Thursday, May 27, 2010

ခါတော်မှီ....

ဟုတ်ကဲ့ အခုလို ဘလောခ် လောက မှာ ၂၀၁၀ အမှီ ဆိုရမလား ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတဲ့အတွက် ဖန်တော် ဆင့်ခင် ဂျာနယ်က မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ဘာမှမတော်တဲ့ စောမိမိချမ်း (ဖရီးကုန်း) မှ နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း ကို ဖြစ်ပေါ်နေတဲ့အရေးတွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေးတွေ မေးမြန်းခဲ့ပါတယ်။ ဒီလိုနိုင်ငံကျော် ဘလောခ်ဂါကို အင်တာဗျူးဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ခုတလောကမှာ ဖြစ်ပွားခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ ဂျာနယ်လစ်အမှု၊ အရင်တုံးက ဟစ်စထရီ တွေ ရှိခဲ့တဲ့ ကိုကိုလှမြင့်နဲ့ နန္ဒာလှိုင်အမှု စတာတွေ ကြောင့် ကျမ တို့ ဂျာနယ်လစ် တွေ ဝမ်းစာမပြည့်ဘူး ဘာညာ ပြောခံထားရတာက တကြောင်း၊ တခုခုဆိုရင် ဘာမ ဆို သူဝင်အော်မှ ပြီးမယ် ထင်နေတဲ့ မထော်မနန်း အဘိုးကြီး ပြည်သူ့ ပတ္တမြားဝင်း ပယ်ရီမေဆင် စုံထောက်ဝတ္ထုတွေ ရေးခဲ့တဲ့ *ကမ္ဘာကြည့်ကြည့်မြင် ဆိုတဲ့ စာအုပ်တအုပ်လဲ ရေးခဲ့တဲ့ ဆရာတွေ ဂျာနယ်လစ်ကြီးတွေနဲ့မငြိအောင် သတိထားရတာကတကြောင်း စတာတွေ ကြောင့် ဒီအင်တာဗျူးလေးကို ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသလို အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ နာမည်ကျော် အင်တာဗျူးဝါး များဖြစ်တဲ့ အူးဝင်းညိမ်းတို့ ဘာတို့ ညာတို့ ကိုလဲ အတုယူတဲ့အနေနဲ့ ကိုယ်ဗျူးမယ့် နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း အကြောင်း ပါစင်နယ်တွေအပါအဝင် သေသေချာချာ စုံစမ်းခဲ့ပါသေးတယ်။ ထို့ပြင်တဝ သူရေးတဲ့ ပေါက်တတ်ကရ ပေါက်လွှတ်ပဲစား စာတွေ တပြုံတခေါင်းကြီးလဲ ခေါင်းနောက်တဲ့အထိ ဘတ်ခဲ့ရပါသေး တယ်။ လူပြောမခံရ အောင် လဲစာတွေ (ဒီနေရာမှာ ဘလောခ် တွေကိုဆိုလိုပါတယ် စာပေတွေကို မဆိုလိုပါ) အများကြီး ကြိုဘတ် ခဲ့ရပါတယ်။ ဒီလိုနဲ့ ချိန်းထားတဲ့နေ့မှာ နာမည်ကျော် ဘလောခ်ဂါမမကြီး ရှိမယ်ဆိုတဲ့ ရွာထိတ်က ကိုရင်မောင် ထန်းတော အဲလေ….နာမည်ကျော် စဒိုးနား ဟော်တယ် ရဲ့ အရက်ဘားတခု ကိုအရောက်သွားပြီး စာဘတ်သူ ပရိတ်သတ်တွေ သိချင်နေတဲ့အကြောင်းလေးတွေ ကို ဗျူးခဲ့ပါတယ်။


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ မမ။ လိုရင်းလေးတွေ အရင်စဗျူးချင်ပါတယ်နော်။ နောက်မှ မမရဲ့ ပါစင်နယ်လေးတွေ လဲနည်းနည်းပါးပါးဗျူးပါမယ်နော်။



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အော်……………(မဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ နဲ့ မချိပြုံးပြုံးလိုက်ပြီး) အဟင်းရပါတယ်ကွယ် မမက ပါစင်နယ်တွေကိုပဲ အဓိက ထားမေးမယ်ထင်နေတာ….ရပါတယ်ကွယ်….ညှင်းညှင်းညှင်း….


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ပထမဆုံး တလောက အပြင်းစားမိန်းမ ဘလောခ်ဂါ ရေးသွားတဲ့ တရားမျှတမှု နဲ့ပတ်သက်ပြီးတော့ မမရဲ့ အမြင်လေးတွေကိုသိချင်ပါတယ်…..



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

တီတောင် အဲ့တာနဲ့ ပတ်သက်ပြီး ပိုစ့် တခုရေးလိုက်ပါသေးတယ် အဲ့ဒီ ပိုစ့်မှာလဲ လောကကြီးက မတရားတာ မတရားမှုတွေနဲ့ ပြည့်နက်နေတာ မတရားမှုတွေ မှိုလိုပေါက်နေတာ စတာတွေ ကို အကျယ်ရေးပြီးပါပြီ။ ထပ်ပြီး ခြုံပြောရမယ်ဆိုရင်…. အိုတီကတော့ မတရားမှု ဆိုတာ လိုကိုလိုတယ်လို့ပဲ ထင်ပါတယ်ကွယ်။ ခုတော့ သေချာ မေးလာလို့ တီကလဲ လျာရှည်ရှည်နဲ့ အချက်ကလေးတွေနဲ့ ချိန်ထိုးဖြေမယ်နော်….


• လောကကြီးက မတရားပါဘူး ကိုယ်က သူများကိုမတရားမလုပ်ရင် သူများက ကိုယ့်ကို မတရားလာလုပ်မှာပါ။


• နောက်တီတို့နေတာ ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်းနိုင်ငံပါ တရုတ်ပြည့်သူ့ ကွန်မြူနစ် မဟုတ်ပါဘူး တရားမျှတမှု ရှိရမယ်ဆိုင် လူတွေလဲ အကုန်ပျင်းကုန်ကြပြီးတော့ ကိုယ်ဘာလုပ်လုပ် ဘယ်လောက်လုပ်လုပ် အတူတူပဲရမယ်ဆိုရင် လူတွေရဲ့ ကြိုးစားလိုစိတ်တွေ အညွှန့်ကျိုးကုန်မယ်လို့မြင်ပါတယ်


• နောက် အဲ့မှာ ပြောကြတဲ့ ဘာသာရေးနဲ့ပတ်သက်တာတွေ ကိုယ်စိုက်တဲ့အသီး ကိုယ်ရိပ်သိမ်းရမယ် စတာတွေကိုတော့ တီက ဘာသာမဲ့ တယောက်ပဲ ဖြစ်တဲ့အတွက် ဘာမှမဆွေးနွေးချင်ပါဘူး တီ့ဘလောခ်က နာမည်ကျော်တာ နိုင်ငံရေး ဘာသာရေးတွေမရေးတာကြောင့်လဲပါပါတယ် အဲ့တော့ တီက အဲ့ဒီ နည်းလမ်းအတိုင်းပဲ ဆက်သွားချင်ပါတယ်


• အရင်တုံးကဆိုလဲ တီတို့ ဘာသာ လွတ်လပ်သော ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်း ဘလောခ်ကင်း နိုင်ငံမှာ လွတ်လပ်စွာ ဘလောခ်ခြင်းအမှုပြုနေကြတာကို နှာဘူးမကြီး မဟုတ်တာတွေ တင်တယ် ရေးတယ် စသဖြင့် မတရားအပြောခံခဲ့ရတာပဲလေ အဲ့တာကြောင့် ပြောတာပေါ့ လောကကြီးက မတရားပါဘူးလို့


• အဲ့တော့ အချုပ်အနေနဲ့ ပြောရရင် တီကတော့ တီ့ကို မတရားပြောမယ် မတရားကျင့်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် လက်ခံ မယ်လို့ပဲပြောချင်ပါတယ်


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ကိုကလိုရဲ့ ဘလောခ် ပိုစ့်နဲ့ ပတ်သက်ပြီးတော့ မြန်မာ မိန်းကလေးများ စကတ်တိုလာမှု ဆိုတဲ့ အကြောင်းနည်းနည်းဆွေးနွေးပေးပါအုံး….



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အော် ဝိုင်းစု စကပ် ကိစ္စ ကိုပြောတာထင်တယ်နော်…ဒါကတော့ ပြောရမယ်ဆိုရင် ကမ္ဘာနဲ့ချီပြီး ပြောရမယ့် ကိစ္စ ဖြစ်နေပါတယ်။ တီကိုယ်တိုင်တောင် ခုတလော ကမ္ဘာပတ်ဝင်းကျင် ထိန်းသိမ်းရေး၊ ဖန်လုံအိမ်နိယာမ၊ ပလပ်စတစ် ပြဿာနာ၊ မြန်မာပြည်တွင်းမီးလောင်ခြင်း၊ ရေရှားခြင်း၊ မီးမလာခြင်း (အဲပါကုန်ပြီ)၊ ဆူနာမီ နဲ့ နာဂစ်၊ အယ်နီညိုနဲ့ လာနီညာ စတဲ့ ကိစ္စ တွေကို အလေးပေးလေ့လာနေပါတယ် အယ်ဂိုး ရဲ့ an inconvenience truth ဆိုတဲ့ ဒေါတ်ကယူမန်ထရီ အခွေနဲ့ သူရဲ့ စာအုပ်တွေလဲကြိုးစား ဘတ်နေပါတယ်။ ဒါတွေဟာ ဘာကိုပြသလဲ ဆိုရင် တော့ ကမ္ဘာကြီး ပူနွေးလာတာကိုပြပြတယ်။ မိန်းကလေးတွေဟာ ခေတ်နဲ့အမှီ သဘာဝနဲ့အညီ နေထိုင်ဝတ်ဆင် တတ်ကြတာပါ ပြောမယ်ဆိုရင် ချီကျူးကြရမယ့် ကိစ္စ ပါ အမနာပ ပြောရမယာ့် ကိစ္စ လို့တီကတော့ မမြင်ပါဘူး တကယ်တော့ ဝတ်တယ်ဆိုရင်လဲ အဲ့လို လိုက်ပြောတဲ့ သူတွေက သဘောတကျ မျက်လုံးပြုတ်ကြမတတ် ကြည့်ကြတာပါပဲ သဘာဝနဲ့အညီ မနေနိုင်လို့ မျိုးတုန်း ကုန်တဲ့ ဒိုင်နိုဆော်တွေ ရှိပါတယ် အတုယူသင့်ပါတယ် အဲ့တော့ ကိုယ်တွေ ယောက်ျားတွေလဲ ကျားကျား ပြားပြား (ရည်ညွှန်း=အရီးတား) ဖြစ်နိုင်ရင် ကတောင်းကျိုက် စကပ်တိုဝတ် ပြီးနေဖို့သင့်ပါတယ်။ ကမ္ဘာနဲ့ချီ ပြောနေတဲ့အတွက် မြန်မာတွေက ရွှေပီပီ ဒီနေရာ မှာ အမြဲတမ်း ခေတ်ရှေ့ပြေး နေတဲ့ကိစ္စ တခု ကိုလဲ မပြောမဖြစ်ပြောရပါမယ်။ အဲ့တာ က ဘာလဲဆိုတော့ ရှေးလူကြီးတွေ အမျှော်အမြင်ရှိပုံပြောပါတယ် အောက်ခံဘောင်းဘီ ကိစ္စပါ ရွှေမြန်မာတွေ အရွယ်ရောက် ယောက်ျား အများစု က အောက်ခံဘောင်းဘီ မဝတ်ကြပါဘူး။ နောက်အဲ့တာနဲ့ တွဲဘက် ဝတ်တဲ့ ပုဆိုးကလဲ နာမည်ကသာ ဆိုး တကယ်က သိပ်သိပ်ကောင်းပါတယ် လေဝင်လေထွက်ပြောတာပါ။ ဒီနေရာမှာ ကြုံလို့ လက်တန်းစပ်လိုက်တဲ့ ကဗျာ တပုဒ် ရွတ်ပြချင်ပါသေးတယ်။ တီချမ်းဟာ ဒီလို အဏူပညာ စွမ်းတွေ ပြည့်ဝ ဝမ်းစာရှိပါတယ်ပေါ့ ခိခိခိ


ပုဆိုးတို

ပုဆိုးကိုတဲ့ ခပ်တိုတို ဝတ်ပါလို့
အညာသား တို့မောင်ကြီးမှာ
အိမ်ကတက် လေလာရာ
နွေအခါ ဆောင့်ကြောင့် ထိုင်ကာသာ
တဘတ်ဘတ် ခပ်လိုက်ရင်
လေလေးများလဲ တဖြူးဖြူးဝင်


ဆိုတဲ့ ဖြူးမြို့ က နာမည်ကျော် ကဗျာဆရာမ ချမ်း က သူ့မြို့သူ့ရွာ ဖြူးဆိုတဲ့ စကားလုံးကို မပါ ပါအောင် ရေးထား တဲ့ ကဗျာ ကိုသတိရစေပါတယ်။ ဒီလိုမျိုး တီတို့ ရွှေတွေ ခေတ်ကြိုခဲ့ကြတာကပါ။
မြန်မာ့ယဉ်ကျေးမှု အနေနဲ့ပြောမယ်ဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူးလို့ပဲ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေးခေတ် မြန်မာ အမျိုးသမီးတွေဟာ အရင်က ဆိုရင်ဒီထက်တောင် မှ ဖော်ပြီး ဝတ်ခဲ့ကြပါသေးတယ် နန်းဆန် တာပေါ့ နောက်စစ်ကြိုခေတ် စစ်ပြီးခေတ်တွေမှာ ဝတ်ခဲ့တာ ဇာဘော်လီနဲ့ မှန်ဇာ ဆိုတာတွေကလဲ တကယ်တော့ ဝတ်ထားပေမယ့် ဘာမှ မဝတ်ထားတဲ့အတိုင်းပါပဲ အကုန်လုံးကို အထင်းသားမြင်နေရတာပါ (ref: နန်းညီ ရဲ့ ဒီလိုဝတ်ခဲ့ကြသည် ဆိုတဲ့ ပိုစ့်ကလေးကိုဘတ်ကြည့်စေချင်ပါတယ် အသက်ငယ်သေးပေမယ့် ဘလောခ် လောက ပန်းချီလောက စာပေလောက စတဲ့ အနုပညာ လောကတွေအတွက် အလားအလာ အများကြီး ရှိတဲ့ ကောင်မလေးပါ အချင်းချင်းဆိုတော့ ကြောငြာပေးရပါတယ် ဘေလ် ကို တီချမ်းရဲ့ စက်ကပ်ကြေးမှ ပို့ပေးပါလိမ့်မည် ကြော်ငြာခ ငွေကို လမကုန်ခင် အမြန်ပို့ပေးစေချင်ပါတယ် အိမ်လခ ပေးရတော့မှာ မို့လို့ပါ ဒီတလလဲ ၂ သောင်းကျော်ကျပြန်ပါတယ်=စကားချပ်)


ဒီလောက်ဆိုရင် ဝိုင်းစု ကိစ္စ သဘောကျ ကြမယ်ထင်ပါတယ်နော် တီ့ ပါစင်နယ် ပုဂ္ဂလ (မြန်မာလိုမတတ်ဘူးထင်မှာစိုးလို့နော်) အမြင်ကတော့ တိုတို ဝတ်တာကောင်းပါတယ် ကြည့်သောသူ မြင်၏ ပြသောသူ ကုသိုလ် ရ၏ ဆိုသလိုပဲ ယူတတ်ရင်ရပါတယ် ကြည့်တတ်ရင် မြင်ပါတယ် တီ့လို ပြောပါများဆိုရင်တော့ လမ်းထွက်ရင် ခေါင်းကိုတခုခု မာတာလေး ဆောင်းသွားပေါ့ အရိုက်ခံရနိုင်ပါတယ်။


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ခုတလော အပြန်အလှန်ရေးသား အမြင်တွေ ပွားများကြတဲ့ မြန်မာစာ၊ ဘလောခ်ဂါ၊ စာပေထဲမှာပါတဲ့ အဆိပ် ဘလောခ်ဂါတွေ မြန်မာစာကို ဖျက်ဆီးရေး စတာတွေနဲ့ ပတ်သက်လို့ကော ….


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အင်း ယေးတူ သွေဃော ဂွန်မန့်သွေ ကောမှာ မသူငြီတဲ့ ဂွဲပြားတဲ့ အမြင်သွေဃို သော်သော်မြားမြား ယေးဌားပြီး သွားဂျပါပြီ။


တီ့အနေနဲ့တော့ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါဘူး။ တခုပဲ ပိုစ့်ပုံစံက ချစ်လို့ပြောတယ် မှတ်ပါ ဆိုတဲ့ အသံမျိုးပေါ့။ နည်းနည်းပဲ ဝေဖန်စရာရှိတာက အဓိက ဘာပေးချင်သလဲရေးရပါမယ်ဆိုထားပါတယ် ပြောချင်တာကလဲ စာလုံးပေါင်း သဒ္ဒါ ကိစ္စ တွေပေါ့ အများကြီးပြောသွားတာကတော့ သီချင်းကိစ္စပေါ့နော် တီကတော့ အဲ့လိုမြင်ပါတယ် အဲ့တော့ သူ့အပြောနဲ့ အရေးက မညီဘူးလားပေါ့နော်


တီကတော့ ရှင်းပါတယ် စာလုံးပေါင်းကိုသတိထားပါတယ် အခြေအနေပေးရင်လဲ တီ့စာတွေကို တီ့ဘာသာပဲ ပိုက်ဆံထုတ်ပြီးတော့ ဘယ်သူဝယ်ဝယ်မဝယ်ဝယ်အရှူံးခံထုတ်မယ်ဆိုတဲ့ ကြီးမားတဲ့ မဟာရည်ရွယ်ချက်ရှိပါတယ် မဟုတ်ရင်လဲ စာပေသမား တယောက်ယောက် ကို ရှဲဒိုးရေးခိုင်းပြီး စာရေးဆရာမ ဖြစ်အောင်လုပ်ပါမယ် မဟုတ်ရင်လဲ တီက ရုပ်ခံ ရှိတဲ့အတွက် နာမည်ကျော် မင်းသမီး အရင်ဖြစ်အောင် လုပ်ပါမယ် ပြီးတော့ မှ အချစ်စစ်စစ်များ ဆိုပြီး တော့ စာအုပ်ထုတ်ပါမယ် နာမည်ကျော်ကရော်ပေါ့အေ..


တီဆိုရင်လဲ စာလုံးပေါင်းကို အင်မတန်မှ သတိထားပါတယ် ဆယ်တန်းမှာ (sorry တက္ကသိုလ် ဝင်တန်း=တီချမ်း ကားပြာ မကြိုက်ပါ) မြန်မာစာ သင်ခဲ့တာ စာအုပ်ဘိုးတော်လို့နာမည်ကြီးတဲ့ ဆရာဦးရဲဝေ နဲ့ပါ သူ့ကိုယ်သူ ဦးယေဝဲ လို့ အမြဲ ညွှန်းပါတယ် တခါမှ စာမမေးတဲ့ ဆရာပါ မုန့်လဲအမြဲ ဝယ်ကျွေးတဲ့အတွက် ဆရာ့ ကို လဲ သိပ်သိပ်ချစ်ပါတယ် ဆရာကျေးဇူးနဲ့ တီလဲ စာရေးတဲ့အခါ စာလုံးပေါင်းသတ်ပုံ သတိထားပါတယ် ချွင်းချက် အနေနဲ့ ပုဒ်ထီး ပုဒ်မ ကတော့ ပါလေ့မရှိပါ ဒါကလဲ ပြောရမယ်ဆိုရင် တီက အင်တာနေရှင်နယ် ဆိုသလို ရောက်နေပေါက်နေတော့ ဂျန်ဒါ သဘောကို အလေးထားတဲ့သဘောပါ (ဘာမှမဆိုင်တာ ကို မဆိုင်ဆိုင်အောင် ဆွဲပြောတာကိုက ပညာ။ ယူထားကြလော့ အသင်စာဘတ်သူတို့) အဲ့တော့ အထီး အမ ဘက်လိုက်မှုမရှိကြောင်း ပေါ်လွင်စေချင်လို့ တမင်ကိုထည့်မရေးတာပါ နောက်တခု တီအရင် စာစ ရေးကာစ ကျွန်တော် ကျွန်မ လို့ ရေးပါတယ် တစ် အစ်ကို အစ်မ ရေးပါတယ် နောက်တော့ တစုံတယောက် ရဲ့ ကောင်းမှုနဲ့ ပေါ့ အသား တစ်တတစ် တို့ အသားတစ်တစ်တစ် တို့ ဟုတ်လားမဟုတ်လားမသိတဲ့ ပိုစ့်တွေ လိုက်လျောက်ဘတ်ပြီးတော့ ကျွန်စိတ်မပျောက်သေးလို့ ကျွန်တော် နေတာ ဘာညာပေါ့ အဲ့တာနဲ့ ကျတော် ဖြစ်သွားပါတယ် ကျွန်စိတ်ဆိုလို့ နည်းနည်း ထပ်ပြောရရင် တခါတလေကျတော့ ကျွန်ဖြစ်နေတာ ကမှ ကောင်း မီးမှန်နေမလားပေါ့နော် တွေးမိပါတယ် ဥပမာ ဟောင်ကောင် ပေါ့နော် တီတို့က ကျွန်ဖြစ်တာ စောပေမယ့် သူတို့က ကျွန်သက်ပိုရှည် ပါတယ်ပေါ့ အဲ့တော့ ပိုတိုးတက်တယ်ပေါ့ အခြေအနေတမျိုးဖြစ်ချင်ဖြစ်မယ်ပေါ့နော် တီတို့လဲ မမှီခဲ့ပါဘူးပေါ့နော် ရှေ့မှီနောက်မှီတွေ ပြောခဲ့ကြတဲ့ ပြည်တော်သာခေတ်ဘာညာကတော့ နားထောင်ရတာ ကောင်းပါတယ်ပေါ့နော် နောက်တော့လဲ အိုဒီ လို အတွေးတွေဟာ မဟုတ်သေးပါဘူး ကြီးမားမွန်မြတ်တဲ့ စေတနာတွေကိုစော်ကားရာ ရောက်ပါတယ်လေ ဆိုပြီးတော့ တီလဲလျောက် မတွေးတော့ဘူး ပေါ့နော်….. ပြောရင်းနဲ့ မဆိုင်တာတွေရောက် ကုန်ပြီ….ဟူး………………….မောလိုက်တာ
(သူသူမရေ ရေလေးတခွက်လောက်ခပ်ခဲ့ပါကွယ် ဟူ ကျင်ကျင်မလေး ဂန္ဓာမာ သူသူ အားလှမ်းအော်လိုက်သည်)


