Tuesday, April 14, 2009

ငပျင်းတကောင် ရဲ့ မနက်စာ

္ကဤအရာသည်ကား အကျွန်ုပ် ၏မနက်စာ မဟာ ဖြစ်ချေတော့ သည်တမုံ့........



ဟင်...............ဘာကြီးလဲ လို့ အပြစ်တော်တင်မစောကြပါနဲ့ ရှင်းပြပါမယ်
ကော်ဖီက ပရီးမီးယား တူးအန် ၀မ်းပါ မသောက်မနေနိုင်လို့ အလေးခံပြီး မြို့ရွှေ ကုန်ကုန် ကနေ သယ်လာပါတယ် လူကြုံရှိတိုင်းလဲ မှာပါတယ် ယူလာပေးမယ့် သူငယ်ချင်းများ က သယ်လာယုံတင်မဟုတ်
ဝယ်ယူ၊ ငွေစိုက်၊ သယ်လာ၊ ငွေပြန်မရ စသဖြင့် ကြုံကြရတဲ့အတွက် မေတ္တာပို့ကြပါတယ်း)
အလာကားပြောတာပါ သူငယ်ချင်းတွေ အားလုံးက ဒီက ဘလောခ်ဂါမောင်နှမများကဲ့သို့ ချမ်းချမ်းလေးကို မေတ္တာရှိကြပါတယ် (ငှဲငှဲ ချုပ်တာ နော် ချုပ်တာ) အင်းပြီးတော့ အဲဒီကော်ဖီ က တနေ့ အနည်းဆုံး ၄ခွက်နဲ့အထက်ပါ မနက်ကို စောစော ထ ကော်ဖီမသောက်ရရင် လူက လူသတ်ချင်ပါတယ်
ရုံးမှာ ဆိုလဲ အလုပ်မလုပ်နိုင်ပါဘူး အဲလောက်ဒီမည်းမည်းအရည်တွေ ကို မှီခိုနေရပါတယ်
(မကောင်းလိုက်တဲ့ ဘ၀နော်) ရုံးမှာလဲ အစည်းအဝေးဟေ့ ဆိုရင် ကော်ကော် လေးနဲ့ ကြွမှ
စကားတွေ နားထဲဝင်တယ် မဟုတ်ရင် ကိုယ်က အူနေရော အဲလိုအဲလို ဒါက ကော်ဖီ ဋီကာ ပါ

ကော်ဖီဘေး က ဘာမှန်းမသိ ပြစ်ချွဲချွဲ ဟန်နဲ့ အငြိမ့်သားနေရာ ယူနေတာ ကတော့ ဘာမှမလုပ်ချင်တိုင်းစားတဲ့ ဖြစ်ကတတ်ဆန်း စားတဲ့ အုတ်မီးလ် နဲ့ ဒိန်ချဉ်ပါ ဒိန်ချဉ်တွေ ကို အမြဲဝယ်ထားပါတယ် အုတ်မီးလ်ကတော့ တအိတ်ဝယ်ထားရင်တော်တော်စားရပါတယ် များသောအားဖြင့်က မနက်စာဆိုတာ ကိုယ့် အတွက်ကော်ဖီတခွက်ပဲ ဖြစ်ဖြစ်နေတာပဲလေ အဲလိုအဲလို ဒီဟာက ကြိုက်ရင်တော့ စားလို့ ဖြစ်ပါတယ် အဲမကြိုက်ရင်တော့လဲ ရွံစရာလေးပေါ့
အဲပြောတာကျန်တော့မလို့ ဒိန်ချဉ်က ဆူပါ ဘယ်ရီ ပါ သူက ရှိသမျှ စထရော်ဘယ်ရီ (စတော်ဘယ်ရီ လို့ရေးရင် ဘာကြောင့်မှန်းမသိမုန်းပါတယ်) ရပ်စ်ဘယ်ရီ ဘလူးဘယ်ရီ ဘာဘယ်ရီ ညာဘယ်ရီ စတာတွေ အကုန်ရောထားတာပါး)

နောက်တပန်းကန်ကတော့ ငါးနီတူ အစပ်ကြော်ပါ (ပူးလေးအကြိုက်ပေါ့နော်) ပြီးတော့ သူ့ဘေးက ရယ်နေသောနွားတံဆိပ် (laughing cow brand) ချိစ်ခဲလေးပါ အဲလိုဘေးမှာ ပုံတင်ထားပြီး ဇွန်းလေးနဲ့ ကလော်စားရတာကို ကြိုက်ပါတယ် ကိုယ်က အဲဒီတံဆိပ် ကို ပန်းရောင်ပဲကြိုက်ပါတယ်

