Tuesday, April 21, 2009

မိတင် ငိုချင်း….

မိတင် ငိုချင်း….

မီတင်ပေါ် မီတင်ထပ်ပါလို့
ရင်နောက်နေရှာ
လင်ပျောက်နေ မယ်ပဋာလို
ဘ၀မရွှင်လူတောင်ရူးတော့မယ်
အော် အပူလုံးကြွ။

မီတင်ပေါ် မီတင်ထပ်ပါလို့
သြောင်မျိုးရယ် တင်တွေကျိန်းတယ်
အာတွေတဝေေ၀သန်းပါလို့
မှိန်းရှာပေါ့လေး။

မှိန်းမလွယ် မောင်ဘော့စ်မှာ
ရှေ့ကထိုင်နေတော့
ဟန်ဆောင်ကာ
စိတ်ကိုပါရတယ်
တိတ်တိတ်ခိုး ငိုက်။

စိုက်စိုက်ကာလာချင်ဒီခေါင်း
ကာဖီရေ နာနာလောင်းရတယ်
ဪ ဘ၀ က တယ်မကောင်း။

ဆွဲလေတဲ့ ပုံတွေမှာ ထူလုပြီ
မောင်ဘော့စ်ရဲ့ လေကြောကရှည်
မကြည်သာသလို မိုက်လိုက်ရလျှင်
နင့်မေးစေ့ရယ် တွဲလောင်း။

လေကြောကယ် အမှန်ရှည်
အသင်သူ လူက ကိုကုလား
ဘောစ့်ဖြစ်နေ ငါ့မှာ မှားပါပေါ့
အမယ်မင်း
ရူးတော့မယ် စကားများချက်က
မိုက်မေ့လိုက်ချင်။

သေအောင်သာ ငါ့ကိုသတ်ပါတော့
ဒီမောင်မှာ ဒီလိုရွတ်ကာတန်း
ကိုယ့်ပါးကို ကိုယ်ရိုက်ချင် တဖြန်းဖြန်း။

ခပ်မြန်မြန် စကားကိုဖြတ်ပါလို့
မီတင်ပြီးအောင်ပြောလို့ရယ်
သိုင်းကျူးကြစမ်း။

A Chen
21st April 2009
Office
Bkk

(မိတင်အပြီးတွင်ရေးသည်။
အိုင်တဲလစ်=ဘုတ်ဆုံမ)

9 comments:

  1. Oh my god! I am blown away. I wanna copy it and put it in my project manager room.

    ReplyDelete
  2. မိတင်.. အော်... ဘာတဲ့ မိတင်.... ဟင်.. ဟင်.. ဟင်......

    ReplyDelete
  3. အိုက်တဲလစ်=ဘုတ်ဆုံမ ဆိုတာ ဘာလဲဟင်

    အော် သူများ သားသမီးတွေများ မိတင်အကြောင်းလဲ ကဗျာ ဖြစ်တာပဲ။
    ကိုယ့်မှာသာ နှစ်ပေါက်လို့လဲ မပြီးသေး

    ReplyDelete
  4. အော်ချစ်တီရယ် .......... မိတင်ရဲ့ နှိပ်စက်ချက်ကတော့ မခံစားနိုင်ဘူးနော်။ ရောင်လည်း တခါတလေ ထိုင်ငိုရတယ်။ မဖြစ်နိုင်သေးသမျှ သည်းခံပြီးသာနေလေရော့ တီချမ်းရေ .....


    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  5. အိုက်တဲလစ်=ဘုတ်ဆုံမ ဆိုတာ
    meaning italic are wrote by ဂန္တ၀င်ဘုတ်ဆုံလေ
    ပေါက်ပြီလား
    မပေါက်ရင် ဒေါ်ရီတာ အကြောင်းကဗျာ ရေးလိုက်မှာနော်
    ကဗျာမထွက်တဲ့ မကဗျာ ဆိုပြီးခိခိခိ

    ReplyDelete
  6. ကြိုက်တယ်တီရေ
    ကဗျာလေးက ရေလည်မိုက်...
    ရေလည်ကောင်း
    ရေလည်ကွက်ကွက်ကွင်းကွင်းကိုမြင်တယ်...
း)

    ReplyDelete
  7. တီရေ ကော်ဖီ လာပို့တယ်၊ မိတင်ပီး သောက်ရအောင်လို့

    ReplyDelete
  8. :D
    တော်တော်တတ်....

    ReplyDelete
  9. ဟဟဟဟဟ
    ရယ်သွားတယ် မိတင် မိတင် မိတင် မိတင်...

    ReplyDelete