တခုပဲကြိုက်တယ် အဲ့တာကတော့ ခုနက စာလုံးပေါင်းနဲ့ ပတ်သက်တဲ့ အပြန်အလှန်ပိုစ့်မှာလဲ နှစ်ယောက်သား အမြင်မတူတာကို လွတ်လပ်စွာ ကွဲလွဲခဲ့ကြပါတယ်ပေါ့ တီတို့ရဲ့ ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်းနိုင်ငံ အနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒါကောင်းတဲ့ အလာအလား တခုပါပေါ့နော်


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ နာမည်ကျော် မမကြီး ရဲ့ ရီဗြူးကိုကော ဘယ်လိုမြင်ပါသလဲ…


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အို…………..ဒါကတော့ ရေးကိုရေးရမယ့် ကိစ္စ မို့လို့ ကြိုဆိုရမှာပါ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမဟုတ်ပါဘူး သူကတော့ ဟိုးအစ ကနဦးကတည်းက ဘယ်သူတွေ ဘာပြောပြော စာလုံးပေါင်းဆိုလဲ သေသေချာချာကိုမှားတာပဲ သူများက ပြင်ဖို့ရေးတာကိုလဲ မမကြီးက ကျတော်တို့လဲတာဝန်ရှိပါသည် လို့ ပြောပါသေးတယ် ယဉ် အန္တရာယ် စုပေါင်းကာကွယ်တာမှ မဟုတ်တာနော် “ဝိုင်းဝန်းကာကူညီ…..ကျမတို့လဲ တာဝန်ရှိပါသည်” ပေါ့ ဘာညာပေါ့


ပြီးတော့ မမကြီးက အရင်တလောကလဲ ဆက်ရေးရမလား မရေးရင်ကောင်းမလား ဆိုပြီးတော့လဲ ဆက်ရေးနေတာပဲ ဟော ပုံတွေတင်လဲ တင်ချင်တာတွေတင်တာပဲ သူ့ပုံတွေ ကွာလတီမကောင်းလို့ မလှလို့ သူများ ဘလောခ်ဂါတွေ မီးလောင်တာမှာ ပိုစ့်တင်တာကိုတောင် သူက ဘလောခ်ဂါတွေ က မီးလောင်နေပေမယ့် ပုံကောင်းကောင်းထွက်ဖို့က အဓိက လို့ ခနဲ့ပါသေးတယ် ပြီးတော့မှ ပြောတာ စိတ်ဆိုးမလားမသိလို့ ပြန်ဖြေပါတယ် တီတို့တွေ အများကြီး နည်းနာ ယူရပါမယ် ပြီးတော့ တီ့ အနမ်း ပိုစ့်တောင် သူ့ ရီဗြူးမှာ ပါလာလို့တီ တောင် ဝမ်းသာပြီ နှစ်ပိုစ့် သုံးပိုစ့်ဆက်ရေးပါသေးတယ် (ခုတော့ ဒေါ်ရီတာ လာအော်နေလို့ အနမ်းတွေ ရပ်ပြီး တခြားပြောင်းရေးမှာပါ နမ်းရတာ ကြာလို့ နူတ်ခမ်းတွေကော ပါးတွေကော လျာတွေ ကောလဲ ညောင်းနေကြပြီလေ တော်ကြာ အဆိုကျော် ရဲလေး လို သနားစရာလေးတွေပဲ အမြဲရေး ပြီး မြို့မေတ္တာ ခံယူတတ်တဲ့ သနားခံဘလောခ်ဂါ ဖိုးစိန်ကြားသွားလို့ နှာခေါင်း ပိုစ့်အပြီး လျာ ပိုစ့်တွေပါ လျောက်ရေးကုန်ရင် မကောင်းဘူးလေနော်…)


မမကြီး အကြောင်းကတော့ မမကြီး ဘာရေးရေး ဘယ်သူတွေ ဘာပြောပြော သူသာလျှင် ကွန်မန့် ဘုရင်မကြီးဘွဲ့ကို ဆက်ထိန်းထားနိုင်တာဆိုတော့ တီတို့က ဘာမှမပြောသာပါဘူး….မမကြီးရယ်လို့ ရေးလိုက်ရင် အအေးအိတ်တွေ ချိတ်ပြီး အရောင်စုံလိုလို ဓါတ်ပုံရိုက်တင်ရင်တောင် လူဘတ်တာပဲဆိုတော့ တီကိုယ်တိုင်လဲ မသွားဘတ်ရရင်မနေနိုင်ပါဘူး….ပြီးတော့ မမကြီးရဲ့ ကိုယ်ယောင်ဖျောက်အတတ်ကိုလဲ တီက သင်ချင်ပါသေး တယ် တီတောင် ဘလောခ်ရေးကာစ က ဘလောခ် ပါးမဝသေးလို့ မဟုတ်ရင် မမကြီးလိုပဲ ကိုယ်ရောင်ဖျောက် ထားလိုက်တယ် ခုတော့ တီ့မှာ မောင်ရင်ငတေ ဆိုတဲ့ ပိုစ့်မော်ဒန် (သူများနားမလည်အောင် အင်မတန် ရေး တတ်သော) ဘလောခ်ဂါ က တီ့ ဘန်နာ က ကောင်မလေးကော ဆိုပြီး ရိသဲ့သဲ့ လာမေးတာ ခံလိုက်ရပါသေး တယ် (ကတောက်…နန်းညီ ဆီက ခဏ ငှားသုံးတယ်) သူက ဘယ်ရောက်သွားလဲပဲ မေးသာမေးတာလေ မတရားဘာမှလာမလုပ်ပါဘူး မလုပ်လို့ ခုလို လူသိရှင်ကြား အော်နေတာပေါ့နော် မတရားသာ လာလုပ်ရင် ငြိမ်ခံနေလိုက်မယ် ဘာမှတ်လဲ …………..


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ တိုက်ခိုက်တာတွေလဲ ပြီးသွားတော့ မမရဲ့ ပါစင်နယ်တွေကို နည်းနည်းမေးပါရစေနော်



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အင်း…………………(အခုမှ လိုရင်းကိုရောက်တော့တယ် ဟု ပြုံးချိုလိုက်ပြီးနောက်….) တိုက်ခိုက်တာ မဟုတ်ပါဘူးကွယ် တီက ပျော်စေပျက်စေ ကလက်စေပါ အားလုံးကို မေတ္တာထားပါတယ် တီက ငယ်ငယ်လေးကတည်းက ဆရာထင်လင်းရဲ့ ပေါ်လီယာနာ ကို ဘတ်ပြီးကြီးလာတာပါ (ကြီးလာတာ အား အရွယ်ရောက်လာတာဟု ပြင်ဆင်ဘတ်ရှုပါရန်) မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ရုပ်ရှင်လဲကြည့်ဖူးပါတယ်။ အဲ့တော့ အားလုံးကိုမေတ္တာထားပါတယ်…..


စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ …………ကဲ စမေးတော့မယ်နော် မမ….


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အင်းမေးလေ


စောမိမိချမ်း (ဖရီးကုန်း)

ဟိုတလောက မမ စာမရေးဘဲ ခဏနားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ တီက မအားလို့ စာရေးတာကနေခဏ အနားယူနေတယ်လို့ ပြောတယ်။



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


ဟုတ်တယ်။ အခု အားသွားပြီ။


စောမိမိချမ်း (ဖရီးကုန်း)

ပထမဆုံး အနေနဲ့ အစ်မရဲ့ အခုလက်ရှိ ဘဝလေးကို အစ်မ ဘယ်လို ဖြတ်သန်းနေပါသလဲ။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


ဒီအတိုင်းပဲ ကောင်းပါတယ်။


စောမိမိချမ်း (ဖရီးကုန်း)

အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လိုပါ။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ တီ က ဖြေနေရတာလေ။


စောမိမိချမ်း (ဖရီးကုန်း)

အမ အရင်က ပိုစ့်တွေမှာ ပြောဖူးသလိုပေါ့နော် အမက ကလေးလိုချင်တယ်ဆိုတော့ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ အစ်မ မှာ …ရှိနေတဲ့အတွက် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


ဟုတ်။ ပြေပါတယ်။ ခုက ဆေးစွမ်းကောင်းတွေလဲပေါ်နေပြီဆိုတော့လေ…


စောမိမိချမ်း (ဖရီးကုန်း)

အဲဒါက ဘယ်တော့လောက်ဖြစ်မလဲ မသိဘူး။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အဲဒါတော့ မသိသေးပါဘူး။


စောမိမိချမ်း (ဖရီးကုန်း)

ဟိုတလောက မမနဲ့ ဘလောခ်ဂါ ကိုကိုတယောက် ပြတ်သွားကြတယ်လို့ပြောတယ် မမအသည်းတွေ ဘာတွေ ကွဲသေးလား။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


အဲဒီမေးခွန်းက မေးဖို့တောင် မသင့်တော်ပါဘူး။


စောမိမိချမ်း (ဖရီးကုန်း)

အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာ တွေ့ခဲ့ကြတာလဲ။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


ဒီလိုကိစ္စ အသေးအမွှားလေးတွေတော့ တီ မဖြေချင်ဘူး။ ဒဲာ့တာတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်။ ထည့်လို့မရလို့တော့ မဟုတ်ဘူး။ ဒဲာ့တာတွေက ဘာမှ မဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပါလားလို့…………... နော်။


စောမိမိချမ်း (ဖရီးကုန်း)

မမရဲ့ စာဘတ် ပရိသတ်တွေက ပြောကြတယ်။ မမက လင်တွေများနေတာနဲ့ပတ်သက်ပြီးတော့။ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လို ခံစားရလဲ။


နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း


သွားလိုက်တော့………… နင်သွားလိုက်တော့………….


နင်လို လစာ တပဲခြောက်ပြားတောင်မရတဲ့ကောင်မက ငါ့လိုဒေါ်လာ စားကို ဘာမို့လို့ အဲ့တာတွေ လာမေးနေတာလဲ နင်တို့ လို ဂျာနယ်တွေ ထမင်းမငတ်အောင် ငါက သနားလို့ဖြေပေးနေတာ

(ပြောပြောဆိုဆို ဂျာနယ်လစ်မ စောမိမိချမ်း (ဖရီးကုန်း) အား နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း မှ ဆံပင်ဆွဲ ပါးရိုက်ကာ လည်ပင်းဖမ်းညစ်လေတော့သည် ဤတွင် အန်တီချမ်း နှင့် နာမည်ကျော် နှစ်ကိုယ်ခွဲ အင်တာဗျူးကြီးမှာလဲ အကျည်းတန်စွာ ဆုံးခန်းတိုင်လေတော့သည်။)


မှတ်ချက်
ခင်တဲ့သူတွေကိုပဲ စတယ်မှတ်ပါ။ မကျေနပ်ရင်လာပြောကြပါ။



* (ဆရာတယောက်ကတော့ အဲ့တာ ဆရာ မြို့မငြိမ်း ရဲ့ စကားလုံးလို့ပြောပါတယ် ဆရာ မောင်ဝံသ စာအုပ်ထွက်တုံးကလဲ ဆရာ မြို့မငြိမ်း ရဲ့ အဆက်အနွယ်တွေက တရားစွဲတယ် ဘာညာ မကြားမိပါဘူး၊ အရင်တုံးက လွန်းထားထား နဲ့ ပုညခင်ထင်တယ် ရင်ခွင်နန်းတော် ဆိုတာ သူ့စကားလုံး ငါ့စကားလုံး ဆိုတာတွေနဲ့ ပတ်သက်ပြီး သတ်ကြပါသေးတယ် အဲ့လို အဖြစ်တွေအပေါ် မြန်မာစာ မြန်မာစကား ကို တန်ဖိုးထားတဲ့ သီချင်းတွေကို အများကြီး ဝေဖန်သွားတဲ့ ဆရာ အနေနဲ့ ဘာပြောမလဲ သိချင်ပါသေးတယ်)

Wednesday, May 26, 2010

စိုနေတဲ့နူတ်ခမ်းတစုံ

စိုနေတဲ့နူတ်ခမ်းတစုံ

မိန်းကလေးတွေဟာ အမြဲတမ်းလိုလို အရင်ရည်းစား ရဲ့ အနမ်း စွမ်းရည် ကို အခု လက်ရှိ ရည်းစားရဲ့ အနမ်းစွမ်းရည်နဲ့ ယှဉ်ယှဉ်ကြည့်ကြလေ့ရှိတယ်။

အရင်တုံးက ရည်းစားကို ခုချိန်မှာ မိန်းကလေးမချစ်တော့ပေမယ့် သူ့ရဲ့ နက်ရှိုင်းနွေးထွေးတဲ့ အနမ်းတွေကိုတော့ ခုထိသတိရနေမိတုံးပဲ။ တကယ်ပါ သူက လူကိုအရမ်းနမ်းတတ်တယ်။ ခုလက်ရှိ ရည်းစားကို ကျတော့လဲ မိန်းကလေးက သူ့ကိုအရမ်းချစ်ပါတယ်။ ဒါပေမယ့် နှမြော စရာ တခုက သူက လုံးဝ မနမ်းတတ်ရှာဘူး။ အဲ့တော့ ဘယ်လိုမှ အရင်ရည်းစားနဲ့ မပြိုင်နိုင် ဘူးဖြစ်နေတယ်။

ဘာလို့များ ယောက်ျားတယောက်မှာ နှစ်ခုစလုံး ကောင်းမွန်ပြည်စုံလို့မရနိုင်တာလဲနော်…?

ယောက်ျားလေးတွေ ဘယ်ကနေ နမ်းတာ ကိုတတ်လာကြတာပါလိမ့်…?

မိန်းမတယောက်ဆီကနေတတ်လာတာလား?
ရုပ်ရှင်တွေကြည့်ရင်းတတ်လာတာလား?
စာအုပ်တွေထဲကနေ တတ်လာတာလား?
ဒါမှမဟုတ်…
မွေးကတည်းက ပါလာတဲ့မွေးရာပါ အတတ်လား…?

တကယ်လို့သာ နမ်းတာ ဟာမွေးရာပါ အတတ်ထဲမှာပါမယ်ဆိုရင်တော့ လူတယောက်နဲ့ တယောက်မှာ gifted ဘုရားပေးတဲ့အရည်အချင်း ဖြစ်တာတို့ talented ထက်မြက်တာတို့ စတဲ့ ကွဲပြားမှုလေးတွေရှိမယ်ထင်တယ်။

တချို့ယောက်ျားတွေဟာ သိပ်နမ်းတတ်ပါတယ်။ သူတို့ရဲ့ နူတ်ခမ်းတွေဟာ စိုစွတ်နေပြီးတော့ သူတို့ရဲ့ လျာကလဲ ဘယ်နေရာကို ဘယ်လိုကလိရမယ်ဆိုတာ သိနေတာမျိုးပါ။ နမ်းတဲ့အခါ ကိုယ့်လျာ ကို ဘယ်လို လိပ်သွင်း ချော့မြူရမယ်ဆိုတာ ကိုလဲ သူတို့ ရော သူတို့ ရဲ့ လျာရော က ကောင်းကောင်း သိကြပါတယ်။

တချို့မနမ်းတတ်တဲ့ယောက်ျားတွေများဆိုရင် နမ်းတဲ့အခါမှာ ကိုယ့် အာခေါင်ထဲ မှာ လျာနဲ့ လျောက်ထိုးနေသလိုမျိုးချည်းပါပဲ။ ဘယ်တော့ မှ အဆင်ပြေပြေ မဖြစ် ပါဘူး။ သူတို့တွေရဲ့ သွားဖုံးကလဲ ကိုယ့်တို့တွေရဲ့ သွားဖုံးနဲ့ လာလာတိုက်မိတတ်သေးတယ်။ သိပ်စိတ် ပျက်ဖို့ကောင်း ပါတယ်။

တချို့ယောက်ျားတွေကျတော့ လဲ သိပ်သနားစရာကောင်းပါတယ်။ သူတို့ဟာ မိန်းကလေး တယောက် စိတ်ကျေနပ် ကြည်နူးအောင် ဘယ်လိုနမ်းရမယ်ဆိုတာ ကို လုံးဝမသိပါဘူး။ အဲ့လို ပဲ သူတို့က မိန်းကလေးတယောက်ကို စိတ်ပါလက်ပါကြည်ကြည်နူးနူး သေသေချာချာ ကြိုးစား ပြီး နမ်းပြီဆိုရင်လဲ တဘက်သား မိန်းကလေးမှာ ဘယ်လိုမှ ကြည်နူးမှု သာယာမှု ကိုမခံစားရ ပါဘူး။ သူတို့ရဲ့ လျာက သိပ်တုံးပြီးတော့ တိုနေသလိုပါပဲ။ ပြီးတော့ သူ့တို့ နူတ်ခမ်းတွေဟာလဲ ခြောက်ခြောက်သွေ့သွေ့နဲ့ပါ။ သူတို့ ရဲ့ အနမ်းဟာ ဘယ်တော့မှ မိန်းကလေးတယောက်ကို ရင်ခုန်ခြင်းရဲ့ အနက်ရှိုင်းဆုံးနေရာ ကိုခေါ်မသွားနိုင်ပါဘူး။ အဲ့လိုပဲ နက်ရှိုင်း ပြီး စိတ်လှုပ်ရှား စရာကောင်း တဲ့ အနမ်းတပွင့် နဲ့ မိန်းကလေးတွေ ရဲ့ စိတ်ကို ဘယ်လိုမှ သူတို့ မဖမ်းစားနိုင် ပါဘူး။ သူတို့က ဘယ်လိုပဲ ကြိုးစားပေမယ့် ဘာမှအကြောင်းမထူးလာတဲ့အခါ မိန်းကလေး ခမျာ သူတို့ ကိုသနားရပါတယ်။ သူနမ်းတာ သိပ်ညံ့တယ်လို့ ဘယ်လို စကားလုံးနဲ့ ပြောပြရ မလဲ မိန်းကလေး မသိတော့ပါဘူး။

သူနမ်းလို့ ပြီးသွားတဲ့ အခါမှာ သိပ်ချိုမြိန်တာပဲ လို့ (ခံစားချက်အပြုံးတုတခု မျက်နှာပေါ် တပ်ဆင် ပြီး) ဟန်ဆောင်ဖော်ပြရပါတယ်။ သူ့ယောက်ျား မာန အတွက်ပါ။ ဒီလိုနဲ့ သူနဲ့ နမ်းတဲ့ အခါတိုင်း သူမရဲ့ စိတ်ထဲမှာတော့ အရမ်းနမ်းတတ်တဲ့ အရင်က ရည်းစားရဲ့ ပူနွေး စိုစွတ်တဲ့ နူတ်ခမ်းတစုံရယ်၊ ကျွမ်းကျင်တဲ့ လျာနဲ့ ကိုယ်ထဲမှာ ရှိတဲ့ ကလီစာ တွေအကုန်ကို ဆွဲထုတ် သွားသလို ခံစားမှုတွေအပြည့်အဝပေးတဲ့ နက်ရှိုင်းတဲ့ အနမ်း တွေရယ်ကိုသာ တမ်းတ မှန်းဆ လွမ်းလျ နေမိတော့တာပါပဲ။

A Chen
1:49 am
26th May 2010
Home
Bangkok

Tuesday, May 25, 2010

တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ

ကဗျာ မတင်တာကြာပါပြီ….ရေးလဲမရေးဖြစ်ပါဘူး အင်စပရေးရှင်းတွေ ခမ်းနေပါတယ် ခုတလောတော့ အက်ဆေးတွေပဲရေးဖြစ်နေတယ် အဲ့တာလဲ ဒီလိုပါပဲ စိတ်ထဲပေါ်လာတာတွေလျောက်ရေးနေတာပါ ဒီနေ့ သူငယ်ချင်းတယောက်က သူဖျက်ထားတဲ့ တီ့ကဗျာ တပုဒ်ကို ပို့ပေးလာပါတယ် တီဟိုးအရင်တုံးက တင်ထားခဲ့ဖူးတဲ့ ထီဆန်းခင်ရမ် ဆိုတဲ့ ကဗျာလေးပါ တိုင်းရင်းသား ချစ်သူလေးတယောက်ကို ရေးပေးထားတာပါ အဲ့တာကို သူက တီ့ ဖဘ ကိုမွှေရင်းနဲ့ တွေ့သွားတယ် ထင်ပါတယ် အဖျက်ကဗျာရေးတော့တာပဲ သူက အရင်တုံးကလဲ တီ့ ကဗျာတွေကို အခွီ အနှောက် ကဗျာတွေ အဖြစ်ဖျက်ရေးနေကြပါ။ ဒီကဗျာလေးက ပြောရရင် ကံမကောင်းပါဘူး တီစရေးတုံးကလြ ဂန္တဝင် ဘုတ်ဆုံက ဖျက်ပါတယ် ဝင်နှောက်ပါတယ်။ ခုတော့ ဒုတိယံမိ အနှောက်ခံရခြင်းပေါ့လေ။ ဒါပေမယ့် ရယ်ရပါတယ် တီ့သူငယ်ချင်းက ကဗျာရေးရင် အပျော်တွေပဲ ရေးတာများပါတယ် အဲ့တာကြောင့် တီ့ ပရိတ်သတ်တွေလဲပျော်စေဖို့ ပြန်တင်ပေးလိုက်ပါတယ် အော်ရီဂျင်နယ် နဲ့တွဲပြီး တင်းပေးလိုက်ပါတယ် အရင်ပိုစ့်ကတော့ ဒီမှာပါ….ကဗျာနာမည်က ထီဆန်းခင်ရမ် တဲ့…


ထီဆန်းခင်ရမ်

တခါက မျှော်မိတိုင်းလွမ်းရတယ်
မြစ်ဆုံမှာ နေလေတဲ့
ချစ်ခဲ့ဖူးသူ
တွေးလေလေ
အဆွေးတွေဝေလေလေမို့
မင်းကိုလေ မေ့ကာထားရတယ်
တမ်းတဲ့ စိတ်ကို
လွမ်းတာတွေဖြေမယ်လို့ကြံတိုင်း
နွမ်းစာခွေ တွေတွေရေးကာဖွဲ့
ပို့မ၀င့်ခဲ့ သူ
အတိတ်ကယ် ချိန်တွေကလေနှောင်း
မမေ့အောင် ကိုယ်လေဆုတွေတောင်း
ဆွေးလုသည်းအူ
သည်းဆိုင်တွေ ကိုင်ကာဆုပ်သလိုပ
တွေးလေတိုင်းကိုယ်လေလွမ်းတာမို့
ငါ့ကမ္ဘာ ငါသာရှိတော့တယ်
ဪ……….
မြူတွေကဆိုင်း။ ။

တီချမ်း
4:44 pm


တင်တင်တုံ ရဲ့အဖျက်အမှောင့်ကဗျာ

ချိန်မဆိုင်း
တွေးတိုင်းရယ်တဲ့ကတုံကရင်
မုန်းခဲ့ဘူးသူ
တွေးသလေ
ဘေးတွေမပြေစေကြောင်း
ဒင်းကိုလေ ကျိန်စာငယ်နာနာတိုက်ပါလို့
မုန်းစိတ်တွေဝေ…
မေ့ပါမယ်အခါခါကြံပေမယ့်
ပစ်စာသာတွင်တွင်ရေးပါလို့
ရပ်ကွက်ကိုတဲ့တိုင်ချင်
ချိန်ခါနော်ကြာတယ်ကိုယ်မမေ့
မေ့ချင်တယ်ဒီမုန်းစိတ်ကိုလ
ဆုံးကမ္ဘာတိုင်
မပြုံးပါနိုင်
ဒင်းကိုတွေ့ရင်ဖြင့်
ပြေးကာသာခြေကိုခုန်လို့ရယ်
သြော်…..
နဘန်ကျင်းမယ်မှန်း……………..

