Saturday, May 22, 2010

အနမ်း ဋီကာ…

အနမ်း ဋီကာ…

တခါတုန်းက နူတ်ခမ်းချင်း နမ်းတာကို အတွေ့အကြုံရှိဖူးကြတဲ့ သူငယ်ချင်းတွေကို မေးကြည့် ဘူးတယ်။ မျက်မှန်တတ်တဲ့ လူနှစ်ယောက် ဆိုရင် ဘယ်လို နမ်းကြမလဲပေါ့။ သူတို့က … “နှစ်ယောက်ထဲက တယောက်က မျက်မှန်ကို ဖြူတ်လိုက်မှာပေါ့” လို့ဖြေတယ်။
သြော်…ဒီလိုကိုး….လို့ ကိုယ်မတင်မကျ လက်ခံလိုက်တယ်။

နောက်ကျတော့ ကိုယ်အနမ်းနဲ့ ပတ်သက် ပြီး ဆက်စဉ်းစားတယ်။ နမ်းတာဆိုတာ ဘယ်လို ဆိုတာထက် အဆင်မပြေတဲ့ လူနှစ်ယောက် နမ်းရင် ဘယ်လိုနမ်းကြလဲ ဆိုတာမျိုးပါ။

ဥပမာ ဆိုပါတော့ အရပ် သာမန်ထက်ပို မြင့်တဲ့ ယောက်ျားတယောက် နဲ့ အရပ် သာမန်ထက် ပို နိမ့်တဲ့ မိန်းမ တယောက်တို့နမ်းကြမယ်ဆိုရင်ကော…ကိုယ်လိုက်လျောက်မေးပြန်ပါတယ်။
တချို့က ယောက်ျားလေးက ခါးကိုင်းပြီး နမ်းကြမှာပေါ့ လို့ဖြေတယ်။ တချို့ က မိန်းကလေးက ခြေဖျားထောက်ပြီးနမ်းကြမှာပေါ့လို့ဖြေကြပြန်တယ်။ နောက်တချို့ကကျတော့ ယောက်ျား လေးက သူ့ ရည်းစား ကိုအရင် ပွေ့ချီလိုက်ပြီးမှ နမ်းတာပေါ့လို့ဖြေကြတဲ့သူတွေလဲရှိတယ်။
ဒါပေမယ့် ဘယ်သူကမှ နှစ်ယောက်အတူတူ ထိုင်ပြီးတော့ ဖြစ်ဖြစ် ဒါမှမဟုတ် အိပ်ရာပေါ် လှဲချလိုက်ပြီး ဖြစ်ဖြစ် နမ်းလို့ရတာ ပေါ့လို့ မဖြေကြဘူး။

နောက်ထပ်တခါ ကိုယ်လျောက်စဉ်းစားပြန်တယ်။ ဥပမာ တယောက်က ပါးစပ် ကျယ်ကျယ်နဲ့ နောက်တယောက်ကတော့ ပါးစပ် သေးသေးလေးနဲ့ ဆိုရင် ကော သူတို့နှစ်ယောက် ဘယ်လို နမ်း ကြမလဲ ကိုယ်စိတ်ဝင်စားမိပြန်တယ်။ လိုက်မေးပြန်တယ်။ တချို့ကလဲ စိတ်ဝင်တစားပဲ ဖြေကြည့်ကြသလို မေးခွန်းလေးတွေလဲ ပြန်မေးကြသေးတယ်။ သူတို့နှစ်ယောက် နမ်းတဲ့အခါ သွားရည်တွေရော ကျကြသေးလားတဲ့။ ကိုယ်လဲ ဘယ်သိမလဲနော်။ နောက် ကြုံလို့တွေ့ရင် တော့ သေချာ ကြည့်လိုက်ဦးမယ် လို့ စိတ်ထဲတေး ထားလိုက်တယ်။ ပါးစပ်ပို ကျယ်တဲ့ လူ ကတော့ ပါးစပ် ပိုကျဉ်းတဲ့ သေးတဲ့ လူရဲ့ နူတ်ခမ်းတွေ ကို ငုံထားမိနိုင်တယ်လို့တော့ ပေါက်ပေါက်ရှာရှာ တွေးမိသေးတယ်။ ဒီလိုနည်းနဲ့လဲ သွားရည်မကျအောင် ကူညီပေးနိုင်သလို ကိုယ့်ချစ်သူကို လဲ စိတ်ဓါတ်ရေးရာ အရ ကာကွယ်ရာရောက်တာပေါ့။ နူတ်ခမ်းသေးခြင်း ကြီးခြင်း ကျယ်ခြင်း ကျဉ်းခြင်း အတွက် သူ စိတ်ဒုက္ခ မရောက်တော့ဘူးပေါ့နော်။ တခုတော့ ရှိတယ် ကျယ်တဲ့ ကြီးတဲ့ ပါးစပ် က ယောက်ျားလေးဆီမှာ ရှိတာ ဆိုရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။

