ရာသီပျက်အလွမ်း
မင်းမင်း:
ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်
ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ
ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
1 day ago
ချစ်တီရေ ပုံမှန်မဟုတ်တဲ့ သဘာဝနဲ့ မတည်မြဲတဲ့ လူတွေရဲ့ စိတ်ဓါတ်ဟာ တီပြောတဲ့ သင်္ခါရပါပဲ။
ReplyDeleteချစ်တူမ မိရောင်