မင်းကြီးကတော် ခင်ဆုံ ၏အနွယ်တော်
သူကြီးကတော် ယင်အုံ၏ အဆက်
ကုလားကြီးကတော် တင်တုံ

Sunday, May 23, 2010

တန်ဖိုးမရှိတဲ့ အနမ်း

မနေ့က အနမ်း ပိုစ့်တခု ရေးဖြစ်ပါတယ် အရင်ကလဲ အနမ်းနဲ့ပတ်သက်တာရေးဖူးပါတယ်။ ဒီမှာတပိုစ့်ပါ တီချမ်း ရဲ့အချစ်ဒဿန များ ဆိုတာရဲ့အောက်မှာ အနမ်း ဆိုတဲ့နာမည်နဲ့ ရေးခဲ့တာပါ။ မနေ့က ပိုစ့်က ဒုတိယ ပိုစ့် ပေါ့ အခု ပိုစ့်ကတော့ တတိယ ပိုစ့်လို့ပြောလို့ ရပါတယ်။ နောက်လဲ ပရိတ်သတ် လက်ခံရင် အနမ်း ဋီကာ အောက်မှာ မတူထူးတဲ့ အနမ်း ကိုရှူမြင် ပုံတွေဆက်ရေးသွားဖို့ရှိပါတယ်။ အစကတော့ ကိုယ့်ဘလောခ် က တချက်တချက် မထော်မနန်းတွေရေးတယ် လုပ်တယ်ဆိုပြီး အဆော်ခံရလေ့ရှိပါတယ်။ ဟုတ်ကဲ့ ကိုယ်ကလဲ မထော်တာ လုပ်ချင်တာကိုး နော်။ ဒါကတော့ ရိုးရာလေ ရိုးရာ။ လုပ်ပေးရမယ်ပေါ့။ ခုနောက်ပိုင်းတော့ နည်းနည်း ဆင်ခြင်ပါတယ် ကြောက်လို့ တော့မဟုတ်ပါဘူး။ ထားပါတော့။ မနေ့ကပိုစ့်လဲ ရေးသာရေးလိုက်တယ် ကောင်မလေးတွေ ဘာပြောကြအုံးမလဲလို့ ကိုယ့်ဘလောခ်က နူတ်ခမ်းနီမလေးတွေလဲ အဘတ်များတယ်လေ။ အဲ့တာကြောင့် ခုဆင်ခြင်ပါတယ်။ ဒါပေမယ့် မနေ့က ပိုစ့်ကို ထူးဆန်းစွာပဲ သူငယ်ချင်းမလေး တွေက လက်ခံကြပါတယ် သူတို့ကတောင် ယောက်ျားတွေထက် ပိုကွန်မန့်ပေးရဲကြသေးတယ် (ဆတ်ဆလူး မ မိသူသူ မှ အပ)
နောက်ပြီး မမကွမ်လို နာမည်ကျော်က ရီဗြူးထဲထည့်ရေးပေးတယ် ဆိုတော့လဲ အားတက်ရပါ တယ်။ မြောက်တယ်ပဲယူဆပြီးတော့ တက်အောင် “က” ပြီနော်….ကဲလာပြီ…

တန်ဖိုးမရှိတဲ့ အနမ်း

တခါက ယောက်ျား တယောက်က ပြောဖူးတယ်…“ကိုယ့်ရဲ့ အမျိုးသမီးကို ကိုယ် စိတ်ပါ လက်ပါ မနမ်းဖြစ် တာ တော်တော်ကြာပြီ”…တဲ့။

စိတ်ပါလက်ပါ…နမ်းတာ…?

မနက်စောစော ရုံးသွားခါနီး နမ်းတဲ့ နဖူးပေါ်က၊ ပါးပြင်ပေါ်က အပြေးအလွှားအနမ်းမျိုး မဟုတ်ပါဘူး။ ညဘက် အိပ်ခါနီးပေးတဲ့ ပျင်းအိပျင်းတွဲ့ စိတ်မပါ လက်မပါ အာဘွားမျိုး မဟုတ် ပါဘူး။ ခရီးကအပြန် မတွေ့တာကြာတဲ့ လူနှစ်ယောက်ရဲ့ နူတ်ဆက်အနမ်းမျိုး မဟုတ် ပါဘူး။

ကိုယ့်မှာ ရှိရှိသမျှ အချစ်တွေ အားလုံးကို အနမ်းတခုနဲ့ဖွင့်ဆို အဓိပ္ပါယ် ဖော်ပြတာမျိုးပါ။

“ဟုတ်တယ်… တော်တော်ကြာပြီ။ အလုပ်က အရမ်းပင်ပမ်းတယ်” လို့ သူကပြောပါတယ်

“မင်း သူ့ကို မချစ်တော့ဘူးလား?” လို့ ကိုယ်က မေးပါတယ်။

“မချစ်တော့တာ မဟုတ်ပါဘူး။ တခြား ဘယ်သူ့ကိုမှလဲ ကိုယ်ပြောင်းချစ်မိသွားတာမျိုးလဲ မဟုတ်ပါဘူး။ အလုပ်တွေက တအားရှူပ်လာတာမျိုးပါ။ တခါတခါ ပင်ပမ်းလွန်းလို့ ကိုယ့်ကို ကိုယ်တောင် ချစ်ဖို့ အင်အားမရှိတော့ဘူး။ သူ့ကို ဆိုရင် တွေ့လဲမတွေ့ချင်ဘူး။ ဒါပေမယ့် မင်း သိတယ် မှလား? မိန်းမတွေဆိုတာ ဒီလိုကိစ္စမျိုးကို သိပ် စန်းစန်းတင့် (sensitive) ဖြစ်တတ် တယ်လေ။ (ဆတ်ဆတ်ထိမခံနိုင်ကြဘူး) ဆိုပါတော့။ မင်းသူ့ကို ပုံမှန်သွားမတွေ့ရင် မင်းသူ့ကို မချစ်တော့ဘူးလို့ သူက ထင်သွားတတ်တယ်။ အဲ့တာာဆိုရင်တော့ ပြဿနာက ပိုကြီးပြီ”

အဲ့လို ပြောလာတော့ “ယောက်ျားတွေက ကျတော့ရော အတူတူပဲ မဟုတ်ဘူးလား?” လို့ ကိုယ်မေးခွန်းထုတ်မိပါတယ်။

သားမီးရည်းစား နှစ်ယောက်ရယ်လို့ဖြစ်လာရင် ကိုယ်တို့တွေ က နောက်တယောက်ကို….. “မင်းကို တော့ ကိုယ်အရမ်းချစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ / မနက်ဖြန် / နောက်ပြီးတော့ မနက်ဖြန် ရဲ့မနက်ဖြန် (သဘက်ခါ) / ဒီတလလုံးလိုလို တော့ မင်းကိုမတွေ့နိုင်ဘူး” ဒါမှမဟုတ် “မင်း ကိုကိုယ်အရမ်းချစ်ပါတယ် ဒါပေမယ့် လောလောဆယ် တွေ့ဖို့တော့ မအားသေးဘူး” လို့ ပြောလို့ဖြစ်မလားနော်။

လူတယောက်ကို ချစ်ပြီဆိုရင် သူ့အတွက် အချိန်ကို မရရ ရအောင် ရှာပေးနိုင်ရမယ်။ မရှိရင် ရှိအောင် လုပ်ယူနိုင်ရမယ်။ ရှာထွက်လာတဲ့အချိန် လုပ်ယူ ရတဲ့အချိန်က လဲ သူ့တယောက် တည်း အတွက်ပဲဖြစ်ရမယ်။

တကယ်လို့သာ ကိုယ်တို့ အရင် ရည်းစားဘဝတွေ တုံးက တယောက်ကိုတယောက် တနေ့ မတွေ့ရရင် မနေနိုင်လွန်းလို့ မဖြစ်ဖြစ်အောင် ကြံဖန် ခိုးတွေ့ခဲ့ကြတဲ့ အချိန်တွေကို ပြန်ပြောင်း တွေး မိရင် အခုလက်ရှိ ဘဝမှာ ဖြစ်ပျက်နေတာတွေကို တော်တော်စိတ်ကုန်လို့ ကိုယ့် ရဲ့အေးစက်မှု တွေကို ကိုယ်ပြန်စိတ်ပျက်ပြီး အပြစ်ရှိ သလို ခံစားရမှာ အသေအချာပါပဲ။

အတူနေလာတဲ့ ရက်တွေ နှစ်တွေကြာလာတော့ ဘဝရဲ့ ဝန်ထုပ် ဝန်ပိုးတွေက ကိုယ်တွေကို ဖိအားတွေ ပေးပေးလာလိုက်တာ တနေ့တနေ့ အလုပ်…အလုပ်…နောက်ပြီးတော့ အလုပ်…။ အဲ့လို ဘဝ၊ အလုပ်၊ တာဝန်ဆိုတာတွေနဲ့ပဲ နောက်ဆုံးမှာတော့ နမ်းဖို့ အတွက်တောင် ကိုယ် တွေမှာ အင်အား မကျန်တော့တဲ့ အထိဖြစ်လာ ခဲ့ရတယ်။

မိန်းမတွေအတွက်ကတော့ ကိုယ့်ချစ်သူ ရည်းစား ယောက်ျားရဲ့ စိတ်ပါလက်ပါ နမ်းတဲ့ ချိုမြိန်တဲ့အနမ်းတခု ဆိုတာ ကုတင်ပေါ်က ကိစ္စ တွေထက် အများကြီး “တာ” သွားပါတယ်။ အများကြီးအရေးပါ အရာရောက် အဓိပ္ပါယ် ပြည့်ဝပါတယ်။

ဒါပေမယ့် ယောက်ျားတွေအတွက်ကျတော့ ဒီလောက်အလုပ်တွေ ရှူပ်နေတဲ့ကြားက ကုတင် ပေါ်ကိစ္စ ကို အချိန်ပေးနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အမျိုးသမီး ချစ်သူ ရည်းစား မိန်းမ ကို အဓိပ္ပါယ် ပြည့်ဝတဲ့ နက်ရှိုင်းမှုတဲ့ ခံစားချက်စံချိန်မီတဲ့ အနမ်း တခုပေးဖို့ အချိန် မရှိဘူးဆိုရင်…

စိတ်မပါဘဲနမ်းတဲ့ အနမ်း နက်ရှိုင်းမှုမရှိတဲ့ အနမ်းဆိုတာ တန်းဖိုးမရှိတဲ့အနမ်းပါပဲ….

A Chen
2:30 am
22nd May 2010
Mae Sot
Thailand

Saturday, May 22, 2010

အနမ်း ဋီကာ…

အနမ်း ဋီကာ…

တခါတုန်းက နူတ်ခမ်းချင်း နမ်းတာကို အတွေ့အကြုံရှိဖူးကြတဲ့ သူငယ်ချင်းတွေကို မေးကြည့် ဘူးတယ်။ မျက်မှန်တတ်တဲ့ လူနှစ်ယောက် ဆိုရင် ဘယ်လို နမ်းကြမလဲပေါ့။ သူတို့က … “နှစ်ယောက်ထဲက တယောက်က မျက်မှန်ကို ဖြူတ်လိုက်မှာပေါ့” လို့ဖြေတယ်။
သြော်…ဒီလိုကိုး….လို့ ကိုယ်မတင်မကျ လက်ခံလိုက်တယ်။

နောက်ကျတော့ ကိုယ်အနမ်းနဲ့ ပတ်သက် ပြီး ဆက်စဉ်းစားတယ်။ နမ်းတာဆိုတာ ဘယ်လို ဆိုတာထက် အဆင်မပြေတဲ့ လူနှစ်ယောက် နမ်းရင် ဘယ်လိုနမ်းကြလဲ ဆိုတာမျိုးပါ။

ဥပမာ ဆိုပါတော့ အရပ် သာမန်ထက်ပို မြင့်တဲ့ ယောက်ျားတယောက် နဲ့ အရပ် သာမန်ထက် ပို နိမ့်တဲ့ မိန်းမ တယောက်တို့နမ်းကြမယ်ဆိုရင်ကော…ကိုယ်လိုက်လျောက်မေးပြန်ပါတယ်။
တချို့က ယောက်ျားလေးက ခါးကိုင်းပြီး နမ်းကြမှာပေါ့ လို့ဖြေတယ်။ တချို့ က မိန်းကလေးက ခြေဖျားထောက်ပြီးနမ်းကြမှာပေါ့လို့ဖြေကြပြန်တယ်။ နောက်တချို့ကကျတော့ ယောက်ျား လေးက သူ့ ရည်းစား ကိုအရင် ပွေ့ချီလိုက်ပြီးမှ နမ်းတာပေါ့လို့ဖြေကြတဲ့သူတွေလဲရှိတယ်။
ဒါပေမယ့် ဘယ်သူကမှ နှစ်ယောက်အတူတူ ထိုင်ပြီးတော့ ဖြစ်ဖြစ် ဒါမှမဟုတ် အိပ်ရာပေါ် လှဲချလိုက်ပြီး ဖြစ်ဖြစ် နမ်းလို့ရတာ ပေါ့လို့ မဖြေကြဘူး။

နောက်ထပ်တခါ ကိုယ်လျောက်စဉ်းစားပြန်တယ်။ ဥပမာ တယောက်က ပါးစပ် ကျယ်ကျယ်နဲ့ နောက်တယောက်ကတော့ ပါးစပ် သေးသေးလေးနဲ့ ဆိုရင် ကော သူတို့နှစ်ယောက် ဘယ်လို နမ်း ကြမလဲ ကိုယ်စိတ်ဝင်စားမိပြန်တယ်။ လိုက်မေးပြန်တယ်။ တချို့ကလဲ စိတ်ဝင်တစားပဲ ဖြေကြည့်ကြသလို မေးခွန်းလေးတွေလဲ ပြန်မေးကြသေးတယ်။ သူတို့နှစ်ယောက် နမ်းတဲ့အခါ သွားရည်တွေရော ကျကြသေးလားတဲ့။ ကိုယ်လဲ ဘယ်သိမလဲနော်။ နောက် ကြုံလို့တွေ့ရင် တော့ သေချာ ကြည့်လိုက်ဦးမယ် လို့ စိတ်ထဲတေး ထားလိုက်တယ်။ ပါးစပ်ပို ကျယ်တဲ့ လူ ကတော့ ပါးစပ် ပိုကျဉ်းတဲ့ သေးတဲ့ လူရဲ့ နူတ်ခမ်းတွေ ကို ငုံထားမိနိုင်တယ်လို့တော့ ပေါက်ပေါက်ရှာရှာ တွေးမိသေးတယ်။ ဒီလိုနည်းနဲ့လဲ သွားရည်မကျအောင် ကူညီပေးနိုင်သလို ကိုယ့်ချစ်သူကို လဲ စိတ်ဓါတ်ရေးရာ အရ ကာကွယ်ရာရောက်တာပေါ့။ နူတ်ခမ်းသေးခြင်း ကြီးခြင်း ကျယ်ခြင်း ကျဉ်းခြင်း အတွက် သူ စိတ်ဒုက္ခ မရောက်တော့ဘူးပေါ့နော်။ တခုတော့ ရှိတယ် ကျယ်တဲ့ ကြီးတဲ့ ပါးစပ် က ယောက်ျားလေးဆီမှာ ရှိတာ ဆိုရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။

နှစ်ယောက် သားမတူတဲ့ နေရာဌာန နှစ်ခု မှာ တပြိုင်တည်း ရောက်နေကြရင် ရော ဘယ်လို နမ်းကြမလဲနော်။ ဖုန်းလိုင်းတွေ လေလှိုင်းတွေကနေတဆင့် နမ်းကြမလား? အဲ့လိုဆိုရင်ကော အဆင်ပြေမလား? ဘယ်နိုင်ငံကလဲတော့မမှတ်မိဘူး။ ဂျာနယ် တခုထဲမှာ ဖုန်းဟမ်းဆက် ပေါ်မှာ အဲ့လို နူတ်ခမ်း ရာပေးတဲ့အကွက်ပါတဲ့ ဖုန်းမျိုး ထွင်လိုက်တယ်ပြောတယ်။ နေရာ ခွက်ကလေးထဲကို နူတ်ခမ်း ကပ်လိုက်ရင် တခြား တဘက်ကလဲ အဲ့လိုပဲပြန်ကပ်လိုက်ရတယ်။ အဲ့တာဆိုရင် လျှပ်စစ်လှိုင်းတွေကနေတဆင့် ကိုယ့်ချစ်သူရဲ့ နူတ်ခမ်း အပူချိန်ကို ခံစားရတယ် ဆိုပါတယ်။ ဒါပေမယ့် အချိန် ရယ် နေရာ ရယ်ကို ကျော်ပြီးနမ်းကြမယ့် ဒီလိုကိစ္စမှာ ကိုယ့် ကိုယ်ပိုင် ဖုန်း နဲ့ နမ်းကြမှသာ ပိုပြီးတော့ သန့်ရှင်းမယ် ပေါ့လေ။ လမ်းဘေးတွေမှာ ရှိနေတဲ့ ဖုန်း ဘုစ် တွေက ပြည်သူပြောဖုန်းတွေကိုတော့ မသုံးဖို့ လိုတာပေါ့နော်။ ခုနက ပြောတဲ့ ဖုန်းဆိုတာ မျိုးကလဲ နှစ်ယောက်စလုံး တယောက်တလုံးရှိမှ အဆင်ပြေမှာလေနော်။

ဒါပေမယ့် နမ်းတာ နဲ့ပတ်သက်ပြီးတော့ လူအများဆုံး စိတ်ပူကြတာက အခုအောက်မှာ ပြောတဲ့ အချက်ဖြစ်မယ် ထင်တယ်။ နှစ်ယောက် အပြိုင် ဟိတက်ပြီးတော့ ရေရေလည်လည် နမ်းစုပ်နေကြချိန်မှာ တဘက်သားရဲ့ သွားရည် တလုတ်က မတော်တဆ သင့် ပါးစပ်ထဲ ဝင် သွားတယ် ဆိုပါစို့ အဲ့တာဆို ကိုယ်က ဘယ်လိုတုံ့ပြန်မလဲပေါ့။ ဘာမှမဖြစ်သလိုပဲ မျိုချ လိုက် ကြမလား။ သူတပါးရဲ့ သွားရည် ကိုမျိုချရမယ်ဆိုတော့လဲ တွေးကြည့်ရင် ရွံစရာကြီး (အသက် လောက်ချစ်ရတဲ့ ကိုယ့်ချစ်သူဖြစ်နေပါစေ) မမျိုချဘဲနဲ့ ထွေးထုတ်လိုက်မယ်ဆိုရင်လဲ ကိုယ့် ချစ်သူ ကိုရွံရာကျတာမို့ (ပြရာလဲရောက်တာမို့) သူ့ရဲ့ စိတ်ကိုလဲထိခိုက်မှာ စိုးရသေးတယ်။ ပြီးတော့ ဒီလို နှစ်ယောက်စလုံးအရှိန်တက်နေတဲ့ အချိန်မျိုးမှာ တမိနစ် ဆို တမိနစ် တစက္ကန့် ဆို တစက္ကန့် အရေးပါ အရာရောက်နေတဲ့အချိန်မျိုးမှာ…မျိုချမလား ထွေးထုတ်ရမလားဆိုတာ အဖြေရခက်တဲ့ ရှင်းရခက်တဲ့ အပြုအမူ တရပ်ပါ။ ကဲ သင်ဆိုရင်ကော ဘယ်လိုလုပ်မှာလဲ…?

ကွန်မန့်မှာ ဖြေပေးသွားနော်….

A Chen
1:11 am
20th May 2010
Mae Sot
Thailand

Friday, May 21, 2010

အထူး သတင်းကြေငြာချက်

အထူး သတင်းကြေငြာချက်

အင်ဒိုနီးရှား.... မလေးရှား.... ခရိုယေးရှား..... စသော နိုင်ငံများနှယ် နိုင်ငံအမည် လေးလှစေရန်၊ တိုင်းသူပြည်သားများသာယာဝပြော အေးချမ်းစိုပြေရန်အလို့ငှာ ယမန်နေ့ နံနက် မင်္ဂလာစံတော်ချိန် နံနက် ၉ နာရီ တိတိမှာ တော်ဝင်နန်းတွင်း ပညာကဝိကြီးများ၏ အခါတော်ပေးချက်အရ ယခင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးအား "ရေမီးရှား" နိုင်ငံတော်ကြီး ဟုပြောင်းလဲခေါ်ဝေါ်ရန်။

နောက်ဆက်တွဲအနေဖြင့် စီးပွားရေးမြို့တော် ယခင် အခေါ်အဝေါ် ရန်ကုန်အားလည်း စင်္ကာပူ ကွာလာလမ်ပူ မဏိပူ တို့ကဲ့သို့ “အရမ်းပူ” ဟုပြောင်းလဲခေါ်တွင်စေမည်ဖြစ်ပါသည်

ထို့ပြင်တဝ ဒုတိယ မြို့တော် မန္တလေး ရတနာပုံ ရွှေနန်းမြို့အားလဲ “ရတနာပူ” ဟု ဂုဏ်ယူစွာပြောင်းလဲ ခေါ်ဝေါ်ကာ နေပြည်တော် အားလည်း “ရေကြည်မပေါ်” ဟု ပြောင်းလဲ ခေါ်ဝေါ်စေမည်ဖြစ်ပါသည် ရှန့်။

ယနေ့ ကြားဖြတ် အထူးသတင်း ကိုကြေငြာလို့ပြီးပါပြီ ရှန် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေရှန်။

မိန်းကလေး ရဲ့ အပြစ် နဲ့ နောင်တ …

မိန်းကလေး ရဲ့ အပြစ် နဲ့ နောင်တ …

ဘယ်လိုအချိန်မှာ မိန်းကလေး က ကိုယ့်အိမ်အပေါ်မှာ အပြစ်ရှိသလိုခံစားရပြီး နောက်တ ရတတ်သလဲ?