နှစ်ယောက် သားမတူတဲ့ နေရာဌာန နှစ်ခု မှာ တပြိုင်တည်း ရောက်နေကြရင် ရော ဘယ်လို နမ်းကြမလဲနော်။ ဖုန်းလိုင်းတွေ လေလှိုင်းတွေကနေတဆင့် နမ်းကြမလား? အဲ့လိုဆိုရင်ကော အဆင်ပြေမလား? ဘယ်နိုင်ငံကလဲတော့မမှတ်မိဘူး။ ဂျာနယ် တခုထဲမှာ ဖုန်းဟမ်းဆက် ပေါ်မှာ အဲ့လို နူတ်ခမ်း ရာပေးတဲ့အကွက်ပါတဲ့ ဖုန်းမျိုး ထွင်လိုက်တယ်ပြောတယ်။ နေရာ ခွက်ကလေးထဲကို နူတ်ခမ်း ကပ်လိုက်ရင် တခြား တဘက်ကလဲ အဲ့လိုပဲပြန်ကပ်လိုက်ရတယ်။ အဲ့တာဆိုရင် လျှပ်စစ်လှိုင်းတွေကနေတဆင့် ကိုယ့်ချစ်သူရဲ့ နူတ်ခမ်း အပူချိန်ကို ခံစားရတယ် ဆိုပါတယ်။ ဒါပေမယ့် အချိန် ရယ် နေရာ ရယ်ကို ကျော်ပြီးနမ်းကြမယ့် ဒီလိုကိစ္စမှာ ကိုယ့် ကိုယ်ပိုင် ဖုန်း နဲ့ နမ်းကြမှသာ ပိုပြီးတော့ သန့်ရှင်းမယ် ပေါ့လေ။ လမ်းဘေးတွေမှာ ရှိနေတဲ့ ဖုန်း ဘုစ် တွေက ပြည်သူပြောဖုန်းတွေကိုတော့ မသုံးဖို့ လိုတာပေါ့နော်။ ခုနက ပြောတဲ့ ဖုန်းဆိုတာ မျိုးကလဲ နှစ်ယောက်စလုံး တယောက်တလုံးရှိမှ အဆင်ပြေမှာလေနော်။

ဒါပေမယ့် နမ်းတာ နဲ့ပတ်သက်ပြီးတော့ လူအများဆုံး စိတ်ပူကြတာက အခုအောက်မှာ ပြောတဲ့ အချက်ဖြစ်မယ် ထင်တယ်။ နှစ်ယောက် အပြိုင် ဟိတက်ပြီးတော့ ရေရေလည်လည် နမ်းစုပ်နေကြချိန်မှာ တဘက်သားရဲ့ သွားရည် တလုတ်က မတော်တဆ သင့် ပါးစပ်ထဲ ဝင် သွားတယ် ဆိုပါစို့ အဲ့တာဆို ကိုယ်က ဘယ်လိုတုံ့ပြန်မလဲပေါ့။ ဘာမှမဖြစ်သလိုပဲ မျိုချ လိုက် ကြမလား။ သူတပါးရဲ့ သွားရည် ကိုမျိုချရမယ်ဆိုတော့လဲ တွေးကြည့်ရင် ရွံစရာကြီး (အသက် လောက်ချစ်ရတဲ့ ကိုယ့်ချစ်သူဖြစ်နေပါစေ) မမျိုချဘဲနဲ့ ထွေးထုတ်လိုက်မယ်ဆိုရင်လဲ ကိုယ့် ချစ်သူ ကိုရွံရာကျတာမို့ (ပြရာလဲရောက်တာမို့) သူ့ရဲ့ စိတ်ကိုလဲထိခိုက်မှာ စိုးရသေးတယ်။ ပြီးတော့ ဒီလို နှစ်ယောက်စလုံးအရှိန်တက်နေတဲ့ အချိန်မျိုးမှာ တမိနစ် ဆို တမိနစ် တစက္ကန့် ဆို တစက္ကန့် အရေးပါ အရာရောက်နေတဲ့အချိန်မျိုးမှာ…မျိုချမလား ထွေးထုတ်ရမလားဆိုတာ အဖြေရခက်တဲ့ ရှင်းရခက်တဲ့ အပြုအမူ တရပ်ပါ။ ကဲ သင်ဆိုရင်ကော ဘယ်လိုလုပ်မှာလဲ…?

ကွန်မန့်မှာ ဖြေပေးသွားနော်….