သူ့ဘေးက အထုပ်ကတော့ ၇ နဲ့ ၁၁ ကနေ ၀ယ်လာတဲ့ ခရိုဆွန့် ပါ ဖဲ့ဖဲ့ ပြီးတော့ ငါးနီတူလေးနဲ့ စားပါတယ် ပေါင်မုန့်တလုတ် နဲ့ ငါးတလုတ်ကြားထဲမှာ ချိစ် ခဲကို မကြာမကြာ ဖဲ့ပြီး ကစ်ပါသေးတယ်

စားတာကလဲများလိုက်တာလို့ အပြောမစောကြပါနဲ့နော်
ခုဒီမှာ ဆော်ပလော်တီးနေကြတဲ့အတွက် အိမ်ပြင်မထွက်ပါ ဟိဟိ သေနတ်တွေ ဗုန်းတွေမှန်မှာကြောက်ပါတယ် သတ္တိခဲလေ ကိုယ်က အဲတော့ ဒီမနက်စာ က ပျင်းရင်ပျင်းသလောက် နေ့လည်စာကော ညစာပါ(ကံမကောင်းရင်) ဖြစ်သွားနိုင်ပါတယ် အဲတော့ စာနာကြ ခွင့်လွှတ်ကြ ဒါဗြဲ........

ဒီနေ့ က နိုးတော့ ၁၀ နာရီ။ မနက်က ခဏနိုးလာသေးတယ် ပြန်အိပ်တာပေါ့ ဘယ်ရမလဲ။
ခုမှထပြီး အဲဒီ ရှိတာလေးတွေ ရေခဲသေတ္တာထဲမွှေနှောက်ရှာဖွေ ပြီးကွန်ပျူတာရှေ့ထိုင်ပါတယ်
မနေ့ ကလဲတနေ့လုံးမထတမ်း ထိုင်နေခဲ့တာ ညကျတော့ မှ ခါးကနာတယ် နောက်နေ့တွေတော့လျော့ရတော့မယ် .း)

ဒီလိုမနက်စာလေးတွေရေးရင်းနဲ့ မနက်စာကိုသေချာပြင်ဆင်စားသောက်တတ်တဲ့သူတယောက်ကို သတိရမိပြန်ပါတယ်
သူက မနက်ဆိုရင် ကော်ဖီ ကိုနို့နဲ့သောက်ပါတယ် နို့ ကို မိုက်ခရိုဝှေ့ဖ် ထဲ ၁မိနစ်နဲ့ ၃၀ စက္ကန့်တိတိထည့်ပြီးအပူပေးတဲ့နို့မှကြိုက်ပါတယ် ကော်ဖီကို အဲဒီနို့ခတ်ပြီးသောက်တာပါ
ပြီးတော့ သူ့အကြိုက်က ပေါင်မုန့် ကို မီးမကျွမ်းအောင် သေချာကင်ထားတာလေး ကို ရယ်နေတဲ့နွား တံဆိပ် ချိစ် လေးနဲ့ကြိုက်ပါတယ် ပေါင်မုန့်တချပ်ကို ချိစ် နှစ်ခဲတဲ့တော် မွဲဆေးဖော်နေတာပေါ့ ပြီးတော့ သူက ကြက်ဥ ဘဲဥ အားလူးမကြိုက်ပါဘူး အကြိုက်တွေ မကြိုက်တာတွေ အမှတ်ရနေမိပါတယ်..............
လွမ်းတယ်ကွယ်

ချစ်ချမ်း(ဒါသူခေါ်နေကြပါ စိတ်ကူးပေါက်ရင်အဲလိုလေးခေါ်တတ်ပါတယ်)
ဪ အရာရာတိုင်းက သတိရစရာတွေချည်းပါလားနော်

ချစ်ချမ်း
၁၂း၅၂ နာရီ
ဧပရယ်လ ၁၄ရက် ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။

12 comments:

  1. အောင်မလေး ချစ်တီရယ် ..စားရမယ့်အရေး ဖတ်လိုက်ရတာ မောသွားတာပဲ။
    ဒီကလည်းဗိုက်ဆာရင် လူသတ်ချင်တယ်နော်။ ဟီး စတာပါ။
    ကျေးဇူးပဲ တီရေ... ရောင် ဗိုက်အရမ်းဆာနေလို့ ပေါင်မုန့်တထုပ်လုံးစားသွားပြီ။ တာ့တာ

    ချစ်တူမလေး
    ရောင်ပြန်

    ReplyDelete
  2. တီစားတာ အဆီတက်မယ့် အစာတွေချည်းပဲ...