ယောက်ျား တယောက် ကိုသူမ ချစ်မိသွားတဲ့ အချိန်မှာပေါ့…………

အိမ်မှာ တုံးက မိန်းကလေး ကိုရွှေပေါ်မြတင်၊ ခြေမွှေး လက်မွှေး မီးမလောင်၊ ဖူးဖူးမှုတ် ထား ကြတာပါ။ အိမ်က ပိုက်ဆံ အရမ်းရှိတဲ့ ကြေးရတတ်ကြီးတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဖေနဲ့မေ က မိန်းကလေးကို အရမ်းအလိုလိုက်ကြပါတယ်။ အစစ အရာရာ တောင်းတိုင်းရ၊ တတိုင်းရ၊ လိုတရ ဖြစ်စေခဲ့ တာချည်းပါပဲ။

အိမ်မှာနေတုံးက ဆိုတာ အိမ်အလုပ်ဆိုတာမျိုးက ဂျိုနဲ့လားလို့ မေးယူရလောက်အောင်ကို မိန်းကလေး က ဘာဆို ဘာမှမလုပ်ခဲ့ရဘူးတာပါ။ မေမေဆိုတာ စားပြီးတဲ့ ပန်းကန်က အစ မိန်းကလေး ကိုတခါမှ မဆေးစေခဲ့ဘူးပါဘူး။ အသက်ပဲ ဒီလောက်ကြီးနေပြီ..ဝတ်ပြီးသား အင်္ကျီ၊ ထမီတွေ၊ ကုန်ကုန်ပြောရရင် အတွင်းခံကအစ မေမေကပဲ လျှောဖွတ်ပေးတာပါ။

မနက် မနက်ဆိုရင်လဲ မေမေက မိန်းကလေး ကို အိပ်ရာကနေ ထဖို့ လာနိုးရင်လဲ မိန်းကလေး က ကုတင်ပေါ်မှာ *အီလေးဆွဲပြီးတော့ “အာ…………..လာနိုးမနေနဲ့ ကိုယ့်ဘာသာ ထချင်တဲ့ အချိန်မှ ထမယ်” ဆိုပြီး မေ့ကို ဂျီတိုက် ပြန်အော်နေကြပါ။

တခါတလေ မေက နည်းနည်းပါးပါး ဆူဆူပူပူလေးပြောမိဆိုမိပြီ ဆိုရင်လဲ မိန်းကလေးက မျက်နှာထိမျက်နှာထားနဲ့ ချီပြီး “အား …..နားငြီးလိုက်တာ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ”
စသဖြင့် မေ့ကို ပြန်ပြော ပြီးတာနဲ့ တံခါးကို စောင့်ပိတ်လိုက်ပြီး မေ နဲ့ဝေးရာထွက်သွားတတ်ပါ သေးတယ်။

ဖေကဆိုရင် မေ့ထက်တောင်မှ မိန်းကလေးကို ပိုချစ်ပါသေးတယ်။ မိန်းကလေး လိုချင်တာဆို ဘာမဆို ဖေက မရ ရအောင် ဖြည့်ဆည်းပေးတတ်ပါတယ်။ မိန်းကလေး တခါတခါ အလည် လွန်တတ်လို့ ညသန်းခေါင်ကျော် မနက် ၃ နာရီလောက်မှ အိမ်ပြန်လာခဲ့ရင်လဲ ဖေပဲ မအိပ်ဘဲ ထိုင်စောင့်ပြီး တံခါး ထဖွင့်ပေးတတ်တာပါ။ မိန်းကလေး စာမေးပွဲတွေ ကျလို့ ကျောင်းပြောင်းဖို့ လိုလာတော့လဲ ဖေပဲ အလုပ်ကနေ တကူးတက ခွင့်ယူပြီးတော့ မိန်းကလေး နဲ့အတူ တမြို့ နယ်ဝင် တမြို့နယ်ထွက် ကျောင်းလိုက်ရှာအပ်ပေးခဲ့တာပါ။

ဒီလိုနဲ့ပဲ သူမရဲ့ ဘဝ တသက်တာ တလျောက်လုံး မှာ မိန်းကလေးက အိမ်က မေတို့ ဖေတို့ သူမအပေါ် ဒီလိုမျိုး ကောင်းခဲ့တာကို မိဘတွေရဲ့ ဝတ္တရား ကောင်းသင့်လို့ပဲလို့ယူဆ ထားခဲ့ တာပါ။
ယောက်ျားတယောက်ကို နှစ်နှစ်ကာကာ စူးစူးနစ်နစ် ရူးရူးမိုက်မိုက် ချစ်မိသွားတဲ့ အချိန် အထိ ပဲဆိုပါတော့။

သူ့အတွက်ကို အတွင်းခံ ဘောင်းဘီကအစ လျှော်ဖွတ်ပေးတယ်၊ အမှိုက်ပစ်ပေးတယ်၊ ကြမ်း တိုက်ပေးတယ်၊ အိပ်ရာသိမ်းပေးတယ်၊ ဈေးသွားဝယ် ချက်ပြုတ်ပေးတယ်။ စတိုးဆိုင် ကနေ လိုအပ်တဲ့ နေ့စဉ်အိမ်သုံး ပစ္စည်းတွေဝယ်ပေးတယ်။

မနက်ဖြန် ကိုသူအရေးကြီးတဲ့ အလုပ်ကိစ္စ အတွက် စောစောထဖို့ရှိတဲ့အတွက် မိန်းကလေး ခမျာမှာ ညဘက်ကတည်းက မအိပ်ရဲဘဲ သူ့ကို မနက်စောစော နိုးပေးဖို့ ထိုင်စောင့်ပေးရတယ်။

သူက မိန်းကလေး ကို စိတ်ဆိုး ဒေါသထွက်လို့ရှိရင် မိန်းကလေးခမျာ ငိုယိုပြီး…
“ကျမ ဘာမှားလို့လဲဟင်? ဘယ်နေရာမှာ လုပ်တာ မကောင်းလို့လဲ ပြောပါ ကျမပြင်ပါ့မယ်” လို့ ဆောက်တည်ရာမရ မေးတတ်တယ်။

သူက မိန်းကလေး ကိုနှင်ထုတ်တဲ့အခါ သူ့ရဲက ပေါင်ကို ဖက်ပြီးတော့
“ကျမ မောင့်ကို ချစ်လွန်းလို့ပါ တောင်းပန်းပါတယ် ကျမ ကို နှင်မထုတ်ပါနဲ့” လို့ ငိုပြီးပြော တတ်တယ်။

သူက မိဘတွေကတောင် တခါမှ မရိုက်ရက်တဲ့ မရိုက်ဖူးတဲ့ မိန်းကလေးရဲ့ ပါးပြင်ကို လက်ပြန်တချက်လောက်ပေးလိုက်ရင်လဲ မိန်းကလေးမှာ သူ့ကိုသာ ကြောက်လန့်တကြား တွေတွေကြီးကြည့်ပြီးတော့ …
“ကျမ ဘာများ မှားမိလို့လဲဟင်” လို့သာ ဝမ်းပမ်းတနည်းမေးတတ်တယ်။

ဒီလိုနဲ့ နွေညလယ် အိပ်မက်ထဲကနေ အထိတ်တလန့် လန့်နိုးလာမှပဲ မိန်းကလေးက အိမ်က မိဘတွေအပေါ် သူမ ဘယ်လောက်တောင် အပြစ်တွေ လုပ်ထားခဲ့မိပါလိမ့်လို့ နောင်တရ နေမိ ပါတော့တယ်။


*(ငယ်ငယ်လေးထဲက ကိုယ်နဲ့ ရင်းနှီးနေတဲ့ စကားလုံးပါ ငယ်ငယ်လေးထဲကလဲ အိပ်ရာ ထဖို့ အနိုးခံ ရတိုင်း ကိုယ်က အပျင်းကြီးမိရင် အမ အမြဲသုံးပြီး ကိုယ့်ကို ဆူတဲ့ ဆူနေကြစကားလုံးပါ)

ဝန်ခံချက်
ငယ်ဘဝ အတွေ့အကြုံလေးများ ကိုပြန်လည်ခံစားရေးသည်။ တကယ်ဖြစ်ခဲ့တာပါ အိ....^^

A Chen
1:18 am
20th May 2010
A Friend’s house
Mae Sot
Thailand

Thursday, May 20, 2010

တရားလား မတရားဘူးလား နဲ့ တောင်စဉ်ရေမရ

တရားလား မတရားဘူးလား နဲ့ တောင်စဉ်ရေမရ

ထုံးစံအတိုင်းပါပဲ အပြင်းစားမိန်းမ ရဲ့ အပျင်းစား စာတွေဖတ်မိပြီး အပျင်စား တွေးလို့ခေါ်မလား အပြင်းစား အတွေးလို့ခေါ်မလား လျောက်တွေးနေမိပါတယ်။ သူကတော့ ရှေ့ဘဝ နောက်ဘဝ တရားမှု မတရားမှု စတာတွေလျောက်ပြောနေတာပေါ့။ ကိုယ်ကတော့ စဉ်းစားမိတာတခုရှိပါတယ် ဘာလို့များ သူ လျှာ ရှည်ပြီး လျောက်တွေးနေပါလိမ့်ပေါ့နော်။

တခါတခါ (အခါများစွာ) ကျတော့ မတရားမှုတွေအတွက် ကိုယ်တွေကိုယ်တိုင်ကိုက ဘာမှမလုပ်နိုင်ကြဘူးမှလား။ ထိုင်ကြည့်နေကြရတာပဲလေ...။

ဥပမာ အသက်မပြည့်ပဲ အိမ်တွေမှာ လက်ဖက်ရည်ဆိုင်တွေမှာ အခိုင်းခံနေရတဲ့ ကလေးတွေ မြန်မာပြည်မှာ အများကြီးရှိပေမယ့် သူတို့ တောက အိမ်မှာဆိုရင် တီဗီမရှိ ဘာမရှိ၊ အဲ့တာတွေထက် ပိုအရေးကြီးတဲ့ စားစရာမရှိ၊ (အခုဆို ပိုဆိုး သောက်စရာရေတောင်မရှိ) အိမ်မှာ အဖေက အရက်အသေသောက် တနေ့တနေ့ဆဲဆို ကြိမ်းမောင်း ရိုက်နှက် အမေက ကလေးတွေသာ တပြွတ်ပြွတ်မွေး၊ ဆန်အိုးထဲမှာ ဆန်ကမရှိ စတာတွေထက်စာရင်တော့ မြို့ပေါ်မှာ အကူအဖြစ်လာနေ ရသမျှလေးတွေ အိမ်ကိုပို့ (တချို့များ အမေက လာထားကတည်းက တခါတည်း တနှစ်စာ ထုတ်သွားပြီးသား ဘယ်လောက်အဆင်ပြေလိုက်လဲ) ဒါက တဇာတ်လမ်း ဟောတခါ အိမ်ရှင်တွေဘက်ကကြည့်တော့လဲ တချို့မိန်းမငယ်လေးတွေခမျာ မတရား ခြေတော်တင်ခံရ တချို့ကျတော့လဲ အိမ်ရှင်ကိုသတ် ပြေး၊ မတော်မတရားလုပ်ပါတယ်လို့ လိမ်ညာ စွပ်စွဲ အမျိုးသမီးရေးရာတိုင်၊ ပိုက်ဆံတွေ ယူ၊ခိုးပြေး စသဖြင့် နောက်ဇာတ်လမ်းတွေကလဲ အမျိုးမျိုး အစုံစုံ အဖုံဖုံ။
တရားသလား မတရားဘူးလား ? တရားရင်ကော ဘယ်သူက တရားတာလဲ မတရားရင်ကော ဘယ်သူက မတရားတာလဲ? ဘယ်ကိစ္စမဆို နှစ်ဘက်မြင်အောင်ကြိုးစားပါ...

တရားကိုနတ်စောင့်တယ်ဆိုတာ ရှိပေမယ့် နတ်မှာလဲ ဂျူတီအော်ဖ့်ရက်တို့ ခွင့်ရက်တို့ ရှိမှာပေါ့။ ဖူးလ်တိုင်းအမ်ပလွိုင်းယီး ဆိုရင် သူလဲ အမ်ပလွိုင်းယီး ရိုက်စ်တွေ ဘာတွေ နဲ့ သကြားမင်းကို ဂျီကျမှာပဲလေနော့။

အဲ့လိုပေါ့ ကိုယ်တောင်စဉ်ရေမရ လျောက်တွေးနေမိတာပါ။ အစက ကိုယ်က အပြင်းစား မိန်းမကို ဘာတွေ လျောက် လျာရှည်ပြီးတွေးနေတာလဲ လို့ ပြောပြီး ကိုယ်ကိုယ်တိုင်ကျတော့ လျောက်တွေးနေတာကိုလဲ ပြန်ပြီးတရားကျမိပါရဲ့။ ခက်တာက တရားကျတာက တရားတာမဟုတ်သလို မတရားတာလဲမဟုတ်ပြန်ဘူး (ထင်တာပါပဲ)။

ကိုယ်ကတော့ ခုတလော စိတ်ထားတတ်အောင်ကြိုးစားပြီးနေတယ်။ ဒါတောင်မှ ချစ်မှုအပူတွေက အပူမှုပွေ ခင်ယုမေ ဖြစ်နေသေးတာ။ ထားပါ။ ဒါလဲ တဇာတ်လမ်းပေါ့။ တခန်းရပ်။

အဓိက ပြောချင်နေတာက လူ့ဘဝကြီးကအူကြောင်ကြောင်ပါ ရည်းစားများတဲ့ သူငယ်ချင်းတယောက်လိုပါပဲ ခဏခဏ ဟောတယောက်ဟောတယောက် ပြောင်းနေတဲ့ သူ့ရည်းစားတွေကို မှတ်မိဖို့ခက်တတ်သလို လောကကြီးကို နားလည်ဖို့လဲ သိပ်ခက်ပါတယ် တခါ လောကကြီးကို နားလည်သလိုလိုထင်လာတော့လဲ လောကကြီးမှာ ရှိနေတဲ့ တရားမှုတွေ တရားမှုတွေ မတရားမှုတွေအတွက် ကိုယ်က ဘာမှလုပ်မပေးနိုင်တာသေချာလာပြန်ပါရောလား။ အဲ့တော့လဲ မအယ်ဇီပြောသလိုပဲ ဖြည့်တွေးပေးရမလား ခေတ်ပျက်ထဲမှာ ရူးချင်ယောင်ဆောင်ရမလား၊ လျာရှည်ပြီး လျောက်တွေးနေရမလား၊ နေပူတယ်လေ နော် အဲ့တော့ လူကလဲ အူတူတူပေါ့။ စိတ်တွေလဲ ဂရောင်ချောက်ချားတွေဖြစ်နေတော့ လျောက်တွေးမိတာပေါ့ တွေးမိတော့ လျောက်ရေးတာပေါ့ လာဖတ်သူတွေကိုတော့ အားနာပါတယ်လေ...

ခုလောလောဆယ်တော့ မဲစောက်ရောက်နေတယ် ဘန်ကောက်ကနေထွက်ပြေးလာတာလေ။ နားခွင့်လဲရတယ်ဆိုပါတော့ အဲ့အတွက် အနီတွေကိုကျေးဇူးတင်နေမိတယ် အဲ့လိုတွေးတာ မတရားဘူးလို့လဲ ထင်နေမိတယ် ဒါ လူ့သဘာဝပါလို့လဲ ကိုယ့်ကိုကိုယ် ဖြေတွေးပေးနေတယ်

ဘန်ကောက်ဆိုတာကလဲ ကမ္ဘာလှည့်ခရီးသွားတွေ ဥဒဟို လာနေတဲ့ မြို့တော်တခုပါ ခုတော့လဲ တစပြင်လိုလိုပါပဲလား တရားမျှတ တာလား အဲ့အတွက် တိုက်ပွဲဝင်နေကြတာလား ကိုယ့်လူမျိုးတွေ အချင်းချင်း ပစ်ခတ်နေကြတာ တရားကျရမှာလား

သူငယ်ချင်းတယောက်ကတော့ ပြောတယ် ကိုယ်တို့ အစိုးရကိုလဲ ဒီမိုကရေစီ ပေးဖို့မပြောပါနဲ့တဲ့ အာဏာရပါတီ နဲ့ အတိုက်အခံပါတီ စသဖြင့် ပါတီတွေကွဲပြီး အချင်းချင်း သတ်ဖြတ်ကြ ထိုင်းတွေလို ဖြစ်လာရင် မကောင်းဘူးတဲ့ ပြောလဲပြောစရာပါ မနှစ်ကလဲ သင်္ကြန်လောက်ကနေစပြီး တက်စင်ရဲ့ အနီတွေနဲ့ တဘက် ဖြစ်ကြပါတယ် ဒီလိုပဲ လမ်းတွေ ပိတ်ဆန္ဒတွေပြ လေဆိပ်ကိုပိတ် ဒီနှစ်ကတော့ ပိုဆိုးတာပေါ့ ကိုယ်လဲ ဒီမိုကရေစီ ဘာညာ သိပ်မသိပါဘူး ကောင်းတာတွေ မသိသလို ဆိုးတာတွေလဲမသိပါဘူး ဖြည့်တွေးပေးဖို့တော့ အခုကတည်းက ထည့်စဉ်းစားထားပါတယ် သူငယ်ချင်းတယောက်က ပြောတာပါ သူငယ်ချင်းက ပြောတယ်လို့ စကားခံထားပါတယ်

နောက်သူငယ်ချင်းတယောက်ကတော့ ထိုင်းတွေအချင်းချင်း သတ်ကြတာ သူက သိပ်သိပ် ဝမ်းသာတယ် လို့ ပြောလာပါတယ် ကိုယ်ကတော့ သဘောမတူသော်လည်း လွတ်လပ်စွာ ယုံကြည် ပြောဆို ခွင့်ရှိတဲ့ ဒီမိုကရေစီ ကိုကျင့်သုံးနေတဲ့ ထိုင်းနိုင်ငံမှာ နေနေတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ပါတယ် တခါက ဖတ်မိတဲ့ပိုစ့်တခုထဲက ကိုယ်နဲ့မဆိုင်သလိုနေတတ်တဲ့ လူတွေ (ပိုစ့်ရှင်ကတော့ ခွေးလို့ သုံးထားခဲ့ပါတယ်) ထဲမှာ ကိုယ်ပါနေသလားပေါ့ အဲ့လိုလဲတွေးမိပါတယ် ကိုယ်ကတော့ အစွန်းတွေနဲ့လွတ်အောင်နေပါတယ် မတရားဘူးထင်လား နေကြည့်ပါ ငြိမ်းချမ်းပါလိမ့်မယ်

ဆိုင်တာကို ပြောပါမယ် အခုလိုဖြစ်နေကြတော့ ကိုယ်တွေးမိတာ အနီတွေက အဘီစစ် ကို မတရား ဘူးလို့ထင်ကြတာလား တက်စင်ကိုမှ တရားတယ်လို့ထင်တာလား ဘယ်လိုက တရားတာလဲ ဘယ်လိုကမတရားတာလဲ ဘယ်သူတွေက တရားတယ် မတရားဘူး ဆိုတာ ကို ဆုံးဖြတ်ပေးမှာလဲ တကယ်လို့ အနီတွေနိုင်ရင်ရော အခု အဘီစစ် ဘက်ကလူတွေက တရားတယ် ထင်မှာလား မတရားဘူးထင်ရင် လက်နတ်စွဲကိုင် တိုက်ပွဲဝင်ကြအုံးမှာလား လူတွေ သတ်ကြအုံးမှာလား တရားမှု ကိုလိုချင်တဲ့အတွက် မတရားခံရတယ်လို့ ထင်တဲ့အတွက် တိုက်ပွဲဝင်ကြ လူသတ်ကြရင်ကော တရားတယ် ပြောမလား မတရားဘူးပြောမလား

လောလောဆယ်မှာ ကိုယ်ကတော့ အလုပ်က ပိတ်ထားတဲ့အတွက်အနားရပြီးဒီလို အရည်မရ အဖတ်မရတွေ လျောက်ရေးနေဖို့ အချိန်တွေရနေပါတယ် အချိန်တန်တော့လဲ လခက ရမှာဆိုတော့ ယူရင် တရားလား မတရားဘူးလား ကိုယ်ကတော့ ဘယ်လိုဖြစ်ဖြစ် လခ ကိုတော့ ယူမှာပါပဲ

မတရားဘူး မထင်ရအောင် အလုပ်ကိုလဲ တတ်နိုင်သမျှ နည်းနည်းလေးပဲ ဖြစ်ဖြစ်တော့ ဖြစ်အောင်လုပ်ပါတယ် ဒါကလဲကိုယ့်ကိုကို မတရားဘူး မထင်ချင်လို့ပါ
အမှန်တော့ စိတ်ပါပဲ
ဘုရားဟော မှီငြမ်း ပြောတဲ့အတွက် ကိုယ့်ကို ရီလေးဂျီးယပ်စ် ဖြစ်သလားလို့မေးရင် မဖြစ်ဘူး လို့ပဲဖြေပါမယ် အပြင်းစား ပြောတဲ့ အကျိုးဝိပါတ် တို့ ကမ္မဖလ တို့ကိုလဲ သေချာမသိပါ နားမလည်ပါ နားမလည်ဘဲ သူ့ပိုစ့်ကို မှီငြမ်းပြီး လျောက်ရေးတဲ့အတွက် မတရားဘူး လို့လဲ ထင်မိမြင်မိပါတယ် အဲ့တာဆိုရင်ကော ဘယ်လိုလုပ်မှာလဲ ပြီးတော့ ကိုယ့်မှာ သူပြောတဲ့ ဘာသာတရားက ပေးတဲ့အသိလဲ သေချာမရှိဘူးထင်ပါတယ်

ရေမလာတာ လှူလို့ရပါတယ် မြေမပါရင်လဲ မြစ်ထဲကန်ချလိုက်ယုံပါပဲ ဥာဏ်နည်းတော့လဲ ကြံခဲတာပေါ့ လျောက်လျောက်ဖတ်ရင်း တွေးမနေပါနဲ့ အတွေးတွေမဝေပါနဲ့ အဆွေးတွေ မလေပါနဲ့ ပြောထားတယ်လေ တောင်စဉ်ရေမရပါလို့ ကိုယ့်ဘာသာ အစကတည်းက လာဖတ်ပြီးတော့လဲ ခုမှ “ထ” ဒေါသမထွက်ပါနဲ့ အဲ့တာဆို မတရားတာ ခင်ဗျား / ရှင် ဖြစ်သွားမယ်နော်

ခုလောလောဆယ်တော့ မဲစောက်မှာ တမျော်တခေါ် လယ်ကွင်းတွေကို ကြည့်ပြီးတော့ ကိုယ်တို့ မြန်မာပြည်ကိုလွမ်းပါတယ် ချင်းမိုင် ချင်းရိုင် ခရီးသွားခဲ့တုံးကလဲ တောင်စဉ်တောင်တန်းတွေ ပေါ်က အပင်တွေက အစ ကိုယ့်မြန်မာပြည်က အပင်တွေကသာ ပိုလှတယ် ထင်တာပါ အဲ့လိုတွေးမိတော့ ရော ကိုယ်က တရားပါသလား…?

