစ်နေတာ သူသိအောင် လုပ်ရမလား?”
“တိတ်တိတ်လေးပဲ အဝေးကနေ တဘက်သတ် ဆက်ချစ်နေရမလား?”
“သူနဲ့ တကယ်လက်ထပ်သင့်ပြီလား?”
“သူ့ကို တကယ်ယူရမှာလား?”
“ဆက်ပြီးတော့ ဖောက်ပြန်ရမလား?”
“သူ့ မယားငယ်အကြောင်းကို သိနေပြီလို့ ဖော်ထုတ်ရမလား? မသိချင်ယောင်ဆက်ဆောင်နေပေးရမလား?”

အက်စက်ထရာ အက်စက်ထရာ စတဲ့မေးခွန်းတွေအကုန်ဟာ လူ့ဘဝရဲ့  “အရေးကြီး”တဲ့ အမှတ် (၂၀) ဖိုး မေးခွန်းတွေပါ။

အချိန်ကုန်ခံမနေပါနဲ့လေ။ နောက်ဆုံးတော့ လူ့ဘဝမှာ အဆုံးသတ်မှာ ကိုယ်ဘာလိုချင်လဲပဲ တွေးပါ။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာလိုချင်တာလဲသိရင် အရာရာ အိုကေမှာ စိုပြေလို့ အဆင်ပြေသွားပါလိမ့်မယ်။ ဘဝဆိုတဲ့ အရာဟာလဲ လွယ်ကူရိုးရှင်း သွားပြီး လှပ လာပါလိမ့်မယ်။

တကယ်လို့ ကိုယ်လိုချင်တာက လူပြောသူပြောများနေတဲ့ အရည်မရ အဖတ်မရ “အချစ်” ဆိုရင် သူကမှ ကိုယ့်မချစ်တော့တာ များများ စဉ်းစားမနေနဲ့ ကွာလိုက် ကွဲလိုက် လမ်းခွဲလိုက်။ မိန်းကလေးမို့ကောင်းပါ့မလားတွေ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲတွေ၊ လင်မရှိသော မိန်းမ မောင်ရှိပေမယ့် မတင့်တယ်တွေ လျောက်တွေးမနေပါနဲ့။ လူ့ဘဝက တိုတိုလေးပါ။ စိတ်ချမ်းသာအောင်နေပါ။ အလကား ကိုယ့်အတွက် ရှေ့ဆက် အကျိုးမရှိနိုင်မှာ သေချာနေတဲ့ အရာတွေကို ဆုပ်ကိုင်မထားပါနဲ့။ ဖက်တွယ်မထားပါနဲ့။ ကိုယ့်အတွက်လဲမကောင်းဘူး။ သူ့အတွက်လဲ ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ ကိုယ့်ကိုမှ မချစ်တော့တဲ့ သူတစ်ယောက်ကို  ဘာအတွက် ဆက် ဖက်တွယ်နေတော့မလဲနော်။ ကွာစရာရှိတာကွာ။ ကွဲစရာရှိတာကွဲ။ ပစ္စည်းဆိုတာ ခွဲယူလို့ရတယ်။ လွယ်တယ်။ ငွေဆိုတာကလဲ လူမသေမချင်း ဆက်ရှာနေရမှာ။ ပြန်ရှာလို့လဲရတယ်။ ကလေး ဆိုလဲ ဘယ်သူယူမလဲ ဆုံးဖြတ် ၂ ယောက်ရှိရင် တစ်ယောက် ကို ကလေးတစ်ယောက်ခွဲယူ။ ၄ ယောက်ဆို တယောက် ၂ ယောက်ယူ။ သူ က သေချာယူချင်လား မယူချင်ဘူးလားမေး။ မယူချင်ရင် ကလေးစားရိတ် မယားစရိတ် တခါတည်းတောင်း။ မိန်းမ မာနတွေ ဘာတွေ ဒီနေရာမှာ မတွေးပါနဲ့။ ခေါင်းမမာပါနဲ့။ ယူစရာရှိတာယူပါ။ ကလေးက ကိုယ်တယောက်ထဲ လုပ်လို့ ထွက်လာတာ မဟုတ်။
ဒါတွေက မာနတွေ ဂုဏ်သက္ခာတွေ စတဲ့ စိတ္တဇ နာမ်တွေနဲ့မဆိုင်ဘူး။ လက်တွေ့ကျတဲ့ တာဝန်ယူမှုနဲ့ပဲဆိုင်တယ်။ မွေးတုံးက သူပါခဲ့တဲ့ ကလေးတွေရဲ့တာဝန်ကို သူလဲ ညီတူ မျှတူယူရမယ်။ ကိုယ်ကတော့ ကလေးတွေနဲ့ ဆက်ရုန်းကန်နေရမယ့် အချိန်မှာ သူ့ကို စိတ်လွတ်ကိုယ်လွတ် လူလွတ် လုပ်ခွင့်မပေးထားနဲ့။    

တကယ်လို့ ကိုယ်လိုချင်တာက ပိုက်ဆံ၊ တည်ငြိမ်တဲ့ဘဝ၊ တန်းမီ လူနေမှုအဆင့်အတန်း၊ ဂုဏ်ပကာသနတွေဆိုပါတော့ သူက ကိုယ့်ကို မချစ်တော့ဘူး သို့သော် အဲ့တာတွေ ဖြည့်ဆည်းပေးနေနိုင်သေးတယ်ဆိုရင်လဲကွာစရာမလိုပါဘူး။ ရှင်းပါတယ်။ ကိုယ်ဘာလိုချင်လဲပဲ သေချာသိဖို့လိုတာပါ။

A က စိတ်တိုတယ်၊ ထက်တယ်၊ အတ္တကြီးတယ် သို့သော် လောလောဆယ်မှာတော့ နူးနူးညံ့ညံ့၊ ကြမ်းကြမ်းတမ်းတမ်း၊ ရိုမန်တစ်ဆန်ဆန်၊ ချစ်တတ်တယ်။ စွန့်စားမှုကို မြတ်နိုးတယ်၊ ဘဝမှာ အံချီဘနန်းစရာတွေ၊ ရင်သတ်ရှုမောစရာတွေကိုယ့်ကိုပေးမယ်။ အသက် ၇၀၊ ၈၀ တယောက်တည်း အပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ အသက်ကြီးလာရင် အထီးကျန်မှာ မကြောက်ဘူး။ A ကိုရွေးပါ။

B ကတော့ ရိုးသားတယ်။ အေးဆေးတယ်။ အဲ့အတွက်ကြောင့်မို့ “ပျင်း”စရာကောင်းတယ်။ စိတ်လှုပ်ရှားစရာမရှိဘူး။ ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းချင်တယ် အသက် ၇၀၊ ၈၀ ထိလဲ တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက် ရိုးမြေကျ ပေါင်းချင်တယ်။ ကိုယ့်ကို ဆံဖြူသွားကျိုး စောင့်ရှောက်မယ့် သူတယောက် လိုချင်တယ် ဆိုရင်…. B ကိုရွေး။   

ကိုယ့် ကာမပိုင်လင် ယောက်ျား နဲ့ တိတ်တိတ်ပုန်း ချစ်သူဆိုရင် ယောက်ျားကိုတော့ ပိုချစ်တတ်ကြတာ သဘာဝပါ။ ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ လင်ယောက်ျားနဲ့ပဲ ရိုးမြေကျ ပေါင်းဖက်ချင်ကြတာပေါ့။ အဲ့တာဆို လွယ်လွယ်လေးပါ။ မဖောက်ပြန်ပါနဲ့။ တိတ်တိတ်ပုန်းချစ်သူတွေ ပွင့်ပွင့်လင်းလင်း ချစ်သူတွေ မထားပါနဲ့။

လူ့ဘဝမှာ စိတ်အရှုပ်ရဆုံးဆိုတဲ့အရာဟာ “ရွေးချယ်မှု” တွေမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်တကယ်လိုချင်တာက “ဘာဆိုတာ” မသိမှုပါ။ တနည်းပြောရရင် ကိုယ့်ကိုယ်ကို နားမလည်တာ။ ဘာလိုချင်မှန်းသေချာ မသိတာ။ ဝေခွဲမရဖြစ်တာ၊ တွေဝေတာ။

ဘဝ ရဲ့အထွတ်အထိပ်တွေမှာ နောက်ဆုံးချိန်တွေမှာ ကိုယ့်ဘေးနားမှာ ဘယ်လိုလူတွေ ရှိစေချင်တာလဲဆိုတာ မသိတာ။ 

အချိန်တွေ မဖြုန်းပါနဲ့တော့။ 
လုပ်နေတာတွေ ခဏလေးရပ်လိုက်။
အချိန်ယူ။
စဉ်းစား။

ဘဝမှာ “နောက်ဆုံး” ကိုယ်ဘာကို (တကယ်) လိုချင်တာလဲ?......

T Chen
12:26 PM
5th Dec 2013 | Thursday
Ya Kun, Bread Shop, Parksan Shopping Mall
Yangon | MYANMAR

Long Live the KING


Tuesday, November 12, 2013

To Angel from Alaska



I worship you
I admire you
I fell down my kneels for you
From time to time
And again and again

It been over two decades
That I been loving you from a distance
I listening about you from time to time
On the TV on the radio
Read about you from page to page
In the magazines

I am afraid to know you more
As sometime the jokes you makes
Expose you a little
And I am afraid that,
That will ruin my mental image of "the perfect you"

And I am afraid that if I get to know the real you
The sharp ends of what you say
Will be my sentence for life long imprisonment

And I have to confess,
Even I am not a big fan of breasts
I did ogle your half shown big firms twins
On the cover of magazines
I did appreciate them and their beauty
But again, let me stress
I am not a big fan of breasts 
 
Now that you are riding with devil
Towards the breaking dawn
In the spirit of maintaining innocence
All I can wish is
May be and just a may be
My dreams to last as long as possible
I know I am playing a foolish game
But when I drink my cup of coffee
I miss you sitting next to me
Eating your pancake with maple syrups

I don't have a little sister
But there's a hole in my heart
Which perfectly clear
That is in your shape
Hearts are broken everyday
But again and again I fall for you

To serve my ego
In this grey matters
…….

