Thursday, April 30, 2009

ကျွေးမယ်ပြောထားတဲ့ ရှမ်းအာလူးထမင်းချဉ်......း)

အရင်တနေ့ က အားလုံး ကိုကတိပေးထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်။
အထွေအထူးရေးချင်စိတ်လဲမရှိပါဘူးလေ.....(စိတ်မချမ်းသာပါ လောလောဆယ်..း(..........)
အဲတော့ မြန်မြန်ပဲ ပြောပြမယ် ဘယ်လိုချက်ရလဲ ဆိုတာ................




ပထမ ဆုံး အာလူးတွေကို ကြိုတင်ပြုတ်ထားပါတယ် နောက် ကျက်မကျက်သိရအောင် တူလေးနဲ့ ထိုးထိုးပြီး စမ်းပါတယ်။ ရပြီဆိုရင်တော့ အအေးခံထားပြီး ခုပုံမှာပြထားသလို အခွံခွာပြီး ကြေနေအောင်ချေထားပါတယ်။




နောက်တော့ ခရမ်းချဉ်သီးလေးတွေ ကို ပထမ ရေနဲ့ အရင် ပြုတ်ပါတယ်။ နောက် အခွံလေးတွေ ခွာထားပါတယ် ပုံမှာပြထားတဲ့အတိုင်းပါ။ နောက်တော့ ဆီလေးနည်းနည်း ထည့်ပြီး ဆား အချိုမှုန့်၊ နနွင်းမှုန့် သင့်ရုံထည့် ဟင်းအနှစ်လေးတွေဖြစ်သွားအောင် ချက်ပေးပါတယ်။

ဒါကတော့ အာလူးထမင်းနဲ့ စားဖို့ ငရုတ်သီးကြော်ထားတာပါ။
ပြီးတော့ ကြက်သွန်နီ ကို ပါးပါးလှီး ပြီးတော့ ကြွတ်ကြွတ်လေးရအောင်ကြော်ယူပါတယ်။ နောက်ဆီပူအိုးကနေ ကြက်သွန်နီကြော်တွေ ကိုဆယ်ပြီးအအေးခံပါတယ်။ ဖြစ်နိုင်ရင်တော့ ကြက်သွန်နီ ကို တင်ကြို လှီးထားပြီး နေလှမ်းထားနိုင်ရင်ပိုကောင်းပါတယ်။ နောက်ကြက်သွန်ကြော်ဆီကို အာလူးထမင်းနဲ့ စမ်းစားဖို့နည်းနည်းချန်ထားပါတယ်။

နောက်တဆင့်ကတော့ အရေးကြီးတဲ့ ထမင်းနယ်အဆင့်ပဲဖြစ်ပါတယ်။ ခုန က ချက်ပြီးအအေးခံထားတဲ့ ထမင်း ရယ်၊ ပြုတ်ပြီးချေထားတဲ့ အာလူးရယ်၊ ချက်ထားတဲ့ ခရမ်းချဉ်သီးအနှစ်ရယ် စတာတွေကို ဇလုံကြီးကြီး တခုထဲမှာ ထည့် ပြီးတော့ ဆား နဲ့ အချိုမှုန့်သင့်ရုံထည့် ပြီး နယ်ဖတ်ရပါတယ် နယ်တဲ့နေရာမှာ တနေရာ ထဲကိုဦးတည်ပြီး လှည့်လှည့်နယ်ပေးရင် ပိုကောင်းပါတယ် အာလူး၊ ခရမ်းချဉ်အနှစ် နဲ့ ဆား၊ အချိုမှုန့် စတာတွေ ပိုပြီး သမ မျှတအောင်ပါ။ နယ်ရင်းနည်းနည်းမြည်းကြည့်ပြီး အရသာ ကို လိုတိုး ပိုလျော့ လုပ်ပါတယ်။
ရပြီဆိုရင်တော့ အလုံးလေးတွေ သင့်အောင်လုံးပြီးပြင်ထားရင် စားလို့ရပါပြီ။
အာလူးထမင်းနဲ့တူတူ စားဖို့အတွက် က ဂျူးမြစ်ရနိုင်ရင်အကောင်းဆုံးပါ မရရင် ဆလတ်ရွက်စတာတွေနဲ့ လဲ နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။ ခုလဲ တီ က အဲတာတွေ တခုမှအလွယ်မရနိုင်လို့ အလွယ်ရတဲ့ သခွားသီးလေးနဲ့ ပဲ ဖြစ်သလိုလွေးပါတယ်။ နောက်တီ ကြိုက်တတ်လို့ နံနံပင်နဲ့တွဲစားပါတယ်။ ပိုစားကောင်းအောင် ကြက်သားကြော်လေး ၀ယ်တွယ်ပြန်ပါတယ်။
အောက်မှာတော့ မစားခင် ဒီလိုပြင်ဆင်ထားပါတယ်


ကြက်သွန်ကြော်နဲ့ ငရုတ်သီးတောင့်ကြော်ပါ။

သခွားသီးနဲ့ နံနံပင်ပါ။



ကြက်ကြော်ပါ။



ကဲ အခုလိုဆိုတော့ စားသောက်ချင်စဖွယ် ပြင်ဆင်ထားတဲ့ ရှမ်းရိုးရာ အာလူးထမင်းချဉ်ပါ။ တချို့ကလဲ ကြိုက်တတ်ရင် ငါးနဲ့ချက်လို့ရပါတယ်။ တီကတော့ လူမျိုးဘာသာမရွေး အားလုံးစားလို့ ရအောင် သတ်သတ်လွတ်ပဲလုပ်ထားတယ်လေနော်။ ပြီးတော့ တီက ဒါပထမ ဆုံးအကြိမ်ချက်ကြည့်ခြင်းပါ။ အဆင်ပြေပြေစားလို့ဖြစ်တဲ့အပြင် တော်တော်လေးကို အရသာရှိတာတွေ့ရပါတယ်။ (တယ်တော်တဲ့ ငါပါလားနော်...ယောင်းမတော်ချင်တဲ့ မောင်ရှိအစ်မတွေ၊ တူမတော်ချင်တဲ့ တူရှိအဒေါ်တွေ၊ မရီးတော်ချင်တဲ့ အကိုရှိ ညီမတွေ၊သမီးချွေးမ တော်ချင်တဲ့ သားရှိအမေတွေ တိုးတိုးတိတ်တိတ် ဆက်သွယ်ကြနော် နံပါတ်စဉ်အလိုက်တွေ့ဆုံပေးမယ် အားလုံးကို...ခိခိ) နောက်တခု က ချက်တဲ့နေရာ မှာ တီ က တီ့အမေ ချက်ကျွေးတာ မြင်ဖူးနေကြအတိုင်း သတိရတာလေးတွေထည့် ဖြည့်ချက်ရတာပါ။ ကိုယ်တိုင်တောင်တခါ မှမလုပ်ဖူးဘူးလေ ဒါက ပထမ ဆုံး....း)။ ခုတော့..................အားလုံးကို စားစေချင်လို့ ကြိုးစားပမ်းစားချက်ထားပါတယ်။ စားသွားကြနော်။ နာမည်တွေ တပ်ပြီးမခေါ်တော့ဘူး တော်ကြာ ကျန်ခဲ့တဲ့သူတွေ က ဘယ်သူ့တော့ မခေါ်ဘူးပေါ့လေ.... ဘာလဲမကျွေးချင်ဘူးလား.......... စသဖြင့် စကားနာထိုး စကားများ စကားရှုပ်ရတာတွေကြောင့်ပါ။
ဖတ်မိတဲ့ သူတွေ အားလုံးကို စေတနာရှိရှိကျွေးတယ်လို့ပဲမှတ်ပါနော်။
ပိုစ့်ကို အခု သူငယ်ချင်းတွေ အားလုံးပြန်သွားမှရေးရလို့ စောင့်ပြီးစားချင်တဲ့သူတွေ ကိုလည်း တခါတည်းတောင်းပန်လိုက်တယ်နော်။
အားလုံးကိုချစ်တဲ့ တီချမ်း
A Chen
1:25 am
1st May 2009 (May day)
Home
Bkk

T Chen's thinking............