လယ်ကွင်းတွေ တမျော်တခေါ် ကွင်းပြင်ကျယ်တွေ အဆုပ်ဆုပ်လိုက် တိမ်တိုက်ဖြူဖြူတွေ ကိုတွေ့ရတော့ ကိုယ်ငယ်ငယ်က သင်ခဲ့ရတဲ့ အင်းဂလိရှ် ကဗျာလေးတပုဒ် ကိုသတိရမိပါတယ်

ကဗျာနာမည်လေးက *အားလပ်ချိန် တဲ့ သဘာဝတရားကြီးရဲက အလှကို ထိုင်ကြည့်ဖို့ ရပ်ကြည့်ဖို့ စောင့်ကြည့်ဖို့ အချိန်မပေးနိုင်တဲ့ မရှိတဲ့ လူ့ဘဝ ကိုပြောထားတာပါ သိပ်လှပါတယ် ကိုယ်အခု ဒီ ထိုင်းနိုင်ငံမှာနေရတော့မှပဲ အချိန်ကုန်တာ သိပ်မြန်သလို ခံစားရပါတယ် တနာရီ တနာရီ တရက်တရက် တနှစ်တနှစ် ဆိုတာ လွယ်လွယ်လေး ကုန်သွားသလိုပါပဲ ဘဝဆိုတာလဲ ကျည်ဆန်ရထားတစင်းလို များ အမြန်သွားနေသလား မှတ်ရပါတယ် ပြန်တွေးကြည့်လိုက်တော့လဲ ၁၉၉၉ မှာ ကိုယ်ဆယ်တန်းပညာ (တက္ကသိုလ်ဝင်တန်းလို့ပြင်ဘတ်ပါ စာရေးသူ လူရွှင်တော် ကိုမေတ္တာကြီးလို ထောင်မကျချင်ပါ) သင်တယ် ၂၀၀၀ မတ်လမှာ စာမေးပွဲဖြေရတယ် မှတ်မှတ်ရရ စာမေးပွဲဖြေပြီး ၂ ပတ်လောက်မှာပဲ အလုပ်ထဲကို စဝင်ရတယ် ဆိုတော့ ကိုယ့်ဘဝကို သေသေချာချာ ရပ်မကြည့်ရသေးဘူးလို့ခံစားရပါတယ်
လုပ်ငန်းခွင်ထဲရောက်ပြီးကတည်းက အလုပ်တခုပြီး တခု ဆက်သာ ပြောင်းလာလိုက်တယ် သေချာ ရပ်ပြီးနား လိုက်ရတယ်ဆိုတာ မရှိသေးပါဘူး

စိတ်ကူးယဉ်တယ်ပဲပြောပြော သေသေချာချာ ရပ်တန့်ပြီး ဘဝ ကို သေသေချာချာ ကြည့်ချင်ပါတယ် သိုးကလေးတွေ နွားကလေးတွေကို သေချာရပ်မကြည့်လိုက်ရရင် စမ်းချောင်းလေးထဲက ကြယ်လေးတွေကို မကြည့်ရရင် တောအုပ်ထဲက သူတို့ ရှာလာတဲ့ သစ်ဖု သစ်ဥ သစ်စေ့လေးတွေကို မြက်ပင်လေးတွေကြားထဲမှာ ဖွက်ဖို့ကြံစီနေကြတဲ့ ရှဥ့်လေးတွေကို မကြည့်လိုက်ရရင် သိပ်လှတဲ့မိန်းမငယ်လေး တယောက်ရဲ့ လှပတဲ့ နူတ်ခမ်းလွှာတွေ တဖြည်းဖြည်း ဖွင့်ဟလာတာကို သေချာ စောင့်မကြည့်လိုက်ရရင် (ဒီနေရာမှာ ကိုယ် က ဆိုင်ဆိုင်မဆိုင်ဆိုင် ဝတ်မှုန်ရွှေရည်ကိုသတိရပါတယ် ကြည့်ခွင့်ရမယ်ဆိုရင်လဲ သူ့နူတ်ခမ်းလေးတွေ တဖြည်းဖြည်း ဖွင့်ဟပြီးပြုံးတာလေးကို စောင့်ကြည့်ချင်ပါတယ်။) သိပ်သိပ်လှတဲ့ မိန်းမငယ်လေးတယောက် ကြွကြွ ရွရွလေး ကတာကိုတော့ စောင့်ကြည့်ခဲ့ဖူးပါတယ်။ ထားပါလေ ခုနက ပြောခဲ့တဲ့ အရာတော်တော်များများ ကို အချိန် တခုခုမှာ သေချာရပ်ပြီးတော့များ မလုပ်လိုက်ရရင် ကိုယ့်ဘဝ ကို ကိုယ်ကတော့ ကျေနပ်မှာ မဟုတ်ပါဘူး အဲ့တာဆိုရင် လဲ ဖန်ဆင်းရှင်ကို (ဆိုတာရှိခဲ့ရင်ပေါ့) မတရားဘူးလို့ စွပ်စွဲပါမယ်။

သို့မဟုတ် ဘာသာတရားကိုမယုံကြည်တဲ့ ဖန်ဆင်းရှင်ကို မယုံကြည်တဲ့ ကိုယ်က ကိုယ့်ဘဝအတွက် ကိုယ်လိုချင်တာကို မရရရအောင် လုပ်ယူပါမယ် ဘဝကို ခဏတော့ သေချာ ရပ်တန့်ပြီး ဘေးနား က အလှတွေကို မြင်အောင်ကြည့်ချင်ပါသေးတယ် တောင်ပေါ်မြို့လေးမှာဆို ပိုကောင်းပါမယ်

ရေးချင်တာတွေအများကြီးရှိပါသေးတယ် ခုတလော သဘာဝအလှကြီးနဲ့ နီးနီးကပ်ကပ် နေရသလိုခံစားရလို့လားမသိဘူး ကိုယ်စိတ်ကူးသိပ်ယဉ်ပါတယ် ညနေဘက်တွေ မဲစောက် မြို့ပတ်လမ်းကနေ ဆိုင်ကယ်လျောက်စီးရင် အရှိန်နဲ့ ပြင်းပြင်းစီးပါတယ် တိမ်ဆုပ်တွေတွေ့ရင် ရပ်ကြည့်ပါတယ် ထူးအိမ်သင်ရဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်း ကိုညည်းပါတယ် ဗန်ဂေါ့ ကို သတိရပါတယ် သူ့အတွက်ရေးထားတဲ့ ဗင်းဆင့် ဆိုတဲ့ သီချင်း စာသားထဲက This world was never meant for one, As beautiful as you. ဆိုတဲ့ စာကြောင်းလေးကို အမှတ်ရမိပါတယ် ရေရွတ်မြည်တမ်းမိပါတယ် ထူးအိမ်သင်အသေစောတာကို နှမြောပါတယ် သူ့ရဲ့ ရာဇဝင်များရဲ့သတို့သမီး စာသားကို နားထောင်ပြီး ကိုယ့် ရဲ့ ဧရာဝတီဆိုတဲ့ ကဗျာအတွက် ရှက်မိပါတယ်

တခါတလေကျတော့လဲ ကိုယ်သိပ်စိတ်ကူးယဉ်တတ်ပါတယ်…
တရားတယ်ထင်ပါတယ်နော်…

A Chen
3:19 am
20th May 2010
Mae Sot
Thailand

*"LEISURE"

What is this life if, full of care,
We have no time to stand and stare.

No time to stand beneath the boughs
And stare as long as sheep or cows.

No time to see, when woods we pass,
Where squirrels hide their nuts in grass.

No time to see, in broad daylight,
Streams full of stars, like skies at night.

No time to turn at Beauty's glance,
And watch her feet, how they can dance.

No time to wait till her mouth can
Enrich that smile her eyes began.

A poor life this if, full of care,
We have no time to stand and stare.

By Wm. Henry Davies.

(Wm. Henry Davies (1871-1940) is to be considered as the poet of the tramps. Born at Newport, Wales in the UK, Davies came to America from Great Britain and lived the life of a vagabond. One day, as the result of jumping a train, he lost one of legs. Davies returned to England where he continued to live the life of a tramp and a peddler. He wrote poetry (presumably he did right along) and, eventually, he determined to print his own book and did so with the little money he earned panhandling. A copy of this first work, A Soul's Destroyer, came into the hands of George Bernard Shaw; which, in turn, led to the popularization of the poet.

Wednesday, May 19, 2010

မိန်းကလေး နှင့် သူမရဲ့ မေမေ

မိန်းကလေး နှင့် သူမရဲ့ မေမေ

မိန်းကလေး နဲ့ သူမရဲ့ မေမေတို့ သဘောထား အတိုက်ဆိုင်ဆုံးအချိန်တွေကို ပြပါဆိုရင် မိန်းကလေး အိမ်ထောင်ကျပြီး နောက်ပိုင်း အချိန်တွေကိုပဲ ပြရမှာပါ။

အဲ့တာနဲ့ ပြောင်းပြန်ကတော့ မိန်းကလေး ငယ်နုစဉ်အခါတွေပေါ့။ မိန်းကလေး အနေနဲ့က မေမေပြောသမျှကို မမှန်ဘူး။ လိုက်လိုက် ချုပ်ချယ်နေတယ် လို့ပဲ အမြဲ မြင်ခဲ့တယ်။

ဥပမာ…

မေမေက “ယောက်ျားတွေ အားလုံး ကောင်းတာမဟုတ်ဘူး အလည်တွေချည်းပဲ” လို့ပြောခဲ့ရင် မိန်းကလေးက “မေမေရဲ့ အတွေ့အကြုံနဲ့ ပဲ လူတွေအကုန်ကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရန်းပါနဲ့ သမီးချစ်သူက အဲ့လို ယောက်ျားမျိုး လုံးဝ မဟုတ်ဘူး” လို့ ချက်ချင်းပဲ ပြန်ပြောလိမ့်မယ်။

မေမေက “ယောက်ျား တယောက်ကိုရွေးတဲ့အခါ လူလှရုံ၊ စိတ်ကောင်းရှိရုံ နဲ့မပြီးဘူး။ သူ့ရဲ့ နောက်က ပါလာမယ့် ဥစ္စာ ဓန ပညာ အတန်းအစား စတာတွေကိုလဲကြည့်တတ်ရမယ်။ ဆင်းရဲ တဲ့ ယောက်ျား ကိုယူမိရင် တဘဝလုံး နောင်တတွေနဲ့ ငိုနေရမှာ” လို့ပြောလာတဲ့အခါ မိန်းကလေးက “မေမေက ပိုက်ဆံကိုပဲကြည့်တာလား လူနှစ်ယောက်ကြားက အချစ်ကိုကော ဘယ်သွားထားမလဲ မေမေသိပ်ဂုဏ်မောက်တာပဲ သမီးကတော့ ချစ်သူနဲ့ အတူတူသာဆိုရင် ထမင်းရည်လျက်ရင်းလဲ အငတ်ခံနိုင်ပါတယ်” လို့ မကျေမနပ်လေသံနဲ့ ချက်ချင်းတုံ့ပြန်မှာပဲ။

မေမေက သမီး ရဲ့ကောင်လေးကို “ဒီကောင်လေးက ဟန်ပုံမပေါ်ဘူး” လို့ပြောတဲ့အခါ မိန်းကလေးက “မေမေကပဲ သမီးချစ်သူကို သမီးထက်ပိုသိဦးမယ်? မေမေ လူတယောက်ကို အလကား သက်သက် အထင်မသေးပါနဲ့၊ သမီး ချစ်သူက ဒီလိုလူ မဟုတ်ဘူး” လို့ ချစ်သူ ဘက်က ချက်ချင်း ကာကွယ် ခံငြင်းဦးမှာပါ။

မေမေက “အိမ်ထောင်စောစောပြုဖို့မစဉ်းစားပါနဲ့သမီးရယ် အိမ်ထောင်ပြုလိုက်တာနဲ့ သမီး သမီးရဲ့ အပျိုဘဝ လွတ်လပ်ခွင့်တွေ အကုန်ဆုံးရှူံး လိမ့်မယ်” လို့ ပြောခဲ့ရင် မိန်းကလေးက “မေမေလဲ ငယ်ငယ်လေးနဲ့ ဖေ့ဖေ့ ကို ယူခဲ့တာပဲမှလား” လို့ပြန်ပြောလိမ့်မယ်။

မိန်းကလေးက “သမီး သူ့ကို လက်ထပ်တော့မယ်” လို့ မေမေ့ကိုပြောလို့ မေမေက “ဒီလူကို မယူပါနဲ့သမီးရယ် စဉ်းစားပါအုံးလား” လို့ပြောလာခဲ့ရင် မိန်းကလေးက “မရဘူး သမီး သူ့ကိုပဲ ချစ်တယ် သူ့ကိုပဲယူမယ် ခုချက်ချင်းကိုယူမယ်” လို့ခေါင်းမာမာနဲ့ ငြင်းဆန် ပုန်ကန်လိမ့်မယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ မိန်းကလေး လဲတခြား လူတယောက်ရဲ့ ဇနီးမယားမိန်းမ အဖြစ်ကို ရောက်တော့မှာပဲ တချိန်တုံးက မေမေပြောခဲ့တာတွေ အားလုံးဟာ အမှန်တွေချည်းပါပဲလားလို့ သိလာခဲ့တော့တယ်။

သူမရဲ့ အမျိုးသား လင်ယောက်ျား ဟာ သူမ ဖေဖေနဲ့ သိပ်ထူးမခြားနား တဲ့ နောက်ထပ်ယောက်ျားတွေထဲက ယောက်ျားတယောက်ပဲ၊ ဒီပုတ်ထဲက ပဲတွေချည်းပဲ၊ အတူတူပါပဲ၊ ခပ်ဆင်ဆင်ပါပဲ ဆိုတာတွေကိုတဖြည်းဖြည်းနဲ့ သဘောပေါက်လာ ခဲ့ရတော့ တယ်။

ယောက်ျား တွေအားလုံးလိုလိုမှာ အတ္တခပ်ကြီးကြီး မဟာဖိုဝါဒနဲ့ ခပ်များများ ကွက်လပ် တွေ ရှိနေတယ် ဆို တာ သိလာခဲ့တော့တယ်။

ယောက်ျားတွေဟာ နောက်ဆုံးတော့လဲ အားလုံးအတူတူပဲ၊ အိမ်ထောင် မကျခင် နဲ့ အိမ်ထောင် ကျပြီးဟာ ပိန်ဆေးကြော်ငြာ ဆံပင်ပေါက်ဆေး ကြော်ငြာ တွေထဲက before and after ပုံတွေလို ဖျက်ပြီး ပြန်လုပ်လိုက်တဲ့ လုံးဝမတူတဲ့ လူနှစ်ယောက် လိုပါပဲလားဆိုတာတွေ သိလာရ တော့တယ်။

ဒီလိုနဲ့ပဲ တအိမ့်တအိမ် အလည်သွားကြတဲ့အခါတိုင်း သားအမိ နှစ်ယောက်တွေ့ကြပြီဆိုတာနဲ့ ခေါင်းချင်းဆိုင်ပြီး ကိုယ့်ယောက်ျား မကောင်းကြောင်းပြောကြရတာ တီးတိုးတီးတိုး သဖန်းပိုး ကြရတာ တခါတခါများ နူတ်သီးတွေတောင်ရွဲ့လို့ပေါ့။

ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် သုံး ဆယ် အတွင်းမှာ သားအမိနှစ်ယောက်သား အတည့်ဆုံး အချိန် စိတ်တူ ကိုယ်တူ အရှိဆုံး အချိန်ဟာ အဲ့ဒီအချိန်ပဲလို့တောင် ပြောရမလို ဖြစ်နေတယ်။

အဲ့လို အချိန်မှာပဲ ဘေးနားကနေ ပြုံးပြုံးကြီးကြည့်နေကြတဲ့ ယောက္ခမကြီး နဲ့ သားမက် နှစ်ယောက် ခမျာမှာလဲ မိန်းမတွေ အားလုံးဟာ တပုံစံကြီးထဲပါလား လို့တွေးနေမိကြတယ်။

နောက်ဆုံးမှာတော့ သူတို့တွေရဲ့ မိန်းမတွေဟာ ကိုယ့်ကိုယ်တိုင်ရဲ့ အမေ ဒါမှမဟုတ် သူတို့ကိုယ်တိုင်တွေရဲ့ အမေတွေလို တပုံစံထဲထွက်လာကြတာပါပဲလားပေါ့နော်။

A Chen
11:58 pm
18th May 2010
David’s house, Mae sot

Thursday, May 13, 2010

ကိုယ်မရှိတော့ရင်…

ကိုယ်မရှိတော့ရင်…

တကယ်လို့ ကိုယ်သာမရှိတော့ရင် ….နောက်ကို ဘယ်သူကမှ မောင့်ကို “ဘယ်တွေ သွားသဝေထိုးနေပြန်ပလဲ?” လို့ မေးမယ့်သူရှိတော့မှာ မဟုတ်ဘူး။ အဲ့တာဆို မောင်များ ပျင်းနေမလားနော်။

မောင်ကို ပွစိပွစိ ပြောမယ့်သူမရှိတော့ရင် မောင်လဲ နေရတာ ကျင့်သား ရပါ့မလား?

နောက်ပြီး မောင့်ကို စိတ်ကောက် စူပွ မယ့်သူ မရှိရင်လဲ မောင့်အတွက် ဘဝက ပျင်းချောက်ချောက်ကြီး လို့ထင်လာမှာလေနော်။

တကယ်လို့ မောင့်ကို နွဲ့ဆိုးဆိုး မယ်လူ ချွဲနွဲ့မယ့်သူမရှိရင်ကော မောင် နေရထိုင်ရတာ တခုခုလိုနေသလို ဖြစ်နေမှာ။

မောင့်ရှေ့မှာ ဝမ်းပမ်း တနည်း ငိုမယ့်သူမရှိတော့ရင်ရော မောင် ချော့စရာမလိုတော့ တဲ့အတွက် မောင့် ကိုယ်မောင် အရေးပါတယ်လို့ ခံစားရတော့မှာမဟုတ်ဘူးလေနော်။

ပြီးတော့ မောင့်ကို “ပိုက်ဆံတွေ လျောက်လျောက် သုံးနေတာပဲ” လို့ အော်မယ့် သူမရှိတော့ရင်ရော အရင်လို ပိုက်ဆံကို ကိုယ်မသိအောင် ခိုးခိုးသုံးရတဲ့ စိတ်လှုပ်ရှားမှု အရသာ မောင်ဘယ်ရတော့မလဲ။

တခါ မောင့်ကိုယ်ပေါ်ခုန်တက် တက်ခွပြီး “ကိုယ့်ကို နမ်းစမ်း” လို့ပြောမယ့် သူမရှိရင်ကော မောင့် အတွက် ဘဝက စိတ်လှုပ်ရှားစရာ ကောင်းပါ့မလား။

တကယ်လို့ မောင့်ကို “ ကိုယ့်ကို ယူမှာလား မယူဘူးလား” လို့မေးမယ့်သူမရှိရင် မောင့်အတွက် ဘဝဆိုတာ တပြေးတည်း သွားနေတဲ့ အရောင်မဲ့ ပလာ အဖြူထည်သက်သက်ပဲလို့ ထင်လာမှာလေ။

မောင်နဲ့အတူတူ bath tub လုမယ့် သူမရှိရင်လဲ မောင့်မှာ ရေချိုးတိုင်းရမယ့် ပျော်စရာတွေ ဆိတ်သုန်း ကုန်မှာ။
နောက်တခုက မောင့်ကို မွေးနေ့ အတင်းမှတ်ခိုင်းမယ့် တယောက်ယောက်မရှိရင်လဲ မောင့်ရဲ့ ချစ်စရာကောင်းလှတဲ့ မှတ်ဥာဏ်လေးတွေ က နှမြောစရာ ဖြစ်ကုန်မှာ။

မောင့်ကို “အလုပ်ဆင်းတိုင်း ကိုယ့်ကို လာကြိုပေးရမယ်” လို့ပြောမယ့် သူမရှိတော့ရင်လဲ နောင်ကို အလုပ်ဆင်း ရင် ဘယ်သွားရမှန်းမသိ ရောင်ချာချာ မောင်ဖြစ်နေမှာ။

နောက် မောင့်ကို ဘဝအမောတွေအကြောင်း အလုပ်ထဲက ဖိစီးမှုတွေအကြောင်း ရင်ဖွင့်မယ် သူမရှိရင်လဲ အားပေစရာ လူမရှိတော့တဲ့အတွက် မောင့် မှာ နေရတာ ပေါ့ပေါ့ပျက်ပျက်ကြီး ဖွယ်တည်တည် ကြီးဖြစ်နေမလား။

တကယ်လို့ အိမ်မှာ မောင့်ကို စောင့်နေမယ့် သူမရှိဘူးဆိုရင်လဲ အိမ်ဆိုတာ မောင့်အတွက် ဟော်တယ်နဲ့ ဘာခြားတော့မလဲနော်။

