Friday, July 31, 2009

ရာသီပျက်အလွမ်း (ဆောင်း dual version)

ရာသီပျက်အလွမ်း (ဆောင်း dual version)

Addy:

အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့

ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ

နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့

စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်

သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်ချစ်သူ
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...

မိဘုတ်:

နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။

ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။

စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။

လွမ်းတယ် ဆောင်းရယ်။

A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn

ရာသီပျက်အလွမ်း (နွေ BS's solo version)

ရာသီပျက်အလွမ်း (နွေ BS's solo version)

မိဘုတ်:

မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .

ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .

ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .

ကန္တာရကို
ချိုချဉ်လိုမြိုခဲ့သူလေ
ပူလောင်ဖို့လိုသေးလို့လား . . .

နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .

ချစ်တယ် နွေရယ်။

Thursday, July 30, 2009

ရာသီပျက်အလွမ်း (နွေ Addy's solo version)

ရာသီပျက်အလွမ်း (နွေ solo version)

Addy:

ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့

ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?

အရင်တုံးက
ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့ ထီးကလေးက
နင်ဖြစ်တယ်

နွေပူပူထဲမှာ
ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ

အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ

ခုများတော့
နင်မရှိတဲ့ ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့

ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....

Wednesday, July 29, 2009

ရာသီပျက်အလွမ်း (နွေ dual version)

ရာသီပျက်အလွမ်း (နွေ dual version)

Addy:

ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့

ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?

အရင်တုံးက ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့
ထီးကလေးက နင်ဖြစ်တယ်

နွေပူပူထဲမှာ ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ

အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ

ခုများတော့ နင်မရှိတဲ့
ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့

ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....

မိဘုတ်:

မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .

ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .

ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .

ကန္တာရကိုချိုချဉ်လို
မြိုခဲ့သူလေပူလောင်ဖို့
လိုသေးလို့လား . . .

နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .

ချစ်တယ် နွေရယ်။

A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn

Tuesday, July 28, 2009

ရာသီပျက်အလွမ်း (မိုး Min Min's Solo Version)

ရာသီပျက်အလွမ်း

မင်းမင်း:

ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်
ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ
ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်

ရာသီပျက်အလွမ်း (မိုး BS's Solo Version)

ရာသီပျက်အလွမ်း

မိဘုတ်:

မိုးစက်တွေလေအဝေ့မှာ
ကသောင်းကနင်းလွင့်နေကြသလို
ငါ့ရဲ့ ရှေ့ရေးတွေ
အကင်းမသေသေးတဲ့
ျစ်ခြင်းတရားအဝေ့မှာ
ဗရုတ်သုတ်ခ လွင့်ကျလို့ . . .
အိပ်မက်ရဲ့အရောင်ကို
ဓာတ်ပုံရိုက်ယူဖို့
ငါ စိတ်ကူးမိတယ်
အဲဒီမနက်က
နင်နဲ့ငါ
အိပ်မက်ရောင်မှိုင်းမှိုင်းမှာ
စကားတွေ ဖောင်ဖွဲ့နေခဲ့ပေါ့ . . .
မမျှော်လင့်ဘူး
မိုးစက်တွေ လွင့်နေပါစေ . . .
အနာဂတ်တွေ ပဲ့ကျနေပစေ . . .
ချစ်ခြင်းတရားအလယ်မှာ
ထိန်ထိန်ညီးလောင်ကျွမ်းလို့ငါ . . .
နေပျော်နေပါတယ်။

ရာသီပျက်အလွမ်း (မိုး Addy's Solo Version)

ရာသီပျက်အလွမ်း

Addy:

မိုးတွေညို့နေတယ်
မှုတ်သုန်လာပြီလား
ငါ့မှာတော့…
အလွမ်းတွေဝေလို့
ဆောင်းအကြွင်းအကျန်တွေနဲ့လေ
ရွက်ကြွေတွေလွင့်ကုန်ပြီ
နွေရေ...သွားတော့မလား
မြက်ခင်းတွေစိမ်းမြမြ
မိုးရေ…လာတော့မလား
ရာသီတွေမှားတာများ
နွေ မိုးနဲ့ဆောင်းတောင်ရှေ့နောက်တွေလွဲ
အခါများစွာ ငါဟာရူးသွပ်
နင်မရှိတော့တာတော်တော်ကြာပြီလေဟာ
စက်ဝိုင်းကိုနောက်ပြန်တွေဆွဲလဲပဲ
၃၆၀ ဒီဂရီကတော့ ရှိမယ်

Monday, July 27, 2009

ရာသီပျက်အလွမ်း (မိုး Trio Version)

ထုံးစံအတိုင်းပါပဲ မရေးတာကြာလို့ မိဘုတ်နဲ့ ကဗျာတပုဒ်ရေးပါတယ်
တီက စရေးတာပါ ပြီးတော့ မိဘုတ်က ရေးပါတယ်
ပြီးတော့ တီ နဲ့တူတူနေနေတဲ့ တီ့မောင် က လာကြည့်ပြီး သူလဲတပိုဒ်ရေးမယ်ဆိုပါတယ် အဲ့တာနဲ့တီကလဲရေးပေါ့နော်
အဲ့မှာ ဒင်းကရေးပါတယ် တွေ့တဲ့အတိုင်းပါပဲ တီ့ကိုစောင်းရေးပါတယ်
ဖတ်ကြည့်ကြပါ တီကလဲသူရေးရင်ရေးစရာပါပဲ တီက သူ့ကိုဘေးမှာထားပြီး
တခြားကောင်လေးတွေ ကိုကြည့်ပါတယ် ကြည်ရုံတင်လား ဆိုတော့ မကပါဘူး
သိတော်မူကြတဲ့အတိုင်းပါပဲ တီတလောက တင်ထားတဲ့ပုံတွေ က သူ့ရှေ့မှာဖြစ်တာပါ သူက ပြောပါတယ် သူခံစားရတယ်တဲ့ ဟုတ်မှာပါ တီကတော့ မသိဘူး တီက ချစ်မှမချစ်တတ်တာလေနော် .............ကဲခင်ဗျားတို့ပဲပြောကြပါအုံး ပရိတ်သတ်တို့ရေ..........
ကဗျာလေးကိုသာဖတ်ကြည့်ကြပါတော့.........................