    မနက်စာကိုသေချာပြင်ဆင်စားသောက်တတ်တဲ့သူတယောက် ကဘယ်သူလည်းဆိုတာ သိလိုပဲ...ကြက်ဥဘဲဥ အာလူး မကြိုက်ဘူးဆိုတဲ့နေရာမှာ သိသွားတယ်... ဟဲဟဲ... တော်တယ်ဟုတ်

    ReplyDelete
  3. မနက်စာ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ သူစိတ်ကူးမပေါက်လို့ရှိရင် ဘယ်လို ခေါ်လဲ??
    !@#$%^&*..... ဂျစ်ဂျစ်ဂျမ်း လို့ ခေါ်လား....
    အဲလိုမျိုးလား ခွီးခွီးခွီး

    ReplyDelete
  4. T chan,
    You have breakfast in front of note book? (Sighhhhhhhhhhhhhhhhh). Same to me. I think we are trying to forget our lonliness in foreign country. In case of coffee, if i don't have any coffee in every morning, i wanna kill someone.
    Glacier

    ReplyDelete
  5. ဧဟဟဟ
    လုပ်ပေါ့
    လုပ်ပေါ့...သူ တို့ က ချမ်းသာတော့ စားနိုင်တာပေါ့...။
    သားသားဆို စားဘူး မနက်စာ..။
    အိပ်ယာနိုးရင်ကော်ဖီနဲ့  ခေါက်ဆွဲတော့ စားတယ်..။
    တစ်ခုခက်တာ အိပ်ယာနိုးနိုးချင်း စားတာတောင် ကိုယ့်ကိုယ် ကို မနက်စာ စားတယ်လို့ မခံစားမိဘူး..။( နံက် 113း0 တွင်ပုံမှန်အိပ်ယာထသည်)

    ဟိဟိ

    ReplyDelete
  6. အစားအသောက်အကြောင်းပြောနေရာက နိုင်ငံရေးတွေပါလာပြန်ပြီ။ ပြီးတော့မှမငိုနဲ့နော်။ အုတ်မီးကိုကြိုက်ဘူး။ ဒိန်ချဉ်ကတော့ ဘူးတွေဝယ်ထားပြီး ထမင်းစားပြီးတိုင်း သောက်တယ်။

    ReplyDelete
  7. အုတ်မီးလ် ကြိုက်ဘူး။ ငါးနီတူနဲ့ ချိစ် တူတူ စားတတ်ပါဘူး။ တီတီ စားတာတွေကလည်း ၀ိတ်တက်မယ့်အစာတွေချည်းပဲ။ သူများလို ဟင်းရွက်ပဲ စားပါလားလို့။

    ReplyDelete
  8. တားတို့ကတော့ စလုံးရောက်တည်းက မနက်စာ မစားတာကြာပေါ့။
    ကျောင်းလဲ ၀ရုန်းသုန်းကားပြေး အတန်းနောက်ကျမှ ခိုးဝင်
    နေ့လည်မှ ကင်တန်းသွား ဒီတော့ မနက်စာ မစားဖူးပေ :)

    ReplyDelete
  9. ငါးနီတူ အစပ်ကြိုက်တယ်။ ချိစ် နဲ့တော့ ရောမစားတတ်တာပြောတာ။

    ReplyDelete
  10. ကောင်းတာပဲ ရှိတာအကုန်ဝါးစား ပြီးပြန်အိပ်
    တီ ၀ိတ်တက်မယ်နော် .. ဒလိထား :P
    ခါးခါးတို့တော့ မနက်ဆို ကော်ဖီတခွက်လားပဲ ဗိုက်ထဲဝင်တယ် ပြီး နေ့လည်စာကျမှ ပေါင်းစား .. ကျွတ်ကျွတ် သနားလိုက်တာ :D

    ReplyDelete
  11. တီ .. တီ... အုတ်နဲ့ ဒိန်ချဉ်ဘယ်လိုလုပ်စားရလဲ ပြောပြ..
    အုတ်လဲကြိုက်တယ်.. ဒိန်ချဉ်လဲကြိုက်တယ်...
    စားမယ်.. စားမယ်..
    ပြောပြ...

    ခုမှသတိယတယ်..
    ဘန်ကောက်က ရေသနက်နဲ့  စက်သနက်တွေအကြောင်းရေးပါဦး
    သိချင်လို့ ။
    ကိုယ်မှမမြင်ရတော့.. ဘာမှတိဝူးးးးး....။

    ReplyDelete
  12. တီရဲ အပျင်းကြီးတဲ့ မောနင်းစာ က ကောင်းလိုက်တာ၊ ကောင်းကင်ပြာရဲ့ မနက်စာနဲ့များ ကွာချက်၊ တီနဲ့ ကော်ဖီ ကြိုက်တာချင်းလဲ တူတယ်တော့၊ ကော်ဖီ ၁ခွက်နဲ့ ပေါင်မုန့် အလွတ်၂ချပ်က ကောင်းကင်ပြာရဲ့ မနက်စာပါ၊ တခါတလေ နေ့လည်စာပါ အပီးပေါ့

    ReplyDelete