How you have been raised
How you grow up
Where you grew up
Is
Leads to what you gonna be...........

BTW, i am not philosopher just my thoughts

A Chen
12:55 am
30th April 2009
home
bkk

Wednesday, April 29, 2009

လူအမြင်ကပ်စေသောဆုနှင့်ပြည့်စုံခြင်း

ဒီပိုစ့်ကိုတော့ ချစ်တူမတော်မိရောင်ကတက်ဂ်ပါတယ် မိုးခါးလဲ တက်ဂ်ပါတယ်
တွေ့ချင်တဲ့သူ ၁၀ ယောက်တဲ့ ၁၀ ယောက်တော့မရှိပါဘူး မောင့် ကိုပဲတွေ့ချင်တယ်ပြောလိုက်ရင် တက်နေအုံးမယ် ခိခိ
အရင်ကလဲ မောင်ဂျဲတို့ နောက်ဘယ်သူတွေလဲမသိဘူး ရှိသေးတယ် တက်ဂ်ကြတာ
မှတ်တောင်မမှတ်မိတော့ဘူး ဟိဟိ ၀ါသနာပို့စ့်ကော ဘယ်လိုနိုးထသလဲဆိုလားဘာဆိုလား နောက်ဘာလဲမသိရှိသေးတယ်ထင်တာပဲ
အဲတာသာကြည့်တော့ မရေးဖြစ်တာပါ
စိတ်မဆိုးကြဘူးမျှော်လင့်ပါတယ် (အဲ့လူတွေကတော့ ပေါ်ကိုမလာကြတော့တာ ဟိ)

တက်ဂ် ပိုစ့်တွေကို လိုက်လိုက်ဖတ်တော့ လူတွေ အများစုရေးတာက
သူတို့တွေ့ချင်တဲ့သူတွေအများစုက ဘလောခ်သူငယ်ချင်းတွေပါ
တချို့ကျတော့လဲ စတက်ဂ်ကတည်းက ပြောထားပြီးသားပါ
ရေးဖော်ရေးဘက်တွေပဲဖြစ်ရမယ်တဲ့လေ.........း)

(နနခ ကတော့ အိန်ဂျယ်လ်လီနာ ဆိုပဲ ခိခိ
အဲတာ ဆို ကိုယ်က ပစ်ပ် ကိုတွေ့မယ်နော် ခိခိ။ တီချမ်း ကိုတွေ့ချင်တယ်ပြောထားတဲ့ သူတွေ ကလဲ မကြာခင်ကိုတွေ့ကြရတော့မှာပါ ဥပမာပေးရရင်...........မြောင်း နဲ့ညီ နောက်တပတ်ဆိုရင် ကိုတွေ့ကြရပြီ
မိရောင်နဲ့ ကြယ်လဲ ဇွန်ကျရင် မိုးစက်လေးတွေနဲ့ တူတူတွေ့မယ်နော်......ခိခိ ကဗျာဆန်ပြန်ပြီ။ တချို့တွေဆိုရင်လဲတွေ့ပြီးကြပါပြီ ဦးမွန်နဲ့ မီးဇာလေ............၀ါဝါတောင်အဆစ်ပါသေးနော် ခင်ပါတယ်သူတို့ကိုတော့)

တချို့တော်တော်များများက အတက်ဂ် ခံရလို့ရေးတာပေါ့နော်
ပြီးတော့ စိတ်ဝင်စားစရာကောင်းတာ တခုက
ရေးကြတဲ့အထဲမှာ အိမ်ကို အမြဲလာလာအားပေးတဲ့ အတွက်တွေ့ချင်တာ ဆိုတာ ပါပါတယ်
then it keeps me thinking..........း)
တကယ်ကိုအဲလိုပဲလား လာလာအားပေးလို့တွေ့ချင်တာလား? လာအားမပေးရင် မတွေ့ချင်တော့ ဘူးလား?
(ဒီလိုစာတွေ ရေးရင် ချစ်စိန် ဆိုတဲ့ အကောင်က မကြိုက်ဘူးဆိုတာ သိပါတယ် မကြိုက်ရင်လဲမမန့်နဲ့ပေါ့ ဖိုးစိန်ရယ် မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်းမန့်ရင်လဲ စိတ်မဆိုးပါဘူးနော်၊ အရင်တပိုစ့်ကိုလဲ လာမန့်တော့ မကြိုက်ဘူးလို့ ဘွင်းဘွင်းပဲပြောခဲ့ပါတယ်လေ ဟုတ်တယ်ဟုတ် အဲလိုပြောတာ စိတ်မဆိုးတတ်ပါဘူး မကြိုက်ဘူးလို့ပြောတာ ကို ကြိုက်ပါတယ် ခိ နားရှုပ်သွားလားမသိ)
လူတွေအများစုက တက်ဂ်ပိုစ့်လေးတွေ ကို ချစ်စရာကောင်းအောင်ရေးကြပါတယ်
အဲတော့ လူ့ကန့်လန့်ကျတော်က တက်ဂ်ပိုစ့် ကိုမုန်းစရာကောင်းအောင်ရေးမလားလို့
ဘယ်သူ့ကိုမှမတွေ့ချင်ပါဘူးလေ
လောက မှာ ကိုယ်လိုချင်သလိုသာဖြစ်လို့ကတော့ ကောင်းတာပေါ့
ဒါပေမယ့် တကယ့်တကယ်မှာတော့ လောက ကြီးကအဲလောက်သဘောမကောင်းပါဘူး
ပြီးတော့ ခုတလော ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်တော့ (သတိရရင် ၃ လ တခါ ၆ လ တခါ လုပ်လေ့ရှိပါတယ်....စာဖတ်သူလူကြီးမင်း လူမကြီးမင်း လဲ စိတ်ဝင်စားရင်လုပ်ကြည့်ပါ) ကိုယ်တော်တော်အစွန်းတဘက်ကိုရောက်နေပါပေါ့လားလို့ သတိထားမိတယ် (တယောက်ယောက်ကိုများတော်တော် အောပ်ဆက်စဒ် obsessed ဖြစ်နေသလားလို့ပါ ဟင်းဟင်း ရယ်ကြမယ် မျက်နှာတွေမဲ့နေပြီ....... ဟောဟော .........ဒီစာကြောင်းလဲတွေ့ရော အင် ငါ့စိတ်ထဲမှာ ဖြစ်နေတာ တီ သိနေပါလားလို့တွေးတယ်............ဟောဟော ပြီးတော့
ပြုံးလာပြီ ............
ပြုံးလာပြီ .................
ပြုံးလာပြီ ..............................
မျက်နှာက အော်....တတ်လဲတတ်နိုင်တဲ့လူတွေ.........ပြီးတော့
စဉ်းစားနေတယ် ...................
စဉ်းစားနေတယ် ................................
စဉ်းစားနေတယ် ...........................................
တီချမ်းတော်တော်ဆိုးလို့....ဘယ်သူလဲ လို့ လဲမေးစရာမလိုတော့ ပါဘူးနော်
အားလုံးလဲသိနေတော့လေ......း).........)
မဆီမဆိုင် ကမျူး ရဲ့ စည်းအပြင်ကလူကိုသတိရမိသေးတော့....း) ကိုယ့်ကိုကိုယ်ပြောချင်တာပါ အဲလိုအသေဆိုးနဲ့သေမယ်ထင်တယ် နော်..............း(...........
တကယ်ပါ တွေ့လဲ ရတယ် မတွေ့လဲ ရတယ်
မိသားစုတွေ ကိုတောင်မတွေ့ချင်လို့ အဝေးကိုပြေးလာတာပဲလေ
နောက်တခု က လူတွေ က စာထဲမှာ ခင်ရင် တမျိုး အပြင်မှာ တမျိုးမို့ပါ
တကယ်တွေ့တော့လဲ စိတ်ထဲမတွေ့တာတွေရှိတတ်ပါတယ်
အဲ့ခါကျ ကိုယ်က အားနားပြီး ဟန်ဆောင်မခေါ်နိုင်တော့ ခက်တယ်
စိတ်ထဲမတွေ့ရင် လဲ ကိုယ်က လုံးဝ မျက်နှာမှာကိုပေါ်နေတာလေ
ဘွင်းဘွင်းပဲ ဟန်ဆောင်လို့ကိုမရ........း(
တွေ့ချင်တဲ့သူတွေ လုံးဝ မရှိဘူးလားဆိုတော့ ရှိပါတယ်
မတွေ့ရရင်လဲ ဘာမှမဖြစ်ဘူးလို့ပြောချင်တာပါ
အဲလိုပြောရတာက လဲ လောကသဘာဝလေနော်
ကဲကဲ ..............တော်ပါပြီ လေနော်
ဒီလောက်ဆို ဖတ်တဲ့သူ တော်တော်အမြင်ကပ်နေလောက်ပြီ
ခိခိ
ဆက်ရေးရင် တွေ့တော့ အခုတ်ခံနေရမယ် မျက်နှာကို ခိခိ
လူတော်တော်များများက အကောင်းလေးတွေ ရေးတော့ ကိုယ်က ကန့်လန့်တိုက်ကြည့်တာပါ
နောက်ရသ တမျိုး ပေးတာပေါ့ ကြိုက်ချင်ကြိုက် မကြိုက်လဲနေ ရတယ် (ကြားလား ဖိုးစိန် လုံးဝမကြောက်ဘူး မင်းကို ဟဟဟ)
အကောင်း နဲ့ အဆိုး၊ ချစ်စရာ နဲ့ မုန်းစရာ၊ အပျော် နဲ့ ၀မ်းနည်း ဆိုတာ တွေကလဲ ဒွန်တွဲနေတာမှလား
အဲလိုပေါ့ ပြောကြတာက လောကသဘာဝ ၀ှတ်ဝှတ် ယို့.............ယို့...........၀ှတ်စ်အပ်
မင်းတို့လက်တွေလေထဲမှာ မြှောက်ထားလိုက်...............ဖြစ်နိုင်ရင်ခြေတွေလဲမြှောက်ကြည့်စေချင်တယ် ဘောင်းဘောင်းလေးတော့ ၀တ်ထားပေါ့နော်.....း)..........ကြည့်လို့တော့ လှမှာပါ လက်ကော ခြေကောမြှောက်ထားရင် ခိခိ