အဲ့တော့ တကယ်လို့ ကိုယ်သာမရှိတော့ ရင် မောင့်ဘဝကြီးက ဘာအဓိပ္ပါယ်မှရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ မောင်ပျင်းလွန်းလို့ ပြားပြီး ပျက်တောင် သွားနိုင်တယ်။

အဲ့တော့ ကိုယ့်ရှိနေတုံး ကိုယ့်အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။

ဒါပဲ။
တော်သေးပြီ။

A Chen
11:51 pm
13th May 2010
Mandala House
Chiang Mai
Thailand

Tuesday, May 11, 2010

မောင်…မရှိခဲ့ရင်…

မောင်…မရှိခဲ့ရင်…

ခုတလော အတွေးတွေဝေနေတတ်ပါတယ်။ ဘာရယ်မဟုတ် လျောက်လျောက်တွေး နေမိ တတ်တယ်။ ဘဝအကြောင်း သူငယ်ချင်းတွေအကြောင်း အလုပ်ကြောင်း မိသားစုအကြောင်း အချစ်အကြောင်း မောင့် အကြောင်း စသဖြင့်ပေါ့လေ။ အစုံပါပဲ။

တနေ့ကတော့ သီချင်းတပုဒ် နားထောင်ဖြစ်တယ် ဟောင်ကောင် အဆိုတော် ရုပ်ရှင်မင်းသမီး မော့ဝင်ဝေ့
莫文蔚 * ရဲ့ သီချင်းတပုဒ်ပါ။ သီချင်းကိုလဲ နောက်ကြုံရင် ဘာသာပြန်ပြီး တင်ပေးပါအုံးမယ်။ အဓိက ပြောချင်တာက သီချင်း နာမည်ပါ။

“တကယ်လို့သာ မင်းမရှိခဲ့ရင်….” တဲ့

အဲ့ဒီ သီချင်းလေးက ကိုယ့်ကို အတွေးတွေဝေစေ၊ ထွေစေပါတယ်။ တွေးကြည့်မိတယ်လေ။ ဒီလိုလေးတွေ (စာဖတ်ပရိတ်သတ်ကြီးလဲ တခါတခါ တွေးကြည့်မိကြမှာပါ။ ကိုယ်တို့အတွေး လေးတွေ ဘယ်လောက်တူလဲကြည့်ကြည့်ရအောင်နော်။) ပြီးတော့ ကိုယ်တခါကလဲ တီချမ်းရဲ့ အချစ် ဒဿနများ အပိုင်း-၂- အောက်မှာ “တကယ်လို့…” ဆိုတဲ့ ခေါင်းစဉ်နဲ့ထင်တယ် ပိုစ့် အတိုကလေး တခု ရေးဖူးပါသေးတယ်။ ဒေါ်ရီတာ ကတောင် လာကွန်မန့်သေးတယ် သူလဲ ခုတလော စဉ်းစားမိတယ် တဲ့ တကယ်လို့ မင်းသာမရှိခဲ့ရင် ကိုယ် ပိုက်ဆံဘယ်သူ့ဆီက “ချေး” ရပါ့မလဲနော် တဲ့ အင်း အဲ့လိုတော့လဲ ဟုတ်သားနော်…………..ခိခိခိ (သူပြောတာက အဲ့လို သဘောမဟုတ်ပါ သိချင် ရင် ပြန်ကြည့်ကြ)

သီချင်းလေးက ကိုယ့်ကို “ထိ” ပါတယ် နားထောင်လိုက်တာနဲ့ စာသားတွေက တိုက်ရိုက် ရင်ထဲကို ဝင်လာတယ် အဲ့ဒီသီချင်းကိုနားထောင်မိတော့ ကိုယ်တွေးမိတယ်။ ဟုတ်သားပဲလို့….

တကယ်လို့ မောင်သာမရှိခဲ့ရင် ရှေ့ဆက်လျောက်ရမယ့် အနာဂတ်ထဲမှာ ကျန်နေသေးတဲ့ ထောင်နဲ့ (သောင်းနဲ့ချီကောင်းလဲချီနေနိုင်သေးတဲ့) ချီနေသေးတဲ့ နေ့ရက်တွေ ကို ကိုယ် တယောက်ထဲ ဘယ်လိုများ ဖြတ်ကျော်ရမလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဖုန်းဘယ်တော့များမှ ဆက်လာမလဲလို့ မျှော်လင့်နေစရာ တွန်းအား မလို တော့သလို ဖုန်းလာတဲ့အခါလဲ ကိုယ့်မှာ အပြေးအလွှားသွားကိုင်စရာ အကြောင်းပြချက် မရှိတော့ဘူး ပြီးတော့ ရင်ခုန်နူးညံ့တဲ့ အသံ ချိုသာသာကလေးနဲ့ “ဟယ်လို….(ဒါလင် မတွေ့ရတာ ကြာပြီနော်…အရင်လိုကြည့်ကောင်းနေတုံးပဲ အချစ်ရယ်…ဆုံတွေ့ရတာ တို့ဝမ်းသာ….)” လို့လဲ ထူးစရာမလိုတော့ဘူးနော်

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကိုများ ကိုယ်နွဲ့ဆိုးဆိုးရမှာလဲ။ ဘယ်ယောက်ျားကိုကော သွားပြီး “ကိုယ့်ကို ဂရုမစိုက်ဘူး” လို့ ကိုယ် ဂျီကျရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဝမ်းနည်းတဲ့အခါ ဘယ်သူ့ ပခုံးပေါ်မှီပြီး မျက်ရည်ကျရမှာလဲ
ဘယ်သူ့ကို တိုင်တည်ပြီး ငိုရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီလို ဖောက်လွဲဖောက်ပြန် လောကကြီးထဲမှာ မနက်ဖြန် တွေရှိသေးတယ်လို့ ဘယ်လို ခွန်အားမျိုးနဲ့ ကိုယ်ယုံကြည့်ရမလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီနေ့ည ကိုယ်ဘယ်သူနဲ့ ထမင်းစားရမှာလဲ ပြီးတော့ ဆိုင်တဆိုင်ဆိုင်မှာ သွားစားတဲ့အခါတိုင်း “သဲ ကြိုက်တာမှာပါ” လို့ ကိုယ့်ကို ဘယ်သူက လာပြောမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ရေခဲသေတ္တာထဲမှာလဲ မောင် ကြိုက်တတ်တဲ့ နွားနို့တွေ ထည့်ထားစရာမလိုတော့ဘူးပေါ့

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကို ကိုယ် သွားသတိရရမှာလဲ
လွမ်းရမှာလဲ
တမ်းတရမှာလဲ
ဘယ်သူ့ ကို စိတ်ပူရမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ကို မနက်မနက် အလုပ်မီအောင် ဘယ်သူက နိုးပေးမှာလဲ ကိုယ့်အတွက် ကိုယ်အမြဲစားတတ်တဲ့ မနက်စာ ပေါင်မုန့်မီးကင် ကို စတော်ဘယ်ရီ ယိုသုပ်ပြီးတော့ ကျွေးမှာလဲ ကိုယ်ကြိုက်လွန်းလို့ မြန်မာပြည်ကနေ တကူးတက သည်လာတဲ့ လူကြုံရှိတိုင်း မှာရတဲ့ ပရီးမီးယာ တူး ပလပ်စ် ဝမ်း ကော်ဖီကိုကော ဘယ်သူက ကိုယ့်အကြိုက် နို့စိမ်းလေးနဲ့ မွှေးမွှေးလေး ဖျော်ပေးမှာလဲ (ကော်ဖီ ကြော်ငြာက ဝင်ရသေးတယ်နော် အရင်ကပိုစ့်ထဲမှာ တခါ အခုတခါ နှစ်ခါရှိပြီ ပရီးမီးယားကတော့ ကိုယ့်ကို ကော်မရှင် ပေးဖို့ကောင်းနေပြီ)

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ရေချိုးရင်ကော ဘယ်သူက ဆပ်ပြာတိုက်ပေးပါ့မလဲ
ရေချိုးပြီးတော့ ကော မျက်နှာနဲ့ တကိုယ်လုံးကို ဘယ်သူက လိုရှင်းလူးပေးပါ့မလဲ
တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်အပျင်းကြီးပြီး ဟင်းမချက်ချင်တိုင်း ကိုယ်ကြိုက်တတ်တဲ့ ဟင်းတွေ ဘယ်သူက အပင်ပန်းခံ ချက်ကျွေးပါ့မလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဆိုးသမျှကို ဘယ်သူက အတိုင်းအဆမဲ့ အညိုအညင်မရှိ အဆူအပူ နတ္ထိ နဲ့ အနွံအတာ ခံပါ့မလဲ

တခါတခါ ညဘက်တွေမောင် အပြင်သွားရင် အိမ်ကို ဖုန်းပြန်မဆက်တဲ့အခါ တခါတခါ စိတ်ပူလွန်းလို့ ဖုန်းဘေးနားမှာ အရူးလို ထိုင်ပြီး မောင်များ မတော်တဆ ထိခိုက်မှု အက်စီ့ဒန့် တခုခု ဖြစ်နေမလား ဆိုတဲ့အတွေးနဲ့ ဘုရား တ နေတတ်တာ မောင်ဟာ အရွယ်ရောက်ပြီးသား ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တဲ့ လူတယောက်ဆိုတာ မေ့သွားလောက်တဲ့အထိ စိတ်ပူတတ်တာ။

ဒါပေမယ့် တကယ်လို့ မောင်သာမရှိခဲ့ရင် တခုတည်းသော ကောင်းကျိုးကတော့ ကိုယ်အခုထက်ပိုပြီး စိတ်ဓါတ် ကြံ့ခိုင် ခိုင်မာ မယ်ဆိုတာပါပဲလေ။ ဘာလို့လဲဆိုတော့ မောင် ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်တိုင်း အခါတိုင်း အခိုက်အတန့်တိုင်း ပါးစပ်ကတော့ အမြဲလိုလို ကိုယ့် ကို ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ပြောနေပေမယ့် အရာရာကို ချစ်တဲ့စိတ်နဲ့ အမြဲလိုလို လုပ်ပေးတတ်တာ ကိုယ့်အတွက် ငှက်ပျော်သီး အခွံနွာရတာကတောင် ခက်ခဲတဲ့ အလုပ်လို့ ထင်ရအောင် မောင်က အစစ အရာရာ အလိုက်သိ အနွံအတာခံ ဖြည်းစည်းပေးခဲ့တာပါ

တကယ်ပြောတာ
တကယ်လို့ မောင်သာမရှိခဲ့ရင် ဘဝ ကို ကိုယ်ဘယ်လို ဖြတ်သန်းရမလဲဆိုတာ တွေးတောင်မတွေးမိပါဘူး။ အပြောင်းအလဲများတတ်တဲ့ လောကကြီးထဲမှာကော မနက်ဖြန်ဆိုတာကို ဘယ်သူက အာမခံချက်ပေးမှာတဲ့လဲနော်…

A Chen
2:39 pm
11th May 2010
Immigration office
Bangkok
Thailand

莫文蔚 *
သူ့ အင်းဂလိရှ် နာမည်က Karen Mok ပါ (မှုံဝေဝေ လို့ ကိုယ့် သူငယ်ချင်း မိဘုတ်က ခေါ်ပါတယ် တော်တော်များများ သိကြ မှာပါ so close လို့ ခေါ်တဲ့ ရုပ်ရှင်ကား ( ရုပ်ရှင်ရဲ့ တရုတ်နာမည်က “နေဝင် နတ်သမီး”ပါ) အဓိက မင်းသမီးက Transporter ထဲမှာလဲပါတဲ့ ဟောင်ကောင်က နာမည်ကြီး မင်းသမီး Shu Qi စူးချီပါ ဒီ ဇာတ် ကားထဲမှာ သူက ကြေးစား လူသတ်သမ အဖြစ်သရုပ်ဆောင်ပါတယ်။ Shu Qi နဲ့အတူတူ အမျိုးသမီး စုံထောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ခုနက ပြောတဲ့ မှုံဝေဝေ ပေါ့။ အဲ့ကား ထဲမှာပဲ တရုတ်ပြည်မကြီးက နာမည်ကြီး မင်းသမီး ကြောတ်ဝေး (Vicky Zhou) လဲပါပါတယ် သူက စူးချီရဲ့ ညီမ အဖြစ်သရုပ်ဆောင်ရပါတယ် အဲ့ဒီ ရုပ်ရှင်က တရုတ်ပြည်မ ဟောင်ကောင် ထိုင်ဝမ် မင်းသမီး ၃ လက်ကိုတွဲသုံးထားတာပါ Shu Qi စူးချီ က အော်ရီဂျင်နယ် က ထိုင်ဝမ် ကပါ နောက်ပိုင်းကျမှ ဟောင်ကောင်မှာ နာမည်ကြီးလာတာပါ ပြီးတော့ အဲ့ဒီ ရုပ်ရှင်ထဲမှာ ရွှေ မြန်မာတွေရဲ့ အသည်းကျော် ကိုးရီးယား မင်းသားလေး ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုကို ဂျွန်စော လဲပါပါတယ် သူက စူးချီ ရဲ့ ရည်းစား ကောင်လေး အဖြစ်သရုပ်ဆောင်တာပါ။ ထားတော့ အခုရေးနေတာက ရုပ်ရှင် အညွှန်းမဟုတ်ပါဘူး တီချမ်းရဲ့ ရိုးရာ ထုံးစံအတိုင်း လမ်းချော် နေတာပါ)

Thursday, May 6, 2010

ဘန်နာရှင်အတွက် ထမင်းပွဲ

ကဲကဲကဲ တီတီ...............ပြန်လာပြီ........................အိုင် အမ် ဘက်ခ်....................
ဘယ်သူလဲ သိချင်ကြလား.................ဘယ်သူရှိမလဲ.............ဟုတ်ပါတယ်ခင်ဗျား...........

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမရဲ့ တူမတော် ကိုငယ်စဉ်တောင်ကျေး ကြည့်ရှူရတဲ့ အထိန်းတော်ရဲ့ ညီမအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

စာဖတ်သူတကာလဲ သတိထားမိကြမှာပါ။ ဘန်နာလေးက တီချမ်းရဲ့ ဝတ်လစ်စလစ် ဗျူတီကနေ လှတပတ လူတကာ လက်ခံနိုင်တဲ့ သားနဲ့အမေ မောင်နဲ့နှမ မိသာစုးလိုက် အစရှိသဖြင့် အပါအဝင် ဝေနေယ ဘလောခ် လောက စာရှူသူအပေါင်းတို့ ရုံးမှာ အလုပ်လုပ်ရင်း ခိုးကြည့် (အဲလေ အလုပ်မလုပ်ကြဘဲ ခိုးကြည့် အဲလေ အင်း ဘယ်လိုပြောရတော့မလဲမသိနော် လာလာပြောကြတယ် တီချမ်း ဘလောခ်ကို ဖတ်ချင်လှပါသော်လည်း ရုံးမှာ ဖွင့်ရတာ အမြင်မတော်တာကြောင့်ပါတဲ့ ကဲ ဘယ်သူက သူတို့ကို ရုံးမှာ ဘလောခ် ဖတ်ခိုင်းလဲနော် အလုပ်လာလုပ်ကြပါ့မယ် ဆိုပြီး ပိုက်ဆံယူထားကြတာ မဟုတ်ပါကလား အော် အသင်လောက လူတို့၏ ဖောက်လွဲဖောက်ပြန်သောအမှုများပင်တည်း ကဲကဲ ထားပါ) လို့ရတဲ့ ဟိရိသြတပ္ပ ဘန်နာမျိုးလေးကို ညတွင်းချင်းမှာ ဟပ်ချလောင်း ဆိုပြီးသကာလ ပြောင်းလဲသွားပါရော့လားအေတို့။ ကဲကဲ ဒီလိုထူးထွေဆန်း အံ့ရာသော် ပုံပြင်လေးကို မသိချင်ကြဘူးလားကွယ်တို့....နားထောင်နော်....
အဲ့လို ဘန်နာလေးကို ညတွင်းချင်း လှသွားအောင် လုပ်ပေးတဲ့သူက မင်းသမီးလေးရဲ့ မင်းသားလေးပေါ့ကွယ်။ ပုံပြင်လေးက ဒီလိုပါတဲ့ သားတို့ သမီးတို့ရယ်....
ဟိုးရှေးရှေးတုံးက လက်မလေးလောက်ပဲ ရှိတဲ့ ကျွန်းငယ်ငယ် တိုင်းပြည်လေး ပိစိလေး တပြည်ကို ရေမြေရပ်ခြားက မင်းသားတပါးဟာ စွန်းစားရှာဖွေ ကမ္ဘာမြေ အစီအစဉ်နဲ့ ရောက်လာတယ်တဲ့ကွယ့်။ အဲ့သည်မင်းသားလေးဟာဆိုလို့ရှိရင် လူစင်စစ် မဟုတ်ရှာပါဘူးတဲ့ကွယ်။ သို့ပါသော်လည်းသူဟာ လူတွေရဲ့ မူလဘုတ လို့ မဟာ မနုဿဗေဒကဝိ အင်သရိုပေါလော်ဂျစ် ဦးဦး ဒါဝင် ရဲ့ အလိုအရ ဆိုရင်တော့ သူဟာ လူတွေရဲ့ အော်ရီဂျင်နယ် ဖြစ်ပါချေသတဲ့။ ဒီလိုနဲ့ အဲ့ဒီ မင်းသားလေးဟာ မိထွေးတော် စိတ်ပုပ် ကေအိုအမ် နဲ့ မယားပါသမီးမိုက် စတက်ပ်ဒေါ်တာ ရီတာကို နဲ့ ဂန္ဓာမာသူသူ ညီအမရဲ့ နှိပ်စက်ကလူပြုမှုကြောင့် ဖခင်ဘုရင်ကြီး သေသွားတဲ့နောက်မှာ နေစရာ ဝတ်စရာ စားစရာမှ လူနဲ့သူနဲ့ တူအောင်မရှိရှာတော့တဲ့ မင်းသမီးလေး ခင်ဝတ်လစ် စစစစစစစစစစ (လို့ ဘိုဆန်ဆန် Khin Wittlizzzzzzzzzzz လို့ အမည်တွင်တဲ့) လုံးတီး မင်းသမီးလေးအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိပါသတဲ့။
အဲ့တာနဲ့ မင်းသားလေးက နှမတော်လေး ဝတ်လစ်စ....မောင်တော်ကပဲ နှမတော်လေးအတွက် အရှက်လုံအောင် ဖုံးနိုင်ဖို့ရာ ဒွါယရာတွေ ဆင်ယင်ပေးပါရစေလို့ဆိုပြီးသကာလ ကမ္ဘာဦး ရဲ့ နာမည်ကြီးကျော် ဗဲရီး ဖေးမတ်စ် ဧဒင် ဂါးဒင်း (very famous eden garden) က မေပယ်လ်ရွက် (maple leaves)တွေ ခူးယူလာပါသတဲ့။ ပြီးတော့ မေပယ်လ် ရွက်တွေကို သီပြီး လစ်စ မင်းသမီးလေးအတွက် အီးဗနင်းဂေါင်းန် (evening gowns) တွေ ဘာညာတွေ ချုပ်လုပ်ပေးပါသတဲ့။ အဲ့တာတောင်မ အင်မတန် ချေး (ဂျီး) များလှတဲ့ မင်းသမီးလေး မယ်လုံးတီး ဟာဆိုလို့ရှိရင် ကိုကိုကဆင်မယ်ဆိုရင်တော့ ဝတ်ရမှာပါပဲ သို့ပေမယ့် နှမတော် ရဲ့ ဖေးဘရိတ် ကာလာများဖြစ်တဲ့ အက်စန့်လိုက်ဂရင်း (essent light green) အစိမ်းနု ကိုပြောတာပါ ကွန့်တာပေါ့နော်) လာဗင်းဒါး ပါးပယ် (lavender purple)ခရမ်းရောင် ခရမ်းရောင် နဲ့ အဲဗား စကိုင်း ဘလူး (ever sky blue) ကောင်းကင်ပြာနု စတဲ့အရောင်တွေ ရမှ ဝတ်မယ်လို့ သူ့ချစ်သူကို ဂျီတိုက်ပါသတဲ့။ (ဂျီးတိုက်တာ မဟုတ်ဘူးနော် ဝစ္စနှလုံးပေါက် မပါဘူး သေချာ ဘတ်) အဲ့တာနဲ့ မင်းသမီးလေးကိုချစ်တဲ့ မင်းသားလေးကလဲ ချုပ်ပေးရရှာတာပေါ့ကွယ်။ အဲ့လို ချုပ်တဲ့အခါမှာ မင်းသမီးက ခဏခဏ မကျေနပ်နိုင်သေးတဲ့အတွက် အရောင်ကို အမျိုးစုံပြောင်းပေးရရှာတာပေါ့ကွယ်။ အဲ့မှာ မင်းသားလေးက ဘာကိုတောင်စဉ်းစားမိသေးလဲဆိုရင် အန်ချင်စရာ မြည်သံစွဲ (ဝေါ့) ဒစ်စနေ (walt disney) က ထုတ်တဲ့ အိပ်နေသော မိန်းမလှလေး ကာတွန့်ကားထဲက နတ်သမီးလေးတွေရဲ့ မက်ဂျစ်ဝှန်း (Magic wand) မျှော်နှင်တံ ရရင်တောင်ကောင်းမှာပဲ လို့တောင်းတမိသတဲ့....................
ဒီလိုနဲ့ အတိုချုံ့ရမယ်ဆိုရင် မင်းသားလေး ချုပ်ပေးတဲ့ အီးဗနင်းဂေါန်းတွေနဲ့ မင်းသမီးလေး မယ်လစ်စ ဟာဆိုလို့ရှိရင် လှချင်တိုင်းလှနေတဲ့အတွက် မင်းသားလေးက အက်ဝှန့်စ် (at once) မြင်းမြင်းချင်း နွားနွားချင်း အဲလေ ဆော်ရီး (sorry) လဗ် အက်ဖတ်စ် ဆိုက် (love at first sight) တွေဘာတွေနဲ့ ဖော်အင်လဗ် (fall in love) ဖြစ် နောက်တော့ ပရိုပိုစ့် ဝှတ်သည်ရင်း (propose with THE RING) ဒူးထောက်ကာ ဝယ်ယူမယ်ရီးမီ (will you marry me?) ပြီးသကာလ ဒေလစ်ဗ် ဟက်ပီးလီး အဲဗား အာဖတာ (they live happily ever after) ဖြစ်သွားကြပါသတဲ့ကွယ်။

ပုံပြင်ဆိုရင်တော့ အဲ့မှာ ပြီးရမှာပေါ့ကွယ် ဒါပေမယ့် တကယ့်တကယ် လူ့ဘဝမှာတော့ they live happily ever afer ဆိုတာ မရှိတဲ့အတွက် မင်းသမီးလေးဟာ ရှေးလူကြီး မိဘတွေ မဟုတ်တမ်းတရားလျောက်ပြော ရိုက်သွင်းခဲ့ကြတဲ့ မယားဝတ္တရား ၅ ပါးဆိုလား ဘာလား .....