If I could tell the world just one thing
It would be
I love you "Jewel"

T Chen
10 45 AM
11th November 2013
Monday
On the bus
NPT highways


Saturday, November 2, 2013

အပြောင်းအလဲ

အပြောင်းအလဲ



ကိုယ်ရုပ်ရှင်ကြည့်နေရင်း အတွေးလေးပေါ်လာလို့ပါ။ Gossip Girl ကို အစကနေပြန်ကြည့် နေရင်းနဲ့  Rufus နဲ့  သူ့မိန်းမ Alison တို့ တယောက်နဲ့ တယောက် ပြန်သင့်မြတ်ဖို့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခု ကို မပျက်စီးအောင် ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေကြရင်းနဲ့ Rufus ကလဲ သူ့ရည်းစားဟောင်း Lilly နဲ့ ပြန်ဆက်မိသလို၊ Alison ကလဲ သူ့ ရည်းစား  Alex  နဲ့ ပတ်သက်မှု မရပ်နိုင်တာ ကြည့်ရင်း အတွေးလေးတွေပေါ်မိပါတယ်။

ကိုယ်လဲ ရည်းစားအသစ်ရနေတယ်။ အမှန်တော့ ကိုယ်နဲ့ မောင် အတူတူနေတာ ၂၀၀၅ ထဲကဆို ခု ၈ နှစ်ထဲမှာပေါ့။ ခုတလော ကိုယ်ခြေလှမ်းပျက်နေတာ မောင်ကလဲ ရိပ်မိပါတယ်။ ကိုယ်ကလဲ မဘုန်းကွယ်ခဲ့ဘူးလေ။ မောင်ကလဲ ပြောလာတာက သူ့ကို အခြားတယောက် ကလဲ ဇာတ်လမ်းတွေထွင်နေပါသတဲ့။ သူကတော့ အဲ့တယောက် သူ့ကို စ"ကျူ" နေကတည်း က သူ့မှာ မိန်းမ ရှိတယ်လို့ ပြောထားပါသတဲ့။

အရင်ကလဲ ကိုယ်ခုလို ခဏခဏ မကြာမကြာဆိုသလို ခဏချစ် ရှာတတ်ပါတယ်။ ကိုယ့် ဆင်ခြေကတော့ Relationship တခုက ကြာရင် ပျင်းလာလို့ "ဖြည့်အား" ရှာတယ်ပေါ့လေ။ အဲ့လိုဖြစ်တိုင်းလဲ မောင့် ခံစားချက်၊ ရပ်တည်ချက် စတာတွေကို မတွေးမိပါဘူး။ မောင့် အနေနဲ့သာဆိုရင် ဘယ်လိုဖြစ်မလဲ ဘယ်လိုခံစားရရှာမလဲ လို့ တခါမှ မတွေးကြည့်ခဲ့မိတာ အမှန်ပါ။ ကိုယ့်ဘာသာတော့ တယောက်ထဲ နဲ့ ကာလရှည်ကြာလာရင်  relationship တခုမှာ kick လိုတယ်ပေါ့။

အမှန်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့တွေရဲ့ ငြီးငွေ့မှုကို တခြား အသစ်အသစ်တွေနဲ့ ရှာဖွေ ဖြေဖျောက်ဖို့ ကြိုးစားကြည့်ကြတယ်။ လူဟောင်းကိုပဲ အချစ်သစ် နဲ့ တဖန်ပြန်ချစ်ကြည့်ဖို့ မကြိုးစားကြည့်ကြဘူး။ အဲ့လိုပဲ တကယ်လို့နောက်ဆုံး တနေ့ ကိုယ့်တို့ နှစ်ယောက် အချင်း ချင်း မပြတ်နိုင်တဲ့ တနေ့ကျရင် အဲ့ဒီ ဘေးလူတွေ ဘယ်လို ကျန်နေခဲ့မယ်။ ဘယ်လို ခံစား ရမယ် ဆိုတာမျိုးလဲ မတွေးမိပေးကြပြန်ဘူး။

ကိုယ်တွေက ကိုယ့်ဘဝရဲ့ ပျင်းတဲ့ အချိန်တွေမှာ သူတို့ ကို ခဏတာ အစားဖြည့် ပျော်ပြီးတော့ ကိုယ်တို့ တွေအပျင်းပြေသွားတဲ့ တနေ့ ပြန်လည်သင့်မြတ်သွားကြတဲ့ တနေ့ကျတော့ သူတို့ တွေကို လွယ်လင့်တကူထားခဲ့ပြီး ပြန်လည်ပေါင်းဖက်ကြပေါ့လေ။

ဒါပေမယ့် နှာခေါင်းသွေးဆိုတာာ အပျက်အပျက်နဲ့ မှထွက်တာမျိုးပါလေ။ ဟော ခုလိုကျတော့ မောင်ကလဲ ကိုယ်က အသစ်ကို အတည်ချစ်နေပြီ ထင်လာတဲ့အခါမျိုးမှာ…….ကိုယ်ကလဲ မောင် ကိုယ့်အပေါ်ဖုံးကွယ်မှုတွေရှိလာပြီ ထင်လာချိန်မျိုးမှာ…….အစစ အရာရာ အသေးအဖွဲ လေးတွေက အစ အထင်လွဲစရာတွေချည်းဖြစ်လာတတ်ပါတယ်။ သံသယ နဲ့ အရာရာ ကို ကြည့်လာကြပြီလေနော်။    

ဒီလိုနဲ့ အပျင်းပြေ ခဏတာ လို့ ကိုယ်တွေ လိုသုံးသုံးခဲ့ကြတဲ့သူတွေဟာ ကိုယ်တို့ ရဲ့ ပြဿာနာ အရင်းမှန်မဟုတ်ဘဲ၊ တယောက်ကို တယောက် သံသယရှိတတ်လာတာ။ အကောင်းမမြင်နိုင် တော့တာ။ တယောက်ဘာပဲ လုပ်လုပ် အပြစ်လို့မြင်လာတာ စတာတွေကသာ ကိုယ်တို့ ရဲ့ ပြဿာနာ အစစ်အမှန်တွေဖြစ်လာတော့တာပဲ။

တကယ်တော့ အချိန်က ကိုယ်တို့ကို "ပြောင်းလဲ" ပေးလိုက်တယ်ထင်တယ်နော်။ ဘေးလူ တွေကို ဘယ်လိုပဲ အကြောင်းပြပြ၊ ဘယ်လိုပဲ အသုံးချချ၊ ဘေးလူတွေက  ဘယ်လိုပြောပြော ဘယ်လိုမြင်မြင် ကိုယ်တွေက သာ တကယ်ပြောင်းလဲ ကုန်ရင် Relationship ဟာ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ ကိုယ်တို့ အချစ်တွေလဲ ကိုယ်တို့ ပြောင်းလဲမှု တွေ နဲ့ အတူ ပြောင်းလဲ ကုန်တာကိုးနော်။

အဲ့တော့ ကိုယ့်ဘေးက လူကို တကယ်တန်ဖိုးထားတယ် ချစ်တယ်ဆိုရင် သူတို့ ရှိနေချိန်မှာ သူတို့ တန်ဖိုးကို သိပါ၊ မြင်ပါ၊ အလေးထားပါ။ တကယ်လို့ အရာရာ နောက်ကျကုန်မှ ပြန်လည် အဖတ်ဆယ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပျက်ပြီးသား ကြိုးက ပြန်ဆက်ရင် ဆက်ထုံးရှိ သလိုပဲ၊ ဒဏ်ရာ ရထားတဲ့ နှလုံးသားကလဲအမာရွတ်ရှိနေမှာပါ။ အဲ့တာကြောင့် တကယ်ချစ်တဲ့ သူကို တန်ဖိုးထားနိုင်ပါစေ၊ ပြဿနာကို မြင်နိုင်ပါစေ၊ ပြင်နိုင်ပါစေ၊ အပြောင်း အလဲတွေ ရှိခဲ့ ရင်လဲ အချိန်မနှောင်းခင် ပြင်နိုင်ပါစေလို့………….  

Tချမ်း
1:15 AM | 30th Sept 2013 | Monday | D's Place Office | San Chaung T/S |
Yangon | MYANMAR

Wednesday, August 28, 2013

ဘယ်သူလဲ?

ဘယ်သူလဲ? 

" ဒေါက် ဒေါက် ဒေါက်"

အချစ်လား? 
ဝင်ခဲ့လေ 
တံခါး ဖွင့်ထားတယ် 

(မတွေ့တာကြာပြီနော်)

တီချမ်း 
အချစ်ဒဿနများ 
၅း၂၄ မိနစ်
၂၈ရက် သြဂုတ်လ
၂၀၁၃ ခုနှစ် 
ဒီနေရာ ၊ ရန်ကုန် ၊ မြန်မာ။


Friday, August 16, 2013

ပိုးဟပ် သီဝရီ

ပိုးဟပ် သီဝရီ

August 16, 2013 at 7:36am



ခုတလော စထရက်စ်တွေ အရမ်းများနေပါတယ်။ အလုပ်တွေ ပိနေတာပါ။ ငွေနောက်လိုက်မိတဲ့ ကိုယ့်အပြစ်ပဲပေါ့။ အမှန်က ကိုယ်ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိတာပါသလို၊ လုံးလုံးတော့လဲ ကိုယ့်အပြစ်ချည်းမဟုတ်ဘဲ အညာခံရတာပါပါတယ်။ ထားပါတော့။ ပြောချင်တာက အောက်မှာပါတဲ့ အီးအော် ကိုကြည့်ပါ မြန်မာပြန်ကတော့ ဒီလိုလေးပါတဲ့.......

