Thursday, July 30, 2009

ရာသီပျက်အလွမ်း (နွေ Addy's solo version)

ရာသီပျက်အလွမ်း (နွေ solo version)

Addy:

ရေဗူးနဲ့ဖိနပ်မပါရင်
နွေခါမှသိတဲ့ခုတော့
ငါ့ဘဝကနင်မရှိမှ
ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့

ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?

အရင်တုံးက
ငါလမ်းထွက်ရင်
အရိပ်ပေးတဲ့ ထီးကလေးက
နင်ဖြစ်တယ်

နွေပူပူထဲမှာ
ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ

အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ

ခုများတော့
နင်မရှိတဲ့ ငါ့ဘဝ
ဘဝဆိုတာတောင်
ဆာဟာရဖြစ်လို့

ငါဆိုတာ
မလန်းဆန်းနိုင်တော့ဘူး
ချစ်သူ.....

1 comment:

  1. ချစ်တီရဲ့ အိုအေစစ်လေးနဲ့ အမြန်ပြန်ဆုံနိုင်ပါစေ

    ReplyDelete