  • လင်မစားခင်စားရမယ်
  • လင်မအိပ်ခင်အိပ်ရမယ်
  • လင်ကိုနွား သားကို ဝက်လို သဘောထားရမယ်
  • လင်နေစ ဆင်သေမှ
  • လင်ထပြီးမှ ထရမယ် စတဲ့စတဲ့ သင်ကြားပေးထားတာတွေနဲ့ ဆန့်ကျင်စွာ လင်ဆိုးမယား တဖားဖား ဖြစ်ရရှာသတဲ့။ အဲ့တော့ သူ့ခမျာ လင်ကို ပြုစု ဖို့အတွက် မီးဖိုးချောင်ဝင်ရတာပေါ့တဲ့ကွယ်

အရင် မိထွေးတော် အိမ်မှာနေတာကမှ သက်သာသေးတယ်လို့လဲ မင်းသမီးလေးခမျာ ချက်ရင်း ပြုတ်ရင်းတွေးမိနေပါသတဲ့။ သို့သော်လည်း ဘဝကို အရှူံးမပေးတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် တဘက်တလမ်းကနေ နာမည်ကြီး အောင် သူကလဲ ချစ်သုဝေလို ကျောင်းတွေပြေး အဲလေ ကျားပေါက် လို နာမည်ကြီး ဆိုပြီး စီးရီးမထုတ်နိုင်သေးလေတော့ ဘလောခ် လို့ခေါ်တဲ့ အီလက်ထရောနစ် စာမျက်နှာတွေပေါ်ကနေ တဆင့် မမလုလု မီးဖိုချောင်လိုများ စာအုပ်ထုတ်ရမလား ဒါမှမဟုတ် နာမည်ကြီးလာရင် အယ်ဒီတာတွေကများ လိုက်လာမလား စတဲ့ မျှော်လင့်ချက်တွေနဲ့ ဘလောခ်ရေးဖို့ကြံစည်ပါသတဲ့။ အဲ့တာကနေ တဆင့် အခု စာရှူသူမြင်နေရတဲ့ စားကောင်းသောက်ဖွယ် ခဲဘွယ်ဘောဇင် တွေကို ချက်ရင်းပြုတ်ရင်း မြဝတီကလား မြန်မာ့အသံကလား သေချာမမှတ်မိတော့တဲ့ သိလ္လာစိုး လို ကဲကဲ ပထမ ဦးဆုံး အရင် ဆီ ကို ဒယ်အိုးလေးထဲ ထည့်ပါမယ်။ နောက်တော့ မီး ကို ဟောဒီလို ခလုတ်ကလေးဖွင့်ပြီး ဆီအိုးလေးကို ပူလာအောင်တည်ပါမယ် တွေဘာညာတွေ လုပ်တော့တာပေါ့တဲ့ကွယ်။

အံမယ် မင်းသမီးလေးက သူက သူ့ဘာသာ ချက်ရင်း ပြုတ်ရင်းနဲ့လဲ သူဟာ အရင် မြန်မာရွှေပြည် မြို့တော် ကုန်ကုန်မှာနေတုံးက ဘာမှမချက်တတ်မပြုတ်တတ်ခဲ့တဲ့ မချက်ရ မပြုတ်ရ ဘာအမွှေးမှမီးမလောင်နေခဲ့ရတဲ့ သူဟာဆိုလို့ရှိရင် ဟော အခု ဘန်ကောက်ကိုရောက် ကိုယ့်ထမင်းကိုရှာ ကိုယ်ဝမ်းကိုကျောင်း ကိုယ့်လှေကိုယ်လှော်နေရတဲ့အခါ အရေးကြုံလာတော့ လဲ ဒီလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်တာဟာ အန်ကယ် ဦးကျော်သိန်း သမီး မမဖြူဖြူ ရဲ့ စကားနဲ့ ငှားပြောရရင် ဘုရားသခင်ရဲ့ကျေးဇူးတော် အလိုအရ တော်နေလွန်းလို့လား။ ဒါမှမဟုတ် သူဟာ အရင်ဘဝက ရှေးဟောင်း နန်းတွင်း စားတော်ကဲ ချန်ဂင် နဲ့အမျိုးတော်တဲ့ ညီအမ တွေပဲ ဖြစ်ခဲ့လို့လား ချန်ဂင် ကိုယ်တိုင်းပဲများလား စသဖြင့်လဲ ဖြူဖြူ့ရဲ့ အတွေးကမ္ဘာ လို နွေနေ့လည် အိပ်မက် အတွေးကြွယ်နေပါသတဲ့ကွယ်။ ပြီးတော့ သူက ချက်ရင်းပြုတ်ရင်းနဲ့လဲ ရင်မှာခံစား သူမမြင်နိုင်တယ် ငါ့အရဲ့ အသည်းထဲက အတွင်းကြေ တွေဘာတွေအော်နေသတဲ့ အော်နေရင်းလဲ သူက အင်းသူ့ရဲ့ အသံကိုသာ ဆိုနီ ဓါတ်ပြားတိုက်က ကြားရင် သူ့ကို ဖြစ်နိုင်ချေရှိတယ် ဆိုပြီး ချက်ချင်း စာချုပ်ချုပ် အခွေထုတ် ဟော နောက်နှစ်လဲကျရော ကော်ဇောနီပေါ်မှာ လမ်းတွေ ကြွကြွရွရွလေး လျောက်ပြီး သကာလ

this year grammy new artist award goes to....................Miss.........Khin Witlizzzzzzz

ဆိုပြီးကြေပြာတာကိုတောင်ကြားယောင်လာပါသတဲ့ အဲ့အချိန်မှာပဲကလစ်ကလစ် ဆိုတဲ့ မြည်သံတွေကို ကြားရတဲ့အခါ “သမီး ဖြူဖြူ ဘာတွေအတွေးလွန်နေတာလဲ” ဆိုတဲ့ဖေ့ဖေ့ အသံနဲ့အတူ.......ရှေ့မှာမွှေနေတဲ့ ဟင်းအိုးက တူးနံ့ထွက်လာပါသတဲ့ အဲ့တော့မှ “အိုသမီးအတွေးလွန်သွားလို့ပါ ဖေဖေ” လို့ ပြောလိုက်ရသတဲ့ကွယ်။

ကဲကဲ ပုံပြင်လေးလဲ နားထောင်ပြီးကြ ဖတ်ပြီးကြပြီဆိုရင် ဟင်းလေးကို မတူးအောင်သေချာချက်လိုက်ကြရအောင်နော်.............ကဲ အဲ့တော့ ခေါင်းစဉ်တတ်ထားတဲ့အတိုင်း ဘန်နာ လုပ်ပေးတဲ့ မင်းသားလေးအတွက် ချက်ကြွား အဲလေ ချက်ကျွေးတာ ဖြစ်ပါတယ်ကွယ်နော်။

ပထမဆုံး ဆီအိုးကို အရင် ပူအောင်တည်ပါမယ် အဲလေ သိလ္လာစိုး အကျင့်တွေ မပျောက်သေးဘူး ခိခိ
ပထမဆုံး ဟင်းရံအဖြစ် မချက်စားတာအတော်ကြာပြီဖြစ်တဲ့ အရင်ဆုံး မှိုကန်စွန်းလေးကြော်ပါမယ် အရင်ပိုစ့်တွေမှာလဲရေးခဲ့ပြီးသားဖြစ်တဲ့အတွက် (ခက်လဲမခက်တဲ့အတွက်) ရမ်းသရူးပဲ ပြောသွားပါမယ်။ ရေစင်စင်ဆေးထားတဲ့ ကန်စွန်းရွက်တွေရယ် မှိုတွေကို ရေစစ်ထားပါမယ်။ စကားမစပ်ပြောရအုံးမယ် ဒီမှာက ကန်စွန်းရွက် ဝယ်ရတာတောင် နည်းနည်း ရှုပ်ချင်ပါသေးတယ် ဘယ်လိုရှုပ်လဲဟုတ်လား ကုန်တိုက်က ဒီပါမင်တယ် စတိုးတွေမှာဝယ်ရင်လေ (အထူးသဖြင့် တီဝယ်နေကျ စီယမ် ပါရာဂွန်မှာဆိုရင်ပေါ့) အသီးအရွက်တွေဟာ အော်ဂင်းနစ် နဲ့ အင်အော်ဂင်းနစ် ဆိုပြီး နှစ်မျိုးလာပါတယ် သဘာဝနဲ့ ဆေးထိုးနဲ့ ပေါ့လေ ဆယ်တန်း စာကျေတဲ့သူတွေသိပါမယ် ခိခိခိ ကြေငြာ............သဘာဝကတော့ ပိုဈေးကြီးတာပေါ့ကွယ်နော် တီလဲစဉ်းစားမိပါတယ် သူတို့မှာပဲ ရှုပ်ရှုပ် နဲ့ ရှက်ရှက်လို့ တီ့တို့ ရွှေပြည်မှာဆိုရင် အကုန် အော်ဂင်းနစ်ချည်းပဲနော့် ထားပါတော့ အဲ့တော့ ခုန က ဟင်းဆက်ချက်ရရင် .............





ရေဆေးထားတဲ့အရွက်တွေ ကို စစ်ထားပါမယ် ပြီးရင် ဆီပူထဲမှာ ငရုတ်သီး စိမ်း ဒါးပြားရိုက်လေးတွေ ထည့်ကြော်ပေးပါမယ် နောက် ကြက်သါန်ဖြူကိုလဲ ဒါးပြားရိုက် ထည့်လိုက်ပါ ဒါကတော့ တရုတ်ကြော်ပေါ့နော် ယိုးဒယားလိုကြော်ရင်တော့ သူတို့ရဲ့ အကြော်နှစ်လို ဟာမျိုးရယ် ငံပြာရည်တွေ ဘာညာတွေထည့်ပါတယ် အဲ့ဒီ အနံ့တွေကို တီလုံးဝမကြိုက်ပါဘူး အဲ့တော့တီက တီတို့ မျိုးရိုးစဉ်ဆက် ကြော်လာခဲ့တဲ့ ပြည်မ မူလ ကန်စွန်းပလိန်း မီးမြိုက်ပဲ အော် ပြောပါအုံးမယ် တီ အိမ်ငှားဖို့ လိုက်ကြည့်တော့လဲလေ တီသတိထားတာ တခုရှိပါတယ် အဲ့တာကတော့ ဂစ်မီးဖိုနဲ့ ဂစ်အိုးပါပဲ အဲ့တာ တီ့အတွက် အိမ်တအိမ်မှာ အဲကွန်းလိုပဲ အဆန်းရှယ်ဖြစ်ပါတယ် မရှိတဲ့အိမ်ဆို တီ မငှားပါဘူး။ များသောအားဖြင့် ကွန်ဒိုတွေက ဂစ် ပေးမချက်ပါဘူး သူတို့က ဟော့ပလိတ်ပဲ ပေးပါတယ် တီက မနေနိုင်ပါဘူး ချေတာမဟုတ်ပါ အရင် ကျိုင်းတုံအိမ်မှာကတည်းက ဂစ်ပဲသုံးတာပါ အဖွားကတော့ ထင်းပဲသုံးတယ် (စကားမစပ်ပြောရရင် ထင်းနဲ့ကြော်တဲ့ အသီးအရွက်တွေဟာ ပိုမွှေးပါတယ် ထင်းတူးနံ့လေးလိုလိုလေ) အဲ့တော့ တီက ခုနပြောသလိုပဲ ကြက်သွန်ဖြူ ငရုတ်သီး ဒါးပြားရိုက်ဆီပူနဲ့ မှို ကိုအရင် ပစ်ထည့်လိုက်ပါတယ် ပြီးတော့ ကန်စွန်း ထည့် နည်းနည်းကြော် အရောင်ပြောင်းတယ် ဆိုရုံပြောင်းသွားပြီးဆိုရင် အွိုင်စတာ ဆော့ထ် (ခရုဆီ) အနည်းငယ် ထည့် လိုက်ပြီးရင် အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။ ခရုဆီကိုမကြိုက်ရင် မထည့်ပဲ ဆား အချိုမှုန့် နဲ့လဲ အလုပ်ဖြစ်ပါတယ် အဓိကက မီးပူဖို့ပါပဲ။ မီးပူတဲ့ဆီနဲ့ ကြော်မှာ အရွက်တွေက လတ်ဆတ်ပြီး စားကောင်းပါတယ် မှတ်ထားနော်...ကဲ အောက်က ပုံကိုကြည့် စားချင်မလာဘူးလားလို့နော့............




နောက်တမျိုးကတော့ တီမကြာခဏ လုပ်စားဖြစ်တဲ့ အအီပြေ ဝက်သားချဉ်သုပ်ပါ အင်မတန်လွယ်ကူမြန်ဆန် စားကောင်းအမှန်ပါပဲ ဆဲဗင်း အီလဲဗင်း ကဝယ်ထားတဲ့ ဝက်သားချဉ်လေးတွေကို ကိုယ်လိုချင်သလောက်အနေတော် ပါးပါးလှီး နောက် ကြက်သွန်နီ ကြီးရင် တဥ သေးရင် နှစ်ဥ ပါးပါးလှီး ကြိုက်တတ်ရင်ကြက်သွန်ဖြူ ပါးပါးလှီး နံနံပင် ပါးပါးလှီး ငရုတ်သီး စိမ်း သေးသေးပါးပါးလေးတွေလှီး တီကတော့ ပျောက်သွားတော့မလောက်လှီးပြစ်တယ် ကြောက်လို့ ဟိဟိ စားလဲစားချင်သေးတယ် အဖတ် အကြီးကြီးတွေ ဆိုရင် မစားရဲဘူး ပြီးရင်တော့ ဆား အချိုမှုန့် သင့်ရုံထည့် သံပရာသီး ညှစ်ထည့်ပြီးတာနဲ့ နယ်လိုက်ရုံပဲ ကောင်းမှကောင်း အဲ့တာတီက တီတို့ ကျိုင်းတုံဘက်ကလို ရှမ်းဆန်ဆန် တရုတ်ဆန်ဆန် သုပ်တာပါ မြန်မာလို ပဲဆီနဲ့ ကြက်သွန်နီနဲ့ သုပ်ရင်လဲ ငါးဖယ်ချဉ်လိုပဲ ကောင်းမှာပါ နောက်နေ့ကျ စမ်းလုပ်စားကြည့်မယ်...




ဒါက နောက်ဟင်းရံတမျိုးဖြစ်တဲ့ ဂေါ်ဖီကြော်ပါ တီက အမေနဲ့နေတုံးကဆိုရင်တော့ အမေက ဂေါ်ဖီထုပ်ကို တရုတ်ကြော်ကြော်ပါတယ် ဘယ်လိုကြော်လဲ ဟုတ်လား နောက်တခါကျတော့ ပြောပြမယ်နော်...ခုတော့ တီက ဟိုးအရင် ငယ်ငယ် မွေးစားမိသားစုနဲ့နေတုံးက မြန်မာကြော်ပေါ့ အဲ့လို ပါးပါးလေးတွေလှီးပြီး နနွင်းမှုန့် နည်းနည်းနဲ့ ကြော်တာ စားချင်လို့ မောင့်ကိုပဲကြော်ခိုင်းလိုက်တယ် အဲ့တာကတော့ ဂေါ်ဖီ ကို ပါးပါးလှီး ဆီကိုအရင်ပူအောင်တည် ပြီးတော့ နနွင်းမှုန့်နည်းနည်းနဲ့ ဆီသတ်တယ် ပြီးတော့ မွှေပါတယ် နည်းနည်းလေး နွမ်းသွားပြီဆိုရင် အချိုမှုန့် နဲ့ဆား နည်းနည်းစီထည့် ပြီးရင် ခဏ ထပ်မွှေပြီးရင် ချလို့ရပါပြီ (မှတ်ချက်=အိုးကို မီးပူပေါ်မှာ အကြာကြီးမထားပါနဲ့ ပြီးတော့ အဖုံးမဖုံးပါနဲ့ အဲ့တာဆို ဂေါ်ဖီတွေအရမ်းနွမ်းသွားမှာ စိုးရပါတယ် အဲ့တာဆိုရင် စားမကောင်းတော့ဘူးပေါ့ ဒါကလဲ လူတကိုယ် အကြိုက်တမျိုးပါ တီကတော့ နွမ်းနွမ်းလေး ပိုကြိုက်တယ်)

ဒါကတော့ မိန်းဒစ်ရှိ ချက်မယ့် ပုစွန်ပါပဲ မနက်စောစောက ဈေးထဲမှာ ပုစွန်ကြားလို့ခေါ်တယ် ထင်တယ် တွေ့တာနဲ့ ၁ ကီလို ဝယ်လာပါတယ် အခွံခွာ ခေါင်းဖြုတ် တခါတည်း လုပ်ပေးပါတယ် အော် ၁ ကီလိုဆိုတာ ၁ ပိဿာထက်နည်းနည်းလျော့ပါတယ် ၁ ပိဿာ ကို ၁.၆ ကီလိုရှိပါတယ် ဒါက စကားချပ်နော်...ဒီနေ့ မြန်မာစာ ကို အရင်မွေးစားမိဘတွေနဲ့နေခဲ့ရတုန်းကလိုပဲ စားချင်နေတယ် အမှန်က ပုစါန်ကို အကောင်နည်းနည်းသေးတာ လိုချင်တာ ဒီမှာ မရှိလို့ ငရုတ်သီးနဲ့ အိုးကပ် စပ်စပ်လေး ချက်စားချင်တာလေ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာလို ကင်မွန်းချဉ်ရည်ဟင်းလေးပါပါချင်သေးတာပေါ့ ဒီမှာက အဲ့လို အရွက်တွေမရဘူး ပြောရင်နဲ့ ဒန့်ဒလွန်ရွက် ဟင်းခါးလေးလဲသောက်ချင်လာပြီ....................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
ငိုလို့ပြီးတော့ မျက်ရည်တွေသုတ်ပြီး ဟင်းပြန်ချက်ပါမယ်
ဒါက ချက်မယ့် ပုစွန် ၁ ကီလိုလုံးကို ဆားအချိုမှုန့် နနွင်း နည်းနည်းနဲ့အရင်နယ်ဖတ်ပြီးနှပ်ထားပါတယ် မိနစ် ၃၀ လောက်ဆို အိုကေပါတယ် အမှန်ကတော့ နယ်ပြီးတာနဲ့တန်းချက်ရင်လဲရပါတယ် တီကတော့ ရှည်တာပေါ့

ဒါကတော့ ကြက်သွန်နီနဲ့ အဖြူကို ဆီသတ်တာပါ ပြီးရင် ဟင်းချက် ငရုတ်သီးမှုန့်ကို များများလေးထည့်ပါမယ်
အိုးကပ် အစပ်လေနော် အဲ့တော့ ငရုတ်သီးမှုန့်ကို များများသာ ကစ်လိုက်ပါ ကပ်စေးမနဲပါနဲ့ ကိုယ့်ဗိုက်ထဲရောက်မယ့်ဟာပဲလေ လုပ်ပါ လုပ်ပါ ထည့်သာထည့်ပါ ခပ်များများပေါ့ပြီးရင်အရေးကြီးတာ ခြောက်သွားအောင်ဆီသတ်ပေးပါမယ် ငရုတ်သီး အနံ့မွှေးလာတဲ့အထိပေါ့ နည်းနည်းလေး တူးလာသယောင် အထိပေါ့ (တူးလာသယောင်နော် တူးလာတဲ့အထိမဟုတ်ဘူး)


ပြီးရင်တော့ နောက်ဆင့် ပုစွန်တွေထည့်ပါမယ် ပြီးရင်လဲနောက် တခါ ပုစွန်က ရေထွက်မှာဖြစ်တဲ့အတွက် ခြောက်ခြောက်ကလေး ဖြစ်တဲ့အထိ ကြော်ပေးပါမယ် တော်တော်ကိုခြောက်တာနော် ခြောက်ချင်းတွေထပ်ပြီး ခြောက်နေတာပဲ ပုစွန်တွေတော်တော်ခြောက်ပြီး ဆီပျံလာပြီဆိုမှ ရေနည်းနည်းထည့်ပြီး မဖုံးဘဲမွှေပေးပါမယ် ရေခန်းတဲ့အထိ အဲ့လို ဆက်တိုက်မွှေပေးနေပါ။ လိုအပ်ရင် အရသာ မြည်းပြီး ပေါ့ငံ ကြိုက်သလို ငံပြာရည်လေးလဲ နည်းနည်း ထည့်လို့ရပါတယ် တီကတော့ ငံပြာရည် အနံ့ကို တခါတခါ အာရုံမလာတာနဲ့ ဆားပိုသုံများပါတယ်။ ပြီးရင်တော့ ရေခန်းတဲ့အထိ မွှေရင်း အိုးတော်တော်လေးကပ်သွားပြီဆိုရင် ချလို့ရပါပြီ။
ပုံတွေမှာကြည့်ပါ မကပ်တတ်တဲ့အိုးနဲ့ချက်ရင် အိုးဆေးရတာ ပိုသက်သာပါတယ် ဟိဟိ တီကတော့ အပျင်းကြီးပဲနော်.......