ကိုယ့်ကိုကိုယ်တိုးတက်မှု အတွက် ပိုးဟပ် သီဝရီ ကို ကြားဖူးကြပါသလား? 

စားသောက်ဆိုင်တခုမှာဖြစ်ပါတယ်။ ပိုးဟပ်တကောင်ဟာ ဘယ်ကမှန်းမသိ ပျံသန်းလာပြီးတော့ အမျိုးသမီး တယောက်ရဲ့ ပေါင်ပေါ်မှာ သက်ဆင်းပါတယ်။ မိန်းမဆိုတာ အော်လိုက်တာ ကြွက်ကြွက်ညံ ဝက်ဝက်ကွဲ ပေါ့လေ။ (ဟုတ်ကဲ့ ပိုးဟပ်တင်မက ကြွက်တွေကော ဝက်တွေပါပါတယ်)။ မျက်နှာ တခုလုံး ရှုံမဲ့ပြီးတော့ အသံတုန်တုန်ပြာပြာ ဝါဝါ ကွဲကွဲ နဲ့ကို တုန်လှုပ်ခြောက်ခြားစွာ အော်ပါသတဲ့။ (အတိသရဝုတ္တိ များစွာနော်) ပြီးတော့ ခုန်တယ်၊ စွတယ်၊ အော်တယ် ထပ်ခုန်တယ်၊ လကနှစ်ဘက်နဲ့လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ ပိုးဟပ် ကိုဖယ်ဖို့ ကြိုးစားပါသတဲ့။ အဲ့လို သူမက ခုန်လိုက် အော်လိုက် လက်တရမ်းရမ်း လုပ်နေတာ သူမတို့ တဖွဲ့လုံးက မိန်းမတွေကို ကူးစက်ပြီး အကုန် ခုန်ဆွဆွ ဖြစ်ကြကုန်လေသတဲ့။

နောက်ဆုံးတော့ အဲ့ဒီ မိန်းမ အောင်မြင်စွာ နဲ့ သူ့ကိုယ်ပေါ်က ပိုးဟပ်ကို ခါထုတ်လို့ရသွားပါတယ်။ ဒါပေမယ့် ပိုးဟပ်က သူ့ကိုယ်ပေါ်ကနေ သူတို့ အဖွဲ့ထဲက နောက် မိန်းမတယောက်ဆီ ထပ်ကပ်သွားတော့ တခါ အကုန်လုံး ခုန်ဆွဆွ အော်ကြ ဟစ်ကြ လက်ခါ ကြ လုပ်ကြပြန်ပါတယ်။ 

လာပါပြီ။ မင်းသား ကယ်တင်ရှင် သူရဲကောင်း အမောင် မဟာ................................................စားပွဲထိုး 
အဲ့အချိန်မှာပဲ ဒုတိယ မိန်းမ ခါထုတ်လိုက်တဲ့ ပိုးဟပ်က ကယ်တင်ရှင် စားပွဲထိုးပေါ် ကို ကျသွားပါသတဲ့ မောင်ညီမလေးတို့ရယ်။       
အမောင် စားပွဲထိုးဟာဆိုလို့ရှိရင် မကြောက်မရွံ ကြံ့ကြံ့ခိုင် တည်ကြည်တဲ့ မာန်တမျိုး နဲ့ သူ့ ရှပ် အင်္ကျီပေါ်က ပိုးဟပ်ကို လေ့လာပါသတဲ့........သူလေ့လာလို့ အခြေအနေကို သေချာသိသွားတဲ့အခါကျတော့မှ ပိုးဟပ်ကို လက်နဲ့ သေသေချာချာဖမ်းပြီး ဆိုင်ပြင်ဘက်ကို တောက်ထုတ်လိုက်ပါသတဲ့ကွယ်။ 

ဘေးကနေ ကော်ဖီသောက်ရင်း အားယားနေတဲ့ စာရေးဆရာ [အဲ့သူထက် ပိုအားနေတဲ့ (အမှန်ကတော့ မအားပါဘူး မအားတဲ့ ကြားက စာပြန်ရေးပါ တစာစာတောင်းဆိုနေတဲ့ စာဘတ်သူတွေအတွက်ရေးတာပါ လေးစားဦးညွှန်ကြလေကုန်) ဘာသာပြန်သူကတော့ တီပေါ့လေ။ ] က အတွေးစလေးတွေ ကောက်ရပါသတဲ့။ အဲ့တာကြောင့်ပြောတာပေါ့ လျှာရှည်လေ တွေးမိလေ လျှာရှည်လေ တွေ့ရှိလေ ဟုတ်တယ်မှလား။ နယူတန်တောင် အားအားယားယား ပန်းသီးပင်အောက် သွားထိုင်တွေးနေလို့ နိယာမ အသစ်တွေ့သလို အာခိမီးဒီးစ် ကလဲ ရေချိုးတာ မြန်မြန်မချိုးပဲ လျောက် စဉ်းစားနေလို့ ဘောလောပေါ် နိယာမ တွေ့တာ မဟုတ်လားလေ။ တီ့ အမေ က ငယ်ငယ်က ရေချိုးရင် အမြဲ မြန်မြန်အော် လို့ တီ ဘာ နိယာမ မှမတွေ့ခဲ့တာနေမယ်။ ထားတော့ ခုန ဟာပြန်ဆက်ရရင်....ကော်ဖီသောက်နေတဲ့ နောင် ခုစာရေးတဲ့ သူဖြစ်လာမယ့် အားအားယားယား ကိုယ်တော်က တောရောက် တောင်ရောက် စဉ်းစားပါသတဲ့။ ခုန က မိန်းမ တသိုက် ကုလားသိုက် ကျားကိုက် သလိုဖြစ်တာ လက်ပံပင် ဆက်ရက်ကျတာ တရုတ် နှစ်ယောက် ရထားပေါ်တက်လာသလိုဖြစ်တာ ပိုးဟပ်မှာ တာဝန်ရှိသလားပေါ့။ ဒီကောင် သေသင့်သလားပေါ့။ မိုးနတ်မင်းကြီး နဲ့ တိုင်ပင်ဖို့ စဉ်းစားတယ်ပေါ့လေ။ အဲ့လိုဆိုရင် ဘာဖြစ်လို့ ဝိတ်တာ သူရဲကောင်း ကျတော့ မတုန်လှုပ်တာလဲပေါ့။ အိုင်ဆေး မိုးနတ်မင်း ဘယ်လိုသဘောရပါသလဲပေါ့။ အမောင် ဝိတ်တာ သူရဲကောင်းဟာဆိုလို့ရှိရင် အခြေအနေ ကို တည်တည်ငြိမ်ငြိမ် တုန်လှုပ်မှုကင်းကင်း နဲ့ ၁၀၀% ပြည့်နီးပါး ကစဥ့်ကလျားမှုကင်းစွာ ကိုင်တွယ်သွားနိုင်တယ်ပေါ့။ 
အဲ့တော့ အမောင် ပိုးဟပ်မှာ အပြစ်မရှိပေဘူးပေါ့။ တုန်လှုပ်မှု ကိုမထိန်းချုပ်နိုင်တဲ့ အချင်း မိန်းမ များတွင်သာ အပြစ်ရှိစေပေါ့။ ပိုးဟပ်ကြောင့်ဖြစ်ပေါ်လာစေတဲ့ အကြောက်တရား အရွံတရားတွေကသာလျှင် ထိုထို မိန်းမများကို ဆောက်တည်ရာမရ ဖြစ်စေတာပဲပေါ့။ 

ထိုနည်း နှင်နှင်ပဲ ကျွန်ုပ်တို့ ဘောစ့်များ မာတာမိခင် ဒယ်ဒီဖေဖေဖားသားများ ကွိစိကွစ ပွစိပွစိ မိန်းမများ က ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးတာ မဟုတ်ဘဲ အဲ့ဒီ ဆူညံ့ဆူညံ့ ပူညံ့ပူညံ့ ဒဏ်တွေကို မခံနိုင်တဲ့ သည်းမခံနိုင်တဲ့ လျှစ်လျှူမရှုနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓီစ ပါရမီနည်းပါးမှု ကသာ အနှောင့်အယှက်တွေရဲ့ အခရာဖြစ်ပါသတဲ့။    

လမ်းပေါ်က ကားတွေများလို့ ကားပိတ်တာက နှောင့်ယှက်တာ မဟုတ်ပါဘူးတဲ့။ အဲ့ဒီ အနှောင့်အယှက်တွေကို လက်ခံနိုင်စွမ်း မရှိတာကသာ တကယ့်အနှောင့်အယှက်ဖြစ်ပါသတဲ့။ 

ပြဿနာတွေထက် အဲ့ဒီ ပြဿနာတွေကို တုံ့ပြန်မှု တွေက ကိုယ်တို့ ဘဝတွေ မှာ ကစဉ့်ကလျားဖြစ်မှုတွေ ကို ပိုဖြစ်စေတာပါတဲ့။ 

အင်မတန် ဗုဒ္ဓဘာသာဆန်တာနော်။ 

ကဲ အဲ့တော့ ပုံပြင်လေးက ဘာကိုပြသလဲဆိုတော့......