ကဲကဲ ရေးလိုက်ပြီနော် မိုးခါး နဲ့ မိရောင် ညည်းတို့လဲ ကြိုက်ချင်ကြိုက်
မကြိုက်လဲနေ ရတယ် လာတော့ အော်နဲ့ ခိခိ

စကားမစပ် မိုးခါး လေးရေးတဲ့ ပိုစ့်ပုံကိုတော့ တကယ်ပဲ နှစ်သက်မိပါတယ် ကောင်မလေး က ပရယ်ဇန်တေးရှင်းကောင်းတယ် သူတွေ့ချင်တဲ့ သူတွေ ကို ဘာ့ကြောင့် တွေ့ချင်တာလဲ ဆိုတာ သေသေချာချာရေးထားလို့ပါ ကိုယ်က သူ့လောက်စာရေးမကောင်းတော့ ဒီလိုအမြင်ကပ်စရာလေးထွက်လာတာပေါ့ စိတ်မဆိုးကြဘူး မျှော်လင့်ပါတယ် စိတ်ဆိုးရင်တော့ လဲ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော် ဘာမှမတတ်နိုင်ဘူး..................း)
အားလုံးကို ပိစ်....................နော်

A Chen
8:11am
29th April 2009
Home
Bkk

Tuesday, April 28, 2009

အိပ်မက်.....(မထူးသော......)

အိပ်မက်.....(မထူးသော......)

အရမ်းသတိရတယ် သိလား
တကယ်ပါ
ခဏခဏမင်းအကြောင်းတွေးမိတယ်
လူတယောက် ကို တခါမှ
ဒီလိုအငွေ့နဲ့ မချစ်ခဲ့ဘူးဘူး
မရေမရာ နိုင်လိုက်တာ
ဆိုတာ သိပေမယ့်
ခံစားချက်သက်သက်ပါ။

ဘာရယ်မဟုတ်ဘူး
ရေပြင်ကျယ်ကြီးကို ကြည့်နေမိတယ် . . .
တိမ်တိုက်တွေက ရေထဲမှာ လှလိုက်တာဟာ
အပေါ်ကိုမော့မကြည့်ချင်ဘူး
ဘာလို့လဲဆိုတော့
ရေထဲက အရိပ်လေးက ပိုလှလို့ပေါ့။

မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့
တောင်ကုန်းတွေ ပေါ်မှာ
လျောက်ပြေးရအောင်ဟာ ...လာ
ငါ့လက်ကို တင်းတင်းဆုတ်ထား
ဘယ်အရာ ကမှ
ငါတို့ကို
မခွဲနိုင်သလိုပေါ့။

ဘာရယ်မဟုတ်ဘူး
လေထဲမှာ ငါ့လက်ချောင်းတွေနဲ့
နင့်နာမည်ကို စာလုံးပေါင်းကြည့်တယ်
ငါ့မျက်လုံးမှာ
ကြယ်လေးတွေ ပန်းလိုပွင့်လို့ . . . ။

နင်မှတ်မိသေးလား
သီချင်းဆိုတဲ့ ငှက်ကလေးတွေလေ
ခုသူတို့ သီချင်းအသစ်တပုဒ်ဆိုတတ်နေပြီဟ
ဇော်ဝင်းထွဋ်ရဲ့ “ငါ့ရင်ခွင်ကို”တဲ့လေ
ငါလဲ သူတို့သီချင်းလာဆိုတဲ့ ပြတင်းပေါက်နားက
မှန်ပေါ်မှာ နင့်နာမည်ကို
လက်ချောင်းလေးနဲ့
ရေးပြီးနားထောင်နေတာပေါ့
သတိရတယ်ဟာ။

ဘာရယ်မဟုတ်ဘူး
လျှပ်စီးတွေလက်နေတဲ့
ကောင်းကင်ကို
ရင်ဘတ်ထဲထည့်သိမ်းထားချင်မိတယ် . . .
နင့်အပြုံးတွေလိုမျိုး
ငါ့ဆင်ခြင်တုံတရားတွေကို
တုန်လှုပ်စေမလားလို့ပါ။

အက်ဆစ် မိုးတွေရယ်
ရွာတာရပ်ပါတော့
အလွမ်းတွေနဲ့ ငါ
ငွေ့ရည်ဖွဲ့ပြီးနင့်ဆီလွင့်လာခဲ့မလို့
မက်ဒီတယ်ရေးနီးယန်း
ပင်လယ်လောက်တော့အပျာ့ပေါ့
ငါလာရင် နင်ကြိုမှာလား
ငါနဲ့တူတူနင်ကြိုက်တတ်တဲ့
ပိတောက်ရနံ့တွေသယ်လာမယ်လေ။

နေပါစေငါ့ရေပြင်ကြီး
လှိုင်းထန်သွားရင် . . .
ငါ့မျက်လုံးတွေ
အမှောင်တစ်မျိုးပဲ မြင်ရတော့ရင် . . .
ငါ့လောက ပျောက်ဆုံးသွားရင် . . .
နေပါစေ . . .
အဲ့ဒီ . . . လဲ့မှိန်မှိန် စိတ်ကူးတွေထဲမှာပဲ
ဘာရယ်မဟုတ်ဘဲပေါ့။

နင်က ပင်လယ်ဆို ငါက လှေလေးပေါ့ဟာ
နင့်ရင်ခွင် ကို ရွက်ကုန်လွှင့်
ပဲ့ကုန်ဖွင့်ပြီးလာချင်ပေမယ့်ခုတော့လဲ
နင့်ပင်လယ်မှာမြုပ်နစ်သွားတဲ့ ငါ
လှေကလေးလား
အနေဝေးသွားတဲ့
မပြေအဆွေးလား
ဘာရယ်မဟုတ်ပါဘူးလေ
ရပါတယ်
ငါ့ဘ၀နဲ့ငါပေါ့
ခုတော့လဲ
နေတတ်နေပါပြီ။