ကဲအခုဆိုရင် အင်မတန် ကြည့်ရတာနဲ့တင် စားချင်စရာကောင်းပြီး သွားရည် တမြားမြား ကျစေတဲ့ ပုစွန် အစပ်အိုးကလေးကပ်ပါ ခုနက ဟင်းရံတွေနဲ့ တွဲဘက် အုပ်လိုက်လို့ကတော့ အနည်းဆုံး နှစ်ကီလို လောက်တော့ တက်လာမှာအသေအချာပါပဲ...........ပိန်ချင်သော သူများ တီချမ်းကိုဝေးဝေးရှောင်ပါ ပေါ့လေ




အောက်ကဟာတွေကတော့ ထမင်းစားပြီးလွေးစရာ အသီးအနှံများပါကွယ် သင်္ဘောသီး မှည့် နဲ့ မက်မန်းသီး မှည့်ပါ




မာလကာသီးနဲ့ ကျွဲကော်သီး ပါ ဘန်ကောက်မှာ တခုကောင်းတာ အသီးအနှံအကုန်က ဆယ်နှလရာသီ ရပါတယ် အော်ဂင်းနစ် တော့မဟုတ်ဘူးပေါ့လေနော် ကွာသလားဆိုတော့ စားတော့စားရတာကောင်းပါတယ် သို့သော်လဲတီတို့ ရွှေပြည်မြန်မာလို အသီးတွေက မမွှေးပါ တီဆိုရင် ကိုယ့်နိုင်ငံကဆိုရင် ဓညင်းသီးလေးက အစမွှေးတာပါ မုန့်တီဖတ်လေးကအစ ချစ်တာပါ အခါတသောင်းလဲ မြန်မာပြည်မှာပဲ လူဖြစ်ချင်ပါတယ် အဲ့တော့ ပြန်မယ်ကွယ် (ဘယ်သူ့ကိုမှမရွဲ့ဘူးနော်)



နောက်ဆုံးကတော့ မင်းသားလေး အရမ်းကြိုက်တဲ့ သရက်သီးပါပဲကွယ် အချဉ်ကော အချို အမှည့်ကော နှစ်မျိုးစလုံး ရှာလာခဲ့တယ်နော် စိတ်ကြိုက်စားရအောင်............



ဒါတွေကတော့ မာလကာသီးနဲ့တို့စားစရာ ဆားမှုန့် (အမှန်က ဆားမှုန့်လို့သာခေါ်တာ ဆားမပါပါဘူး သကြားရယ် မက်မုံသီးစေ့ရယ်နဲ့ လုပ်ထားတာပါ ယိုးဒယား မှာပဲရှိမယ် ထင်ပါတယ် တီတို့ဆီက နွယ်ချိုမှုန့်လောက်တော့မကောင်းတာအမှန်ပဲ သူလဲအရသာတမျိုးပေါ့ ရှမ်းပြည်ဘက်မှာလဲရပါတယ် တီတို့ရှမ်းရှေ့ပေါ့) နွယ်ချိုမှုန့်အကြောင်းပြောရင်းနဲ့ မြန်မာပြည်ကို ပြန်သတိရလာပြန်ပြီ ငိုအုံးမယ် ခဏ........................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
..............အင့် အဟင့် အဟင့် ရွှတ် ဘတ် (နှပ်ချေးနဲ့ လှမ်းပစ်သံ)
နောက်တမျိုးကတော့ သရက်သီး စိမ်းနဲ့စားဖို့ ငပိချက်ပါ နောက် ကြုံတော့ လုပ်နည်းပြောပါမယ် ခုတော့ လက်အရမ်းညောင်းနေပြီနော် နားတော့မယ် ပျော်ရွှင်ကြပါစေ




A Chen
7th May 2010
8:06 am
Home Bangkok

ကိုယ်ရက်စက်တတ်တယ်။

ကိုယ်ရက်စက်တတ်တယ်။

အရင်တုံးက ဆို ကိုယ်က တော်တော်ရက်စက်တဲ့စကားတွေပြောခဲ့ဖူးပါတယ်။ ဥပမာ…

“နင့်ကို ငါ ကြိုက်ပါတယ် ဒါပေမယ့် မချစ်ဘူး”
“ငါ့လို ကိုယ်လုံး ရှိတဲ့ သူက နင့်လို မျက်နှာ ရှိတဲ့သူကို အဖက်လုပ်မယ်ထင်သလား”
“ငါလို အရည်အချင်းရှိတဲ့သူက နင်လို့ လူမျိုးကို အပေါင်းအသင်းမပြောနဲ့ ဖိနပ်တောင် ပေးမတိုက်ဘူး”
“ကိုယ့်အသက်အရွယ်လဲပြန်ကြည့်ပါအုံး သားတယောက်မွေးထားရင် ကျတော့ နဲ့ ရွယ်တူ လောက်တောင်ရှိနေပြီ” ဘာညာ စသဖြင့်ပေါ့လေ။ ပြောဖူးပါတယ်။ ပြောခဲ့ဖူးပါတယ်။

တခါတလေ ကိုယ့်ကို လိုက်နေတဲ့သူတယောက်ယောက်ကများ ညဘက်ကြီး ဖုန်းဆက်ပြီး သူ့အချစ်တွေ ကို လှစ်ပြ ငိုကြွေး တောင်းဆိုလာတဲ့အခါများဆို ကိုယ်က အစပိုင်းဆို အင်းလိုက် နောက်ကျတော့ ဖုန်းခွက်ကို ဘေးချထားခဲ့ပြီး အိမ်သာတောင် သွားတက်နေ လိုက်သေးတယ်။ ကိုယ့်ကိစ္စ ကိုယ်ပြီးမှ ကုတင်ဘေးပြန်လာ ဖုန်းခွက်ကိုကောက်ကိုင်ပြီး အေးစက်စက်နဲ့ သွေးအေးအေးနဲ့ “ကဲ ပြောလို့ပြီးပြီလား” လို့မေးလိုက်တာပဲ။ သူပြောနေတုံး ကတောင် ကိုယ်ထွက်သွားခဲ့တယ်ဆိုတာ သူသိတောင်မသိလိုက်ဘူး။

တနေ့ကတော့ ပြန်စဉ်းစားကြည့်တော့မှ တယောက်ယောက်ကို ကိုယ်အဲ့လို ရက်စက်တဲ့ စကားတွေတောင်မပြောဖြစ်တာ တော်တော်ကြာသွားပြီပဲ။

တကယ်လို့ တယောက်ယောက်ကို မချစ်ဘူးဆိုရင်လဲ အမှန်တော့ သူ့ကို ဘာမှတောင် သွားပြောနေစရာ မလိုဘူးလေနော်။ အချိန်တွေတဖြည်းဖြည်း ကြာသွားရင် သူ့ဘာသာ နေတတ်သွားမှာပါ။
သိုးဆောင်း ဘာသာ စကားနဲ့ဆိုရင်တော့ “This too shall pass” “Time will heal” ဘာညာပေါ့။ မြန်မာလိုဆိုရင်လဲ “အချိန်က ကုစားသွားမှာပါ” စသဖြင့်ပေါ့။

ကိုယ့်အဖေ အရွယ် အသက်ရှိတာ အပြစ်တခုမှ မဟုတ်တာနော်။ ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် တခြားလူတယောက်ကို ချစ်ဖို့အခွင့်အရေး ရှိတာပဲ မဟုတ်လား။ နောက်ဆုံး ကုန်ကုန် ပြောရရင် မချစ်သင့်တဲ့ လူကိုတောင် ချစ်ခွင့်ရှိတာပဲလေနော့။

ကိုယ်လဲဖုန်းခွက်ကိုချထားပြီး အိမ်သာသွားတက်နေစရာမလိုတော့ဘူးပေါ့နော်။ တဘက်သား မှာလဲ အရူးကြီးကို တယောက်တည်း စကားတွေပြောနေစရာ မလိုတော့ဘူးပေါ့။

အရင်က အဲ့လိုပြောခဲ့ဖူးတဲ့ ရက်စက်တဲ့စကားတွေ လူတဘက်သားကို ဘယ်လောက်တောင် ထိခိုက်ခံစား နစ်နာစေခဲ့ရမလဲ။ ကိုယ့်ရဲ့ အပြစ်တွေပါပဲ။

အမှန်ကတော့ အခုလဲ အဲ့လိုစကားတွေ လာလာပြောနေကြလို့ အဟောင်းတွေ အသစ်ပြန် ဖော်ပြောနေတာ မဟုတ်ပါဘူး။ တကယ်က အခုဆို တချို့စကားတွေဟာ မပြောဘဲနေလိုက် တာက မှပိုကောင်းအုံးမယ်လို့တွေးမိလာလို့ပါ။ အသက်ကြီးလာတာလဲပါမယ်ထင်တယ်။ တဖြည်းဖြည်း အဲ့လိုပဲခံစားလာရတယ်။

ဘာမှမပြောတာက တကယ်တော့ ပိုရက်စက်ပါတယ်။ မင်းကို ချစ်လား မချစ်ဘူးလား ဆိုတာ မင်းကို ဘယ်တော့မှပေးမသိဘူး။ ပြီးတော့ ကိုယ့် စိတ်ထဲမှာ ဘာတွေတွေးနေတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာလဲ မင်းကို ဘယ်တော့မှပေးမသိဘူး။

ကဲ ကိုယ်အခုဆို အရင်ကထက်တောင် ပိုရက်စက်တတ်လာပြီ။

A Chen
5:21 am
6 May 2010
Home
Bangkok

Tuesday, May 4, 2010

မနာလိုကြစေသတည်း

ဒီတပတ် ပိတ်ရက် ၂ ရက်ရှိပါတယ်
တနင်္လာက ၃ ရက်နေ့က ၁ ရက်နေ့ မေဒေး (အလုပ်သမားနေ့) စနေ ကျသွားတဲ့ အတွက် အစားထိုးပြန်ပိတ်ပါတယ် တီတို့လို နှစ်ရက် လုပ်မှာ တရက်လောက် မဝမလင် စားရတဲ့ အလုပ်သမားတွေအတွက် ပိတ်ပေးပါတယ် နောက် ဗုဒ္ဓဟူး က ကော်ရောနေရှင်းဒေးပါ ဘိသိတ် သွန်းတဲ့နေ့လို့ပြောရင်ရမယ်ထင်ပါတယ် အဲ့တာကြောင့် ပိတ်ပါတယ် လောင်းလစ်ဗ် သည်ကင်းပေါ့နော်

အဲ့တော့ တီက အန်နျူရယ် လိဗ်ထဲကနေ ၄ ရက် ၆ ရက်နေ့ နဲ့ ၇ ရက်နေ့ တို့ ကို ခွင့် သုံး ရက် ယူလိုက်တဲ့ သကာလ အရှေ့အနောက် စနေ တနင်္ဂနွေ လေးရက်နဲ့ ဆက်ပြီး ကိုး ရက်တိတိ နားရပါတယ်
အဟေးဟေး ပျော်ပါတယ် ရေရေ လည်လည် အိပ်ပါတယ်
ဘယ်မှမသွားပါဘူး ညလုံးပေါက် တီဗီ ကြည့်ပါတယ် desperate housewives နဲ့ lost season အကုန်ပြန်ကြည့်ပါတယ် အခွေသစ်ရှိသမျှ တော်တော်များများ ကြည့်ဖြစ်ပါတယ် ပြီးရင် တနေ့လုံး အသေကောင်လို အိပ်ပါတယ် ညနေကျမှ ၇ နာရီ တခါတလေ ၈ နာရီ ၉ နာရီလောက်မှ ထပြီးတော့ စားစရာ ရှာပါတယ် နောက် အခွေဆက်ကြည့်ပါတယ် စိတ်ကူးပေါက်ရင် ဘလောခ် ထရေးပါတယ်
၇ ရက်သားသမီးတွေ မနာလိုပြီး မေတ္တာပို့အောင် လုပ်နေပါတယ်
ကောင်းမှကောင်း

ပန်းစကား နဲ့ တခွန်းစကား ရဲ့ အဖြေ



ပုံက တီ ၁၀ တန်းလောက်တုံးက ဆွဲထားတာထင်တယ် ၉ တန်း ၈ တန်းလောက်ကလဲ ဖြစ်ကောင်းဖြစ်မယ်
ကြာလွန်းလို့ မမှတ်မိတော့တာကတော့ သေချာတယ် နောက် တီ ၁၀ တန်းတုံးက ရန်ကင်း အထက ၂ မှာတက်တာပါ လ ၄ ကနေပြောင်းလာတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်
နာမည်က ၄ လုံးတွဲပါ သေချာ မမှတ်မိတော့ပြန်ဘူး ဒီလိုပုံပါပဲ
ပုံဆွဲတုံးက ပန်းချီ ဧရာ ရဲ့ ကာတွန်းတွေကို ကြိုက်နေတဲ့အချိန်ပါ အတုယူဆွဲခဲ့ပါတယ်
နာမည်တောင် သူ့ ကာတွန်း တခုထဲက နာမည်ပဲပေးခဲ့တာပါ
ဇာဇာတဲ့ ခုတော့ ပိုစ့်မှာ တင်ထားတဲ့ ဒေါ်သစ်ပေါ့ ခိခိ
တိုက်ဆိုင်လို့ နောက် ကဗျာ တပုဒ်ကိုလဲ သတိရမိပါတယ်
ငယ်ငယ်လေးတုံးကပါ

မမဝဝ ထထက
အက ပထမ
ကပါကပါ မမရာ
ညည လသာသာ
လအခါ ငါ စာရ
မမဝဝ ထထက။

ကတာလဲကတာပေါ့ မမရာ ဟင်းလေးဘာလေး ချက်အုံးလေဟာ

အော် ငယ်ငယ်ကသူငယ်ချင်းတွေကို သတိရမိပါတယ် ခုတော့ ကျောင်းတုံးက သူငယ်ချင်းတွေကို တခါတလေ တောင် မတွေ့မိပါဘူး

ကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့

“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေ

အင်းဂလိရှ် လိုတော့ “life is like this” ပေါ့

this is life, well that's life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်

ပြင်သစ်လိုတော့ “c'est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီး ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ

Saturday, May 1, 2010

စကားလေးတခွန်း

စကားလေးတခွန်း

စကားလေးတခွန်းရှိတယ်။ ဘယ်လိုအရာမျိုး ဘယ်လိုကိစ္စမျိုး ရဲ့နောက်မှာ ဖြစ်နေ ဖြစ်နေ သုံးလို့ရတယ်၊ အသုံးတည့်တယ်၊ အသုံးဝင်တယ် အဓိပ္ပါယ်ရှိတယ်။ ဘယ်လိုပြောမလဲ ဇာတ်လိုက်လိုပေါ့။ အဖြေတခု လို့လဲပြောလို့ရတယ်။ အရာအားလုံးအတွက် အဖြေ သို့မဟုတ် ဖြေလျော့စရာ ပင့်သက် တခု အဲ့လိုပြောရင်လဲအကျုံးဝင်တယ်။ မွေးလာတယ်၊ အိုသွားတယ်၊ နာသွားတယ်၊ သေသွားတယ်၊ ပျော်ကြတယ် ရွှင်ကြတယ် ဝမ်းနည်းကြရတယ်၊ ကြေကွဲကြရတယ်၊ ရယ်ကြ ပြုံးကြတယ်၊ မျက်ရည်လည်ရွှဲကြတယ် စတဲ့ ဇာတ်လမ်း ဇာတ်ခုံအဖုံဖုံ အတွက်လဲ ဘယ်တော့ပဲ သုံးသုံး အဲ့ဒီ စကားလေးတခွန်းက သိပ် အဓိပ္ပါယ်ရှိ အသုံးဝင်တာပါပဲ။ တချို့လူတွေ က ဆင်းရဲတယ် တချို့က ချမ်းသာတယ် တချို့ က ဘတ်စ် ကားကြပ်ကြပ်ကိုတိုးစီးနေတဲ့အချိန်မှာ တချို့ကရေမွှေးနံ့သင်းပျံ့နေတဲ့ ကားလှလှ ကောင်းကောင်း လေးပေါ်မှာ ဇိမ်နဲ့ငြိမ့်နေကြရတယ်။ အဲ့လိုဘာ့ကြောင့်ဖြစ်ရတာလဲလို့ မေး ရင်လဲ ဒီစကားလေးတခွန်းက အသုံးတည့်တာပါပဲ။ ချစ်ခြင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းမျိုးစုံမှာ လဲ ဒီစကားလေးတခွန်းကိုပဲ ရေလဲနဲ့အသုံးတည့်လှပြန်ပါတယ်။

ဥပမာ…
• မချစ်သင့်တဲ့ လူတယောက်ကို သင်ချစ်မိတယ်
• ကိုချစ်တဲ့လူက ကို့ကို မချစ်ဘူး ကိုမချစ်တဲ့လူက ကို့ကို အသေအလဲ ချစ်တယ်
• လူတယောက်နဲ့ ကိုနဲ့ အရင်က ချစ်လိုက်ကြတာ သေမလောက် (ဘေးလူတကာ အမြင်တွေကပ်လောက်ကြတဲ့အထိ) နောက်ဆုံးတော့လဲ ဆန်ဆုံစား ကံကုန်သွားနဲ့ ဇာတ်သိမ်းတာပါပဲ
• ကိုအချစ်ခဲ့ဆုံးလို့ ထင်ရတဲ့တယောက်က ကို့ကိုမှ အနာကျင်ဆုံး ဒဏ်ရာတွေ အနက်ဆုံး ပေးခဲ့တာ
• အဲ့လူတယောက် ကို့ဘဝမှာ မရှိရင်မဖြစ်ဘူး လို့ထင်ခဲ့တယ်။ နောက်တော့မှ သူနဲ့ကွဲသွားတာ သူ့ထက် ပိုကောင်းတဲ့ တယောက်ကိုတွေ့ဖို့ပါလား ဆိုတာ သဘောပေါက်လာတယ်
• ဘဝမှာ နောက်တယောက်ကို နောက်တခါ ခုလိုမျိုး ထပ်ချစ်နိုင်တော့မှာ မဟုတ်ဘူး လို့ထင်ခဲ့တယ် ဟော နောက်တလ နှစ်လလောက်လဲကျရော နောက်တယောက်ကို အချစ်စစ်နဲ့ အရူးအမူး ချစ်မိနေပြန်ပါရော
• ပျော်ရွှင်ခြင်းက ထာဝရ မမြဲသလို၊ နာကျင်ခြင်းကလဲ ထာဝရအတွက်မဟုတ်ပါဘူး (တခါက ကြည့်ဘူးတဲ့ ရှာရွတ်ခန် ရုပ်ရှင် ကိုတောင် သိရမိသေးတယ် အမိတာ ဘဂျမ်း ရယ် ကရီနာ ကပူးရ်ရယ် ကာဂျိုးရယ်လဲပါသေးတယ် ကားနာမည်က ဟင်ဒီလို ကဘီကူရှီ ကဘီဂန်းတဲ့ ပျော်တလှည့် ငိုတလှည့် လို့ အဓိပ္ပါယ်ရတယ်)

ခုန က စကားကိုပြန်ဆက်ရမယ်ဆိုရင် ဘယ်လို ကိစ္စမျိုးမဆိုရဲ့နောက်မှာ အဲ့ဒီ စကားလေး တခွန်းကို သုံးလို့ရပါတယ်။ နောက်တခါ ဘဝမှာ ဖြစ်တောင့် ဖြစ်ခဲ ကြုံတောင့်ကြုံခဲ ကိစ္စတွေအတွက်လဲ အဲ့စကားကို သုံးလို့ရပြန်ပါတယ်။ နောက်တခါ ကြုံတွေ့ရတတ်တဲ့ အံ့သြကုန်နိုင်ဘွယ် ကိစ္စလေးတွေ၊ ထူးထွေအံ့ရာသော် ဝိစ္စ လေးတွေအတွက်လဲ ဘယ်လိုသုံးသုံး အဆင်ပြေပြန်ပါတယ်။

ဥပမာ…
• တခါမှ ထီမထိုးတဲ့သူက သူမဝယ်ပဲ ကောက်ရတဲ့ထီလက်မှတ်က ဆုကြီး လာပေါက်နေတာမျိုး

ဟော ကိုဗဒင်ပြောသလို သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် လို့ဆိုသလိုပဲ ဖြစ်ခဲတယ်လို့ပြောရမယ့် တိုက်ဆိုင်မှုလေးတွေ မှာလဲ ဒီစကား တခွန်းကို ပြောလို့ရပြန်ပါတယ်။

ဥပမာပေါ့…
• ဒီနေ့ ကိုအိမ်က ထွက်လာကတည်းက တယ်အဆင်မပြေဘူး၊ လူကလဲ စုတ်ပြတ်သတ်နေပါတယ်ဆိုကာမှ အရင် ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ တိုက်တိုက် ဆိုင်ဆိုင် လာဆုံနေတယ်ဆိုတာမျိုး
• ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ ထင်ထားတဲ့ လူတယောက်ကို မှ လေဆိပ် ရဲ့ check in ဝင်ပေါက်မှာ ပြန်တွေ့ရသလိုမျိုး

နှမြောတသ ရမယ့်ကိစ္စတွေအတွက်လဲ ဒီစကားတခွန်းပဲ ဘယ်အချိန် ဖြစ်ဖြစ် အသုံးတည့်လှပြန်ပါတယ်။

ဥပမာ…
• ပစ္စည်းတခု ကို ကို ထာဝရ ဘယ်တော့ မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာမျိုး
• လူနှစ်ယောက်စလုံးကို ကိုက ထပ်တူ ထပ်မျှ ချစ်ပေမယ့် ဘယ်လိုမှ နှစ်ယောက်လုံးနဲ့ အတူတူမနေနိုင်တာမျိုး (ကဗျာဘွဲ့မှူး ရဲ့သီချင်းလိုပေါ့ ကိုကို နဲ့ မောင်မောင်ပေါ့ နော့)

ကဲ အဲ့လို ရှိသမျှ ကိစ္စ တွေ အကုန်မှာ အသုံးတည်းလှတဲ့ စကားလေးတခွန်းပေါ့နော် ဘယ်စကား ဖြစ်မလဲ တွေးကြည့်ကြပါအုံး တော်ကြာ တီပြောပြလိုက်တော့မှ အာ….ဟုတ်သားပဲ တီချမ်း လူဆိုး လို့မပြောကြနဲ့ ကဲကဲ စဉ်းစားကြည့်ကြနော် နောက်နေ့မှာ ပိုစ့် အသစ်နဲ့ အဲ့စကား တခွန်းကို ဘာသာ (၃) မျိုးနဲ့ ပြောပြမယ်။ တီချမ်း လူဆိုးနော် လူကို ကလိကလိ လုပ်တယ် လို့တွေးနေတယ် မဟုတ်လား အဟင်းဟင်းဟင်း အဟွန်း (မီကိုဇူးဇင် ဇာတ်ကောင်ကဲ့သို့ ရယ်လိုက်သည်။)

အဖြေ


ကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့

“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေ

အင်းဂလိရှ် လိုတော့ “life is like this” ပေါ့

this is life, well that's life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်

ပြင်သစ်လိုတော့ “c'est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီးတော့ ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ

A Chen
10: 16 pm
1 May 2010
Home
Bkk