ရာသီပျက်အလွမ်း

Addy:

မိုးတွေညို့နေတယ်
မှုတ်သုန်လာပြီလား
ငါ့မှာတော့…
အလွမ်းတွေဝေလို့
ဆောင်းအကြွင်းအကျန်တွေနဲ့လေ
ရွက်ကြွေတွေလွင့်ကုန်ပြီ
နွေရေ...သွားတော့မလား
မြက်ခင်းတွေစိမ်းမြမြ
မိုးရေ…လာတော့မလား
ရာသီတွေမှားတာများ
နွေ မိုးနဲ့ဆောင်းတောင်ရှေ့နောက်တွေလွဲ
အခါများစွာ ငါဟာရူးသွပ်
နင်မရှိတော့တာတော်တော်ကြာပြီလေဟာ
စက်ဝိုင်းကိုနောက်ပြန်တွေဆွဲလဲပဲ
၃၆၀ ဒီဂရီကတော့ ရှိမယ်

မိဘုတ်:

မိုးစက်တွေလေအဝေ့မှာ
ကသောင်းကနင်းလွင့်နေကြသလို
ငါ့ရဲ့ ရှေ့ရေးတွေ
အကင်းမသေသေးတဲ့
ချစ်ခြင်းတရားအဝေ့မှာ
ဗရုတ်သုတ်ခ လွင့်ကျလို့ . . .
အိပ်မက်ရဲ့အရောင်ကို
ဓာတ်ပုံရိုက်ယူဖို့
ငါ စိတ်ကူးမိတယ်
အဲဒီမနက်က
နင်နဲ့ငါ
အိပ်မက်ရောင်မှိုင်းမှိုင်းမှာ
စကားတွေ ဖောင်ဖွဲ့နေခဲ့ပေါ့ . . .
မမျှော်လင့်ဘူး
မိုးစက်တွေ လွင့်နေပါစေ . . .
အနာဂတ်တွေ ပဲ့ကျနေပစေ . . .
ချစ်ခြင်းတရားအလယ်မှာ
ထိန်ထိန်ညီးလောင်ကျွမ်းလို့
ငါ . . . နေပျော်နေပါတယ်။

မင်းမင်း:

ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်

BS, A Chen Vs Min Min
5:16 pm
26th July 2009
Wrote online via gtalk
Bkk and Ygn

Sunday, July 26, 2009

မျက်လုံးပေါ်က ကြယ်နဲ့လ (စ ဆုံး)




မျက်လုံးပေါ်က ကြယ်နဲ့လ

တနေ့ က ခေါင်းအုံးလေးတလုံးဝယ်လိုက်တယ်။ ခေါင်းအုံးလေးက သေးသေးလေး ကိုယ့်လက်ဖဝါးထက်နည်းနည်းလေးပဲ ပိုရှည်တယ်။ ပြီးတော့ မျက်လုံးကိုအုံးရတဲ့ခေါင်းအုံးလေး။ မျက်အုံးလို့ခေါ်လို့ရမယ်ထင်တယ်။

မျက်လုံးမှာလဲ သူ့အတွက်သီးသန့်လုပ်ထားတဲ့ ခေါင်းအုံးရှိလိမ့်မယ်လို့မထင်ဘူးမှလား?

မျက်အုံးလေးက ပိုးချည်ထည်လေးနဲ့ချုပ်ထားတာ။ အထဲမှာတော့ ရေမွှေးပန်းခြောက်လေး (Lavenders) တွေထည့်ထားတယ်။ အိပ်ခါနီးဒါမှမဟုတ် မျက်လုံးတွေ ညောင်းနေပြီလို့ခံစားရရင် မျက်အုံးလေး ကိုမျက်လုံးပေါ်မှာ တင်ထားလိုက်ရုံပဲလေ။ ပြီးတော့ မျက်အုံးကို ပိုးထည်လေးနဲ့ချုပ်ထားတဲ့အတွက် မျက်လုံးထောင့်စွန်းနားမှာ ကျီးခြေထောက်လိုမျိုး အရေးအကြောင်းတွေပေါ်လာမှာမျိုးမပူရတော့ဘူးလေ။ ပြီးတော့ အထဲမှာ ထည့်ထားတာက လဲပန်းခြောက်လေးတွေပဲဆိုတော့ မျက်လုံးကိုဝန်ပိစေလောက်တဲ့အလေးချိန်မရှိတော့ဘူးပေါ့။ မျက်အုံးလေးကိုလဲ ပေါ့ပေါ့လေးနဲ့ မျက်လုံးပေါ်တင်ထားရင် ဇိမ်တမျိုးရှိစေတယ်လေနော်။ ပြီးတော့ မျက်အုံးလေးက အပူအအေး နှစ်မျိုးလဲသုံးနိုင်သေးတယ်လေ။ အအေးလေး သုံးချင်ရင် မသုံးခင် ရေခဲသေတ္တာထဲခဏ ထည့်ထားပြီး သုံးရင် မျက်လုံးရောင်တာ ဘာညာ သက်သာစေနိုင်တယ်လေ။ အပူပေးပြီးသုံးရင်တော့ အကြောအချင်တွေပြေစေတာပေါ့။

တရက်တုံးက ညီမလေးတယောက်က ကိုယ်စာတွေရေးလိုက်၊ အလုပ်တွေများ၊ အိပ်ရေးတွေပျက်နေတာ မြင်လို့ ဒီမျက်အုံးလေး ကို မိတ်ဆက်ပေးတာ။ အစကတော့ ကိုယ်လဲ ယုံတဝက် မယုံတဝက်ပါပဲ။ တနေ့ကတော့ စိတ်ပါတာနဲ့ သွားဝယ်ပြီးအိမ်မှာ အစမ်းသုံးကြည့်တာ တကယ်ကိုဇိမ်ရှိတာပဲ။ မျက်လုံးက မျက်အုံးရှိပြီးကတည်းက ပိုပြီးကြည်လင်လာသလိုပဲ။ အညောင်းအကိုက်လဲ တော်တော်သက်သာသွားတယ်။