BS and A Chen
4:43 pm
28th April 2009
Online
Ygn and Bkk

လွမ်း...................တမ်း

အရမ်းသတိရတယ် သိလား
တကယ်ပါ
ခဏခဏမင်းအကြောင်းတွေးမိတယ်

လူတယောက် ကို တခါမှ
ဒီလိုအငွေ့နဲ့ မချစ်ခဲ့ဘူးဘူး
မရေမရာ နိုင်လိုက်တာ
ဆိုတာ သိပေမယ့်
ခံစားချက်သက်သက်ပါ

ဧရာဝတီ

သူငယ်ချင်း တယောက်ရဲ့ လက်ရာ ဓါတ်ပုံလေးပါ
သူက ကော်ဖီစားပွဲ ဘုတ်အုပ်တအုပ် (Coffee table book) ထုတ်ဖို့ လုပ်နေတာပါ
တီ တို့ ရပ်ကွက်ထဲက (HIV/AIDS fields) သူနဲ့ ခင်တဲ့ စာတိုပေစ တွေ ရေးလေ့ရှိတဲ့
သူတွေ ကို အကူအညီတောင်းပါတယ်
တီလဲပါတယ်ပေါ့ (စိတ်ကြီးနည်းနည်းဝင်နေတယ်နော်.......ဟွန်း.....ငါကွ)

သူ့စာအုပ်အတွက်က အင်္ဂလိပ်လိုရေးပေးရမှာပါ
အင်စပရေးရှင်းက တော်တော်နဲ့မလာတဲ့အတွက်ကြာနေပါတယ်
ခုလောလောဆယ်တော့ ဒါလေးထွက်လာပါတယ်
နောက်မှ အင်္ဂလိပ်လိုဘာသာပြန်ပြီးပေးလိုက်မယ် စဉ်းစားထားပါတယ်
ဖြစ်မလာရင်လဲ နောက် တပုဒ်ဖြစ်သွားနိုင်ပါတယ်
ဒါလေးတော့ ကိုယ့်ဘာသာ ကြိုက်လို့ တင်ထားလိုက်ပါတယ်
ပြီးတော့ သူ့စာအုပ်က
ရီဂျင်နယ် မှာထုတ်မယ့် စာအုပ်ဆိုတော့ မကောင်းရင် ကိုယ်က အခွက်ရှဲပါမယ်
အဲတော့ ကောင်းကောင်းလေးရေးချင်ပါတယ်
ပြီးတော့ ပြောမယ်ဆိုရင် ဒါက ဘာပဲပြောပြော ကိုယ့်ရဲ့ အင်္ဂလိပ်လို
ပထမဆုံးပရင့် ဖြစ်နိုင်တယ်လေနော် ရီဂျင်နယ်မှာပြောတာပါ
အရင်ကတော့ ဘာဘာညာညာ လေးတွေရှိခဲ့ပါတယ် နောက်များမှ ကြုံရင်တင်ပေးပါမယ်
ကိုငှက် ရဲ့စာတကြောင်းကြိုက်လို့ ယူထားပါတယ်.............း)




ဧရာဝတီ

မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ

မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့

ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ

ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်းလဲ
ပြည်သူတွေကို မပြောင်းခဲ့တဲ့ သူ့သဘောထား
ခုထိမရိုးသေးဘူး ပေးဆပ်ဆဲပဲ

မြစ်ဝ က ဆန်အိုး ခုတော့ကွဲခဲ့ပေါ့
လူတွေဖြစ်လာတယ်
လူတွေ ပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်

ရွှေတွေကျင်တော့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ

ဘာပဲဖြစ်ဖြစ် ငါကတော့
စီးဆင်းဆဲ စီးဆင်းမြဲ
“နေ”ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်

A Chen
2:24 am
28th April 2009
Home
Bkk

Sunday, April 26, 2009

တီချမ်းရဲ့ တနေ့တာ (အောင်မျိုး(ဘလောခ်စပေါ့ )-ဗျူးသည်)

ကျတော်တို့ ဘလောခ်စပေါ့ မဂ္ဂဇင်းကနေ ယနေ့ ဘလောခ် လောက မှာ ဘာတွေဘယ်လို လုပ်လိုက်တယ်မသိ နေ့ချင်းညချင်း ဆိုသလို နာမည်ကြီးလာတဲ့ အန်တီချမ်း နဲ့တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။



အောင်မျိုး(ဘလောခ်စပေါ့ )=အန်တီချမ်း၊ အန်တီချမ်း နဲ့ ခုတလော ဘလောခ်လောက မှာနေ့ချင်းညချင်း ဟိုးလေးတကျော်ကျော် နာမည်ကြီးလာအောင် ဘယ်လိုလုပ်ခဲ့သလဲ ကနေစရအောင်နော်?

အန်တီချမ်း=အင်းအဲတာကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော်....................
နည်းနည်းတော့ ရှည်မယ် ပေါ့နော် ပြောရရင်ပေါ့နော် အစက ဒီလိုလေ............. တီကလေ ငယ်ငယ်လေးကတည်းက စာရေးတာ ၀ါသနာပါပါတယ်ပေါ့လေနော်
နောက်အမ ကလဲ နာမည်ကျော် ဘလောခ်ရေးဆရာမကြီးဆိုတော့ (ဒီနေရာ မှာ ဒီလောက ကလဲ ဟိုလောက လိုပါပဲ ပေါ့နော် အမ တင်ပေးရင် ပိုက်ဆံထုတ်ပေးရင် ဖြစ်တယ်ပေါ့နော် အကို ကနာမည်ကြီးရင် လဲ ညီတွေ ညီမတွေ ကဖြစ်ပါတယ်ပေါ့နော် လိုက်ပေါက်ကြပါတယ်ပေါ့ အရှိန်ပေါ့နော်.......... အဲတာလိုတယ်ပေါ့နော်)

နည်းလမ်း အမှတ် (၁)

အမ မိတ်ဆက်ပေးတဲ့ တခြားရှေ့ရှေ့ က ဘလော်ခ်အကျော်အမော်တွေ ရဲ့ အိမ်တွေလိုက်လည် စာတွေလိုက်ဖတ် ဘာမန့်ညာမန့်တွေ လုပ်တာပေါ့နော်၊ နောက်သူတို့ ကို အိမ်လည်ပြန်ခေါ်၊ မလာရင် စိတ်ဆိုးကြောင်း အိမ်လိုက်အော်ပြော ဘာညာ ပေါ့နော်၊ စစချင်းကတော့ ပေါ့နော် အဲလိုလုပ်ပါတယ်လေနော်။

နည်းလမ်း အမှတ် (၂)

နောက်နည်းလမ်းတခုကတော့ကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် ခုတလော နာမည်ကြီးနေတဲ့ မြန်မာပြည်က အဆိုကျော် (အဆိုတော်မဟုတ် နာမည်က ကျော်ရုံတင်ကျော်တာ အဆိုက မတော်လို့ အဲတာကြောင့် အဆိုကျော်ပဲ အဆိုတော် မဟုတ်) တယောက်လိုပေါ့ ကိုယ့်အဖြစ်တွေ ဘာတွေ ကို ဇာတ်နာအောင်၊ သနားစရာလေးဖြစ်အောင် အင်တာဗျူးတွေ ဘာညာတွေ တင်ရတာပေါ့နော် (သူကတော့ သီချင်းလုပ်ရေးတာပေါ့နော်)။ မသိတဲ့ လူတွေ ကတော့ အော် ဒီကောင်လေး မဆိုးရှာဘူး၊ ပရဟိတ စိတ်ကလေးရှိတယ် လူတွေ ကို ကူညီနေတယ် ၊သူ့အဖြစ်တွေ ကိုရဲရဲဝံ့ဝံ့ ဖွင့်ပြောပြီးလူတွေ ကို ချပြရဲတယ် ဘာတွေညာတွေပေါ့နော် စသဖြင့် ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်ရပါတယ်ပေါ့နော်။ (ဒီနေရာမှာ လဲ နာမည်ကျော် ဘလောခ်ဂါ ကာကာ ရဲ့ စကားလုံးလေးယူသုံးထားပါတယ်လေနော် သူ့ရဲ့ခုတလော ပေါက် ဟစ် ပိုစ့်=ပေါက်ပြီးဟစ်ဖြစ်နေတဲ့ ပိုစ့် လူပျိုတုကြီးတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ကပါ)