ဘဝမှာ ဘာကိုမှ ဆန့်ကျင်ဘက် မတုံ့ပြန်ပါနဲ့တဲ့ လိုက်လျောစွာ တုံ့ပြန်မှု ပြုပါတဲ့ကွယ် (အင်း အီးလိုက ရှင်းတယ် မြန်မာလိုပြန်တော့ အဲ့လိုထွက်တာပဲ ဒါတောင် နှစ်ခုလုံးက တုံ့ပြန်ဖြစ်နေလို့ ဒစ်ရှင်နရီ ကြည့်လိုက်သေးတာ)။ မိန်းမတွေက ဆန့်ကျင်ဘက် တုံ့ပြန်လိုက်တဲ့ အချိန်မှာ သူရဲကောင်း မောင်ဝိတ်တာကတော့ လိုက်လျောစွာ တုံ့ပြန်လိုက်ပါတယ်တဲ့။ ဆန့်ကျင်ဘက်တုံ့ပြန်မှုတွေက အမြဲလိုလို အလိုအလျောက်ဆန်တဲ့ ပေမယ့် လိုက်လျောစွာ တုံ့ပြန်ဖို့ ကတော့ သေသေချာချာ စဉ်းစားပြီးမှ တွေးတောပြီးမှ အခြေအနေတခုကို လွန်သွားမှ ဖြေရှင်းရခက်တာမျိုး ကို ဆင်ခြင်စေနိုင်တယ်တဲ့။ ဒီလိုဆို တို့တွေ အားလုံး ချစ်ခြင်းထဲမှာ အက်ကွဲကြောင်းတွေ မဖြစ်စေဖို့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုနဲ့ လောလော မပြုမိပါစေနဲ့တဲ့ကွယ်။ 

ချစ်ခြင်းများစွာဖြင့် 
မသေသေးတဲ့ 
တီချမ်း 

Fri Aug 16 7:44 AM
2013
D's Place Office

Original 

Have you heard of the Cockroach Theory for Self
Development?
At a restaurant, a cockroach suddenly flew from somewhere and sat on a lady. She started screaming out of fear. With a panic stricken face and trembling voice, she started jumping, with both her hands desperately trying to get rid of the cockroach. Her reaction was contagious, as everyone in her group also got panicky.
The lady finally managed to push the cockroach away but ...it landed on another lady in the group.
Now, it was the turn of the other lady in the group to
continue the drama. The waiter rushed forward to their rescue.
In the relay of throwing, the cockroach next fell upon the waiter. The waiter stood firm, composed himself and observed the behavior of the cockroach on his shirt. When he was confident enough, he grabbed it with his fingers and threw it out of the restaurant.
Sipping my coffee and watching the amusement, the antenna of my mind picked up a few thoughts and started wondering, was the cockroach responsible for their histrionic behavior?
If so, then why was the waiter not disturbed?
He handled it near to perfection, without any chaos. It is not the cockroach, but the inability of the ladies to handle the disturbance caused by the cockroach that disturbed the ladies.
I realized that, it is not the shouting of my father or my boss or my wife that disturbs me, but it's my inability to handle the disturbances caused by their shouting that
disturbs me. It's not the traffic jams on the road that disturbs me, but my inability to handle the disturbance caused by the traffic jam that disturbs me.
More than the problem, it's my reaction to the problem that creates chaos in my life.
Lessons learnt from the story:
Do not react in life. Always respond. The women reacted, whereas the waiter responded.
Reactions are always instinctive whereas responses are always well thought of, just and right to save a situation from going out of hands, to avoid cracks in relationship, to avoid taking decisions in anger, anxiety, stress or hurry.

Monday, July 8, 2013

တီချမ်း ဘလောခ် အခိုးခံရခြင်း

အော် ဘာမှ မတင်တာကြာလို့ အခိုးခံရတယ်ထင်ပါ့ ဒီမှာ  ဒီမှာ  နဲ့ ဒီမှာ  တွေသာသွားကြည့်ကြပါတော့။









Thursday, March 28, 2013

ကိုယ်အဆိုးမြင်တတ်တယ်


ဒီပုံလေးကို ဖဘ ကနေတွေ့လို့ အတွေးလေးတွေပွားမိပါတယ်။ ကိုယ်ကပဲ အတွေး ကလန်ကဆန် တိုက်လွန်းအားကြီးတာလား လူတွေကပဲ အကောင်းမြင်လွန်းတာလား ကိုယ်ကပဲ အဆိုးမြင်တာလား အမှန်မြင်တာလား အဆိုး = အမှန်၊ အကောင်း = အမှား ဆိုတာကကော ဘယ်လို ခွဲခြား သတ်မှတ်ကြမှာလဲ။ သေချာတာကတော့ ကိုယ်တော်တော်ကို အားနေပြီ။ အဲ့တာကြောင့် ခုလိုတွေ တွေးနိုင်တာပဲ။

ပထမ ဥပမာ ကိုကြည့်ကြရအောင်နော်....ရေးထားတာက......ယုံကြည်မှုအကြောင်း တကယ်က ယုံကြည်မှု ဆိုတာ စဉ်းစားချင့်ချိန်မှု ဒါမှမဟုတ် သိပ္ဗံ ပညာ စတာတွေနဲ့ ချိန်ထိုးဖို့ကောင်းတယ်မဟုတ်လား။ လွန်ခဲ့တဲ့ အနှစ် ၂၀ မှ မဟုတ်တော့ဘဲ။ အခုလဲ အဲ့လို ဥပမာ မရှိဘူး မပြောလိုပါဘူး ရှိတော့ ရှိမယ် သို့သော် အသိပညာ ဖွင့်ဖြိုးမှု အားနည်းတဲ့ အရပ်ဒေသ မျိုးမှာ ပိုများမယ်။ မိုးရွာဖို့ ပူဇော်ပသ တယ်ဆိုတာထက် အခုခေတ်က ဝေးဝေးမကြည့်ပါနဲ့ ကိုယ်တွေရဲ့အိမ်နီးချင်းနိုင်ငံတွေမှာတောင် မိုးတုတွေ ရွာခိုင်းတော့မှလေ။ နွားနဲ့ လယ်ထွန်တဲ့ ခေတ်ကနေ စက်နဲ့ လယ်ထွန်တဲ့ခေတ်ကိုရောက်နေမှတော့ မိုးရွာအောင် ဆုတောင်းတာ ပြန်လှည့်ကြည့်ရမယ့် အတိတ်မျိုးမဟုတ်တော့ဘူး။ ပြောချင်တဲ့ ရှုထောင့် မတူတာကိုလက်ခံ ပါတယ်။ သို့သော် ဒီထက်ပိုကောင်းမယ့် ဥပမာမျိုးကိုပေးစေချင်တာ။

ကာတွန်းကားတွေမှာပါတဲ့ တခါတခါ ရုပ်ရှင်ထဲတောင် ပြနေသေးတဲ့ဆန်တာကလော့ကြီးမရှိဘူး လို့ တယောက်ယောက်က ပြောလို့ ကလေးက ငိုမဲ့မဲ့ နဲ့ ပြန်မေးတာမျိုး အခန်းတွေ ဖြစ်နေတယ်။ အဲ့တာ သက်ဝင်ယုံကြည်မှု faith မဟုတ်ဘူး အဲ့တာ မသိနားမလည်မှု၊ အတွေ့အကြုံအားနည်းမှု၊ ပညာဗဟုသုတ လိုအပ်မှု childish/naive/in-experience ပဲဖြစ်တယ်။   

ဒုတိယ ဥပမာ က ပိုဆိုးတယ် ကလေးက ပျော်လို့ ရယ်တယ်ဆိုတာ သူ့ကို ပစ်မြှောက်ကစားနေတဲ့ လူကြီးက သူ့ကို မကျအောင်ဖမ်းမယ်ဆိုတာ သူ “သိ” လို့မဟုတ်ဘူး။ အဲ့လိုပဲ ပြုတ်ကျသွားမယ်ဆိုရင် သူဘာဖြစ်သွားမလဲ သူဘယ်လိုခံစားရမလဲ စတဲ့ နောက်ဆက်တွဲ “ဖြစ်နိုင်ချေ”တွေကိုလဲ သူမသိဘူး။ သူသိတာက မြောက်တက်သွားတဲ့ အချိန်မှာ ရှိတဲ့ “ခံစားမှု” သက်သက်ပဲ။ အဲ့ဒီခံစားချက်က သူ့ကို စိတ်လှုပ်ရှားစေတာ ဖြစ်နိုင်သလို၊ ပျော်စေတာ၊ အံ့သြစေတာ စတာတွေ တခုခု ဖြစ်နိုင်တယ် သေချာတာကတော့ သူ့ကို မြှောက်ဆော့နေတဲ့ လူကြီး က ဖမ်းမယ်ဆိုတာ ကို ယုံကြည်လို့ "trust" ရှိတဲ့ ရယ်မောမှုမျိုးမဟုတ်ဘူး။ နောက် အဲ့နေရာမှာ ၁ နှစ်အရွယ်ကလေးငယ်မဟုတ်ပဲ  အဲ့လို ချီမြှောက်ကစားခံရလို့ပြုတ်ကျဖူးတဲ့ ကလေးငယ် သို့မဟုတ် ဆယ်ကျော်သက်အရွယ် ကလေးငယ်တယောက်ဆိုရင် အဲ့ဒီကလေးလေးလို ပျော်ရွှင်မှု နဲ့ ရယ်နိုင်မလား လို့ တွေးကြည့်မိတယ်။