ကိုယ်ဝယ်ခဲ့တဲ့ မျက်အုံးလေးက မစ်ကီမောက်စ်ပုံလေးနဲ့ တခြားရွေးစရာလဲမရှိဘူးလေ။ ဘူးလေးထဲမှာ လာဗင်ဒါး ပန်းရဲ့ ရေမွှေးဆီပုလင်းလေးလဲပါတယ်လေ။ လိုအပ်တဲ့အချိန်ကျရင် မျက်အုံးလေးထဲ နည်းနည်းထည့်လို့ရတာပေါ့။

တကယ်လို့သာရွေးချယ်ပိုင်ခွင့်ရှိမယ် ဆိုရင် မျက်အုံးကို အရောင်အမျိုးမျိုး အနံ့အမျိုးမျိုးနဲ့ ပုံအမျိုးမျိုး ရှိစေချင်သေးတယ်။ အဲ့တာမှ မျက်လုံးပေါ်တင်ထားတဲ့အချိန်ကျရင် မမြင်ရပေ မယ့် မျက်အုံးပေါ်က ပုံတွေက တကယ်လို့များ လ နဲ့ ကြယ်တွေ ဖြစ်မယ်ဆိုရင် ကိုယ်ထင် တယ်လေ အဲ့ဒီ အိပ်စက်ခြင်းကလေးတခုက ပိုပြီးပြည့်စုံသွားမှာလို့။

အရင်တုံးက လူ့ဘဝ မှာ ကိုယ့်ဆီက သူများတွေ ဘယ်လိုမှ လုမယူသွားနိုင်တဲ့အရာ (၃) ခုရှိတယ်လို့ ထင်ခဲ့တယ်။ အမှတ်တရတွေနဲ့အတိတ်ရယ်၊ အသိပညာရယ် နောက် ဗိုက်ထဲ ကိုရောက်သွားတဲ့ ကိုယ်စားလိုက်သမျှစားကောင်းသောက်ဖွယ်တွေရယ်ပေါ့။ ခုတလောမှစဉ်းစားမိတာ စတုတ္ထအရာ တခုရှိသေးတယ်… အဲ့တာက ဘာလဲ ဆိုတော့ ကိုယ့်ရဲ့ အိပ်မက်တွေပေါ့။

မင်း ကိုယ့်ဆီက အရာတော်တော်များများ ယူသွားလို့ရတယ်၊ ယူသွားနိုင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ အိပ်မက်တွေ ကိုတော့ ယူမသွားနိုင်ဘူးလေ။

အိပ်မက်လှလှလေးပဲဖြစ်ဖြစ်၊ ခြောက်ခြားစရာ အိပ်မက် ပဲဖြစ်ဖြစ် ပေါ့။ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ် နေရင်တောင် ဘယ်လိုမှ ကိုယ်နဲ့ အတူတူ အိပ်မက်တခုထဲ ကိုဝင်မမက်နိုင်ဘူးလေ။ ဘယ်လောက်ပဲ အရမ်းချစ်ပါတယ် ပြောပြောလေနော်။ တကုတင်တည်း အိပ် ပြီး တအိပ်မက်ထဲမက်တယ် ဆိုတာ စာအုပ်ထဲမှာပဲရှိတာ ကိုးနော်။

မင်းကိုဘယ်လောက်ပဲချစ်ချစ် အလွန်ဆုံး ကိုယ်ပေးနိုင်တာက မျက်အုံးလှလှလေး ဝယ်ပေးရုံပါပဲလေနော်။ ကိုယ့်မျက်လုံးပေါ်က လနဲ့ ကြယ်တွေ ကို မပေးနိုင်ဘူးလေနော်။
ဒါပေမယ့် ကိုယ်မင်းကိုချစ်ပါတယ်လေ။ ဒါမှမဟုတ် အနည်းဆုံးချစ်ခဲ့ပါတယ်ပေါ့…

အန်တီချမ်း
၈နာရီ ၀၉ မိနစ်
၂၂ရက် ဂျူလိုင်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်

Saturday, July 25, 2009

coffee table booklet

တခါတင်ဖူးတဲ့ သူငယ်ချင်းရဲ့ ကော်ဖီစားပွဲစာအုပ် အတွက်ပါပဲ
သူက တီအရင်တခါက ရေးပေးတဲ့ ဧရာဝတီ အပြင် ကို ထပ်ရေးစေချင်တယ်ဆိုတာနဲ့ ဒီပုံလေးတွေ ထပ်ပေးလာတယ် အဲ့တော့ တီလဲကြံရာမရ ရရာကြံပြီးရေးပေးထားတယ် ဝေဖန်ကြပါအုံး ထုံးစံအတိုင်း အီးလိုပဲပေါ့


Bagan

Come once for…
Rich culture
Lovely Traditions
Asian architecture
Amazing hospitality
Fantastic food
Breathtaking nature
More than 40,000 Pagodas and Stupas
And you will never forget

There is a saying;
You close your eyes in the land of Bagan
And turn yourself around
Point wherever and walk straight in your
Finger-pointed direction
Then you will end up at Pagodas


Thynngyan (water festival)

I am happy
Soaked and drenched
Washing away all my worries,
Stress, bad luck, from last year
With the friendly water and
Now…
I am ready
To start as “new”


Ready

Dressed up
Wearing Flowers
Make up on
Ready to perform
One question;
“Don't you think I am beautiful?”