နည်းလမ်း အမှတ် (၃)

နောက် ထပ်နည်းလမ်းကောင်း တခုကတော့ အရှေ့အရှေ့ က နာမည်ကြီး ဘာလေခ်ဂါ များရဲ့နည်းလမ်းတွေ ကိုလဲ အတုယူရပါတယ်ပေါ့နော်။ ဥပမာ နာမည်အကြီးကြီး ဖြစ်တဲ့ ဘလောခ် မမဘွားအေကြီးရဲ့နည်းလမ်းအမိုက်စားများဖြစ်တဲ့ဓါတ်ပုံရိုက်တင်ပြီး မေးခွန်းတွေ ဘာတွေ မေး ပေါ့နော် တီချမ်း ဘယ်လိုလူလဲ ပုံကြည့်ပြီးဖြေကြပါ စတဲ့ နည်းလမ်းကောင်းလေးတွေ လဲ သုံးပါတယ်ပေါ့နော်။

နည်းလမ်း အမှတ် (၄)

နောက်တော့ ကလေးမွေးရပါတယ် အင်း.........နားရှုပ်သွားသလားမသိဘူး ဘယ်လိုပြောရမလဲပေါ့နော် တီ့ထက် အနည်းငယ်ပဲဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ် ငယ်ပြီ ဆိုတာနဲ့ သားလေး သမီးလေး မောင်လေး ညီမလေး ဖမ်းခေါ် အဲပြီးတော့ ဟောခုန က နည်းလမ်းမဟာ ဥာဏ်ဗျူဟာ လို့တောင် ခေါ်ရင်ရမယ့် အိမ်လည်လိုက်၊ ပြန်အလည်ခေါ်၊ မလာလည်ရင် စိတ်ဆိုး၊ အဲတာတွေ စိတ်ဆိုးတာတွေ တခါ လူသိအောင်အိမ်တခါပြန်လိုက်အော် စတဲ့ နည်းလမ်း အသွယ်သွယ် အဖြာဖြာ တွေ ကိုသုံးလိုက်တယ်ပေါ့နော်။ အဲတာ နဲ့ ဒီလို ဒီလို နေ့ချင်းညချင်း ဟော်လေးတကျိုးကျိုး ဟိုးလေးတကျော်ကျော်နာမည်ကြီးလာတာပါပဲပေါ့နော်။

နောက်ဆုံးနဲ့ အစွမ်းဆုံးနည်းလမ်းကတော့ တခု ရှိပါသေးတယ် ထုတ်မသုံးရသေးပါဘူးပေါ့နော် အဲတာလဲ ရှေ့ရှေက က ဆူပါများရဲ့ နည်းလမ်း ပါပဲပေါ့နော် ဟောင်းပေမယ့် စွမ်းနေဆဲ နည်းလမ်း မဟာလေးပါပေါ့နော် နောင်လာနောက်သား ဘလောခ်ဂါပေါက်စများနည်းလမ်းယူလို့ ရအောင်တီချမ်း က စေတနာရှေ့ထား နည်းပေးလမ်းပြလုပ်ပါတယ်ပေါ့နော်။ ချန်မထားပါဘူးပေါ့နော်။

နည်းလမ်း အမှတ် (၅)

အဲတာ က ဘာလဲ ဆိုတော့ ကိုယ့်ဘလောခ် မှာ ရန်တွေ ဘာတွေ နည်းနည်းဖြစ်ရပါတယ် နောက် တော့ အိတ်ဖွင့်ပေးစာတွေ ဘာညာတွေပေါ့နော် အဲလိုရှိပါတယ်ပေါ့နော်.................
ဆူပါ ဘလောခ်ဂါ တယောက် ဆိုရင် အဲလိုနည်းတွေ မကြာခဏသုံးပါတယ်ပေါ့နော် ပွဲဆူမယ့် စာတွေ ရေးရပါတယ်ပေါ့နော် ခေါင်းစဉ်ကအစ လူတွေ စိတ်ဝင်စားတာမျိုးဖြစ်ရပါမယ်ပေါ့နော်

အင်းအဲလောက်ပါပဲပေါ့နော် ဆက်ပြောရင် တီလဲ အသတ်ခံရကိန်းမြင်နေပါတယ်ပေါ့နော်........း)

အောင်မျိုး(ဘလောခ်စပေါ့ )=ဟုတ်ကဲ့ တီ့ချမ်းရဲ့ ဘလောခ်သက်လေးလဲ တချက်လောက်?

အန်တီချမ်း= ဟုတ်ကဲ့ ၂၀၀၉ ဖေဖော်ဝါရီလ က စတယ် ဆိုတော့ တီက သေသေချာချာ ရေတွက်မယ် ဆိုရင် ၃ လ ထဲမှာပေါ့နော်။ ပြည့်တော့ မပြည့်သေးဘူးပေါ့နော်။ အဟင်း အဟင်း အဟင်း ညှင်းညှင်း...........အဟွင်း

အောင်မျိုး(ဘလောခ်စပေါ့ )= ဟုတ်ကဲ့ ဒီ ၃ လ ထဲမှာ ရေးခဲ့သလောက်ထဲ က တီချမ်း အကြိုက်ဆုံးလေး...?

အန်တီချမ်း= အင်းဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် အား..........................လုံးက တီ ကိုယ်တိုင်မွေးထုတ်ခဲ့တဲ့ တီ့ ရင်သွေးလေးတွေပဲ ဆိုတော့ ပေါ့နော် အားလုံးကို အတူတူပဲ ချစ်ပါတယ်ပေါ့နော် (မမို့လေသံနဲ့ပြောသည်) အဲတာကြောင့်ဆိုးတဲ့ ကောင်လေး ကိုလဲ ဆိုးလို့ ချစ်သလို လိမ္မာ တဲ့ကောင် ကျပြန်တော့ လဲ ချစ်ရပြန်ပါတယ်ပေါ့နော် အလယ်အလတ်ကောင်လေးတွေ ကျတော့ လဲ လပ်ကျန်မခဲ့အောင် ချစ်ရပါတယ် အဲတော့ အင်းဖြေရမယ် ဆိုရင်ပေါ့နော် သားသမီးတွေ အားလုံးကို တူတူ တန်းမျှ ချစ်ပါတယ် ပဲ ဖြေရင် မှန်မယ်ထင်ပါတယ်ပေါ့လေနော် ..............ဟင်းဟင်း..................ထမင်းထမင်း..............

အောင်မျိုး(ဘလောခ်စပေါ့ )=အဲတာဆို လာမယ့် ဘလောခ် အကယ်မမီ ပေးပွဲကျရင် အန်တီချမ်း ကကော ဆုတွေ ဘာတွေ မှန်းထားပါသလား?