မသိနားမလည်မှု ကြောင့် ရတဲ့ ပျော်ရွှင်မှု ဟာ အစစ်အမှန် မဖြစ်နိုင်ဘူး။ အဲ့တာကိုလဲ ယုံကြည်မှု လို့ ဘာသာပြန်လို့မရဘူး။ ဖြစ်ချင်းဖြစ်ရင် မိုက်မဲမှုသာဖြစ်မယ်။

နောက်ဆုံးတခု ကို သူက မျှော်လင့်ခြင်း "hope" လို့ ဆိုထားတယ်။ ကိုယ်ကတော့ အဲ့တာ မသိလို့ မပူတဲ့ ဥပေက္ခာ "negligence" လို့ ပြန်ချင်တယ်။ မသိလို့ ပြုတဲ့ ဥပေက္ခာဖြစ်နိုင်သလို သိရက်နဲ့ ပြုတဲ့ ဥပေက္ခာလဲဖြစ်နိုင်တယ်။ နောက် သိရက်နဲ့ ဘာမှ လုပ်လို့ မရလို့ ဒီအတိုင်း ထားလိုက်ရတဲ့ အရှိတရား၊ လဲ ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ဘဲ ရှိရှိ သမျှ တွေးပူနေရင် လူဖြစ်ရတာ ဘယ် “တန်”တော့ မလဲလေနော်။

လမ်းကူးရင်းလဲ ကားတိုက်ခံရနိုင်တာပဲ အဲ့တာကြောင့်များ ကိုယ်တို့တွေ တံတားပေါ်က ကူးဖို့ ပတ်သွားသလား။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းသလား၊ လိင်ဆက်ဆံရင် ကွန်ဒုံးသုံးကြသလား။
သိသိရက်နဲ့ လုပ်တဲ့ အမှားတွေအများကြီးရှိသလို သိသိရက်နဲ့ ထားလိုက်တဲ့ ဥပက္ခောတွေလဲ အများကြီးပါ။

သူပြောသလိုသာဆို ကားမတိုက်ပါစေနဲ့ လို့ယုံကြည် မျှော်လင့်ပြီး လမ်းကို မျက်စိမှိတ်ကူး ရမှာလား။ အဲ့လိုမဖြစ်အောင် အန္တရာယ်ကို နည်းနိုသ်သမျှနည်းအောင်လို့ ကိုယ်တို့တွေ ”သတိ” ဆိုတာ ကို ထားကြတယ်မှလား။ အဲ့တာ မျှော်လင့်ခြင်း၊ ယုံကြည်မှု၊ တခုမှမဟုတ်ဘူး။ အဲ့တာ သတိရှိမှုပဲ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ကြိုသိရင်ကော မအိပ်ကြတော့ဘူးလား။ တညလုံး ဘုရားထိုင်ကန်တော့နေတော့မှာလား။ အဲ့တာဆို နာဂစ်တိုက်မယ့် ည က လူဘယ်နှယောက် မအိပ်ပဲ ဘုရားဆုတောင်းနေလဲ။ ကိုယ်တို့ မသိကြဘူးလေ။ အဲ့တာကြောင့် အပူအပင်ကင်းကင် အိပ်ပျော်ကြတယ်။ နောက်ခါ အပူအပင်ကင်းကင်း အိပ်နိုင်အောင် လိပ်ပြာလုံမယ့် အလုပ်တွေပဲ ”တတ်နိုင်သမျှ” လုပ်တယ်။ အဲ့လောက်ဆို လုံလောက်ပြီထင်တယ်။

မသိနားမလည်မှု၊ မို်က်မဲမှု၊ မတတ်နိုင်လို့ ထားတဲ့ ဥပေက္ခာတွေကို ဘာသာတရားကြောင့်လိုလို တော့ မှိုင်းမသွင်းပါနဲ့။

အစကတည်းက ပြောပါတယ် ကိုယ်က မကောင်းမြင်တတ်တယ်လို့။
ကဲ ပြောချင်တာ ပြောပြီးပြီ။ အပူအပင်ကင်းကင်းနဲ့ တရေးလောက် အိပ်လိုက်အုံးမယ်။

see you on the other side.

love

T Chen

4:49 pm
28th March 2013
Thursday

BC, Yangon | Myanmar














Friday, January 25, 2013

taxi ပေါ်မှာ

အမှန်က ဒါအချဉ်ပေါင်းအဆက်ပိုစ့်ပါ။ အဲ့တာကြောင့် လေဘယ်မှာ အချဉ်ပေါင်းပဲ တပ်ပါမယ်။ တီချမ်း မြန်မာပြည်ပြန်ရောက်ကတည်းက တက္ကစီပဲ စီးပါတယ်။ အဲ့လိုပြောလို့ အရင်ကတော့ ကိုယ်ပိုင်ကားစီးတယ် မထင်စေချင်ပါ။ ဘယ်တုံးကမှ ကားမပိုင်ခဲ့သေးသလို ကားလဲ မပိုင်သေးပါဘူး။ တက္ကစီခကလဲ တော်တော်ကုန်ပါတယ်။ အပြင်ထွက်တဲ့နေ့ဆို ၅ ထောင် နဲ့ ၁ သောင်းကြားကုန်ပါတယ်။ အဲ့တော့ ဘာလို့ ကားဝယ်မစီးတာလဲ မေးရင် မဝယ်နိုင်သေးလို့လို့ပဲဖြေရမှာပါ။ လောလောဆယ် မဝယ်နိုင်သေးပါဘူး။ နောက်ပြီး ကားတစီးရဲ့ ဝေယျာဝစ္စ ဒုက္ခတွေလဲ မခံနိုင်သေးလို့ပါ။ အမေ နဲ့ ညီကတော့ ကားဝယ်ကြမယ် တကဲကဲပါပဲ။ သို့သော် သူတို့ စကားသာ နားထောင်ပြီး ပြန်လာကာစ က ဝယ်လိုက်လို့ကတော့ အနည်းလေး ၃၀ လောက်ရှုံးပါမယ်။ ထားတော့။

ကားတစီး ရဲ့ ဒုက္ခ အကျဉ်း 
  1. ဝယ်မယ်ဆိုရင် ပိုက်ဆံကုန်ပါမယ် 
  2. ကားရပ်ရန်နေရာ (အိမ်မှာ)
  3. နောက် ဘယ်နေရာသွားသွား ကားရပ်ရန်နေရာ (ပိုအရေးကြီးပါတယ်) အထူးသဖြင့် မြို့ထဲသွားရင် ဘယ်နေရာမှာ ကားရပ်ရမလဲဆိုတာ ခေါင်းအင်မတန်ခြောက်စေတဲ့ ကိစ္စပါ။ တက္ကစီစီးတော့ သွားချင်တဲ့နေရာ ကို ရပ် ဖုတ်ဖက်ခါ ထ သွားရုံ
  4. နောက် အကုသိုလ်စိတ် ကားရပ်ထားရင် အရပ်ထဲက မိမနိုင်ဖမနိုင် ကလေးတွေရန် (အိမ်နားဝန်းကျင်မှာ အများကြီးရှိတယ်) 
  5. ကားကို သန့်ဖို့ အပေါ်ထပ် က အဖိုးကြီးအဖွားကြီး လင်မယား တ ပတ် ကား ၃ ခါဆေးတာ တွေ့ရတာ အလုပ်ရှုပ်တယ်ထင် ကိုယ်ကတော့ ကားဆေးရမယ်ဆိုရင် ဂျင်းဘောင်းဘီ ကြပ်ကြပ်ဝတ်ထားတဲ့ စွပ်ကျယ်လက်ပြတ်နဲ့ -ို့ကြီးကြီးမိန်းမ သီချင်းမိုက်မိုက်ကလေးဖွင့်ထားတာပဲ မြင်နိုင်တယ်
  6. ကားပြင်ရမယ် 
  7. ဆီထည့်ရမယ် ကားဝယ်မှတော့ ဆီထည့်ရမှာပေါ့ သို့သော် တတ်သိနားလည်သော သူငယ်ချင်း များ စီးနေကျ တက္ကစီ များကိုတိုင်ပင်ကြည့်တော့ တ ရက် ကို ၁ သောင်း သို့ တလ ကို ၃ သိန်း ပျမ်းမျှခန့် သာ ကုန်ရင် ကားဝယ်မစီးသင့်ပါဘူးတဲ့ သူတို့တွက်ပြတော့လဲဟုတ်နေတာပဲ ထားတော့ ကိုယ်မှ အဲ့လောက်မကုန်တာ ထွက်တဲ့နေ့မှ ၅ ထောင် နဲ့ ၁ သောင်းကြားကုန်တာလေ မထွက်တဲ့နေ့ဆိုမကုန် 
  8. ကား မမောင်းတတ်တော့ ဒရိုင်ဘာလိုပါတယ်
    1. လခ
    2. နောက် အက်တီကျူ ကောင်းတဲ့ လူရှားပါးမှု 
    3. လူပျို မှအဆင်ပြေပါမယ် ကိုယ်သွားချင်တဲ့အချိန်သွား လာချင်တဲ့အချိန်လာလို့ရအောင် 
    4. သူ့အတွက် နေစရာ ပေးမလား မပေးဘူးလား စတဲ့ ဘာဟီရတွေ 
ကဲ အခုပြောသွားတာတွေက ရမ်းသရူးပဲရှိသေးတာနော် ကားဒုက္ခက ပိုင်တဲ့သူတွေပိုသိပါတယ် နောက် ကိုယ်တို့လို ကိုယ်ပိုင်ခြံနဲ့ဝန်းနဲ့မဟုတ်သေးတဲ့သူတွေအတွက် ဘယ်မှာထားရမှန်းမသိတဲ့ဒုက္ခကပိုမယ်ထင်ပါတယ် လမ်းတွေကကျဉ်း ကားတွေကများဖြစ်နေတာလေ နောက် မောင်းရင်လဲအခု ကားတွေပိုများလာတော့ လမ်းတွေပိုကြပ် လူတွေက ပိုရမ်း ဒေါသတွေပိုထွက် စသဖြင့် အများကြီးပါပဲ။

