Tuesday, April 28, 2009

အိပ်မက်.....(မထူးသော......)

အိပ်မက်.....(မထူးသော......)

အရမ်းသတိရတယ် သိလား
တကယ်ပါ
ခဏခဏမင်းအကြောင်းတွေးမိတယ်
လူတယောက် ကို တခါမှ
ဒီလိုအငွေ့နဲ့ မချစ်ခဲ့ဘူးဘူး
မရေမရာ နိုင်လိုက်တာ
ဆိုတာ သိပေမယ့်
ခံစားချက်သက်သက်ပါ။

ဘာရယ်မဟုတ်ဘူး
ရေပြင်ကျယ်ကြီးကို ကြည့်နေမိတယ် . . .
တိမ်တိုက်တွေက ရေထဲမှာ လှလိုက်တာဟာ
အပေါ်ကိုမော့မကြည့်ချင်ဘူး
ဘာလို့လဲဆိုတော့
ရေထဲက အရိပ်လေးက ပိုလှလို့ပေါ့။

မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့
တောင်ကုန်းတွေ ပေါ်မှာ
လျောက်ပြေးရအောင်ဟာ ...လာ
ငါ့လက်ကို တင်းတင်းဆုတ်ထား
ဘယ်အရာ ကမှ
ငါတို့ကို
မခွဲနိုင်သလိုပေါ့။

ဘာရယ်မဟုတ်ဘူး
လေထဲမှာ ငါ့လက်ချောင်းတွေနဲ့
နင့်နာမည်ကို စာလုံးပေါင်းကြည့်တယ်
ငါ့မျက်လုံးမှာ
ကြယ်လေးတွေ ပန်းလိုပွင့်လို့ . . . ။

နင်မှတ်မိသေးလား
သီချင်းဆိုတဲ့ ငှက်ကလေးတွေလေ
ခုသူတို့ သီချင်းအသစ်တပုဒ်ဆိုတတ်နေပြီဟ
ဇော်ဝင်းထွဋ်ရဲ့ “ငါ့ရင်ခွင်ကို”တဲ့လေ
ငါလဲ သူတို့သီချင်းလာဆိုတဲ့ ပြတင်းပေါက်နားက
မှန်ပေါ်မှာ နင့်နာမည်ကို
လက်ချောင်းလေးနဲ့
ရေးပြီးနားထောင်နေတာပေါ့
သတိရတယ်ဟာ။

ဘာရယ်မဟုတ်ဘူး
လျှပ်စီးတွေလက်နေတဲ့
ကောင်းကင်ကို
ရင်ဘတ်ထဲထည့်သိမ်းထားချင်မိတယ် . . .
နင့်အပြုံးတွေလိုမျိုး
ငါ့ဆင်ခြင်တုံတရားတွေကို
တုန်လှုပ်စေမလားလို့ပါ။

အက်ဆစ် မိုးတွေရယ်
ရွာတာရပ်ပါတော့
အလွမ်းတွေနဲ့ ငါ
ငွေ့ရည်ဖွဲ့ပြီးနင့်ဆီလွင့်လာခဲ့မလို့
မက်ဒီတယ်ရေးနီးယန်း
ပင်လယ်လောက်တော့အပျာ့ပေါ့
ငါလာရင် နင်ကြိုမှာလား
ငါနဲ့တူတူနင်ကြိုက်တတ်တဲ့
ပိတောက်ရနံ့တွေသယ်လာမယ်လေ။

နေပါစေငါ့ရေပြင်ကြီး
လှိုင်းထန်သွားရင် . . .
ငါ့မျက်လုံးတွေ
အမှောင်တစ်မျိုးပဲ မြင်ရတော့ရင် . . .
ငါ့လောက ပျောက်ဆုံးသွားရင် . . .
နေပါစေ . . .
အဲ့ဒီ . . . လဲ့မှိန်မှိန် စိတ်ကူးတွေထဲမှာပဲ
ဘာရယ်မဟုတ်ဘဲပေါ့။

နင်က ပင်လယ်ဆို ငါက လှေလေးပေါ့ဟာ
နင့်ရင်ခွင် ကို ရွက်ကုန်လွှင့်
ပဲ့ကုန်ဖွင့်ပြီးလာချင်ပေမယ့်ခုတော့လဲ
နင့်ပင်လယ်မှာမြုပ်နစ်သွားတဲ့ ငါ
လှေကလေးလား
အနေဝေးသွားတဲ့
မပြေအဆွေးလား
ဘာရယ်မဟုတ်ပါဘူးလေ
ရပါတယ်
ငါ့ဘ၀နဲ့ငါပေါ့
ခုတော့လဲ
နေတတ်နေပါပြီ။

BS and A Chen
4:43 pm
28th April 2009
Online
Ygn and Bkk

8 comments:

  1. တီရေ ......... အားမငယ်နဲ့နော်။ အဲဒီရေပြင်ကြယ်ကြီးမှာ တီနဲ့အတူ ဇိမ်ခံသဘောင်္လေးစီးပြီး အပျော်ခရီးထွက်မယ်။ မြက်ခင်းစိမ်းစိမ်းလေးမှာ ဘောလုံးကန်ကြမယ်။ အဟိ
    ပိတောက်ရနံ့တွေသင်းနေတဲ့နွေဦးမှာ ကမ်းစပ်ကိုသွားသောက်မယ်။ ကိုယ့်ဘ၀နဲ့ကို နေတတ်ရင်ကျေနပ်စရာတွေပါတီရယ်။ အားပေးတယ်နော်။
    တောင့်ထားကွ .. ဟဟဟ

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  2. တီ ရောက်လာပြီ....

    ဘာရယ်မဟုတ်ဘူး
    လျှပ်စီးတွေလက်နေတဲ့
    ကောင်းကင်ကို
    ရင်ဘတ်ထဲထည့်သိမ်းထားချင်မိတယ် . . .
    နင့်အပြုံးတွေလိုမျိုး
    ငါ့ဆင်ခြင်တုံတရားတွေကို
    တုန်လှုပ်စေမလားလို့ပါ.... တဲ့လား...

    ကြိုက်တယ်......
    အဲလိုပဲနော်
    တုန်လှုပ်မိတာပေါ့.....

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. နေတတ်ရင်ကျေနပ်စရာတွေကြီးပါပဲဗျာ
    ပျော်ရွှင်ပါစေ

    ReplyDelete
  5. ကိုယ့်ဘ၀နဲ့ကိုယ်နေတတ်တာ ကောင်းပါ့တီချမ်းရေ..

    ReplyDelete
  6. marketing လဲကောင်း ကဗျာလဲအရေးကောင်း ။

    ReplyDelete
  7. မရောင်ကလည်း တူမလားလို့ .. နော် တီ
    လိုရင်တော့ပြောတီရေ တခွက်တဖလားပေါ့ ..
    ပျော်ရွှင်ပါစေကြောင်း ..း)

    ReplyDelete
  8. ကဗျာအရေးကောင်းသော .. အတွေးကောင်းသော တီချမ်း :)

    ReplyDelete