အန်တီချမ်း=အင်းပေါ့နော်................ဘယ်လိုပြောရမလဲ ပေါ့နော် ...........တီ တို့ က ၀ါသနာ ရှင်တွေ အဆင့်ပါပေါ့နော် ပညာရှင်တွေ အဆင့် မဟုတ်သေးပါဘူးပေါ့နော်၊ နောက် တီ က လူကလဲငယ် လူသစ်တန်းကလဲဖြစ် ဆိုတော့ မမှန်းရဲပါဘူးပေါ့နော် ခုမှ ပညာရည်နို့စို့ တုန်းပါပေါ့နော် လေ့လာသင်ယူနေတုံးပဲပေါ့နော်.............တီနဲ့ တူတူ ဘလောခ် ရေးနေကြတဲ့ စလုံးက သူသူ(ဒေလီယာ) တို့ အရီးတောင်း ရဲ့မြေးမ အရီးတား တို့၊ ဘောနပ်စ်လေးတွေ နဲ့ ရေးတတ်လို့ ကာကာ(ဘော) လို့နာမည်ကြီးနေတဲ့ ကိုကိုကာကာ၊ ပန်းချီးကားအကြောင်းလေးတွေ ရေးတတ်တဲ့ (ကား)နန်းညီ တို့၊ လူငယ် ထဲက တော်တော် ပေါက်တဲ့ ပီအမ် (ညပိုင်း) တို့ ကလဲတော်တော်ကောင်းတော့ မမျှော်လင့်ရဲပါဘူးပေါ့နော် နောက် တီ နဲ့ က တင်တဲ့ ဒါရိုက်တာ မတူပေမယ့် အသည်းကွဲပိုစ့်တွေ အရေးများတာချင်းတူတဲ့ ကြယ်ဖြူစင် ဆိုတာ ကလဲ ရှိနေသေးတော့ အင်းဘယ်လိုပြောရမလဲ ပေါ့နော်...............မျက်လုံး အား ၇ ချက်မျှ ကလယ်ကလယ် လုပ်၍

ပရိသတ်က ပေးတယ် ဆို ရင်တော့ ရချင်ပါတယ်ပေါ့ အဲ့လိုပဲ ကိုယ့် ညီ အကို မောင်နှမတွေ ထဲ က ဘယ်သူပဲ တကယ်အရည်အချင်းရှိလို့ ရရ။ ဘယ်လူကြီးတွေ ကို ဘယ်လောက် ဘယ်နှပုံး၊ ဘယ်နှခွက်၊ ဘယ်နှပုလင်း စသဖြင့်ပေါ့နော် ပိုက်ဆံပေးလို့ ရရ ပေါ့နော် တီ ကတော့ ၀မ်းသာပေးမှာပါပဲ ပေါ့နော် မုဒိတာ လဲပွားပါတယ်ပေါ့နော် .............(အဲ အဲ့ဒါလေး ထည့်မရေးလို့ ရမလားဟင်...................
ပြောတာ အရှိန်ရသွားလို့ လျှို့ဝှက်ချက်တွေ ပါကုန်တယ်)

အောင်မျိုး(ဘလောခ်စပေါ့ )= ကဲကဲ အဲတာ ဆို အင်တာဗျူး ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ အန်တီချမ်း နဲ့ တနေ့တာ လေးကိုဆက်လိုက်ရအောင်နော် ကျတော် တို့ မဂ္ဂဇင်းတိုက် ရဲ့ အတော်ဆုံး ဓါတ်ပုံဆရာ အက်ဒီချန်း(ခေတ္တ ဖင်ကောက် အဲလေ ဘန်ကောက်) ကနေ ပြီးတော့ တီချမ်း နဲ့တူတူဒီနေ့ တနေ့ လုံး တီချမ်း သွားသမျှနေရာ တွေ လိုက်ကပ်စား အဲလေ.....လိုက်ပြီးတော့ တီချမ်း ပုံလေးတွေ ကို လှလှ လေး ရိုက်ပေးပါလိမ့်မယ်နော်။
နောက်မှတွေ့ကြတာပေါ့။ တီချမ်း ကို ခုထက် တိုးပြီး အဆဆ အောင်မြင်ပါစေလို့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်း ကနေဆုတောင်းပေးပါတယ် ဗျာ။

အန်တီချမ်း= ဟုတ်ကဲ ပါပေါ့နော် တီကလဲ ခုလိုလာရောက်မေးမြန်းတဲ့ အတွက် (လာမေးပေးဖို့ အာပေါက်အောင်ခေါ်ရတာ မုန့်ကျွေးရတာ စာမူခပေးရတာတွေ ခေတ္တမေ့ထားပြီးသကာလ) ကျေးဇူး တင်ပါတယ်ပေါ့နော် ဟိုလေ............ဟို ပြီးတော့ ဓါတ်ပုံတွေ မရိုက်ခင်လေ တီ့ ကိုပိန်အောင် ရိုက်ပေးလို့ ရမရ အဲတာလေး ဖိုတို ဂရဖ်ဖာကောင်လေးချောချောလေး ကို တချက်မေးပေးပါလားဟင်..?

အောင်မျိုး(ဘလောခ်စပေါ့ )= အော် .....အဲဒီအတွက် တော့ မပူပါနဲ့ တီချမ်းရဲ့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်းက စာရွက်အကောင်းစား၊ ကျော်ညာ (ကျော်ကျားအောင် ညာတဲ့အတွက်) များများ နဲ့ ထုတ်တဲ့ ကွာလတီ မဂ္ဂဇင်း ဖြစ်လေတော့ အင်္ဂလိပ် လို့ တတ်ခ်ျ touched လို့ ခေါ်တဲ့ ပြုပြင်ပြီး သားပုံတွေ နဲ့ ပဲ သုံးပါတယ် အဲ့အတွက် အန်တီချမ်း ပုံတွေ ကို ရိုက်တုံးမှာ အဆီပြန်နေတဲ့ မျက်နှာ ကိုလဲ တတ်ခ်ျ touched လုပ်တဲ့ အခါကျရင် မိတ်ကပ် ကို မသိမသာလေး မှုန်မှုန်လေးဖို့ထားသလို ထင်ရအောင်ပြုပြင်ပေးလို့ ရပါတယ်။ နောက်ခု တီ့ မျက်နှာ ပေါ်က လကမ္ဘာ ခွက်တွေ အဲလေ ၀က်ခြံ၊ဆင်ခြံ စတဲ့ မသိသားဆိုးရွားနေတဲ့ ဖုလေးတွေ ကိုလဲ ဖြောက်လို့ ရပါတယ်။ ဟော်..............တီ “၀”နေရင်လဲ ကွန်ပျူတာအဖက်တွေ နဲ့ မယ်စကြာဝဠာ အလား အထင်မှတ်မှားရအောင် ပြင်ဆင်ချက်လေးတွေ အနည်းငယ် မဆိုစလောက်လေးတွေ ကို ဖိုတိုရှော့ပ် photoshop ထဲမှာ အကုန်ပြင်လို့ ရပါတယ် အန်တီချမ်း ရယ် စိတ်မပူပါနဲ့နော်။

အန်တီချမ်း= အော် အင်း အဲတာ ဆိုရင် တော့ ကျေးဇူးပါပဲကွယ် ငှင်းငှင်းငှင်း...................နောက်လဲ မကြာမကြာ လာဗျူးနော် ဒီက ခဏခဏဖြေချင်နေတယ် ခိခိခိ................................


အန်တီချမ်းရဲ့တနေ့တာ....................