သို့သော် တက္ကစီ စီးရတဲ့ ဒုက္ခကလဲ မသေးပါဘူး တနေ့ကတောင် ဘန်ကောက်က လာလည်တဲ့ သူငယ်ချင်း နပလိစ် တယောက် ကိုပြောပြသေးတယ် သူက မေးတယ်လေ ဘန်ကောက်ကို မလွမ်းဘူးလားတဲ့ အင်းလမ်းတယ်လို့ တက္ကစီတွေကိုလို့ဘာလို့လဲတဲ့ ကြိုက်တဲ့ကားတက်စီးရုံပဲ ဈေးဆစ်စရာမလို ကားစုတ်မှာပူစရာမလို ကားထဲမှာ ပူမှာ ပူစရာမလို ကဲ ကြိုက်တဲ့ တား တက်စီး မွှေးပြီးအေးနေရော ကြိုက်သလောက်စီး ကျသလောက်ပေး ကဲမကောင်းလား

မြန်မာပြည်မှာတော့ အဲ့လိုမဟုတ်ပေါင်

ကားက တားလိုက်ရင် လမ်းမကြုံလို့ဆိုတာ လာသေးတယ် လမ်းကြုံ တက္ကစီ ဆွဲနေတာလား တခါတခါ စိတ်ပေါက်လာလို့ တားပြီးရင် အရင်ဆုံးမေးတယ် လမ်းကြုံလားလို့ ဟုတ်တယ်လေ တခါတခါတော့လဲ ပြောလိုက်တယ် ကားမောင်းမနေနဲ့တော့ ဦးလေးရယ် ဘဏ် ဓါးမြတိုက်စားလို့

အဲ့တာတချက် စိတ်ညစ်ရတယ်

နောက်တခုက လူပါရဲ့သားနဲ့တင်တာ ကိုယ်ကတော့ လာရပ်ရင်တောင် လက်ခါထုတ်လိုက်တာပဲ အဲ့တာ ကိုယ့်ပရင်စီပယ်နဲ့ညှိတယ် မစီးဘူး တခါ ကြုံဘူးတယ် ကိုယ်စီးလာတာ လမ်းတဝက်ရောက်နေပြီ လမ်းမှာထပ်တင်တာ ကိုယ်က ဘာလုပ်တာလဲ ကားဆရာ ဆိုတော့ လမ်းကြုံတင်မလို့ပါတဲ့ ပြောလိုက်တယ် လမ်းကြုံတင်ချင်ရင် ကျတော့ကို အရင်မေးရမှာလေ လို့ပြီးတော့ ဟုတ်ပြီ အဲ့တာဆို ကျတော် ၂၀၀၀ နဲ့ငှားလာတာ ၁၅၀၀ ပဲပေးမယ် လို့ တကယ်ပဲ ဆင်းတော့ ၁၅၀၀ ပဲပေးလိုက်တယ် မှတ်ထား

တခါက ကျတော့ လမ်းမှာအဲ့လိုပဲ လူထပ်တင်တာ ကိုယ်က ချက်ချင်း ဆင်းချပလိုက်တယ် နောက်ထပ်မှတ်ထား ကိုယ်ကားတားနေတုံး လူပါတဲ့ ကားရပ်နေလဲ ဆော်ရီးပဲ အချစ်ရယ်ပဲ အဲ့တာ ကိုယ့်ပရင်စီပယ် မြူနီစပယ်ထက်ဆိုးတယ်

နောက်တခုက ကားဆရာတွေ ဆေးလိပ်သောက်တာ အမှန်က သူ့ရိုက်စ်နဲ့သူပါ သောက်ပါရပါတယ် သို့သော် ကားပေါ်မှာ ပါဆင်ဂျင်ပါလာရင်တော့ လေးစားရမယ်လေ နော် ကိုယ်ကတော့ ပြောပစ်တာပဲ ပြောလိုက်တော့လဲ သောက်တာ ရပ်ပါတယ် နောက်တော့ သူမနေနိုင်ဘူးထင်တယ် လှည်းတမ်း ပွိုင့်ရောက်တော့ မီးပွိုင့်မိနေတာ ကားအောက်ဆင်းသောက်ပါတယ် အဲ့တာက ကိစ္စမရှိဘူး ရတယ်

ကိုယ်ကြုံဘူးသမျှ တက္ကစီ ကိစ္စတွေကတော့ ဒီလောက်ပါပဲ။

နောက်ကြုံမှ ထပ်ရေးပါအုံးမယ် အရင်တလောက ကောင်မလေးတွေ ကို မတော်တာတွေပြတာမျိုးတော့ ကိုယ်လဲမကြုံဖူးဘူး ဟိ ကိုယ့်ကို မတော်တာတွေလာပြလို့ကတော့ ကိုယ်က မတော်တာပြန်လုပ်လိုက်မယ် ဟွင်းဟွင်း (နိုကိုဇူးဇင် ဇာတ်ကောင်မင်းသားကဲ့သို့ရယ်သည်)

အားလုံးကိုချစ်တဲ့
တီချမ်း

A Chen
4:12 PM
Friday
25th Jan 2013
Traders Hotel
Yangon | Myanmar

pls LIKE

Wednesday, January 23, 2013

အချဉ်ပေါင်း ကားလက်မှတ်

ဘာရေးရမလဲ

စာက မရေးတာကြာတော့ မရေးတတ်တော့သလိုပါပဲ။ ဘာရေးရမလဲ မသိဘူး ဖြစ်နေတယ်။ ပြန်ရောက်ကတည်းကလဲ အလုပ်ကိစ္စပဲ လုံးပန်းနေတော့ စာရေးတဲ့ဘက်လဲမလှည့်နိုင်ပါဘူး။ ခရီးတော့ တော်တော်လေးထွက်ဖြစ်တယ်။ အဲ့ဒီအကြောင်းရေးချင်ပြန်တော့လဲ မြန်မာရွှေပြည်က ဓါတ်ပုံတင်ရတာခက်နေပြန်တော့........

ကဗျာလေးဘာလေးရေးဖို့ကျတော့ အင်စပရေးရှင်းက မလာ (စပရေးဗူးကုန်နေတယ်)

ကဲ အဲ့တော့ ဘာရေးရမလဲ ပရိတ်သတ်ကပဲတောင်းဆိုပါတော့.........

ဟင်းချက်တာတော့ မရေးခိုင်းနဲ့နော် ခုနကပဲပြောထားတယ် ဓါတ်ပုံတင်ရတာ သိပ်သိပ်ခက်နေတယ်။ နောက် အခု အသစ်ပြောင်းသွားတဲ့ ဖော်မက်ကိုလဲ မကြိုက် လုံးဝမကြိုက် ဓါတ်ပုံတင်ရတာ မကောင်း တင်ပြီးတော့ စာတင်တော့လဲ အနေအထားက မကျ အချိုးကမပြေ

ကဲ စာမရေးရသေးဘူး စိတ်တိုလာပြီ။

အချဉ်ပေါင်းပဲရေးရရင်ကောင်းမယ်။

ခရီးထွက်ထားတော့ ခရီးထွက်တာနဲ့ပတ်သက်တဲ့ အချဉ်ပေါင်းလေးတွေပဲ ရေးရတော့မယ်။

မြန်မာပြည်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်တခါ ပြောထားတဲ့ ပြောနေကျ service ဝန်ဆောင်မှုညံ့တာကိုပဲပြောရမှာပါပဲ။ မဲပြာပုဆိုးတော့ ဖြစ်နေပေမယ့် မပြောမပြီး မတီးမမြည် တီးတာတောင် မမြည်တာ မြန်မာပြည်က ဝန်ဆောင်မှု အပိုင်းပါ။ ဝန်ထမ်းတွေကိုပဲ ဖိပြောရမယ်ဆိုလဲ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေကို ပိုက်ဆံနည်းနည်းပဲပေးချင်တာ ခိုင်းတော့ များများခိုင်းချင်တာ ပိုက်ဆံပိုပေးလိုက်ရင် အလုပ်မှာ ပိုပျော်မှာပဲ လို့ထင်နေတာ လုပ်ငန်းရှင်တော်တော်များများပါ။ တခုပဲ စိုးရိမ်စရာရှိတာက အခု ၂၀၁၃ ၂၀၁၅ ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာပါတော့မယ် အဲ့အခါကျရင် နိုင်ငံခြားကုမ္ဗဏီတွေနဲ့အပြိုင်ဖိုက်ရတော့မယ် အဲ့အခါကျရင်တော့ စည်းစနစ်မရှိတဲ့ ကျင့်သုံးဖို့ မသိတဲ့ တို့ ရွှေတွေနဲ့ စည်းစနစ် တွေ အသင်နဲ့ လက်နက်အသင့်ဝင်လာမယ် နိုင်ငံခြား ကုမ္ဗဏီတွေ နဲ့ ထိပ်တိုက်တွေ့တော့မှာပါပဲ။ ထိပ်တိုက်လို့တောင် ပြောလို့ မရပါဘူးလေ။ ဝင်လာတာနဲ့ ပြာမှာ ကိုယ်တို့ရွှေတွေပါ။

