Tuesday, July 28, 2009

ရာသီပျက်အလွမ်း (မိုး BS's Solo Version)

ရာသီပျက်အလွမ်း

မိဘုတ်:

မိုးစက်တွေလေအဝေ့မှာ
ကသောင်းကနင်းလွင့်နေကြသလို
ငါ့ရဲ့ ရှေ့ရေးတွေ
အကင်းမသေသေးတဲ့
ျစ်ခြင်းတရားအဝေ့မှာ
ဗရုတ်သုတ်ခ လွင့်ကျလို့ . . .
အိပ်မက်ရဲ့အရောင်ကို
ဓာတ်ပုံရိုက်ယူဖို့
ငါ စိတ်ကူးမိတယ်
အဲဒီမနက်က
နင်နဲ့ငါ
အိပ်မက်ရောင်မှိုင်းမှိုင်းမှာ
စကားတွေ ဖောင်ဖွဲ့နေခဲ့ပေါ့ . . .
မမျှော်လင့်ဘူး
မိုးစက်တွေ လွင့်နေပါစေ . . .
အနာဂတ်တွေ ပဲ့ကျနေပစေ . . .
ချစ်ခြင်းတရားအလယ်မှာ
ထိန်ထိန်ညီးလောင်ကျွမ်းလို့ငါ . . .
နေပျော်နေပါတယ်။

No comments:

Post a Comment