မနက်နိုးနိုးချင်း အချိန် ကိုကြည့်လိုက်တော့ ၁၁ နာရီပါ တီ က အဲလိုပဲ ညကိုနောက်ကျမှ အိပ် ပြီး မနက် ကို ထချင်တဲ့ အချိန်မှ ထပါတယ် ဒီနေ့ က စနေ ဆိုတော့ အိုကေတယ်လေ..........ဒီနေ့တော့ နိုးနိုးချင်း ချစ်တူမ မိရောင်နဲ့ စကားပြောပါတယ် နောက် ထုံးစံအတိုင်း ပိုစ့်သစ်တင် တတောင်တောင်နဲ့ ပေါ်လာတဲ့ လူတွေ နဲ့ ချက် အင်းဒီနေ့ ဆို ဂရုချက်တောင်ချက်လိုက်ကြသေးတယ်......နာမည်ကျော် ဘလောခ် အကျော်အမော် တွေ ဖြစ်တဲ့ အဆိုတော်လေဒီ ဂါဂါ ရဲ့ အကိုတော် ဘလောခ် ဂါ ကိုကိုကာကာ။ သရဲကားတွေ ရိုက်ရင် မိတ်ကပ် ကူစရာမလိုလို့ ဒါရိုက်တာတွေ တော်တော် သဘောကျတဲ့ သရုပ်ဆောင်သစ်လေး မိုးခါး၊ (သူကခုလောလောဆယ်တော့ မိုးခါးနဲ့ ဒေါ်ဒေါ်နွေး ဆိုတဲ့ ခေတ်လွန်သရဲကားတကားရိုက်နေပါတယ်တဲ့ ကျောင်းကအပြန်လမ်းမှာ ကားအက်ဆီဒင့် တခု နဲ့ ကြုံရတဲ့ ကျောင်းသူမလေးနဲ့ ကားတိုက်ခံရပြီး ပွဲချင်းပြီး အစိမ်းသေ သရဲဖြစ် အမေနွေး (ခေါ်)ဒေါ်နွေးတို့ ရဲ့ ဆွတ်ပျံ့ကြည်နူး အသည်းနာ ၀မ်းနည်း သနား လွမ်းဆွေး သံဝေဂယူစရာ ဇာတ်ကားကောင်းလေး တပုဒ်ပါတဲ့။ (ဒါက မိုးခါးအတွက်ကျော်ညာ သူလဲ ကျော်အောင်ညာညာနေတာပဲ) နောက် သီချင်းတွေ ကို အပြားကြီးတွေ ပွတ်ပွတ်ပြီးဖွင့်တဲ့ ဒီဂျေ ကြယ်ဖြူစင် တို့နဲ့ပေါ့ ဂရုချက်ချက်ကြပါတယ်။ နောက်တော့ ၃ နာရီလောက်လဲ စကားပြောပြီးရော လက်တွေတော်တော်ညောင်းလာကြတာနဲ့ စကားစသတ်ပြီး မနက်စာခေါက်ဆွဲ ကို နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ သွားတီးဖို့ပြင်ပါတယ်။

အောက်က ပုံတွေ က တီ အမြဲစားနေကြ အိမ်နားက အမဲလုံးခေါက်ဆွဲ(ညာဘက်ကပုံ)ပါ။
ဘေးက သူငယ်ချင်းမှာစားတဲ့ ၀က်သားလုံးညှပ်ခေါက်ဆွဲပါ။ နှစ်မျိုးစားလို့ ရအောင် ထည့်ပေးထားပါတယ်။



နောက် တီ က အချို မကြိုက် တဲ့တွက် သံပရာသီး နဲ့ ငရုတ်သီးဆီသတ်ထားတာ ထည့်အပြီးပုံရယ် မွှေထားတဲ့ ပုံရယ်ပါ။



နောက် စားပြီးတော့ သူငယ်ချင်း တယောက်က ဖုန်းဆက်လာပြီး ဂျေဂျေ JJ= Jut tu jut Market မားကတ် လို့ ခေါ်တဲ့ weekend market ပိတ်ရက်ဈေး ကိုသွားမလားမေးပါတယ်။ တီလဲပျင်းပျင်းရှိတာ ရယ်၊ နောက်အပင်လေးတွေ လဲနည်းနည်းဝယ်ချင်တာနဲ့ သွားမယ်လေလို့ပြောလိုက်ပါတယ်။
အဲ့တာနဲ့ နေ့လည် ၃ နာရီမှာစားတဲ့ မနက်စာစားပြီးတော့ အိမ်ပြန်ရေမိုးချိုးပြီး ဓါတ်ရထားနဲ့ ချီတက်ပါတယ်။ တီ့အိမ်ကနေဆို ဂျေဂျေ မားကတ်တည်ရှိရာ နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ မိုချစ် ကို ၅ မှတ်တိုင်စီးရပါတယ် ဘန်ကောက်မြို့ရဲ့ မြောက်ဘက်စူးစူးကိုပါ။ ခဏလေးနဲ့ရောက်သွားပါတယ်။
ဒီပုံက ဓါတ်ရထား မှတ်တိုင် မှာ ကော်ဖီကျော်ညာတာပါ တီသဘောကျလို့ရိုက်လာတယ်။အနောက်က ကော်ဖီ စစ် မှာ အငွေ့လေးတွေ ထွက်ပြီး ကော်ဖီနံ့ သင်းသင်းလေးရအောင်လုပ်ထားပါတယ်။ မိုက်တယ် သိလား......
ဒါက လှေကားအဆင်းနားမှာရောင်းနေတဲ့ အချဉ်မျိုးစုံပေါင်းပါ။ မြင်တော့ မနေနိုင်ပြန်ပါဘူး
ကိုယ်ဝန်ဆောင်ခဲ့တဲ့ အချိန်တွေ ကိုတောင် ပြန်ပြောင်းအောင်းမေ့ သတိရ လွမ်းဆွတ် တမ်းတ မိသေးတော့
ဒီအောက်ကပုံတွေ ကတော့ ဂျေဂျေ ဈေးနားက ပန်းခြံပါ ဦးမွန်လေးခွ တလက်နဲ့ သွားသွားသောင်းကျန်းနေတာပေါ့...း)
ကဲကြည့်ကြပါအုံး ဘန်ကောက်မြို့ကြီးကို မလန်းစိမ်းဘူးလို့ ဘယ်သူပြောလဲ ကုန်ကုန်ကို တော်တော် သတိရသွားတယ် နာဂစ်မလာခင်ကဆို ကုန်ကုန်က တော်တော် လှတာပါ......
အီး...................လွမ်းတယ်..............
ဒါလေးကတော့ ကလေးကစားကွင်းပါ။ ကလေးကစားကွင်း နဲ့ ကလေးတွေ အဖေအမေ တွေ ကိုမြင်တော့ ကိုယ့် ရဲ့ ကလေးလိုချင်တဲ့ ရောဂါဟောင်း ကလေးရူးခြင်းက ပြန်ထလာပါတယ်.............
ကိုယ်ငယ်ငယ်လေးကတည်းက ကလေးရူးခဲ့တာပါ ကလေး တယောက်လောက် အမြဲလိုချင်ခဲ့တယ်။ ကြီးလာရင် ကလေးလေး တယောက်ယောက်လောက်တော့ မွေးစားမယ်ပေါ့ (ကိုယ်ကလဲမွေးစားကလေးဆိုတော့ ကိုယ့်ကလေးကိုလဲ အဲလိုပြုစုပျိုးထောင်ချင်ပါတယ် ပြီးတော့ ကိုယ်က ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာကိုလဲ အနုပညာ တခု လို့မြင်တယ် ကိုယ်သင်ယူချင်တဲ့ သင်ယူခွင့်ရချင်တဲ့ အနုပညာ တမျိုးထဲမှာ သူလဲပါတယ်။ ထားပါလေ လမ်းလွဲကုန်မယ်..............း) နောက်ကြုံတော့ သပ်သပ်ရေးတာပေါ့နော်
ဒါကတော့ ဈေးထဲမ၀င်ခင် အစားအသောက်တန်းပါ နှစ်ဘက်နှစ်ချက်အပြည့်ပါပဲ

ဈေးထဲရောက်တော့ တော်တော် ပူတဲ့အတွက် သူငယ်ချင်းနဲ့ ဆိုင်တဆိုင်ဆိုင်မှာ ထိုင်ရအောင်ဆိုပြီး ဆိုင်ရှာပါတယ် နောက် တွေ့တော့ သရက်သီးဖျော်ရည်တခွက်သောက်ပါတယ် သောက်ပါအုံးလား တော်တော်ကောင်းတယ်။နောက်ဘေးနားက မက်မုံသီး လဲဝယ်စားပါသေးတယ်။

ဒါတွေကတော့ ဖျော်ရည်ဆိုင်ဘေးနားက အကြော်တွေ တမ်ပူရာတွေ ရောင်တဲ့ ဆိုင်ရယ်၊ ဆူရှီ ဆိုင်ရယ်ပါ။