A Chen
1:11 am
20th May 2010
Mae Sot
Thailand

12 comments:

  1. ဘယ်လိုလုပ်ရင် တရားမျှတမှု ဖြစ်ပြီး၊ ဘယ်လိုလုပ်ရင် တရားမမျှတမှု ဖြစ်သလဲဆိုတာ အရင် တိုင်ပင်ပြီးမှ ပြန်လာပြောမယ်။

    ReplyDelete
  2. ဟိဟိ..
    ခဏငုံထားလိုက်၊ နမ်းပြီးလို့ သူလစ်မှ နီးရာသင့်ရာကို မြန်မြန်ထွေးလိုက်။ (ခွိခွိ ထင်တာပြောတာ)

    ReplyDelete
  3. အရီးတား ကွန့်မန်ရေးတာ မှားနေ၏။း)

    ကိုယ်နဲ့ ကွဲသွားပြီဖြစ်တဲ့ ကိုယ့်ချစ်သူ စတွေ့စတုန်းက သူအဲလို့ပဲ တမင်သတ်သတ် ကိုယ့်နှုတ်ခမ်းထဲ ထည့်လေ့ရှိတယ်။ ကိုယ်ကတော့ မျိုချပစ်လိုက်တာပဲ။ ချစ်ခဲ့တာကိုး။ တကယ်တမ်း အသက်လောက်ချစ်ရင် ဘာမှ မစဉ်းစားမိတော့ဘူး။

    ReplyDelete
  4. မမသူ အရီးတား မမှားပါဘူး ကိုယ်သိတယ် သူပြောချင်တာ
    (ခိခိ)
    ဒေါ်ဂန္ဓမာ သူသူ
    ခုတော့ ရှင့်ဘာ့ကြောင့် ဒီလို ဒီလို ဝဝ လာတယ်ဆိုတာ ကျူပ်သိပြီ
    ခိခိ

    ReplyDelete
  5. တကယ်နမ်းဖူးကြရင် ဒီအဖြေက ရှင်းရှင်းလေးပါ။ နမ်းတဲ့အချိန်ဘယ်သူက သရေကျလို့လဲ။ ကျန်းမာရေးမကောင်းလို့ပဲဖြစ်မယ်။ ချစ်လို့ နမ်းနေချိန်မှာ ရွံတယ် ရှက်တယ်ဆိုတဲ့ စိတ်တွေအကုန်ပျောက်လို့ သရေကျတယ်ဆိုတာတောင် ဘယ်နားမှာမှ စဉ်းစားမနေကြဘူးတော့ တီချမ်းရဲ့ သိပြီလား။

    ReplyDelete
  6. ကွင်းဆင်းလေ့လာပြီးမှ ပြောကြတာ ပိုကောင်းမယ်ထင်တယ် တီချမ်း။

    ReplyDelete
  7. တီပြောတဲ့လူမျိုးတွေ အရင်လိုက်ရှာလိုက်.. နမ်းကြည့်လိုက်.. သိသွားမယ်ထင်တယ်.. အဲ့ကျရင် ပြန်ပြောပြဦးနော် တီ..

    ReplyDelete
  8. ဟိတက်နေရင် အဲဒါတွေမေ့သွားပြီဗျ၊ သွားရည်အကြောင်း စဉ်းစားနေရင် နမ်းလို့ရမှာမဟုတ်ဘူး (လို့ သူများတွေ ပြောတာပဲဗျာ)

    ReplyDelete
  9. Ei Ei Khin ကျွမ်းကျင်မှူရယ် စေတနာရယ်ပေါင်းရင် ပစ္စည်းကောင်းရတယ် ဆိုတဲ့ ကြော်ငြာလိုပဲ ... ကျွမ်းကျင်မှူရယ် စေတနာရယ်ရှိရင် တယောက်ရဲ့  သွားရည်က နောက်တယောက်ဆီ မ၀င်နိုင်အောင် ထိန်းနိုင်မှာ ဖြစ်ကြောင်း ....

    ReplyDelete
  10. BS: hey
    ur quest: is only for ppl who ald hav experience
    heeheheee
    not someone like me
    kwi kwi kwi
    :D

    ReplyDelete
  11. စုပ်ပြီးနမ်းနေပါတယ်ဆို။ ဖီလင်က ဖလုတ်တင်း ဖြစ်နေပြီ။ တစ်ခြားဘာကိုမှ မတွေးနိုင်ဘူး။ နှုတ်ခမ်းလွတ်ထွက်သွားမှာကိုပဲကြောက်နေရတာ။ သွားရည်တွေဘာတွေ သတိရတော့တာမဟုတ်ဘူး အဟတ် :D

    ReplyDelete
  12.ိKyaw Nyo Thway ပြောတာဟုတ်တယ်ဗျ။ဒီအချိန်မှာ တော့ဘာမှမသိဘူး သိတာကတစ်ခုတည်း နမ်းပြီးရင်းနမ်းချင်နေတာ

    ReplyDelete