A Chen
10:47 am
16th July 2009
Watergate Mirriot Hotel
Bangkok

Thursday, July 23, 2009

ချစ်ရတဲ့ ကလေးလေးရေ


Jimmy ဆီကနေ ပုံကိုယူပါတယ်ကွယ်
ချစ်ရတဲ့ ကလေးလေးရေ

တချိန်က တို့လဲမင်းလိုပဲ ခေါင်းကိုမော့ပြီး သစ်ပင်ပေါ်က သန့်ရှင်းလတ်ဆတ်တဲ့အရွက် စိမ်းစိမ်းလေးတွေကိုကြည့်ရုံ မိုးပေါ်က ပြေးဖြတ်သွားတဲ့ တိမ်ထု ဖြူဖြူလေးတွေကိုမြင်ရုံနဲ့ ပျော်ရွှင်ခြင်းကိုခံစားလို့ရခဲ့ဖူးတာပေါ့။

တချိန်တုံးက တို့လဲ သစ်ပင်အောက်မှာတိတ်တိတ်ကလေး ရပ်ပြီး လေကဆော့ကစားလို့ သစ်ရွက်လေးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံ ကိုနားထောင်ရင်း၊ ငှက်ကလေးတွေ ကျီကျီတျာတျာနဲ့ သီချင်းဆိုတာ ကိုနားထောင်ရင်း ကျေနပ်တတ်ခဲ့ဖူးတယ်။

မနေ့က ပန်းခြံထဲမှာ တို့ မင်းကိုအတုယူပြီး ငှက်ကလေးတွေသီချင်းဆိုတာ၊ လေတိုက်လို့ သစ်ရွက်မြည်တာ၊ သစ်ရွက်ကလေးတွေကခုန်တာ၊ တိမ်ဆုတ်ကလေးတွေဖြတ်ပြေးတာ စောင့်ကြည့်မိပါတယ်။ ဒါပေမယ့် မင်းအရွယ်တုံးက တို့ခံစားခဲ့ရဖူးတဲ့ ခံစားချက်မျိုးတွေ ကိုပြန်မရတော့ပဲ ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ပျက်စရာကောင်းခြင်း၊ ထွက်ပေါက်မဲ့ခြင်း စတဲ့ ခံစားချက်မျိုးကိုပဲရတော့တယ်လေ။

တို့လဲ မွန်းကျပ်သလိုခံစားလာရတာနဲ့ ပန်းခြံထဲကထွက်ပြီး အနားမှာရှိတဲ့ အဆင့်မြင့် စားသောက်ဆိုင်တခုထဲဝင်ပြီး ဈေးကြီးပေ့ ဆိုတဲ့ အစားအသောက်တွေမှာစားတယ်လေ။ ဝိုင်တောင် သောက်လိုက်သေး။ နောက်တော့ တို့ စိတ်မရှည်မှုတွေနဲ့ ဆိုင်ကို ခရုဆီဆောစ့် က မလတ်ဘူး၊ အမဲသား ကင်က တို့လိုချင်တဲ့ အတိုင်းအတာ နဲ့မဟုတ်ဘူး ကျက်လွန်းနေတယ်ဆိုပြီးတော့ ကွန်ပလိမ်းတက်တယ်။ အမှန်တော့ တို့ က ဆိုင်အပေါ်မှာ “စားသုံးသူရဲ့ကအမြဲမှန်တယ်ဆိုတဲ့ အခွင့်အရေး” ကိုအပြည့်အဝယူပြီး တို့ရဲ့ မကျေနပ် ချက်တွေ ကိုဖောက်ထုတ်နေတာပါ။ တို့ရဲ့ မွန်းကျပ်နေတဲ့ အတွေးတွေ စိတ်ညစ်ညူးမှုတွေ အတွက်ထွက်ပေါက်ရှာကြည့်တာပါ။

တို့ စိတ်အရမ်းညစ်နေတာ ထွက်ပေါက်မဲ့သလိုခံစားနေရတာ တော်တော်ကြာပါပြီ။ တို့ဘာလို့များ ဒီလိုကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားရတာလဲ?

တို့ မင်း ကိုမနာလိုဘူးသိလား ကလေးရေ။
တို့ရဲ့ ဆုံးရှူံးသွားတဲ့ အပြစ်ကင်းစင်မှု လွတ်လပ်မှုတွေအတွက်ပေါ့…

ဦးဦးအောင်မျိုး
ဒေသဆိုင်ရာ ညှိုနိုင်းရေးအရာရှိ


A Chen
2:04 pm
23rd July 2009
Office
Bkk

Wednesday, July 22, 2009

22 nd july 2009

Happy Birthday to you
Happy Birthday to you
Happy Birthday to you
Happy Birthday to you........................
i will always remember
simple but the most passionate
emotional
intimate from the bottom of my heart
with love
:D
A Chen
12:57 am
16th July 2009
home
bkk

Friday, July 17, 2009

ချစ်စရာကောင်းသူလေး ဒုတိယပိုင်း


sein: နာ့ သူ့ ကို ဂျီတော့မှာပြောတာလဲ ပိုစ့်ဖြစ်သွားတယ်
ဂယ်ပဲကွယ်


16 minutes

7:02 PM sein: အေးနော်
ရတယ်
လာမပြောနဲ့ 
သေရင်
မထနဲ့ 
သိလား
နေပေါ့
သိလား
ဒါကိုလဲ တင်လိုက်အုံး
သိလား
me: ဟင်
ကောင်နေတာလေ
ဘာလဲ ခုဟာက ချော့တာလာူး
sein: အမ်
7:03 PM သူများ ရေးတာကို ပိုစ့်လုပ်တယ်နော်
ဟွံင့်
me: ဘာမှမပြောထားဘူးလေ
လုပ်မှာပဲ
ကောက်နေတာ ကို
ပစ်ထားပြီးတော့
ဒီက လွမ်းနေတာ
sein: ဘယ်ကောက်လား
ညာကောက်လား
အဟိ


