Saturday, September 29, 2012

Advertisment

ဒီယား စာဘတ်ပရိတ်သတ်များ

အခု တီချမ်း မြန်မာပြည်ပြန်ရောက်နေပါတယ် ပြန်ရောက်ကတည်းက မအားတာ အခုထိပါပဲ။ အခု တီချမ်း က မြန်မာပြည်မှာ D's Place ဆိုပြီးတော့ အတိုင်ပင်ခံ အဖွဲ့ကလေးတခု လုပ်ပြီး မြန်မာပြည်မှာ ရှိတဲ့ လူထုအခြေပြုအဖွဲ့လေးတွေ နဲ့ အန်ဂျီအိုတွေကို သင်တန်းပေးတာတွေ ပရောဂျက်တွေ ပရိုဂရမ်တွေကို ပြင်ဆင်တည်းဖြတ်တာတွေ၊ မွမ်းမံတာတွေ၊ စတာတွေကို အတိုင်ပင်ခံလုပ်ပေးပါတယ်။ နောက် တီတို့ အဖွဲ့လေးကနေပြီးတော့ ပွဲတွေစီစဉ်တာတွေလဲ လုပ်ပေးပါတယ်။ လူစွမ်းအားအရင်းအမြစ် စီစဉ်တာတွေ  လူရှာပေးတာ အလုပ်ဖြုတ်ပေးတာတွေအကုန်လုပ်ပေးပါတယ်။ အခုမှ စလုပ်တာ ၃-၄ လပဲရှိသေးတာဆိုတော့ လုပ်ရင်းသင် သင်ရင်းလုပ်ပေါ့နော်။ တီတို့ ဝဘ်ဆိုက်လေးကိုလည်းကြည့်ကြည့်လို့ရတယ်နော်။ ဖေ့စ်ဘွခ်မှာ ကြည့်ချင်ရင်တော့ အပေါ်က ပေးထားတဲ့ လင့်ခ် ကိုကြည့်ပါနော်။ ဝဘ်ဆိုက်ကတော့ ခု ပြင်ဆင်ဆဲကာလဖြစ်နေတော့ နောက်ပြင်ပြီးတော့ တခါ ထပ်ကြော်ငြာပါ့မယ်နော်။

တခုပဲ မြန်မာပြည်ပြန်ရောက်ကတည်းက အရမ်းကိုပျော်နေပါတယ်လို့။ ပြည်ပရောက်ရွှေမြန်မာများလည်း အမြန်ပြန်လာ ပျော်ရွှင်ခြင်းနဲ့ နိုင်ငံတော်သစ်ကို ကြိုဆိုကြပါစို့လို့  (မွှေပေါ့အေ)

နောက် တီအခုလည်း စာတွေပြန်ရေးဖို့ လုပ်နေပါတယ်။ စာရေးရတာလဲ လွမ်းတယ်။ စာဘတ်ပရိတ်သတ်တွေကိုလည်း လွမ်းနေပါတယ်လို့.............

အားလုံးကိုချစ်တဲ့
တီချမ်း
1:04PM
29th Sept 2012
Saturday
TRADERS Hotel Yangon
Myanmar