အိပ်မက်.....(မထူးသော......)
အရမ်းသတိရတယ် သိလား
တကယ်ပါ
ခဏခဏမင်းအကြောင်းတွေးမိတယ်
လူတယောက် ကို တခါမှ
ဒီလိုအငွေ့နဲ့ မချစ်ခဲ့ဘူးဘူး
မရေမရာ နိုင်လိုက်တာ
ဆိုတာ သိပေမယ့်
ခံစားချက်သက်သက်ပါ။
ဘာရယ်မဟုတ်ဘူး
ရေပြင်ကျယ်ကြီးကို ကြည့်နေမိတယ် . . .
တိမ်တိုက်တွေက ရေထဲမှာ လှလိုက်တာဟာ
အပေါ်ကိုမော့မကြည့်ချင်ဘူး
ဘာလို့လဲဆိုတော့
ရေထဲက အရိပ်လေးက ပိုလှလို့ပေါ့။
မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့
တောင်ကုန်းတွေ ပေါ်မှာ
လျောက်ပြေးရအောင်ဟာ ...လာ
ငါ့လက်ကို တင်းတင်းဆုတ်ထား
ဘယ်အရာ ကမှ
ငါတို့ကို
မခွဲနိုင်သလိုပေါ့။
ဘာရယ်မဟုတ်ဘူး
လေထဲမှာ ငါ့လက်ချောင်းတွေနဲ့
နင့်နာမည်ကို စာလုံးပေါင်းကြည့်တယ်
ငါ့မျက်လုံးမှာ
ကြယ်လေးတွေ ပန်းလိုပွင့်လို့ . . . ။
နင်မှတ်မိသေးလား
သီချင်းဆိုတဲ့ ငှက်ကလေးတွေလေ
ခုသူတို့ သီချင်းအသစ်တပုဒ်ဆိုတတ်နေပြီဟ
ဇော်ဝင်းထွဋ်ရဲ့ “ငါ့ရင်ခွင်ကို”တဲ့လေ
ငါလဲ သူတို့သီချင်းလာဆိုတဲ့ ပြတင်းပေါက်နားက
မှန်ပေါ်မှာ နင့်နာမည်ကို
လက်ချောင်းလေးနဲ့
ရေးပြီးနားထောင်နေတာပေါ့
သတိရတယ်ဟာ။
ဘာရယ်မဟုတ်ဘူး
လျှပ်စီးတွေလက်နေတဲ့
ကောင်းကင်ကို
ရင်ဘတ်ထဲထည့်သိမ်းထားချင်မိတယ် . . .
နင့်အပြုံးတွေလိုမျိုး
ငါ့ဆင်ခြင်တုံတရားတွေကို
တုန်လှုပ်စေမလားလို့ပါ။
အက်ဆစ် မိုးတွေရယ်
ရွာတာရပ်ပါတော့
အလွမ်းတွေနဲ့ ငါ
ငွေ့ရည်ဖွဲ့ပြီးနင့်ဆီလွင့်လာခဲ့မလို့
မက်ဒီတယ်ရေးနီးယန်း
ပင်လယ်လောက်တော့အပျာ့ပေါ့
ငါလာရင် နင်ကြိုမှာလား
ငါနဲ့တူတူနင်ကြိုက်တတ်တဲ့
ပိတောက်ရနံ့တွေသယ်လာမယ်လေ။
နေပါစေငါ့ရေပြင်ကြီး
လှိုင်းထန်သွားရင် . . .
ငါ့မျက်လုံးတွေ
အမှောင်တစ်မျိုးပဲ မြင်ရတော့ရင် . . .
ငါ့လောက ပျောက်ဆုံးသွားရင် . . .
နေပါစေ . . .
အဲ့ဒီ . . . လဲ့မှိန်မှိန် စိတ်ကူးတွေထဲမှာပဲ
ဘာရယ်မဟုတ်ဘဲပေါ့။
နင်က ပင်လယ်ဆို ငါက လှေလေးပေါ့ဟာ
နင့်ရင်ခွင် ကို ရွက်ကုန်လွှင့်
ပဲ့ကုန်ဖွင့်ပြီးလာချင်ပေမယ့်ခုတော့လဲ
နင့်ပင်လယ်မှာမြုပ်နစ်သွားတဲ့ ငါ
လှေကလေးလား
အနေဝေးသွားတဲ့
မပြေအဆွေးလား
ဘာရယ်မဟုတ်ပါဘူးလေ
ရပါတယ်
ငါ့ဘ၀နဲ့ငါပေါ့
ခုတော့လဲ
နေတတ်နေပါပြီ။
BS and A Chen
4:43 pm
28th April 2009
Online
Ygn and Bkk
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
16 hours ago
တီရေ ......... အားမငယ်နဲ့နော်။ အဲဒီရေပြင်ကြယ်ကြီးမှာ တီနဲ့အတူ ဇိမ်ခံသဘောင်္လေးစီးပြီး အပျော်ခရီးထွက်မယ်။ မြက်ခင်းစိမ်းစိမ်းလေးမှာ ဘောလုံးကန်ကြမယ်။ အဟိ
ReplyDeleteပိတောက်ရနံ့တွေသင်းနေတဲ့နွေဦးမှာ ကမ်းစပ်ကိုသွားသောက်မယ်။ ကိုယ့်ဘ၀နဲ့ကို နေတတ်ရင်ကျေနပ်စရာတွေပါတီရယ်။ အားပေးတယ်နော်။
တောင့်ထားကွ .. ဟဟဟ
ချစ်တူမ
တီခေါ်တဲ့ မိရောင်
တီ ရောက်လာပြီ....
ReplyDeleteဘာရယ်မဟုတ်ဘူး
လျှပ်စီးတွေလက်နေတဲ့
ကောင်းကင်ကို
ရင်ဘတ်ထဲထည့်သိမ်းထားချင်မိတယ် . . .
နင့်အပြုံးတွေလိုမျိုး
ငါ့ဆင်ခြင်တုံတရားတွေကို
တုန်လှုပ်စေမလားလို့ပါ.... တဲ့လား...
ကြိုက်တယ်......
အဲလိုပဲနော်
တုန်လှုပ်မိတာပေါ့.....
This comment has been removed by the author.
ReplyDeleteနေတတ်ရင်ကျေနပ်စရာတွေကြီးပါပဲဗျာ
ReplyDeleteပျော်ရွှင်ပါစေ
ကိုယ့်ဘ၀နဲ့ကိုယ်နေတတ်တာ ကောင်းပါ့တီချမ်းရေ..
ReplyDeletemarketing လဲကောင်း ကဗျာလဲအရေးကောင်း ။
ReplyDeleteမရောင်ကလည်း တူမလားလို့ .. နော် တီ
ReplyDeleteလိုရင်တော့ပြောတီရေ တခွက်တဖလားပေါ့ ..
ပျော်ရွှင်ပါစေကြောင်း ..း)
ကဗျာအရေးကောင်းသော .. အတွေးကောင်းသော တီချမ်း :)
ReplyDelete