10 minutes

7:14 PM sein: ချမ်း
မေးပို့ ထားတယ်နော်
7:15 PM me: ရပါ့
ခဏနော် ဟင်းချက်နေတယ်
ပြီးတော့ ခရီး သွားမြှ မို့လို့ ညကျ
အဲ့တာ ရှုပ်နေတာ
7:16 PM sein: အင်းအင်း
လုပ်ပါ
me: အင်း နားလည်မှု ရှိတဲံ ချစ်သူလေး ခိခိ
sein: အဲဒါလဲတင်လေ
ပိုစ့်မှာ
7:17 PM me: အံမလေး တင်မှာ မပူနဲ့ တင်မှာ
sein: ဘုရားဘုရား


18 minutes

7:36 PM me: {if;usufjyD pm;rvm;
ဟင်းကျက် ပြီ စားမလား
7:39 PM ဟိတ် တွေ့လားမပြောပြန်ဘူး
လူကို
sein: ဆောဒီး
me: လုပ်ချင်သလို လာလုပ်နေရအောင်
sein: စားနေလို့ 
me: မစားတော့ဘူးပေါ့ ကိုယ်ချက်တာ ကို
7:40 PM ဒါပေမယ့် စိန်မကြိုက်ပါဘူး ဟင်း က
sein: စားပါတယ်
me: ဘဲဥ ချဉ်ရည်ဟင်း
sein: ဘာဟင်းချက်လဲမပြောပဲနဲ့ ကို
း(
စားဖူး
7:42 PM me: ကဲပါအချစ်ရယ် နောက်တခါကျရင် အချစ်ကြိုက်တာ ချက်ကျွေးပါ့မယ် ကွယ်
sein:း)
7:43 PM me: တင်လိုက်မယ်နော်
နောက်ဆက်တွဲဆိုပြီး တော့
sein: စိတ်ချမ်းသာသလိုပါ
မပြောတော့ဘူး
တကယ်
လူတစ်ယောက်ပြောဖူးတယ်
ကိုယ့်ကြောင့်
me: ဟင်ဘာလဲ စိတ်ဆိုးတာလား
sein: သူတပါးစိတ်ချမ်းသာရင်
me: ကိုယ့်ကို ခွင့်သာလွှတ်ထားလိုက်ပါတော့ တဲ့လား
sein: ကုသိုလ်ရတယ်တဲ့လေ
ချမ်းစိတ်ချမ်းသာတော့
me: ကိုယ်က နဲနဲ မဟုတ်ပါဘူး များများ ရူးနေတာလေ
7:44 PM အင်း
sein: အပျော်ကူးရတာပေါ့
ဒါကြောင့်လဲ
me: ခုလဲ သွားစားတော့မယ်
sein: ချမ်းကိုမပြောတာပါ
ချမ်းတင်ပီးတာနဲ့ 
သွားဖတ်တဲ့သူက
me: ပြီးရင် ကားဂိတ်ဆင်းတော့မှာ
sein: ဖိုးစိန်က ပထမဆုံးပါ
me: အံမယ်
sein: မန့် မလို့ လေ
me: အပိုတွေ
sein: အော်
တကယ်
me: လူညာကြီါ်ပါနော်
အခုတင်မယ်
sein: ထားလိုက်ပါတော့
me: လာမန့်ချည်
sein: အင်း
လာမန့် မယ်လေ
7:45 PM me: နေမကောင်းသေးဘူးလား
ဆန်ပြုတ်စားနေတယ်ဆိုတော့
sein: ကောင်းသေးဘူးလေ
me: အင်
sein: ဆန်ပြုတ်ကတော့
me: စိတ်ပူရမှာလား
sein: စားနေကျဖြစ်တော့လဲ
မပူနဲ့ 
me: ဘာဖြစ်တာလဲ
sein: သေရင်ငိုဖို့ မျက်ရည်ချန်ထားလေ
me: အံမလေး မငိုပါဘူး
sein: သိပါတော့
me: ငိုမယ့် ချစ်ျွှေဲါဇူဗျွှါ၇ျီဗနျွှြာ့
sein: အသုဘပို့လာပီး
တခွီခွီးနဲ့ ကလိထိုးမယ့်ရုပ်
7:46 PM me: ချစ်တွေ ဖြူတွေ ရှတယ်လေ ငိုလိမ့်မယ် သူတို့
ကဲကဲ ဒါပဲ
sein: ချမ်းက ဖဲဝိုင်းထောင်ပေါ့
me: အင်းထောင်မယ်
7:47 PM တော်ပြီနော်
တာ့တာ
သတိရနေ
sein: အသ်ဒ
ဟုတ်ကဲ့
me: ပြီးရော ဒါပဲ
sein: ဟုတ်ကဲ့ပါ

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

TREAT Asia Report
July 2009

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

ကုထုံးကျရှူံးခြင်းမှာ ဆေးသောက်ချိန်မှန်ကန်တိကျမှုနှင့် ဆေးမတိုးတော့ခြင်းများက
အဓိက ကျသော အခန်းကဏ္ဍမှပါဝင်နေခြင်း

ဂျူလိုင် ၂၀၀၉- အာရှမှာ ရှိတဲ့ လူနာတော်တော်များများ ရဲ့ ကုထုံးကျရှူံးမှုနဲ့ တွေ့ကြုံ နေရ ခြင်း အရေအတွက်တွေ တဖြည်းဖြည်းနဲ့ ပိုမိုများပြားလာနေပါတယ်။ ကုထုံးကျရှူံးမှု ဆိုတာ ခန္ဓာ ကိုယ်အတွင်း အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ တိုးပွားနှူန်းကို အေအာဗီ ခေါ်တဲ့ ပိုးတားဆေး တွေက ထိထိရောက်ရောက်မတားဆီးနိုင်တော့ခြင်းကိုခေါ်တာပါ။ ကုထုံးကျရှူံးခြင်းဟာ လူနာရဲ့ ဆေးကို အချိန်မှန်မှန်ကန်ကန်နဲ့ သောက်သုံးရမယ့်အတိုင်းအတာ၊ ပမာဏ၊ ဆေး အမျိုးအစား အတိုင်းတိတိကျကျ လိုက်နာသောက်သုံးခြင်း (ဆေးသောက်မှန်ခြင်း) နဲ့
သောက်သုံးနေတဲ့ဆေးအမျိုးအစားရဲ့ အာနိသင်ရှိခြင်းမရှိတော့ခြင်း၊ ဆေးတိုးခြင်း မတိုးတော့ခြင်း (ဆေးမတိုးတော့ခြင်း) နဲ့ တိုက်ရိုက် ဆက်စပ်နေပါ တယ်။