ဒါလေးကတော့ လျောက်သွားရင်းနဲ့ တွေ့တော့ သဘောကျလို့ ဆိုင်ရှင် ကို မ၀ယ်ဘဲ ခွင့်တောင်းပြီးရိုက်လာတာပါ စားသောက်ဆိုင်တွေ ပလာဇာတွေ ဈေးတွေမှာ ဘုံ လူသုံး အိမ်သာရှိတာ အချက်ပြတဲ့ ပုံလေးတွေ ဒီဇိုင်းအမျိုးမျိုးနဲ့ပါ။


ဒါကတော့ တီ့ အကြိုက် “ဆွဲ” လက်ဖက်ရည်ပါ အပူအအေး နှစ်မျိုးရပါတယ် တီကတော့ အအေးပဲ သောက်ဖြစ်တာများတယ် နောက် လက်ဖက်ရည် ဆွဲနေတဲ့ကောင်လေး က ချစ်စရာကောင်းတဲ့ အတွက် သမိုင်းပေးတာဝန်အရ ၀ယ်သောက်ရပါတယ် ဟိဟိ .....း)............အတူလာ နောက်ထပ် သူငယ်ချင်းနှစ်ယောက် နဲ့တယောက်တခွက်
၃ ယောက်ဆိုတော့ ၃ ခွက် ဘတ် ၉၀ ပါ။


ဒါကတော့ လျောက်လည်ရင်း လျောက်ကြည့်ရင်း ညနေ ၆ နာရီ ထိုးတဲ့အတွက် ယပလက်တွေရဲ့ နိုင်ငံတော်သီချင်း ကိုနီးစပ်ရာစတေရှင်တွေကနေ လွှင့်ပါတယ် လူတွေ အကုန်ရောက်ရာနေရာ မှာ..............“ရပ်”........."stand still" ပါ။ အားလုံးကလဲ လေးစားလိုက်နာကြပါတယ် နိုင်ငံခြားသားတွေကအစပေါ့ ရွှေတွေနဲ့များ ကွာချက်နော်................ရုပ်ရှင်ရုံထဲက ဇာတ်လမ်းမပြခင် မတ်တပ်ထရပ် ရတဲ့ နိုင်ငံတော် သီချင်းနဲ့ အလံကို သတိရမိပါသေးတော့တယ်။


ဒါကတော့ တီ ၀ယ်လာတဲ့ ပန်းလေးတွေ ပါ ရေချိုးခန်းထဲ က ဘတ်တပ် ကြီးနားမှာထားပါမယ်။ရေမွှေးနံ့နဲ့ ဆပ်ပြာမြုပ်တွေထနေတဲ့ ရေနွေးကန်ထဲမှာ ရေစိမ်ချိုးရင်း ရုပ်ရှင်ကားတွေထဲက မင်းသမီးတွေ လို ခြေထောက်လေးနဲ့ အပင်လေးတွေကို တို့ထိကစားပါမယ် နောက်ကနေ မောင် ကိုကြီး ညီ ကလေးလေး ကောင်လေး စိန် တယောက်ယောက် က ဖက်ထားပေးပေါ့ ..................အဟိ..................ခုပုံကလဲ အဲဒီ ဘတ်တပ် ထဲထည့်ရိုက်ထားတာပါ ခိခိ
ဟိုဘက် ၃ ပင် က ဇလပ်ဖြူတွေပါ ဒီဘက်ကအပင်တော့ ဘာပင်ခေါ်လဲမသိ လှလို့ဝယ်လာတာ အရွက်တွေက သင်္ဘော ပင်ပေါက်နဲ့တော့ တူတယ် ဒါပေမယ့် ဂမုန်းအနွယ်ဝင်လို့လဲထင်တယ် အောက်မှာ အမြစ်က ဂျင်ဆင်းပင် ဥလိုဖြစ်နေတာလေ အဲတာကနေမှ အပင်ကပေါက်တာ။



ဂျေဂျေမားကတ် ကနေပြန်တော့ တော်တော် တောင် မိုးချူပ်နေပေါ့ အဲတာ နဲ့ ဒင်ဒင် တခါတည်းအုတ်ကြစို့ လို့ ဆိုတာနဲ့ ကိုးရီးယား စတိုင်လ် ဘတ်ဖေး ဘာဘီကယူး သွားတီးပါတယ် တယောက် ကို မှဘတ် ၉၉ ပါ သူ့စနစ်က မိုက်တယ် အရင် ကတော့ ၆၉ ဘတ်ပဲ အဲ ဒါပေမယ့် ဘတ်ဖေး ဖြစ်တဲ့အတွက် ယူလာသမျှ စားမကုန်ရင် ဒဏ်တပ်တဲ့အနေနဲ့ ၉၆ ဘတ်ပေးရပါတယ် ခုတော့ လဲ ကုန်ကုန် မကုန်ကုန် တယောက် ၉၉ ဘတ် ဖြစ်နေပါပြီ။သူက အကင်ရော အပြုတ်ရော နှစ်မျိုးစားပါ။ အကင်အိုလေး က သနားခါးကျောက်ပြင်လိုပါပဲ ရေလည်ခေါင်သောင်ထွန်းထားပါတယ် အဲပေါ်မှာ အသားတွေ ကိုကင်ပြီးတော့ ဘေးမှာ ပြုတ်ပါတယ်။ အရင် ရန်ကုန်မှာနေတုံးကတော့ အိမ်မှာ တချိန်လုံးလုပ်စားတဲ့ အစားအသောက်တွေထဲ မှာ သူသည်လဲ
တမျိုးအပါအ၀င်ဖြစ်ပါတယ်။



ကန်စွန်းရွက်၊ ဂေါ်ရခါး (ရှမ်းမြောက်အခေါ် စူကာ) အညွန့်၊ ပြောင်းဖူး၊ မုန်လာဥနီ (ခါကြက်ဥ)နဲ့ ကြွက်နားရွက်မှိုပါ။

ဝက်နဲ့ ကြက်၊ ဂဏန်း ပြည်ကြီးငါး ၀က်ချိုပြား နဲ့ ၀က်ဆီပါ။ သူငယ်ချင်းတယောက်က အမဲ မစားတဲ့အတွက် တီ ငတ်ပါတယ်။း) .....၀က်ဆီ က အိုးမကပ်အောင် အဲလိုအပေါ်ထိပ်တည့်တည့် မှာတင်ထားလိုက်ပါတယ် သူ့ဆီကနေ စီးကျလာတဲ့ အဆီ များကြောင့် အိုးအကပ် သက်သာပါတယ်၊ လန်းတယ်နော် အိုင်ဒီယာက..................း)
ဒါကတော့ အားလုံးစားချင်တာလေးတွေ ထည့်ကင်နေ၊ ပြုတ်နေတဲ့ ပုံပါ။


ဒါလေးကတော့ အချိုပွဲပါ။ မိဒီ ရေ ကန်စွန်းဥ က အကင်တော့မရသေးဘူး လောလောဆယ်
ဒါလေးနဲ့ ခဏ စိတ်ဖြေထားနော်။ အ၀ါရောင်အတုန်းလေးတွေ က ကန်စွန်းဥပါ၊ အောက်မှာ
ပဲနီ ကြီးကြီးတွေပါတယ်၊ ကျောက်ကျောရယ် အုန်းသီးဂျယ်လီရယ်ပါတယ် နောက်ရေခဲထည့် အချိုရည်လေးစမ်းစားရတာပါ။
ကန်စွန်းဥကို အသေကြိုက်တယ် ဆိုတဲ့ ကောင်လေး ကိုသတိရမိပြန်ပါတယ်။
စားသောက်ပြီးတော့ ဗိုက်ကို အနိုင်နိုင် သယ် ပြီးတော့ အိမ်ပြန်ရပါတယ်။ နောက် အိမ်ရောက်တော့ သရဲကား ကြည့်ပါတယ် မိုးခါးလေးတောင် သတိရမိသေးတော့............း)
ကဲကဲ တီချမ်းရဲ့တနေ့ တာ ကတော့ ဒီလောက်ပါပဲလေနော်။
အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်လေနော်။
အာဘွား.........................................
ရွှတ်..........................................
A Chen
5:12 am
27th April 2009
Home
Bkk
(မအိပ်ရသေးပါ......း(............ဟင့်............)