Saturday, April 4, 2009

မုန့်ဟင်းငါး စားကြွပါ

ကဲကဲ အားလုံးဆာလောင်စွာနဲ့စောင့်နေကြတဲ့ အတွက်အရင်ဆုံးအနံ့အရသာနဲ့ပြည့်စုံတဲ့
မုန့်ဟင်းငါး လေးနဲ့ အိမ်လည်လာသူတွေကို တည်ခင်းဧည့်ခံလိုက်ပါတယ်
တကယ်ချက်ပေးတဲ့ ညီမလေးကတော့ တီနဲ့တူတူ တရုံးထဲလုပ်နေတဲ့ ညီမလေးပါ တကွန်ပေါင်းထဲမှာနေပါတယ် သူကလဲ ဘလောခ်ရေးဖို့ အစီအစဉ်ရှိတယ် (အဲတခါတည်းကြေညာတာပါ)
နောက်သူတကယ်ရေးဖြစ်ရင်မိတ်ဆက်ပေးပါမယ် အရင်က သူက မဂ္ဂဇင်း တွေမှာရေးလေ့ရှိပါတယ် အများဆုံးရေးလေ့ရှိတဲ့ မဂ္ဂဇင်း က “တင်း” (အတင်းမဟုတ်ဘူးနော်) ပါ အဲမြန်မာလိုဘယ်လိုခေါ်လဲတော့မသိ နာမည်တော့ရှိတယ် (ဪ မှတ်မိပြီ ဆယ်ကျော်သက် ခိခိ တီက အဲဒီအရွယ်ကို ကျော်တာတော်တော်ကြာသွားတော့ ဘယ်လိုခေါ်လဲတောင်မေ့နေပြီ ခစ်ခစ်ခစ်) အဲ တီ့ ညီမဆိုတော့ ဒေါ်ရီတာ စကားခဏငှားသုံးရရင် ခ သ မ ဟ ပေါ့နော်(ခေသူမဟုတ်ပါတဲ့) သိချင်ရင်တော့ ဖန်သားပြင်ပေါ်မှာ...မျှော် မကြာမီလာမည်
ကဲကဲ မိတ်ဆက်ပြီးရင်၊စားပြီးရင်ချက်ပြုတ်ခြင်းစမယ်
တီက ၀ိုင်းကူဘေးရှုပ်ပေါ့ ခိခိ




ပထမ ဆုံးဝယ်လာတဲ့ သန့်ပြီးသား ငါးကို ရေစင်စင်ပြန်ဆေးပါတယ်



ပြီးရင် ဂျင်း နဲ့ ကြက်သွန်ဖြူရောထောင်းထားတာကို ငံပြာရည် နည်းနည်းနဲ့ထည့်ပြီး ငါးကိုပြုတ်ပါတယ်



ငါးက ခဏဆိုနူးပြီလေ ပြီးရင်တော့ ဟင်းရည်ထဲကငါးကိုအရိုးနွှင်ဖို့ဆယ်ပါတယ် ဟင်းရည်ကိုတော့ဆူအောင် ဆက်တည်ထားပါမယ်




နွှင်ပြီးသားငါးကို အဆင်သင့်ထားပြီး ခုနက ဟင်းရည်ထဲကို နံနံမြစ် ရှိရင်နည်းနည်းပစ်ထည့်လိုက်ပါ ဒါက ငါးညှီနံ့ကိုလျော့ချင်လို့ပါပြီးရင်တော့ မြောင်းမြဒေါ်ချို အထုတ်ထဲက ငါးအသားနဲ့ ဂျင်းမိတ်သလင် ရောထားတာတွေ ကို ခုနက ဆူနေအောင်ဆက်တည်ထားတဲ့ ဟင်းရည်ထဲထည့်ပြီးမွှေပေးပါမယ်
ငါးကို ထပ်ထည့်တာ က ဟင်းရည်ပိုချိုအောင်ပါ အလွယ်မရရင် အဲဒီရယ်ဒီမိတ် အထုတ်နဲ့ပဲ ဖြစ်သလိုချက်ရင်ရပါတယ် (တချို့တချို့သော ကိုဂျီးများတွေ က ဖြစ်သလိုဆိုမစားချင်ဘူးပြောလို့ပါ နည်းနည်းဒုက္ခခံထားပါတယ် ငါးရိုးနွှင်ရတာ လက်လဲဆူးသွားပါတယ် နိုဝင်ဘာလအထိ ထားပါမယ် ကတိဟာ ကတိဖြစ်ပါတယ်)


ပြီးရင်တော့ အတူပါ ပဲမှုန့်ထုတ်ကိုလဲဖောက်ပြီးရေလေးနဲ့နည်းနည်းဖျော်ပြီးထည့်ပါတယ် နောက်ဆုံးအဆင့်အနေနဲ့ကတော့ ချို၊ငံ၊ပေါ့ မြည်းပေးပါ ပြီးရင် ငရုတ်ကောင်းကြိုက်တတ်ရင်သင့်ရုံလေးထည့်ပြီးတာနဲ့
အမွှေးနံ့ သင်းပျံနေတဲ့ မုန့်ဟင်းငါးကောင်းတခွက်၊တအိုး ရပါပြီ


တီချမ်း
၁၀း၀၃ နာရီ
ဧပရယ်လ ၄ ရက်နေ့ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်

17 comments:

  1. ချက်ကြပေါ့ ရှင်တို့က စားဖိုမှူးတွေပဲ
    :(

    ReplyDelete
  2. ရီတာက နောက်သွားပါလား
    တီချမ်း Thai ကို I တို့လာလည်ရင် ချက်ကျွေးရမှာနော်..