ဆေးမတိုးတော့ခြင်းကိုယ်တိုင်ကိုက ရှုပ်ထွေးတဲ့ဖြစ်စဉ်တခုပါပဲ။ အိတ်ခ်ျအိုင်ဗီ ပိုးတွေဟာ တဖြည်းဖြည်းနဲ့ ဆေးတွေ ရဲ့ အလုပ်လုပ်ပုံကို နားလည် ယဉ်ပါး လာပြီးတော့ ဆေးတွေက အာနိသင်အရ သူတို့ ကိုမျိုးပွားတဲ့ တားဆီးခြင်းကနေ ဘယ်လို ရှောင်ကြဉ်ရမလဲဆိုတာ သဘောပေါက်လာကာ ဆက်လက်မျိုးပွားလာ ကြခြင်း ကိုခေါ်ပါ တယ်။ ဒီနည်းနဲ့ ရောဂါပိုးတွေ ဟာ မျိုးဗီဇ အရ ပိုမိုထက်မြက်တဲ့ ရောဂါပိုးတွေ ကို မျိုးပွား ထုတ်ယူပြီးတော့ လက်ရှိသောက်သုံးနေတဲ့ ဆေး အာနိသင်မရှိတော့ခြင်း (တနည်း) ဆေး မတိုးတော့ခြင်း ဆိုတဲ့ ဖြစ်စဉ်ကို လုပ်ယူပါတယ်။ အခုဆိုရင် စဉ်ဆက်မပြတ် သုတေသန ပြုမှု တွေ ကနေ ပြီး တော့ ဆေးသောက်မှန်မှုနဲ့ ဆေးတမျိုးခြင်းဆီရဲ့အာနိသင်ပျောက်ဆုံး မှု (တနည်းဆေးမတိုးတော့ခြင်း) အကြားက ဆက်စက်မှုတွေ ကို သိလာရပါပြီ။

အေအာဗီဆေးတွေ ကို သူတို့ ရဲ့ အာနိသင် အလိုက်အုပ်စု များခွဲခြားနိုင်ပါတယ်။ တနည်းအားဖြင့် အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ မျိုးပွားခြင်း အပေါ် သူတို့ ရဲ့ တားဆီးနိုင်စွမ်းနဲ့ ခွဲခြားတာပါ။ အေအာဗီဆေးတွေမှာ ဆေးမတိုးတော့ခြင်းနဲ့ ဆိုင်တဲ့ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ တွေလဲရှိပါသေးတယ်။ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ ဆေးမတိုးတော့မယ့် အဆင့်ကိုရောက်ဖို့ မျိုးဗီဇပြောင်းလဲခြင်း ဘယ်နှကြိမ် လုပ်ဖို့ လိုလဲ ဆိုတာ ကိုတိုင်းတာတဲ့ အရာပါ။ အဆင့်မြင့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ မျိုးပွားခြင်းကို ထိန်းချုပ်ခံရခြင်းကလွတ်အောင် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အဆင့် များစွာ လုပ်ဖို့လိုတယ် လို့ ပြောချင်တာပါ၊ နောက်တမျိုး အဆင့်နိမ့် မျိုးဗီဇဆိုင်ရာ အခက်အခဲဆိုတာက ပိုးတွေအနေနဲ့ ဆက်လက်မျိုးပွား နိုင်ဖို့ အတွက် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အကြိမ်နည်းနည်းပဲ လုပ်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဥပမာအားဖြင့်-ရီတိုနားဗီးယား နဲ့ ထပ်တိုးအားဖြည့်ထားတဲ့ လိုပီနားဗီယား (ကယ်လီထရာ သို့ အလူဗီယာ) ဟာဆိုလို့ရှိရင် အင်မတန်အာနိသင်ရှိတဲ့အတွက် သူ့မှာ အဆင့်မြင့်မျိုးဗီဇဆိုင်ရာ အခက်အခဲ ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက် ဒီဆေးကို ဆေးမတိုးတော့မယ့် အဆင့်ကို ရောက်ဖို့ အတွက် ပိုးတွေအနေနဲ့ အနည်းဆုံး အဆင့်၆ ဆင့်လောက်မျိုးဗီဇ အသွင်ပြောင်းရမှာဖြစ်ပါတယ်။ အဲ့တာမှသာဆေးမတိုးတော့တဲ့ အဆင့်ကိုရောက်ပြီး ပိုးတွေဆက်လက်မျိုးပွားနိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ နီပါရာပင်းကတော့ အာနိသင်တော့ရှိပါရဲ့ အဆင့်နိမ့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲပဲ ရှိတဲ့အတွက် ပိုးတွေအနေနဲ့ အဆင့်တဆင့်သာ မျိုးဗီဇကွဲ အသွင်ပြောင်း လိုက်ရုံနဲ့ ဆေးရဲ့အလုပ်လုပ်ခြင်း (တနည်း) ဆေးရဲ့ အာနိသင်ကိုရပ်ပစ်နိုင်ပါတယ်။ အဲ့တာကြောင့် ဆေးသောက်မှန်ကန်မှု ကောင်းကောင်းနဲ့ စနစ်ကျကျရှိဖို့ (ဥပမာ-သောက်ရမယ့် ဆေးပမာဏ ရဲ့ အနည်းဆုံး ၉၅% ရဲ့အထက် တိကျသေချာ ဆေးသောက် မှန်ကန်မှု ရှိရပါမယ်။ ပိုရှင်းအောင်ပြောရရင် တလ မှ ဆေးအကြိမ် ၆၀ သောက်ရမယ် ဆိုရင် ၃ ကြိမ်ထက် ပိုပြီးဆေးလွတ်လို့မဖြစ်ပါဘူး) ဟာ ဆေးမတိုးတော့ခြင်း ကိုကာကွယ် ဖို့အတွက် လိုအပ်ပါတယ်။

