ရာသီပျက်အလွမ်း (နွေ BS's solo version)
မိဘုတ်:
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကို
ချိုချဉ်လိုမြိုခဲ့သူလေ
ပူလောင်ဖို့လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့
ဒွေးရောယှက်တင်
လွင့်လို့ . . .
ချစ်တယ် နွေရယ်။
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
1 day ago
ဟုတ်တယ်တီ ဘ၀က ကျိန်စာမိတဲ့ ဥသြတစ်ကောင်လိုပါပဲ။
ReplyDeleteချစ်တူမ မိရောင်
မိဘုတ်: မိချမ်း
ReplyDeleteမချစ်တတ်တဲ့ ချစ်တတ်လွန်းတဲ့
လေပြည်တွေတောင် မုန်တိုင်းတွေတောင်
ချာချာလည်ရူးသွပ်လို့ . . . တည်ငြိမ်စွာ တရားမှတ်လို့
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း သူ့ရဲ့မုန်းခြင်းတွေလည်း
ရွက်နုတွေလို ရော်ရွက်တွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . . မြန်မြန်ကြွေပါတော့လေ…
ကျိန်စာမိခဲ့တဲ့ ဆုတောင်းပြည့်ခဲ့တဲ့
ဥသြတစ်ကောင်လို ကျီးကန်းတကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . . သူ့ဘဝက မီးဖိုထဲ (ဟစ်ဟစ်)
ကန္တာရကို ပင်လယ်ပြင်ကို
ချိုချဉ်လိုမြိုခဲ့သူလေ ဘီဟာလိုသောက်ခဲ့တဲ့ကိုယ်ပါ
ပူလောင်ဖို့လိုသေးလို့လား . . . ငံပြာရည်ဆိုတာပါးပါးလေး….
နင်နဲ့ငါရဲ့ ငါနဲ့နင်ရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ ပီပြင်ပြင် ထိတွေ့မှုတွေ
ဖုန်တွေနဲ့ ဗွက်တွေနဲ့
ဒွေးရောယှက်တင် လွတ်လွတ်ကင်းကင်း
လွင့်လို့ . . . လူးလို့
ချစ်တယ် နွေရယ်။ မုန်းတယ် ဆောင်းရယ်……..
Posted by အန်တီချမ်းပါ Posted by
ဘွားဘွားကယ်…….
at 12:18 AM
1 comments
Labels: ကဗျာများ