ကဲအချဉ်ပေါင်းဘက်ပြန်လှည့်ရအောင်

အရင်ဆုံး ပြောချင်တာကတော့ အခု ရန်ကုန်မန်းလေး ကားသစ်တွေ အကောင်းစား (အရင်ကနဲ့ယှဉ်ရင်တော့) တွေနဲ့ကားလိုင်းတွေအများကြီးပြေးဆွဲလာကြပါတယ်။ အဓိက နာမည်ကြီးပြီး အခု အမိုက်စားဝန်ဆောင်မှုတွေနဲ့ပေးနေတာကတော့ JJ, Elite, Shwe Nan Taw စတာတို့ပါပဲ။ အဲ့လိုကားကောင်းတွေ ရှိလာသလို အိမ်တိုင်ရာရောက်ဆိုတဲ့ ဝန်ဆောင်မှု ကျော်ညာ (သတိထားဘတ်ပါ ကျော်အောင်ညာနေတဲ့ ကျော်ညာတွေပါ ကြေငြာတွေမဟုတ်ပါဘူး။) တွေနဲ့ အပြိုင်အဆိုင် အလုအယက်ကျော်ညာလာတာကတော့ ကားလက်မှတ်အရောင်းဝန်ဆောင်မှုတွေပါပဲ။

အခုပိုစ့်မှာ အဓိက ပြောချင်တာကလဲ အဲ့တာပါပဲ။ ဒီ နိုဝင်ဘာနဲ့ဒီဇင်ဘာ မှာ မန်းလေးကို သုတေသန တခု အတွက် ၂ ခါရောက်ပါတယ် တခေါက်ကို ၁၀ ရက်လောက်ကြာပါတယ်။ အဲ့တော့ ကားခဏခဏ စီးဖြစ်တာပေါ့။ ကြားထဲမှာ နေပြည်တော်လဲ သွားလိုက်ပါသေးတယ် အဲ့တာကတော့ သပ်သပ်ပြောပါမယ်။

ရန်ကုန်မှာ ခဏခဏ တွေ့နေတာ က အိမ်တိုင်ရာရောက် လက်မှတ်ပို့ပေးပါတယ်ဆိုတဲ့ ဝန်ဆောင်မှု ကျော်ညာ နဲ့ အကြီးအကျယ်ကျော်ညာထားပြီးတော့ တကယ်မှာတော့ မရတာက ရန်ကုန်မှာ “ရွှေဇင်” ဆိုတဲ့ ဝန်ဆောင်မှုပါ။ ဖုန်းဆက်ပြီးတော့ Elite နဲ့ လက်မှတ်လိုချင်ပါတယ် ရမလားဆိုတော့ Elite ကိုမှာပါတဲ့ Elite ကို တိုက်ရိုက်ဆက်ပြီး လက်မှတ်ဖြတ်ပါ ရရင် သူတို့ ကို ပြန်ဆက်ပေးပါ သူတို့ လာပို့ပါမယ်တဲ့။ အဲ့တာနဲ့ ဆက်လိုက်ဖြတ်လိုက်ကော။ သူတို့ “ရွှေဇင်” ကို တခါပြန်ဆက်တော့ Elite ဆိုရင် သူတို့ က အိမ် မပို့ပေးပါဘူးတဲ့ ကျော်ညာထားတာတော့ Elite က ထိပ်ဆုံးကပါတယ်နော်။ ဘာလို့လဲဆိုတော့ Elite က လက်မှတ်ဖြတ်ရင် ပိုက်ဆံချက်ချင်းပေးရလို့ပါတဲ့။ အမ် ကြောင်သွားတယ် နားမလည်ဘူး။ အကျယ်ချဲ့ပါအုံးဆိုတော့ သူတို့က တခြားကားတွေက လက်မှတ်ဖြတ်ရင် တရက် ၂ ရက်နေမှ ပေါင်းပေးလို့ရပါတယ်တဲ့ Elite ကျတော့ နေ့ချင်းပေးမှ ရပါတယ်တဲ့ တကယ်လို့ တခြားကားနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်တဲ့ အဲ့တော့ သဘောကဘာလဲ Elite နဲ့ က အဲ့လိုမရဘူးဆိုရင် အစကတည်းက ကျော်ညာမှ ထည့်နဲ့လေ။ ဒါမှမဟုတ် Elite က သူတို့ကို ကော်မရှင်ပေးတာနည်းလို့ တခြားကားကို ပိုပြီး ပရိုမုတ်လုပ်တဲ့သဘောလား ဘာလားတော့ သူတို့မှပဲသိမယ်လေနော်။ ဒါမှမဟုတ် အဲ့ဒီဖုန်းကိုင်တဲ့ ကောင်မလေးကပဲ Elite က ဖုန်းကိုင်တဲ့ (သို့) လက်မှတ်ဖြတ်တဲ့ ဒီပတ်မန့်နဲ့ မတည့်လို့လား စသဖြင့် လားပေါင်းများစွာနဲ့ စိတ်တိုခဲ့ရပါတယ်။ နောက်တော့လဲ ခယ်မ ဝမ်းကွဲ ရဲ့ အေဂျင်စီကနေပဲ လက်မှတ်ကို မှာလိုက်ရပါတော့တယ်။ သေချာတာကတော့ နောက်တခါဆိုရင် ရွှေဇင်သည် မသုံးတော့မည့် စာရင်းထဲဝင်သွားပါပြီ။ အဲ့လိုပဲ သူငယ်ချင်းတွေ လိုအပ်တယ်ဆိုရင်လဲကိုယ်က အာမခံပြီး ကောင်းပါတယ်လို့ မပြောပေးရဲတော့ပါဘူး။

နောက် တခုကတော့ မန်းလေးက ပါ။ နာမည်က “ငုဝါ”တဲ့။ အဲ့လိုပါပဲ။ အဲ့မှာကတော့ တော်တော်လေးကိုပိုဆိုးပါတယ်။ ငုဝါ က အရင်တခေါက်ကလဲ ဝယ်ဘူးပါတယ်။ သူတို့က ဟိုတယ်ကို အရောက်လာပို့တာပါ မြန်လဲမြန်တယ် အဲ့တော့ နောက်တခါလဲပြန်သုံးဖြစ်တယ်ပေါ့။ အဲ့မှာ ဆိုးသွားတာပါ။ အဲ့နေ့က သိန်းဝင်းဆိုတဲ့နေရာမှာ ခေါင်းသွားလျှော်ပါတယ်။ ငုဝါနဲ့ နီးတော့ လက်မှတ်တခါတည်းဝင်ယူမယ်ဆိုပြီးတော့ ဖုန်းနဲ့ပြောတော့ သူတို့ကလဲ အဆင်ပြေပါတယ်တဲ့။ အဲ့တာနဲ့ အပြန်မှာ ဝင်ယူတော့ လက်မှတ်အရောင်းဌာနက ကောင်မလေးတယောက်ပါပဲ။ ရုပ်က ခပ်ဆိုးဆိုးနဲ့ပါ အင်းလေ အကျင့်က တန်တော့ ရုပ်ကလဲ ဆိုးပြီပေါ့။ အဲ့ဒီ လက်မှတ်အရောင်းစာရေးမက လက်မှတ်ကို ရေးနေတာ မပြီးတော့ပါဘူး။ လက်မှတ်က VIP အခု နောက်ပိုင်းမြန်မာပြည်မှာ စတင်ပြေးဆွဲနေတဲ့ ၃ ခုံပဲ ပါတဲ့ ခုံကျယ် ကားမျိုးပါ။ အဲ့တာကို ကိုယ်က ၃ ခုံတွဲ လိုချင်တော့ နေရာ သိပ်မကောင်းတာကို သည်းခံပြီး (အလယ်လောက်နားရောက်နေပါတယ်၊ ကိုယ်ကလဲ မနက်ဖြန်ပြန်မှဖြစ်မယ့် အနေအထားမို့)  ယူမယ်ပေါ့။ အဲ့တာကို လက်မှတ်သည်မ က တစောင်ထဲမှာ ပေါင်းရေးပါတယ်။ သူတို့ကတော့ ရေးနေကျပါပဲ။ ကိုယ်တို့က လက်မှတ် ၃ စောင်ယူတာဖြစ်တဲ့ အတွက် လက်မှတ်ကို ၃ စောင်လိုချင်တာပါ။ နားရှုပ်သွားသလား၊ အဲလေ မျက်စေ့ ရှုပ်သွားသလား။ ဆော်ရီး မျက်ဝန်းရှုပ်သွားသလား။ (မျက်စေ့ သည် ဘယ်လိုရေးရေး မျက်ဝန်းမှမပါး ရိုမန်မတစ်ပါ စမ်းကြည့်ကြလေ) သူတို့က လက်မှတ်တစောင်ထဲပေါ်မှာ ၃ ခုံစာ ရေးပေးမယ် ဥပမာ 8 A, B and C စသဖြင့်ပေါ့ ကိုယ်က အဲ့တာ ကို 8 A 8 B and 8 C  တရွက်စီ လိုချင်တယ်။ သူတို့က ကိုအောင်မျိုး 8 A B and C ကို တရွက်ထဲရေးပေးမယ် အဲ့လိုပါ။ အဲ့မှာကတည်းက အဲ့ဒီ လက်မှတ်သည်မ က မျက်ခွက်မည်းချင်ပါပြီ။ ကိုယ်ကလဲ မကြည်တော့ပါဘူး။ ဟုတ်တယ်လေ customer service ပေးတာကို အဓိက ထားတဲ့ နေရာ တနေရာမှာ လုပ်တဲ့ သူက အဲ့လောက်စိတ်မရှည်ဘူးလား။ ဖြစ်ချင်တော့ အဲ့နေ့က မန်းလေးက သမီးလေးတွေလဲပါပါတယ်။ တယောက်က အလုပ်ကိစ္စလေးရှိလို့ အလျှင်လိုနေတာနဲ့ သူ့ကို “အမရယ် နည်းနည်း မြန်မြန်လေးရေးပေးပါ” လို့ တောင်းဆိုပါတယ်။ ကောင်မလေးက ကောင်းကောင်းမွန်မွန်ပဲပြောရှာတာပါ။ မန်းလေးသူများ အင်မတန် နန်းဆန်ကြပါတယ်။ လက်မှတ်သည်မကတော့ မန်းသူ မဟုတ်ဘူးမှတ်တယ်။ ရေးနေတာပဲ ဒါအမြန်ဆုံးပဲ လို့ ရွှေ ၇ ကျပ်သားပျောက်တဲ့ မျက်နှာနဲ့ ပြန်ပြောလာပါတယ်။ ကိုယ်က တော်တော်လေးကို အံ့သြသွားတယ်။ ဟုတ်တယ်လေ ကိုယ်သွားလာတာ နိုင်ငံပေါင်း ၁၅ နိုင်ငံမကတော့ဘူး (ကပ်ကြွား) တခါမှ ဒီလောက်ဆိုးရွားတဲ့ လက်မှအရောင်းဌာန မျိုးမကြုံဘူးဘူး (မှတ်ချက် ရန်ကုန် ဆာကူရာတာဝါအောက်က TG ရုံးမှအပ) သို့သော် ဟိုက TG လေနော်။ လေယာဉ်ပျံလေ။ သူက ကားလက်မှတ်အရောင်းသည်မ။ တီချမ်းတော်တော်စိတ်တိုသွားပါတယ်။ တခုခု ပြောကိုပြောရတော့မယ်။ အဲ့တာနဲ့ သို့သော် စိတ်ကိုတော့ ခဏလေး ဆွဲဆန့်လိုက်ပါသေးတယ်။ ကိုယ်က မနက်ဖြန် မပြန်ရင် မဖြစ်တဲ့ လက်မှတ်ကို လိုချင်နေတာကိုးနော် နောက် အချိန်ကလဲကပ်နေပြီဖြစ်တဲ့အတွက် တခြား ကားဆီပြောင်းရင် မရဖို့က များနေပြီလေ။ အဲ့တာနဲ့ မတ်တပ်ရပ်လိုက်တယ် လက်ပိုက်လိုက်တယ် သူရေးတာကို စိတ်ဆွဲဆန့်ပြီးစောင့်တယ် ပြီးတော့ ပိုက်ဆံပေးတယ် ပြန်အမ်းတာစောင့်တယ်။ ပြီးတော့မှ အဲ့ဒီ လက်မှတ်သည်မ ကို သေချာ ကြည့်ပြီးတော့ ဒီမှာ သမီးလို့ (ဟုတ်တယ် သမီးလို့ပဲ ခပ်ကျောကျောလေးခေါ်လိုက်တယ်) လက်ရေးကို ဒီ့ထက်မြန်မြန်ပိုရေးနိုင်အောင်ကျင့်လိုက်ပါလို့။ အံ့မယ် တသက်လုံးမကြီးပွားမယ့် လက်မှတ်သည်မ က ချက်ချင်းပြန်ပက်တယ်။ အဲ့တာ အမြန်ဆုံးပဲတဲ့ ဟုတ်တယ်လို့ အဲ့တာကြောင့် ဒီ့ထက် ပိုမြန်အောင်ကျင့်ခိုင်းတာလို့ မဟုတ်ရင် နင့် ဘဝ တသက်လုံး ဒီလို သူများ အတွက် အလုပ်လုပ်ပေးရတဲ့ စာရေးမ ဘဝနဲ့ ပြီးသွားလိမ့်မယ်လို့။ သူလဲ ကြောင်အ သွားတယ်။ ဘယ့်နှယ် ဒီယောက်ျားရင့်မာ ကြီးက နှုတ်သီးကောင်းလျှာပါး သူ့ကို ဘက်ပြောနေတာလဲ လို့ တွေးနေမှာပေါ့။ သူကြောင်အနေတဲ့ အချိန်မှာပဲ ကိုယ်တွေက ထွက်လာပြီ။ ပြောလိုက်သေးတယ်။ နောက်ကို နင်တို့ ငုဝါ ကို မသုံးဘူး ဘယ်လိုဆိုတာလဲ သေချာကြေငြာပေးမယ်လို့ ကဲ အခု အဲ့တာ ကြောငြာပဲ။