အေအာဗီဆေးသောက်ကြိမ်လွတ်သွားခြင်း ဒါမှမဟုတ် ၃ မျိုးသောက်ရမယ့် ဆေးမှာ ၁ မျိုး သို့မဟုတ် ၂ မျိုးသာသောက်မိခြင်း စတာတွေဟာ ခန္ဓာကိုယ်တွင်း ဆေးအာနိသင် မညီမျှမှု ကိုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအချိန်မှာ အိတ်ခ်ျအိုင်ဗီ ပိုးတွေ ဟာ အဲ့တာ ကိုအခွင့်ကောင်းယူ ပြီးတော့ ပိုးပွားခြင်းနဲ့ မျိုးဗီဇကွဲ အသွင်ပွားခြင်းတွေကို လုပ်ပါတယ်။ တကယ်လို့ အဲ့လို ဆေးလွတ်တဲ့၊ ဆေးမသောက်မိတဲ့ အကြိမ်များလာလေလေ ဆေးတွေအနေနဲ့ ယဉ်ပါးမှု ပြဿနာ ပိုကြီးလာလေလေပါပဲ။အဲ့ဒီအတွက်ကြောင့် နောင်တချိန်မှာပြန်ပြီး ဆေးသောက် မှန်လာရင်တောင် ဆေးမတိုးတော့မယ် ပြဿနာက ရှိမြဲရှိနေမှာဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အေအာဗီဆေးရဲ့ ယေဘုယျ ပန်းတိုင်ဟာ စပ်တွဲဆေးအတွဲတတွဲနဲ့ အိတ်ခ်ျပိုင်ဗီ ပိုးတွေကိုမျိုးပွား၊တိုးပွားခြင်းကနေ တတ်နိုင်သမျှ အချိန်ကြာကြာ ကာကွယ် တားဆီး ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးသောက်မှန်ခြင်း (သောက်ရမယ့် ဆေးမာဏ နဲ့ ဆေးသောက်သုံးမှု အချိန်မှန်ခြင်း ၊တိကျခြင်း) နဲ့ ဆေးတခုခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ (ဥပမာအားဖြင့် အန်အာတီအိုင်၊ အေအာဗီဆေး ရဲ့ ပထမဆုံးအုပ်စု ဟာဆိုလို့ ရှိရင် တခြား ဒုတိယ၊ တတိယ ဆေးအုပ်စုတွေထက် ပိုးကိုဆေးမတိုးနိုင်တော့ခြင်းမှာ ပိုနိုင်ပါတယ်။ ဆိုလိုတာကတော့ လွယ်လွယ်နဲ့ဆေးမတိုးတော့မယ့် အာနိသင်မရှိတော့မယ့် ဆေးအုပ်စု ကို ဆေးတမျိုးခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ လို့ ခေါ်ပါတယ်) စတဲ့အချက်တွေဟာလဲ ကုထုံးကျရှူံးမှု ဘယ်အချိန် မှာ ဖြစ်မယ် ဒါမှမဟုတ် ဖြစ်မယ်မဖြစ်ဘူးစတာ တွေကို လွှမ်းမိုးနိုင်ပါတယ်။

နေ့လည် ၂း ၄၈ နာရီ
၁၆ ရက် ဂျူလိုင်လ ၂၀၀၉ ခုနှစ်
အောင်မျိုး
ဘာသာပြန်သည်။

Monday, July 13, 2009

ချစ်စရာကောင်းသူလေးရယ် ချမ်းစိတ်ထဲမှာ စွဲလမ်းတယ်

ဘယ်သူနဲ့ ရန်ဖြစ်နေပြန်ပီးတုံးဒ
အဲ
စိတ်ချမ်းသာအောင်နေပါ
သတိရပါတယ်
နက်မကောင်းပေမယ့်
ဟိုကောင်လေးလို မအိပ်နိုင်တာကလွဲလို့ ပေါ့
ဟုတ်ဖူးလားးး
း)
အင်းပါ
နေပါ
ပြောနဲ့ 
နေနော်
ပြောနဲ့ နော်
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
အလုပ်သွားပီး
း)
အင်းနော်
ရပါတယ်
လစ်ပီး

Sunday, July 12, 2009

နှင်းဆီဖြူအတွက် ကဗျာတပုဒ်

နှင်းဆီဖြူအတွက် ကဗျာတပုဒ်
(မှတ်ချက်
တူမတော်အိမ်အလည်တခေါက်အရောက်မှာ
သူ့ရဲ့ ပိုစ့်တွေ ကြောင့်ရေးဖြစ်တာပါ
ကိုကိုကာကာရဲ့ နှင်းဆီဖြူမဟုတ်ပါ)

တူမတော်
ပေါ်မလာပျောက်ချက်သားကောင်း
ဒွေးတော်မှာ စိတ်တွေပူ
အိုကေရဲ့လား

ဖုန်းမကိုင်
ရောက်တာတောင်နှုတ်မဆက်
ရတက်ပွေကာ အသည်းကျွမ်းနေလို့
လွမ်းတယ်တဲ့လား

မင်းမောင်မောင်
ဘယ်နှယ့်ကယ်နေသေးလဲ
အဆင်ပြေ ဘဝင်ရွှင်စေကြောင်းရယ်နဲ့
ဆုသူတောင်းသလား

ချစ်တာတွေ
သစ္စာအပူတွေရင်ဟပ်
ငါ့တူမ မရွှင်ကာ အသည်းကျွမ်းတယ်
လွမ်းစရာ မကောင်းလား

ချစ်တီချမ်း
၁၂ ရက် ၇ လ ၂၀၀၉ ခုနှစ်
နေ့လယ် ၁ နာရီ ၃၄ မိနစ်
နေအိမ်
ဘန်ကောက်

Saturday, July 11, 2009

Kiss



Kiss

A gently sweet, cravingly touch
Make for you and me
Meant for what shall be
Shall the world ends
Shall me life doom
I shall never care
All I want from you is just one
Kiss
Sweet
Gentle
Craving
Tender
Fantastic
Kiss

A Chen
6:08 pm
11th July 2009
Home
Bangkok


Unexpected



Unexpected

Unexpectedly…..met
Unexpectedly…..young
Unexpectedly…..sweet
Unexpectedly…..liked
Unexpectedly…..brought him back to the Hotel
Unexpectedly…..kissed
Unexpectedly…..make love (There! I said it, it was making love and I meant it….it was not just some fuck)
Unexpectedly…..had to leave
Unexpectedly…..still thinking about him

It’s been xxx days
Unexpectedly…..still thinking about him

And now finally today
Unexpectedly…..he called

I wish…I am not…..
Unexpectedly…..fall in love………..