    ReplyDelete
  3. မုန့်ဟင်းခါးလာစားပါတယ်.. တို့သိတာတော့ မုန့်ဟင်းခါးပဲခေါ်တယ်.. နံနံမြစ်နေရာမှာ စပါးလင်ထည့်တယ်..
    တီချမ်းမုန့်ဟင်းခါးလည်း စားကောင်းမှာသေချာတယ်.. သားရေကျပြီးပြန်သွားတယ်..

    ReplyDelete
  4. တီ မုန့်ဟင်းငါးဆိုတာ ငါးထည့်ချက်လိုက်လို့ မုန့်ဟင်းငါးဖြစ်သွားတာလား။ ညနေတုန်းက မုန့်ဟင်းခါးချက်စားတာ သူများဒုတိယတစ်ခေါက်ထည့်စား မယ် ကြံတော့ အိုးထဲမှာဟင်းရည်တွေမရှိတော့ဘူး။ ဘဲဥလေးတခြမ်းပဲ မျက်စပစ်ပြတယ်။ အကိုတွေတီးတာလေ။ သူများလက်ရာအဲလောက် ကောင်းတာ။ အဲဒါတောင် တီ့လိုအလုပ်ရှုပ်ခံပြီးငါးတွေ နံတဲ့အမြစ်တွေ မထည့်ဘူး။ စံပြဒေါ်ကြည်ပဲ။ ဟီး ပျင်းရင်ပျင်းတယ်မပြောဘူး။ မေလအိမ်ပြန်တော့မှပဲ အမေ့ကို မုန့်ဟင်းခါးစစ်စစ်ချက်ကျွေးခိုင်းမယ်။ ဟွန်း။

    ReplyDelete
  5. စားဘူး..စားဘူး
    တကယ်မှ မစားရတာ
    မစားရ ..အညှော်လဲမခံရ
    ဒါကြောင့် မစားဘူး

    ReplyDelete
  6. မေ့သမီးရေ တီလဲ မြောင်းမြဒေါ်ချိုပါကွယ် ပြောရအုံးမယ်
    စံပြဒေါ်ကြည်က အုန်းနို့ကောင်းတာ
    ရယ်ဒီမိတ်အထုတ်မှာလေ
    မြောင်းမြဒေါ်ချိုက မုန့်ဟင်းငါး

    မုန့်ဟင်းငါး ကို အသံထွက်ခေါ်တာကြောင့်
    မုန့်ဟင်းခါးဖြစ်သွားတာပါကွယ်

    ReplyDelete
  7. လာစားတယ်တီချမ်း
    မြောင်းမြ ဒေါ်ချိုတော့ မသိဘူး
    မြောင်းခွ ဒေါ်ချိုတော့ သိတယ်

    ReplyDelete
  8. အင်း မောင်ဂျယ် တကယ် ကိုမူးနေပြီ ပဲ
    ကော်ဖီ လာသောက်တော့
    ဘလက် ကို သံပရာသီးနဲ့
    ချစ်ကောင်း

    ReplyDelete
  9. တီချမ်းရေ လာစားတယ်၊

    ReplyDelete
  10. သိတ်ကောင်း ဂွတ်ရှယ်။

    ReplyDelete
  11. ငါးမစားဘူး။
    ပဲနဲ့ သတ်သတ်လွတ် ချက်ပေး။

    ReplyDelete
  12. ချက်တတ်လိုက်တာ
    ဗိုင်းကောင်းကျောက်ဖိလေး..

    ReplyDelete
  13. ကြည့်ပြီးဗိုက်ဆာသွားပါတယ်--
    ပျော်ရွှင်ပါစေ--

    ReplyDelete
  14. တောက် နဲနဲလေး နောက်ကျတွားဒယ် ဒီမှာ ကိုဖိုးစိန် ရယ် ကိုခွန်ဖရယ်နဲ့သောက်နေတာ အမြည်းကုန်လို့ ကိုဖိုးစိန်က တီချမ်းနားမှာ လက်ကျန်ကျန်ဦးမယ်ဆိုပြီးလွှတ်လို့ ပြေးလာလိုက်တာ ဟင့် ။ တော်ပီ ချိတာအကုန်မတွားဒယ် ။ မြည်းဖို့ မကျေနပ်ရင် ကိုဖိုးစိန်အိမ်ကိုသွားပြော ဟေဟေ့ ချွန်ပေးတာ တာ့တာ့တီချမ်း ။ ဗိုက်ဝလို့ပြန်ပြီ ။

    (ကိုရဲ)

    ReplyDelete
  15. အယ်.. မနက်ကလာကြည့်တော့ ပဲကြော်ပဲတွေ့တာ ခုမှ မုန့်ပန်းကန်တင်တာလား

    ReplyDelete
  16. တီရေ စလုံးမှာ မုန့်ဟင်းငါးဆိုင်ဖွင့်ကြမယ် လာခဲ့တော့
    တီ့မုန့်ဟင်းခါးအရောင်ကတော့ ဆိုင်ချက်အရောင်မဟုတ်ဘူး
    အိမ်ချက်အရောင် ... အင်းလေ.. အိမ်မှာချက်တာကိုးး)

    ReplyDelete
  17. အင်း
    ငါးကိုနိုင်းချင်းသုံးထားတယ်
    စားကောင်းတယ် သိလား

    ReplyDelete