ရန်ကုန်မှာ ဆို နိုးတာ ရွှေဇင်
မန်းလေးမှာဆို နိုးတာ ငုဝါ သိပြီနော်။

အောက်မှ တီတီဆွိက ကွန်မန့်ထားလို့ နောက်ထပ် တိုးလိုက်ပါတယ်။ တီ ပထမ တခါက ဂျေဂျေ စီးတာပါ နောက် အခေါက် က အသွားကို အီလိုက် အပြန်ကို ရွှေနန်းတော်ဆိုတော့ အခုနောက်ပိုင်းကားကောင်းတွေပေါ့

အသွားဂျေဂျေ ကိုကြိုက်ပါတယ် ခုံပိုကျယ်တယ် ဆားဗစ်လဲ ပိုကောင်းတယ် အားနည်းချက်တခုကတော့ ၁၁၅ မိုင်တို့ ၂၈၅ တို့မှာ ခဏပဲ ရပ်ပါတယ် သူက ၁၀ မိနစ်ပဲရပ်ပြီးတော့ Feel ကနေ မုန့်ဝယ်ကျွေးတာပါ ဈေးက ၁၆၈၀၀ အီလိုက် က ၁၈၀၀၀ ရွှေနန်းတော်က ၁၆၅၀၀ ဆိုတော့ ဈေးက အီလိုက်နဲ့ကွာတယ် ရွှေနန်းတော်နဲ့ မ ၃၀၀ ပဲကွာတယ် သို့သော် ဝန်ဆောင်မှုချင်းကျတော့ ရွှေနန်းတော်နဲ့က တော်တော်ကွာပါတယ် ဂျေဂျေက ပိုကောင်းတယ် တော်တော့ ကို ပိုကောင်းပါတယ်  အီလိုက်ကကျတော့ ဈေးက ပိုများနေပေမယ့် အဲ့လောက်မကွာပါဘူး ကားပိုကောင်းတယ်ပြောကြပေမယ့် တီကတော့ မကွာဘူးထင်ပါတယ် အီလိုက်က တခုကောင်းတာ တဦးချင်းအတွက် အီးယားဖုန်းတွေရှိတော့ ကိုယ်နားမထောင်ချင်ရင် နားမထောင်ယုံပဲ အရင် ကားတွေစီးရသလို အဓိပ္ဗါယ်မရှိတဲ့ ကလိထိုး မြန်မာကားတွေဇွတ်မကြည့်ရတော့တာ တော်တော်လေးကောင်းပါတယ်။ သို့သော် သူက နားတဲ့နေရာတွေမှာ မိနစ်၃၀ နားတော့ ပိုကောင်းတယ် ကိုယ်ကြိုက်တဲ့ဆိုင်မှာ ကိုယ်စားချင်တာ ဝယ်စားလို့ရတယ် မကောင်းတာက ဈေးအများကြီးပိုယူထားပြီးတော့ ဘာမှ ဟုတ်ဟုတ်ကောင်းကောင်းမကျွေးတာပါပဲ

ဥပမာ ဂျေဂျေဆို Feel က ကျွေးတာ သေချာတယ် မုန့်က တကယ့်ကို အဲပုဂံထက်ကောင်းတယ် ခုံလဲပိုကောင်းတယ် ပိုကျယ်တယ် ဆားဗစ် ပိုကောင်းတယ် ကားမယ်က ပိုလှတယ် (တီနဲ့တော့ မဆိုင်) သို့သော် အားနည်းချက်က ၁၀ မိနစ်ပဲရပ်တယ် အဲ့တာ မကြိုက်
နောက် လက်မှတ်ခမှာလဲသူက ကားအတွက်က ၁၀၄၀၀ ဆားဗစ်နဲ့မုန့်အကျွေးအမွေအးအတွက်က ၆၄၀၀ ပေါင်း ၁၆၈၀၀ စသဖြင့် ခွဲထားပေး လက်မှတ်က လေယာဉ်လက်မှတ်အတိုင်းပဲ မိုက်စ် 

အီလိုက် ကားပိုကောင်းတယ် ဆိုသော်ညားလဲ တယ်မကွာ ဈေးအများကြီးပို မုန်းကောင်းကောင်းမကျွေး ဆားဗစ် က စိုးစိုးပဲ ပိုကောင်းမနေ မိနစ် ၃၀ နားရတာကောင်း

ရွှေနန်းတော် ဈေးအနည်းဆုံး မိနစ် ၃၀ လဲနား မုန်းက တော့ မကောင်း သို့သော် အပေါ့သွားလို့ရသော် အိမ်သာပါ အခြား ကား ၂ မျိုးထက်ပိုကောင်း မောင်းတဲ့သူ နည်းနည်းညံ့ တီ့တို့ ကံမကောင်းတာလဲဖြစ်နိုင်

ကားတွေအကုန်ကတော့ ညဘက် သိပ်ဆူညံ့ မြန်မာကားတွေမဖွင့်တော့ အဲ့တာ အားလုံးကောင်း

ကဲ အဲ့တော့ စာဘတ်သူတွေလဲ ကိုယ်ကြိုက်ရာကား စီးကြကုန်
အားသာချက် အားနည်းချက်တွေ တော့ပြောပြပေးပြီပြီနော်


နောက် အချဉ်ပေါင်းများကို မျှော်

အားလုံးကိုချစ်တဲ့ တီချမ်း

A Chen
12:02 PM
 23rd Jan 2013
Wednesday
David's Home
Yankin | Yangon | Myanmar

Sunday, January 6, 2013