Well at the end of the day
The bottom line is
Everything is “UNEXPECTED”
Full stop

A Chen
1:06 am
11th July 2009
Home
Bangkok


Saturday, July 4, 2009

လေးနဲ့မြား မဟုတ်တဲ့ မင်း နဲ့ ငါ

လေးနဲ့မြား မဟုတ်တဲ့ မင်း နဲ့ ငါ

သင်၏လွတ်လပ်မှုသည်
ငါ၏လွတ်လပ်မှုလည်း ဖြစ်ပေ၏ဟု
မြားကိုမပစ်မီ လေးညှို့ကဆို၏။

ဂျူး (တိမ်နဲ့ချည်တဲ့ကြိုး)

အဲ့လိုပါပဲ
လမ်းခွဲကြတာဟာ တို့နှစ်ယောက်လုံး
အတွက် ကောင်းဖို့ပါလို့
မင်းက ကိုယ့်ကိုချန်ထားခဲ့ခါနီးတုံးက
နောက်ဆုံးပြောခဲ့တယ်လေ…

ချမ်း (ဟိုတစ်စ ဒီတစ်စချစ်ခြင်းတွေ)

A Chen
1:36 am
21st June 2009
Home
Bangkok

Friday, July 3, 2009

Innocent encounter


Innocent encounter

Smile……
A shining smile
Light
Spark through my sight
He smiles

Blind….
My heart goes blind
In a blink of an eye
I blind
By his shining
Smile

Walk….
I walk across the room
Make my way to say
Hi…….!
Then I pop the questions….
Why oh why…

Are you…..?
Would you like to…?
Do you…….?
How about…………..?
Ok!
See you then.

Kiss…
Such a sweet kiss
We shall never release
I will never switch
With whatever it is
Hell on earth
I shall not miss
Other then your sweet lips
Is my only wish
So…………..
What do you say?
Would you be my
One and only wish
For a long, long list….

A Chen
4:21 am
21st June 2009
Home
Bangkok
(Wrote while Yogie sleeping by my side
so innocent, cute, lovely, charming)

Thursday, July 2, 2009

ခြင်္သေ့ကြီး ရဲ့ အားမာန်

ခြင်္သေ့ကြီး ရဲ့ အားမာန်

စိတ်ဓါတ်က မိုးထိအောင်
မြင့်မြတ်စွာသူရှေ့ဆောင်
ရင်ထဲက မြတ်နိုးတဲ့
ငါ့သူရဲကောင်း

လူတွေကို သူဦးဆောင်
ပြတဲ့လမ်းကြောင်း
နေ့နဲ့ည မအားအောင်
သူ့မှာ အရေးအကြောင်း

လုပ်နေတာဘယ်သူ့အတွက်လဲ
ပေါ့စတစ်တွေကောင်းစားဖို့အရေး
ရှေ့ဆောင်ကာ သူဦးပြ
နည်းမှန်လမ်းကြောင်း

ကိုယ်ကျိုးကိုသူလေစွန့်
နေပူပူမိုးကျကျ
တိုက်ခိုက်နေ လူ့အခွင့်အရေး
ဆေးမှန်မှန်ပေး

အော်နေတယ်သူကိုယ်စား
အားလုံးအတွက် ကိုယ်ကျိုးမဖက်
သေရွာကထလာတယ်
အဲ့တာ မီးငှက်

ရင်အုပ်ကိုသူ့ဖြန့်ကျက်
အားလုံးကိုကာကွယ်
ရင်ဝယ်သားစိတ်သူထား
စောင့်ရှောက်ရှာတယ်

လေးစားစဖွယ်စိတ်ဓါတ်
ခပ်ပြုံးပြုံးသူ့မျက်နှာ နဲ့
“ဒေါသလျော့ပါ ညီငယ်”လို့
အစဉ်အမြဲ ငါ့ကိုလေ
ဆုံးမရှာတယ်

မှတ်ယူမယ် ငါ့ရဲ့စံပြ
နည်းလမ်းကျအတုယူစရာ
ရိုးမော်ဒယ် ကိုခြင်္သေ့
မီးငှက်လို အသွင်ထူးနဲ့
သေရွာပြန် စင်စစ်လူသား
နိုက်တင်ဂေးလ်စိတ်ဓါတ်နဲ့
ယောက်ျားပုံအသွင်ပြောင်းလို့
လူ့လောကထဲ သူပြန်လာ
မာသာထရီဆာ

တို့တွေအကျိုးသူရွက်ပိုး
အိမ်တွေဆောက်
အလုပ်တွေပေး
နာမည်ကောင်းသူမခံ
ဖခင်အမှန်
လေးစားတယ် တို့အားလုံး
တောင်းဆုချွေနေ့စဉ်တိုင်
ကျန်းမာလို့သက်ရှည်စေကြောင်း
ရင်ထဲက တို့အားလုံးရဲ့
အဖေလို “သူရဲကောင်း”

Remembrance for his 44th Birthday
From the deepest bottom of my heart
I dedicated this poem to my “role model”
For all the effort he makes for all of us
For me, for us, he is “a living inspiration” .

A Chen
2nd July 2009
12:45 am
Home
Bangkok